Tuesday, April 26, 2011
To The Destiny
From one mountain to another
Mountains are never ending
When I pass one mountain
The other one awaits me
I try, and try again
With my whole capacity
Sometimes, I do get tired
I say, Oh! that's enough
I think about quitting the journey
No, no, I can't
I have started it,
One day, I must reach my destiny
I won't be discouraged and turned back
Relax and think steadily
Take the cold water from the stream
Listen to the bird's singing
Take a new energy, and a new hope
Step to my destiny
Oh! how lovely am i
composer Ngew Tar Yi ( In Burmese )
Translated in English by Lin Lin
Monday, April 25, 2011
ပင်လယ်ထဲ့  ရေ ဆော ရင်း ငမန်း စာ အဖြစ် အသက်ဆုံး ရှုံးသူ
ပင်လယ်ထဲ့  ရေ ဆော ရင်း ငမန်း စာ အဖြစ် အသက်ဆုံး ရှုံးသူ
မည်သည့်  နိုင်ငံ တွင် ဖြစ်ခဲ့ သည် ဟု အတိအကျ မဖော် ပြခဲ့ သော် လည်း Mexico သူ ဟု ခန့် မှန်း နိုင်သည်။
ဦးဦး မှော်ဆရာ မေး ဂရုပ် မှ ရရှိခြင်းဖြစ်သည်။
သူယောင်မယ် လေ လား
သူယောင်မယ် လေလား
လွန်ခဲ့ သော  ၁၀ နှစ် ခန့် က ဖြစ်သည်။
နိုင်ငံခြား သို့ ပထမဦး စွာ ရောက်ရှိ ခြင်း ဖြစ် သည်။
အများ သုံး တယ်လီဖုံး မှ တန်း စီပြီး ကိုယ့်အိမ် ကို တယ်လီဖုံးဆက်ရ သည်။
ရောက်လျှင်ရောက် ခြင်း
 ဖုံးကဒ်ဝယ်ပြီး အိမ် ကို ဖုံး ဆက်ရန် သွားကြ သည်။  
ပထမ ဦးစွာ ကျွန်တော့် အိမ် ကို ဆက်သည်။
 အိမ်မှ တယ်လီဖုံးကိုင် လျှင် ကိုင်ချင်း၊ ဖုံး ကဒ်မှ ငွေကို အချိုးကျ အလိုအလျောက် နှုတ်သွား သည် ကို သတိထား မိ လိုက်သည်။
အိမ်နှင့်ပြောပြီး သော အခါ ကျွန်တော့် သူငယ်ချင်း ကို နေရာပေးပြီး  ကျွန်တော့် သူငယ်ချင်း အလည့်…..
သူသည် ကျွန်တော့်ဘက် လှည့်ပြီး ပြုံး ဖြီး ဖြီး လုပ် ကာ တယ်လီဖုံးကိုင် ရင်း
 " YES !!! YES !!!" " OK !!!! OK !!! "
 ဟုပြူး ပြူး ပျာ ပျာ ပြော နေ သည်။  
ဖုံးကဒ်မှ ပိုက်ဆံလည်းတပြား မှမလျော့။
ကျွန်တော် က
 ကောင်မလေး တယောက်ကွ…ငါ့ ကို ပြောနေ လို့ ပြန်ပြော နေ ရ တယ်ကွ…..ဟဲ ဟဲ…
ကျွန်တော်လည်း အတော်ကို အံ့ဩ ပြီး တယ်လီဖုံး ကို ပြန် ကိုင်… သူငယ်ချင်းရဲ့ နံပါတ်ကို ပြန် ခေါ် သော အခါ  ကောင်မလေး အသံကြား ရ ပါ တယ် ။ 
 ကောင်မလေး ပြောနေတာ ကတော့….
The number you have dialed is busy now,…..
please try again later…..
တဲ့ ။ 
(This  is copy right by prince ocean.)
Posted by Admin on Tuesday 04 March 2008 - 04:01:08
Copyright (C) 2008 Myanmar Online Encyclopedia.
Permission is granted to copy, distribute and/or modify this document
under the terms of the GNU Free Documentation License, Version 1.2
or any later version published by the Free Software Foundation;
with no Invariant Sections, no Front-Cover Texts, and no Back-Cover
Texts.  A copy of the license is included in the section entitled "GNU
Free Documentation License".
အသက်ရှုခြင်း
အသက်ရှုခြင်း
ငပွေး နဲ့တင်အောင် တို့နှစ်ယောက်ကို ရန်ကုန်က သူ့ဘကြီးလှမ်းခေါ်လို့ မြို့တက်ကြတာ။
ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့
လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီးရပ်ထားတာတွေ့တယ် ။
စက်ဖုံးကြီးလဲဖွင့်လို့ပေါ့။
ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။  "ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ"
တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ...
 "အ  ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာမောလို့  ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ"
ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။
တစ်နေရာလည်း ရောက်ရော သူတို့စီးလာတဲ့ကားက ထိုးရပ်သွားတယ်။
"ခရီးသည်များအားလုံး ကျွန်တော်တို့ကားအင်ဂျင်ပူသွားလို့  ခဏနားပါမယ်။ အောက်ခဏဆင်းပြီးအပေါ့အပါးသွားနိုင်ပါတယ် "  ဆိုတဲ့ စပါယ်ယာအော်သံထွက်လာတယ်။
ငပွေးနဲ့တင်အောင်လည်း အောက်ကိုဆင်းကြတာပေါ့။ 
 အောက်လည်းရောက်ရော ငပွေးက တင်အောင်ကို မျက်စပစ်ပြပြီှးနှစ်ယောက်သားမျက်စိမျက်နှာပျက်သွားကြတယ်။ကားပေါ်ကိုခပ်ကုပ်ကုပ်လေး
ပြန်တက်ထိုင်နေလိုက်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်လည်း စကားတောင်မပြောနိုင်တော့ဘူး။
ရန်ကုန်ကားဂိတ်ရောက်တော့  သူတို့ဘကြီးက စောင့်နေနှင့်တာပေါ့။
"ငပွေးနဲ့တင်အောင် မင်းတို့ မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာ…. "
ဘကြီးတောင်စကားမဆုံးသေးဘူး ... ဘကြီးလက်ကိုနှစ်ယောက်သားဆွဲပြီးပြေးလိုက်တာ
အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့  ကားဂိတ်နဲ့ခပ်ဝေးဝေးလဲရောက်ရော …
"ဘကြီးရာပြောမနေပါနဲ့တော့...သူများကားတွေ မောလို့အသက်ရှုတာ
 ပါးစပ်ဖွင့်ပြီးရှုပါတယ်... ကျွန်တော်တို့ကားကျမှ ဖင်လှန်ပြီးရှုရတယ်လို့ …
 ရှက်လွန်းလို့ ကားနားတောင်မနေရဲတော့ဘူး " တဲ့ …။
                                                                                                                             သက်ထွန်း  
Posted by Admin on Friday 04 April 2008 - 18:52:47
Copyright (C) 2008 Myanmar Online Encyclopedia.
Permission is granted to copy, distribute and/or modify this document
under the terms of the GNU Free Documentation License, Version 1.2
or any later version published by the Free Software Foundation;
with no Invariant Sections, no Front-Cover Texts, and no Back-Cover
Texts.  A copy of the license is included in the section entitled "GNU
Free Documentation License".
