Tuesday, January 25, 2011

2010 ခုနှစ်အတွင်းနာလူများအကြားလှုပ်ခတ်သောသတင်းများ

  1. 2010 ခုနှစ် အတွင်း လူများ အကြား လှုပ်ခတ် ခဲ့သော သတင်းများ၊
  2. Apple မှ iPhone 5 အား ၂၀၁၁ခုနှစ် အစောပိုင်း ကာလများ တွင် ထုတ်လုပ်သွားဖွယ် ရှိ ၊
  3. Elite Tech မှ စမတ်ကတ်များ ထုတ်လုပ်သွားမည် ၊
  4. ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများ ရောင်းအားသုံးဆခန့် ခုန်တက် ၊
  5. မက်ဝေလ်ဖုန်းလိုင်းများ ချင်းတွင်းမြစ် တစ်ကြော၌ အသုံးပြုခွင့် ရတော့မည် ၊
  6. Gmail account disable ဖြစ်နေသူများ ၊
  7. Windows 7 Themes (အရမ်းလှတယ်ဗျာ) ၊
  8. အချို့ Ban ထားသော Site ဖွင့်နည်း။
  9. File Fetch  ၊ Face Recognition Login  ၊
  10. Xilisoft HD Video Converter v6.0.14.1231 ၊
  11. ယူနီကုတ်ကြောင့် ခေါင်းအရှုပ်မခံပါနဲ့ တော့ .. ၊
  12. ရှမ်းလူမျိုးအတွက် Zawgyi-Tai Unicode ၊
  13. BackSpace Button Coding for Calculator Project in VB.Net2008 ၊
  14. ဗီဒီယို၊သီချင်းနဲ့ဓာတ်ပုံ တွေကို နှစ်သက်ရာ format ချိန်းကြရအောင် ၊
  15. USB Disk Security.v5.4.0.6.Full.AiO ၊
  16. LOGOS AND ICONS ၊
  17. BRUSHES AND PATTERNS FOR PHOTOSHOP ၊
  18. MAKING CALENDAR ONLINE ၊
  19. FACE YOUR MANGA ၊
  20. စာလုံးဓါတ်ပုံသို့ပြောင်းလဲခြင်း ၊ ဆန်းသစ်သော ဒီဇိုင်းနှင့် touch မျက်နှာပြင် သုံးခု ပါဝင်သည့် Android ခေါက်ဖုန်း Flip Phone ၊

2010 ခုနှစ် အတွင်း လူများ အကြား လှုပ်ခတ် ခဲ့သော သတင်းများ

Breaking news of 2010
ကျွန်တော် တို့ အနေနဲ့ အခု ဆိုရင် 2011 နှစ်သစ် ကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။ အဲသလိုရောက် ရှိလာပြီ ဖြစ်တဲ့ အတွက် ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် တွေကို ကြိုတင်စီစဉ် ထားပြီး ဖြစ်သလို ဘာတွေလုပ်မယ် ဆိုတာ ကိုလည်း Plan ချထားပြီး ဖြစ်ပါလိမ့်မယ်။ အဲဒိ ကြားထဲ ကမှ လွန်ခဲ့တဲ့ 2010 ခုနှစ် မှာ မြန်မာ နိုင်ငံ ရဲ့ IT လောက အတွင်း လူပြောများခဲ့တဲ့ သတင်းများ၊ လူတွေစိတ်ဝင်စားတဲ့ ပစ္စည်းများ၊ ပြပွဲများ နှင့် ကိစ္စ အ၀၀ တို့ကို ကျွန်တော် တို့ပြန်လှည့်ကြည့်ကြ ပါစို့။
Barcamp Yangon 2010 – မြန်မာ နိုင်ငံ အတွင်း ပထမ ဦးဆုံး Barcamp ကို 2010 ခုနှစ် January လပိုင်းမှာ ကျင်းပခဲ့ပါတယ်။ ပွဲအတွင်း နည်းပညာ ပေါင်းများစွာ ကိုဆွေးနွေး နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင် လူပေါင်း ၂၇၀၀ ကျော် ခန့်တက်ရောက် ခဲ့တဲ့ အတွက် မြန်မာ နိုင်ငံ IT လောက ရဲ့ 2010 နှစ်ဦးဟာ အလာ ကောင်းခဲ့ပါတယ်။
Yatanarpon Web Portal – မြန်မာ နိုင်ငံ ရဲ့ ပထမဦးဆုံး အမျိုးသား အဆင့် Yatanarpon Web Portal ကို 2010 ၊ အောက်တိုဘာ 17 ရက်နေ့တွင် လွှင့်တင် နိုင်ခဲ့ပါတယ်။ Yatanarpon Web Portal ဟာ မြန်မာ နိုင်ငံ ရှိ သတင်း မီဒီယာ ပေါင်းများစွာ ၏ ပေါင်းစည်း မှု တစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံ ၏ အကြီးဆုံး Website ဖြစ်တဲ့ အတွက် 2010 အတွင်း လူအများမှ အထူးစိတ်ဝင် စားခဲ့တာ ကတော့ မထူးဆန်း တော့ပါဘူး။
Sky Net – နိုင်ငံ အတွင်း မှာ နိုင်ငံတကာ ရုပ်သံလိုင်းပေါင်း များစွာ ကို ထုတ်လွှင့်ပေး နေသော ကုမ္ပဏီ မှာ ၁ ခုသာ ရှိခဲ့သော် လည်း 2010 အတွင်းမှာ ၀န်ဆောင်မှု ပေးခဲ့တဲ့ Sky Net DTH service ကတော့ လူအများ မှ အပြည့်အ၀ အားပေးခဲ့တဲ့ ၀န်ဆောင်မှု တစ်ခုပါပဲ။ Sky Net မှ လူအများကို စွဲဆောင်နိုင်တဲ့ အချက်ကတော့ ဈေး နှုန်း နည်းပါးခြင်း နှင့် ၂ ပေ စလောင်းရှိ ရုပ်သံ လိုင်း များ ကို အလွယ်တကူ ကြည့်ရှု လို့ရရှိ နိုင်ခြင်းများ ကြောင့်ပဲ ဖြစ်ပါတယ်။
Yatanarpon ဟက်ခံ ရခြင်း – အမျိုးသား အဆင့် web portal တစ်ခု ဖြစ်တဲ့ Yatanarpon Web Portal ဟာ စတင် ထုတ်လွှင့် တဲ့ အချိန် မကြာမြင့် သေးတဲ့ အချိန်မှာ ပဲ နိုင်ငံခြား မှ Hacker များ၏ တိုက်ခိုက်ခြင်း ကို ခံခဲ့ရပါတယ်။ အဆိုပါ ဖြစ်ရပ် ဟာ 2010 အတွင်း လူပြော အများဆုံး ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့ပြီး ပြည်တွင်း ရှိ web site တော်တော် များများ ကိုလည်း လှုပ်ခတ် မှုတွေ ရှိခဲ့ ပါတယ်။
Fibre Optic Cable – နိုင်ငံ အတွင်း Fibre Optic Cable များ နှင့် အင်တာနက် ဆက်သွယ် အသုံးပြု လို့ ရရှိ နိုင်ပြီ ဆိုတဲ့ သတင်းက တော့ 2010 အတွင်း လူအများ အတွက် ၀မ်းသာစရာ သတင်းစကား တစ်ခု ဖြစ်ခဲ့ပါတယ်။
Backbone Cable Move to China and India - လူအများ မှ Google သို့မဟုတ် Gmail အသုံးပြုပါက တရုတ်စာ များ နှင့် ဖြစ်နေခြင်း မှာ မြန်မာ နိုင်ငံ မှ အင်တာနက် ဆက်ကြောင်း လိုင်းများ ကို 2010 အတွင်း တရုတ် နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ သို့ ရွှေဆိုင်း လိုက်ခြင်း ကြောင့် ပဲ ဖြစ်ပါတယ်။ 2010 အတွင်း အင်တာနက် အသုံးပြုသူများ မိမိ စက်ကိုပင် မသင်္ကာ ဖြစ်စေ နိုင်ခဲ့ တဲ့ ဖြစ်ရပ် လို့ဆိုရင် မမှားပါဘူး။
Myanmar Unicode - အင်တာနက် အသုံးပြုသူများ၊ Blogger များ အတွက် 2010 အတွင်း အဓိက လှုပ်ခတ် နိုင်ခဲ့တာကတော့ Font မျိုးဆက် သစ် ဖြစ်တဲ့ Myanmar Unicode ကို အင်တာနက် စာမျက်နှာများ တွင် ပြောင်းလဲ လိုက်ပြီ ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေသော ZawGyi မှာ Unicode မဟုတ်ပဲ Myanmar 3 မှ စတင်ကာ နောက်ပိုင်း Font များအားလုံး Unicode ဖြစ်ပြီး လက်ရှိ တွင်လည်း Web page တော်တော် များများ ကိုပြောင်းလဲ လိုက်ပြီ ဖြစ်ပါတယ်။
၅ သိန်းတန် ဖုန်းများ – ကျပ် ၅ သိန်းတန် ဖုန်းများ ဖြစ်တဲ့ CDMA 800MHz၊ 450 MHz  mobile ဖုန်းများ ကို နိုင်ငံတော်မှ တရားဝင် ချထားပေးတဲ့ ဖြစ်ရပ် ကတော့ 2010 အတွင်းမှာ အထူးခြား ဆုံး နှင့် လူအများ မှ အုပ်အော် သောင်းနင်း ဖြစ်စေ တဲ့ သတင်းဖြစ်ပါတယ်။ GSM မဟုတ်သော်လည်း ဖုန်းလိုင်း ကြည်လင် ပြတ်သားမှု၊ ခေါ်ဆိုရ လွယ်ကူ မှုတို့ကြောင့် လူအများ မှ အကြိုက်တွေ့ ခဲ့ကြပြီး ယခုထိ တိုင် မပြီး ဆုံး နိုင်သေးတဲ့ သတင်း ဆိုလဲ မမှားပါဘူး။
2010 ခုနှစ် အတွင်း စိတ်ဝင်စား ဖွယ်ကောင်းသော သတင်းများ စွာ ရှိနေသေးသော်လည်း ယခု တင်ပြ လိုက်တဲ့ သတင်းများ ကတော့ လူအများ ပါးစပ်ဖျား မှ ပေါ်ပြူလာ ဖြစ်နေသော သတင်းများ ကိုသာ ရွေးချယ် ဖော်ပြ လိုက်ရခြင်း ပဲ ဖြစ်ပါတယ်။


