Wednesday, January 26, 2011

MTML အကြောင်းတစ်စေ့ တစ်စောင့် 

HTML ကိုရေးဖို့အတွက် ဘာလိုအပ်သလဲ?

HTML ကိုရေးဖို့အတွက်တော့ ထူးထူးခြားခြား ဘာမှမလိုပါဘူး။ အခုဒီမှာပြောပြမှာကတော့ HTML ကို plain text editor (ဥပမာ-Notepad ) လိုမျိုးမှာ ရေးသားပုံမျိုးကို ဖော်ပြသွားမှာဖြစ်ပါတယ်။
ဒါဟာ HTML ကိုလေ့လာဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်

ဒါပေမယ့် အချို့သော web developer တွေကတော့ HTML editor တွေကို သုံးလေ့ရှိပါတယ်။ဥပမာ-FrontPage နဲ့ Dreamweaver လိုမျိုး editor တွေကိုသုံးကြပါတယ်။ဒါဟာ HTML coding တွေကို လေ့လာရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် အဲဒီ editor တွေဟာ ကိုယ်က coding မှားရေးပေမယ့်လည်း သူက auto ပြန်ထည့်ပေးပါတယ်။ အဲဒါတွေကြောင့် ကိုယ့်ရဲ့အမှားအယွင်းတွေကို မတွေ့နိုင်တော့ပါဘူး။
ဒါကြောင့် ပထမဦးဆုံးလေ့လာမယ့်သူတွေအတွက်တော့ notepad မှာရေးသားပြီး လေ့လာစေချင်ပါတယ်။
HTML ကိုစရေးမယ်ဆိုရင် HTML element တွေကိုလည်း သိထားသင့်ပါတယ်။ HTML element ဆိုလို့ ထူးထူးခြားခြားမထင်ပါနဲ့။
<body></body> အဲဒါမျိုး opening tag နဲ့ closing tag တစ်စုံကို HTML element လို့ခေါ်ပါတယ်။အဲဒီ opening tag နဲ့ closing tag ကြားထဲမှာ ကိုယ်ဖော်ပြချင်တဲ့ အကြောင်းအရာတွေ ထည့်ရပါတယ်။
ဒါပေမယ့် တချို့သော element တွေဟာ အကြောင်းအရာ ထည့်လို့မရတာတွေရှိပါတယ်။ ဥပမာ-<br> လိုဟာမျိုးဆိုရင် ဘာမှအကြောင်းအရာမပါပါဘူး။ အဲဒါမျိုးဆိုရင် opening tag မှာပဲ closing tag ကိုထည့်ပေးရပါတယ်။ဥပမာ- </br>
HTML ကိုစတင်လေ့လာသူများအတွက်တော့ ဒါတွေကို သိသေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့။ သိပ်ပြီးတော့လည်း ဦးနှောက်ထဲ သိပ်မမှတ်ထားပါနဲ့ဦး။ လုပ်ရင်းလုပ်ရင်းနဲ့ နားလည်သွားပါလိမ့်မယ်။
HTML document တစ်ခုမှာ အဲလို HTML element တွေအများကြီးပါပါတယ်။
ဥပမာတစ်ခုအနေနဲ့ ကျွန်တော်ရေးပြပါမယ်။

<html>
<body>
<p>This is the content of page.</p>
</body>
</html>

အပေါ်မှာ ရေးထားတဲ့ ကုတ်တွေမှာ HTML element ဘယ်နှစ်ခုပါလဲ ကြည့်ရအောင်။
<html> နဲ့စထားပါတယ် အောက်ဆုံးမှာ </html> နဲ့ပိတ်ထားပါတယ်။ ဒါကတစ်ခု။
<body> နဲ့စထားပါတယ် ပြီးတော့ </body> နဲ့ပိတ်ထားပါတယ်။ ဒါကတစ်ခု။
<p> နဲ့စပြီး </p> နဲ့ဆုံးထားပါတယ်။ ဒါကတစ်ခု။
စုစုပေါင်း HTML element သုံးခုပါပါတယ်။
ဟုတ်ပြီ။ <p> element မှာပါဝင်တဲ့ အကြောင်းအရာ ( content ) တွေကဘာဖြစ်မလဲ။
This is the content of page. ဆိုတာက <p> element မှာပါဝင်တဲ့ content ပဲဖြစ်ပါတယ်။ ဒါကြောင့် <p> နဲ့ </p> ကြားထဲမှာထည့်ထားတာဖြစ်ပါတယ်။(NOTE - </p> ကို slash p လို့ခေါ်ပါတယ်)
<body> နဲ့ </body> ကြားမှာရှိတဲ့ content ကဘာလဲ။ <p>This is the content of page.</p> ပဲဖြစ်ပါတယ်။
<html> နဲ့ </html> ကြားမှာရှိတဲ့ content ကကောဘာတွေဖြစ်မလဲ။
<body>
<p>This is the content of page.</p>
</body>
အဲဒါဆိုရင် HTML element အကြောင်းကို သိလောက်ပါပြီ။
တစ်ခုသိထားရမှာက HTML tag တွေဟာ case sensitive မဖြစ်ပါဘူး။ဘယ်လိုလဲဆိုရင်
<p> ဆိုပြီး small letter နဲ့ရေးနိုင်သလို <P> ဆိုပြီးတော့လည်း capital letter(uppercase letter) နဲ့လည်းရေးလို့ရပါတယ်။
website အများစုကတော့ uppercase နဲ့ရေးလေ့ရှိပါတယ်။
ဒါပေမယ့် အခုလေ့လာတဲ့အခါမှာတော့ lowercase နဲ့ပဲလေ့လာကြရအောင်။
ဘာကြောင့်လည်းဆိုရင် World Wide Web Consortium (W3C) က HTML 4 မှာ lowercase tags တွေကိုပဲ recommend လုပ်ထားသာကြောင့်ပါ။ ပြောရရင် HTML4 မှာ uppercase မရပါဘူး။ နောက်ထပ်အသစ်အသစ် ထပ်ထွက်လာမယ့် (X)HTML တွေမှာလည်း lowercase ကိုပဲ ရည်ညွန်းထားပါတယ်။
ဒါကြောင့် အခုကတည်း lowercase ကိုပဲ ရေးတတ်အောင် လေ့ကျင့်ထားကြရအောင်။

တစ်ခုပြောချင်တာက အခုလောလောဆယ် HTML ရေးဖို့ထက်ကို HTML term တွေကို နားလည်အောင် လုပ်ထားစေချင်တယ်။ ဒါမှ တကယ်ရေးတဲ့ အခါမှာ HTML element လို့ပြောလိုက်ရင် သိနေရပါမယ်။

No comments:

Post a Comment