Thursday, April 21, 2011
အိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ ဟားရ်ဗားဒ် Harvard တက္ကသိုလ် သို့ 
                          လိဇ် (Liz) နဲ့ သူမ၏ အမ (Lisa) တို့ နှစ်ဦးမှာ အစာငတ် ပျက် တစ်လှည့်  အသက်ကို ကြုံရာ ဆက်နေရရှာသည်။  အဝတ်အစား ဝတ် ရန် မရှိသဖြင့်  တစ်ထည်တည်းရှိသော အဝတ် တစ်စုံကို နေ့ တိုင်း  ညစ်ပတ် နံစော်နေသည် အထိ ဝတ်သည်။   စတိုးဆိုင်များမှ လွင့် ပစ်သော အစားအစာ များကို ကောက်စားရင်း တစ်နေ့ တာ ဘဝကိုတင် မျှော်လင့် ချက်ကင့် မဲစွာ ဆက်နေရသည်။
                         မည်သို့ ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမ (Lisa ) တစ်ယောက် ကျောင်းကို အဆက်မပြတ် တက်နေခဲ့ သည်။ သို့ သော် စိတ်ပျက် စရာကောင်းသော  သူတို့ မသားစု ၏ အငှားခန်း ၊ မိဘနှစ်ပါး ၏     သားသမီးအပေါ်     ပြုစုစောင့် ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊    သွန်သင် လမ်းပြမှုလုံးဝမရှိခြင်းတို့ ကြောင့်      လိဇ်    ကျောင်းတက်ချင် စိတ် မရှိပါ။
                           မိဘ အုပ်ထိန်းမှု အောက် တွင် မှီခို ကျောင်းတက်ရမည့်  အရွယ်  ၉ နှစ် သမီး လိဇ် တစ်ယောက်  ရပ်ကွပ်  စတိုး ဆိုင် များ တွင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်  ကာ  ဆိုင်နောက်ဘေး အမိုက်သိမ်း သန့် ရှင့် ရေး စသော ရရာ အလုပ်ကို လုပ်ခဲ့ သည်။  Sandwich (ဆန်းဝိခ်ျ ) တစ်ခု မျှသာ ဝယ် ရန် လုံလောက်သော  တစ်နေ့ စာ လုပ်ခ ကို ပင် မိခင် ဖြစ် သူ က လူးယှက် ကာ  ဆေး ဝယ် သုံး စွဲပစ် သည်။ မိခင်ဖြစ်သူ က   သား သမီး များ   ကို စောင့် ရှောက် မည့်  အစား   သူမ၏ သမီး   လိဇ်  က သာ မိခင် အား  ကလေး တစ်ယောက် ပမာ စောင့် ရှောက် ခဲ့ သည်။
                          တစ်လ သုံးရက် ခန့် သာ ကျောင်းတက်ဖြစ်သော လိဇ် မှာ  အတန်းထဲ့ တွင်  အခြားကျောင်းသား ကျောင်းသူ များ ၏ လှောင်ခြင်းကို လည်းနေ့ တိုင်း ခံခဲ့ ရသည်။ သူမ ၏ ညစ်ပတ်  သော အဝတ်အစား နဲ့  ဖရိုဖရဲ သော ဆံပင်များ ကြောင့်   သူငယ် ချင်း ဟူ၍ လည်း မရှိပါ။  သူငယ် ချင်း   အသိုင်း အဝိုင်း မှ စွန့် ပစ် ခြင်းကို ခံရသူလည်းဖြစ်သည်။
                       လိဇ် အမေတွင် အေအိုင်ဒီအက်စ် (AIDS) နဲ့ တီဘီ   ရောဂါရှိကြောင်း  သူမ   အမေကိုယ်တိုင်ပြောပြ၍   လိဇ်   အသက် ဆယ်နှစ် အရွယ်တွင်သိခဲ့ ရသည်။   သို့ သော်   မိခင်ဖြစ်သူ ဆေးစွဲ သူသည်  သူမ ကျောင်း မတက်ခဲ့ သောကြောင့်  ဤကဲ့ သို့  သော  ဘဝရောက်ခဲ့ ရ ကြောင့်  လိဇ် အား နေ့တိုင်း ပြောကာ  ကျောင်း  ပြန် တက်ရန်  လိဇ်    အား   တိုက်တွန်း ခဲ့ သည်။
                      AIDS ရောဂါဖြင့်  လိဇ် အသက် ဆယ်ငါးနှစ် အရွယ်တွင် လိဇ်၏မိခင် ဆုံးသွားခဲ့ ပြီး  ဖခင် ဖြစ်သူ သည် လည်း  အိမ်ခန်းငှား  ခ  မပေးနိုင်သောကြောင့်  အိမ်ယာ မဲ့  သူ  တို့   ခိုလုံ ရာ  ဒုက္ခသည် ဇရပ် သို့  ပြောင်းရွေးခြင်းခံရသည်။
                       ထို အချိန်မှ စ၍  လိဇ် သည်  အတောင် မစုံ သော ငှက် ငယ်လေး  ပမာ  လေလွင့် ရာ  စုံ ၊ ဆန် မျှော ရင်း  နားခိုရာမဲ့  လမ်းဘေးဘဝသို့  ရောက်ခဲ့ ရ  ကာ ခွက်လက်စွဲ တောင်းစား ရတော့ သည်။  အပျိုပေါက် စ အရွယ် ဖြစ် သော်လည်း  သူတစ် ပါး များ နဲ့ မတူ  သူမ ဘဝသည်  ခြားနား လွန်းလှ သည်။  Subway ၊ ရထား ၊ အဆောက် အအုံ ဟောင်း   စသော နေရာများ တွင် ကြုံ ရာ အိပ် ရလေသည်။ သူမ အတွက် မနက် ဖြန် ဘယ် နေရာ တွင် အိမ်ရာ မည် ဆို သည် မှာ  သေချာသော အဖြေ လုံး ဝ မရှိချေ။
                        သို့ သော်  သူမ အတွက် လမ်းဘေး ရောက် သူတောင်းစား ဘဝ မှ လွတ်မြှောက်ရန် ထွက်ပေါက်  လမ်းစ  တစ်လမ်း ဤ ကမ္ဘာ တွင် ရှိရ မည် ဟု  သူမ ခိုင်မာ စွာ ယုံကြည်ထားသည်။  ထို ယုံကြည် ချက်မှာ ကျောင်းပြန်တက်ရန် ဖြစ်သည် ။ မည် သို့ ပင် လိဇ် ၏ ဘဝ  ခက်ခဲ့  ကြမ်း စေကာမူ  ရောက်ရာ  နေရာတိုင်း တွင် သူမ  နဲ့ အတူ စွယ် စုံ ကျမ်း များ   ကို သယ် ဆောင်သွားကာ  အချိန်ရှိတိုင်း  ဖက်သည်။
                      လိဇ် ၏ မိခင်တွင် ဆိုးဝါး စက်စုပ် ရွံရှာ ဖွယ်ကောင်းသော ရောဂါများ ခံစား ရသည် မှာ ကျောင်း မတက်  အသိပညာ ကင်းမဲ မှု များ ကြောင့်  ထိုကဲ့ သို့ သော  ရော ဂါများဖြင့်  ခံစား  သေဆုံး ရခြင်း ဖြစ် သည် ဟူသော မေ့ မရသည့်   ကြောက်လန့် ဖွယ် ဖြစ်ရပ်  တစ်ခု သည် လိဇ် အတွက် အကောင်းဆုံး သင်ခန်းစာ သက်သေ တစ်ခု ပင်ဖြစ်သည်။
                         ထို့ နောက် ကျောင်းပြန်တက်ရန် ဆုံး ဖြတ်ချက် ချ ကာ ကျောင်းတစ်ကျောင်းတွင်  နာမည် စရင်းသွင်း ခဲ့ သည်။  သူမ၏ နေရပ်လိပ်စာ နဲ့  ဖုန်း နံပါတ် ပေး စရာ မရှိသော ကြောင့်   သူငယ် ချင်း တစ်ယောက်ထံမှ လိပ်စာ အတုကို တောင်း ကာ  သူမ၏ လိပ်စာဖြစ်ကြောင့် ကျောင်းတွင် လိမ်ပေး ခဲ့ သည်။ 
                       လိဇ် သည်  တစ်ခြား ကျောင်းသား/ကျောင်းသူ  များ ထက် အသက် ကြီး မှ အထက်တန်းကျောင်း  တက်ရသည်။  အစာကို ကျောင်းတွင်စား ၍ ကျောင်းမတက်သော နေ့ များတွင်  တစ်ရက်  တစ်နက်သာ အစာစား သည်။ ကျောင်းတက်ရင်း  တစ်အိမ် ဝင် တစ်အိမ် ထွက် ပုဂံဆေး ၊ ကြမ်းတုတ် ၊ သတင်းစာ ၊ဂျာနယ် များ ကို ရောင်း ရင်း  နားနေရာ လမ်းဘေး သစ်ပင် များ  အောက် တွင် စာကျက်သည်။