Apple မှ iPhone 5 အား ၂၀၁၁ခုနှစ် အစောပိုင်း ကာလများ တွင် ထုတ်လုပ်သွားဖွယ် ရှိ

Will iPhone 5 launched in this summer?
Apple မှ ၂၀၁၁ ခုနှစ် အတွင်း ထုတ်ကုန် အသစ် အဖြစ် iPad 2 ကို ထုတ်လုပ် သွားမည် ဟု ကြော်ငြာ ထားခြင်း ကို လူအများ မှ စိတ်ဝင်စား နေကြပါတယ်။ ထိုသို့ စိတ်ဝင်စား နေသော အချက်များ မှာiPad 2 ဟာ အရင် iPad ထက် ပိုမို ပါးလျသွားနိုင်မည်၊ ပိုမို မြန်ဆန်စွာ အလုပ်လုပ် သွားနိုင်မည် နှင့် Camera များ ပါဝင်လာနိုင်သည် ဆိုသော အချက်တွေကို ကြော်ငြာထားခြင်း ကြောင့် ဖြစ်ပါတယ်။
သို့သော်လည်း အများမှ သတိမထားမိသော အချက်မှာ Apple မှ ၂၀၁၁ ခုနှစ် အတွင်း iPad 2 တစ်ခု ထဲ မဟုတ်ပဲ iPhone 5 ကိုလည်း ထုတ်လုပ်သွား မှာ ဖြစ်တယ် ဆိုတာပါပဲ။ ကျွမ်းကျင်သူများ၏ အဆိုအရ Apple မှ ၄င်း၏ ကုန်ပစ္စည်း အသစ်များ ကို June လပိုင်းတွင်သာ အများထံသို့ မိတ်ဆက်ပြသလေ့ ရှိသဖြင့် iPhone 5 ကိုလည်း Apple မှ June လ အတွင်း ထုတ်လုပ် သွားနိုင်ကြောင်း ဆိုထားပါတယ်။
အဆိုပါ သတင်းများ ကို ခိုင်လုံကြောင်း သက်သေပြ နေသော အချက်မှာ မကြာသေးမီကာလအတွင်း Apple မှ ၄င်း၏ ထုတ်ကုန်များ အတွက် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း နေရာတွင် Foxconn ကုမ္ပဏီအား ထည့်သွင်းထားပြီး Foxconn ပိုင် Foxlink မှလည်း iPhone 5 အတွက် earphone များ စတင်ထုတ်လုပ် နေပြီ ဖြစ်ကြောင်း သတင်းများမှ ဆိုထားပါတယ်။
ထပ်မံကာ သတင်းများအရ Apple မှ iPhone 5 အတွင်း ၄င်း၏ CPU အသစ်ဖြစ်သော A5 CPU ကိုထည့်သွင်း သွားမှာ ဖြစ်ပြီး ၄င်း processor ဟာလည်း multi-core processor ဖြစ်ကြောင်း သိရပါတယ်။ ထိုကဲ့သို့ သော CPU သာမက Apple မှ iPhone 5 အား Graphic အနေဖြင့် ၄င်း၏ dual-core  အသစ်ကို ထည့်သွင်း သွား မှာ ဖြစ်ပြီး အဆိုပါ dual-core ထည့်သွင်း ထားခြင်းဖြင့် iPhone 5 အတွင်း 1080p video recording ကိုရရှိသွားမှာ ဖြစ်သလို output video ၏ အရည်အသွေးမှာလည်း HDMI ဖြစ်သွားမှာ ဖြစ်ပါတယ်။
ထို့အပြင် Apple မှ ယခု အခါ iOS 4.3 ကို beta ထုတ်လုပ်ထားခြင်း ကြောင့် ၄င်း၏ version အပြည့်အစုံ ကိုလည်း iPhone 5 အတွင်း ထည့်သွင်းသွား နိုင်ပြီး Apple မှ Feature အသစ်ဖြစ်သော Media Streaming ကို ရရှိသွားမှာ ဖြစ်ပါတယ်။ Media Streaming ၏ အကျိုးကျေးဇူးကတော့ iPhone 5 မှ တစ်ဆင့် Social Networking များကို လွတ်လပ်စွာ သုံးစွဲခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် Photo Gallery များ ဆောက်ထားရုံ သက်သက် မဟုတ်တော့ပဲ တစ်ခြားလူများ ၏ iPhoto ကိုလည်း Comment ပေးသွားနိုင်ခြင်း၊ subscribe လုပ်သွား နိုင်ခြင်း စသဖြင့် Social Networking နှင့် ဆိုင်သော Feature များကို ရရှိသွားမှာ ဖြစ်ပါတယ်။
အဆိုပါ Features များသာမက iPhone 4 နှင့် ကွဲလွဲသော ဒီဇိုင်းကိုလည်း ထုတ်လုပ် သွားဖွယ်ရှိပြီး နောက်ဆုံး အနေဖြင့် Mac အသုံးပြုသူများ မှာ နောက်ဆုံး OS ဖြစ်သော Mac OS X Lion ကို တင်ထားပါက iPhone 5 နှင့် ပါ ချိတ်ဆက် အသုံးပြု သွားနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Elite Tech မှ စမတ်ကတ်များ ထုတ်လုပ်သွားမည်

