Tuesday, January 25, 2011

ယုံကြည်တာလား၊သိတာလား

"ယုံကြည်တာလား .. သိတာလား"



သင့်ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် လေထီးစီးလေ့ကျင့်ရမဲ့အချိန်မှာ လေယာဉ်ပေါ်က ခုန်မချရခင် သင့်ရဲ့နည်းပြကို မေးခွန်းလေးတစ်ခုမေးမယ်ဆိုပါစို
့ ။ ဒါဟာ သင့်ရဲ့ ပထမဆုံးအတွေ့အကြုံဆိုတော့ သိပ်စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ "ဆရာ ..လေထီးက ပွင့်မှပွင့်ပါမလား" ဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းတစ်ခုတော့ သင်မေးမိမှာပဲ ။ အဲ့ဒီ အချိန်မှာ နည်းပြဆီက ဘယ်လိုအဖြေမျိုးကို သင်မျှော်လင့်ထားပါသလဲ ။

"ပွင့်မယ်လို့ ငါယုံကြည်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းလား .. "ပွင့်မယ်လို့ ငါသိနေပါတယ်" ဆိုတဲ့ အဖြေတစ်ခုလား ။

"ယုံကြည်တယ်"ဆိုတဲ့ စကားတစ်ခွန်းဟာ မသေချာတဲ့ဘက်ကို သက်ရောက်နေသလိုပါပဲ။ စဉ်းစားကြည့်ပါ ။ သင် အသေအချာ ယုံကြည်ပြီးသား ကိစ္စတစ်ခုကို "ငါ ယုံကြည်ထားပါတယ်" လို့ ပြောနေမှာမဟုတ်ဘူး ။ "ငါသိပါတယ်" လို့ ရဲရဲပြောချလိုက်မှာပဲ ။ ကျွန်မဘ၀မှာတော့ ဒါကို ပုံပြင်လေးတစ်ခုနဲ့ အမြဲ သတိရနေခဲ့ပါတယ် ။ "ယုံကြည်ခြင်းနဲ့ သိခြင်း" ကို စမ်းသပ်တဲ့ပုံပြင်လေးတစ်ခုပေါ့။

တစ်ခုသောရာသီမှာ ဆိုးရွားတဲ့ မိုးခေါင်မှုကြီးကို ကြုံတွေ့ရတဲ့ ရွာသူရွာသားတွေဟာ အားလုံးစုပြီး ဆုတောင်းပွဲလေးတစ်ခု ပြုလုပ်ကြတော့ ကလေးငယ်လေး တစ်ယောက်က သူ့ဖခင် ဆုတောင်းနေတုံး တိုးတိုးလေးကပ်မေးတယ် ။ "အဖေ ..သူတို့တွေ ဘာလုပ်နေကြတာတုံး" တဲ့ ။

သူ့အဖေက "အဖေတို့ မိုးရွာအောင် ဆုတောင်းပွဲလုပ်နေကြတာပါကွာ" လို့ ပြန်ဖြေတော့ သူက သူ့ပတ်ဝန်းကျင်က လူအကုန်လုံးကို လှည့်ပတ်ကြည့်ပြီး နည်းနည်း တွေဝေသွားတယ် ။ နောက်တော့ သူက သူ့အဖေကို ပြောလိုက်တယ် ။

"အဖေတို့က မိုးရွာအောင်ဆုတောင်းနေကြတာဆိုရင် ဘာလို့ ထီးမယူလာကြတာလဲ" တဲ့ ။

စဉ်းစားပါ ။

သင်ရည်ရွယ်ထားတဲ့ ပန်းတိုင်ကိုရောက်မယ်လို့ သင်ယုံကြည်တာလား .. သင်သိနေတာလား ။

Think about it. Do you believe you can reach your goals or do you KNOW you can?

No comments:

Post a Comment