Tuesday, January 25, 2011

အချစ်အတွက်ဆိုရင်

မျော်လင့်တကြီး..
*             အမျိုးသမီးတစ်ဦး နို့စို.ကလေးကိုပိုက်လျက
်မော်စကိုမြေအောက်ရထားတစီးပေါ် တက်လာသည်။
ခုံတန်းရှည်ရဲ့ အားနေတဲ့တနေရာမှာ ၀င်ထိုင်လိုက်တယ်။သူမဘေးမှာ
ဂျော်ဂျီယာသားတဦးထိုင်နေတယ်။
အမျိုးသမီးက သူမသားငယ်ကိုပြောတယ်။
           " သားရယ်...မေမေ့နို.ကိုစို.လိုက်
ပါကွယ်။နော်.."
           ကလေးငယ်က အမေ့နို.ကိုမစို.ချင်လို. ခေါင်းကိုယမ်းတယ်။
           " ချိုချိုလေးစို.လိုက်ပါ သားရယ်..ရော့ "
           ဘယ်လိုချော့တိုက်တိုက် ကလေးက နို.ကိုမစို.ချေ။
           " စို.ပါ သားရယ်.။ နို.မဟုတ်ရင် ဘေးနားက ဦးဦး ကို
တိုက်လိုက်မယ်သိလား။"
          ဆာနေတာမဟုတ်လို. ကလေးက မိခင်ရဲ့နို.ရည်ကို မစို.ချေ။ အမေဖြစ်သူက
ထပ်ချော့တယ်။
          " စို.လိုက်ပါသားရယ်..။ သားမစို.ရင် ဘေးနားက ဦးဦး
စို.လိုက်လိမ့်မယ်ကွယ့်."
          မိခင်ဖြစ်သူဘယ်လိုပဲ ကြိုးစါးကြိုးစါး မအောင်မြင်ချေ။
          " သားက လိမ္မာပါတယ်ကွယ်..။ကိုင်း စို.လိုက်။နို.မဟုတ်ရင် ဦးဦး
ကိုတိုက်လိုက်မယ်နော်။"
          ဂျော်ဂျီယာသား သည်းမခံနိုင်တော့ပေ။
          *" ဒီမှာ ..ခင်ဗျား တခုခု အပြီးသတ် ဆုံးဖြတ်ပါ။ ကျွန်တော် ဆင်းရမယ့်
ဘူတာသုံးခုတောင် ကျော်သွားပြီဗျ"*


*********************************

*တူညီသော အတွေး.*.
            ရထားအိပ်ခန်းတွဲတွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးတည်း
လိုက်ပါလာကြသည်။
  တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိုက်ကြည့်နေကြသည်။ခဏနေတော့
အမျိုးသမီးကမေးတယ်။
           " ရှင်အခု ဘာကိုတွေးနေတာလဲ "
          " ခင်ဗျားတွေးသလိုပဲ ကျွန်တော်လဲ တွေးနေတာပေါ့။ "
        * " ဟင်.. ။ ရှင် တော်တော် ညစ်ပတ် ပါလား..။"

                          **********************************

*ကျန်သူတွေသိစေဖို့

  “ကျွန်တော့် မိန်းမနဲ့ ကွာရှင်း လိုက်ပြီဆိုတဲ့ အကြောင်းကို
ဂျာနယ်ထဲထည့်သွင်းချင်လို့ပါ”
     “သတင်းအဖြစ်နဲ့တော့ ထည့်လို့မရဘူးဗျ ။ ကြော်ငြာအနေနဲ့ ဆိုရင်တော့
ထည့်လို့ရပါတယ် ဒါနဲ့ ဘာဖြစ်လို့ ဒီအကြောင်းကို ဂျာနယ်မှာ ဖော်ပြ ချင်ရတာလဲဗျ ”
       “တခြားမိန်းမတွေ သိစေချင်လို့ပါ”

                                          *
**********************************

             ဒါလဲ စဉ်းစားသင့်ပါတယ်

 **လူနာရှင် =ဆေးဖိုး ဘယ်လောက်**ကျသလဲ ဆရာ။
ဆရာဝန် =ဆေးခန်းမှာဆိုရင်တော့ တစ်မျိုးပေါ့ ခုလို အိမ်မှာ ကုရတော့
ခြေကြွခနဲ့ဆိုရင် အားလုံးပေါင်း ထောင့်ရှစ်ရာ ကျပါတယ်။
လူနာရှင် =ကျွန်တော် ဆရာကို လာခေါ် ရတဲ့ အတွက် ခြေကြွခ ပြန်မပေးဘူးလား ဆရာ။

