Friday, January 28, 2011

ယုံချင်ယုံ မယုံချင်နေ

(၁) သွားများ ပေါက်လျက် သားကလေးတစ်ဦးမွေးဖွားလာ

ဦးဦး မှော်ဆရာ  1.jpg

ဗြိတိန်နိုင်ငံ လန်ကတ်ရှိုင်းယားရှိ အွမ်းစကက်ဆေးရုံတွင်ဖေယီအမ်းစထ ရောင်းအမည်ရှိ ကလေးတစ်ဦးမွေးဖွားလာရာမွေးကတည်
းက ရှေ့သွားနှစ်ချောင်းပါဝင်လာကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖော်ပြသည်။ အဆိုပါကလေးငယ်သည်
လွန်ခဲ့သည့်သီတင်းသုံးပတ်က မွေးလာခဲ့ခြင်းဖြစ်ပြီး သူ၏ မိခင် မစ်ကောလ်ဖီးလ်ဒ်(၂၅ နှစ်)က သူသည် နောက်တစ်နေ့ နံနက်တွင်
ကလေးအား နို့တိုက်ရာ၌ စူးရှသော နာကျင်မှုကို ရရှိသောကြောင့် ကလေးအား ကြည့်လိုက်ရာတွင် သွားနှစ်ချောင်း ပေါက်နေသည်ကို
တွေ့ရှိရသည်ဟု ဆိုသည်။
ကလေးငယ်များသည် မမွေးဖွားခင်ကတည်းက သွားများစတင်ဖွံ့ဖြိုးမှု ဖြစ်ပေါ်သော်လည်း ခြောက်လသားမှ တစ်နှစ်အတွင်းသို့ရောက်မှသာ သွားများပေါက်လာခြင်းဖြစ်သည်။  သို့သော် ကလေး ၂,၀၀၀ တွင် တစ်ဦးနှုန်းသည် ဖေယီကဲ့သို့ သွားတစ်ချောင်း သို့မဟုတ် နှစ်ချောင်း
မွေးကတည်းက ပေါက်လာတတ်ကြသည်ဟု ဆိုသည်။


(၂) ဆောက်လုပ်ရေးအလုပ်သမား သူ၏ ဦးခေါင်းထဲသို့ သံရိုက်သွင်းမိသော်လည်း အသက်မသေ

ဦးဦး မှော်ဆရာ  2.jpg

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင်နေထိုင်သည့်ဆောက်လုပ်ရေးအလုပ်သမား ဗစ်တာဘန်နာဗီဒက်ဇ်(၂၈နှစ်)သည်
သံရိုက်သည့်သေနတ်ဖြင့် သူ၏ဦးခေါင်းအတွင်းသို့ သံတစ်ချောင်းကို မတော်တဆ ရိုက်သွင်းမိခဲ့သည်။သူသည် ခေါင်မိုးပေါ်သို့ 
တက်နေစဉ် နောက်သို့ လှန်ကျသွားသဖြင့် ခလုတ်ကို ယောင်နှိပ် မိသောကြောင့် သံသည် ပါးစပ်မှနေ၍ သူ၏ဦးခေါင်းထဲသို့ဝင်သွားခြင်းဖြစ်သည်။
သို့သော် ကံအားလျော်စွာပင် ၃ ဒသမ၂ လက်မရှိသော သံသည် သူ၏ဦးနှောက်နှင့်ထိရန် ၁ မီလီမီတာခန့်အကွာ၌ ရပ်တန့်သွားခဲ့သည်ဟု ဆိုသည်။

(၃) မိုးကြိုးပစ်ခံရကာ သူ့အား ကျောပိုးချီလာ သည့်မိခင် သေဆုံးသွားသော်လည်း ကလေးငယ် အသက်မသေ


