Wednesday, January 26, 2011

ငါနဲ့ မတူသောငါ

"ငါနဲ့မတူသော လူ"

မိဖုရားမဖြစ်ချင်တဲ့ ဘုရင်မကို
နေရာချင်းယှဉ်ဖို့ နင် ကြိုးစားတာ
ငါ သနားလို့မဆုံးဘူး ။

အပေါ်ယံစကားတွေ မဆိုတတ်တဲ့ ငါက
နုံနုံအအ'လဲ နေတတ်ခဲ့သူပါ
ငါ့မာနကို မထိခိုက်သရွေ့ပေါ့ ။

ပေးဆပ်မှုကို မကြည့်ပဲ
ရလဒ်ကိုချည်း ကျေနပ်တတ်သူဖြစ်ခဲ့ရင်
အဲ့ဒီရာဇ၀င်မှာ နင် နေရစ်ခဲ့ပါ ။


(by Cinderella)

No comments:

Post a Comment