Tuesday, January 25, 2011

ရိုမီယိုနဲ့ ဂျူးလိယက်

ရိုမီယို နဲ့ ဂျူးလိယက်

ကြေကွဲဖွယ်နိဂုံးနဲ့ နာမည်ကျော်ကြားလှတဲ့ စာတစ်အုပ်ကို ဖတ်အပြီးမှာ ကျွန်ုပ်ရှာဖွေတွေ့ရှိခဲ့တဲ့ ဟာကွက်တစ်ခုကတော့ တမန်တော် “Friar” ရဲ့ နောက်ကျမှုပဲ ။

Friar ဟာ မြည်းတစ်ကောင်းကို စီးပြီး ဂျူးလိယက် မသေဆုံးသေးကြောင်းပြောဖို့ ရိုမီယိုဆီကို အရောက်သွားတဲ့လမ်းမှာ ကြုံရတဲ့မုန်တိုင်းကြောင့် ခရီးစဉ်နှောင့်နှေးနေတယ်။ တဖက်မှာတော့ ရိုမီယိုဟာ သေဆုံးသွားပြီဖြစ်တဲ့ သူ့ချစ်သူနဲ့ အတူရှိဖို့ ဂျူးလိယက်ရှိရာကို မြင်းတစ်ကောင်နဲ့ အပြေးအလွှားခရီးနှင်နေလေရဲ့ ။

Friar လမ်းတဝက်မှာပဲ ရှိနေတုံး ရိုမီယိုကတော့ ဂျူးလိယက်ရဲ့အုတ်ဂူရှိရာကို ရောက်သွားရှာပြီ။ ငြိမ်သက်သွာလဲလျောင်းနေတဲ့ သူ့ချစ်သူကိုလဲ မြင်ရော ဝမ်းနည်းကြေကွဲစွာ အားရပါးရငိုရှိုက်ပြီးတဲ့နောက် သူ့ကိုယ်သူအဆုံးစီရင်လိုက်တယ် ။

ဂျူးလိယက်လဲ နိုးလာရော သူ့ဘေးနားမှာ သေဆုံးနေပြီဖြစ်တဲ့ ချစ်သူ ရိုမီယိုကိုတွေ့၊ သွေးစက်တွေကို မြင်ပြီး ဘယ်လိုမှနိုးထလာတော့မှာမဟုတ်တဲ့ ချစ်သူ့ရဲ့ရုပ်အလောင်းနဲ့အတူ အသေခံဖို့ ဆုံးဖြတ်လိုက်တယ် ။

Friar ရောက်လာတဲ့အချိန်မှာ သေဆုံးနေပြီဖြစ်တဲ့ ချစ်သူနှစ်ဦးကို ကြည့်ပြီး တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ချစ်ခြင်းမေတ္တာကို နားလည်ရှာဖွေတွေ့ရှိသွားတယ် ။

တကယ်လို့များ  Friar နောက်မကျခဲ့ဖူးဆိုရင် ….. ချစ်သူနှစ်ဦးရဲ့ အသက်ကို အချိန်မီကယ်တင်လိုက်နိုင်မယ်၊ သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းဟာ ပျော်ရွှင်ကြည်နူးစွာ ပေါင်းဖက်ရလိမ့်မယ် ။

နှောင့်နှေးမှုတိုင်းရဲ့ အကျိုးဆက်ဟာ စိတ်ထိခိုက်ကြေကွဲရခြင်းပဲ ။

သင့်ဘဝမှာလဲ သင်နဲ့အတူ အဆိုးအကောင်းတွေကို မျှဝေခံစားဖို့ အဖော်မွန်ကောင်းတစ်ယောက်တွေ့တဲ့အချိန်မှာ ပြောဖို့ နှောင့်နှေးကြန့်ကြာနေခဲ့တယ်ဆိုရင် Friar ရဲ့ လမ်းမှာ မုန်တိုင်းက တားဆီးထားသလို ဖြစ်နေမှာပဲ ။ မြည်းတစ်ကောင်နဲ့ ခရီးသွားနေခြင်းကို ရပ်တန့်လိုက်ပါ ။ ဘယ်အရာကြောင့်မှ သင့်လမ်းခရီးကို အတားဆီးမခံလိုက်ပါနဲ့ ။ သင်လိုချင်တဲ့ ရလဒ်တစ်ခုနဲ့အတူ အပြည့်အဝ ပျော်ရွှင်ချင်တယ်ဆိုရင်ပေါ့ ။

If you love someone, or you have someone special to share something with, do not delay the process. Do it now, you do not know the weather tomorrow. Stop riding on a donkey, do not postpone, get straight ahead and do it.

ဘာသာပြန်သူ၏ အမှာ ။ (ဘဝမှာ စိတ်တိုင်းကျရွေးချယ်ပြီး (မှတ်မှတ်ရရ ၂ခါပဲ) တွေ့ဆုံခဲ့တဲ့သူတစ်ယောက်ကို ဒီစာပိုဒ်လေးနဲ့အတူ အလေးအနက် ဖွင့်ပြောလိုက်ပါတယ် ။ ဆုံဆည်းဖို့အခွင့်မရှိ တော့ရင်တောင် မေတ္တာတရားကို သိသွားခဲ့ရင် ကျေနပ်ပါတယ်။)
 
 
Translated by Cinderella
Ref: “Do It Now – Don’t wait another day”, (www.motivateus.com/ April’2009)
--- William Shakespeare, A motivation from William Shakespeare, 'THE DELAY OF THE FRIAR'.
--- Submitted by Sandile Duma --- South Africa

No comments:

Post a Comment