ဦးဦး မှော်ဆရာ  3.jpg

ဆွာဇီလန်နိုင်ငံတွင် မိုးကြိုးပစ်ခံရသောကြောင့် မိခင်တစ်ဦးသေဆုံးသွားသော်လည်း မိခင်၏ကျောပေါ်တွင်လိုက်ပါလာသောကလေးငယ်တစ်ဦးမှာ
အသက်မသေကြောင်း သတင်းဌာနက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။ နွားကျောင်းသူများသည် ကိုးလသားအရွယ် ဖီဝိုခွာခီ၏
ငိုသံကိုကြားပြီးနောက် သွားရောက်ရှာဖွေကြည့်ရာ သေဆုံးနေသော သူ၏မိခင် ဂျာဘူလယ်ဟလိုဖီကို တွေ့ရှိရခြင်းဖြစ်သည်။
မိခင်ဖြစ်သူ၏ခန္ဓာကိုယ်မှာ မီးကျွမ်းခံထားရသော်လည်း ကလေးငယ် အသက်မသေသည်မှာ လွန်စွာအံ့သြ ဖွယ်ကောင်းသည်ဟု ဆိုသည်။
 ယင်းသို့ဖြစ်ရခြင်းမှာ မိုးကြိုးထိမှန်လျှင်မှန်ချင်း ကလေးငယ်သည် မိခင်၏ကျောပေါ်မှပြုတ်ကျသွားသော ကြောင့်ဖြစ်မည်ဟု ဆိုသည်။


(၄) မိကျောင်းက မြစ်ကို ဖြတ်ကူးရန် ရေမြင်း၏ ကျောပေါ်မှ နေ၍ လမ်းကြုံလိုက်စီး

ဦးဦး မှော်ဆရာ  4.jpg  ဦးဦး မှော်ဆရာ  5.jpg

အဲဒီလိုခေါင်းစဉ်ကို ဖတ်လိုက်မိတဲ့အခါ ပြက်လုံးထုတ်တယ်လို့ ထင်မှာပဲ။ တန်ဇန်းနီးယားနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဖော်ပြပါဓာတ်ပုံတွေကိုကြည့်လိုက်ပါ။
ဒါဟာ တကယ်ဖြစ်ခဲ့တယ်။ မိကျောင်းတစ်ကောင်ဟာ အဲဒီလိုမျိုးအပျင်းထူတဲ့အလုပ်ကို လုပ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ သူကလည်းအပျင်းထူတာမဟုတ်ပါဘူး။
ရေမြင်းတွေ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နေတဲ့အကြားမှာ သူ့ခမျာ ညပ်သွားရှာရတာပါ။ ဒါပေမဲ့ သူက ““လူပါး”” (အဲလေ၊ မိကျောင်းပါး)ပဲ။
ဘယ်ရမလဲ သူက ခွန်အားအကြီးဆုံးပါး”ရေမြင်းရဲ့ ကျောပေါ်ခုန်တက်ပြီး မြစ်တစ်ဖက်ကမ်းကို လိုက်ပါသွားတော့တာပေါ့ ။
အဲဒီ ကြံကြံဖန်ဖန်ဓာတ်ပုံတွေကို ဗြိတိသျှလူမျိုး တောလမ်းညွှန်မက်ဂျွန်ဆင်ဆိုသူက လူကုလာဒေသအနီး လူဝီဂိုမြစ်အတွင်းမှာ ရိုက်ကူးထားတာပါ။

(၅) ဘိုးလင်းတိုင်နှင့်တူသောကြက်ဥကြီးဥ

ဦးဦး မှော်ဆရာ  6.jpg

တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ် ယီဇီမြို့မှ ကျန်ယုဖန်(၇၅ နှစ်)  မွေးထားသော ကြက်မကြီးတစ်ကောင်သည် ဘိုးလင်းတိုင်နှင့်တူသော
ထူးဆန်းသည့်ဥကြီးတစ်လုံးကို ဥခဲ့ကြောင်း Metro သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့က ဖော်ပြသည်။ အလားတူပုံသဏ္ဌာန်ရှိသည့် ကြက်ဥမျိုးကို
ဗြိတိန်နိုင်ငံ နော်သမ်တန်ရှိုင်းယားမှ နာတာလီဝှစ်ရှိုင်းယား(၄၃နှစ်)၏ ကြက်မကြီးက လွန်ခဲ့သည့်နှစ်မတ်လက ဥခဲ့ဖူးကြောင်း သိရသည်။
ကျွမ်းကျင်သူများက ထူးဆန်းသော ကြက်ဥပုံသဏ္ဌာန်ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါင်းများစွာရှိရာ ယင်းတို့အနက် မျိုးဥတည်ခြင်းပြဿနာ၊
ဟော်မုန်းမညီမျှမှု နှင့် မှားယွင်းသောအစားအစာများကို စားခဲ့မှုတို့ပါဝင်သည်ဟု ဆိုသည်။

