via PatheinCity News by Editor on 6/1/10
အင်ဒိုနီးရှားနိုင်ငံ ရင်ကာကျွန်းပေါ်ရှိ ကိုမိုဒို အမျိုးသား ဥယျာဉ်တွင် မေလ ၂၂ ရက်နေ့က ဝန်ထမ်းတစ်ဦးသည် ကိုမိုဒို နဂါးကြီး တစ်ကောင် ၏ အကိုက်ခံရ သော်လည်း မိမိကို မလွှတ်မခြင်း ထိုတွားသွား သတ္တဝါကြီး၏ နှုတ်သီးကို လက်သီးဖြင့် အကြိမ်ပေါင်းများစွာ ထိုးခြင်းဖြင့် ပြန်လည်လွှတ်မြောက် လာခဲ့သည်ဟု သိရသည်။
အသက် ၂၀ အရွယ် ကိုမိုဒို အမျိုးသား ဥယျာဉ် ဝန်ထမ်း အော်ဂါတ်စတင်းနစ် ဂျန်နယူ သည် ရင်ကာကျွန်းပေါ်ရှိ မပြီးသေးသော သစ်သား ဘန်ဂလို တစ်ခုအတွင်းတွင် ရှိနေစဉ် ၆ပေခွဲ ခန့်ရှည်သော အဆိုပါ ဖွတ်နဂါး သတ္တဝါကြီး ဝင်ရောက်လာကာ ဂျန်နယူ ၏ ဘယ်ဘက် လက်ကို ကိုက်ဆွဲခဲ့သည်ဟု ကိုမိုဒို အမျိုးသား ဥယျာဉ် တာဝန်ရှိပုဂ္ဂိုလ် ဒင်နီယယ် ဘော်လူ ကပြောကြားခဲ့သည်။
ဂျန်နယူ သည် ထိုဧရာမ ဖွတ်နဂါးကြီး၏ ပါးစပ်ကို ညာဘက်လက်သီးဖြင့် အကြိမ်ပေါင်းများစွာထိုးပြီး လွတ်မြောက်လာခဲ့သည်။ တိုနောက် ဂျန်နယူကို ဆေးခန်းသို့ ခေါ်ဆောင်သွားပြီး ပေါက်ပြဲ ဒဏ်ရာများကို ဆေးကုသမှု ခံယူစေခဲ့သည်။



ကြောက်ချာကြီးးးးးး :)
ReplyDelete