                       လိဇ် သည် အိပ် ချိန် ပင် လုံးဝ မရှိဟု ပြောရလောက်အောင်   ရှိသမျှ အချိန် များ ကို ကျောင်းစာ ကျက် မှတ် ခြင်း ဖြင့်  အချိန်ကုန်စေသည်။  ထိုသို့   အိပ်ရေး ပျက် အပင် ပန်းခံ ကြိုးစားခြင်းသည်   လမ်းဘေးတွင် လက်ဖြန့်   တောင်း စား ခြင်း နှင့်  နိုင်းယှဉ် လျှင်   မိုး နဲ့  မြေ ကဲ့ သို့  ပင် ကွာဟ သော ကြောင့်   ဆင်းရဲ ဒုက္ခ ပင်ပန်း ခြင်း ကို  တစ်ခါ မျှ မငြည်း ညူ ခဲ့ သူလည်း  ဖြစ်သည်။
                       လိဇ် သည်  ၄ နှစ် သင် ရသော  အထက် တန်းကျောင်း ကို  ၂ နှစ်  အတွင်း ပြီးစေ သည် သာမက   ဘာသာရပ် တိုင်းတွင်   အမှတ် ၉၅ ရာ ခိုင်နှုန်း ဖြင့်   အောင် မြင် ခဲ့ သည်။  အမှတ် အကောင်းဆုံး  အတော် ဆုံး ကျောင်းသား ကျောင်းသူ ဆယ် ရောက် ( Liz) (လိဇ် အပါဝင်) တို့ အား ကျောင်းအုပ်  ဆရာကြီး   က ပညာ တော်သင်  ဆု အနေဖြင့်   Harvard University ( America တွင် နာမည် အကြီးဆုံး တက္ကသိုလ်ထဲမှ တစ်ခု)  တက္ကသိုလ်  တွင်  အခမဲ   ခရီးလည် ပတ်စေသည်။
                         ထို တက္ကသိုလ် တွင်  ပညာသင်ကြား  နေသူ အများ စု မှာ ချမ်းသာ သော မိဘ အသိုင်း အဝိုင်း မှ သား သမီး များ  ဖြစ်ကြသည် ကို  လိဇ် မြင် သော အခါ တွင်  သူမ ၏ ဘဝ  နှင့်   ဆီ နဲ့ ရေ ကဲသို့   ကွာ ခြား နေ သည် ကို သိရ သဖြင့်   မိမိ ကိုယ် ကိုယ်  စိတ်အား  သိမ် ငယ် နေခဲ့  ရှာ သည်။
                         သို့ သော်   လိဇ်  အား  ထို တက္ကသိုလ်  တွင်  ရှောက် ကြည့်  ရန်  ကျောင်း အုပ် ဆရာ ကြီး က တိုက် တွန်း ခ့ဲသည်။ အထက်တန်းကျောင်း ကို အမှတ် ကောင်း စွာ ဖြင့် အောင်ခဲ့  သော်ငြားလည်း ကောလိပ် ဆက်တက် ရန် ပိုက်ဆံ  မရှိ  သော သူ မ ၏ ဘဝ အတွက် အထောက် အပ့ံ ဆို သည် မှာ အကယ် စင်စစ်  ပင် လို အပ် နေသော အချိန်  ဖြစ် သည် အားလျှော် စွာ  မမျှော် လင့် ပဲ့  သတင်းစာ ကြော် ငြာ တစ်ခု ကို သူမ ဖက်မိ သည်။ ထို သတင်း စာ မှာ   နူး ယောက် မြို့ အတွင်း မှ အခက် ခဲ့ ရှိသူ များ မိဘ ဝင် ငွေ  နည်း  သားသမီး များ  အတွက်   ထောက်ပံ့ ကြေး ငွေ  (scholarship) ရှောက် နိုင် ကြောင်း New York Time မဂ္ဂဇင်း မှ သတင်းကြော်ငြာစာ ဖြစ် လေသည်။
                            လိဇ် သည်  အထက် တန်း ကျောင်း တက်ခဲ့ သော အချိန် တွင် သူမ သည် အိမ်ယာ မဲ့  လမ်းဘေး က တစ် ကောင် ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း  မည်သူ တစ်ဦး တစ် ယောက် ကို မျှ သိခွင့် မရှိအောင်  ဖုံးကွယ်ခဲ့ သော် လည်း သူ မ၏  နောင် ရှေးရေး ဘဝ အတွက် သူမ  ဖွင့် ပြော ရန် အချိန်ရောက် လေပြီ။
                            လိဇ် မည်ကဲ့ သို့  လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံး အဖြစ်အသုံးပြုတစ်လှည့်  တွေ့ တစ်မျှ အရိပ် ကို မိမိ အိမ်အသွင် သက်မှတ်ကာ တစ်နေ့ စာ အတွက် မည် ကဲ့ သို့ ခက် ခဲ ကြမ်းတမ်း စွာ ရှာခဲ့ ရပုံများမှာ စိတ်ကူးယှဉ် ဆန် လှ သည် ဟုပြောရလောက်အောင် သနားဖွယ် ကောင်းသော သူမ၏ အကြောင်း  ကို    မျက်ရည်စက် များ နဲ့ အတူ     ရေးကာ   တင်ထား သော  သူမ၏  ရှောက်လွှာ အား  New York Time မဂ္ဂဇင်း မှ လှိုက်လှိုက် လှဲလှဲ ပင် ကြို ဆို လက်ခံ အတည်ပြု ခဲ့ လေ သည်။
                             New York Time မဂ္ဂဇင်း မှ လိဇ် အား ကျောင်းလခ တစ်နှစ် လျှင် ဒေါ်လာငွေ  တစ်သောင်း နှစ်ထောင် ဖြင့် ကူ ညီ မည် ဟု ဂတိပေးသည် သာမက  လိဇ် အား  ဂုဏ်ပြု သည့်   အနေဖြင့် 
New York Time ၏   ညီလာခံပွဲတော်ကြီး    တွင်   လိဇ် အား   ကျေးဇူး တင်   စကားပြောရန် နဲ့   သူမ ၏   ဘဝ  အကြောင်း  တစ်စိတ်  တစ်ဒေသ   ပြောပြရန်    တောင်းဆို ခဲ့ သည်။
                            ညီလာခံပွဲတော်ကြီး အပြီးတွင် လူအုပ်ကြီး ၏ လက်ခုပ်သံ များ နဲ့ အတူ  နတ်သမီး အလား ရုတ်တရပ် ဆို သကဲ့ သို့   လိဇ် အတွက် အဝတ် အစား ဝယ် ပေးမည့် သူ၊ အိမ်ခန်းငှားပေးမည့် သူ ၊ ကျန်းမာ ရေး အတွက် ကုန်ကျစရိတ်အာမခံပေးမည့် သူ၊ စားနတ်ရိတ်ခါဝယ်ပေးမည့် သူ၊ စာအုပ်စာတန်းဝယ်ပေး မည့် သူ၊ ကားဝယ်ပေးမည့် သူ အစရှိသည်ဖြင့်   လိုလေသေး မရှိအောင် အလှုရှင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။
                               ထို အချိန်မှ စ၍  လိဇ် ၏ ဘဝ ပျော်ရွင် ကြည်နှုး ခြင်းများ နဲ့ အတူ လူ့ လောက အလယ် တွင် လူတစ်ယောက်နဲ့ တူ သော အခွင့် အရေး များပိုင်ဆိုင် ထားပြီး  တက္ကသိုလ် ကျောင်းသူမ ဘဝ    အဖြစ်  ဟားရ်ဗား(Harvard University) တွင်   စတင်တက်ခဲ့ လေသည်။
                                2009 ခု နှစ် တွင် psychology ဖြင့်  ဟားရ် ဗား မှ ဘွဲ့ ရခဲ့ ပြီး မဟာ ဘွဲ ယူရန် ဆက်တက် နေသည်။  psychology ဖြင့်  ဒေါက်တာ ဘွဲ အထိ ရယူရန်  ရည်ရွယ်  ချက်ရှိ  သူ လည်း ဖြစ်သည်။
                             ဂုဏ်ပြု ဆု မြောက်များ စွာကို လက်ခံ ရရှိ ၍ လူ သိ ရှင်ကြား ကျော်ကြားသူ သာ မက  ယခု အချိန်တွင် လိဇ် သည်  အမေရိ ကန် နိုင်ငံ   အပြင်   အခြား   သော နိုင်ငံများ  တွင်   ကျင်းပသော ညီလာခံများ   ၌   သွားရောက်လည်ပတ်  မိန်းခွန်းပြော ရန် ငွေကြေးဖြင့်  ငှား ခေါ် ကြ သည်။
                              လိဇ် သည်   အမေ ရိက နိုင် ငံ သမ္မတ အဖြစ်  ပါဝင်ယှဉ်ပြိုင်    မဲဆွယ်  ရန် လည်း ရည် ရွယ် ချက် ရှိသူ ဖြစ်သည်။
Concise Translated by Peter Lin.
From" Breaking Night " Novel.