ဟန်ဦးခင်
အတွဲ ၂၆၊ အမှတ် ၅၀၂ (၂၁ - ၂၇၊ ၁၊ ၂၀၁၁)
၂၀၁၁ ခုနှစ် အစောပိုင်းမှစ၍ ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော ထူးကုမ္ပဏီများအုပ်စုအောက်ရှိ Elite Tech IT Service ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံမှ Watchdata ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ စမတ်ကတ် (Smart Card) များကို ပြည်တွင်း၌ ထုတ်လုပ်သွားမည်ဖြစ်သည်။
Elite Tech ကုမ္ပဏီလီမိတက်သည် အဆိုပါကတ်များ ထုတ်လုပ်ရာတွင် Watchdata ကုမ္ပဏီ၏ နည်းပညာအထောက်အပံ့များ ရယူ မည်ဖြစ်ပြီး ဘဏ်များတွင် အသုံးပြုနိုင်သော ကတ်များကို အဓိကထုတ်လုပ်သွားမည်ဖြစ်ကြောင်း Elite Tech ကုမ္ပဏီလီမိတက် ၏ အထွေထွေမန်နေဂျာ ကိုမင်းသက်ပိုင်ကပြောသည်။
"Elite ကနေပြီး ပြည်တွင်းမှာ Smart Card Solution တွေကို တာဝန်ယူဆောင်ရွက်သွားမယ်။ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေ လည်း ထုတ်လုပ်မယ်။ အဲဒီထဲမှာ ဘဏ်လုပ်ငန်းတွေမှာသုံးတဲ့ ကတ်တွေ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ သုံးလို့ရတဲ့ ကတ်တွေနဲ့ Membership ကတ် စတဲ့ကတ်တွေ ထုတ်လုပ်သွားမယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ Elite က ပေးမယ့် ၀န်ဆောင်မှု အကြောင်း ဘဏ်တော်တော်များများကို Proposal တင်ထားပြီးပါပြီ" ဟု ၎င်းက ပြောသည်။
"သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ တခြားနိုင်ငံတွေလို ကတ်တစ်ခုတည်းကို MTR နဲ့ ဘတ်စ်ကားအားလုံးမှာ သုံးလို့ရတဲ့ ကတ်စနစ် ဖြစ်ပေါ်လာအောင်တော့ အချိန်ယူရဦးမယ်။ ကတ်တစ်ခုတည်းနဲ့ ခရီးသည်တင်ယာဉ် အားလုံးစီးလို့ရတဲ့ ကတ်မျိုးလည်း ထုတ်လုပ် နိုင်ဖို့ ရည်ရွယ်ထားတယ်"ဟု ကိုမင်းသက်ပိုင်က ပြောကြားသည်။
အဆိုပါ Elite Tech ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်မည့် စမတ်ကတ်များအားလုံးကို Elite Tech အမည်ဖြင့်သာ ထုတ်လုပ်မည်ဖြစ်ပြီး ကတ်များ စတင်ထုတ်လုပ်ရန် နည်းပညာပိုင်းအားဖြင့် အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများ ရောင်းအားသုံးဆခန့် ခုန်တက်

ကြေးမုံဝင်း
အတွဲ ၂၆၊ အမှတ် ၅၀၂ (၂၁ - ၂၇၊ ၁၊ ၂၀၁၁)
ပြီးခဲ့သည့် န၀မအကြိမ်မြောက် မြန်မာ အိုင်စီတီရက်သတ္တပတ်ပြပွဲတွင် ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများကို အင်တာနက် အသုံးပြုနိုင်ရန် ကတ်များဖြင့် လဲလှယ် ပေးသည့်နောက်ပိုင်း မန္တလေးတွင် ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းရောင်းအားမှာ ယခင်ထက် သုံးလေးဆခန့်တက်လာ ကြောင်းသိရသည်။
"အင်တာနက်နဲ့ ချိတ်လို့ မရခင်က ၀၂၉၁ ဖုန်းတွေက နည်းနည်း အရောင်း အေးတယ်။ တစ်နိုင်ငံလုံး သုံးလို့ရတဲ့ ၄၅၀ မဂ္ဂါဟတ်ဇ် ၀၉ ၄၇ တို့၊ ၀၉ ၄၉ တို့က ရောင်းအား ကောင်းနေတာ။ အင်တာနက်ရပြီးတဲ့ နောက်ပိုင်းကို ၈၀၀ မဂ္ဂါဟတ်ဇ်တွေကို ပိုကြိုက်နေကြတယ်။
"အခုဖုန်းကနေ အင်တာနက် သုံးဖို့ အတွက် ပထမဆုံးက ကတ်လဲရမယ်။ ကတ်လဲခက သုံးသောင်းတစ်ထောင်။ ကိုယ်တိုင်လဲလို့ ရသလို ဆိုင်တွေက လုပ်ပေးတာလည်း ရှိတယ်။ ဆိုင် တွေက လုပ်ပေးရင်တော့ ၀န်ဆောင်ခ ထောင် ဂဏန်းလောက် ပေးရမှာပေါ့။ နောက် ပြီး ဟန်းဆက်ကလည်း အင်တာနက် သုံးလို့ရတဲ့ဟန်းဆက် ဖြစ်ရမယ်။ အင်တာနက် အသုံးပြုခက တစ်မိနစ် ကို လေးကျပ်။ လစဉ်ကြေး၊ နှစ်စဉ် ကြေးမရှိဘူးဆိုတော့ ကွန်ပျူတာသမား တွေအနေနဲ့ ကြိုက်ကြတယ်။ မန္တလေး၊ ရန်ကုန်နဲ့ နေပြည်တော်တွေမှာ ဖုန်း လိုင်းမိတဲ့နေရာတွေမှာ သုံးနိုင်မယ်လို့ သိရတယ်"ဟု Anycall ဖုန်းနှင့် ဖုန်း အပိုပစ္စည်း အရောင်းဆိုင်မှ ကိုမျိုးက ဆိုသည်။
"အင်တာနက်သုံးပါက သာမန်ဟန်း ဆက်ထက် မျက်နှာပြင် ကြီးမားသည့် touch screen ဟန်းဆက်များဖြင့် အသုံးပြုပါက ပိုမို အဆင်ပြေနိုင်ပြီး လတ်တလောတွင် အီးမေးလ် အ၀င် အထွက်စစ်ရန် ကောင်းကောင်း အသုံး ပြုနိုင်ကြောင်း၊ လက်ပ်တော့ဖြင့် ချိတ် ဆက် အသုံးပြုလိုပါက ဆော့ဖ်ဝဲတစ်ခု လိုအပ်မည်ဖြစ်ကာ ဖုန်းဖြင့် အသုံးပြု သည့် မြန်နှုန်းအတိုင်း အသုံးပြုနိုင် မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောပြသည်။
အင်တာနက်အသုံးပြုနိုင်မည့်ဟန်း ဆက်များမှာ အနည်းဆုံးကျပ် ၇၅,၀၀၀ မှ ကျပ် ၄၀၀,၀၀၀ ကျော်ထိ ရှိပြီး C 5900 Huawei Handset မှာ လူကြိုက်များနေကြောင်း သိရသည်။
"အခု လောလောဆယ်မှာတော့ အသစ်အဆန်းမို့လို့ လူတွေက အရမ်း စိတ်ဝင်စားနေကြတာပဲ။ ဖုန်းနဲ့ အင် တာနက်သုံးတယ်ဆိုတာ က တကယ် အသုံးလိုတဲ့အချိန်တွေမှာ အရေးတ ကြီးသုံးဖို့အတွက်က အဓိက ဆိုတော့ ကော်နက်ရှင်အရရော၊ သုံးရတဲ့အရသာ အရ လည်း အိမ်မှာ သုံးရတာနဲ့ ကွာ နိုင်ပါတယ်။
"အခုလောလောဆယ် ကော်နက်ရှင်ပိုင်း သိပ်မကောင်းရင်တောင် နောက်ပိုင်း ကောင်းလာနိုင်တာမို့ ငွေသုံးသောင်းလိုက်ရင်းထား လိုက်တာ မမှားပါဘူး"ဟု ဖုန်းဝယ်ယူ သူတစ်ဦး ကလည်း ဆိုသည်။
အင်တာနက်အသုံးပြုနိုင်သည့် ဖုန်းကတ်လဲလှယ်ပေးခြင်းများကို အိုင်စီတီ ပြပွဲပြီးနောက် မန္တလေးမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ဆက်လက်ပြု လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ်များတွင်လည်း အင်တာ နက်အသုံးပြုနိုင်ရန် စီစဉ်နေပြီး ငါး သိန်းတန် ဂျီအက်စ်အမ် ဖုန်းလိုင်းများ လည်း ထပ်မံချထားပေးမည်ဆိုသည့် သတင်းများ ပေါ်ထွက်နေကြောင်း သိရသည်။

