Tuesday, January 25, 2011

သတင်းဆိုး

သတင်းဆိုး

တစ်နေ့တော့ ဘုရားသခင်က ကမ္ဘာပျက်တော့မဲ့သတင်းကို လူတွေကိုအကြောင်းကြားဖို့အတွက် ကမ္ဘာပေါ်မှာ အာဏာသြဇာရှိတဲ့လူ ၃ ယောက်ကို ခေါ်ပြီး အကြောင်းကြားသတဲ၊

သူတို့တစ်တွေကတော့ ကတ်စထို၊ အိုဘားမား နဲ့ ဘေဂိတ် တို့ဖြစ်ပါသတဲ့။

သူတို့ကို ဘုရားသခင်က မကြာခင် ကမ္ဘာကြီး ပျက်တော့မယ် မင်းတို့ လူတွေကို အဆင်ပြေသလို သတင်းပေးလိုက်ပါလို့ မှာသတဲ့။

အဲဒါနဲ့ -
ကတ်စထို က တီဗီက နေမိန့်ခွန်းပြောသတဲ့
ငါ့မှာ သတင်း ဆိုး ၂ ခု ပါတယ်

၁) ဘုရားသခင်တစ်ကယ်ရှိတယ်။
၂) သိပ်မကြာခင်ကမ္ဘာပျက်တော့မယ်။ 

အိုဘာမားကလည်း ပြည်သူတွေကို မိန့်ခွန်းပြောသတဲ့။ ငါ့မှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုတစ်ခုပါတယ်။

၁) သတင်းကောင်းကတော့ ဘုရားသခင်က ငါ့ကို သြဇာအာဏာရှိတဲ့လူအဖြစ်မြင်တယ်။
၂) သတင်းဆိုးကတော့ သိပ်မကြာခင်ကမ္ဘာပျက်တော့မယ်။

ဒါနဲ့ ဘီဂိတ်ကလည်း အင်တာနက်ကနေ ပြောပါသတဲ့
ငါ့ဆီမှာ သူတင်းကောင်း ၂ ခုပါတယ်

၁) ပထမသတင်းကောင်းက ဘုရားသခင်တစ်ကယ်ရှိတယ်။
၂) ဒုတိယ သတင်းကောင်းကတော့ ၀င်ဒိုး ဆဲဗင်းပြီးရင် ၀င်ဒိုးအသစ်ထပ်ထုတ်စရာမလိုတော့ဘူး။


မလဲသေးဘူး

ဆာရာက သတင်းစာဖတ်နေချိန်တွင် သူမ၏ ခင်ပွန်းဒေးဗစ်က မဂ္ဂဇင်းဖတ်နေသည်။ ရုတ်တရက်ရယ်မော လျက် ဆာရာက `ဟားဟား… အံ့သြစရာပဲ… ဘောလုံးပွဲတစ်ရာသီစာလက်မှတ်ရဖို့အတွက် လူတစ်ယောက် ဟာ သူ့မိန်းမနဲ့ အလဲအလှယ်လုပ်လိုက်တယ်ဆိုပဲ´

မဂ္ဂဇင်းအဖတ်မပျက်သော ဒေးဗစ်က `ဟုတ်လား´
`ဒါနဲ့ ရှင်ကတော့ ကျမကိုဘောပွဲလက်မှတ်နဲ့ မလဲလောက်ပါဘူးနော်´
`အသေအချာပေါ့ကွာ´
`နားဝင်ချိုလိုက်တာ… ဒါဖြင့်ရင်… ဘာကြောင့်လဲ´
`ဘောလုံးရာသီက ထက်ဝက်ကျိုးနေပြီလေကွာ´

မှန်ခွဲမယ်

လူတို့ ၏စိတ်တွင် မှန်ကြီးကြီး ပြောင်ပြောင်လက်လက်ကို တွေ့ လျှင်ခွဲ ပြစ်ချင်သော ညဉ်လေး ရှိလေသည်။ သို့ သော် အသိစိတ်နှင့် ထိမ်းနိုင်သောကြောင့် မခွဲ ဖြစ်ကြခြင်း ဖြစ်သည်။

အမေရိကန်ပြည် အစွန်အဖြားရှိ မြို့ ငယ်လေးတစ်မြို့ တွင် မှန်ဟူသော အရာ လုံးလုံး မရှိချေ။ ထိုမြို့ ရှိလူများသည် ရှိသမျှမှန်များကို ခွဲ ပြစ်သောကြောင့်ဖြစ်သည်။ စိတ်ပညာရှင်များသည် ထိုသူတို့ ၏ စိတ်အခြေအနေကို အလွန်စိတ်ဝင်စားသည်ဖြစ်ရာ သွားရောက်သုတေသနပြုလေသည်။
 အခန်း တစ်ခုထဲတွင် ဓါတ်ပုံတစ်ခုကို ချိတ်ထားလေသည်။ အလွန်အချိုးအစား ကျနသည့် မင်းသမီး ဂျေလို သည် အ၀တ်လဲခန်းထဲတွင်မှန်ကြည့်နေပုံ ဖြစ်သည်။ အစမ်းသပ်ခံ လူနာများကို ထို ပုံကို စိုက်ကြည့်စေပြီး အိပ်ငွေ့ ချအိပ်ပျော်စေလိုက်သည်။

