Tuesday, January 25, 2011

ရွဲတာလား

 ရွဲ့တာလား
စာတိုက်ကောင်တာစာရေးက အမျိုးသမီးကြီးအား "" ဒီစာအိတ်ပေါ်မှာ
နောက်ထပ်တံဆိပ်ခေါင်းတစ်လုံး ထပ်ကပ်လိုက်ပါဦး
စာအိတ်က သိပ်လေးနေလို့ပါ"" သည်တော့ အမျိုးသမီးကြီးက "" အဲလိုဆို စာအိတ်က
ပေါ့သွားရောလား"" ဟု မေးလိုက်၏။

လူကွဲတယ်လေ
ငယ်ရွယ်သော မီးယပ်ရောဂါကု ဆရာဝန်လေးက စမ်းသပ် စစ်ဆေးနိုင်ရန်
အ၀တ်အစားတွေကို
ချွတ်ပစ်ဖို့ အလွန်ချောမောလှပသော
မိန်းမပျိုလေးအား ပြောလိုက်၏။ မိန်းမပျိုလေး အလွန်အမင်း ရှက်သွား၏။
ထို့ကြောင့်
ဆရာဝန်လေးက အရှက်ပြေသွားစေရန်
ခပ်ရွှင်ရွှင်လေး မေး၏။
"" ဘာလဲ၊ အရင်က တစ်ခါမှ အစမ်းသပ်မခံခဲ့ဖူးဘူးလား "" "" အို-
အစမ်းခံဖူးတာပေါ့၊
တကယ်ပါ၊ ဒါပေမယ့် ဆရာဝန်နဲ့တော့ မဟုတ်ဘူး""

အတူတူထင်လို့
ဆရာဝန် - ရက်သတ္တပတ်အနည်းငယ်တော့ ခင်ဗျား ခေါင်းအလုပ်မလုပ်ဖို့ လိုတယ်နော်
လူနာ - ဟုတ်ကဲ့ ဒေါက်တာ၊ ဒါပေမယ့် ခေါင်းအလုပ်က ကျွန်တော့်
အသက်မွေးဝမ်းကျောင်း
အလုပ်ဖြစ်နေတယ်။
ဆရာဝန်- သြော်၊ ခင်ဗျားက ပညာရှင်လား
လူနာ- မဟုတ်ပါ၊ ဆံပင်ညှပ်သမားပါ။

မရှိတာက
"" ကဲ- မိန်းမက ခင်ဗျားကို ပစ်သွားပြီဆိုရင်လည်း အိမ်ပြန်ပြီး ၀မ်းနည်း
ကြေကွဲရမှာကို အရက်ထဲ နှစ်လိုက်ပါလား"" ဟု
အဖေါ်တွေက အကြံပေး၏။
"" ဖြစ်နိုင်မယ် မထင်ပါဘူး "" ဟု ကိုကျန်ရစ်က ပြော၏။ "" ဘာဖြစ်လို့လဲ၊
အရက်မရှိလို့လား ""
"" အို- မဟုတ်ပါဘူး၊ အရက်ထဲနစ်ဖို့ ၀မ်းနည်းကြေကွဲစရာ မရှိလို့ပါ ""

မငြင်းပါဘူး
"" ဂျွန်... ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်က ဘယ်လိုရှိလဲကွ "" ဟု ဆရာက
မေးလိုက်သည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးပါ ဆရာ.."" ဟု ဂျွန်က ပြန်ဖြေသည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးဆိုတာ မင်းဘယ်လိုသိလဲ.."" ဆရာက ဆက်မေးသည်။
ဂျွန် ဇဝေဇ၀ါဖြစ်သွားပြီး "" ကောင်းပါပြီ..ကမ္ဘာကြီးက
လေးထောင့်ကြီးဆိုရင်လည်း
ကျွန်တော်မငြင်းလိုပါဘူး..ဆရာ "" ဟု
ပြန်ဖြေလိုက်လေသည်။

နှုတ်ဦးသူ
မုဆိုးမတစ်ယောက်က မုဆိုးဖိုတစ်ယောက်ကို လက်ထပ်လိုက်၏။ သည်တော့ မုဆိုးမ၏
သူငယ်ချင်းက "" အေး- ငါထင်တယ်၊
လက်ထက်ခဲ့ဖူးတဲ့ ယောက်ျားတွေလိုပဲပေါ့ဟာ၊ နင့် ခု ယောက်ျားကလည်း
တခါတခါကျတော့
သူ့အရင်မိန်းမအကြောင်းပြောမှာေ
ပါ့ ""
"" အို--တစ်ခွန်းမှကို မဟဘူး"" ""ဘာကြောင့်ပါလိမ့် "" ""
သူပြောမယ်ကြံတိုင်း
ငါက ငါယူမယ့်ယောက်ျားအကြောင်း အရင်ဦးအောင် ပြောပစ်လိုက်တယ်လေ ""