မက်ဝေလ်ဖုန်းလိုင်းများ ချင်းတွင်းမြစ် တစ်ကြော၌ အသုံးပြုခွင့် ရတော့မည်

မန်းသားလေး
အတွဲ ၂၆၊ အမှတ် ၅၀၂ (၂၁ - ၂၇၊ ၁၊ ၂၀၁၁)
မက်ဝေလ်ဖုန်းလိုင်းများ ချင်းတွင်းမြစ် တစ်ကြောလုံး အသုံးပြုခွင့်ရတော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက မြန်မာတိုင်း(မ်)ကိုပြောသည်။
"ချင်းတွင်းမြစ်တစ်ကြောလုံးရဖို့ အတွက် ဖောင်းပြင်၊ ကန္တီနဲ့ မော်လိုက် တွေမှာ ဆက်ပြီး တပ်ဆင်သွားဦး မှာပါ။ အဲလိုဆိုရင် ချင်းတွင်း မြစ်တစ်ကြောလုံးသုံးလို့ရပါပြီ" ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(မန္တလေး) လက်ထောက် အင်ဂျင်နီယာ ကိုဇော်ဇော်အောင်ကပြော သည်။
"ခန္တီး၊ ကလေးဝ၊ ပင်လယ်ဘူး၊ မင်းကင်းနဲ့ ဗန်းမော်တို့မှာ လိုင်း ၃၀၀ ချထားပေးတယ်။ ဟုမ္မလင်းကိုတော့ လိုင်း ၇၀၀ ထိ ချထားပေး ပါတယ်။ အဲဒီ နယ်ဘက်တွေက ဒီဖုန်းတွေနဲ့ တော် တော်ကို အဆင်ပြေတယ်။ သယ်ရတာ လည်း လွယ်တယ်။ ကြိုးလိုင်းတွေ နဲ့လည်း မရှုပ်တော့ဘူး။ ချင်းတွင်းမြစ် တစ်ကြောလုံး အပြည့်အ၀သုံးနိုင် အောင် ကြိုးစားနေပါတယ်"ဟု ၎င်းက ပြောသည်။

Gmail account disable ဖြစ်နေသူများ

Gmail account disable ဖြစ်နေသူများအတွက်ပါ။ disable ဖြစ်နေချိန်မှာ Gtalk မှာဝင်လို့မရဖြစ်နေတတ်ပါတယ်။ အဲလိုအချိန်မှာ Gmail ၀င်ကြည့်လိုက်ပါ။ ဖုန်းနံပါတ် ဒါမှမဟုတ် Google ကိုမေးပို့ဖို့ပြောပါလိမ့်မယ။် ကျနော် ဖုန်းနံပါတ်တောင်းတာလေးကို နမူနာလုပ်ပြထားပါတယ် ---Select a country--- နေရာမှာ နိုင်ငံကိုရွေးပေးပါ။ Mobile phone number နေရာမှာ အပေါ်မှာရွေးခဲတဲ့ နိုင်ငံက ဖုန်းနံပါတ်ကိုဖြည့်ပေးလိုက်ပါ။ ပြီးရင် Send verification code to my mobile phone ကိုနှိပ်လိုက်ပါ နောက်တစ်မျက်နှာပေါ်လာပါလိမ့်မယ်
။ အဲကမှ Enter your code နေရာမှာ အစောကဖုန်းနံပါတ်ပေးလိုက်တဲ့ဖုန်းထဲမှာ Massage ရောက်လာတဲ့code ကိုထည့်ပေးလိုက်ပါ ပြီးရင် Verify ကိုနှိပ်ပေးလိုက်တာနဲအဆင်ပြေပါပြီ။ဒီနေရာမှာ ဖုန်းထဲကိုရောက်လာမဲ့ code က ဂဏန်း ခြောက်လုံးနဲပါ။ မြန်မာနိုင်ငံနဲ sri lanka နိုင်ငံ ကိုရွေးပြီး မြန်မာနိုင်ငံနဲ sri lanka က ဖုန်းကိုထည့်ပေးလိုမရပါဘူး ဒါကကျနော် သုံးကြည့်ဘူးတဲ နိုင်ငံပဲရှိပါသေးတယ် အခြားဘယ်နိုင်ငံတွေပါ မရတာလည်းဆိုတာတော့ ကျနော် အကုန်မသိသေးပါဘူး။ နောက်တစ်ခုသတိထားရမှာက အဲလိုဖုန်းနံပါတ်ပေးပြီး Code တောင်းထားဘူးတဲဖုန်းဖြစ်ရင်လည်း မရတလို အကောင့်ဖွင့်တုန်းက ဖုန်းနံပါတ်တောင်းလို့ ပေးထားဘူးပြီးသော ဖုန်းကိုလည်း ပေးလို့မရတော့ပါဘူး။ ပုံလေးနဲ့ကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာရှိတယ်နော်………….

Windows 7 Themes (အရမ်းလှတယ်ဗျာ)


မှတ်ချက်။
UniversalThemePatcher-x64 နဲ့ 86တို့က Themesတင်လိုက်တဲ့အခါမှာ
ပြည့်စုံသွားအောင် ကူညီပေးတဲ့ဆော့ပ်ဝဲပါ။



အချို့ Ban ထားသော Site ဖွင့်နည်း။

အချို့နာမည်ကြီးသော Site များမှာ Secure Socket Layer (SSL) ဆိုတာကို ၀ယ်ထားတယ်.ဒီဟာလေးက
ဥပမာ http://youtube.com ကို https://youtube.com ဆိုပြီး http မှာ s ထည့်ထားတာတွေ့ရပါတယ်.
တခါတလေ..http://youtube.com ကိုဖွင့်လို့မရပါက http မှာ S ထည့်ပြီးစမ်းကြည့်ပါ..ပွင့်လာတက်ပါတယ်.။
ဒီမှာ အောက်ပါပုံအတိုင်းလဲ ပေါ်လာတက်ပါတယ်.


အထက်ပါပုံတွေထဲအတိုင်း အနီဝိုင်းထားတာလေးတွေကို နှိပ်ပေးလိုက်ပါ..နောက်မှာ ကိုယ်ရောက်ချင်တဲ့
ဆိုဒ်ကိုရောက်သွားပါမယ်...ဒါပေမဲ့ ဆိုဒ်တိုင်းလိုလိုတော့ရမှာမဟုတ်ပါဘူး..

