Mail ကို Label လုပ်တယ်ဆိုတာက မိမိဆီဝင်လာတဲ့ Mail ကိုခေါင်းစဉ်တစ်ခုအောက်မှာ
ပို့လိုက်ခြင်းပါ။
ဒီလိုလုပ်ခြင်းအားဖြင့်ကိုယ် မဖျက်ချင်တဲ့ Mail ဒါမှမဟုတ် ကိုယ်မဖတ်ရသေးတဲ့
Mail တွေကို တစုတစည်းတည်းထားထားတော့ Inbox ထဲမှာ မျက်စိမရှုပ်တော့ဘူးပေါ့။
*
Group Filter လုပ်ခြင်း*
Filter လုပ်တာက ဖြစ်နိုင်ရင် Label နဲ့တွဲလုပ်တာကောင်းပါတယ်။ တကယ်လို့ ကိုယ်က
Delete လုပ်ဖို့ Filter လုပ်တာ (Filter to Delete) ဆိုရင်တော့ မလိုဘူးပေါ့။
သည်လိုလုပ်ရင်ကော ဘာကောင်းလည်း ? ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ဆီလာတဲ့ Mail
ကိုယ် Label လုပ်ချင်တဲ့ Mail တွေကို တစ်ခုချင်းလိုက်လုပ်နေစရာမလိုပဲ သူ့ဟာသူ
Auto Labeling လုပ်ပေးလိုက်မှာပေါ့။ ကိုယ်အလုပ်မရှုပ်တော့ဘူးလေ။
*
ဒီ Post ကို အရင်တုန်းကလည်းပို့ဖူးပြီးသားပါ
တိုက်ရိုက်လုပ်တာ ပုံမပါလို့ ပြန်ပြီး ရေးလိုက်တာ သိပြီးသားသူတွေကတော့ Forward
လုပ်ချင်လုပ်၊ ဖျက်ချင်လည်းဖျက်လိုက်ပေါ့။ မသိသေးတဲ့သူတွေအတွက်ကတော့
နည်းအသစ်တစ်ခုရတာပဲပေါ့။*
ကဲ... စလိုက်ရအောင်ပါ။
*၁. Gmail Window ရဲ့ ညာဘက်အပေါ်ဆုံးထောင့် က Setting** ကိုနှိပ်။*
[image: 1.JPG]
*၂. Filters ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ*။
[image: 2.JPG]
*၃. အောက်ဆုံးက Create a new filter ဆိုတာကိုနှိပ်လိုက်ပါ။*
[image: 3.JPG]
*၄. From ဆိုတဲ့နေရာမှာ မိမိ Filter လုပ်လိုတဲ့ Group (သို့) Person ရဲ့ Email
လိပ်စာကိုထည့်ပေးပါ။ Has the words ဆိုတဲ့နေရာမှာ သူ့နဂိုအတိုင်းပဲထားပါ။
အရေးမကြီးပါဘူး။
Next Step >> နှိပ်ပါ။
*[image: 4.JPG]
*
မှတ်ချက်//
---------- တကယ်လို့ လိပ်စာမသိရင် သူပို့လိုက်တဲ့ Mail တစ်စောင်ကို
ဖွင့်လိုက်ပြီး Show Detail ဆိုတဲ့ Link ပုံစံစာကိုနှိပ်လိုက်ပါ)
[image: extra 1.JPG]
*
*(က) Sender ရဲ့ Email ကို Filter လုပ်တာပါ။ ဒါကတော့ လူတစ်ဦးချင်းစီရဲ့ Mail
ကို Filter (or) Block လုပ်ရင်သုံးဖို့ပါ။*
*(ခ) Receiver ရဲ့ Email ကို Filter လုပ်တာပါ။ Group Mail ဒါမှမဟုတ် ကိုယ်
Subscribe လုပ်ထားတဲ့ Mailing List (e.g mrsorcerer@googlegroups.com/
hydegroup@googlegroups.com) ကို Filter လုပ်ရင်သုံးဖို့ပါ။
အဲဒီနှစ်ခု [က နဲ့ ခ ထဲက ကိုယ်အသုံးလိုတဲ့ Email ကိုကူးပြီး အဆင့် (၄) က From :
ဆိုတဲ့နေရာမှာထည့်ပါ။]
*[image: extra 2.bmp]
(၅) သာမန် Label တစ်ခုအတွက်ဆိုရင် အောက်က အမှန်ခြစ်(Check)လုပ်ထားတဲ့အတို
ထားပါ။ ပြီးရင် (9) က Choose Label ဆိုတာကိုနှိပ်ပြီး New Label ကို Select +
Click လုပ်ပါ။ ပေါ်လာတဲ့ Box အသေးလေးထဲမှာ ကိုယ်ပေးချင်တဲ့ Label နာမည်ကိုပေးပါ။
Also apply filter to (numbers) conversions below ဆိုတာကို အမှန်ခြစ်ပါ။