(၆) မြေမြှုပ် သင်္ဂြိုဟ်ခါနီးဆဲဆဲကျမှ အခေါင်းထဲကထလာ

ဦးဦး မှော်ဆရာ  7.jpg

ဘရာဇီးနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ဆေးရုံသို့ရောက်ရှိလာချိန်၌ သေဆုံးသွားပြီဟု သတ်မှတ်ခံရသည်။ ဆရာဝန်များက
မာရီယာဒါဒိုးကွန်ဆေးကော်(၈၈နှစ်)ကို သေဆုံးပြီဖြစ်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့သည်။ သေဆုံးရသည့်အကြောင်းရင်း၌
သွေးပေါင်တက်ကာ သွေးကြောပိတ်ခြင်းဖြစ်ကြောင်း ရေးသားကာ သင်္ချိုင်းရှိအဆောင်သို့ပို့ခဲ့သည်။ အခေါင်းထဲသို့ထည့်ကာ
အလောင်းအားပြင်ဆင်နေစဉ် သင်္ချိုင်းမှ အလုပ်သမားတစ်ဦးက အမျိုးသမီး၏ လှုပ်ရှားမှုနှင့် အသက်ရှူမှုကို တွေ့လိုက်ရသည်။
ထို့ကြောင့် ဆရာဝန်များရောက်လာကာ သူ့အား အခေါင်းထဲ၌ပင် အရေးပေါ်ကုသချက်များပေးပြီးနောက် အထူးကြပ်မတ်ကုသဆောင်သို့ ပို့ခဲ့ရသည်။
ထို့ကြောင့် သူသည် ဒေသစံတော်ချိန် ညနေ၅ နာရီတွင် အရှင်လတ်လတ် မြေမြှုပ်ခံရမည့်ဘေးမှ လွတ်ခဲ့သည်။

(၇) အသက်၉၄နှစ်အရွယ်ရှိ အိန္ဒိယ လယ်သမား ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေ ဖြစ်လာ

ဦးဦး မှော်ဆရာ  8.jpg

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနာမြို့တွင် နေထိုင်သော ရာဂျစ်ရက်ဟက်ဗ (၉၄နှစ်)သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ကသူ၏ ပထမဆုံးကလေး မွေးဖွားမှုအတွက်
အောင်ပွဲခံအခမ်းအနား ကျင်းပခဲ့သည်။သူ၏ဇနီး ရှာကန်တလာဒေ၀ီ(၅၀နှစ်)ကသူ့အတွက် သားဦးလေးကာ ရာဂျစ်ကိုမွေးဖွားပေးခဲ့ရာ သူသည်
ကမ္ဘာ့အသက် အကြီးဆုံး ကလေးအဖေဖြစ်လာကြောင်းသိရသည်။ သို့သော် သူသည် ကလေးတစ်ဦးနှင့် မကျေနပ်သေးဘဲ လာမည့်နှစ်တွင်
နောက်ထပ်ကလေးတစ်ဦး ရယူဦးမည်ဟု ဆိုသည်။ ရာဂျစ်ရက်ဟက်ဗ်သည်ငယ်စဉ်က နပန်းသမားတစ်ဦး ဖြစ်ခဲ့ပြီး လွန်စွာကျန်းမာသန်စွမ်းသူဖြစ်သည်ဟုဆိုသည်။
ယခင် ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေမှာ အိန္ဒိယနိုင်ငံမှပင်ဖြစ်ပြီး အိန္ဒိယလယ်သမား နာနုရမ်ဂျော်ဂီသည်၂၀၀၇ ခုနှစ်က အသက် ၉၀ အရွယ်တွင်
သူ၏ ၂၁ ယောက်မြောက်ကလေး ကို ရရှိခဲ့ရာ ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေအဖြစ် စံချိန်တင်ထားခဲ့သည်။

