Friday, December 28, 2012
ကုလားအုပ် နဲ့ သူ့ ရဲ့ မိတ်ဆွေများ
                       တစ်ခါတုန်းက ကုန်ညည်ကြီး တစ်ယောက်က ပစ္စည်းတွေ အပြည့် နဲ့ 
ကုလားအုပ် တွေ ပေါ်တင်ပြီး ခရီး သွားခဲ့ တယ်။ တောအုပ် ကြီးတစ်ခု ကိုဖြတ်ကျော်ရင်း
ကုလားအုပ် တစ်ကောင်က အလေးဒဏ်ကြောင့် လမ်းမသွား နိုင်ပဲ ရုတ်တရပ် ဆိုသလို
လှဲကျ သွားခဲ့ တယ်။ ကုန်သည်ကြီးက အဲ့ ဒီ ကုလားအုပ် ကို တောထဲမှာ အဲ့ ဒီ အတိုင်း 
ပစ်ထား ပြီး ကျန်တဲ့  ကုလားအုပ် တွေနဲ့ ပဲ ခရီဆက်သွားခဲ့ တယ်။ တအောင့် ကြာတော့ 
အားအင်တွေ ပြန်ပြည့် လာပြီး ပြန်ထလာတဲ့ အချိန် ကျတော့  သူတစ်ယောက်တည်း
တောနက်ကြီးမှာ အထီးကျန်နေမှန့်  ကုလားအုပ်သိလိုက်ရတယ်။ တောနက်ကြီးဟာ
မြတ်ခင်းတွေ နဲ့  ပြည့် နက်နေတာမို့  ကုလားအုပ် အသက်ရှင်သန် ခွင့် ရခဲ့ တယ်။
                   တစ်နေတော့  အဲ့ ဒီ တောနက်ကြီးရဲ့ ဘုရင် ဖြစ်တဲ့  ခြင်္သေ့ ကြီးဟာ သူ့ ရဲ့ 
သူငယ်ချင်း ကျားသစ်၊ မြေခွေး၊ကျီးကန်း တို့ နဲ့ အတူ ကုလားအုပ်ဆီရောက်လာခဲ့ တယ်။
အန္ဒရယ် တွေများပြား တဲ့ ဒီလို တောနက်ကြီး ကို ဒီ သဲကန္ဒာရ သတ္တဝါ ဖြစ်တဲ့ ဒီကုလားအုပ်
က ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက် လာခဲ့ သလဲ ဆိုတာ ခြင်္သေးကြီး အတွက် စဉ်စားစရာ
ဖြစ် စေခဲ့ တယ်။ ကုလားအုပ်ကလည်း သူဘယ်လို ရောက်ကြောင်း မျက်ရည် ပေါက်ပေါက်
ကျအောင် ရှင်း ပြ ခဲ့ တယ်။ ခြင်္သေ့ ကြီးဟာ ကုလားအုပ် ရဲ့  အသနား ခံမှု ကြောင့် 
 ဂရုဏာ မျက်လုံး တစ်စုံ နဲ့ ကြည့် ပြီး, “မင်း ဘာမှ ကြောက်စရာ မလိုဘူး။ ခုအချိန်က စပြီး
 မင်းက ငါ့ ရဲ့ ကွယ်ကာ မှု အောက်မှာ ရှိနေပြီ၊ မင်း နဲ့ အတူငါတို့ ရှိတယ်၊ ဘာမှ
မကြောက်ပါနဲ့ ”လို့ နှစ်သိမ့်စကားပြောတယ်။ အဲ့ဒီ အချိန်က စပြီး အဲ့ ဒီ တောနက်ထဲ ပျော်ပျော်
 ရွှင်ရွှင် အသက် ရှင်ဖို့ ဆုံးဖြတ်ခဲ့ တယ်။
                        တစ်နေ့တော့  ခြင်္သေ့ ကြီး ဟာ ဆင်ကြီး တစ်ကောင်နဲ့ ခိုက်ရန်ဖြစ်ပြီး
ဒဏ်ရာ အကြီးအကျယ် ခံရတယ်။ ဒဏ်ရာ ကြောင့် အုပ်ဂူထဲ ရက် အနည်းငယ်ခိုအောင်း
အနားယူရတယ်။ ရက် တွေ တစ်ရက်ပြီးတစ်ရက် ကြာလာတော့ ခြင်္သေ့ ကြီးက ဗိုက်
အရမ်းဆာလာခဲ့တယ်။ သူ့ မိတ်ဆွေတွေက ခြင်္သေ့ ကြီးအတွက် သားကောင် ရှာပေမယ့်
