Monday, January 31, 2011
မြည်းတိုင်း ဥာဏ်နည်း သလား
မြည်းတိုင်းဥာဏ်နည်းသလား
          ရှေးတုန်းကပုံပြင်တစ်ခုအဆိုအရ၊
          တစ်ခါတုန်းက လယ်သမားတစ်ယောက်မှာ မြည်းကြီးတစ်ကောင်ရှိတယ်။ မြည်းကအသက်ကြီးတော့ ငယ်ရွယ်တဲ့သူများလို ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်မရှိဘူး။ တစ်ခုခုလုပ်နေရင် နောက်တစ်ခုကို သတိမထားမိတတ်ဘူး။ သိပ်ရှုပ်ရှုပ်ထွေးထွေးတွေ သူ့ကိုလာပြောရင်လည်း “ဟေ့ ငါ့ကိုနှစ်ခုသုံးခု တစ်ပြိုင် တည်း လာမပြောကြနဲ့ကွာ ငါအဲဒီလိုမရဘူး” လို့တောင်းပန်လေ့ရှိတယ်။
          ဒီမြည်းကြီး တစ်နေ့မှာ သူ့သခင်လယ်သမားခြံထဲက ရေတွင်းတစ်တွင်းထဲလိမ့်ကျတယ်။ ရေတွင်းန ဘေးမှာ အကာအရံအတားအဆီးမရှိဘူး။ သို့သော် ဟိုအရင်ကတည်းက ရှိလာတာဖြစ်တော့ အားလုံးက သိကြတယ်၊ မြည်းကြီးလည်းသိတယ်၊ သို့သော် အဲဒီနေ့ကတော့ သူနမော်နမဲ့နဲ့ ရေတွင်းနှုတ်ခမ်းစပ် နင်းမိ တယ်၊ သိလိုက်ပေမယ့်ထိန်းမရတော့ဘူး၊ ခြေချော်ပြီး တွင်းထဲကျသွားတယ်။
          ရေတွင်းကခပ်နက်နက်။
          တွင်းထဲကျသွားတဲ့ မြည်းကိုဘယ်လိုဆယ်မလဲ စဉ်းစားတော့ လယ်သမားစဉ်းစားမရဘူး၊ လူဆိုရင် တော့ လှေကားချပေးလိုက်ရင် ကိုယ့်ဘာသာချိတ်တက်လာခဲ့ဆိုရင် ကိစ္စပြီးတယ်။ ဒဏ်ရာအနာတရဖြစ်သွားလို့ သူ့ဘာသာတက်မလာနိုင်ဘူးဆိုရင်လည်း လှေကားနှစ်စင်းလောက်ချ လူနှစ်ယောက်သုံးယောက် လောက်ဆင်းပြီး ကြိုးနဲ့ချည်၊ သိုင်းယူ၊ ပိုးယူ၊ တွဲယူ စသည်ဖြင့် လုပ်လို့ရနိုင်တယ်။
          မြည်းကျတော့ လှေကားအတိုင်းချိတ်တက်လာခဲ့ပါလို့ ပြောလည်းမဖြစ်။ လူတွေ သွားထမ်းပိုးဖို့ကျတော့ လည်း မြေပြင်ပေါ်မှာတောင် မြည်းတစ်ကောင်းလုံးဆို လူလေးငါးယောက်မနည်းထမ်းပိုးရမှာ။ ပြီး ရေတွင်းက ကျဉ်းကျဉ်းလေး ဘယ်လိုမှစဉ်းစားမရ။
          အဲသည်တုန်း မြည်းကတော့ ဘေးဒုက္ခရောက်နေတဲ့ သတ္တ၀ါတို့ထုံးစံအတိုင်း အော်တာပေါ့။ မြည်းအော် သံတဗြဲဗြဲက နဂိုပုံမှန်အတိုင်းတောင် အတော်စိတ်ညစ်တာ။ ရေတွင်းထဲကျလို့ ထိတ်လန့်နာကျင်နေတဲ့ မြည်း အဆက်မပြတ်အော်နေတော့ ဘေးလူတွေလည်းစိတ်ညစ်။ ပိုင်ရှင်လယ်သမားလည်းအကြီးအကျယ် စိတ်မချမ်း မသာဖြစ်တာပေါ့။
          အဲဒါနဲ့ ကျပ်ကျပ် စဉ်းစားတယ်။
          ဘယ်လိုကယ်မလဲ။
          ဒါပေမယ့် စဉ်းစားမရဘူး။ ကယ်ဖို့နည်းလမ်းမရှိဘူး။ မြည်းကလည်း အဆက်မပြတ်အော်နေတယ်၊ ကြားရတာ သနားလည်း သနားစရာ၊ စိတ်လည်းညစ်စရာ၊ အဲဒီတော့ စဉ်းစားတယ်။ မြည်းကြီးက ခိုင်းလာတာ ကြာပြီ အိုလည်း အိုလှပြီဆိုတော့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူး၊ အော်နေတာလည်း သနားစရာ မကယ်နိုင်တော့တဲ့ အတူတူ တစ်နည်းနည်းနဲ့ မြန်မြန် ချုပ်ငြိမ်းသွားရင် သူသက်သာမယ်၊ ချုပ်ငြိမ်းခွင့်ပေးလိုက် တာ အဆိုးထဲမှာ သက်သာတဲ့ အဆိုးဖြစ်လိမ့်မယ်။
          အလားတူပဲ ရေတွင်းကြီးကလည်း သုံးလာတာသူ့မိဘလက်ထက်ကတည်းကပဲ။ အခုသိပ်မကောင်းချင် တော့ဘူး၊ တွင်းနံရံတွေက ပဲ့ချင်ပြိုချင်နေပြီ။ အသစ်တူးမလို့ စဉ်းစားနေတာ မတူးဖြစ်သေးလို့၊ ခုတော့ မထူး တော့ပါဘူး၊ ရေတွင်းရောမြည်းကြီးပါတစ်ခါတည်း အနားပေးလိုက်တာကောင်းမယ်၊ အဲသည်လိုစဉ်းစားပြီး အိမ်နီးချင်းတွေကို အကူအညီတောင်းတယ်။
          “ကျွန်တော့်မြည်းကြီး မကယ်နိုင်တော့မယ့်အတူတူ ရေတွင်းထဲ တစ်ခါတည်းမြေမြုတ်သင်္ဂြိုဟ်လိုက် တော့မယ်ဗျာ၊ ရေတွင်းကြီးလည်းဟောင်းပြီဆိုတော  ဖို့ပစ်လိုက်တဲ့သဘောပါပဲ။ အဲဒီတော့ မြည်းကြီးအော်သံ မြန်မြန်တိတ်သွားအောင် ၀ိုင်းကူကြပါဗျာ” ဆိုတော့ အားလုံးက သဘောပေါက်တယ်၊ လက်မြန်ခြေမြန်ဝိုင်းလုပ် ကြတယ်။
          ဘာလုပ်ကြသလဲ။
          မလှမ်းမကမ်းမှာရှိတဲ့ အမှိုက်သရိုက်နဲ့ မြေဆွေးပုံကို ဂေါ်ပြားတွေနဲ့ ထိုးကော်သယ်ယူလာပြီး ရေတွင်း ထဲ ချကြတာပေါ့၊ အဲဒါကို မြည်းကြီးကလည်း ချက်ချင်းသဘောပေါက်တယ်။ ဟာ….. ငါ့ကို မကယ်ဘဲ မြေကြီးနဲ့ ဖို့သတ်နေကြပါလား ဆိုပြီး စောစောကထက် ကျယ်လောင်တဲ့အသံနဲ့ အကြီးအကျယ် ထပ်အော်တော့တာပဲ၊ စောစောကတည်းက သူဥာဏ်မီသလောက် စဉ်းစားပြီးသွားပြီ ရေတွင်းထဲက ငါ့ကိုကယ်ဖို့မလွယ်ဘူးလို့ သူတွေး မိပြီး တုန်လှုပ်ချောက်ချားနေခဲ့တာ။ အခုတော့ လွတ်လမ်းမရှိတော့ဘူးဆိုတာ သေချာသွားပြီဆိုပြီး သူသွေးရူး သွေးတန်းဖြစ်သွားတာ။
          ဒါပေမယ့် သေဖို့သေချာနေတဲ့အချိန်မှာ သူ့ခေါင်းထဲ ဥာဏ်တစ်ချက်လက်သွားတယ်။
          သူလွတ်မြောက်ရာလမ်းကို အသေပိတ်ဆို့တားဆီးနေတဲ့ အဲဒီလူတွေတွေဟာ သူ့အတွက်လွတ်မြောက် ရာလမ်းကို သူတို့ဘာသာ မထင်မှတ်ဘဲ ဖန်တီးပေးနေကြပါကလားလို့ သူတွေးမိလိုက်တာဖြစ်တယ်။
          စောစောတုန်းက အပေါ်ကမြေစိုင်မြေခဲတွေ အမှိုက်သရိုက်တွေ ကျလာတဲ့အချိန်မှာ သူရုန်းရင်းဆန် ခတ်လုပ်တယ်။ အခုတော့ မလုပ်တော့ဘူး။ ငြိမ်ပြီးရပ်နေတယ်၊ ပြီးတော့မှ သူ့ကိုယ်ပေါ်ကျလာတာတွေကို ဘေးကိုခါချတယ်။ ရေခဲမှာမြေကြီးနဲ့အမှိုက်တွေ များလာပြီးတက်ရပ်လို့ရတဲ့ အနေအထားဖြစ်လာတဲ့အခါ မာနေ တဲ့နေရာကိုတက်ရပ်တယ်၊ နောက်ထပ်ကျလာတာတွေကို ခါချတယ်၊ နေရာရွှေ့ပြီးရပ်တယ်၊ ဒီလိုနဲ့ သူက တဖြည်းဖြည်းချင်း နည်းနည်းစီပိုပိုမြင့်လာတယ်။
          အပေါ်ကအမှိုက်နဲ့မြေကြီးတွေ သွန်ချနေတဲ့လူတွေက အတော်လေးကြာမှ မြည်းရဲ့စိတ်ကူးစိတ်သန်း ကိုရိပ်မိသွားတယ်။ အဲဒီအခါ သူတို့လည်းအစီအစဉ်ပြောင်းသွားတယ်။
          မြေကြီးကို မြေမြှုပ်ဖို့ကြိုးစားနေရာက သူနင်းတက်ရတာ ပိုအဆင်ပြေအောင်ကြည့်ပြီး ချပေးတယ်။
          အဲဒီလိုနဲ့ မြည်းကြီးဟာ ရေတွင်းနှုတ်ခမ်းနား တဖြည်းဖြည်းရောက်လာပြီး နောက်ဆုံးမှာ အပေါ်ကိုလှမ်း တက်သွားနိုင်ခဲ့တယ်။ ပုံပြင်တွေထဲမှာရော အပြင်လက်တွေ့ဘ၀မှာပါ လူတွေက မြည်းဆိုတာကိုစဉ်းစားဥာဏ် နည်းတဲ့သတ္တ၀ါလို့ မှတ်ယူလေ့ရှိတယ်။ တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တယ်လို့ ယူဆရတဲ့ အခုပုံပြင်ထဲက မြည်းကြီးကတော့ ဥာဏ်မနည်းရုံတင်မက လူတွေနည်းလမ်းရှာမရလို့ လက်မြှောက် အရှုံးပေးထားတဲ့ အချိန်မှာ သမားရိုးကျ စဉ်းစားနည်းမဟုတ်တဲ့ ဖောက်ထွက်ဖြန့်ထွက်တွေးတတ်တဲ့ဥာဏ်နဲ့ အဖြေရှာတွေ့ပြီး သူ့အသက်ကို သူကယ်တင်သွားနိုင်ခဲ့တယ်။
          လောကကြီးမှာပြဿနာ အခက်အခဲကြုံတိုင်း အရှုံးပေးလက်မှိုင်ချမနေနဲ့၊ ကိုယ့်ကိုနှောင့်ယှက် ဟန့်တား နေတဲ့ ခလုပ်ကန်သင်းတွေကို ရှေ့သို့လှမ်းတက်ရာမှာ အသုံးပြုမယ့် ခြေနင်းတုံးတွေအဖြစ် ပြောင်းလဲပစ်လိုက် စမ်းပါ ဆိုတဲ့ ပညာရှိတွေရဲ့ အားပေးတိုက်တွန်းစကားအတိုင်း မြည်းကြီးက လက်တွေ့လုပ်ပြလိုက်တာပါပဲ။
ဖေမြင့်
ဘုရားမကယ်နိုင်တဲ့ ငပျင်းထွေ
ဘုရားမကယ်နိုင်တဲ့ ငပျင်းထွေ
မြို့ အပြင်ဖက် တဲကုတ်ငယ်လေးတွင်နေထိုင်သော မိသားစု စားဝတ်နေရေးအတွက်နေ့ စဉ် လှုပ်ရှား ငါးမျှား သည် ငါပျင်းထွေ မှာ တစ်နေ့ တစ်နေ့ ပျင်းလွန်းလို့  ဘာမှမလုပ်ချင်ဘူးတဲ့ ၊ ငါးမျှားတက်တာကလွဲလို့ ဘာအလုပ်မှ လဲ့ မလုပ်တက်ဘူးတဲ့ ။ သားသမီးတွေကလည်းတစ်ယောက်ပြီးတစ်
ယောက်မွေး၊ မွေးလိုက်တဲ့ ကလေးတွေကိုလည်း အဝတ်အစားတောင် ခန္ဒကိုယ် လုံအောင်ဖုံးဖို့  မရှိရှာဘူးတဲ့ ၊ အိမ်ရှင်ဦးစီး ငပျင်းထွေ မှာ ပျင်းလွန်းလို့  ငါးမျှားတာတောင် တစ်ကောင်ရပြီးရင် နောက်ထပ် မမျှားချင်ဘူးတဲ့ ၊အဲဒီ ငါးတစ်ကောင်ကို တစ်ဝက်ရောင်းပြီး တစ်ဝက် ကို ချက်စားကြတယ်တဲ့ ၊။
