Saturday, January 29, 2011

Slang ၊ ဘန်းစကားလေ့ လာကြရအောင်

ဘန်းစကား ဆိုလျှင် နားလည်မှု လွဲတတ်ကြပါသည်။ ဦးစွာ ရှင်းလင်းလိုသည့် အချက်တစ်ချက်မှာ ''ဘန်းစကား'' သည် အလွတ်သဘော နှုတ်ဖြင့် သို့မဟုတ် စာဖြင့် သိစေသော စကားစု အမျိုးအစား တစ်မျိုး ဖြစ်ပါသည်။ ဘဝထဲကအသုံးအနှုန်း ဟုလည်း ဆိုနိုင်ပါသည်။ အသံထွက်မှန်ခြင်း သို့မဟုတ် စကားဝဲခြင်းနှင့် လုံးဝ မသက်ဆိုင်ပါ။

ဘန်းစကားကို ဒေသအလိုက် သို့မဟုတ် လူမှုအုပ်စုအလိုက် အဓိပ္ပာယ်သတ်မှတ်လေ့ ရှိပါသည်။ လူမှုရေး ခေတ်ရေစီးကြောင်းအလိုက် လျင်မြန်စွာ ပေါ်ပေါက်လာတတ်ပြီး နေ့ချင်းညချင်း ပျောက်ကွယ်သွားတတ် ပါသည်။ အချို့သော ဘန်းစကားများကို ရာစုနှစ်ပေါင်းများစွာ အလွတ်သဘော ဆက်လက် သုံးစွဲနေကြ ခြင်းများလည်း ရှိပါသည်။ တရားဝင် ခန့်ညားစွာ အထူးသဖြင့် စာဖြင့်ရေးသား သုံးနှုန်းရာ၌ ဘန်းစကား ကို မသင့်တော်ဟု သာမန်အားဖြင့် ယူဆပါသည်။

ဗြိတိသျှဘန်းစကားအချို့ကို ဥပမာ ဖော်ပြလိုက်ပါသည်။

၁။ bloke
၂။ sack (something) off
၃။ a (total/absolute/complete) mare
၎။ up for it
၅။ to cane something

စာရှုသူသည် ယင်းဘန်းစကားအသုံးအနှုန်းများနှင့် အကျွမ်းတဝင် ရှိပါသလား။ အဓိပ္ပာယ်များကို အစဉ်လိုက် မဟုတ်ဘဲ ရောမွှေလျက် အောက်တွင် ဖော်ပြထားပါသည်။

(က) စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော တစ်စုံတစ်ခုကို စွန့်လွှတ်/စွန့်ပစ်/အဆုံးသတ်သည်
to abandon/quite/end something you are fed up with
(ခ) တစ်စုံတစ်ခုကို ပြုလုပ်ရန် စိတ်အားထက်သန်သည်
to be keen on doing something
(ဂ) အားပါးတရ စိတ်အားထက်သန်စွာ စားသုံးသည် သို့မဟုတ် လုပ်ဆောင်သည်
to consume or perform and act with vigour and enthusiasm
(ဃ) လူတစ်ယောက်
a man
(င) ဆိုးဝါးသော အတွေ့အကြုံ
a horrible experience

အဖြေများကို ဆောင်းပါးအဆုံးတွင် ဖော်ပြထားပါသည်။ ယင်းဘန်းစကားများ အသုံးပြုပုံ ဥပမာအချို့ကို ဆက်လက်ဖော်ပြပါမည်။

၁။ He’s a really good bloke. Reliable. ဒီကောင်တကယ့်လူကောင်းပါ။ စိတ်ချရတယ်။
၂။ I think you should sack it off. It’s not going anywhere. ဆက်မလုပ်တော့တာ ကောင်းမယ် ထင်တယ်၊ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
၃။ That meeting was an absolute mare. Khalid just wouldn’t stop going on about his figures. အစည်းအဝေးကတော့ တကယ့် စိတ်ပျက်စရာပါဘဲ၊ ခါလစ်က ကိန်းဂဏန်းတွေကို မရပ်မနားပြောနေ တော့တာဘဲ။
၎။ So are you up for dinner to night? Maybe we could meet around 8? ဒီည ညစာစားဖို့ စိတ်ဝင်စားသလား၊ ၈နာရီလောက် တွေ့ကြမလား။
၅။ I don’t have much time to prepare slides so I’m going cane ’em during lunch time. ဆလိုက်တွေ လုပ်ဖို့ အချိန်သိပ်မရှိဘူး၊ နေ့လည်စာစားချိန်မှဘဲ အသည်းအသန် လုပ်ရတော့မှာဘဲ။

No comments:

Post a Comment