Monday, June 27, 2011

Mozilar Firefox short cut မိုဇီလာ ဖြင့် လွယ်ကူစွာသုံးနည်း

Ctrl+N - It use for Open New Browser Window.
Ctrl+T - It use for Open New Tab on Existing window.
Ctrl+W or Ctrl+F4 - It use for Close the current window or Tab.
Ctrl+R or F5 - For refresh The Page
Ctrl+F5 orCtrl+Shift+R - Refresh the page with override cache
Esc - Stop
Ctrl + O - It use for Open File
Alt+Home - Home
F1 - Firefox Help
F11 - Toggle Full Screen of Browser Window.
Ctrl+Tab - For Changing Tab between Existing window.
Ctrl+U - Open View Source Page of any webpage.
Ctrl+I or Ctrl+B - Open Bookmark window in left sidebar
Ctrl+P - For Print Command
Ctrl+A - Select All
Ctrl+S - Save Page As
Ctrl+D - Bookmark This Page
Ctrl+F - Find
Ctrl+G or F3 - Find Again
Ctrl+H - open History Window In left Sidebar.
Ctrl+J - Open Downloads Window
Ctrl+Z - Undo Your Process
Ctrl + Y or Ctrl + Shift + Z - Redo your Process
Ctrl+C - Copy
Ctrl+V - Paste
Ctrl + Shift + Delete - Clear your Private Data
F7 - To Open Browser in Caret mode
Backspace or Alt+Left Arrow - Back
Shift+Backspace or Alt+Right Arrow - Forward
Alt + Enter - Copy your existing window tab and Open It in New Tab
Ctrl + Tab or Ctrl + Shift + Tab — rotate forward to the next window tab
Down Arrow – Scroll down
Ctrl+ "+" or Ctrl+ Scroll up - Increase Text Size (Zoom In)
Ctrl+ "-" or Ctrl+ Scroll Down - Decrease text Size (Zoom Out)
Ctrl+ 0 (Zero) - Normal Text Size (Default Zoom Mode)
Alt+ Scroll Down - One step page go down
Alt+ Scroll Up - One step page go Up
Ctrl+Shift+I - DOM Inspector
Ctrl + L or ALT + D - Select Location Bar
Ctrl + Enter - To complete URL with .com
Ctrl + Shift + Enter - To complete URL with .org
Shift + Enter - To complete URL with .net
Ctrl + Up Arrow - Choose previous Search engines to search information
Ctrl + Down Arrow - Choose Next Search engines to search information
Alt + Up Arrow or Alt + Down Arrow - Open List of available Search Engine
credit to kp3.

Monday, June 20, 2011

ရယ်ကြရအောင်..ဟားဟာဟ

အင်တာဗျူး

ကုမ္ပဏီတစ်ခုမှာ “ အရောင်းဝန်ထမ်း ” အလိုရှိသည် လို့ကြော်ငြာထားတဲ့အတွက် လူငယ်တစ်ယောက်အလုပ်လာလျှောက်ပါတယ် ။

ဒီမှာ ကုမာဏီတာဝန်ခံက ခုလိုမေးမြန်းပါတယ် ။

  “ မောင်ရင် မုသားပြောတတ်သလား ”

  “ ဟုက်ကဲ့ ….. လိုအပ်ရင် ပြောတတ်ပါတယ် ခင်ဗျ ”

  “ မုသားပြောတတ်တဲ့လူတွေ ဘယ်ရောက်တတ်တယ်ဆိုတာကိုကော မောင်ရင်သိရဲ့လား ”

  “ ဟုက်ကဲ့ … ရာထူးတိုးပြီး အရောင်းဠာန ကို အပို့ခံရတတ်ပါတယ် ခင်ဗျ ”

ဖုံးထားပါတယ်

သားဖွားမီးယပ်ဆိုင်ရာ သင်ကြားပြသတဲ့ သင်တန်းက သင်တန်းဆရာတစ်ဦးဟာကိုယ်ဝန်ဆောင်များကို ကလေးမွေးဖွားခြင်းကိစ္စနဲ့

ကိုယ်ဝန်ဆောင်မိခင်ကောင်းများအနေနဲ့ ၊ တီဗွီမှန်သားပြင်ပေါ်က ပြသလျက်ရှိတဲ့ ထိတ်လန့်ကြောက်ရွံ့စရာတွေ ၊ အထိုးအကြိတ