တစ်ကောင်မှမရခဲ့ဘူး။ ဒါပေမယ့်  မြတ်ခင်းနုနု ရှိနေသရွေ့ အဆင်ပြေနေတဲ့  ကုလားအုပ်
အတွက် တော့ ဘာပြဿနာ မရှိခဲ့ ဘူး။
             မြေခွေးက ခြင်္သေ့ ကြီး ဆီသွားပြီး ကုလားအုပ် က သူတို့ အတွက် အစာအဖြစ်
အသက် စတေးသင့် ကြောင်း တိုးတိုး တိတ်တိတ် တိုင်တည်ခဲ့ တယ်။ ဒါပေမယ့်  သူ့ ဆီ
လာခိုလုံတဲ့ တရိစ္ဆန်တွေ ကို ဘယ်တော့ မှ မသတ်နိုင်ကြောင်း ခြင်္သေ့ ကြီးက ဒေါသ စိတ်နဲ့ 
တုံးပြန်ခဲ့ တယ်။ မြေခွေး က ကျားသစ် နဲ့ ကျီးကန်းဆီသွားပြီး သူတို့  အရှင်မင်းကြီး ခြင်္သေ့ 
အစာငတ်မွတ် နေကြောင်း၊ တစ်ခုခု လုပ်ပေးသင့် ကြောင်းပြောတယ်။
                   အရင်ဆုံး ကျီးကန်းက သူ့ အသက်ကို စတေးပါရစေ ဆိုပြီး ခြင်္သေ့ ကြီး ဆီ
ခေါင်းအုံ့ ပြီး တောင်းဆိုခဲ့ တယ်။ ဒါပေမယ့် ကျီးကန်းက သေးလွန်းကြောင်း၊ ခြင်္သေ့ ကြီး
အတွက် အဆာ မပြေလောက် ကြာင်းပြောပြီး မြေခွေးက သူ့ ကိုစားဖိုး တောင်းပန်တယ်။
မြေခွေးရဲ့ စကားကို ကြားတော့  ကျားသစ်က ကြားဖြတ်ဝင်ပြီး သူ့ ကိုစားသင့် ကြောင်း၊
ကျားသစ် က သူတို့ ထက်ကြီးကြောင်း ရှင်းပြပြီး သူ့ အသက်ကို ကမ်းလှမ်းခဲ့ ပြန်တယ်။
                တစ်ယောက်ပြီးတစ်ယောက် အသက်စတေးဖို့ ကမ်းလှမ်းပြီးနောက် ကုလားအုပ်
စဉ်းစားမိတာကတော့ “အသက် စတေးဖို့ တောင်းဆိုတာတောင် ခြင်္သေ့ ကြီးက ဘယ်သူ့ ကို
မှ နာကျာင်အောင် မလုပ်ခဲ့ ဘူး။ ဒီတစ်ခါတော့  ငါ့ အလှည့် ရောက်ပြီ။” ခြင်္သေ့ ကြီးရှေ
ဒူးထောက် ပြီး အသက်ကို စတေးဖို့ ကုလားအုပ်တောင်းဆိုခဲ့ တယ်။ ချက်ချင်း ဆိုသလို
ခြင်္သေ့ ကြီးက ပြောလိုက်တယ်။ “မင်းရဲ့  ကမ်းလှမ်းမှု ကို ငါလက်ခံပါတယ်။” နောက်ဆုံး
တော့  ကုလားအုပ်ဟာ ကောက်ကျစ်တဲ့ ခြင်္သေ့ ၊ ကျားသစ်၊ မြေခွေး၊ နှင့်  ကျီးကန်း တို့ 
လက်ချက်ကြောင့်  အသက် စတေးခံ လိုက်ရတယ်။
မှတ်ချက် * တချို့  မိတ်ဆွေက သင့် ဆီက အသိအမှတ်ပြုမှု ရအောင်အရင်ယူတက်ကြတယ်။
 ပြီးတော့ မှ သင့် ဆီက ခွင့် ပြုချက် နဲ့ ပဲ သင့် ကိုလှည့် ဖျား တက်ကြတယ်။*
မူရင်း--- Bidpai, “The Camel and His Friends.” Retold in English by Arundhati
 Khanwalkar. C.4th CENTURY
လင်းလင်း ဘာသာပြန်သည်။
သူ့ အတွက်
မိုင် တစ်ရာကျော် မရပ် မနားပဲ့  ချစ်သူနှစ်ယောက် ဆိုင်ကယ် မောင်း နေ ကြတယ်။
ကောင်မလေး။ ။ မောင်, ဖြေးဖြေး ... ကြောက်တယ်.