Create Filter လုပ်ပါ။ Filter က ကိုယ့် Mail ရဲ့ဘယ်ဘက် Inbox တွေအောက်နားမှာ
ကိုယ်ပေးခဲ့တဲ့ label နာမည် နဲ့ပေါ်နေမယ်။ Mail အသစ်ရောက်ရင် Label က Bold
Letter (အရောင်အရင့်) နဲ့ပြနေပါမယ်။ *
(အောက်ဆုံး/နောက်ဆုံး/ဘိတ်ဆုံး
[image: 5.JPG]
အပေါ်က နံပါတ်စဉ်အတိုင်း (အမှန်ခြစ်ထားတဲ့ Action ကို) ပြောပါမယ်။
*၁.* Inbox ထဲမှာမပြတော့ဘူး။ Label လုပ်ထားတဲ့နေရာမှာပဲပေါ်ပါမယ်။
၂. ဖတ်ပြီးသားလို့မှတ်မယ်။ ဒါဆိုရင် Label ထဲမှာ စာအသစ်ရောက်နေတယ်လို့
မပြတော့ဘူး။
၃. ကြယ်ပုံလေးနဲ့သီးသန့်မှတ်မယ်။ နံပါတ် *(၁)* ကို အမှန်ခြစ်မထားရင် Inbox
ထဲမှာ အဲဒီ Mail
ကိုသီးခြားရှာလို့ရတာပေါ့။
၎.ဒါကတော့ အရေးကြီးပါတယ်။ Block လုပ်မယ့် Mail မဟုတ်ရင်ပေါ့။ ကိုယ်ပေးချင်တဲ့
Label (ရှိပြီးသားဆိုရင်ရွေးပါ
အသစ်ဆိုရင် New Label ကိုရွေး)ပေးပါ။
၅. ကိုယ်ဘယ် Email ဆီကို Auto Froward လုပ်မယ်ဆိုတာကိုရွေးပါ။
လုပ်နည်းသိချင်ရင်
နှစ်ကျပ်လည်းပေးစရာမလိုပါဘူး။ jacknets...@gmail.com ဆီကို How to Auto
Froward ဆိုတဲ့ Subject နဲ့
Mail ပို့လိုက်ပါ။ လူများရင် အမြန်၊ လူနည်းရင် အနှေးနှုန်းနဲ့ ပို့ပေးပါမယ်။
ဒါမှမဟုတ် သိပြီးသားသယ်ရင်းတွေဆီမေးပါ။ :)
၆. မဖတ်ဘူး တစ်ခါတည်းဖျက်မယ်။ *Email မှာ Block လုပ်လို့ရတဲ့
တစ်ခုတည်းသောနည်းပါ။*
၇. Spam မှတ်မယ်။
၈. *ဒါတော့မသိဝူးဗျ။ သိတဲ့သူရှိရင် စာပြန်ရေးပြီးရှင်းပြ။*
၉. Label အသစ်လုပ်မယ်။ Delete လုပ်ရင်တော့ လုပ်စရာမလိုပါဘူး။
၁၀. Forward လုပ်မယ့် Email Address ထည့်ခြင်း။ လုပ်နည်းသိချင်ရင်
နှစ်ကျပ်လည်းပေးစရာမလိုပါဘူး။ jacknets...@gmail.com ဆီကို How to Auto
Froward ဆိုတဲ့ Subject နဲ့
Mail ပို့လိုက်ပါ။ လူများရင် အမြန်၊ လူနည်းရင် အနှေးနှုန်းနဲ့ ပို့ပေးပါမယ်။
၁၁.အောက်ကစာတွေအားလုံးကိုလည်း ဒီ Label (ကိုယ် ပေးထားတဲ့ Label)
အောက်ကိုထည့်မယ်။
၁၂. Filter လုပ်မယ် (နှိပ်လိုက်ပါ ပြီးပါပြီ)
*Bonus
Label လုပ်ပြီးရင်တွေ့ရမယ့်ပုံပါ။*
[image: extra 3.JPG]
jacknet
| extra 1.JPG 71K View Download |
| 5.JPG 82K View Download |
| extra 3.JPG 126K View Download |
| 3.JPG 40K View Download |
![]() | extra 2.bmp 1371K View Download |
| 1.JPG 34K View Download |
| 2.JPG 38K View Download |
| 4.JPG 54K View Download |
| 1.JPG 34K View Download |
| 2.JPG 38K View Download |
| 3.JPG 40K View Download |
| 4.JPG 54K View Download |
| 5.JPG 82K View Download |
| extra 1.JPG 71K View Download |
![]() | extra 2.bmp 1371K View Download |
| extra 3.JPG 126K View Download |
No comments:
Post a Comment