04/21/2011
                         တောင်းဆို ချက် ။  ။
                                                 ဤ post သည်  နာဂစ်မုန်တိုင်း နဲ့ င လျှင် ကြောင့်  အိုးအိမ် ပျက်စီး ခြင်း ခံရသူများ   မိဘ များ နဲ့ တစ်ကွဲတစ်ပြား ဝေးနေရသော သားမသမီးများ ဒုက္ခရောက်သူများ အတွက် အားပေး စကား   အဖြစ်   ရည်ရွယ်ကာ  ရေး ထားခြင်း   ဖြစ်သောကြောင့်   မိမိ ထံမှ သူငယ်ချင်းများ     ဆီသို့ ၊   သူငယ် ချင်း များ  ထံမှ   တစ်ဆင့်    ရည်ရွယ်သော    သူများ  ထံ   အရောက်    ပို့ ပေး  ကြ  ပါရန် မေတ္တရပ်ခံလို   ပါသည်။
                                    ချစ်သော လင်းလင်း
Tuesday, April 19, 2011
ဆန်ကာ သုံးခု
တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။
ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား”
ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။
ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”
“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”
“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”
“မဟုတ်ဘူး”
“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”
“ မကြီးပါဘူး”
“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”
အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။
အရေးကြီးသောကိစ္စ စကားကို ဖြည်းဖြည်းပြောပါ။
ပြဿနာကြီးမားပါက စကားအား သေချာပြောပါ။
ပြဿနာသေးလျှင် စကားကို ဟာသနှော၍ပြောပါ။
မယုံကြည်ရသောကိစ္စ စကားကို ဆင်ခြင်ပြောပါ။
မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့ မပြောပါနှင့်။
မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။
လူတစ်ဖက်သား ထိခိုက်စေသောစကား မပြောပါနှင့်။
မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။
ပျော်ရွှင်စရာကိစ္စ အခြေအနေကြည့်ပြီးပြောပါ။
စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။
သူတစ်ပါးကိစ္စ သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ တစ်ပါးသူ ဘယ်လိုပြောလဲ နားထောင်ပါ။
သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။
လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။
သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။
နိုင်းနိုင်းစနေ ၏ ဘာသာပြန် ချက်များ ထဲ့ မှ ကောက်နုတ်သည်။
Saturday, April 9, 2011
အမေချွေးသိပ်ဖို့သားအရိပ်လေးဖြစ်ပါရစေ
  • အား မင်းဒဿ ရေးသားပါသည် ဧပြီ 6, 2011 at 8:35pm
နှစ်သစ်ကူးတော့မယ်နော် အမေ ပြောပြောနေတဲ့စကားလေးတွေ နားထဲကမထွက်ဖူးအမေရယ် ငါ့သားလေး အသက်တစ်နှစ်ကြီးပြီတဲ့
အရင်က အမေ့ရင်ခွင်မှာခိုဝင်လို့ ပျော်ခဲ့ရတဲ့ နေ့ရက်တွေ ပြန်တွေးနေရင်း သားငိုမိနေတုန်းပဲအမေ ။ နယ်မြေခြားမှာ အမေ့ကိုစွန့်ခွါလို့ ဘ၀တစ်ခုတွက် နဖူးကချွေးခြေမကျ အောင် ပင်ပန်းနေခဲ့ပေမဲ့ ညအိပ်ရာဝင်တိုင်း အမေ့ကိုတမ်းတလို့ ရှိခိုး ရတဲ့အချိန်ဟာ သားတွက်ဘာနဲ့မတူတဲ့
အားအင်တွေ ပြန်ရခဲ့သလိုပဲ အမေရယ် ။ အလုပ်ကပြန်လာလို့ ၀မ်းပန်းတသာ အိမ်ကိုရောက်လို့ အမေလို့အော်ခေါ်ရင် ထွက်ကြိုတတ်တဲ့ အမေလည်း ရှိမနေတော့ တခါတလေသား အရမ်းဝမ်းနည်းမိတယ်၊ အမေနဲ့ဝေးလေ အမေနားမှာ မရှိခဲ့တဲ့အချိန်တွေကို သားအရမ်းနှမြောမိတယ်။
ဖြစ်နိုင်ရင် သားအဲ့ဒီအချိန်တွေကို ပြန်လိုချင်နေတယ်အမေရယ်။ သားလေ ခု စဉ်းစားနေတာ သားငယ်ငယ်တုန်းက အမေရိုက်လို့ ငိုခဲ့ရတယ် ။ အမေလုံးဝမချော့ခဲ့ဖူးနော်။အေ
မကရက်စက်တယ်လို့ထင်ခဲ့ပေမဲ့ ညအိပ်တော့ သားနဖူးကို ဖွဖွလေး နမ်းလို့ ကြိတ်ငိုခဲ့တာ သားသိခဲ့ရတယ်လေ။
သူများသားသမီးနဲ့ယှဉ် ရင် သားကို အောက်မကျအောင် မျက်နှာမငယ်အောင် နေပူထဲမှာ မိန်းမတန်မဲ့ ယောက်ျားသားတွေနဲ့ တန်းတူ ရှာဖွေကျွေးမွေးခဲ့တဲ့အမေ ။ လူလားမြောက်လာတော့လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေ ။
အမေ့မေတ္တာ အမေ့စေတနာတွေက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ဘူးအမေရယ် ။ အမေကို အရမ်းချစ်တယ် အမေရယ် ။ သားလေ ခုအမေဆုံးမသလို လူဝင်ဆန့်အောင်နေတယ် လိမ္မာယဉ်ကျေးအောင်နေတယ် ။ အမေ စိတ်ချပါ အမေပင်ပန်းခဲ့သမျှတွေချွေးသိပ်
နားခိုဖို့ သားတစ်လှည့် အမေ့တွက် အရိပ်တစ်ခု ဖြစ်ရပါစေမယ် အမေရယ် ။
( နယ်ခြားမြေခြား တိုင်းတစ်ပါးမှာ ချစ်ရဲ့ နဲ့ စွန့်ခွါ လို့ မိဘတွက် အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းများ နဲ ကျန်သော မိဘချစ်တတ်သောမည်သူမဆို ခံစားနိုင်သည် ။)
Thursday, April 7, 2011
ACTIVE VOICE & PASSIVE VOICE ကတ္တားရှေ့ နေ နဲ့ ကံရှေ့ နေ
ACTIVE VOICE  &   PASSIVE VOICE
ကတ္တား  ရှေ့   နေ  နဲ့    ကံရှေ့ နေ
                  ဝါကျ တစ်ခု ၏ ကတ္တား ပုဒ်သည် အပြု အမူ ကို ပြုလုပ်သူ ဖြစ် သည့် အခါ ၎င်း ၏ကြိယာ သည် Active Voice ဖြစ် ၍ ကတ္တား ပုဒ်သည် ပြုလုပ်ခံ ရ သူ ဖြစ်သောအခါ ထိုဝါကျ ၏ကြိယာ ကို Passive Voice ဟုခေါ်သည်။  ( ကတ္တားပုဒ်ရှေ့ မှနေပါက ကတ္တားရှေ့ နေဝါကျ၊ ကံပုဒ်ရှေ့ မှနေပါက ကံရှေ့ နေဝါကျဟုခေါ်သည်)
