Friday, January 28, 2011

ဘ ကုန်းရေ ဘ. ဝ ရေ ဝ = ဘဝ

ဘကုန်းရေး ဘ…..၀ရေး…..ဝ
ဘ၀တစ်ခုကို ဖြတ်သန်းဖို့
မနက်ခင်းကို တွန်းဖွင့်လိုက်ရင်း
ငါ့ခရီးဆောင်အိတ်ထဲမှာ
နင့်အချစ်ရယ်
ကျမ်းစာအုပ်ရယ်..
ဝိုင်တစ်လုံးရယ်..
အသပြာတစ်ချို့ရယ်ကို
သေချာထည့်လိုက်တယ်..
လျောက်လှမ်းလာရင်း
အသပြာက ကုန်ခမ်းလာလို့
ကျမ်းစာအုပ်ကို ရောင်းလိုက်ရတယ်..
ဒီလိုနဲ့ဘဲ
လမ်းကွေ့တစ်ခုမှာ
အသပြာကနဲနေတော့
နင့်အချစ်ကို
ထိန်းမထားနိုင်ဘဲ
လှုပ်လီလှုပ်လဲ့ နဲ့ပြုတ်ကျခဲ့တယ်
ပြုတ်ကျသွားတဲ့ နင့်အချစ်ကိုလိုက်ရှာရင်း
အခုတော့ငါဟာ
ဘ၀ရဲ့ လမ်းပေါ်မှာ
ဝိုင်တစ်လုံးကိုဘဲ
အဖေါ်ပြုနေရတော့တာပေါ့……                   
(ဆက်တွေးချင်လျင်သာ….)
နောက်ဆုံး
လျောက်လှမ်းလာရင်း
ဝိုင်ပုလင်းလဲ ကုန်ခမ်းလာပြီး
ဘ၀ရဲ့ နေညိုချိန်မှာ
ငါရောင်းခဲ့တဲ့ ကျမ်းစာအုပ်ဟောင်းလေးကို
ဖတ်ခွင့်ရလျင်ဘဲ
ငါသေပျော်နေပါတော့မည်။
လူတွေဟာ ရှင်သန်ရင်း
ငွေရဖို့အတွက် ဘုရားဟောတရားတွေကို…………………..
အသက်အရွယ် ကြီးရင့်တော့မှသာ
ကျမ်းစာအုပ်ကို သတိရရင်းးးးးးးးးးးးးးးး
အင်း……..
နောက်ဆုံးတော့လည်း သေရမှာပါဘဲ……

No comments:

Post a Comment