်အသတ်အဖြတ်တွေပါတဲ့ ဇာတ်ကားတွေကိုကြာကြာကြည့်ရင် မွေးဖွားလာတဲ့ ကလေးတွေရဲ့ ကိုယ်အမှုအရာ ၊ စိတ်အမှုအရာတွေ

ကြမ်းတမ်းစေတယ်လို့ဆိုပါတယ် ။

ဒီမှာ ကိုယ်ဝန်ဆောင်မိခင် ၊ သင်တန်းသူတစ်ဦးက ခုလိုထပြီးပြောပါတယ် ။

 “ အဲဒါကြောင့်မို့ပေါ့ ၊ ကျွန်မဆိုရင် ကွန်ဖူးသိုင်းကားတွေကြည့်တိုင်းဗိုက်ကိုအမြဲတမ်း စောင်နဲ့ဖုံးကွယ်ပြီးမှ ကြည့် ပါတယ် တဲ့ ။ ”

တော်တော်ဟုတ်တဲ့ ဖုန်းဖြေစက်


“ဖုန်းဖြေကြားပေးဖို့ အိမ်မှာတစ်ယောက်မှမရှိကြပါဘူးရှင့် ။ဒါကြောင့်မို့လို့လူကြီးမင်း အသံကြားရရင် မှာချင်တဲ့စကားကိုချန်ထားခဲ့ပါ ။

ဒါပေမဲ့ တကယ်လို့များ ရှင်သာဖောက်ထွင်းသမားတစ်ဦး ဆိုရင်တော့ကျွန်မတို့ အပြင်ကိုလုံးဝထွက်ကြမှာမဟုတ်ပါဘူးရှင့် ။

ရှင့်ဆီက ဖုန်းလက်ခံနေစဉ်မှာ … ကျွန်မတို့ ပစ္စတိုတွေကို ရှင်းလင်းသုတ်သင်နေကြမှာပါ ။”

ဆရာမနဲ့ရွှေအ

နယ်က မူလတန်းကျောင်းတွင်ဆရာမက ကျောင်းသားရွှေအကိုမေးခွန်းတစ်ခုမေးသည် ။

ဆရာမ  -   “ ၁ နဲ့ ၂ ပေါင်းရင် ဘာဖြစ်သလဲ ရွှေအ ”

ရွှေအ    -   “ ရောသွားပါတယ် ဆရာမ ”

စိတ်ရှည်ဖို့လိုတယ်

ခင်ပွန်း    -  “ အဲဒီခွေး ၊ မင်းစကားနားထောင်အောင်လုပ်ဖို့ အောင်မြင်မယ် မထင်ဘူးကွာ ”

ဇနီး        -  “ အဓိပာယ်မရှိလိုက်တာ ၊ စိတ်ရှည်ဖို့သာ အဓိကရှင် ၊ ရှင့်တုန်းကလည်း အစတော့ကျွန်မ ဒုက္ခအများကြီးကြုံခဲ့ရတာပါပဲ ။ ”

ဘယ်လောက်ချစ်လဲ

ယောကျာင်္းလေး -  “ ကိုယ့်ကိုချစ်လားဟင် ”

မိန်းကလေး      -  “ ချစ်တာပေါ့ ”

ယောကျာင်္းလေး -  “ ဘယ်လောက်ချစ်လဲ ? ”

မိန်းခလေး       -   “ အရင်လူတွေထက်ပိုချစ်တယ် ”

သနားလို့

မောင်မောင်က “ မင်း ငါနဲ့ချရမှာကြောက်နေတယ် မဟုတ်လားကွ ” ဟုလှောင်ပြောင်လေသည် ။

ကျော်ကျော်     “ မဟုတ်ဘူးကွ ”  ဟုပြန်အော်လိုက်သည် ။

“ ဒါဆိုရင် မင်းဘာလို့ မချတာလဲ ”

“ ငါအမေက စိတ်ဆိုးပြီး ကျောပြင် ဗြောတင်မှာစိုးလို့ကွ ”

“ မင်းအမေက ဘယ်လိုလုပ်ပြီး သိမှာလဲ ”

“ မင်းကိုသူနာပြုကားက ဆေးရုံခေါ်သွားတာကို သူမြင်မှာပဲလေ ”
သူ့အတွေးနဲ့သူ

စိတ်ရောဂါကု ဆရာဝန်က သူ့လူနာကို ခုလိုမေးခွန်းထုတ်လိုက်ပါတယ်။

  “ ခင်ဗျားရဲ့ ဘယ်ဘက်နားရွက်ကိုကျွန်တော်ဖြတ်လိုက်ရင် ဘာဖြစ်သွားမလဲ ”