NOTE: SSL ကိုထည့်ထားတဲ့ Site တွေမှ ရမှာဖြစ်ပါတယ်။


File Fetch

ကျွန်တော်တို့လိုချင်တဲ့ Files တွေကို Internet ကနေ Free download လုပ်တဲ့အခါမှာ ကျွန်တော်စိတ်အပျက်ဆုံးက hotfile လိုနေရာက 30 mins စောင့်ရတာပါပဲ။ ဒီလိုနေရာတွေကနေ Size ကြီးကြီးယူချင်ပြီဆိုရင် parts ပေါင်းများစွာခွဲပြီး Download ယူရပါတယ်။ အဲ့ဒီတော့ Hotfile မှာ Free User နဲ့ Download မဲ့သူက Part တစ်ခု ပြီးသွားတိုင်း 30 mins စောင့်ရတာ အချိန်တော်တော်ကုန်ပါတယ်။ ကျွန်တော်ကတော့ 4GB ထိ အနည်းဆုံးယူမယ်ဆိုရင် (တစ်ကယ်တော့ 6GB ထိပဲ ယူဖူးတာပါ။) hotfile မှာ Parts ပေါင်း 30 လောက်ရှိမယ်။ part တစ်ခုပြီးတိုင်းပြီးတိုင်း အချိန်ထပ်စောင့်စရာမလိုဘဲ Download ယူချင်တဲ့သူတွေကတော့ http://www.fileflyer.com/filefetch/ က အဆင်ပြေနေပါတယ်။
Fetch Time ကလည်း မြန်တယ်။ သုံးဖူးသမျှထဲမှာတော့ တော်တော်ကောင်းနေပါသေးတယ်။ သုံးရတာလည်း လွယ်ပါတယ်။ hotfile အပြင်တစ်ခြား link တွေပါ ထည့်သုံးလို့ ရပါတယ်။
File Translote Site တွေဘယ်လောက်ပဲ ကောင်းနေပါစေ၊ အကောင်းဆုံးအကြံပေးချင်တာကတော့ Official ၀ယ်သုံးတာက စိတ်ချမ်းသာဖို့အကောင်းဆုံးပါ။

Face Recognition Login

Security အရ ကျွန်တော်တို့ ကွန်ပျူတာကို Password ပေးမယ်၊ Finger Print သုံးမယ်။ Dongle သုံးပြီး Login ၀င်မယ်။ ဒီလိုနည်းတွေ အပြင် Webcam အသုံးပြု face recognition နည်းပညာနဲ့ Login Security ပေးလို့ရပါတယ်။ Luxand Blink ဆိုတဲ့ Software သုံးရပါမယ်။ Install လုပ်ရတာလည်းမခက်ပါဘူး။ Configure လုပ်ရတာလည်းလွယ်ပါတယ်။ Webcam ရှိနေနှင့်ပြီးရင် Luxand က ခေါင်းဘယ်ညာလှည့်ခိုင်းမယ်။ သူ Record မှတ်လိမ့်မယ်။ ပြီးရင် Logoff လုပ်ပြီး စမ်းကြည့်လိုက်ပေါ့။ ကိုယ့်မျက်နှာမဟုတ်ရင် ကွန်ပျူတာ Login လုံးဝမဖြစ်ပါဘူး။ ကိုယ့်မျက်နှာလေးပြလိုက်မှ Login ဖြစ်ပါလိမ့်မယ်။
စမ်းသပ်ချင်သူများအတွက် အောက်က link မှာ ကျွန်တော်တင်ပေးထားပါတယ်။
Luxand_Blink_Pro_v2.3.ra


Xilisoft HD Video Converter v6.0.14.1231

သိပြီးသား..သုံးနေကြဖြစ်သော Video Converter...........
Xilisoft HD Video Converter v6.0.14.1231


http://hotfile.com/dl/98662768/6664d5d/Xilisoft.HD.Video.Converter.6.0.14.1231.rar.html


ယူနီကုတ်ကြောင့် ခေါင်းအရှုပ်မခံပါနဲ့ တော့ ..

ယူနီကုတ်ကြောင့် ခေါင်းစားနေကြသူများအတွက် ....

တိုးတက်လာတဲ့ နည်းပညာရေစီးကြောင်းမှာ ... မျောလွင့်နေကြတဲ့ သူများပီပီ .. တိုးတက်ပြောင်းလဲမှုနဲ့ အတူ လိုက်ပါ စီးမျောသူများ ရှိကြသလို .. မလိုက်ပါ မစီးမျောပဲ .. နေရာတစ်ခုခုမှာ ပြတ်ပြီး ကျန်ခဲ့ကြသူများလည်း ရှိပါတယ် ။ အကုန်လုံးကတော့ .. ကိုယ့်အယူနဲ့ ကိုယ်ပေါ့ ... ။ ဒါပေမဲ့ ... ဒီလို ရေစီးကြောင်းထဲမှာ .. ကိုယ်ကလည်း အလိုက်သင့် မစီးမျောပဲ ... တင်းပြီး ခံနေမယ်ဆိုရင်နောက်ဆုံး ပြတ်ပြီး ကျန်ခဲ့တဲ့သူက ကိုယ့်အလှည့် ဖြစ်လာပါလိမ့်မယ် ။ အဲ့တော့မှ .. အလိုက်သင့် စီးမျောသူများ နောက်ကို အမှီလိုက်မယ် ဆိုရင် အရမ်းကို ခက်ခဲသွားပါလိမ့်မယ် ။
ယခုအချိန်တွင်လည်းးး မြန်မာအိုင်တီ လောကရဲ့ ဖွံ့ ဖြိုးတိုးတက်မှု တစ်ခုအဖြစ် Unicode 5.2 စံချိန်မှီ myanmar3 unicode ဆိုပြီး Unicode fonts တစ်ခု ထွက်ပေါ်လာပြီ ဖြစ်ပါတယ် ။ Myanmar 3 unicode font ရဲ့ အားသာချက် .. အားနည်းချက်တွေကိုတော့ ယခင် ပိုစ့်များမှာ ဆွေးနွေးပြီး ဖြစ်တာကြောင့် အသေးစိတ် ထပ်မံ မဆွေးနွေးတော့ပါဘူး ။
ယခု အချိန် တွင် . လက်ကွက်ရိုက်ရန် မဟုတ်ပဲ ဖောင့်မမြင်ရသည့် ပြသနာများ အများဆုံး
ဖြစ်ပွားနေတယ်လို့ ထင်မိပါတယ် ။ အဲ့လို ပြသနာ တွေကြောင့်လည်း ဆိုဒ်တွင်း အသုံးပြုသူ ဦးရေ သိသာစွာ ကျဆင်းလာတာကို ၀မ်းနည်းစွာ ကြည့်နေခဲ့ရပါတယ် ... ။ အဲ့ဒါကလည်း အများသုံး cyber café တွေမှာ .. သုံးရတဲ့ သူတွေ အဖို့ ..အ ဖြစ်အများဆုံး ပြသနာပါ ... ။ အဲ့ဒါကြောင့် အင်တာနက် ဆိုင်ပိုင်ရှင်များကိုလည်း မေတ္တာရပ်ခံအပ်ပါတယ် ။ Myanmar 3 unicode font များကို စက်ထဲတွင် install ပေးကြရန် ဖြစ်ပါတယ် ။ main page တွင်လည်း Download Link ပေးထားပြီး ဖြစ်ပါတယ် ။

Download
Myanmar Unicode Font & Keyboard Installer!