** ငပျင်းထွေတို့ မိသားစုနဲ့  ငပျင်းထွေရဲ့ အပျင်းကြီးပုံကို မြို့ သူမြို့ သားများက ပြောတယ်တဲ့ ၊ " အဲဒီငပျင်းထွေမိသားစုကိုတော့  သိကြားမင်းတောင်ကယ်လို့ ရမှာ မဟုတ်ဘူး"
ဒီစကားကို သိကြားမင်းလည်းကြားရော ဩော်..မြို့ သူ မြို့ သားတွေ ငါ့ ကို အထင်သေးလိုက်ရဲ့ လား ..ငါဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာသိစေရမယ်ဆိုပြီးတော့  ငပျင်းထွေ ငါးမျှားသွားရင်ခေါင်းငုံးပြီးသွားတက်တာမို့  သွားနေကျ လမ်းမှာ ရွှေတုံး တစ်လုံးကို သိကြားမင်းကချထားသတဲ့ ၊ အချိန်တန်တော့ ငပျင်းထွေ တစ်ယောက် လေချွန်ပြီး ငါးမျှားသွားလေပြီ၊ သို့ သော် ရွှေတုံးကြီး ရှေ့ ရောက်တော့  ခေါင်းမော လိုက်လေရာ သိကြားမင်းထားခဲ့ တဲ့  ရွှေတုံးကြီးကို လက်လွတ်ရလေပြီလေ။ ဒီအဖြစ်ကို မြို့ သူ မြို့ သားများကြားလိုက်ရတော့  သိကြားမင်းတောင်ကယ်လို့ မရတဲ့  ငပျင်းထွေကိုတော့ ကတ်ဿဖ ဘုရားတောင်ကယ်လို့ ရမှာ မဟုတ်ဘူးလို့ ပြောပြန်တယ်တဲ့ ။
  **အဲဒီစကား ကို ကတ်ဿဖဘုရားလည်းကြားရော ဩော် အသင် မြို့ သူမြို့ သား တို့  ငါ့ ကို အထင်သေးလိုက်ရဲ့ လား..ငါ့ တန်ခိုးကို သိစေရမယ်ဆိုပြီးအစွန်းပြပါလေရော၊ အစွန်းပြပုံကဒီလိုဟေ့   “ အရင်တစ်ခါ ရွှေတုံးရှိရာ ကို ခေါင်းမောလိုက်တယ်မို့ လို့  ဒီတစ်ခါမှာ တော့  ခေါင်းမောလို့ မြင်ရတဲ့ နေရာမှာေ၇ွှတုံးကြီး ကို တွဲထားပါလေသတဲ” ။
အချိန်တန်တော့ ငပျင်းထွေကြီး ခေါင်းမောလေချွန်ပြီးထွက်လာပါပြီ။ ရွှေတုံးကြီးရှိရာသို့ ရောက်သော် ခေါင်းကိုငုံးချလိုက်ပြန်ပြီ။ ဒီတစ်ခါလည်းရွှေတုံးကြီး ကိုလက်လွှတ်လိုက်ရပြန်ပြီလေ။ မြို့ သူမြို့ သား တွေကပြောပြန်ပြီ ဒီငပျင်းထွေကိုတော့ ကတ်ဿဖ ဘုရား မကလို့  ဗုဓ္ဒမြတ်စွာဘုရားတောင်ကယ်လို့ ရမှာ မဟုတ်ပါဘူးတဲ့ ။
** ဒီစကားကို ဗုဓ္ဒမြတ်စွာ ဘုရားလည်းကြားရော.. အုံမာ..ဥံမာ..မြိုသူမြို့ သားတို့  ငါ့ ကိုဒီလိုပြောရက်လိုက်တာ..ငါမြတ်စွာဘုရားရဲ့ တန်ခိုးတော်ကိုမကြာခင်သိစေရမယ်..ဆိုပြီ လက်စွန်းပြဖို့ စိတ်ဆုံးဖြတ်လိုက်ပြီ။
** ရွှေတုံးကြီး တစ်လုံး ပြီးတစ်လုံး ဆုံးရှုံးရတဲ့ ငပျင်းထွေ တစ်ယောက် စိတ်ဓါတ်တွေကန့် ကုန်ပြီး သေမင်းရှိရာသို့  တစ်ရွာဝင်တစ်ရွာထွက် နယ်အရပ်ရပ် ကျော်ပြီး လိုက်ရှာပါလေရော..တေ့ွသမျှလူတွေကို “ ဘယ်နေရာမှာ သေမင်းရှိနိုင်ကြောင့် နဲ့  ဘယ်သူသိကြောင့် ” မေးလေသတဲ့ ၊။ ဗုဓ္ဒမြတ်စွာ ဘုရားကလည်း အဖိုးကြီးတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ငပျင်းထွေကို မေးပါလေရဲ့  “ဟေ့ လူ”“ ဟေ့ လူ” သင်ဘာမျှအလိုရှိပါလိမ့် ။ ထိုစကားကို ငပျင်းထွေကြားတော့ “လူငယ်လူရွယ် တွေတောင်မသိတဲ့  သေမင်းကြီးကို ခင်္ဗျား လိုအဖိုးကြီးက ဘယ်လိုသိမှာလဲ့ ဗျာ” ဟုပြောလိုက်သည်။   သင်အဘယ်ကြောင့်  သေမင်းကိုရှာနေတာလဲ့ လို့  မြတ်စွာဘုရားမေးလိုက်သဖြင့်  “ ကျနော်ဆင်းရဲ့ လွန်းလို့  သေချင်တာပါ” ဟုငပျင်းထွေပြန်ဖြေလိုက်သည်။ မြတ်စွာဘုရားက “ဒါဆိုရင် သင်လည်းမသေအောင်၊သင့် မိသားစုလည်း ချမ်းသာ အောင် ငါလုပ်ပေးမယ်” ဒီမှာ မျှားသုံးစင်း ဒီမျှားသုံးစင်းကို ကြိုက်ရာနုတ်ဖြင့် ရွတ်ပြီး ပစ်လိုက်ရင် သင်လိုသမျှရလိမ့် မယ်ဟု မြတ်စွာဘုရားကပြောပြီး မျှားသုံးစင်းကိုပေးလေသတဲ ။  ငပျင်းထွေမှာ မျှားသုံးစင်းနဲ့ အတူ မိသားစုထံ အကြောင်းစုံပြောပြီး မျှားကိုပစ်ရန် ပြတင်းပေါက်ဝတွင်ရပ်နေပြီ။ ငပျင်းထွေ မိန်းမနဲ့  သားသမီးများ မှာ တစ်ယောက်ပြီးတစ်ယောက် သားသား ကဘာလိုတယ်ညာလိုတယ်၊ မီးမီး ကဘာလိုတယ်ညာလိုတယ်၊ မိန်းမကဖြင့်  ကျမအတွက် ဘာညာဘာညာတွေဝယ်ပေးပါ အစရှိသည်ဖြင့် တစ်ယောက်ပြီး တစ်ယောက် တစ်ခုပြီးတစ်ခု ပြောသံကို ငပျင်းထွေတစ်ယောက် နားကွဲလုမတက် ဖြစ်ကာ မခံနိုင်စွာ စိတ်ဆိုးသဖြင့်    “ ရီး” ဆိုပြီး မျှားတစ်စင်းပစ်ချလိုက်တော့  မျက်စိတစ်မှိတ်မှာပဲ့  “ ရီး ” တွေ ဆိုက်မျိုးစုံ ဘယ်ကရောက်လို့ ရောက်မှန်းမသိ ခဏချင်းမှာ တင် အိမ်အပြည့် ရောက်လာတယ်တဲ့ ။  အဲဒီ “ ရီး” တွေကိုကြည့် ပြီး  ကလေးတွေလည်းကြောက်လွန်းတော့   ဒီ “ ရီး ” တွေကိုအမြန်ဆုံးပြန်မှောင်းထုတ်လိုက်ပါမောင်ရယ်လို့ မိန်းမကပြောလိုက်တယ်တဲ့ ။ အဲဒါနဲ့  ငပျင်းထွေကလည်း “ ရီး ” တွေအကုန်ထွက် ဆိုပြီး နောက်ထပ်မျှားတစ်စင်းကိုပစ်ချလိုက်ပြန်ပြီ။ ဒီတစ်ခါမှာတော့ ရှိသမျှ “ ရီး ”  တွေ လေလွင့် သလို  အကုန်လုံးတစ်ခု မကျန် ထွက်သွားပါလေရော။ နှကိုယ်ကတည်းက မှ လုံအောင် မဖုံးနိုင်တဲ့  သားရဲ့  ခန္ဒကိုယ် ကို ကြည့် လိုက်တော့  သူ့ မှာ  “ဟိုဟာ ” မရှိတော့ ဘူးတဲ့ ။ အဲ ဒါနဲ့ တစ်ချိန်တည်းမှာ ပဲ့ မိန်းမက ငပျင်းထွေ ကို မောင့် ဟာရော ပါကုန်ပြီ။
** အဲဒါနဲ့ နောက်ဆုံးတော့  မိန်းမက ငပျင်းထွေကိုပြောပါလေရော  မောင်ရယ်.. ဒို့ မိသားစုတွေမချမ်းသာလည်းနေပါစေ။ မောင့်ဟာ “ ဟိုဒင်း ”  နဲ့ သားလေး ဟာ ကိုပဲ့ ပြန်ရအောင်တောင်းပေးပါဆိုပြီး နောက်ဆုံး တစ်စင်းတည်း ကျန်တဲ့ မျှားကို .. ငပျင်းထွေ တစ်ယောက် ...ကဲ့ ..ငါ့  “ ရီး ”  နဲ့ ငါ့ သား “ ရီး ” ပြန်လာဆိုပြီးပစ်ချလိုက်လေသတဲ့ ။ ဤသည်တွင်  ဘယ်ဘုရားမှ ကယ်လို့ မရတဲ့  ငပျင်းထွေ ပုံပြင်ပြီးပါပြီ။
နည်းနည်း ရိုင်းသွားရင် ခွင့် လွှတ်ကြပါ။ ကျနော် ကလေးစိတ်မပျောက်သေးလို့ ရေးမိတာပါ။
ရေး..လင်းလင်း
Sunday, January 30, 2011
စာနာမှုနဲ့ ဖေးကူပါ
စာနာမှုနဲ့ ဖေးကူပါ။...
အမေရိကန်နိုင်ငံသားလူငယ်လေးတစ်ေ
ယာက် အစစအရာရာ ပြည့် စုံတဲ့ အတိုင်းအဝိုင်းထဲ့ က တစ်ဦးတည်းသောသားဆိုပါတော့ ။ အဲ့ ဒီလူငယ်လေးက အထက်တန်းကျောင်းအောင်ပြီးတာနဲ့  နိုင်ငံအတွက် စစ်မှုကိုထမ်းချင်တယ်လို့ မိဘကိုခွင့် ပန်ခဲ့ သတဲ့ ။ မိဘကလည်း မိမိနိုင်ငံအတွက် လုပ်တဲ့ အလုပ်ပဲ့ ကောင်းတာပေါ့ ဆိုပြီးခွင့် ပြုခဲ့ တယ်။  တစ်နေ့ မှာ မူ  နိုင်ငံ့ တာဝန်ကို ပြည်ပသို့ ထွက်ခွာ ပြီးတာဝန်ထမ်းဆောင်ရန် အမိန့် စာ ရလေသတဲ့ ။    ကမ္ဘာပေါ်မှာရှိတဲ့  လူကြီးလူငယ်တိုင်းသိတဲ့ ဗီယက်နမ် စစ်ပွဲကြီးထဲ့ ကိုပေါလေ။ ထိုစစ်မြေပြင်ထဲ့ ၌သုံးနှစ်ခန့် ကြာသောအခါ စစ်သားလေး သူ့ အမေကိုဖုန်းဆက်သည်။ ပုံမှန်ပြောနေကျစကားတွေကိုမပြောတော့ ပဲ့ ဒီတစ်ခါမှာ.. "သား"..အမေ...သားမကြာခင်တစ်လလောက်ဆိုပြန်လာတော့ မယ်။   အလားတူပင် နှစ်ရက် အကြာတွင် ယခင်က စကားအတိုင်းထပ်ပြောပြီး ဖုန်းချလိုက်ပြန်သည်။ တစ်ရက်အကြာတွင်ဖုန်းထပ်ဆက်ပြန်သည်။   "သား" အမေ...သားမကြာခင်ပြန်လာတော့ မယ်။ ဒါပေမယ့် အမေ့ ကိုပြောစရာရှိတယ်ဟု့ ပြောသည်။  "အမေ "
ပြောလေသား..ဘာပြောမှာလဲ့ လို့ ပြန်ဖြေလိုက်သည်။ " သား"  သားမှာအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်အမေ။ သူကသားနဲ့ စစ်မြေပြင်မှာ အေးအတူပူအမျှ သေတူရှင်ဖက်တိုက်ပွဲဝင်တဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပါတယ်။ ကျနော်သူ့ကိုအရမ်းခင်တယ်အမေ၊သူလည်းသူ့ ကိုယ်သူချစ်သလောက်သားကိုချစ်တယ်အမေဟုပြောပြီးဆက်ပြောသည်။် သူ့ ကို အမေရိကမှာ သားနဲ့ အတူခေါ်ခဲ့ ချင်တယ်အမေဟုပြောသည်။ "အမေက" အော်..ခေါ်လာခဲ့ ပေါ့ သားရယ်..သားရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ့ ..သားအတွက်အဖော်လည်းရတာပေါ့ ။  ဒါပေမယ့် သားအမေ့ ကို တောင်းခံစရာ ရှိတယ်အမေဟု မရဲ့ မဝံ့ ပြောပြီးမိနစ်အနည်းငယ်ကြာအောင်ငြိမ်သွားပြီးနောက်...