(၈) သေချင်လို့ ကိုးထပ်က ခုန်ချကာမှ အမှိုက်အိတ်တွေပေါ်ပြုတ်ကျပြီး အသက်မသေ

ဦးဦး မှော်ဆရာ  9.jpg

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဘန်ဂျယ်လစ်အင်ကာပေတိုး(၂၆ နှစ်)သည် အနောက် ၄၅ လမ်းရှိသူ၏နေအိမ်ဖြစ်သောပေ ၁၀၀ မြင့်သည့်
ကိုးထပ်တိုက်ပေါ်မှအောက်သို့ခုန်ချကာ သေကြောင်းကြံခဲ့သော်လည်း အောက်တွင် စုပုံထားသည့် မသိမ်းရသေးသော အမှိုက်အိတ်များပေါ်သို့ ပြုတ်ကျကာ
အသက်မသေခဲ့ကြောင်း သိရသည်။ သူ့အား ဘယ်ဗူးဆေးရုံသို့ပို့ခဲ့ရာ သူ၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။ အောက်တွင်စုပုံထားသော
အမှိုက်အိတ်များသည် ခြောက်ပေအထိ မြင့်သောကြောင့် သူ၏အသက်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။

(၉) ထူးဆန်းသည့်အသွင်ဖြင့်နေလုံးကြီးကိုမြင်ရ

ဦးဦး မှော်ဆရာ  10.jpg

သန်းနှင့်ချီသော ရေခဲမှုန်များကို ဖြတ်သန်းလျက် နေလုံးကြီးအား ထူးဆန်းသည့် အသွင်ဖြင့်မြင်ရပုံကို DM သတင်းဌာနက ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ရေငွေ့များခဲလျက် ကမ္ဘာလေထု အပေါ်လွှာတွင် ရေခဲမှုန်များဖြစ်ပေါ်နေရာ ယင်းတို့ကို စိန်မှုန်များဟု တင်စားခေါ်ဝေါ်သည်။
ယင်းတို့ကြောင့် နေကို ရောင်ခြည် စက်ဝန်းတစ်ခုနှင့်အတူ မြင်ရပြီး ထူးဆန်းသည့် အသွင်ဖြစ်ပေါ်စေခြင်းဖြစ်သည်။
ယခုပုံမှာ နေလုံးကြီးအား ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှ မြင်ရပုံဖြစ်သည်။

(၁၀) ကမ္ဘာ့ ပထမဆုံးကြည့်မှန် သာမိုမီတာတီထွင်

ဦးဦး မှော်ဆရာ  11.jpg

NEC Avio Infrared Technologies အမည်ရှိ ကုမ္ပဏီသည် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျို မြို့၌ Thermo Mirror ဟုခေါ်သော
ကိုယ်အပူချိန်တိုင်း ကိရိယာသစ်တစ်မျိုးကိုစတင်ပြသခဲ့သည်။ အဆိုပါကိရိယာကို လူ၏အရေပြားအပူချိန်တိုင်းတာရာတွင် အသုံးပြုခြင်းဖြစ်သည်။
သို့သော် အဆိုပါ ကိရိယာသည် လူနှင့်လုံးဝထိတွေ့စရာမလိုဘဲ မှန်ကြည့်လိုက်ရုံဖြင့်  ကိုယ်အပူချိန်ကို သိနိုင်သည်။
ယင်းကိရိယာ၌ အနီအောက်ရောင်ခြည် အာရုံခံကိရိယာများကို အသုံးပြုထားကြောင်း သိရသည်။


*** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။

No comments:

Post a Comment