သိပ်အများကြီးခေါင်းစားခံပြီး လုပ်ပေးနေစရာ မလိုပါဘူးး ။ အဲ့ဒါလေးကိုပဲ ဒေါင်းပြီး mm3 ဆိုတဲ့ fonts file လေး တစ်ဖိုင်ကို C:\WINDOWS\Fonts ထဲကို ထည့်ပေးလိုက်ရုံပါပဲ ... ။ (ယခင်ပိုစ့်များမှာလည်း ဆွေးနွေးပြီး ဖြစ်ပါတယ် ။ ) မြန်မာဖောင့်များကို မမြင်ရတဲ့ အဓိက ပြသနာပါ .. ။ အဲ့ ဖိုင်လေး တစ်ဖိုင်ကို fonts ထဲ ထည့်လိုက်တာနဲ့ မြန်မာအိုင်တီရဲ့ စာများကို သေချာရှင်းလင်းစွာ ဖတ်လို့ ရမှာပါ ။ ( ဇော်ဂျီနဲ့ ရိုက်ထားတဲ့ စာတွေကိုတော့ ဇောက်ထိုးမိုးမျှော်အနေနဲ့ မြင်နေရဦးမှာပါ .. ။ )
အဲ့လို ဒုက္ခက ကင်းဝေးဖို့ .. ကိုလည်းး ဒီနေရာလေးမှာ ပိစိလေးက တင်ပြခဲ့ပြီး ဖြစ်ပါတယ် ။
အဲ့လို fonts ကို ထည့်လိုက်ပြီး ရှင်းလင်းစွာ မြင်ရပြီ ဆိုတာနဲ့ .. ယူနီကုဒ် လက်ကွက် အကြောင်း စတင် ပြောပါမယ် ။ ခုန ဒေါင်းလုပ် လင့်ထဲမှာ ပါတဲ့ key magic ဆိုတဲ့ portable software ကို run ပြီး Ctrl + Alt +M (မိမိ ကြိုက်တာ ပေးလို့ ရပါတယ် ။) ယခုကတော့ အဲ့လို ရိုက်လိုက်ရင် သူ့ ဟာသူ မြန်မာ 3 နဲ့ ရိုက်လို့ ရပါပြီ ။ အရင်ဆုံး ရိုက်ကြည့်လိုက်ပါ ။ ကီးဘုတ် လက်ကွက်မှာ အက္ခရာ တစ်လုံး နှစ်လုံး နေရာပြောင်းသွားတာကလွဲရင် ကျန်တာ အကုန် အဆင်ပြေပါတယ် ။ (အရင်ဆုံး ရိုက်ကြည့်လိုက်ပါ.... မြန်မာအိုင်တီပိုစ့်တွေရဲ့ ... ကွန်မန့် ပေးတဲ့ box ထဲမှာ ရိုက်ပါ ... ။ စမ်းရိုက်ကြည့်ပါ ... မရိုက်ကြည့်ရသေးပဲနဲ့ .. လက်ကွက် မတူလို့ မသုံးချင်ဘူးလို့ .. မပြောစေချင်ပါဘူး ။ ပိုစ့်တွေ တင်ဖို့ စာတွေ အများကြီး ရိုက်ရတော့မယ်ဆိုရင်တော့ လက်ကွက်ပြောင်းမရိုက်ချင်သေးရင် ကွန်ဗာတာတွေကို အသုံးပြုပါ .. ။ ကွန်မန့် ပေးတော့မယ်ဆိုရင်တော့ လက်ကွက်လေးနဲ့ ပဲ စမ်းပြီးရိုက်ကြည့်ကြပါ လို့ အကြံပေးချင်ပါတယ် ။ )

ယခု မြန်မာအိုင်တီကို ယူနီကုတ် အနေနဲ့ ပြောင်းတော့ .. မပြောင်းဖို့ ပြောတဲ့ ကန့် ကွက်တဲ့ အထဲမှာ ကျွန်တော် ကိုယ်တိုင်လည်း ပါပါတယ် ။ ကိုယ်ကိုယ်တိုင်က ဇော်ဂျီဖောင့်ကို expert user တစ်ယောက် အနေနဲ့ ရိုက်နိုင်လေတော့.. လက်ကွက်ပြောင်းပြီးရိုက်ရမယ်လည်း ဆိုရော လုံးဝ လက်မခံနိုင်တာပါ ။ အဲ့ဒါနဲ့ ကိုဟူးနဲ့ လည်း ရန်ဖြစ်ရပါသေးတယ် ။ ယူနီကုတ် ပြောင်းပြီး 15 ရက်နေ့ ကနေ သုံးလေး ရက်လောက်အထိ မြန်မာအိုင်တီ လုံးဝ မသုံးတော့ပါဘူး ။ ဒါပေမဲ့ .. ကျွန်တော် ပြောခဲ့သလိုပဲ ... နေခဲ့တဲ့ သူက ကျန်ခဲ့ပါလိမ့်မယ် .. ။ အဲ့ဒါနဲ့ .. မဖြစ်ချေဘူး ဆိုပြီး ပြူးပြဲပြီးလိုက်လုပ်ကြည့်... အသည်းအသန်နဲ့ .. ဖြည်းဖြည်းချင်း ရိုက်ကြည့်ရာမှာ .. ယူနီကုတ်က ဇော်ဂျီထက် သာတဲ့ အကွက်တွေ အများကြီးတွေ့ လာရပါတယ် ။ အဲ့ဒါနဲ့ ဖြည်းဖြည်းချင်း ယူနီကုတ်ကို လက်ခံလာနိုင်ပါတယ် ။ အဲ့ဒါကြောင့် ကိုယ်ကိုယ်တိုင် စမ်းပြီးေ သချာ ရိုက်ကြည့်စေချင်တာပါ ။ ဒါပေမဲ့ .. ခုချက်ခြင်းကြီး ပြောင်းလဲ ရိုက်ဖို့ ဆိုတာကတော့ ခက်ခဲကောင်း ခက်ခဲနိုင်ပါလိမ့်မယ် ။ ..
အဲ့ဒါကြောင့် ... ဇော်ဂျီ သမားတွေလည်း အဆင်ပြေအောင် ... ကိုဟူးရဲ့ ပိုစ့်လေးမှာပဲ ...
ကွန်ဗာတာလေးတစ်ခုနဲ့ တစ္ခုနဲ ့ရိုက္လို ့ရၿပီ ဆိုၿပီး မိတ်ဆက်ပေးခဲ့ပါတယ် ။
အခုလည်း ကျွန်တော်က နောက်ထပ် ကွန်ဗာတာလေးတွေနဲ့ မိတ်ဆက်ပေးပါဦးမယ် ... ။
ကျွန်တော်တို့ မြန်မာအိုင်တီ ဆိုဒ်လေးမှာပဲ ဇော်ဂျီ လက်ကွက်ပဲ ရိုက်မယ် ဆိုတဲ့ သူတွေ အတွက်
ဒီနေရာလေးမှာပဲ ... မြန်မာ ၃ ကို ပြောင်းပေးပါလိမ့်မယ် ။
နောက်တစ်ခုက software လေးပါ ။ အရမ်းကို အဆင်ပြေလွယ်ကူလွန်းလှပါတယ် ။ ဇော်ဂျီ နဲ့ တစ်ခြား win လက်ကွက်တွေနဲ့ ရိုက်ထားသမျှ တွေကို notepad ဖြစ်ဖြစ် word ဖြစ်ဖြစ် တစ်ခုမှာ save ပြီး အဲ့ software လေးကို run ပေးလိုက်တာနဲ့ မြန်မာ ၃ နဲ့ ရိုက်ထားတဲ့ နောက်ထပ် file တစ်ဖိုင် ထပ်ထွက်လာပါလိမ့်မယ် ။ အဲ့ဒါကြောင့် အသုံးပြုကြည့်လိုက်ကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။
Download Unicode Converter
ဒါပေမဲ့ ..ဒီကွန်ဗာတာတွေကို ရေရှည်လည်းအသုံးမပြုစေချင်ပါဘူး ။ တစ်ခြားသူတွေက ယူနီကုတ် ကို ကျွမ်းကျွမ်းကျင်ကျင်ရိုက်နေတဲ့ အချိန်ရောက်မှ လက်ကွက်လိုက်ပြောင်းရတဲ့ အခက်အခဲ ဖြစ်မှာ စိုးလို့ ပါ ။ အဲ့ဒါကြောင့် ဇော်ဂျီလေးကို လက်မလွှတ်နိုင်သေးတဲ့အချိန် ခဏလေးမှာတော့ ကွန်ဗာတာလေးတွေ အသုံးပြုပြီး မြန်မာ ၃ကို အဆင်ပြေပြေနဲ့ ပြောင်းလဲ နိုင်ပါတယ် ။ အဲ့လို လုပ်နေတဲ့ အချိန်လေးမှာပဲ ... မြန်မာ ၃ ကို စမ်းပြီး ရိုက်ကြည့်စေချင်ပါတယ် ။ ကွန်ပျူတာ ကိုရင်းရင်းနှီးနှီးအသုံးပြုနေတဲ့ သူတွေက .. ဒီလက်ကွက်လောက်လေး ပြောင်းတာလောက်နဲ့ တော့ အခက်အခဲ ဖြစ်မှာ မဟုတ်တော့ပါဘူး ။