သားသူငယ်ချင်းက စစ်မြေပြင်မှာ မိုင်းဗုံးထိလို့  သူ့ ခြေထောက်နှစ်ဖက်စလုံး မရှိတော့ ဘူးအမေလို့ ပြောရင်းအမေ့ ဆီကတုန့် ပြန်စကားကိုငြိမ်သက်စွာနားထောင်လေတော့ သည်။ "အမေ" ဘုရားရေ...သားရယ်..သားရဲ့ သူငယ်ချင်းကဒုက္ခိတ  ဆိုတော့  မလွယ်ဘူးထင်တယ်သားရယ်။ အမေကအလုပ်နှစ်လုပ် လုပ်တာလေ။အဲ့ ဒီတော့ သူ့ ကိုပြုစုဖို့  အမေ့ မှာ အချိန်မရှိဘူးလေသားရယ်. မိသားစုအတွက်သူက အပူအပင်ဒုက္ခအိုးကြီးတစ်ခုဖြစ်သွားမှာပေါ့ လို့ ပြန်ပြောလိုက်သည်။ စစ်သားလေးမှာ မျှော်လင့် ချက်မဲ့ သော ငိုရှိုက်သံဖြင့် ဘာမှမပြောပဲ့ ဖုန်းချလိုက်သည်။။။
သုံးရက်လောက်အကြာတွင်အမေရိကနိုင်ငံရှိ မိဘများရှိရာအိမ်ရှေ့ သို့ အရေးပေါ်ကားတစ်စီးရောက်လာသည်။ မိခင်သည် ရုတ်တရပ် အိမ်ထဲ့ မှ ထွက်ကြည့် သည်မှာ. အလောင်းတစ်လောင်းနဲ့  ဝီးချဲ့ (wheel chair )တစ်စီးတွေ့ ရသည်။ ထိုအလောင်းမှာ သူတို့ ၏တစ်ဦးတည်းသောသားပင်ဖြစ်လေ၏။ ဝှီးချဲ့ နဲ့ အတူစာတစ်စောင်ပါလာသည်။  စာထဲ့ မှာ "အမေနဲ့ အဖေ.. သားမရှိတော့ ပေမဲ့  သားရဲ့ ဝှီးချဲ့ လေးကို စောင့် ရှောက်ပေးပါ။"  ဟုရေးထားလေသည်။  အကယ်စင်စစ်တွင် သားရဲ့ အချစ်ဆုံးသူငယ်ချင်းခြေထောက်နှစ်ဖက်စလုံးမရှိသူ ဒုက္ခိတ ဆိုသူမှာ ထိုမိဘနှစ်ပါးရဲ့ တစ်ဦးတည်းသော သား စစ်သားလေးပင်ဖြစ်လေသည်။ စစ်သားလေးခမျာ်သူ ဒုက္ခိတဖြစ်နေသောအကြောင်းကို့ မိဘနှစ်ပါးအားတိုက်ရိုက် မပြောဝံ့ ပဲ့ သူ့  မိဘများ၏သဘောထားကိုသိလိုသောကြောင့်  သူငယ်ချင်းဟု တွယ်ဝှိုက်ပြောရခြင်းဖြစ်ပါသည်။ သို့ သော် ဒုက္ခသည် က မိသားစုအတွက် အပူပင်ဒုက္ခအိုးကြီးတစ်ခုဟု မိဘတို့ ၏တုန်းပြန်စကားကိုကြားရသဖြင့် သူ့ ကိုယ်သူအဆုံးစီရင်ရခြင်းဖြစ်ပါသည်။ .........
ဆရာမရဲ့ ရင်ထဲ့ က စကားတွေကိုကြားလိုက်တဲ့ အခါ ကျွန်တော့် ရင်ထဲ့ မှာ ...ဩော် ငါတစ်ယောက်တည်းလောက မှာ အပူပင်ရှိတဲ့ လူ၊ဒုက္ဒရောက်တဲ့ သူမဟုတ်ဘူးပဲ့  လူတိုင်းမှာ မတူညီတဲ့ အခက်အခဲ့  အပူအပင်ရှိကြတာပဲ့ ဆိုတာကိုရင်ထဲ့ နှစ်နှစ်ခါခါခံစားရပါတယ်။ တကယ်တော့ ကျွန်တော် လွန်ခဲ့ တဲ့ အပါတ်တုန်းက မြန်မာပြည်အကြောင်းနဲ့  ကျွန်တော့် ရဲ့ ဒုက္ဒပြသနာတွေကို ဆရာမ မျက်ရည်ကျ့အောင်ရင်ဖွင့် ခဲ့ တုန်းကဆို အမေရိကန်နိုင်ငံသားတွေမှာ ဘာအခက်အခဲ့ မှ ငါလောက်ခက်ခဲ့ တာရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့ တာ။  ဩော်..ခုကျတော့ လူတိုင်းမှာ အခက်ခဲ့ ဆိုတာရှိကြမှာပဲ့  တစ်ယောက်နဲ့ တစ်ယောက်အခက်ခဲ့ ချင်းကတာ မတူညီကြတာပဲ့ လားဆိုတာ ကျတော့် ဘဝအတွက် သင်ခန်းစာတစ်ခု လို့ လည်းရင်ထဲ့ မှာ တံဆိတ်ခက် မှတ်ထားလိုက်ပါတယ်။
နောက်တစ်ခုကတော့ ဆရာမပြောသွားတဲ့ အကောင်းဆုံး (ဥပမာ)ပုံပြင်ထဲ့ ကလိုပဲ့  အခက်ခဲ့ ၊ဒုက္ဒ၊ပြသနာ အထွေထွေ ဆိုတာဟာ သူများဆီမှာ ပဲ့ အမြဲ့ ရှိနေမှာ မဟုတ်ပါဘူး တစ်နေ့ မမျှော်လင့် ပဲ့ ကိုယ့် ဘဝထဲ့ ကိုဆိုးကျိုးတွေရောက်လာနိုင်ပါတယ်။ အဲ့ ဒါကြောင့် ကျွန်တော်ပြောချင်တာက လူမျိုးဘာသာမရွေး၊ဂိုဏ်းဂဏမခွဲ၊ ဆင်းရဲ့ ချမ်းသာ၊ မျက်ကမ်းမျက်မြင်၊ လူအ လူတော်၊ သန်မာသည်ဖြစ်စေ ချိနှဲ သည်ဖြစ်စေ အရောင်အဆင့် တန်းမခွဲ့ ပဲ့ ကူညီဖေးမ လက်တွဲ ရိုင်းပင်းကြပါစို့ လားလို့ ..
ရေးသူ ..ပီတာလင်း
ဦးသန်း အကြောင်း အကျဉ်းနဲ့ သူ့ ရဲ့ အောင်မြင်မှုများ
ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်
၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှုးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူဆက်
သွယ်ရေးဌာန မှ တ၀န်ရှိသူ မစ္စတာ ကီရိုအာဆာကာက
'' ဦးသန့် သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ် ''ကြောင်း ပြောကြားသွားခဲ့သည်။
ဆက်လက်၍ ၄င်းကပင်
'' ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင်
အကြီးအကဲ တစ်ဦး ဖြစ် '' ကြောင်း ပြောကြားခဲ့ပါတယ်။
'' ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖြတ်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ ''ဟု
၎င်းက ပင် ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
ထို့ပြင်..
''၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း
ဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်''ဟု သီတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။
တစ်ဖန် ..ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက
'' ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊
ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..''..လို့ ပြောကြားသွားခဲ့ပါတယ်။
ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။
ဦးသန့်က ....မိန့်ဆိုသည်မှာ...
'' လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။
အစိုးရများ၊ နိုင်ငံရေးစနစ်၊ နှင့်အိုက်ဒီယာများဟူသာ် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်'' ဟု ဆိုခဲ့သည်။
ထိုစာတမ်းသည်.....
ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။
Referance;
The Voice weekly Journal
from internet news
ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။
ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....
အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်
၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။
၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။
ဦးသန့်အမှတ်တရများ
အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။
ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။
ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။
U Thant Island ဦးသန့်ကျွန်း
အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။
Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ
Taman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။
ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။
အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။
U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။
Saturday, January 29, 2011
Slang ၊ ဘန်းစကားလေ့ လာကြရအောင်
ဘန်းစကား ဆိုလျှင် နားလည်မှု လွဲတတ်ကြပါသည်။ ဦးစွာ ရှင်းလင်းလိုသည့် အချက်တစ်ချက်မှာ ''ဘန်းစကား'' သည် အလွတ်သဘော နှုတ်ဖြင့် သို့မဟုတ် စာဖြင့် သိစေသော စကားစု အမျိုးအစား တစ်မျိုး ဖြစ်ပါသည်။ ဘဝထဲကအသုံးအနှုန်း ဟုလည်း ဆိုနိုင်ပါသည်။ အသံထွက်မှန်ခြင်း သို့မဟုတ် စကားဝဲခြင်းနှင့် လုံးဝ မသက်ဆိုင်ပါ။
ဘန်းစကားကို ဒေသအလိုက် သို့မဟုတ် လူမှုအုပ်စုအလိုက် အဓိပ္ပာယ်သတ်မှတ်လေ့ ရှိပါသည်။ လူမှုရေး ခေတ်ရေစီးကြောင်းအလိုက် လျင်မြန်စွာ ပေါ်ပေါက်လာတတ်ပြီး နေ့ချင်းညချင်း ပျောက်ကွယ်သွားတတ် ပါသည်။ အချို့သော ဘန်းစကားများကို ရာစုနှစ်ပေါင်းများစွာ အလွတ်သဘော ဆက်လက် သုံးစွဲနေကြ ခြင်းများလည်း ရှိပါသည်။ တရားဝင် ခန့်ညားစွာ အထူးသဖြင့် စာဖြင့်ရေးသား သုံးနှုန်းရာ၌ ဘန်းစကား ကို မသင့်တော်ဟု သာမန်အားဖြင့် ယူဆပါသည်။
ဗြိတိသျှဘန်းစကားအချို့ကို ဥပမာ ဖော်ပြလိုက်ပါသည်။
၁။ bloke
၂။ sack (something) off
၃။ a (total/absolute/complete) mare
၎။ up for it
၅။ to cane something
စာရှုသူသည် ယင်းဘန်းစကားအသုံးအနှုန်းများနှင့် အကျွမ်းတဝင် ရှိပါသလား။ အဓိပ္ပာယ်များကို အစဉ်လိုက် မဟုတ်ဘဲ ရောမွှေလျက် အောက်တွင် ဖော်ပြထားပါသည်။
(က) စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော တစ်စုံတစ်ခုကို စွန့်လွှတ်/စွန့်ပစ်/အဆုံးသတ်သည်
to abandon/quite/end something you are fed up with
(ခ) တစ်စုံတစ်ခုကို ပြုလုပ်ရန် စိတ်အားထက်သန်သည်
to be keen on doing something
(ဂ) အားပါးတရ စိတ်အားထက်သန်စွာ စားသုံးသည် သို့မဟုတ် လုပ်ဆောင်သည်
to consume or perform and act with vigour and enthusiasm
(ဃ) လူတစ်ယောက်
a man
(င) ဆိုးဝါးသော အတွေ့အကြုံ
a horrible experience
အဖြေများကို ဆောင်းပါးအဆုံးတွင် ဖော်ပြထားပါသည်။ ယင်းဘန်းစကားများ အသုံးပြုပုံ ဥပမာအချို့ကို ဆက်လက်ဖော်ပြပါမည်။
၁။ He’s a really good bloke. Reliable. ဒီကောင်တကယ့်လူကောင်းပါ။ စိတ်ချရတယ်။
၂။ I think you should sack it off. It’s not going anywhere. ဆက်မလုပ်တော့တာ ကောင်းမယ် ထင်တယ်၊ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
၃။ That meeting was an absolute mare. Khalid just wouldn’t stop going on about his figures. အစည်းအဝေးကတော့ တကယ့် စိတ်ပျက်စရာပါဘဲ၊ ခါလစ်က ကိန်းဂဏန်းတွေကို မရပ်မနားပြောနေ တော့တာဘဲ။
၎။ So are you up for dinner to night? Maybe we could meet around 8? ဒီည ညစာစားဖို့ စိတ်ဝင်စားသလား၊ ၈နာရီလောက် တွေ့ကြမလား။
၅။ I don’t have much time to prepare slides so I’m going cane ’em during lunch time. ဆလိုက်တွေ လုပ်ဖို့ အချိန်သိပ်မရှိဘူး၊ နေ့လည်စာစားချိန်မှဘဲ အသည်းအသန် လုပ်ရတော့မှာဘဲ။
ရင်ကွဲနှလုံးသား
images.jpg
ချစ်သူရယ်.............
              မကြင်  ..စိမ်းကား
             အမုန်းများနဲ.
             ငါ.ရင်ခွဲထွက်
             ရှောင်ဖယ်ရက်လည်း
             ပျက်ယွင်းမသွား
             ချစ်ခြင်းများနဲ.
             အမုန်းမရှိတဲ.
             ငါ.   ရင်ခွင်
             နင်.....ပြန်ခိုဝင်လှည်.ပါ.....
................
ချစ်သူရယ်................
