Wednesday, January 26, 2011

Apple ၏ အမြတ် ငွေ သုံးလအတွင်း ဒေါ်လာ ၆ဘီလီယံရှိ

Apple ၏ အမြတ်ငွေ သုံးလအတွင်း ဒေါ်လာ ၆ ဘီလျံထိရှိ
ခရစ္စမတ် ကာလက Macကွန်ပျူတာများ၊ iPhoneများနှင့် iPadများ ရောင်းချရမှုသည် မူလက လေ့လာသူများ ကြိုတင်ခန့်မှန်းခဲ့သည်ထက် များစွာပိုမိုခဲ့ပြီးနောက် ယခုလို စံချိန်တင် အမြတ်အစွန်း ရရှိခဲ့ခြင်းဖြစ်

Apple ၏ အမြတ်ငွေ သုံးလအတွင်း ဒေါ်လာ ၆ ဘီလျံထိရှိ
Apple ကုမ္ပဏီသည် ပြီးခဲ့သည့် (၃)လအတွင်း အမြတ်ငွေ ဒေါ်လာ (၆)ဘီလျံထိ ရရှိခဲ့ကြောင်း သိရသည်။ ယင်းသည် (၃)လပတ် ကာလတိုအတွင်း Appleအတွက် စံချိန်တင် အမြတ်အစွန်းလည်း ဖြစ်လာသည်။ ခရစ္စမတ် ကာလက Macကွန်ပျူတာများ၊ iPhoneများနှင့် iPadများ ရောင်းချရမှုသည် မူလက လေ့လာသူများ ကြိုတင်ခန့်မှန်းခဲ့သည်ထက် များစွာပိုမိုခဲ့ပြီးနောက် ယခုလို စံချိန်တင် အမြတ်အစွန်း ရရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းက ကျန်းမာရေး အခြေအနေကြောင့် ဆေးခွင့်တင်ခဲ့သည့် Apple၏ CEOဖြစ်သူ စတိဗ်ဂျော့ဘ်က “ကျွန်တော်တို့အနေနဲ့ တကယ့်ကို အံ့ဩထူးခြားလောက်တဲ့ အားလပ်ရက် ကာလကို ပိုင်ဆိုင်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။ ဂျော့ဘ်သည် ဆိုးဆိုးရွားရွား ကျန်းမာရေး ယိုယွင်းမှု မရှိသော်လည်း ဆရာဝန်များ၏ တိုက်တွန်းအကြံပေးမှုကြောင့် ဆေးခွင့်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် Apple၏ CEOအဖြစ် ဆက်ရှိနေဆဲဖြစ်သလို အရေးပါသော ဆုံးဖြတ်ချက်များတွင် တာဝန်ယူ ချမှတ်သွားမည်ဟု ဂျော့ဘ်က ဇန်န၀ါရီ (၁၇)ရက်နေ့က ကြေညာခဲ့သည်။ Appleသည် ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ပထမ(၃)လပတ် အမြတ်ငွေသည် (၇၁)ရာခိုင်နှုန်း တိုးလာကြောင်းလည်း သိရသည်။ သို့သော်လည်း iPodရောင်းချမှုသည် ယမန်နှစ်ကထက် (၇)ရာခိုင်နှုန်းမျှ ကျဆင်းသွားပြီး (၁၉.၄၅)သန်းသာ ရှိတော့ကြောင်း စာရင်းများတွင် ဖော်ပြထားသည်။ iPhoneရောင်းချရမှုမှာ (၈၆)ရာခိုင်နှုန်း ခုန်တက်သွားခဲ့ပြီး အလုံးရေ (၁၆.၂၄)သန်း ရောင်းချခဲ့ရသလို Macကွန်ပျူတာ အလုံးရေ (၄.၁၃)သန်း ရောင်းချခဲ့ရသောကြောင့် ယမန်နှစ်ထက် (၄၃)ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။ Appleသည် iPadကွန်ပျူတာ အလုံးရေ (၇.၃၃)သန်းကိုလည်း ရောင်းချခဲ့ကြောင်း သိရှိရသည်။

Source: BBC

No comments:

Post a Comment