အခု မြန်မာ ၃ ယူနီကုတ်ကြောင့် မြန်မာအိုင်တီ လောကကြီး တစ်မျိုး တစ်ဖုံ ပြောင်းလဲ သွားနိုင်တာကြောင့် ... ယူနီကုတ် 5.2 ကို စံချိန်မှီဖြစ်တဲ့ .. မြန်မာ ၃ ယူနီကုတ်ကိုပဲ ... ဆက်လက် အသုံးပြုကြပါလို .. တိုက်တွန်း ချင်ပါတယ် ဗျာ ... ။
ဒီပိုစ့်လေးကိုတော့ အားလုံး ဖတ်လို့ ရအောင် ဇော်ဂျီနဲ့ ပဲ အားလုံးကို ပို့ လိုက်ပါတယ် ။ ဆိုဒ်ထဲမှာတော့ မြန်မာ 3 ရှိတဲ့ စက်တွေပဲ မြင်ရမှာမို့ လို့ ဖတ်ရှုပြီး လိုက်လုပ်ကြည့်စေချင်ပါတယ် ။ ယူနီကုတ် ကို ဖတ်လို့ မရတဲ့ သူတော်တော်များများကြောင့် ဆိုဒ်ထဲက activity တွေ တော်တော်များများ လျော့ကျသွားတာကို တွေ့ ရပါတယ် ။ အဲ့ဒါကြောင့် ယူနီကုတ်ရဲ့ အားသာချက်တွေကို မိမိကိုယ်တိုင် လက်ခံယုံကြည်လာစေချင်ပါတယ် ။ ကျွန်တော်လည်း မြန်မာ 3 လက်ကွက်ကို ကျွမ်းကျွမ်းကျင်ကျင်မရိုက်တတ်သေးတာကြောင့် ကွန်ဗာတာ software လေးနဲ့ ပဲ ပြောင်းလဲပြီး တင်ပေးလိုက်တာကြောင့် တစ်ချို့ ဖောင့် ဇောက်ထိုးတွေ ဖတ်မရ ဖြစ်နေတာတွေ အတွက် တောင်းပန်ပါရစေ ခင်ဗျာ ။ ယူနီကုတ်နဲ့ ပတ်သတ်ပြီး တစ်မျိုးပြီးတစ်မျိုး လိုက်လံ ပြုလုပ်နေရခြင်းကိုလည်း တောင်းပန်ပါတယ် ခင်ဗျာ ။ အကုန်လုံးက တစ်ခုနဲ့ တစ်ခု stable မဖြစ်သေးလို့ ဖြစ်နေရတဲ့ ပြသနာပါ .. ။ font တစ်ခုခု က stable ဖြစ်သွားပြီ ဆိုရင်တော့ အဲ့ပြသနာတွေ အကုန်လုံး ကင်းဝေးသွားပါလိမ့်မယ် ။ ခု ကျွန်တော် ဖော်ပြထားတဲ့ နောက်ဆုံး နည်းလမ်းလေးက အကုန်လုံး အတွက် အဆင်ပြေနိုင်ဆုံးမို့ လို့ ပြန်လည် ဝေမျှလိုက်တာပါ ။ အဆင်ပြေကြပါစေဗျာ .. ။

ရှမ်းလူမျိုးအတွက် Zawgyi-Tai Unicode

လင်းခေးမြို့က သူငယ်ချင်းတစ်ယောက်ပြောပြလို့
“သူတို့မြို့မှာ ရှမ်းလိုချက်လို့ရတယ်တဲ့”
အဲဒါနဲ့ မသိသေးတဲ့ ကျွန်တော်တို့ရှမ်းလူမျိုးအတွက်
ဒီယူနီကုတ်ကို တင်ပေးခြင်းဖြစ်ပါတယ်။
အခု ကျွန်တော်တို့ရှမ်းက ကိုယ့်တိုင်းပြည်ကို
ဘေးကင်းအောင်မစောင့်ရှောက်နိုင်သေးပေမယ့်
ကိုယ့်စာပေကိုတော့ ဘေးကင်းအောင်
စောင့်ရှောက်/ထိန်းသိမ်းသင့်ပါတယ်။
ဒါကြောင့် ခင်ဗျားက ရှမ်းတစ်ယောက်ဖြစ်ခဲ့ရင်
ဒီယူနီကုတ်ကို ယူပြီး ရှမ်းလိုချက်/ပြောရအောင်။
(“စာပေ၏ကျေးဇူး”ဆိုတဲ့ရှမ်းသီချင်းထည့်ပေးထားပါတယ်)

BackSpace Button Coding for Calculator Project in VB.Net2008


    ကျွန်တော့်အနေနဲ့ IDCS, IADCS ကျောင်းသား အချို့ကို VB.NET အခြေခံ လေးတွေ သင်ပေးဖြစ်ပါတယ်။ အချို့ အလွန် လွယ်ကူတဲ့ ကုဒ်ဒင်းလေးတွေကို စတင်လေ့လာကာစ လူငယ်တွေ လေ့လာနိုင်အောင် တင်ပေးလိုက်ပါတယ် ခင်ဗျာ။ 
    ဒီကုဒ်လေးကတော့ Calculator Project မှာ txtInput ဆိုတဲ့ textbox တစ်ခုထဲကို ရိုက်ထည့်ထားတဲ့ စာလုံးတွေ BackSpace သုံးသလိုမျိုး တစ်လုံးချင်း ပြန်ဖျက်ဖို့ အသုံးပြုထားတာ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Programming Software ကတော့ Visual Studio.Net 2008 ဖြစ်ပါတယ် ခင်ဗျာ။
၁- ပထမဆုံး textbox ထဲက text တွေကို string ပြောင်းပြီး string variable တစ်ခုထဲကို ထည့်ပါမယ်။ ဒီ ဥပမာ မှာတော့ sInput ထဲကို assignment operator (=) သုံးပြီး ထည့်လိုက်ပါမယ်။ sInput = txtInput.Text.ToString
၂- နောက်တဆင့်က string ထဲက စာလုံး တစ်လုံး လျော့ဖို့အတွက် လိုတဲ့ string ရဲ့ စာလုံးအရေအတွက် ကို ရှာထားဖို့ပဲ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ len() function ကို အသုံးပြုပြီး integer variable တစ်ခုထဲကို ထည့်သွင်း ထားပါတယ်။ iASize = Len(sInput)။ နောက်ပိုင်းမှာ အဲဒီလို function မျိုးကို ကိုယ်တိုင် ဘယ်လို ရေးမယ်ဆိုတာကို ရှင်းပြသွားပါမယ်။
၃- နောက်ဆုံး အဆင့်မှာတော့ Microsoft.VisualBasic.Left(,) function ကိုသုံးပြီး မလိုချင်တဲ့ နောက်ဆုံး စာလုံးကို ဖယ်ထုတ်ကာ textbox ပေါ်မှာ ပြန်လည် ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။
၎- if Not Then End If ကိုသုံးထားရတာကတော့ တကယ်လို့ textbox ထဲမှာ စာရိုက်ထည့်ထားတာမရှိရင် ဘာမှ မလုပ်ဖို့အတွက် error မတက်အောင် ကြိုတင် စစ်ဆေးထားတာ ဖြစ်ပါတယ်။
    ကုဒ်ဒင်း အပြည့်အစုံကိုတော့ အောက်မှာဖေါ်ပြပေးထားပါတယ်။