            ရင်ကွဲ...နှလုံးသား
            ဒဏ်ရာများနဲ.
            နွမ်းလျရိပ်ခို
            လွမ်းစိတ်ပိုသည်
            ဖယ်ခွာထွက်ပြေး
            နေရာတွေဝေးလည်း
            အချစ်စစ်တည်ရာ
            ဒီကမ္ဘာမှာ........
            နင်သာ......အချစ်ဆုံးပါ..........။  ။
                                             write by:   ချမ်းပြည်.
အခုလောက်ဆိုကျင့် သားရနေလောက်ပြီ။ Are you used to this by now?
ခုလောက်ဆိုကျင့် သားရနေလောက်ပါပြီနော်. Are you used to this by now? by Guy perring.
အောက်ဖော်ပြပါဝါကျကိုကြည့် ပါ။
Computers used to be more expensive than they are now. (ကွန်ပျူတာများသည် ယခုထက်ပိုမို၍ဈေးများလေ့ ရှိခဲ့ သည်။ )
  ယခု အချိန်တွင် မမှန်တော့ သည့်  ယခင်ခဲ့ တည်ရှိခဲ့ သော အနေအထားများ၊ ပြုမှုခဲ့ သောအကျင့် များကို ဖော်ပြရန်  Used to + infinitive ကိုသုံးစွဲပါသည်။ ..ဥပမာ..
I used to smoke a pack a day, Until i got married. (လက်ထပ်တဲ့ အချိန်အထိဆေးလိပ်ကိုတစ်နေ့ တစ်ဗူးကုန်အောင်သောက်လေ့ ရှိခဲ့ သည်။
I used to drive to work, but the shake of the environment i now take the bus. အလုပ်ကိုကားမောင်းသွားလေ့ ရှိခဲ့ ပေမယ့်  သဘာဝပတ်ဝန်းကျင်အတွက် ခုတော့ ဘားစ်ကားစီးသွားတယ်။
 * အထက်ပါဝါကျနှစ်ကြောင်းစလုံးမှာ အတိတ်က အလေ့ အထားများကိုဖော်ပြပါသည်။ ယခုအလေ့ အကျင့် များကိုဖော်ပြရန် used to ကို present tense ဖြင့် သုံးစွဲ ၍မရနိုင်သည်ကို သတိပြုပါ။ ထို့ ကြောင့် အထက်ပါဥပမာ တွင် I now used to take the bus ဟုသုံးနုန်းထားခြင်းမရှိပါ။
Used you to smoke when you were a college student? နဲ့ 
Did you use to smoke when you were a college student? တို့ ကို
သင်ကောလိပ်ကျောင်းသားဘဝတုန်းက ဆေးလိပ်သောက်လေ့ ရှိခဲ့ ပါသလား လို့ မေးခွန်းအနေနဲ့ အဓိပါယ် တစ်ခုတည်းမေးလို့ ရပါတယ်။
Used to ကိုသုံးစွဲမည့် အစား would ကိုလည်းသုံလို့ ၇ပါတယ်။အောက်ပါဖော်ပြပါဥပမာ အတိုင်းဖြစ်ပါသည်။
စာကြောင်းနှစ်ကြောင်းလုံးမှာ နွေရာသီရောက်တိုင်း ကုမဏီ က ဝန်ထမ်းပါတီပွဲလုပ်ပေးလေ့ ရှိခဲ့ တယ် ဟုပြောဆိုလိုပါက.... Every summer the company would hold a staff party.
                           Every summer the company used to hold a staff party.
အတိတ်ကထပ်ခါတလဲလဲ့ လုပ်ဆောင်ခဲ့ သောလုပ်ရပ်ကိုဖော်ပြပါသည်။  ဤနေရာတွင် would နဲ့  Used to ကိုနှစ်သက်ရာသုံးစွဲနိုင်ပါသည်။ သို့ ရာတွင် အတိတ်ကခြေနေတစ်ရပ်ကိုဖော်ပြလိုလျှင် would ကိုသုံး၍မရပါ။ ဥပမာ။  Mg Ba used to won the house. ဟုမှန်ပါသည်။
                             Mg Ba would own this house ဟုမသုံးရပါ။
အောက်ပါဖော်ပြချက်မှာ အခြေအနေသစ်တစ်ရပ်နဲ့ အကျွမ်း တဝင် ဖြစ်သွားသည့် ဖြစ်စဉ်ကို ရည်ညွန်းထားပါသည်။  .......I've lived in Malaysia for two years  and i am used to heat now. I love the food and i am very used to eating at the street stalls. Still haven't got used to driving ,though!... ကျနော်မလေးရှားမှာ နှစ်နှစ်ရှိသွားပြီမို့ ခုတော့ အပူဒဏ်ကို အကျင့် သားရသွားပါပြီ။  အစားအစာတွေကိုနှစ်ခြိုက်တယ်၊ လမ်းဘေးဆိုင်တွေမှာ စားတာကိုလည်း ကောင်းကောင်း အသားကျနေပါပြီ။ ဒါပေမယ့် ကားမောင်းရတာကိုတော့ အကျွမ်းတဝင်မဖြစ်သေးဘူး။
Myanmar network ထဲ့မှ ကောက်နုတ်ချက်
၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
ယခုနှစ် အကယ်ဒမီဆုများတွင် ယမန်နှစ်က ချီးမြှင့်ခဲ့ခြင်း မရှိသည့် ဇာတ်ညွှန်းဆု၊ တေးဂီတဆု၊ ရုပ်ရှင်တည်းဖြတ်ဆုနှင့် အသံဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီးသရုပ်ဆောင်ဆုနှင့် အမျိုးသားဇာတ်ပို့ဆုတို့ ချီးမြှင့်ခဲ့ခြင်းမရှိ
၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပခဲ့သည်။ ၂၀၀၉ ခုနှစ် အကယ်ဒမီဆု စိစစ်ရွေးချယ်ရန်အတွက် ဇာတ်ကား ၁၆ ကား စာရင်းဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါဇာတ်ကားများတွင် ဟာသဦးစားပေး ဇာတ်ကား ၁၀ ကားနှင့် ဒရာမာဇာတ်ကား ၆ ကားပါဝင်သည်။ ယခုနှစ် အကယ်ဒမီဆုများတွင် ယမန်နှစ်က ချီးမြှင့်ခဲ့ခြင်း မရှိသည့် ဇာတ်ညွှန်းဆု၊ တေးဂီတဆု၊ ရုပ်ရှင်တည်းဖြတ်ဆုနှင့် အသံဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီးသရုပ်ဆောင်ဆုနှင့် အမျိုးသားဇာတ်ပို့ဆုတို့ကိုမူ ချီးမြှင့်ခဲ့ခြင်းမရှိကြောင်း သိရသည်။
Academy 2009
(အကောင်းဆုံးမင်းသားဆုရ နေတိုးနှင့် အကောင်းဆုံးအမျိုးသမီးဇတ်ပို့ဆုရ စိုးပြည့်သဇင်)
၂၀၀၉ ခုနှစ် အကယ်ဒမီဆုရရှိသူများစာရင်း
ဇာတ်ကားဆု - ကြိုးကြာတောင်ပံခတ်သံ (စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေး)
ဒါရိုက်တာဆု - မီးပွား (ဇော်က ကနေသည်)
အမျိုးသားသရုပ်ဆောင်ဆု - နေတိုး (မိုးညအိမ်မက်မြူ)
အမျိုးသမီးဇာတ်ပို့ဆု - စိုးပြည့်သဇင် (မိုးညအိမ်မက်မြူ)
ရုပ်ရှင်တည်းဖြတ်ဆု - ဟံသာမြေကိုဇော်မင်း (ကျောက်စက်ရေ)
ရုပ်ရှင်ဇာတ်ညွှန်းဆု - မြင့်ဦးဦးမြင့် (ကြိုးကြာတောင်ပံခတ်သံ)
ရုပ်ရှင်ဓာတ်ပုံဆု - ကိုကိုဌေးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)
ရုပ်ရှင်တေးဂီတဆု - ဓီရာမိုရ် (ဇော်က ကနေသည်)
ရုပ်ရှင်အသံဆု -ဆန်းဦး (အတိတ်ရဲ့အရိပ်)
Academy 2009
(၂၀၀၉ ခုနှစ် အကယ်ဒမီဆုရှင်များ)
၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှ ပုံရိပ်များကို PLANET Myanmar ၏ 2009 Academy Award အထူးကဏ္ဍတွင် ဝေဝေဆာဆာဖြင့် တင်ဆက်ထားပါသည်။
ဇန်နဝါရီ ၂၃ ရက်တွင် ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲအခမ်းအနားမှ အကယ်ဒမီဆုရှင်များ။ ဓာတ်ပုံ - လမင်းနိုင်၊ ဂျေမောင်မောင် (အမရပူရ)
၂၀၀၉ ခုနှစ် အကယ်ဒမီဆုရှင်များ
Nay Toe
(မိုးညအိမ်မက်မြူဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရှင် နေတိုး)
Soe Pyayt Thazin
(မိုးညအိမ်မက်မြူဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရှင် စိုးပြည့်သဇင်)
Mee Pwar
(ဇော်က ကနေသည် ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာဆုရှင် မီးပွား)
Sin Yaw Mg Mg
(ကြိုးကြာတောင်ပံခတ်သံဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ကားဆုရ စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေး)
Myint Oo Oo Myint
(ကြိုးကြာတောင်ပံခတ်သံဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုရှင် မြင့်ဦးဦးမြင့်)
Deramor
(ဇော်က ကနေသည် ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်တေးဂီတဆုရှင် ဓီရာမိုရ်)
San Oo
(အတိတ်ရဲ့အရိပ်ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်အသံဆုရှင် ဆန်းဦး)
Zaw Minn
(ကျောက်စက်ရေဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုရှင် ဟံသာမြေကိုဇော်မင်း)
Ko Ko Htay
(အတိတ်ရဲ့အရိပ်ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုရှင် ကိုကိုဌေး ဆုလက်ခံရယူစဉ်)
၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှ ပုံရိပ်များကို PLANET Myanmar ၏ 2009 Academy Award အထူးကဏ္ဍတွင် ဝေဝေဆာဆာဖြင့် တင်ဆက်ထားပါသည်။
Friday, January 28, 2011
ယုံချင်ယုံ မယုံချင်နေ
(၁) သွားများ ပေါက်လျက် သားကလေးတစ်ဦးမွေးဖွားလာ
ဦးဦး မှော်ဆရာ  1.jpg
ဗြိတိန်နိုင်ငံ လန်ကတ်ရှိုင်းယားရှိ အွမ်းစကက်ဆေးရုံတွင်ဖေယီအမ်းစထ ရောင်းအမည်ရှိ ကလေးတစ်ဦးမွေးဖွားလာရာမွေးကတည်
းက ရှေ့သွားနှစ်ချောင်းပါဝင်လာကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖော်ပြသည်။ အဆိုပါကလေးငယ်သည်
လွန်ခဲ့သည့်သီတင်းသုံးပတ်က မွေးလာခဲ့ခြင်းဖြစ်ပြီး သူ၏ မိခင် မစ်ကောလ်ဖီးလ်ဒ်(၂၅ နှစ်)က သူသည် နောက်တစ်နေ့ နံနက်တွင်
ကလေးအား နို့တိုက်ရာ၌ စူးရှသော နာကျင်မှုကို ရရှိသောကြောင့် ကလေးအား ကြည့်လိုက်ရာတွင် သွားနှစ်ချောင်း ပေါက်နေသည်ကို
တွေ့ရှိရသည်ဟု ဆိုသည်။
ကလေးငယ်များသည် မမွေးဖွားခင်ကတည်းက သွားများစတင်ဖွံ့ဖြိုးမှု ဖြစ်ပေါ်သော်လည်း ခြောက်လသားမှ တစ်နှစ်အတွင်းသို့ရောက်မှသာ သွားများပေါက်လာခြင်းဖြစ်သည်။  သို့သော် ကလေး ၂,၀၀၀ တွင် တစ်ဦးနှုန်းသည် ဖေယီကဲ့သို့ သွားတစ်ချောင်း သို့မဟုတ် နှစ်ချောင်း
မွေးကတည်းက ပေါက်လာတတ်ကြသည်ဟု ဆိုသည်။
(၂) ဆောက်လုပ်ရေးအလုပ်သမား သူ၏ ဦးခေါင်းထဲသို့ သံရိုက်သွင်းမိသော်လည်း အသက်မသေ
ဦးဦး မှော်ဆရာ  2.jpg
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင်နေထိုင်သည့်ဆောက်လုပ်ရေးအလုပ်သမား ဗစ်တာဘန်နာဗီဒက်ဇ်(၂၈နှစ်)သည်
သံရိုက်သည့်သေနတ်ဖြင့် သူ၏ဦးခေါင်းအတွင်းသို့ သံတစ်ချောင်းကို မတော်တဆ ရိုက်သွင်းမိခဲ့သည်။သူသည် ခေါင်မိုးပေါ်သို့ 
တက်နေစဉ် နောက်သို့ လှန်ကျသွားသဖြင့် ခလုတ်ကို ယောင်နှိပ် မိသောကြောင့် သံသည် ပါးစပ်မှနေ၍ သူ၏ဦးခေါင်းထဲသို့ဝင်သွားခြင်းဖြစ်သည်။
သို့သော် ကံအားလျော်စွာပင် ၃ ဒသမ၂ လက်မရှိသော သံသည် သူ၏ဦးနှောက်နှင့်ထိရန် ၁ မီလီမီတာခန့်အကွာ၌ ရပ်တန့်သွားခဲ့သည်ဟု ဆိုသည်။
(၃) မိုးကြိုးပစ်ခံရကာ သူ့အား ကျောပိုးချီလာ သည့်မိခင် သေဆုံးသွားသော်လည်း ကလေးငယ် အသက်မသေ
ဦးဦး မှော်ဆရာ  3.jpg
ဆွာဇီလန်နိုင်ငံတွင် မိုးကြိုးပစ်ခံရသောကြောင့် မိခင်တစ်ဦးသေဆုံးသွားသော်လည်း မိခင်၏ကျောပေါ်တွင်လိုက်ပါလာသောကလေးငယ်တစ်ဦးမှာ
အသက်မသေကြောင်း သတင်းဌာနက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။ နွားကျောင်းသူများသည် ကိုးလသားအရွယ် ဖီဝိုခွာခီ၏
ငိုသံကိုကြားပြီးနောက် သွားရောက်ရှာဖွေကြည့်ရာ သေဆုံးနေသော သူ၏မိခင် ဂျာဘူလယ်ဟလိုဖီကို တွေ့ရှိရခြင်းဖြစ်သည်။
မိခင်ဖြစ်သူ၏ခန္ဓာကိုယ်မှာ မီးကျွမ်းခံထားရသော်လည်း ကလေးငယ် အသက်မသေသည်မှာ လွန်စွာအံ့သြ ဖွယ်ကောင်းသည်ဟု ဆိုသည်။