စေတနာ ဝေဒနာဖြစ်
လူနာ အမျိုးသမီးအနေဖြင့် သူမ ခွဲစိတ်ခံရဖို့ နီးကပ်နေပြီ ဆိုသည့်
စိုးရိမ်စိတ်ပျောက်သွားစေရန် ဆရာဝန်က ကြိုးစားပြီး အာရုံလွှဲဖို့
စကားတွေပြောနေသည်။
ဆရာဝန်- "" ကျွန်တော့်သမီး မင်္ဂလာဆောင်ဖို့ နီးနေပြီလေ၊ သားကိုလည်း
အလွတ်ပညာသင်ကျောင်းပို့ဖို့ ငွေတွေကုန်ရဦးမယ် ""
ဆရာဝန်က ထိုသို့ပြောပြီး မပြန်ခင်လေးမှာ ဆက်ပြောလိုက်သည်။ "" အေးဗျာ၊
ခင်ဗျားကို နက်ဖြန် ခွဲစိတ်ခန်းထဲမှာ တွေ့မယ်လေ၊
ဒါ့ထက် ခင်ဗျားကရော ဘာများမေးချင်သေးလဲ ""
သည်တော့ လူနာအမျိုးသမီးက "" တစ်ခုပဲ ဒေါက်တာ၊ ကျွန်မက ဒေါက်တာ့ သမီး
မင်္ဂလာဆောင်ဖိုး ပေးရမှာလား၊
ဒါမှမဟုတ် ဒေါက်တာ့ သား ပညာသင်စရိတ်ပေးရမှာလား ""

လိမ်ညာသူ သူ့အပြစ်
ယောက်ျား - "" ဟိုကောင်မ၊ ငါ့မိန်းမလေ၊ မိန်းမညာကွ ""
သူငယ်ချင်း - "" မင်းဘယ်လိုလုပ် သိလဲ ""
ယောက်ျား- "" ဘယ်လိုလုပ်သိလဲ ဆိုတော့ သူက ပြောတယ်လေ သူ "ယူရှာ" နဲ့ ညက
အိပ်ခဲ့တယ် ""
သူငယ်ချင်း - "" အဲဒီတော့..""
ယောက်ျား - "" ဟ- ငါက အဲဒီ"ယူရှာ"ဆိုတဲ့ ကောင်မနဲ့
တစ်ညလုံးရှိနေတာလေကွာ..""

ခွကျတဲ့ ဖေါ်ရွေမှု
အလုန်ကျယ်လောင် ပြင်းထန်သော တံခါးခေါက်သံကြောင့် အိမ်ရှင်က
တံခါးဖွင့်ပေးလိုက်၏၊
တံခါးရှေ့မှာ လုံးဝ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရ၏။
"" ဘယ်သူများပါလိမ့် ခင်ဗျား ""
"" ရဲပါ ""
"" အို- ရဲလား ခင်ဗျားက၊ ယူနီဖေါင်း ၀တ်မထားပဲကိုး ""
"" မှန်ပါတယ်၊ ကျွန်တော်က စီအိုင်ဒီပါ ""
"" အော်.. သိပြီ..သိပြီ.၊ အိမ်ထဲဝင်ပါဦး ဦးစစ် ""
( CID- စစ်)

သူ့အတွေး
မာမီ -- "" သမီးရေ၊ ဒီသိုးမွေးဆွယ်တာကို ကောင်းကောင်းဝတ်နော်၊
ဒီဆွယ်တာထိုးဖို့
သိုးငါးကောင်လောက်လိုတာ ""
ရှယ်လီ -- "" တကယ်လား မာမီ၊ သမီးဖြင့် သိုးတွေ သိုးမွေးထိုးတတ်မှန်း ခုမှ
သိရတယ် ""

ကြက်သား
ဘီလ်သည် စားသောက်ဆိုင်တွင် ထမင်း ဟင်းများ မှာယူစားသောက်ပြီးချိန်တွင်
စားပွဲထိုးအား မေးလိုက်၏၊
ဘီလ်- ""မင်းတို့ ကြက်သားဟင်းက အရိုးပဲ ရှိသလား ""
စားပွဲထိုး -"" ဆရာက အမွေးပါ လိုချင်တာလား ""

No comments:

Post a Comment