  “ ကျွန်တော် ဘယ်ကြားတော့မှာ လဲ ဆရာ ”

  “ ဒါဖြင့် ကျန်တဲ့ညာဘက်နားရွက်ပါ ဖြတ်လိုက်ရင်ကော ”

  “ ကျွန်တော် မမြင်ရတော့ဘူးပေါ့ ဆရာ ”

စိတ်ရောဂါကု ဆရာဝန်ဟာ တအံ့တသြဖြစ်သွားပါတယ် ။ ဒါနဲ့လူနာကို ထပ်မေးလိုက်ပါတယ် ။

  “ ဘာဖြစ်လို့ မမြင်ရမှာလဲ ”

  “ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မျက်မှန် ပြုတ်ကျသွားလို့ပေါ့ ဆရာ ” တဲ့

မှားတဲ့အခါလည်း မှားပေမပေါ့

ဆရာဝန်တစ်ဦးနဲ့ ရှေ့နေတစ်ဦးဟာ အရေးကြီးတဲ့အမှုတစ်ခုအတွက်သက်သေခံဖို့ရောက်ရှိလာကြပါတယ် ။

ရုံးမှာ အတူဆုံကြရင်း စကားလက်ဆုံကျကြပါတယ်။

ရှေ့နေ   -  “ ဆရာဝန်တွေလည်း တစ်ခါတစ်ရံမှားတတ်ကြပါတယ် ။ ဟုတ်တယ် မဟုတ်လား ။ ”

ဆရာဝန် -  “ ရှေ့နေတွေလည်း မှားတတ်ကြတာပါပဲ ဗျာ ….။ ”

ရှေ့နေ   -  “ ဒါပေမဲ့ ဆရာဝန်တစ်ယောက်မှားသွားရင် အဲဒီအမှားဟာ မြေကြီးအောက် ခြောက်ပေလောက်ထိရောက်သွားနိုင်တယ်နော ။ ”

ဆရာဝန် -  “ ဟုတ်ပါတယ် …။ဒါပေမဲ့ ရှေ့နေတစ်ယောက် မှားသွားခဲ့ရင် လေထဲမှာ ခြောက်ပေလောက်တွဲလောင်းကြီးဖြစ်သွားနိုင်တယ်ဗျာ … ။ ”

ဒီလိုကြေးလား

ကျောင်းကပြန်လာတဲ့သားရဲ့နဖူးမှာ “ ယနေ့ည မိဘဆရာအသင်း အစည်းအဝေးရှိသည်” ဆိုတဲ့စာတမ်းကိုတံဆိပ်တုံးရိုက်နှိပ်ပေးလိုက်တာတွေ့ရပါတယ် ။

ဒီတော့ ဖခင်ဖြစ်သူဟာ စိတ်ဆိုးသွားပြီး နောက်နေ့ သူသားကျောင်းသွားခါနီးတော့ သူ့သားရဲ့နဖူးမှာ “ မည့်သည့်စာမှမရေးရ ”

ဆိုတဲ့စာတမ်းကို တိပ်နဲ့ကပ်ပေးလိုက်ပါတယ်


စိတ်ငြိမ်ဆေးစားပါ ဒေါက်တာ

ဆေးရုံတစ်ရုံ ပြင်ပလူနာဌာနမှာဖြစ်ပါတယ် ။ သူနာပြုဆရာမက တာဝန်ကျ အမျိုးသားဆရာဝန်ကို ခုလိုသတိပေးစကားပြောပါတယ် ။

 “ ဒေါက်တာ ….. စိတ်ငြိမ်ဆေးတစ်လုံးလောက် စားထားရင် ကောင်းမယ်ထင်ပါတယ် ဒေါက်တာ ”

 “ ဗျာ ….. ဘာဖြစ်လို့လဲဆရာမ ”
 “ ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ အမျိုးသမီးတစ်ယောက်ရောက်နေလို့ပါဒေါက်တာ ။သူ့အချိုးစားက ၃၆-၂၂-၃၈ မို့ပါ ”

ဒါဆိုအိုကေ

ရှေ့နေ စာမေးပွဲအောင်ပြီးခါစသူငယ်တစ်ဦးဟာ ဥပဒေလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ဖို့ လာရောက်လျှောက်ထားခဲ့ပါတယ်။