 ယင်းသို့ဖြစ်ရခြင်းမှာ မိုးကြိုးထိမှန်လျှင်မှန်ချင်း ကလေးငယ်သည် မိခင်၏ကျောပေါ်မှပြုတ်ကျသွားသော ကြောင့်ဖြစ်မည်ဟု ဆိုသည်။
(၄) မိကျောင်းက မြစ်ကို ဖြတ်ကူးရန် ရေမြင်း၏ ကျောပေါ်မှ နေ၍ လမ်းကြုံလိုက်စီး
ဦးဦး မှော်ဆရာ  4.jpg  ဦးဦး မှော်ဆရာ  5.jpg
အဲဒီလိုခေါင်းစဉ်ကို ဖတ်လိုက်မိတဲ့အခါ ပြက်လုံးထုတ်တယ်လို့ ထင်မှာပဲ။ တန်ဇန်းနီးယားနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဖော်ပြပါဓာတ်ပုံတွေကိုကြည့်လိုက်ပါ။
ဒါဟာ တကယ်ဖြစ်ခဲ့တယ်။ မိကျောင်းတစ်ကောင်ဟာ အဲဒီလိုမျိုးအပျင်းထူတဲ့အလုပ်ကို လုပ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ သူကလည်းအပျင်းထူတာမဟုတ်ပါဘူး။
ရေမြင်းတွေ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နေတဲ့အကြားမှာ သူ့ခမျာ ညပ်သွားရှာရတာပါ။ ဒါပေမဲ့ သူက ““လူပါး”” (အဲလေ၊ မိကျောင်းပါး)ပဲ။
ဘယ်ရမလဲ သူက ခွန်အားအကြီးဆုံးပါး”ရေမြင်းရဲ့ ကျောပေါ်ခုန်တက်ပြီး မြစ်တစ်ဖက်ကမ်းကို လိုက်ပါသွားတော့တာပေါ့ ။
အဲဒီ ကြံကြံဖန်ဖန်ဓာတ်ပုံတွေကို ဗြိတိသျှလူမျိုး တောလမ်းညွှန်မက်ဂျွန်ဆင်ဆိုသူက လူကုလာဒေသအနီး လူဝီဂိုမြစ်အတွင်းမှာ ရိုက်ကူးထားတာပါ။
(၅) ဘိုးလင်းတိုင်နှင့်တူသောကြက်ဥကြီးဥ
ဦးဦး မှော်ဆရာ  6.jpg
တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ် ယီဇီမြို့မှ ကျန်ယုဖန်(၇၅ နှစ်)  မွေးထားသော ကြက်မကြီးတစ်ကောင်သည် ဘိုးလင်းတိုင်နှင့်တူသော
ထူးဆန်းသည့်ဥကြီးတစ်လုံးကို ဥခဲ့ကြောင်း Metro သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့က ဖော်ပြသည်။ အလားတူပုံသဏ္ဌာန်ရှိသည့် ကြက်ဥမျိုးကို
ဗြိတိန်နိုင်ငံ နော်သမ်တန်ရှိုင်းယားမှ နာတာလီဝှစ်ရှိုင်းယား(၄၃နှစ်)၏ ကြက်မကြီးက လွန်ခဲ့သည့်နှစ်မတ်လက ဥခဲ့ဖူးကြောင်း သိရသည်။
ကျွမ်းကျင်သူများက ထူးဆန်းသော ကြက်ဥပုံသဏ္ဌာန်ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါင်းများစွာရှိရာ ယင်းတို့အနက် မျိုးဥတည်ခြင်းပြဿနာ၊
ဟော်မုန်းမညီမျှမှု နှင့် မှားယွင်းသောအစားအစာများကို စားခဲ့မှုတို့ပါဝင်သည်ဟု ဆိုသည်။
(၆) မြေမြှုပ် သင်္ဂြိုဟ်ခါနီးဆဲဆဲကျမှ အခေါင်းထဲကထလာ
ဦးဦး မှော်ဆရာ  7.jpg
ဘရာဇီးနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ဆေးရုံသို့ရောက်ရှိလာချိန်၌ သေဆုံးသွားပြီဟု သတ်မှတ်ခံရသည်။ ဆရာဝန်များက
မာရီယာဒါဒိုးကွန်ဆေးကော်(၈၈နှစ်)ကို သေဆုံးပြီဖြစ်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့သည်။ သေဆုံးရသည့်အကြောင်းရင်း၌
သွေးပေါင်တက်ကာ သွေးကြောပိတ်ခြင်းဖြစ်ကြောင်း ရေးသားကာ သင်္ချိုင်းရှိအဆောင်သို့ပို့ခဲ့သည်။ အခေါင်းထဲသို့ထည့်ကာ
အလောင်းအားပြင်ဆင်နေစဉ် သင်္ချိုင်းမှ အလုပ်သမားတစ်ဦးက အမျိုးသမီး၏ လှုပ်ရှားမှုနှင့် အသက်ရှူမှုကို တွေ့လိုက်ရသည်။
ထို့ကြောင့် ဆရာဝန်များရောက်လာကာ သူ့အား အခေါင်းထဲ၌ပင် အရေးပေါ်ကုသချက်များပေးပြီးနောက် အထူးကြပ်မတ်ကုသဆောင်သို့ ပို့ခဲ့ရသည်။
ထို့ကြောင့် သူသည် ဒေသစံတော်ချိန် ညနေ၅ နာရီတွင် အရှင်လတ်လတ် မြေမြှုပ်ခံရမည့်ဘေးမှ လွတ်ခဲ့သည်။
(၇) အသက်၉၄နှစ်အရွယ်ရှိ အိန္ဒိယ လယ်သမား ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေ ဖြစ်လာ
ဦးဦး မှော်ဆရာ  8.jpg
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနာမြို့တွင် နေထိုင်သော ရာဂျစ်ရက်ဟက်ဗ (၉၄နှစ်)သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ကသူ၏ ပထမဆုံးကလေး မွေးဖွားမှုအတွက်
အောင်ပွဲခံအခမ်းအနား ကျင်းပခဲ့သည်။သူ၏ဇနီး ရှာကန်တလာဒေ၀ီ(၅၀နှစ်)ကသူ့အတွက် သားဦးလေးကာ ရာဂျစ်ကိုမွေးဖွားပေးခဲ့ရာ သူသည်
ကမ္ဘာ့အသက် အကြီးဆုံး ကလေးအဖေဖြစ်လာကြောင်းသိရသည်။ သို့သော် သူသည် ကလေးတစ်ဦးနှင့် မကျေနပ်သေးဘဲ လာမည့်နှစ်တွင်
နောက်ထပ်ကလေးတစ်ဦး ရယူဦးမည်ဟု ဆိုသည်။ ရာဂျစ်ရက်ဟက်ဗ်သည်ငယ်စဉ်က နပန်းသမားတစ်ဦး ဖြစ်ခဲ့ပြီး လွန်စွာကျန်းမာသန်စွမ်းသူဖြစ်သည်ဟုဆိုသည်။
ယခင် ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေမှာ အိန္ဒိယနိုင်ငံမှပင်ဖြစ်ပြီး အိန္ဒိယလယ်သမား နာနုရမ်ဂျော်ဂီသည်၂၀၀၇ ခုနှစ်က အသက် ၉၀ အရွယ်တွင်
သူ၏ ၂၁ ယောက်မြောက်ကလေး ကို ရရှိခဲ့ရာ ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေအဖြစ် စံချိန်တင်ထားခဲ့သည်။
(၈) သေချင်လို့ ကိုးထပ်က ခုန်ချကာမှ အမှိုက်အိတ်တွေပေါ်ပြုတ်ကျပြီး အသက်မသေ
ဦးဦး မှော်ဆရာ  9.jpg
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဘန်ဂျယ်လစ်အင်ကာပေတိုး(၂၆ နှစ်)သည် အနောက် ၄၅ လမ်းရှိသူ၏နေအိမ်ဖြစ်သောပေ ၁၀၀ မြင့်သည့်
ကိုးထပ်တိုက်ပေါ်မှအောက်သို့ခုန်ချကာ သေကြောင်းကြံခဲ့သော်လည်း အောက်တွင် စုပုံထားသည့် မသိမ်းရသေးသော အမှိုက်အိတ်များပေါ်သို့ ပြုတ်ကျကာ
အသက်မသေခဲ့ကြောင်း သိရသည်။ သူ့အား ဘယ်ဗူးဆေးရုံသို့ပို့ခဲ့ရာ သူ၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။ အောက်တွင်စုပုံထားသော
အမှိုက်အိတ်များသည် ခြောက်ပေအထိ မြင့်သောကြောင့် သူ၏အသက်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။
(၉) ထူးဆန်းသည့်အသွင်ဖြင့်နေလုံးကြီးကိုမြင်ရ
ဦးဦး မှော်ဆရာ  10.jpg
သန်းနှင့်ချီသော ရေခဲမှုန်များကို ဖြတ်သန်းလျက် နေလုံးကြီးအား ထူးဆန်းသည့် အသွင်ဖြင့်မြင်ရပုံကို DM သတင်းဌာနက ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ရေငွေ့များခဲလျက် ကမ္ဘာလေထု အပေါ်လွှာတွင် ရေခဲမှုန်များဖြစ်ပေါ်နေရာ ယင်းတို့ကို စိန်မှုန်များဟု တင်စားခေါ်ဝေါ်သည်။
ယင်းတို့ကြောင့် နေကို ရောင်ခြည် စက်ဝန်းတစ်ခုနှင့်အတူ မြင်ရပြီး ထူးဆန်းသည့် အသွင်ဖြစ်ပေါ်စေခြင်းဖြစ်သည်။
ယခုပုံမှာ နေလုံးကြီးအား ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှ မြင်ရပုံဖြစ်သည်။
(၁၀) ကမ္ဘာ့ ပထမဆုံးကြည့်မှန် သာမိုမီတာတီထွင်
ဦးဦး မှော်ဆရာ  11.jpg
NEC Avio Infrared Technologies အမည်ရှိ ကုမ္ပဏီသည် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျို မြို့၌ Thermo Mirror ဟုခေါ်သော
ကိုယ်အပူချိန်တိုင်း ကိရိယာသစ်တစ်မျိုးကိုစတင်ပြသခဲ့သည်။ အဆိုပါကိရိယာကို လူ၏အရေပြားအပူချိန်တိုင်းတာရာတွင် အသုံးပြုခြင်းဖြစ်သည်။
သို့သော် အဆိုပါ ကိရိယာသည် လူနှင့်လုံးဝထိတွေ့စရာမလိုဘဲ မှန်ကြည့်လိုက်ရုံဖြင့်  ကိုယ်အပူချိန်ကို သိနိုင်သည်။
ယင်းကိရိယာ၌ အနီအောက်ရောင်ခြည် အာရုံခံကိရိယာများကို အသုံးပြုထားကြောင်း သိရသည်။
*** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။
ရှုခင်းလေးများ
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
Fun & Info @ Keralites.net
ကြက်ငှက်တုပ်ကွေးကြောင်း စစ်တွေတွင် ကြက်ငါး သောင်းကျော်သုတ်သင်ခဲ့ ရ
ကြက်ငှက်တုပ်ကွေးကြောင့် စစ်တွေတွင် ကြက် ငါးသောင်းကျော်သုတ်သင်ခဲ့
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘုမေကျေးရွာအုပ်စုရှိ ကြက်ခြံများ တွင် ကြက်ငှက်တုပ်ကွေးရောဂါကျ ရောက်မှုကြောင့် ကြက်ကောင်ရေ ၅ဝဝဝဝ ကျော်သုတ်သင်ခဲ့ ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။ဖြစ်ပွားမှုရှိသောကြက်ခြံနှင့် တစ်ကီလိုမီတာ အတွင်းရှိ ကြက် ခြံ ၇၅ ခြံမှ ကြက်နှင့်ဘဲများကို သုတ်သင်ခဲ့ခြင်း ဖြစ်ပြီး ဥစားကြက် ကောင်ရေ ၅၂ဝဝဝ ကျော်နှင့် ဘဲ ကောင်ရေ ၁ဝဝဝ  ကျော်ကို သုတ် သင်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။”ဘာကြောင့်ဖြစ်ရတာ လဲဆို တဲ့ ရောဂါရင်းမြစ်ကို ရှာနေတုန်း ပဲ၊ ဆောင်ခိုငှက်ကြောင့်လား၊ နယ် စပ်က တရားမဝင်ဝင်လာတဲ့ ကြက်၊ ဘဲတွေကြောင့်လားဆိုတာ ကို စူးစမ်းရှာဖွေမှုလုပ်နေပါတယ်၊ အဲ့ဒီဒေသကနေ တခြားဒေသတွေ ကို ကူးစက်မှုမရှိအောင်အတွက် ကာကွယ်ထိန်းချုပ်မှုတွေ လုပ်နေပါ တယ်” ဟု မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ချုပ်ဒေါက်တာအောင်ကြီးက ပြော သည်။၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မရမ်း ကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး ယင်းမာပင် မြို့နယ်တို့တွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုးကျရောက်ခဲ့ပြီး ဇွန်လတွင် ရောဂါကင်း ရှင်း ကြောင်း ကြေညာ ချက်ထုတ်ပြန်ခဲ့ပြီး နောက် ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စစ် တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၌ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။’ ‘ဖြစ်ပွား တဲ့နေရာကို ၃ လစောင့်ကြည့်ပြီး ၃ လအတွင်း မှာ ထပ်မံဖြစ်ပွားမှုမရှိမှသာ ရောဂါကင်း ရှင်းကြောင်း ကြေညာရတာ၊ ခုလတ်တလောမှာတော့ ရောဂါဖြစ် ပွားနေ တဲ့နေရာက စစ်တွေပဲရှိသေး တယ်။ ကျန်တဲ့နေရာ တွေကို စောင့် ကြည့်စစ်ဆေးမှုတွေ လုပ်နေပါ တယ်” ဟု ၄င်းက ပြောသည်။ဆောင်းခိုငှက်ဝင်ရောက်မှု များကို လည်း စောင့်ကြည့်လေ့လာ မှုများပြုလုပ်လျက်ရှိပြီး ယခုနှစ်  တွင် မြန်မာနိုင်ငံသို့ ဆောင်းခိုငှက် ဝင်ရောက်မှုမှာ ယမန်နှစ်များထက် ၂ဝ ရာခိုင်နှုန်းလျော့နည်းလျက်ရှိ ကြောင်း ဆောင်းခိုငှက်စောင့် ကြည့် လေ့လာ သူများ၏ ထုတ်ပြန်ချက် များအရ သိရသည်။ ဆောင်းခိုငှက် လေ့လာစောင့် ကြည့်မှုများကို အင်းလေးကန်၊ အင်းတော် ကြီးကန်၊ မိန်းမလှကျွန်း၊ မိုးယွန်းကြီးအင်း၊ ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ရိုးတစ်လျှောက်တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ် ၌ ကြက် ငှက်တုပ်ကွေးရောဂါစတင် ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး ထပ်မံဖြစ်ပွားမှု မရှိစေရေးအတွက် မွေးမြူရေးဇုန် ၆ ဇုန်ကိုတည်ထောင်ခဲ့ပြီး ၄င်းဇုန် များတွင် တစ်လ ၂ ကြိမ်ပုံမှန် စစ် ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။၎င်းမွေးမြူရေးဇုန်များကို ရန် ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကြက်ငှက် တုပ်ကွေးရောဂါ စတင်ဖြစ်ပွားသော ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ အထိ ကမ္ဘာ့နိုင်ငံပေါင်း ၆၃ နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား လျက်ရှိပြီး ၁၅ နိုင်ငံမှ လူ ၅၁၆ ဦးသို့ ကူးစက်ကာ ၃ဝ၆ ဦးသေဆုံး ခဲ့ရကြောင်း သိရသည်။