ကောင်းလေး ။ ။ မရဘူး... ဒါပျော် စရာကြီး.
ကောင်မလေး။ ။ မဟုတ်ဘူးမောင်...အရမ်းကြောက်ပါတယ်ဆိုနေမှ...နော်...
ကောင်လေး ။ ။ ဒါဆို ကိုယ့် ကို ချစ်တယ်လို့ ပြော
ကောင်မလေး။ ။ပြီးရော... ချစ်တယ်...ချစ်တယ်...အရှိန်ရှော
ကောင်လေး ။ ။ ကျန်သေးတယ်၊ ကိုယ့်ကို ဖက်ထားအုံး 
(ကောင်မလေးက နွေးထွေးစွာဖက်ထားလိုက်တယ်)
ကောင်လေး ။ ။ ကိုယ့် ဆိုင်ကယ် ဦးထုပ် ချွတ် ပြီး ဆောင်းလိုက် လို့ ရမလား?
(အရမ်း နေရခက်လို့ )
ကောင်မလေး။ ။ အင်း...ဒါဆို အရှိန်ရှော့လိုက်နော်...မောင်!xxx
နောက်နေ့ မနက် သတင်း... ဘရိတ် ပျက်သောကြောင့်  ဆိုင် ကယ် တစ်စီး
အုတ်နံရံ ကို ဝင်တိုက်မိကြောင်းသိရသည်။ လူနှစ်ဦး စီး ပါ လာ သော် လည်း
တစ်ဦးသာ အသက် ရှင်ကြောင်း သိရှိရပါသည်။xxx
တကယ်တော့  လမ်း တစ်ဝတ် အရောက် မှာ ဆိုင် ကယ် ဘရိတ်ပျက် သွားတယ်
ဆို တာ ကောင်လေး က သိနေတယ်။ ဒါပေမယ့်  သူ့ ချစ်သူ ကို မသိစေခဲ့ ဘူး။
သူ့ ရဲ့ ဆိုင် ကယ် ဦးထုပ် တွေ သူ့  ချစ်သူကို ဆောင်းစေခဲ့ တယ် အဲ့ ဒါဟာ သူ့ ချစ်သူ
ကို အသက်ရှင် စေချင် လို့ ဖြစ်တယ်။ ကောင်မလေးရဲ့  "ချစ်တယ်," ဆိုတဲ့  စကား နဲ့ 
အတူ နွေးထွေး တဲ့  ပွေးဖက် မှု တွေ ကို ရင် ဝယ် ပိုက်ပြီး သူ အသက်စတေး ခဲ့ ရှာတယ်။
..............................................................lin lin
Thursday, December 27, 2012
သံသရာ တစ်ကွေ့ ကခရစ္စမတ် လက်ဆောင်
အသက် စမ်းရေ
အသက်စမ်းရေ
ယနေ့ ကမ္ဘာ့ ထိပ်တန်းနေရာမှာဦးဆောင်ပြီး တိုးတက်နေတဲ့အမေရိကန် နိုင်ငံရဲ့ အဆောက်အအုံတွေအနံ့ မှာ လူကြီး၊လူငယ်နှင့်မသန်စွမ်းသူအစ ရှိသည်ဖြင့် လူတန်းစားမရွေး မည်သူမဆိုသောက်နိုင်ဖို့ Water Fountain ဆိုတဲ့ သောက်ရေစင် တွေကို  တွ့ ရလေ့ ရှိပါတယ်။ လက်နဲ့  နှိပ် လိုက် ရုံ နှင့်  ရေပန်းထွက်လာစေပြီး အလွန်ပင်လွယ်ကူ စေပါတယ်။ အဖိုးအခ လည်းပေးစရမလိုဘူး။  ဒါပေမယ့်  အဲဒီလို လွယ်လွယ်ကူကူ နဲ့ သောက် လို့  ရစေဖို့ ရန်ဘယ်သူ   ကလုပ်တယ်၊ ဘယ်လိုလုပ်တယ်၊ ဘယ်က ရ တယ်ဆိုတာကို သောက် သုံးသူ တစ်ယောက်ကမှ မ စဉ်းစား မိပါဘူး။   ဒါတွေက တိုးတက်မှု