ဥပမာများ။
Peter kicks the ball.     (A.V)  ပီတာသည်ဘော်လုံးကို ကန်သည်။ (ကတ္တားရှေ့ နေ)
The ball is kicked by peter.  ဘော်လုံးကို ပီတာက ကန်သည်။ ( သို့ ) ဘော်လုံးသည် ပီတာအားဖြင့် အကန်ခံရသည်။ (P.V)
Peter Lin buys an apple. (A.V) ပီတာလင်းသည် ပန်းသီးတစ်လုံးဝယ်သည်။
An apple is bought by Peter Lin. (P.V) ပန်းသီးတစ်လုံးကို ပီတာလင်းက ဝယ်သည်။ (သို့ ) ပန်းသီးသည် ပီတာလင်းအားဖြင့် ဝယ်ခြင်းကို ခံရသည်။
Peter Lin saw a girl. (A.V) ပီတာလင်းသည် ကောင်မလေးတစ်ယောက်ကို မြင်ခဲ့ သည်။
A girl was seen by Peter Lin. (P.V) ကောင်မလေးကို ပီတာလင်းက မြင့် ခဲ့ သည်။ (သို့ ) ကောင်မလေးသည် ပီတာလင်းအားဖြင့်  မြင်ခဲ့  ခြင်းကိုခံရသည်။
Peter Lin will attend George Town University. (A.V) ပီတာလင်းသည် ဂျော်၇်ထောင်း တက္ကသိုလ်သို့ တက်လိမ့် မည်။
George Town University will be attended by Peter Lin. (P.V) ဂျော်ရ်ထောင်း တက္ကသိုလ် ကို ပီတာလင်း တက်လိမ့် မည်။ (သို့ ) ဂျော်ရ် ထောင်း တက္ကသိုလ်သည် ပီတာလင်းအားဖြင့် တက်ခြင်းခံရလိမ့် မည်။
မှတ်သားရန်၊၊ ၊၊ အောက်ပါဖော်ပြရာ ပုံကို ဖြတ်လည်းနည်း ဖြင့်  အသုံးပြုနိုင်ပါသည်။
Wednesday, April 6, 2011
လောက အလှ ပံ့ ပိုး ကြစို့ 
တခါတုံးက အမျိုးသမီးကြီးတစ်ယောက်ဆီမှာ သူမ ရေခပ်တိုင်း သုံးလေ့ရှိတဲ့
အိုးကလေးနှစ်အိုးရှိတယ်တဲ့ ။ အိုးတစ်အိုးက စင်းလုံးချောကောင်းမွန်လှပပြီး
ကျန်တစ်အိုးကတော့ အက်ရာလေးနဲ့ အပြစ်အနာအဆာ အနည်းငယ်ရှိသတဲ့ ။
အမျိုးသမီးကြီးက အဲ့ဒီ အိုးနှစ်လုံးကို ၀ါးပိုးတဖက်တချက်မှာ ချိတ်ပြီး
စမ်းချောင်းမှာ ရေသွားငင်လေ့ရှိတယ် ။ အိမ်ရောက်တဲ့အခါ အိုးကောင်းတစ်လုံးက
ရေအပြည့်ပါပေမဲ့ ကျန်တစ်အိုးကတော့ ရေတွေ စိမ့်ကျကျန်နေခဲ့တာနဲ့ ရေတ၀က်ပဲ
ပါတာပေါ့ ။
အဲ့တော့ ပြည့်စုံကောင်းမွန်တဲ့အိုးလေးက သူ့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်
သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေချိန်မှာ ကျန်တဲ့အိုးကလေးကတော့
စိတ်ပျက်အားငယ်နေရှာတယ်။
နှစ်အနည်းငယ်ကြာပြီးတဲ့နောက် တနေ့မှာ အမျိုးသမီးကြီး
စမ်းချောင်းမှာရေခပ်နေတုံး အနာအဆာရှိတဲ့ အိုးကလေးက သူ့သခင်မကို ပြောသတဲ့
.. "ငါ နင့်အတွက် ဘယ်တော့မှ ရေအပြည့် မသယ်ပေးနိုင်တာကို တွေးမိတိုင်း
စိတ်မကောင်းဖြစ်မိသလို ငါ့ကိုယ်ငါလဲ ရှက်မိတယ်" လို့ ပြောတော့
အမျိုးသမီးက သူ့ကို ပြုံးကြည့်ပြီး "ငါတို့ ရေခပ်ရာလမ်းတလျှောက်
နင်ရှိတဲ့ လမ်းဘက်ကပဲ ပန်းပင်လေးတွေပေါင်းစုံ ဝေဆာလှပနေတာကို
နင်သတိထားမိလား" လို့ ပြန်မေးတယ် ။ ပြီးတော့ ဆက်ပြောတယ် ။
"နင့်မှာရှိတဲ့ အဲ့ဒီအားနည်းချက်တစ်ခုကို ငါသတိထားမိလို့ ရေခပ်တဲ့
လမ်းတလျှောက် နင့်ဘက်အခြမ်းမှာ ပန်းမျိုးစေ့လေးတွေ ငါကြဲထားခဲ့တယ် ။
နင်အမြဲ ရေလောင်းခဲ့တဲ့ မျိုးစေ့လေးတွေဟာ အခု အဲ့ဒီလမ်းက
ပန်းဥယျာဉ်လေးပဲပေါ့ ။ ငါ့အိမ်က ပန်းအိုးတွေက ပန်းတွေလဲ အဲ့ဒီ
ဥယျာဉ်လေးကပဲ ငါခူးခဲ့တာလေ ။ နင့်ကြောင့်သာ မဟုတ်ရင် အဲ့ဒီ လမ်းက
ပန်းပင်လေးတွေ ဖြစ်လာမှာ မဟုတ်သလို ငါ့အိမ်ကလေးကိုလဲ အခုလို
ပန်းပေါင်းစုံ ဝေေ၀ဆာဆာနဲ့ ဘယ်အလှဆင်နိုင်ပါ့မလဲ" တဲ့ ။
လူတိုင်းမှာ အားနည်းချက် အားသာချက် ကိုယ်စီရှိကြပါတယ် ။ ခြွင်းချက်မရှိ
ရာနှုန်းပြည့် ကောင်းမွန်ပြည့်စုံနေတဲ့ လူသားရယ်လို့ မရှိကြပါဘူး။
အက်ကြောင်းတွေနဲ့ အိုးကလေးကတောင် သူ့နည်းသူ့ဟန်နဲ့ လောကကို
အလှဆင်ပေးနိုင်ခဲ့ပါတယ် ။ ဒါကြောင့် လူသားတွေလဲ ကိုယ့်မှာရှိတဲ့
အားနည်းချက်လေးကို သတိပြုဆင်ခြင်မိတဲ့အခါ စိတ်ပျက်အားငယ်နေမဲ့ အစား
လောကကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သမျှ အလှဆင်ပေးနိုင်ကြပါတယ်လို့
ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိစေချင်ပါတယ် ။
မောင် ရိုး ၏ ပထမ ရေ တစ်ခွက်
မောင်ရိုးသည် အရမ်းအပျင်းကြီး၍ အအေး အလွန်ကြောက်သူ တစ်ယောက် ဖြစ်သည်.။ မောင်ရိုးနေထိုင်ရာ ဒေသလေးသည် တောင်ပေါ်မြို့လေး မှာ ဖြစ်သည်.။ တိတ်ဆိတ်အေးချမ်းသည်.။ တောင်ပေါ်မြို့လေးဆိုတော့ အေးတာပေါ့ ..။ ဒီမှာ မောင်ရိုးက ရေမချိုးဘူး ဆိုပဲ ..သူဆင်ခြေကတော့ “ အေးလို့ ” တဲ့..။
ဒါနဲ့ တစ်နေ့ကျတော့ သူ့အိမ်ကို သူ့ဦးလေးတစ်ယောက် အလည်လာရင်း မောင်ရိုးကို ပြောတယ်.။
“ မင်းကွာ..မဟုတ်တာပဲ..။ ရေချိုးတယ် ဆိုတာ ပထမ တစ်ခွက်ပဲ အေးတာပါကွ.။ ဒုတိယ တစ်ခွက်နဲ့ နောက်ခွက်တွေ မအေးတော့ပါဘူး..။ ”
“ တကယ်နော်...ဦးလေး.။ တကယ်ပဲ ပထမ တစ်ခွက်ပဲ အေးတာ သေချာလား.။ ”
“ အေးပေါ့ကွ..။ တကယ်ပေါ့..။ ”
ဒါနဲ့ ညနေလည်း ရောက်ရော မောင်ရိုးက ရေချိုးခန်းထဲကို ဝင်ပြီး ရေတစ်ခွက်ခပ်လိုက်တယ်.။ ပြီးတော့ ပါးစပ်ကလည်း...
“ ဦးလေးက ပြောတယ်..။ ရေချိုးတာ ပထမတစ်ခွက်ပဲ အေးတာပါ တဲ့.။ ဒုတိယနဲ့ နောက်ခွက်တွေ မအေးဘူးတဲ့ .။ ဒါကြောင့်..သွားစမ်း ပထမခွက်..။ ဒုတိယ ခွက်ကို ချိုးမယ်..။ ”
ဆိုပြီး ပထမခွက်ကို သွန်ချလိုက်တယ်.။ ပြီးတော့ ဒုတိယခွက်ကို ခပ်လိုက်ပြီး သူကိုယ်ပေါ် လောင်းချလိုက်တယ်.။ ဒီတော့...