ဝေယံမိုးမြင့်၊ ထက်ထက်မိုးမြင့်
တတိယမြန်မာ နိုင်ငံတည် အလောင်းတရားဦးအောင်ဇေယ
တတိယမြန်မာနိုင်ငံတည်အလောင်းမင်းတရားဦးအောင်ဇေယျ
ခမည်းတော် မင်းညိုစံနှင့် မယ်တော် မဟာဒေဝီ စောညိန်းဦးတို့မှ သက္ကရာဇ် ၁၀၇၆-ခုနှစ် တော်သလင်း
လပြည့်ကျော် ၁-ရက် သောကြာနေ့ ညဉ့် ၁-ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ် မွန်းတည့်မတ်ချိန်တွင်ဖွားမြင်
မြင်သည်၊ ပျိုရွယ်စဉ်က သုံးကြိမ်တိုင်တိုင် လက်ရုံးတော်မှ မီးတောက်ခဲ့သည်၊ ၁၁၁၃-ခုနှစ် မွန်တို့ လက်
ချက်ဖြင့် အင်းဝပြည်ကြီး ပျက်စီးသောအခါ ဇာတိ မုဆိုးဘိုရွာမှနေပြီး မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်
၍ ၁၁၁၄- ခုနှစ်တွင် မင်းပြုသည်၊ ဘုန်းကြီးသော မင်းယောက်ျား ဖြစ်သည့်အပြင် ကြံရည် ဖန်ရည်လည်း
ကောင်းလှသဖြင့် အင်အားအဆမတန် များပြားသော ရန်သူ့စစ်တပ်ကြီးများကိုပင် အံ့သြလောက်အောင်
ချေဖျက်သုတ်သင်ပစ်နိုင်ခဲ့သည်၊ ဘုရင်နောင်ကဲ့သို့ပင် အလောင်းမင်းတရားကလည်း "စစ်တို့၏သဘော
မှာအင်အားကြီးသည်ငယ်သည်ပဓာနမဟုတ်၊သူရသတ္တိနှင့်စစ်ပရိယာယ်ကြွယ်ဝမှုသာပဓာနဖြစ်
ည်"
ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။
ရန်သူအများအပြားကို သုတ်သင်ရှင်းလင်းပြီးနောက် မုဆိုးဘိုကို "ရွှေဘို" သမုတ်ကာ ထီးနန်းစိုက်တော်
မူသည်၊"အမယ်ကြီးနှင့် ဘကြီးတား၍ လားလားမနိုင် သောကြာသားက စကားခိုင်၊သံတိုင်ကျောက်ခဲ လူပျို
ချင်းတွင် ပိုလို့ကဲ၊ ပဲနှင့်ပြောင်းကို ဟောင်းလျှင်ပစ်၍ အသစ်ရှာ၊အောင်ပါစေသား သောကြာသား" ဟူသော
တပေါင်ဆန်ဆန် သီချင်းကို ပြည်သူတို့ ထပ်မနား ရွတ်ဆိုနေချိန်မှာပင် အလောင်းမင်းတရားကလည်း အောင်
ပွဲများ တစ်ခုပြီးတစ်ခု ရရှိခဲ့သည်။ ရွှေဘိုမြို့တော်ကြီးမှာ အလောင်းမင်းတရား၏ ဘုန်းရိပ် ကံရိပ်အောက်တွင်
သာယာစည်ကားပြီး ဘေးရန်အန္တရယ်လည်း လုံခြုံစိတ်ချရသဖြင့် "ဒို့မေလေး မကြေဖျက် မြောက်ဘက်ကယ်
တဲ့ ဟိုတခို ပြေးစို့နှစ်ကိုယ်၊ ဆိုင်းစိုစို ရန်လုံးပြိုပါတဲ့ ပြည်ရွှေဘို ထိုမြို့မှာ မိုးခိုစို့လေး" ဟူသော သီချင်းများ ပေါ်
လာသည်။
အလောင်းမင်းတရားသည် ၁၁၁၇-ခုနှစ်တွင် ဒဂုံကိုအောင်မြင်ပြီးနောက် "ရန်အပေါင်းကို ကုန်စင်အောင်
လုပ်ကြံတော်မူမည်" အမိန့်ရှိ၍ ရန်ကုန်ဟု သမုက်တော်မူသည်၊ မြန်မာနိုင်ငံတွင်း ရန်သူပုန်များ ကင်းစင်
သလောက်ရှိသွားသောအခါ ထိုခေတ်စစ်ဘုရင်ကြီးများ၏ ထုံးစံအတိုင်း ယိုးဒယားသို့ပါ ချီတတ်တိုက်ခိုက်
ပြန်ရာ အောင်မြင်မှု အလီလီ် ရရှိတော်မူခဲ့သည်။
၁၁၂၁-ခု ဝါဆိုလဆုတ် ၁၀-ရက် ကြသပတေးနေ့တွင် ယိုးဒယားသို့ စစ်ချီတတ် တိုက်ခိုက်ရန်အလောင်းမင်း
တရားသည် ကြောက်မြောင်းဆိပ်တော်မှ အောက်ပြည်သို့ စုံတော်မူသည်၊ ဝါခေါင်လဆန်း ၁၁-ရက်နေ့၌ -
နေပြည်တော် ရွှေဘိုမြို့ပေါ်သို့ မိုးကြိုး ၁၃- ချက်ကျသည်၊ မိုးကြိုးကျရာ ဌာနများကား-ဆင်ချီတိုင်,မြင်း-
လွှစင်
ကျုံးနင်းကြမ်း-နဘဲပင်-တမာပင်-လက်ခုပ်ပင်-ပေါက်ပန်းဖြူပင်-ညောင်ပင်-ကျောင်-မင်းကျော်သီရိအိမ်-
တပယင်းမြို့တံခါးနှင့် မြဝတီ ပြအိုးတို့ဖြစ်သည်၊ အလောင်းမင်းတရားကြားသိ၍ မိုးကြိုးကျရခြင်းအကြောင်း
နိမိတ်များကို ပညာရှိများအား ဖတ်ကြားတင်လျှောက်စေရာ စာဆိုတော်ပညာရှိ စိန္တကျော်သူက မိုးကြိုး
ကျခြင်းမှာ ဣဋ္ဌမင်္ဂလာများဖြစ်ကြောင်း ရတု ၆-ပိုဒ်ဖြင့် မင်းတရားကြီး သဘောတော်မျှစေရန် မမှန်မကန်
လျှောက်တင်လိုက်လေသည်။
စိန္တကျော်သူ၏ လျှောက်တင်ချက်ကို အဟုတ်မှတ်၍ သဘောတော်ကျကာ(ပြုသင့်သောယတြာမျာ
မပြုဘဲ) အောက်ပြည်သို့ ဆက်လက်စုံဆင်းပြီး ယိုးဒယားကို ချီတတ်တိုက်ခိုက်ရာ မအောင်မမြင် ဖြစ်ပြီးလျှင်
၁၁၂၂-ခုနှစ်တွင် ကဆုန်လဆုတ် ၁၀- ရက် တနင်္ဂနွေနေ့တွင် မုတ္တမမြို့နယ် ကင်းရွာ၌ ရုတ်တရက် ဖျားနာ၍
နတ်ရွာစံတော်မူခဲ့ရလေသည်။
=========================
ဦးဦးမှောဆရာထံမှ
နတ်သမီးအဆာင်
တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ၊???"
ဟု အပြစ်တင်စကားဆိုလေ၏ ။
ထိုအခါ ဘုရားသခင် က
"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား???"
ဟုမေးလိုက်လေ၏ ။
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ ဘုရားသခင်ကဆက်ပြောပြသည် ။
ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး....
"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ဒီရွှေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီးဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် "
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။
ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။
"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ."
ဟုပြောပြီးခေါင်းခါနေပြန်၏ ။
ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...
"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမယ့်ပုံစံ အပြည့်အစုံပဲလား"
ဟုထပ်မေးပြန်၏ ။
"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ.. မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး.. အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်"
ဟုဘုရားသခင်က ဆက်ပြောပြန်၏ ။
"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "
"..........."
"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ်။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။"
နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီးသို့တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏။
"နူးညံ့လွန်းလှချည်လား"
"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"
"သူမကတွေးတတ်လား???"
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။
"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီးညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"
နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏
"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာဝန်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"
"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"
"ဘာအတွက်လဲ"
"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေစတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"
ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာအထင်ကြီးသွားလေ၏ ။
"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်းစစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသောလူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံးဖြစ်လာပါလိမ့်မယ်"
ဟုဆိုလိုက်သည် ။
ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးပြလိုက်သည် ။
"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာလူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"
"........"
"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမကပြုံးပြနိုင်တယ်"
"အဲ့ဒီလောက်တောင်ပဲလား"
"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွံ့တဲ့အချိန်မှာလည်း သီချင်းဆိုတယ် "
"အို"
"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက်အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"
"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်းငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်းတစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"
နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်ကလူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။
"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ်သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့.... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ်ပြောင်းလဲအသုံးပြုတတ်သေးတယ်"
"............"
"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာကိုလည်း သူမကသိသေးတယ်"
"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"
"ဘယ်လို"
နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"
"ဘာချို့ ယွင်းချက်လဲ"
"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"
"ဟင်"
"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။                                                  
                                                                                                                          လူနေ
ဒီပုံပြင်လေးဟာ လူနေ (နတ်သမီးအဆောင်)ဆိုတဲ့ ၀တ္ထု စာအုပ်ကလေးထဲက ဇာတ်လိုက်မင်းသားလေးကို သူ့ အဖေက ပြောပြနေတဲ့ ပုံပြင်လေးဖြစ်ပါတယ် ။ ဖတ်ကြည့်လိုက်ပါ အရမ်းကောင်းပါတယ် ။
ဘယ်လို အကြောင်းအရာလေးလဲဆိုတော့ အသည်းကွဲနေတဲ့ ကောင်မလေး တစ်ယောက်ကို လမ်းမှန်ပြန်ရောက်အောင် ကောင်လေးတစ်ယောက်က ဘယ်လို ပို့ ပေးလိုက်တယ်ဆိုတဲ့ အကြောင်းလေးကို လူငယ်အကြိုက် ရေးဖွဲ့ ထားထာ ဖြစ်ပါတယ် ။
ဦးဦးမှော် ဆရာ မှ
အမြစ်မရှိသူမဝင်ရ
images.jpg
အမြစ်မရှိသူ မ၀င်ရ
ဝေနေသော နှင်းတစ်ပွင့်
လွင့်မျောလာပြီး ရင်ကိုတိုက်ရိုက်ထိမှန်ခဲ့လို့                                         
ပြန်ကြည့်လိုက်တာ
မျက်ရည်က တောက်ခနဲ ကျလာခဲ့တယ်….
