Tuesday, January 25, 2011

Firefox Add-on နဲ့ Firefox မှာ မြန်မာလိုရိုက်နိုင

မန်မာ font

အခက်အခဲဖြစ်နေတဲ့သူတွေအတွက် အသုံးဝင်မဲ့ post တွေ့လိုက်လို့

အကျိုးရှိမယ်ထင်လို့ ပြန်တင်ပေးလိုက်ပါတယ်။ Firefox Add-on ကိုသုံးပြီး

မြန်မာ font ရိုက်နိုင်မဲ့ post လေးပါ။ မူရင်းရေးထားတဲ့အတိုင်း

ပြန်တင်ပေးထားပါတယ်။



mmGeek.org မှ ထုတ်လုပ်လိုက်တဲ့ Burmese Input System FireFox Add-on ကို

အသုံးပြုပြီ Mozilla FireFox မှာ Zawgyi-One font ကို အသုံးပြုပြီး

မြန်မာစာကို အလွယ်အကူ install လုပ်ပြီး စာရိုက်နိုင်ပါပြီ... ယခင်က Planet

နဲ့ Alpha Zawgyi တို့မှ ထွက်ရှိခဲ့တဲ့ Zawgyi Keyboard Layout (IME) ဟာ

.exe နဲ့ဖြစ်တဲ့အတွက် သာမာန် User Account Level နဲ့ install

လုပ်လို့မရပါဘူး... အခု FireFox Add-on ကတော့ သာမာန် User Account မှာလည်း

install လုပ်လို့ရပါတယ်...



Burmese Input System FireFox Add-on ကို Install လုပ်ဖို့အတွက် FireFox
ကနေ https://addons.mozilla.org/en-US/firefox/addon/8279


ကိုသွားပြီး Add to FireFox ကို click လုပ်ပြီး Install လုပ်ပါ...

mozilla.org မှာ register လုပ်ထားဖို့တော့ လိုအပ်ပါတယ်... install

လုပ်ပြီးသွားရင် Firefox ကို restart လုပ်ခိုင်းပါလိမ့်မယ်... Restart

လုပ်ပြီးလို့ ပြန်တက်လာတဲ့အခါ အသုံးပြုလို့ရပါပြီ...



ဘယ်လို သုံးရမလဲဆိုတော့ FireFox ထဲမှာ Zawgyi-One နဲ့
စာရိုက်ချင်တဲ့နေရာမှာ Right click နှိပ်ပါ...





အပေါ်က ပုံအတိုင်း ပေါ်လာရင် MMGeeks
Input System > Burmese ကိုရွေးမယ်ဆိုရင်

ပုံမှန် Zawgyi-One ရိုက်နေကျ အတိုင်း စာရိုက်လို့ရပါတယ်... Burglish

ကိုရွေးမယ် ဆိုရင်တော့ “နေကောင်းလား ” ရိုက်ချင်တယ် ဆိုရင် "nay kaung

lar" ပုံစံမျိုးနဲ့ ရိုက်နိုင်ပါတယ်... nay လို့ ရိုက်လိုက်တယ်...

ကျတော်တို့လိုချင်တဲ့ က 0 နေရာမှာရှိရင် 0 (zero) ကို နှိပ်လိုက်ပါ...

ကောင်း ပေါ်ဖို့ဆိုရင် kaung လို့ရိုက်လိုက်တယ်... အောက်က ပုံအတိုင်း

ကောင်း က 1 နံပါတ်မှာ ရှိတဲ့အတွက် 1 ကိုနှိပ်လိုက်ရပါတယ်...အလားတူ လား

ပေါ်ဖို့ lar လို့ရိုက်ပြီး လား ရှိတဲ့ 1 ကိုနှိပ်လိုက်ရင် ရပါပြီ...





အကျယ် သိချင်ရင်တော့
ဒီ mmGeeks.org မှာသွားရောက် ဖတ်ရှု
မေးမြန်းနိုင်ကြောင်းပါ...


ဒီလို အသုံးဝင်တဲ့ အခြား project များကို အခကြေးငွေမပါဘဲ ရေးသား
ဖြန့်ချီပေးနေတဲ့ mmGeeks.org

No comments:

Post a Comment