အင်တာဗျူးမှာ လုပ်ငန်းရှင်က ခုလိုမေးခွန်းထုတ်ပါတယ် ။

“ မင်း သိရှိနားမလည်မှု မရှိသေးတဲ့ အကြောင်းကိစ္စနဲ့ပတ်သက်ပြီးအမှုသည်က လာရောက်ဆွေးနွေးလာရင် မင်း ဘယ်လို လုပ်မလဲ ပြောစမ်း ”

“ ကျွန်တော် စရံငွေအဖြစ် ငွေတစ်သာင်းခွဲလောက် အရင်တောင်းမယ် ပြီးတော့ နောက်နေ့လာဖို့ ချိန်းလိုက်မယ် ”

“ အိုကေ မင်းကို အလုပ်ခန့်လိုက်ပြီ ”

ဒီလိုလူမျိုးမှ

စီးပွားရေးလောကမှာ နာမည်ကောင်း သိပ်မရတဲ့ ကုမဏီတစ်ခုက စာရင်းကိုင်အလုပ်ခန့်ထားဖို့ လျှောက်ထားသူတွေကို လူတွေ့စစ်မေးခဲ့ပါတယ် ။

သူက လူတစ်ဦးစီကို “ နှစ်နဲ့နှစ်ပေါင်းရင် ” ဘယ်လောက်ရမလဲ လို့မေးပါတယ် ။ပထမလူက “ လေး ” ရတယ်လို့ဖြေပါတယ်။

ဒုတိယလူကလည်း “ လေး ” ရတယ်လို့ပဲဖြေပါတယ် ။ တတိယမြောက်လူကျမှာပဲ အလုပ်ရသွားပါတော့တယ် ။

“ နှစ်နဲ့နှစ်ပေါင်း ဘယ်လောက်လဲ ” လို့ မေးတော့ ၊ တတိယလူက ထရပ်ပြီး တံခါးထပိတ် ၊ လိုက်ကာတွေကို ဆွဲစေ့လုပ်ပါတယ်။

ပြီးမှ စားပွဲဆီပြန်လာပြီ ကိုယ်ကိုညွတ်ကိုင်းကာ ခုလိုပြန်မေးခဲ့ပါတယ် ။     
“ဆရာ ဘယ်လောက်ဖြစ်စေချင်ပါသလဲ ခင်ဗျာ”
 

Tuesday, June 14, 2011

ဥပေက္ခာ အချစ်

သစ္စာတရားက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး လိမ်ညာခြင်းကိုရွေးပါ။

လိမ်ညာခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး တိတ်ဆိတ်ခြင်းကိုရွေးပါ။

တိတ်ဆိတ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး ခွဲခွါခြင်းကိုရွေးပါ။

ချစ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကောင်လေးရေ….
ကျေးဇူးပြုပြီး ငါ့အနားမကပ်ပါနဲ့။

လောင်ကျွမ်းခံဖို့…
ဆေးလိပ်က မီးခြစ်ကို ချစ်မိသလိုမျိုး
အဖျော်ခံဖို့….
သကြားက ရေကို ချစ်မိသလိုမျိုး
စွန့်ပစ်ခံဖို့….
နာကျင်ခြင်းက ပျော်ရွှင်ခြင်းကို ချစ်မိသလိုမျိုး
ငါ့အချစ်တွေ လောင်ကျွမ်း၊ အရည်ပျော်၊ စွန့်ပစ်ခံလို့….

နာကျင်ခြင်းတွေ နှလုံးအိမ်ထဲ ထာဝရခိုအောင်းမနေဖို့
ကောင်လေးရေ….
“ချစ်တယ်” ဆိုတဲ့စကားကို လွယ်လင့်တကူ မပြောပါနဲ့။

ချစ်ခြင်းတစ်မျိုးကို
“ဥပေက္ခာ” လို့ ငါတင်စားခဲ့ပါရစေ….

နိုင်းနိုင်းစနေ

ကမ္ဘာ့ လူဦးရေအား ချုံ့ ကြည့်  ခြင်း

အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ နှစ်တွေက ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ်ရှိသမျှလူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။

ကမ္ဘာပေါ်ရှိသမျှ လူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အချိုးချကြည့်တဲ့အခါ......

၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ယောက်

၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်

၃) လူဖြူအယောက် ၃ဝ၊ အခြားအရောင် ၇ဝယောက်

၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်

၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်

၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက အမေရိကားသားတွေဖြစ်တယ်။

၇) ထင်သလိုဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ

၈) စာမတတ်သူ ၇ဝ ယောက်

၉) အာဟာရမပြည့်ဝသူ ၅ဝယောက်

၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်

၁၁) ဘွဲ့ရသူ ၁ယောက်

၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်

ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကိုကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွတ်ခြင်းနဲ့ သင်ကြားမှုတွေလိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာ တွေ့နိုင်တာက....

အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁ဝသိန်းဟာ တစ်ပတ်တောင် အသက်မရှင်နိုင်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊ နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝထက် သင်ဟာ ကံကောင်းတဲ့သူ ဖြစ်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊ အဖမ်းအဆီး မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း၃ဝဝဝထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။

အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊ နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ ၇၅%ထက် ချမ်းသာနေလို့ပါပဲ။

အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊ အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲ လူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။

အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့ နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။

အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေ သန်း၂ဝဝဝဟာ စာမဖတ်တတ်လို့ပါပဲ။

အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ စိုးရိမ်သောက ဖြစ်နေစရာမလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ... လူတွေကို အကြင်နာဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင်ထားပါ။ ဘယ်သူဘာပြောပြော ငြိမ်းချမ်းတဲ့သံစဉ်ကိုဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင်နေလိုက်ကြပါ။

မူရင်း--- http://www.bliayad.org/articles/pages/0153.htm

နိုင်းနိုင်းစနေ (Sunday, June 22, 2008)

Monday, June 13, 2011

ပညာရေး ဆိုသည်မှာ

ပညာရေး နှင့် မြန်မာနိုင်ငံ  

Posted by SLIP in
ပညာရေးဆိုသည်မှာ

“ပညာ” ဆိုတာ အတည်ပညာ၊ ယဉ်ကျေးမှု၊ အကျင့်တရားရှိမှု၊ `ဣနြေ္ဒတို့ကို စောင့်ထိန်းနိုင်မှု စသည်တိုးပွား၍ အဝိဇ္ဇာစသော အပြစ်ဒေါသများ၊ ကင်စင်သွားခြင်ကိုပင်”ပညာ အဆုံးအမ” ဟုခေါ်သည်လို့ “သစ္စတ္ထပကာသကျမ်း” မှာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။

ပညာရေးဆိုတဲ့ ဝေါဟာရဟာ အလွန်ကျယ်ဝန်း လှပါတယ်။ လူအများ သိနားလည်တဲ့ ကျောင်းသင် ပညာရေး (formal education) သာမက ကျောင်းပြင်ပ ပညာရေး (non-formal education) စတာတွေအားလုံးဟာ ပညာရေး နယ်ပယ်မှာ အကျုံးဝင်ပါတယ်။

နိုင်ငံ တစ်နိုင်ငံရဲ့ပညာရေးဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံသမိုင်း အခြေအနေ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ရောထွေး ယှက်နွယ် နေတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ ပညာရေးရဲ့ ရည်ရွယ်ချက်တွေ ချမှတ်ရာမှာ ဖြစ်စေ၊ အကောင်းအထည် ဖော်ရာမှာ ဖြစ်စေ ပညာရေးကို အခြားကဏ္ဍတွေနဲ့ ခွဲခြားပြီး တသီးတခြား စဉ်းစားလို့ မရနိုင်ပါဘူး။ သီးခြား ကင်းလွတ်သော ပညာရေး ဆိုပြီးတော့လည်း အကောင်အထည် ဖော်လို့ မရနိုင်ပါဘူး။

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး အခြေအနေတွေဟာ ကာလ၊ ဒေသ၊ ပရောဂ အခြေအနေတွေ အလိုက် ပြောင်းလဲ လေ့ရှိပါတယ်။ ပညာရေးဆိုတာ အတိတ်သင်ခန်းစာကို အခြေခံပြီး၊ ပစ္စပ္ပန် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အနာဂတ်ကာလ အတွက် မျှော်မှန်းရခြင်း ဖြစ်လို့ ပညာရေး အသီးအပွင့်ဆိုတာ ချက်ချင်းစိုက် ချင်ချင်းခူးဆွတ်စားဖို့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံး ၁၄-၁၅ နှစ်လောက်ကြာမှ ခံစားရတတ်ပါတယ်။