                                            *
*********************************
*

                   အချစ်အတွက်ဆိုရင်

        “အချစ်အတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ
ဘာနဲ့မှ မလဲနိုင်ဘူး အားလုံးကို စွန့်လွှတ်ရဲတယ်
ဘယ်အရာမှ လာပြီးတားလို့ မရဘူး”
       “ကဲပါ ယုံပါပြီရှင် ၊ ဒီညနေ ရုပ်ရှင်  လိုက်ပြဖို့
ချိန်းထားတာလဲ မမေ့နဲ့ဦးနော်”
         “စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူး ဆိုရင်
ဆက်ဆက် လာခေါ်မယ် စောင့်နေ”


                                          ** *
*********************************
*
             ချစ်ခြင်းရယ်ပြိုင်

           “ဒီမယ် ကိုဝှာ ရှင်က အရက်ကို ကျွန်မထက် ပိုချစ်နေတယ်ပေါ့လေ
ဟုတ်လား”
           “မိနးမရယ် မင်းကို တစ်နေ့မှာ နှစ်ဆယ့်လေးနာရီ လုံးလုံး ချစ်တာပါကွာ
၊အရက်ကိုတော့ တစ်နေ့မှ တစ်လုံးလောက် ပဲချစ်တာပါကွာ သိလား”

                             ** **********************************
*
                ဖေဖေ့လက်ရာ

        ဆရာဝန်ကြီး၏ သားနှစ်ယောက်သည် တူတူပုန်းတမ်း ကစားရင်း ဆေးခန်း
ဗီရိုထဲမှ အရိုးစုကြီးကို တွေ့လိုက်ကြရသည်။
      “အဲဒါ ဘယ်သူ့အရိုးစုကြီးလဲ ကိုကို”
       “ဖေဖေကြီးရဲ့ ပထမဦးဆုံး  လူနာပေါ့ ညီလေးရယ်”

                                  ** **********************************
*
                အလုပ်ခန့်ချိန်

        “ရုပ်ရှင်ထဲမှာ ဇာတ်လိုက်ဖြစ်ချင်တယ်ဆိုရင်တော့ မင်းအတွက်
နေရာမရှိသေးဘူး ၊ မင်းသမီး ၊ မင်းသားရဲ့ အဖေနေရာဆိုရင်တော့
ဖြစ်ကောင်းဖြစ်နှိုင်တယ်”
          “ကျွန်တော်က အသက်နှစ်ဆယ်ပဲ ရှိသေးတာ ဘယ်လိုလုပ် အဖေနေရာက
သရုပ်ဆောင်နှိုင် မှာလဲ
 အန်ကယ်”
          “ဘာကြောင့် မဖြစ်နိုင်ရမှာလဲ မောင်ရင့် ကိုအလုပ်ခေါ်ခန့်တဲ့
အချိန်ကျတော့ အသက် တော်တော်ကြီးနေပြီလေကွာ”

                           ** **********************************
*
              နောင်တမဟုတ်ဘူး

       “ကျွန်တော်တော့ အခု ဒုက္ခရောက်နေပြီဗျာ ၊ မနက်တုန်းက ပိုက်ဆံ မရှိလို့
အိမ်က မိန်းမကို အရက်နဲ့ လဲလိုက်မိပြီ”
         “ဟင်း...........ခုမိုးချုပ်စပြုလာပြီဆိုတော့ မိန်းမကို
သတိရနေပြီပေါ့လေ ဟုတ်လား ၊ လုပ်တုန်းကလုပ်ပြီး နောင်တရမနေပါနဲ့  ကိုယ့်လူရယ်”
         “ဟင့်အင်း............နောင်တရလို့ မဟုတ်ဘူးဗျ ၊
အရက်ထပ်သောက်ချင်လို့”

                        ** **********************************

*                 ကျွမ်းကျင်ရာ

        “လုပ်ပါဦးတော် လာကြပါဦး ကျွန်မ သားလေး ဗိုက်ထဲ အကြွေစေ့ ၀င်သွားလို့”
         “ကိုင်း..........ကျနော် ကူညီပါ့မယ် စိတ်မပူပါနဲ့”
        “ဘုရား.....ဘုရား တော်ပါသေးရဲ့ ရှင်လို ထုတ်ယူတတ်တဲ့
ဆရာဝန်နဲ့တွေ့ပေလို့သာပေါ့”
      “ဟို ........ဟို ..... ကျွန်တော်က ဆရာဝန်မဟုတ်ပါဘူး
စည်ပင်ကဈေးကောက်ဝန်ထမ်းပါ”

No comments:

Post a Comment