Private Sub btnBackSpace_Click(ByVal sender As System.Object, ByVal e As System.EventArgs) Handles btnBackSpace.Click
        Dim sInput As String
        Dim iASize As Integer
        If Not txtInput.Text = "" Then
            sInput = txtInput.Text.ToString
            iASize = Len(sInput)
            txtInput.Text = Microsoft.VisualBasic.Left(sInput, iASize - 1)
        End If
    End Sub
အထက်က ကုဒ်ဒင်း မှာ ပါတဲ့ ဖန်ရှင် လေးတွေကို အသေးစိတ်ရှင်းပြပြီး ကိုယ်တိုင် အသစ်ရေးပြပါ့မယ်။
Len() function
String တစ်ခုရဲ့ စာလုံးအရေအတွက်ကို ရှာပေးပါတယ်။ input argument အနေနဲ့ string ရဲ့ name ဒါမှ မဟုတ် string တစ်ခုကို " " ခံပြီး ထည့်သွင်းပေးရပါမယ်။ ရလာတဲ့ စာလုံးအရေအတွက်ကို integer variable တစ်ခုထဲကို = သုံးပြီး ထည့်ပေးရပါမယ်။
ဥပမာ- iArraySize = Len(sArrayName) (or) iArraySize = Len("http://www.engineer4myanmar.com")
အဲဒီဖန်ရှင်လေးကိုပဲ ကျွန်တော်တို့ ကိုယ်တိုင် ပြန်ရေးကြည့်ရအောင်။ သိပ်မခက်ပါဘူး။ For Each ကိုသုံးပြီး string ထဲက စာလုံး တစ်လုံးချင်းစီကို ဆွဲထုတ်တိုင်း Counter variable ကို တစ်တိုးပြီး ရေတွက် သွားတာပါ။ အခု ဖန်ရှင်းမှာ အဲဒီလို ဆွဲထုတ်လိုက်တဲ့ char တစ်လုံးချင်းစီကို သုံးပြ မထားပေမယ့် နောက်ဥပမာတွေမှာ လိုအပ်ရင် ယူသုံးပြသွားပါ့မယ်။
Private Function funArrayLength(ByVal sArray As String) As Integer
        Dim iCount As Integer = 0
        For Each cMyChar As Char In sArray
            iCount = iCount + 1
        Next
        Return iCount
 End Function
Microsoft.VisualBasic.Left()
ဒီဖန်ရှင်ကိုတော့ string တစ်ခုထဲက ကိုယ်လိုချင်တဲ့ စာလုံး အရေအတွက်ကို ထုတ်နုတ်ယူဖို့ အသုံးပြုပါတယ်။ ဘယ်ဘက်ကနေစပြီး input argument ထဲ ထည့်ပေးလိုက်တဲ့ စာလုံး အရေအတွက် အတိုင်း ထုတ်ပေးတာပါ။ Output string ကို = သုံးပြီး ရယူပေးရပါတယ်။ အဲဒီ ဖန်ရှင်ကိုပဲ ကိုယ်တိုင် ပြန်ရေးကြရအောင်..
Private Function funLeft(ByVal sArray As String, ByVal iIndex As Integer) As String
        Dim sOutputString As String = ""
        Dim iCount As Integer = 0
        For Each cMyChar As Char In sArray
            iCount = iCount + 1
            If iCount <= iIndex Then
                sOutputString = sOutputString & cMyChar
            End If
        Next
        Return sOutputString
End Function

ဒီတော့ ကိုယ်တိုင်ရေးထားတဲ့ ဖန်ရှင်တွေကို သုံးပြီး ဒီကုဒ်ဒင်းလေးကို အောက်ပါအတိုင်း ပြင်ရေးလိုက်ပါ့မယ်။
Private Sub btnBackSpace_Click(ByVal sender As System.Object, ByVal e As System.EventArgs) Handles btnBackSpace.Click
        Dim sInput As String
        Dim sOutput As String
        Dim iArraySize As Integer
        If txtshow.Text <> "" Then
            sInput = txtshow.Text.ToString
            'iArraySize = Len(sInput)
            iArraySize = funArrayLength(sInput)
            'sOutput = Microsoft.VisualBasic.Left(sInput, iArraySize - 1)
            sOutput = funLeft(sInput, iArraySize - 1)
            txtshow.Text = sOutput
        End If
    End Sub
 ဘာမဟုတ်တဲ့ အသေးအဖွဲလေးပေမယ့် string manipulation ကို လေ့လာဖို့အတွက် အခြေခံ အဖြစ် ရေးသားထားခြင်း ဖြစ်ပါတယ်။
--
http://www.engineer4myanmar.com
http://wikimyanmar.co.cc
http://www.ru-mm.org


ဗီဒီယို၊သီချင်းနဲ့ဓာတ်ပုံ တွေကို နှစ်သက်ရာ format ချိန်းကြရအောင်



ဒီဆော့ဝဲလေးက  ဗီဒီယို၊သီချင်းနဲ့ဓာတ်ပုံ တွေကို  နှစ်သက်ရာ format ချိန်းလို့ရတဲ့ ဆော့ဝဲလေးပါ။ပါဝင်တဲ့format တွေကလဲ စုံပါတယ်။portable လေးဆိုတော့ runစရာလဲ မလိုလိုတဲ့အချိန် အသုံးပြုဖို့အသင့်လေးဖြစ်နေတာပေါ့။ကျွန်တော်ကိုယ်တိုင်လဲ ဒါဘဲ သုံးပါတယ်။

ဒေါင်းရန်

http://www.mediafire.com/?gtbwaa9459olc99

http://www.zshare.net/download/852585551843541e/

http://ifile.it/r8wanky/Format_Factory_2.60_port.rar

http://www.ziddu.com/download/13407153/Format_Factory_2.60_port.rar...




USB Disk Security.v5.4.0.6.Full.AiO



Virusကာကွယ်ချင်သူများအတွက်

အွန်လိုင်းပေါ်မှာ လိုဂိုနှင့်အိုင်ကွန်များ ရရှိနိုင်သည့်
နေရာများဖြစ်ပါသည်။

ICONS













LOGOS







PHOTOSHOP အတွက်လိုအပ်သော BRUSHES နှင့် PATTERNS စသည်တို့
အခမဲ့ဒေါင်းလုပ်ရယူနိုင်မည့်နေရာလေးတစ်ခုဖြစ်ပါသည်။








မိမိဓါတ်ပုံလေးများထည့်သွင်း၍ပြက္ခဒိန်များဖန်တီးနိုင်ဖို့
အွန်လိုင်းပေါ်မှနေရာလေးတစ်ခုဖြစ်ပါသည်။







မိမိကိုယ်ပွားပုံ AVATAR များတည်ဆောက်နိုင်မည့်
နေရာလေးတစ်ခုဖြစ်ပါသည်။











သာမာန်ဓါတ်ပုံကို စာလုံးဓါတ်ပုံသို့ပြောင်းလဲပေးနိုင်မည့်
နေရာတစ်ခုဖြစ်ပါသည်။






ဆန်းသစ်သော ဒီဇိုင်းနှင့် touch မျက်နှာပြင် သုံးခု ပါဝင်သည့် Android ခေါက်ဖုန်း Flip Phone

  • ဆန်းသစ်သော ဒီဇိုင်းနှင့် touch မျက်နှာပြင် သုံးခု ပါဝင်သည့် Android ခေါက်ဖုန်း Flip Phone

    ဆန်းသစ်သော ဒီဇိုင်းနှင့် ထူးထူးခြားခြား touch မျက်နှာပြင် သုံးခု ပါဝင်ကာ  Android အခြေပြု Smart Phone ဒီဇိုင်းသစ်  Flip Phone ကို ဒီဇိုင်နာ  Kristian Ulrich Larsen က ပုံစံထုတ်ခဲ့ရာ သုံးဘက် အပြန်အလှန် ခေါက်နိုင်သော  Active-matrix OLED  မျက်နှာပြင် သုံးခုနှင့် သဘောကျဖွယ် Flip Phone ကို မြင်တွေ့ရသည်။


    ဦးဦးမှော်ဆရာအီးမေးလ် ဂရုပ် မှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။


No comments:

Post a Comment