အနားက ခဏပျောက်ဆုံးသွားလို့
နှလုံးသားကို ဖွင့်ကြည့်လိုက်တာ
ငါတို့အတူ ရေးထိုးခဲ့တဲ့
နာကျင်မှုတွေပြည့်ဝ ဆုတောင်းကျောက်စာ
တစ်ချပ်က လှောင်ရယ်သံကို
ကျေနပ်စွာ ခံယူလိုက်ရတယ်……
ဝေးသွားရမယ်ဆိုရင်တောင်
အသက်မဲ့တဲ့ ပုံရိပ်တွေအတွက်
ဟောင်းနေတဲ့ ငါ့ရင်ခွင်မှာ
ရေးဆွဲခွင့် ပေးခဲ့လှည့်ပါချစ်သူ
တကယ်တော့ ငါဟာ
မှော်ဆရာ လက်ထဲကငှက်ကိုမှ
လိုချင်ခဲ့တာကိုးးးးးးးးးးးးးးး
ပျံသန်းသွားမယ်မှန်း သိလျက်နဲ့
တရိုက်မက်မက် ရူးမိုက်ခဲ့လို့
နှလုံးသားက တပွက်ပွက်ကျခဲ့တဲ့
သွေးစက်တွေကို ဆေးကြောဖို့
နင်လည်းနဲနဲတော့ ပင်ပန်းမှာပေါ့ချစ်သူ
ပြန်သန်းသွားမယ်ဆိုရင်လည်း
ဒီရင်ကို စုံကန်လိုက်မှရမှာ
ဒါမှ………………….
ဦးဦးမှော်ဆရာ မှ
ဘာကြောင်းလဲ့ ဆိုတာ
ဘာ့ကြောင့်လဲဆိုတာ…..
အလွမ်းတွေပြိုးရင်း
မနက်ခင်းတစ်ခု
ရောက်ခဲ့ပြန်ပြီ                   
ချစ်သူ…….
မင်းကတော့
ငါ့ကိုမေ့ပျောက်နေရောပေါ့
မင်းပေးခဲ့ဘူးတဲ့ အနမ်းတွေထဲမှာပျော်ဝင်ရင်းနဲ့
ငါ့မနက်ခင်းတွေပျောက်ဆုံးကုန်တာ
ကြာလှပေါ့။
ဒီလိုနဲ့ဘဲ
ငါ့အသက်တစ်နှစ်ကြီးသွားပြန်တယ်
နင့်ကိုလွမ်းရင်းပေါ့……..
ကျွန်တော့ ဆီကိုပို့ပေးတဲ့ ကောင်မလေးတစ်ယောက်(မချစ်တတ်ဘူး)ရဲ့
ကဗျာလေးပါ..
လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။
ဘ ကုန်းရေ ဘ. ဝ ရေ ဝ = ဘဝ
ဘကုန်းရေး ဘ…..၀ရေး…..ဝ
ဘ၀တစ်ခုကို ဖြတ်သန်းဖို့
မနက်ခင်းကို တွန်းဖွင့်လိုက်ရင်း
ငါ့ခရီးဆောင်အိတ်ထဲမှာ
နင့်အချစ်ရယ်
ကျမ်းစာအုပ်ရယ်..
ဝိုင်တစ်လုံးရယ်..
အသပြာတစ်ချို့ရယ်ကို
သေချာထည့်လိုက်တယ်..
လျောက်လှမ်းလာရင်း
အသပြာက ကုန်ခမ်းလာလို့
ကျမ်းစာအုပ်ကို ရောင်းလိုက်ရတယ်..
ဒီလိုနဲ့ဘဲ
လမ်းကွေ့တစ်ခုမှာ
အသပြာကနဲနေတော့
နင့်အချစ်ကို
ထိန်းမထားနိုင်ဘဲ
လှုပ်လီလှုပ်လဲ့ နဲ့ပြုတ်ကျခဲ့တယ်
ပြုတ်ကျသွားတဲ့ နင့်အချစ်ကိုလိုက်ရှာရင်း
အခုတော့ငါဟာ
ဘ၀ရဲ့ လမ်းပေါ်မှာ
ဝိုင်တစ်လုံးကိုဘဲ
အဖေါ်ပြုနေရတော့တာပေါ့……                   
(ဆက်တွေးချင်လျင်သာ….)
နောက်ဆုံး
လျောက်လှမ်းလာရင်း
ဝိုင်ပုလင်းလဲ ကုန်ခမ်းလာပြီး
ဘ၀ရဲ့ နေညိုချိန်မှာ
ငါရောင်းခဲ့တဲ့ ကျမ်းစာအုပ်ဟောင်းလေးကို
ဖတ်ခွင့်ရလျင်ဘဲ
ငါသေပျော်နေပါတော့မည်။
လူတွေဟာ ရှင်သန်ရင်း
ငွေရဖို့အတွက် ဘုရားဟောတရားတွေကို…………………..
အသက်အရွယ် ကြီးရင့်တော့မှသာ
ကျမ်းစာအုပ်ကို သတိရရင်းးးးးးးးးးးးးးးး
အင်း……..
နောက်ဆုံးတော့လည်း သေရမှာပါဘဲ……
ချစ်သူသိစေဖို့ 
ချစ်သူသိစေဖို့
ရင်ခုန်ခြင်းဆိုတာ
အိမ်မက်တစ်ခုဆို
မင်းအတွက်နဲ့
ငါဖက်တွယ်မိမယ်
ချစ်သူ…………….
လွမ်းမောခြင်းဆိုတာ
ခါးသီးတဲ့အရာဖြစ်ပေမယ့်
မင်းအတွက်ကြောင့်
ငါပျော်ဝင်မိမယ်
ချစ်သူ……………….
ဘ၀မှာ
ဒဏ်ရာတွေဘဲရခဲ့ဘူးတဲ့
ဒီရင်ထဲက
ငါ့နှလုံးကို
မင်းအချစ်နဲ့
ရှင်သန်စေမှာလား
ကျရှုံးစေမှာလား
ချစ်သူ……………
ထားခဲ့မယ်ဆိုရင်လည်း
အချက်လေးတော့ ပြခဲ့ပေါ့
ခံနိုင်ရည်ရှိအောင်
ကြိုးစားဖို့သက်သက်ပါဘဲ
ချစ်သူ………………………
ဦးဦးမှော်ဆရာ မှ
ကျောင်းသားတစ်ယောက်ရဲ့ ရှိသင့် ရှိထိုက်တဲ့ စိတ်ဓါတ်
ကျောင်းသားတစ်ယောက်ရဲ့ ရှိသင့် ရှိထိုက်တဲ့ စိတ်ဓါတ် ကိုကျနော့် မမြင်နဲ့ အတိုချုပ်တင်ပြလိုပါတယ်။ကျောင်းသားဆိုတာနောင်အနာဂါတ် နိုင်ငံ့ တာဝန်တွေကို ထမ်းဆောင်ရမယ့် သူတွေပါ။ အဲဒီတော့ မိမိနိုင်ငံတိုးတက်ဖို့ ပြောင်းလဲ့ ဖို့  မိသားစုဘဝပြောင်းလဲ စေဖို့ ဆိုတာတွေဟာ ကျောင်းသားတစ်ယောက်ရဲ့  တာဝန်လို့ ပြောရရင်မမှားဘူးလို့ ကျနော်ထင်ပါတယ်။ အဲဒီတာဝန်တွေကိုထမ်းဆောင်နိုင်ဖို့ အတွက် ဇွဲဆိုတာရှိဖို့ လိုအပ်ပါတယ်။ ကဲ..ဇွဲ လို့ ပြောကတည်းက ဇွဲဆိုတာဘာလဲ့ လို့ မေးခွန်းထုပ်စရာရှိလာပါတယ်။ ဇွဲကိုလည်း အဓိပါယ် အမျိုးမျိုးဖွဲ့ ဆိုကြပါတယ်။ ကျွန်တော့်  အနေနဲပြောချင်တာက ဇွဲဆိုတာဟာ ဆုံးရှုံးမှု ကိုခံနိုင်စွမ်းရှိတဲ့  သတ္တိတစ်မျိုး လို့ ပြောချင်ပါတယ်။ တစ်ခါတလေဆုံးရှုံးမှုဆိုတာ ဘဝမှာ ကြုံရမှာ ဧကန်မလွဲပါ။ အဲဒီလိုဆုံးရှုံးမှုတွေကြုံတဲ့ အခါခံနိုင်တဲ့ စိတ်ဓါတ်ရှိနိုင်မှ ရှေ့ ဘဝမှာ ကိုယ်လိုချင်တဲ့ အောင်မြင်မှု့ ပန်းတိုင်ကိုဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ အဘယ်မျှလောက်ပင်ဆုံးရှုံးစေကာမူ စိတ်ဓါတ်ကို မြင့် မြင့် ထားပါ။ သူများထက်သာစေရမယ်ဆိုတဲ့ စိတ်ဓါတ်မွေးပါ။ သူများထက်မသာရင်တောင် ရင်ဘောင်တန်းနိုင်ရမယ်၊ ရင်ဘောင်မတန်းနိုင်ရင်တောင် သူများနောက်လိုက်နိုင်ရမယ်၊ မလိုက်နိုင်ရင်တောင် နောက်မကျစေရဘူး၊ နောက်ကျနေရင်တောင် နောက်ဆုံးမကျန်စေရဘူး၊ နောက်ဆုံးကျန်နေခဲ့ ရင်တောင် ကိုယ့် ထမင်းကို စားပြီး ကျန်တာပဲ့ ဖြစ်စေရမယ်။ ဒါတွေကို ကျောင်းသားတစ်ယောက်ရဲ့ ရှိသင့် တဲ့  မာန လို့ လည်းပြောချင်ပါတယ်။
ရေး..လင်းလင်း
When i look at you .Miley Cyrus- LAST SONG
Taylor Swift - Mine
Taylor Swift - Back to Dcember
The climb by Miley Cyrus
Thursday, January 27, 2011
လပ်ထပ်ရန်နေရပ်ကိုစွန့် ခွာပစ်ခဲ့ သူ
လက်ထပ်ရန် နေရပ်ကိုစွန့်ခွာပြေးခဲ့ရသူ
“ဘယ်သူကမှ ကျွန်မကို လပ်ထပ်ဖို့၊ စိတ်ဝင်စားမှာ မဟုတ်ဘူး။ ကျွန်မ အဲဒါတွေ အမြဲ စဉ်းစားမိတိုင်း အိပ်မပျော်နိုင်ပါဘူး” ဟု အသက် ၂၄ နှစ်အရွယ်၊ ရိုဟင်ဂျာ အမျိုးသမီးတဦးဖြစ်သူ နူရူဘီဂမ် (Nuru Begum) က စိတ်ပျက်အားငယ်စွာ ပြောဆိုသည်။ သူမက “အိမ်ထောင်ပြုရမယ့် အသက်အရွယ်ကို ကျော်လွန်ပြီ။ ကျွန်မက တကယ့်ကို အသက်ကြီးတဲ့ အမျိုးသမီးကြီး၊ တယောက်နဲ့ တူနေတယ်” ဟုလည်း အခြား ငွေကြေးတတ်နိုင်၍ အိမ်ထောင်ပြုပြီးသူ ရိုဟင်ဂျာ အမျိုးသမီးတချို့နှင့် နှိုင်းယှဉ်ကာ၊ မိမိကိုယ်ကို အားမရသည့် အနေအထားဖြင့် ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ရွာတရွာတွင်နေထိုင် ကြီးပြင်းလာခဲ့သူ နူရူသည်၊ မွေးချင်း မောင်နှမ ၅ ဦးနှင့်အတူ၊ ဖခင်ဖြစ်သူက နီးစပ်ရာ တောင်ပေါ်တွင် ထင်းခွေကာ မိသားစု စားဝတ်နေရေးအတွက် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေရသည်။
rohingya-marriage
ရခိုင်ပြည်နယ်တွင် လက်ထပ်ထိမ်းမြားခြင်းကို တင်းကျတ်စွာ တားမြစ်ထားသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူ အသက် ၂၄ နှစ်အရွယ် နူရူဘီဂမ်း”
တရွာတည်းနေ လူငယ်တဦးနှင့် ရည်ငံနေသည့် သူမသည် သက်ဆိုင်ရာ ဒေသခံအာဏာပိုင်များထံမှ အိမ်ထောင်ပြုခွင့် အမိန့် ရယူရန် ကြိုးစားခဲ့သော်လည်း၊ မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ် (နစက) က ၎င်းတို့ခွင့်ပြုချက်မရှိဘဲ၊  အခြားအမျိုးသားတဦးနှင့် လက်ထပ်ထားခဲ့ကြောင်း သူမကို စွပ်စွဲပြောဆိုခဲ့သဖြင့် သူမဆန္ဒ သဲထဲရေသွန် ဖြစ်ခဲ့ရသည်။
“ကျွန်မကို အဘူလ်ကာစင် နဲ့  လက်ထပ်ခဲ့ပြီးပြီလို့  စွပ်စွဲပြီး၊ ကျွန်မ အဖေကို ဖမ်းသွားခဲ့ကြတယ်။ ကျွန်မအဖေကို စခန်းထဲ ခေါ်သွားကြတယ်။ အများကြီး အရိုက် အနက်ခံခဲ့ရတယ်။ လာဘ်ငွေ ၂ သိန်းပေးပြီးမှပဲ၊ ကျွန်မရဲ့  အဖေကို ပြန်လွှတ်ပေးခဲ့တယ်" ဟု ပြောသည်။
အာဏာပိုင်များ၏ လက်ထပ်ခွင့်အမိန့် တောင်းဆိုခြင်းကို ငြင်းပယ်ခြင်း ခံခဲ့ရသည့် သူမသည်၊ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် ရေကြောင်းဖြင့် နတ်မြစ် (Naff) ကိုဖြတ်ပြီး၊ နီးစပ်ရာ ဘင်္ဂလားဒေ့ရှ်ကို ရေတတန်၊ ကုန်းတတန် အဆင့်ဆင့်ဖြတ်ကျော်ကာ ထွက်ပြေး ရောက်ရှိလာခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ အိမ်ထောင်ပြုနိုင်သည့်အသက်အရွယ်ရှိသူ ရိုဟင်ဂျာ အမျိုးသမီးများ၏ အိမ်ထောင်ပြုနိုင်သည့် အခွင့်အရေးသည် အခြားဒေသခံ ရခိုင်လူမျိုးများနှင့် နှိုင်းယှဉ်ပါက လွန်စွာပင် ခက်ခဲလွန်းလှသည်။