“ အား....ဦးလေး လိမ်တယ်..။ ဒုတိယခွက်လည်း အေးတာပဲ..။ တော်ပြီ..ရေမချိုးတော့ဘူး..။ ”
ဆိုပြီး အဲဒီအချိန်ထဲက ရေမချိုးပဲ နေလာလိုက်တာ လတွေ ၊ နှစ်တွေ ကြာလာတော့ ခန္ဒာကိုယ်ကနေ အနံ့အသက်တွေ ထွက်လာပြီး သူ့နား ဘယ်သူမှ မကပ်ကြတော့ ဘူး ဆိုပဲ...။
မောင်ရိုးတို့ မြို့လေးမှာ အရမ်းညစ်ပတ်တဲ့ အရူးတစ်ယောက်ရှိတယ်.။ သူက ဘာအလုပ်မှတော့ မယ်မယ်ရရ မလုပ်ပါ.။ တောထဲတိုး ၊ တောင်ပေါ်တတ် ရှာလို့ တွေ့တာစား ၊ အဲ..သူရှာလို့ မရတော့ဘူး ဆိုရင်တော့ မြို့ထဲ လှည့်ပြီး တွေ့တဲ့ သူတွေဆီက ပိုက်ဆံ လိုက်တောင်းတယ်.။ သူပိုက်ဆံ အတောင်းခံရတဲ့ သူတွေကလည်း ဘာဘာညာညာ ထွေထွေထူးထူး မပြောတော့ပါဘူး.။ အရူးဆီက ထွက်လာတဲ့ အနံ့အသက်တွေ မခံနိုင်တာနဲ့ တင် မြန်မြန်ပေးလိုက် ကြတာပါပဲ.။
အရူးကလည်း ရူးနေတယ် ဆိုပေမဲ့ ဘာမှ အနှောင့်အယှက် မပေးတော့ သူ့ကို ဒီအတိုင်းပဲ လွတ်လွတ်လပ်လပ် နေခွင့်ပြုထားကြတယ်.။ အရူးနေတာက မြို့အစွန်မှာ ရှိတဲ့ ကျောက်ဂူကြီးထဲမှာ ညစ်ညစ်ပတ်ပတ်နေသတဲ့.။ ဒီလောက် ညစ်ပတ်တဲ့ အရူးဂူထဲကို ဘယ်သူမှ အရေးလုပ်ပြီး မဝင်ကြဘူးပေါ့.။
အဲ...တစ်နေ့ကျတော့ တောင်ပေါ်မြို့လေးမှာ ရှိတဲ့ လူတွေ တစ်ခု သတိထားမိလာကြတယ်.။ သူတို့ အရူးကို မတွေ့တာ တစ်ပတ်လောက် ရှိသွားကြပြီလေ.။ သူ့ကိုယ်မေး ၊ ကိုယ့်သူမေး ရင်းနဲ့ တဖြေးဖြေး တစ်မြို့လုံး အုတ်အုတ်ကြွတ်ကြွတ် ဖြစ်လာကြတယ်.။ ဟုတ်တယ်လေ.။ တစ်ယောက်တည်း နေတဲ့ အရူးကို မတွေ့တာကြာတော့ အရူးများ သူ့ကျောက်ဂူထဲမှာ သေနေလို့ မြို့ထဲ မလာနိုင်တော့တာလား။ သူတို့ ဒီလို တွေးမိတယ်.။
ဒါနဲ့ပဲ..၊ မြို့ထဲက လူတွေ အားလုံး ကိုယ့်ဖာသာကိုယ် အစီအစဉ်နဲ့ ကြုံရာကြုံရာ လူတွေ စုပြီး အရူးရဲ့ကျောက်ထဲဂူကို ဝင်ကြည့်ကြတယ်.။ တကယ်တော့ အရူးက ဘာမှ မဖြစ်ပါ.။ ဘယ်ကရထားမှန်း မသိတဲ့ ငှက်ပျောသီးတွေ အခိုင်လိုက်ရှိနေလို့ သူကျောက်ဂူထဲကနေ ဘယ်မှ မထွက်တမ်းကုတင်ပေါ်မှာ ထိုင်စားနေတာပါ.။ ဒီမှာ ဒီလောက်ညစ်ပတ်တဲ့ အရူးရဲ့ဂူထဲကို ဝင်သွားတဲ့ လူတိုင်းကြာကြာ မနေနိုင်ကြပါဘူး.။ နှာခေါင်းကို လက်နဲ့ ပိတ်ရင်း “ နံတယ်...နံတယ်...။” လို့ အော်ရင်း ပြေးထွက်လာကြတယ်..။
ဒါနဲ့ပဲ...သူသွား ၊ ကိုယ်သွားနဲ့ အရူးဂူထဲလည်း မြို့ပေါ်မှာ ရှိတဲ့ လူတော်တော်များများ ရောက်ဖူးသွားကြတယ်.။ မောင်ရိုးကလည်း အရူးနေတဲ့ တောင်ပေါ်မြို့လေးက ဆိုတော့ သူလည်း အရူးမြို့ထဲမှာ ပျောက်နေတာကို သတိထားမိတယ်.။ ဒါနဲ့..သူလည်း အရူးနေတဲ့ ကျောက်ဂူထဲမှာ အရူး ဘာဖြစ်နေတာလဲ ဆိုတာ သိရအောင် ဘယ်သူမှ မခေါ်ပဲ တစ်ယောက်တည်း ဝင်သွားတာကို မြို့ပေါ်မှာ ရှိတဲ့ လူတချို့ကတွေ့လိုက်ရတယ်.။
ဒီလိုနဲ့..ခဏလောက်ကြာတော့ ကျောက်ဂူထဲကနေ “ အား...နံတယ်.. နံတယ်..။ ” လို့ ဆိုပြီး အော်သံနဲ့ အတူ လုတစ်ယောက် ပြေးထွက်လာတာကို မြို့ပေါ်မှာ ရှိတဲ့ လူတွေ တွေ့လိုက်ကြရတယ်.။ ဒီတော့ သူတို့ ပြေးထွက်လာတဲ့ သူကို ကြည့်လိုက်တော့ နှာခေါင်းကို လက်နဲ့ ပိတ်ရင်း ပြေးထွက်လာသူက “ အရူး ” ဖြစ်နေတယ်.။
သြော်....မောင်ရိုး ညစ်ပတ်တယ် ဆိုတာ အရူးက နံတယ် အော်.....လောက်အောင်ကို ရေမချိုးတာဗျာ.။
Monday, April 4, 2011
PRONOUN ခေါ် နာမ်စား .. Personal Pronoun and Possessive Pronoun
Pronoun နာမ်စား ။ ။
                          နာမ်ပုဒ်တစ်ခုကို ထပ်ကာ ထပ်ကာ မသုံးလို ၍ မထမသုံးပြီးသောနာမ်ပုဒ် ၏ အစားအသုံးပြုသောပုဒ်ကို နာမ်စားဟုခေါ်သည်။ 
နာမ်စားကို နှစ်မျိုးနှစ်စားခွဲခြားလေ့ လာနိုင်သည်။ ၎င်းတို့ မှာ...အောက်ပါအတို့ ဖြစ်ကြသည်။
၁။ ပုဂ္ဂိုလ်ပြနာမ်းစား ခေါ် Personal Pronoun ( Singular and Plural Pronouns =ဧကဝုဒ်ကိန်း နဲ့  ဗဟုဝုဒ်ကိန်း)
ဥပမာ။ ။ 
          I    (Sg)     ငါသည်        He(sg)  = သူသည်
          me (Sg)      ငါ့ ကို         Him(sg) = သူတို့
            we  (Sg)      ငါတို့ သည်      She (sg)  = သူမသည်
             us (plural)        ငါတို့ ကို        Her(Sg)   = သူမကို
            You (Sg)     သင်သည်        Them  (plural)= သူ/သူမတို့ ကို
            you (plural)      သင်တို့ သည်   It  (Sg)     = ၎င်းသည်  ။
            It(Sg) = ၎င်းကို                 They (plural)  = သူ/သူမ တို့ သည်
မှတ်ချက်။  ။ ပစ္စုပန် ကြိယာ သည် Subject အဖြစ် အသုံးပြုသော နာမ်စား (pronoun) နဲ့  သဘောတူညီမှုရှိရမည်။ 
ဥပမာ။ ။
Singular                                                        Plural
I am successful. I write well.                            We are successful. We write well.
You are successful. You write well.                   You are successful. You write well.
He is successful. He write well.                         They are successful. They write well.
It is successful. It work well.