တွေ ထဲက ရလဒ် တစ်ခုပဲ မဟုတ်လား။     မြန်မာပြည် ကိုပြန်ကြည့် မယ်ဆိုရင်ဖြင့်  သောက်ရေ တစ်ခွက် ရဲ့ တန်းဖိုး ပိုမို နားလည်လွယ်ပါတယ်။ သောက်ရေ ရဖို့ အတွက် မြစ် ချောင်း နံဘေး တွေ မှာ မြို့ ရွာတွေ တည်လေ့ ရှိကြပါတယ်။ ရေ ရဖို့ အတွက် အခွန်ဆောင်တာမျိုး ဖြစ်ဖြစ် အပင်ပန်း အနွံ တာတွေ ခံပြီး နည်း မျိုးစုံကြိုးစားကြပါတယ်။ ရေကန်နဲ့  ဝေးလေ အပင်ပန်းခံရလေ ဆိုသလို အပင်ပန်း ခံ ရ လေ ရေရဲ့ တန်းဖိုး ကို ပိုနားလည်လေပါပဲ။ ရေဟာ လူ့ အသက် ကိုရှင်သန်စေတဲ့  မရှိမဖြစ်လို အပ်တဲ့  အ ရာ တစ်ခု မို့လို့ ပါ။                  
ဆက်လက်ပြီး  ရှမာရိပြည်   ကိုပြန်ကြည့် လိုက်မယ်ဆိုရင်   ရေရှားပါးတဲ့ တိုင်းပြည်လို့   သိရပါတယ်။   ရှမာရိအနွယ် နှင့်  ဂျူးလူမျိုး တို့ရဲ့   ဓလေ့ကိုကြည့် တဲ့ အခါ  တစ်ခါတုန်းက (ကျမ်းစာထဲမှာ)  သူတို့ ကြား  လူမှုဆက်ဆံရေး ယုံကြည်ခံယူချက်  တွေဟာ   အလွန်တင်းမာ   ခြားနားနေတာကိုလည်းတွေ့ ရပါတယ်။  ရိုးရာခြားနားတာတင်မကပါဘူး    မိန်းမ နှင့်   ယောက်ျားကြား   ဆက်ဆံရေး၊၊   ပိုဆိုးတာက  ရိုးရိုးလူ နဲ့ ဆရာ သမားကြား  ဆက်ဆံရေး ကွဲပြားနေကြောင်း   ထင်ရှားပါတယ်။    များသောအားဖြင့်    ဂျူးလူ မျိုး တွေက ခရီးသွားတဲ့ အခါ   ရှမာရိတွေနေတဲ့    အရပ်ကိုဖြတ်သွားလေ့ မရှိပါ။     ခဏလေးရောက်မယ့်     ခရီးတောင်မှ   တမင်တကာ    အပင်ပန်းခံပြီး   ကွေ့ ပတ်သွားကြပါတယ်။   ရှောင်ရှားကြပါတယ်။   ဒါပေ မယ့်  ဂျူးလူမျိုးဖြစ်ပြီး  ဆရာတစ်ယောက်  အဖြစ်အခေါ်ခံရတဲ့     သခင်ယေရှုက  အဲဒါတွေကို   မရှောင် ရှားခဲ့ ပါဘူး။  သခင်ယေရှုဟာ    တစ်နေ့ တော့  ယုဒပြည်ကနေ  ဂါလိလဲ ပြည်ကို  ခရီးသွားတုန်း  ရှမာရိ နယ်က   ရှုခါ(Sychar)   ဆိုတဲ့ ရှမာရိအနွယ်တွေ နေထိုင်ရာမြို့ ကိုရောက်သွားပါတယ်။    အရမ်းပန်း လာတာမို့   ယေရှုရေကန်နားမှာထိုင်ခဲ့ပါတယ်။    ခဏကြာတော့    အဲဒီနားကို   ရှမာရိအမျိုးသမီး    တစ်ယောက် ရေခပ်ဆင်းလာပါတယ်။