အိမ်ထောင်ပြုနိုင်သည့် အသက်အရွယ်ဖြစ်သော်လည်း အခြေအနေ အမျိုးမျိုးကြောင့် အိမ်ထောင်မပြုသူ အမျိုးသမီး အရေအတွက်မှာလည်း မနည်းလှပေ။
သို့သော် ငွေကြေးတတ်နိုင်သူ ရိုဟင်ဂျာ မိသားစုတချို့သာ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ကို လာဘ်ငွေထိုးပြီး လွတ်လပ်စွာ လက်ထပ်ထိမ်းမြား နိုင်သည်။ စစ်အစိုးရက ၂၀၀၅ ခုနှစ်၊ အစောပိုင်းတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ကို ကန့်သတ်ခဲ့သည်။
“တခြား လူမှုအသိုင်းအ၀ိုင်းမှာ၊ လက်ထပ်ခွင့်ကို တားမြစ်တယ်ဆိုတာ၊ ကျွန်မ တခါမှ မကြားဖူးပါဘူး” ဟု ကန့်သတ်ချက်များအပေါ်၊ မထူးဆန်းသော်လည်း နားမလည်နိုင်သည့် အမူအရာဖြင့် နူရူက ဆိုသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တာမီ (ရ်) ရပ်ကွက်တွင် နေထိုင်သူ၊ အမီလ်ဟူစိန် (Amir Hussain) ၏ သမီးဖြစ်သူ၊ အသက် ၁၉ နှစ်အရွယ်၊ ရှဖီဘီဂမ်း (Shafiqa Begum) ကလည်း သူမအနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်ပါက တနေ့တွင် အိမ်ထောင်ပြုရေးတွင် အခက်အခဲဖြစ်လာနိုင်ကြောင်း ယခုလို ရင်ဖွင့် ပြောဆိုသည်။
“ကျွန်မ အရွယ်ရောက်လာပြီ။ တကယ်လို့  မြန်မာနိုင်ငံမှာ ဆက်နေရင်တော့၊ အနာဂါတ်မှာ လက်ထပ်ရမယ်လို့၊ ကျွန်မ ကိုယ့်ကိုကိုယ် မထင်ပါဘူး” ဟု ပြောသည်။ သို့သော် “ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆက်နေရင်တော့၊ အိမ်ထောင်ပြုလို့ ရမယ်လို့  မျှော်လင့်ပါတယ်” ဟု သူမက ဆက်၍ပြောသည်။
ကန့်သတ်မှုမရှိသော လက်ထပ်ထိမ်းမြားခွင့်၊ လွပ်လပ်စွာ သွားလာခွင့်ရှိပြီး၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုမရှိသော၊ ဘာသာရေးအရ ခွဲခြားဆက်ဆံခံရခြင်း မရှိသည့် အခြေအနေတခုတွင် ရခိုင်ပြည်နယ်အတွင်း အေးချမ်းစွာ၊ နေထိုင်လိုကြကြောင်း ထိုအမျိုးသမီးတစုက ဆိုသည်။
ဒေါက်တာ ဟာဘီဆစ်ကွီ - Dr. Habib Siddqui ရေးသားထုတ်ဝေခဲ့သည့် ‘ရခိုင်ပြည်နယ်တွင်းမှ ရိုဟင်ဂျာ လူမျိုးများ’ အစီရင်ခံစာတွင် စစ်အစိုးရက ရိုဟင်ဂျာလူမျိုး အများစုနေထိုင်ရာ ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသရှိ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်၊ ၁၉၈၈ ခုနှစ်မှ စတင်ကာ၊ ရွာတရွာ အတွက် တနှစ်အတွင်း၊ လက်ထပ်ခွင့် သုံးကြိမ်သာ ခွင့်ပြုထားကြောင်း ရေးသား ဖော်ပြထားသည်။
အလားတူ ရိုဟင်ဂျာများ ပျံ့နှံ့နေထိုင်ရာ အခြားဒေသများတွင်လည်း၊ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားမှုကို တရားဝင် ကန့်သတ်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့ရာ လက်ရှိတွင် အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။
၂၀၀၅ ခုနှစ်၊ မေလ အတွင်း၊ လက်ထပ်ထိမ်းမြားခဲ့သည့် ရိုဟင်ဂျာစုံတွဲများ မှတ်တမ်း၊ မှတ်ရာ မတွေ့ရှိရပေ။ အာဏာပိုင်များထံ လာဘ်ငွေပေးကာ ခွင့်ပြုမိန့် စောင့်ဆိုင်းနေသူ အများအပြားပင် ရှိနေသည်။
လက်ထပ်ထိမ်းမြားနိုင်ရေးအတွက် အများစုမှာ ဘင်္ဂလားဒေ့ရှ်တွင် တိတ်တဆိတ်ထွက်ခွာလေ့ရှိကြသည်။ မြန်မာပြည်ရှိ အာဏာပိုင်များထံ သတင်းပေါက်ကြားပါက ဒဏ်ကြေးငွေအဖြစ် မြန်မာကျပ်ငွေ ၂ သိန်း အဓမ္မ ပေးဆောင်စေသည်။
“ရှေ့ ဆက်ဘာတွေဖြစ်လာမလဲ ဆိုတာရော၊ အနာဂါတ်ကိုရော ကျနော် စဉ်းစားပါတယ်။ အိမ်တိုင်းမှာ အိမ်ထောင်ပြုဘို့ အသက်အရွယ်လွန်နေတဲ့၊ သမီး မိန်းကလေး ၃ ယောက်ကနေ ၅ ယောက်အထိ ရှိကြပါတယ်” ဟု ဖခင် တဦးက စိတ်မချမ်းမြေ့စွာ ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ထပ်ပြီးသူ စုံတွဲ အချို့မှာ နေရပ်ပြန်ရန်ရေးအတွက် အာဏာပိုင်များ၏ တားမြစ်ခြင်းကို ခံရသည်။
ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ ရိုဟင်ဂျာလူမျိုးအများစုသည် လက်ထပ်ထိမ်းမြားရာတွင် အကန့်အသတ်ရှိနေသည်သာမက အစိုးရ တက္ကသိုလ်တခုခုက ပေးသည့် ဘွဲ့ရသူ ဖြစ်လင့်ကစား အလုပ်အကိုင်ရရှိရေးတွင်လည်း အခက်အခဲများ တွေ့ကြုံနေရသည်။
‘ရခိုင်စီမံချက်’ စာအုပ်ကို ရေးသားသူ ခရစ်လယ်ဝါး (Chris Lewa) ကမူ “ရခိုင်ပြည် မြောက်ပိုင်းသည် ရိုဟင်ဂျာများအတွက်၊ ပွင့်နေသော အကျဉ်းထောင် တခုပင်ဖြစ်သည်” ဟု တင်စား ဖော်ပြထားသည်။
၁၉၉၀ ခုနှစ်၊ နောက်ပိုင်းတွင် အစိုးရက လက်ထပ်ထိမ်းမြားလိုသူ မူဆလင်ဘာသာဝင်အများစု၊ ရိုဟင်ဂျာများကို နစက၏ ခွင့်ပြုချက် အမိန့်တောင်းခံရမည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင်၊ လက်ထပ်ထိမ်းမြားခြင်း မပြုမီ အတူနေထိုင်ခြင်း၊ ကာမဆက်ဆံခြင်း မပြုလုပ်ရန်လည်း တားမြစ်ထားသည်။
၎င်းအမိန့် များသည် ပြည်တွင်း တည်ဆဲဥပဒေတွင် တရားဝင်ပြဌာန်းထားခြင်းမရှိသော်လည်း၊ ဥပဒေကို ချိုးဖောက်ပါက တရားစွဲဆိုခံရမည့်အပြင်၊ ထောင်ဒဏ် ၁၀ နှစ် အထိပင် ကျခံနိုင်ကြောင်း ဖော်ပြထားသည်။
၂၀၀၄ ခုနှစ်၊ ဗိုလ်ချုပ်ကြီးခင်ညွန့်  ရာထူးမှ ဖယ်ရှားခံရပြီးနောက်၊ နစက အတွင်း အပြောင်းအလဲများ ပြုလုပ်ချိန်၊ ၂၀၀၅ ခုနှစ် အစပိုင်းတွင် တရားဝင် လက်ထပ်ထိမ်းမြားခြင်း အမိန့် ထုတ်ပေးခြင်းကို လအတော်ကြာ ရပ်ဆိုင်း ထားခဲ့သေးသည်။
၂၀၀၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင်မူ၊ လပ်ထပ်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့သည်။ သို့သော် ကလေး ၂ ဦးထက် ပိုမယူရ ဟူသည့် ကန့်သတ်ချက်က ပူးတွဲပါလာခဲ့သည်။
အိုင်ပီအက်စ် (IPS) အစီရင်ခံစာတခုတွင် “မြန်မာနိုင်ငံ အနောက်ပိုင်း၊
ဝေးလံခေါင်ဖျားသည့် ဒေသရှိ အမျိုးသမီးငယ်၊ အမျိုးသားငယ်တို့အတွက် စစ်အစိုးရ၏ ကန့်သတ်ချက်များသည် ၎င်းတို့အပေါ် ပုံစံတမျိုးနှင့် ခွဲခြားဆက်ဆံခံရနေသည်။ အိမ်ထောင်ပြုရေးအတွက် ကန့်သတ်ခြင်း ခံနေရသည်” ဟု ရေးသား ဖော်ပြထားသည်။
အလားတူ ၂၀၀၂ ခုနှစ်၊ ဂျူလိုင်လထုတ် ‘လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့’ -HRW အစီရင်ခံစာတွင်လည်း၊ “ရခိုင်ပြည်နယ်ရှိ၊ ရိုဟင်ဂျာ မူဆလင်များ၊ အကြမ်းဖက် ခံနေရမှုမှာ အစဉ်အလာ ကဲ့သို့ဖြစ်နေပြီး၊ ထို အကြမ်းဖက်မှုများကို မြန်မာစစ်တပ်က စနစ်တကျ ကျူးလွန်လျက်ရှိသည်” ဟု ဝေဖန် ထောက်ပြထားသည်။
မည်သို့ပင် အခက်အခဲများ၊ မတူညီမှုများ ရှိနေလင့်ကစား၊ ရိုဟင်ဂျာလူငယ်များ၏ ဆန္ဒသည်  ၎င်းတို့နေထိုင်ရာ မြန်မာနိုင်ငံတွင်၊ အခြားလူငယ်စုံတွဲများနည်းတူ လွတ်လပ်စွာ ထိမ်းမြားခြင်း အခွင့်ကို ရရှိလိမ့်မည်ဟု မျှော်လင့် တောင့်တနေကြသည်။
“ရခိုင်ပြည် မြောက်ပိုင်း အမိမြေမှာပဲ၊ လွတ်လွတ်လပ်လပ် လက်ထပ်ချင်ပါတယ်။ ဘယ်အချိန်ကာလကျမှ ဒီလိုအခွင့်အရေးတွေ၊ ရလာမလဲဆိုတာ ကျွန်မ မသိဘူး။ ဒါမှပဲ လက်ထပ်ချင်သူ၊ ရိုဟင်ဂျာအမျိုးသမီးတွေ အလွယ်တကူ၊ အိမ်ထောင်ပြု လက်ထပ်နိုင်မှာ ဖြစ်တယ်” ဟု နူရူဘီဂမ်းက ဖြစ်လိုသည့် ဆန္ဒကို တမ်းတ ပြောဆိုလိုက်သည်။
Wednesday, January 26, 2011
ကချင်ပြည်နယ်ပန်ဝါဒေသမှာ ၁၆ ရက်က နှင်းမုန်တိုင်းကျ
ကချင်ပြည်နယ်ပန်ဝါဒေသမှာ ဒီလ ၁၆ ရက်က နှင်းမုန်တိုင်းကျသွား....
တတိယမြောက်အအေးလှိုင်း မြန်မာနိုင်ငံ ဒေသတချို့ကို ဖြတ်သန်းဝင်ရောက်နေ...
-
3 attachments — Download all attachments   View all images  
snow2_Myanmar.jpgsnow2_Myanmar.jpg
100K   View   Download  
snow3_Myanmar.jpgsnow3_Myanmar.jpg
100K   View   Download  
snow4_Myanmar.jpgsnow4_Myanmar.jpg
126K   View   Download