၂။ ပိုင်ရှင်ပြ နာမ်စား  Possessive Pronoun
                        ပိုင်ရှင်ပြနာမ်စား များသည် ပိုင်ရှင် ကို ပြသည့်  အပြင် နာမ်၏ ရှေ့ မှ နေ၍ နာမ်၏ အဓိပါယ် ကို ထူးခြားစွာပြောင်းလဲစေသောကြောင့်  ပိုင်ရှင်ပြ နာမဝိသေသန ဟူ၍ ခွဲထွက်သွားရခြင်းပင်ဖြစ်သည်။
   Singular = ပုဂ္ဂိုလ် ပြ (ဧကဝုဒ်ကိန်း)
   mine   = ငါ၏ဟာ (များ)            
   Yours  = သင်၏ဟာ(များ)            Yours    = သင်တို့ ၏ ဟာ (များ)
    His     = သူ၏ဟာ (များ)             Hers      = သူမ၏ ဟာ(များ)
   Its         = ဤ ဟာ (များ)    တို့ ဖြစ်ကြပြီး
  Plural    =      အများနဲ့ ဆိုင်သော ( ဗဟုဝုဒ်ကိန်း)
 Our, ours         = ငါတို့ ၏ ဟာ (များ)
Their, theirs       = သူတို့ ၏ ဟာ (များ)
Your, Yours       = သူတို့ ၏ ဟာ(များ)
၃။ ကိုယ်တိုင် ခံ နှင့်  လေးနက် နာမ်စား ခေါ် Reflexive and Emphasizing Pronoun
Myself       = ငါကိုယ်တိုင်
Yourself    = သင်ကိုယ်တိုင်
Himself     = သူကိုယ်တိုင်
Herself      = သူမ ကိုယ်တိုင်
Itself         = ၎င်းကိုယ်တိုင်
Ourselves   = ငါတို့ ကိုယ်တိုင်
Yourselves  = သင်တို့ ကိုယ်တိုင်
Themselves = သူတို့ ကိုယ်တိုင်
Friday, April 1, 2011
ARTICLE A, AN, THE အာတီကယ်
၁။။။။A  နှင့်  AN  တို့ ကိုသုံးနည်း
တစ်ခု ၊ တစ်ကောင် ၊ တစ်ယေက် စသည် ဖြင့်  အဓိပါယ် ရသော မတိကျ   မရေရာ သော Indefinite Article ခေါ်  A နှင့် An တို့ ကို အမျိုးစား တူ  အများထဲမှ   တစ်ခုကို ပထမဆုံးအကြိမ်၊  သာမန်ပြောဆိုလိုသောအခါ၌  ရေတွက် ရသောနာမ် ဧကဝုစ်ကိန်း ၏ ရှေ့ မှ ရေးရသည်။   A ကို ဗျည်း အသံနှင့် တွဲ၍ ရေးရပြီး   An ကိုမူ  သရသံများနှင့်  တွဲ၍ ရေးရသည်။
ဥပမာ။
A book                       စာအုပ်တစ်အုပ်
A man                        လူတစ်ယောက်
An orange                  လိမ္မော်သီးတစ်လုံး
An elephant                ဆင်တစ်ကောင်
ကျနော်တို့ မှတ်ထားရန်မှာ အချက် ၁။  ။  ရေတွက်မရသော နာမ်များ၏ ရှေ့ မှ A နှင့် AN  ကိုလုံးဝမသုံးရပါ။
ဥပမာ။   A water ဆိုတာမျိုး လုံးဝမရေးသင့် ပါ။
မှတ်ထားရန် အချက် ၂။   ။  အရာဝတ္ထု၊ ပစ္စည်း ၊လူ၊ တိရစ္ဆာန်တို့ ၏ အမျိုးအစား တစ်ခုလုံးကို ခြုံ ၍ ယေဘုယျ  ပြောဆို တင်ပြလို သော အခါတွင်  A ကို သုံးကြသေးသည်။  သို့ ရာတွင် ၄င်း A  မှာ တစ်ခု၊ တစ်ကေင်၊ တစ်ယောက် ကို ဆိုလို ရင်းမဟုတ်ပေ။  အားလုံးကို ခြုံ ၍ ဆိုလိုရင်း ဖြစ်သည်။
ဥပမာ----1
A cow has horns =   (  All cows have horns)
အထက်ပါ ဥပမာတွင်  နွားတစ်ကောင်တွင် ဦးချိုရှိသည် ဟူ၍ သဘော မဟုတ်ပဲ့  နွားအားလုံး
ဆိုလိုခြင်းဖြစ်သည်။
ဥပမာ---၂
A child needs love.  =  All children need love (or) Any child needs love.
အထက်ပါ ဥပမာ မှာ ပြာထားတဲ့ တိုင်းပေါ့ နော် ကလေးတစ်ယောက်တည်း မေတ္တာ လိုဒါမဟုတ်ပါဘူး။  ကလေးအားလုံး မေတ္တာလိုတယ်လို့ ဆိုလိုခြင်းပဲ့ ဖြစ်ပါတယ်။
သတိပြုရန်။။။။။။။
ဒီ အာတီကယ်ဟာ လွယ် မလိုလို နဲ့  အရမ်း ၇ှုပ်ပါတယ်။ ကျနော်ကိုယ် တိုင် မကြာခဏ confused ဖြစ်တက်ပါတယ်။ ဘာကြောင့် လဲ့ ဆိုတော့  A, An ဆိုတာ မြန်မာလို    တစ်ယောက်၊ တစ်ကောင်၊ တစ်ခု လို့   အဓိပါယ် ရှိတဲ့ အတိုင်း General  အတွက်မသုံးပဲ့   Specific အသေးစိတ် တစ်ခုလို အသုံးပြုမိပါတယ်။  အဲဒါမှားပါတယ်။
                                                   ၂။ ။The သုံပုံသုံးနည်း
                          Definite Article ခေါ် တိကျသော အာတီကယ်  ကို ရှေ့ ဝါကျ တွင် ပထမ တစ်ကြိမ် ရေးပြီး ၊ ပြောပြီးသော (သို့ မဟုတ်) Phrase ( ပုဒ်စု) ၊  Clause ဝါကျ ကဏ္က များဖြင့်  တိကျစွာ ပိုင်းခြားထားသော နာမ် များ ( သို့ မဟုတ်) မူလကပင် တစ်ခု တည်း ရှိသော နာမ် ပုဒ်များ ၏ ရှေ့ တွင် ထားရေးရ သည်။  The ကို ဤ ၊ ထို ၊ ဤများ ၊ ထို များ  ဟူသော အဓိပါယ် နှင့့်လည်း သုံးနိုင်လေသည်။
ဥပမာ။ ၁
         This morning i saw a girl.  = ဒီမနက်က ကျနော်  ကောင်မလေးတစ်ယောက်ကို မြင်ခဲ့ သည်။ 
The girl was walking slowly.  = ကောင်မလေးက နှေးကွေးစွာ  လမ်းလျှောက်နေခဲ့ သည။်
အထက်ပါ ဝါကျ ၌ ပထမ ရှေ့ ဝါကျ မှ ရေး ထားခဲ့ သော Man ကို နောက်ဝါကျ ၌ ထပ် ၍ ရေးလိုသောအခါ The man ရှေ့ ဝါကျ၌ သိပြီးသော  လူဟူ ၍ ရေး ရသည်။
ဥပမာ။ ၂  
             The book that i bought = ကျနော် ဝယ်ခဲ့ သောစာအုပ်
              The boy on the horse   = မြင်းပေါ်က ကောင်လေး
I have been looking a girlfriend for  three months. Unfortunately, I don't get the girl that i wanted. = ကျနော်ရည်းစားရှာနေတာ သုံးလရှိနေပြီ။ ကံဆိုးရှာတော့  ကျနော့် စိတ်ကြိုက်ကောင်မလေးကိုရှာမတွေ့ ဘူး။
အထက်ပါ ဖောပြရာ ဥပမာ များ တွင် ကျနော် ဝယ်ခဲ့ သောစာအုပ် ဟူသော Clause ဖြင့် တိကျစွာ ပိုင်းခြား ထားသော စာအုပ် ၊ ကောင်လေးရှေ့ တွင် phrase ဖြင့်  အထူးပြု ထားသော The ကို ရှေ့ မှ ထား၍ ရေးရကြောင်း တွေ့ ရသည်။
သတိပြု မှတ်သားရန်မှာ ၃
                              The moon   = လ
                               The sun     = နေ
              ကမ္ဘာပေါ်တွင် တစ်ခုတည်း ရှိသော နေ၊ လ စသည် တို့ ရှေ့ တွင် The ကိုရေးပေးရသည်။
ထို့ အပြင် မူလကတည်းက တစ်ခုတည်းနှင့် ဆိုင်သဖြင့်  သတင်းစာများ၏ အမည် များ၊ ပြည်ထောင်စု တိုင်းပြည် အချို့  တို့ ၏ အမည်များ  ၊ ပင်လယ်၊ မြစ်၊ ချောင်း၊ တောင်တန်း များ ထင်ရှားသော အဆောက်အအုံ များ စသည်တို့ ၏ရှေ့ တွင်လည်း The ကို ထည့် ရေးပေးရ၏။
နောက်တစ် အသုံးပုံမှာ။ ၎
                       အတော်ဆုံး ၊ အဖျင်းဆုံး၊ အကောင်းဆုံး စသော အမြတ် စား နာမဝိသေသန ခေါ် Superlative Adjective  များ“ ရှေ့  မှ လည်း The ကို အသုံးပြုရေးရသည်။
ဥပမာ။
 The highest mountain = အမြင့် ဆုံးတောင်
 The best boy              = အတော်ဆုံး ကောင်လေး
 သုံးပုံသုံးနည်း ။။၅
လူတန်း စား အလွှာတစ်ခုကို ကိုယ်စားပြု ဖော်ပြလိုလျှင် လည်း နာမဝိသေသန ကို The နှင့် တွဲ့ ၍ သုံးရသည်။
ဥပမာ။။။ The old = old people  = အသက်ကြီးသောလူများ
The poor  =  poor people  ဆင်းရဲ့ သောသူများ
သုံးပုံသုံးနည်း ။။။ ၆
တိရစ္ဆာန်နှင့်  အရာ ဝတ္ထု ပစ္စည်း များ ၏ အတန်းအစား တစ်ခုလုံး ကို ကိုယ်စားပြု လိုသောအခါ တွင်လည်း  Singular noun ခေါ် ဧကဝုဒ် ကိုန်း၏ ရှေ့ တွင် The နှင့်  ရေး၍ ဖော်ပြကြပြန်သည်။
ဥပမာ။။
 ၁။     The cow is a useful animal. = Cows are useful animals.