  အဲဒီအချိန်တုန်းကမိန်းမတစ်ယောက်ရဲ့ တာဝန်ဟာ  ခုခေတ်မိန်းမ တစ်ယောက်လို မဟုတ်ပဲ ကြီးမားတဲ့ အိမ်မှုကိစ္စအဝဝ တာဝန်ယူဆောင်ရွက်ရသတဲ့။  သူ့ အတွက်တော့   ရေခပ်ဆင်းရတာဟာ  နေ့ စဉ်နေ့ အမျှ    မလုပ်မနေလုပ်ရတဲ့ တာဝန်တစ်ခုပဲပေါ့။    ရေအတွက်   နေ့ စဉ် တောင်တက် တောင်ဆင်း   မအားမလပ် ပင်ပန်းသူပါ။   အဲဒီမိန်းမကို   သောက်ရေပေးဖို့   ယေရှုကတောင်းပါတယ်။  ရှမာရိအမျိုးသမီး   အံ့ ဩတကြီး    ပြန်ပြောလိုက်တာက  “သင်ကဂျူးလူမျိုးဖြစ်ပြီးတော့ ဘာလို့  ကျမလို ရှမာရိအမျိုးသမီးကိုမှ   ရေသောက်ဖို့ တောင်းရတာလဲ့ ” ။  ယေရှုပြန်ပြောလိုက်ပါတယ်။  “သင့် အတွက်ပေးတဲ့    ဘုရားသခင်ရဲ့    လက်ဆောင်မင်္ဂလာ  နှင့်   ယခုသင်စကားပြောနေတဲ့ လူ (ယေရှုကိုယ်တိုင်)    ဘယ်သူလဲ့ ဆိုတာ သိမယ်ဆိုရင်  ငါ့ ကိုတောင်းလိမ့်မယ်။ ပြီးတော့   သင့် အတွက်   အသက်ရေကိုပေးမယ်” ဆိုပြီးတော့ပေါ့ ။
 ယေရှုပြောလိုက်တဲ့ စကား  ကြောင့် ရှမာရိအမျိုးသမီး  ခဏလောက်ငြိမ်သွားပြီးနောက်  “သင့် မှာ ရေဘူး  မရှိပဲ   ဘယ်လိုခပ်မှာလဲ့ ”  ရေတွင်းလည်း   အရမ်းနက်တယ်လို့ ပြန်ပြောတယ်။  ပြီးတော့ ယေရှု ကိုဆက်မေးတယ်။  သင်က ကျမတို့  အဘိုး  ယာကုပ် ထက်ကြီးမြတ်လို့ လား?။   ဒီရေတွင်းက  အဘိုးယာကုပ် ရဲ့အမွေဖြစ်ပြီး  သားစဉ်မြေးဆက်မက   တိရစ္ဆာန်တွေမကျန် ဒီနေ့ အချိန် ထိသောက် သုံး နေကြတာ။  ဒီထက်ကောင်းတဲ့ ရေကို  ပေးနိုင်လို့ လားလို့ ယေရှုကိုမေးပါတယ်။    ယေရှုပြန်ပြောလိုက်တာကတော့   “ဒီရေကိုသောက်တဲ့ လူတွေက  နောက်တစ်ခါရေထပ်ငတ်အုံးမယ်။    ဒါပေမယ့် ငါပေးတဲ့ ရေကိုသောက်တဲ့  လူက  ဘယ်တော့ မှ  ရေမငတ်တော့ ဘူး” ဆိုသတဲ့ ။  ဒီနေရာကိုလာပြီးရေမခပ်ရတော့ ဘူး နောက်ထပ်လည်းမငတ်တော့ ဘူးဆိုရင် အဲဒီရေကိုပေးပါဆိုပြီး ရှမာရိ အမျိုးသမီးကလှိုက်လှိုက်လှဲလှဲတောင်းပါတယ်။
ဒါနဲ့ ယေရှုကလည်း ဒီအကြောင်းတွေကိုသူ့ လင်တွေဆီအရင်သွားပြောပါလို့ ခိုင်းပါတယ်။  ဒါပေ မယ့်  အမျိုး သမီး ကကျမမှာလင်မရှိပါဘူးလို့ ပြန်တုန့် ပြန်လိုက်တော့   သူ့ မှာ လင်င်္ယျေားငါးယောက် ရှိခဲ့  ဖူးတဲ့အကြောင်းနဲ့ ယခုလက်ရှိ    လင်သည်လည်း လင်မဟုတ်ကြောင်း သူ့ ရဲ့  အကြောင်း  ယေရှုက  