စိတ်ပညာရှင် ၁။ ကဲ  အ၀တ်အစားလဲခန်းထဲမှာ အလွန်လှပတဲ့  အမျိုးသမီး ၁ ယောက် ကိုယ်လုံးပေါ်မှန်ကြည့်နေတယ်။ မင်းကို အဲ့ဒီအခန်းထဲမှာ အမျိုးသမီးနဲ့  နှစ်ယောက်ထဲ ရှိစေမယ်။ နောက်ကြောင်းလဲ ရှင်းတယ်။ မင်းဘာလုပ်မလဲ။

အစမ်းသပ်ခံ မြို့ သား ၁။ အဲ့ဒီမှန်ကိုလက်သီးနဲ့   ခွဲ ပြစ်မယ်။


စိတ်ပည်ရှင် ၂၊ နောက်တစ်ယောက် ၀င်လာခဲ့ပါ။

...............................
...............................
..............................

စိတ်ပညာရှင် ၁။ မင်းကို ဟောဒီ မင်းသမီးဂျေလို နဲ့  ဒီအခန်းထဲမှာ တူတူထားမယ်။ မင်းလုပ်ချင်တာလုပ် နောက်ကြောင်းရှင်းတယ် ဘာလုပ်မလဲ။

မြို့ သား စမ်းသပ်ခံနံပါတ် ၇၆။ သူ ကြည့်နေတဲ့ မှန်ကို ခြေထောက်နဲ့ ဆောင့်ပြီးကန်လိုက်ပါမယ်။

စိတ်ပညာရှင် ၁။ ။ဟောဒီမင်းသမီး ဟာ ဒီအခန်းထဲမှာ မင်းနဲ့ အတူတူရှိနေမယ်။ မင်း စိတ်တိုင်းကျလုပ်ချင်တာ လုပ်နိုင်တယ်။ မင်းဘာလုပ်မလဲ။

မြို့ သား စမ်းသပ်ခံ ၉၀။ ကျွန်တော် မင်းသမီးကို သေသေချာကြည့်ပါမယ်။ သူဟာ တကယ်ပဲ စွဲဆောင်မှု ရှိတယ်ဆိုရင် သူ့ ရဲ့ ပခုံးလေးကို ကိုင်ပြီး ဖက်လိုက်မယ်။
လေသံတိုးတိုးဖြင့်....
စိတ်ပညာရှင် ၂။ ကျွန်တော်တို့ ပုံမှန်လူတော့ တွေ့ ပြီ။
စိတ်ပညာရှင် ၁။ ဟုတ်တယ်။ ဒီလူ့ကိုသေချာ မေးမြန်းပြီး စမ်းသပ်လိုက်ရင် တခြားလူတွေဘာလို့  မှန်ကို ဒီလောက် မုန်းနေတာလဲဆိုတာ သိရမယ်ဗျ။

စိတ်ပညာရှင် ၁။ ကဲဆက်ပါဦး ပြီးတော့ ကောမင်းဘာဆက်လုပ်မလဲ
နံပါတ် ၉၀။ ။ ပြီးရင် ကျွန်တော် သူ့ ပါးလေးကို မွှေးမွှေးပေးလိုက်မယ်ဗျာ။


စိတ်ပညာရှင် ၁။ ဟုတ်ပြီ ဟုတ်ပြီ ပြီးရင် ဘာဆက်လုပ်မလဲ။
နံပါတ်၉၀။ သူ့ ရဲ့ ခါးလေးကို ဖက်လိုက်မယ်။
စိတ်ပညာရှင် ၂။ ဘာဆက်လုပ်မလဲ။

မြို့ သား နံပါတ်၉၀။ ဆံပင် စည်းထားတဲ့  သရေကြိုးလေးကို ဖြုတ်လိုက်မယ်။ ကျွန်တော်က အမျိုးသမီးတွေဆို ဆံပင် ဖားလျား ချထားတာမှ ကြိုက်တာ။

စိတ်ပညာရှင် ၁။ ဟုတ်ပြီ ။ ပြီးတော့ကော

မြို့ သား။ ပြီးရင် အဲ့ဒီ ခေါင်းစည်းထားတဲ့  ကြိုးနဲ့  လောက်လေးခွ လုပ်ပြီး မှန်ခွဲမယ်ဗျာ

No comments:

Post a Comment