     နွားဆို တာ အသုံးဝင်တဲ့ သတ္တဝါဖြစ်တယ်။
၂။      The ant is industrious = ပုရွက်ဆိတ်ဆိုတာ (ပုရွက်ဆိတ်အားလုံး) ဇွဲကောင်းကြတာချည်းပဲ ။
သတိပြုရန် ။ ။  Man နှင့် Woman တို့ ကို ခြုံ၍ အတန်းအစား တစ်ခု လုံးကို ကိုယ်စားပြုပြီး ပြောလိုသောအခါ တွင် မူ  အာတီကယ် မထည့် ရတော့ ပေ။
Woman is man's mate.= အမျိုးသမီးသည် အမျိုးသား ၏ အပေါင်း အဖော် ဖြစ်သည်။
သုံးပုံသုံးနည်း ၆။  ။
လတစ်လ ၏ ရက်စွဲ ကို တိကျစွာ ဖော်ပြသော အခါ ( အတိုကောက်ရေးခြင်းမဟုတ်)  ရက်စွဲ ၏ ရှေ့ မှ The ထည့် ရေးရ၏။
ဥပမာ။  ။  We came on the 10th of May.= ကျနော်မေလ ဆယ်ရက်နေ့ က လာခဲ့ ပါတယ်။
သုံးပုံသုံးနည်း ၇ ။ ။
နှိုင်း ယှဉ် မှုပြ  အလတ်စား နာမဝိသေသန များ comperatives နှင့် အတူ The ကို တွဲ၍ ကြိယာဝိသေ သန Averb ကဲ့ သို့ လည်း သုံးနိုင်ကြောင်းတွေ့ ရသည်။
သတိပြုရန် ။ ။  A, နဲ့ An ကို ဘယ်တော့ မှ ရေတွက်မရ နာမ် နဲ့ တွဲ မသုံးပါနဲ့ ။
ဥပမာ။  ။
The higher the sun, the hotter the day. =  နေမြင့် လေ ပိုပူလာလေပဲ။
Bonus
Phrase and clause
Phrase : A group of words which makes sense, but not complete sense.
ပုဒ်စု တစ်စု သည် ပြည့် စုံသော အဓိပါယ် ကိုမဖော်ပြဘဲ၊ အဓိပါယ် တစ်ပိုင်းတစ် စ ကိုသာ ပြုလုပ်နိုင်ပါက phrase လို့ ခေါ်သည်။
အာတီကယ်နဲ့ Phrase နဲ့ တွဲသုံးလို့ ရပါတယ်။
ဥပမာအားဖြင့် ပေါနော်.ဘယ်လိုတွဲပါတက်လဲ့ ဆိုတော့ ။။။။။ဦးတည်ရာတစ်ခုခု ကိုပြောတဲ့ အခါ မှာ။။။
to go to the store, to go to the post office, to go to the bank, but to go to school, to go to church, to go to bed and to go home.လို့ သုံးရပါတယ်။
တည်နေရာနဲ့ ပတ်သတ်ပြီးသုံးမယ်ဆိုရင်။။။။။။။
at home, in bed, in school, in college, but in the hospital.
နေ့ တစ်နေ့ ရဲ့ အချိန် အစိတ်အပိုင်းကိုဖော်ပြရာတွင်။။။
in the morning,, in the evening, but at night.
အိမ်မှုဝေရာဝစ္စတွေကိုသုံးရာတွင်။။။။။
to do the dishes, to do the gardening, to do the cleaning.လို့ သုံးရတာကိုလည်းတွေ့ ရပါသည်။
အစာစားချိန်များကိုသုံးရတွင်မူ။။။။
at breakfast, after dinner, for lunch. လို့ သုံးရသည်ကိုတွေ့ ရသည်။
Clause : A group of words which forms part of a sentence and contains a subject a predicate.
ဝါကျ တစ်ကြောင်း ၏ အစိတ် အပိုင်းတစ်ခု အဖြစ် ဖွဲစည်း ထား သော ပုဒ်စု တစ်စု ကို Clause ဟုခေါ်သည်။ ၄င်း တွင် ကတ္တား ပုဒ် နှင့်  ကြိယာ ပုဒ် ( ကြိယာ ဝိသေသန ပုဒ်များ) ပါရှိသည်။
Clause cannot stand by itself and make good sense. It depends on another sentence for its full meaning. Clause သည် သီးသန့်  ၄င်းကိုယ်တိုင် ရပ်တည် ၍ မရပေ။ ပြည့် စုံသော အဓိပါယ် ကိုလည်း မဖော်ပြ နိုင်ချေ။ အဓိပါယ် ပြည့် ဝစေရန် အတွက် အခြား သော ဝါကျ အပေါ် တွင် မှီခို နေရ၏။
ADJECTIVE နာမဝိသေသန
               နာမ်ပုဒ် တို့ ၏ ရှေ့ မှ နေ၍ ၄င်း နာမ်ပုဒ် တို့ ၏ ရုဏ်အရည် အချင်းကို လည်းကောင်း ၊ အရေ အတွက်ကိုလည်းကောင်း ၊ အနည်း အများ ပမာဏကိုလည်းကောင်း ဖော်ပြသော ပုဒ် ကို နာမဝိသေသန ဟုခေါ်သည်။    မြန်မာ ဘာသာတွင် ( သော) ဆုံးသောပုဒ် ဖြစ်ကြသည်။
               နာမဝိသေသန တို့ ကို နာမ်ပုဒ် ၏ ရှေ့ မှာ ထား၍ ရေးရ၏။  ၄င်း တို့ ကို ရှေ့ အခန်းတို့ တွင် လာမည် ဖြစ်သော '" ဖြစ်ရှိ"  ကြိယာများနှင့်  ပေါင်း၍ လည်း နာမဝိသေသန ကြိယာအဖြစ် သုံးနိုင်သည်။  
                               ကျက်မှတ်ရန်  နာမဝိသေသနများ( ဥပမာများ)
A, An                    တစ်ခု သော
This ( the )                 ဤ
That  (the)                      ထို
These (the)                ဤများ
Those (the )              ထိုများ
Good                      ကောင်းသော
Bad                       ဆိုးသော  
Sad                      ဝမ်းနည်းသော
                                  နာမဝိသေသန နှင့် နာမ်ပုဒ်တို့ ကို  တွဲ၍ ရေးသောအခါ A, An, The, This, That, Those  တို့ သည် ရှေ့  ဆိုးမှ နေ၍ ၄င်း နောက်မှ ကျန် သော နာမဝိသေသန ပုဒ်များနေ၏။ နောက်ဆုံးမှ သာလျှင် အထူး ပြုခံရသော နာမ် ပုဒ်ကို ထားရ၏။
ဥပမာ။ 
A old man                       အိုသောလူတစ်ယောက်
A fat man                        ဝသော လူတစ်ယောက်
An ugly woman               ရုပ်ဆိုးသော မိန်းမကြီးတစ်ယောက်
Your clear dog                 သင် ၏ လိမ္မာသောခွေး
                                    ဤနေရာ ၌ This, That, These, Those တို့ အစား The တစ်လုံး တည်းကို သုံးနိုင်သည်။  The ကို မသုံး ချင် ပါက This နှင့်  That ကို အနည်း ပြ ပုဒ် နှင့် တွဲ့ ၍ These နှင့်  Those တို့ ကို အများ ပြပုဒ် နှင့် တွဲ ကာသုံးရသည်။
ဥပမာ။
That/That boy           ဤ/ ထိုလူကလေး
These/Those boys      ဤ/ထိုလူကလေးများ
အကယ်၍ The တစ်လုံးတည်း နှင့် သုံးလိုလျှင်
The boy                    ဤ/ ထိုလူကလေး
The boys                   ဤ/ ထိုလူကလေးများ  ဟူ၍ရေးသားလေ့ ရှိသည်။