စုံစုံလင် ထုတ်ဖော် လိုက်ပါတယ်။ သူ့ အကြောင်းတွေကို သိနေတော့  ဒီလူက  ပရောဖက် ပဲဖြစ်ရမယ် ဆိုတာ အမျိုးသမီး သိလိုက်ပြီမို့  သူ့ ရင်ထဲမှာ နာတာရှည် မွန်းကြပ်စေပြီး အရမ်းသိလိုတဲ့မေးခွန်း  ကိုထပ်မေးလိုက်ပါတယ်။ “ဒါဆိုရင်ကျမတို့ ရှမာရိအနွယ်တွေ ဘိုးဘေးခေတ် ကတည်းက တောင်ပေါ် မှာကိုးကွယ်ခြင်းလုပ်တာကို ဘာဖြစ်လို့ ဂျူးတွေက ယေရှုရှလင် မှာပဲကိုးကွယ် ရမယ်လို့ ပြောတာလဲ?”။
ဒီမေးခွန်းကိုယေရှုကဒီလိုဖြေလိုက်ပါတယ်။ “ တောင်ပေါ်ကိုလည်း သွားစရာမလို ယေရုရှလင်ကိုလည်း မသွားပဲနဲ့  ကိုးကွယ်ရမယ့် အချိန်ရောက်နေပါပြီ” လို့ ။ ဘုရားသခင်က နံဝိညာဉ်ဖြစ်တယ်။ ကိုးကွယ်တဲ့ လူတွေလည်း နံဝိညဉ်နှင့် ၎င်း၊ သစ္စာနှင့် ၎င်း ကိုးကွယ်ဖို့ ဘုရားသခင် အလိုတော်ရှိကြောင်းကို လည်း ယေရှုကပြောသွားပါတယ်။ အဲဒီတော့ ရှမာရိအမျိုးသမီးက ခရစ်တော်လို့ ခေါ်တဲ့ မေရှိယ လောကကိုလာ မယ်ဆိုတာကျမသိပါတယ်။ သူလာရင်ဒီအကြောင်းတွေအကုန်ဖွင့် ပြောပါလိမ့် မယ်လို့ ပြောလိုက်တဲ့ စကားသံ ကြောင့်  ငါကမေရှိယပဲလို့ယေရှုက ရှမာရိအမျိုးသမီးကိုပြန်ပြောလိုက်ပါတယ်။
ချက်ချင်းဆိုသလို  ဝမ်းသာအားရပီတိဖြစ်ပြီးတော့  အသက်စမ်းရေအကြောင်းဂုဏ်သတင်းပြောဖို့ သူသယ်လာတဲ့ ရေဘူးကိုပစ်ထားပြီး မြို့ ထဲကို ရှမာရိအမျိုးသမီး  ထွက်သွားပါတယ်။ သူရလိုက်တဲ့ ဘယ် တော့ မှမဆာငတ်တော့ မယ့်  အသက် စမ်းရေ က ကိုယ်ခန္ဒာအတွက် လိုအပ်တဲ့ ရေမဟုတ်ပါဘူး။ တစ်နေ့ တစ်နေ့  ရေခပ်ဆင်းလာရတဲ့သံသရာ ဘဝကိုမေးပျောက် ရလောက်အောင် ငြိမ်သက်ခြင်း ကိုလွှမ်းခြုံစေတဲ့ အသက်စမ်းရေက သူမျှော်  လင့် တောင်းတခဲ့ တဲ့ မေရှိယဟာ ယေရှုဖြစ်ကြောင်း ကိုသိနားလည်ပြီး လက်ခံယုံ ကြည် လိုက်ခြင်းသာဖြစ်ပါ တယ်။
ဒီနေ့  အရမ်းအဆင်ပြေပါတယ်ဆိုတဲ့  သောက်ရေစင် (Water Fountain) တွေထက်ပိုအဆင်ပြေစေ
တာက သခင်ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။  ကိုယ့် စိတ်နှလုံးထဲမှာ  ယုံကြည်လက်ခံ လိုက်ရုံနဲ့ ရေငတ် မွတ်ခြင်းမှကင်းလွှတ်စေမယ့်  ထာဝရအသက်စမ်းရေဖြစ်ပါတယ်။
ပီတာလင်း..၂၀၁၁ ခရစ္စမတ်အမှတ်တရ
ဒီဇင်ဘာ ၁၆. ၂၀၁၁