Wednesday, March 30, 2011

An introduction to Purpose and Tone

An Introduction to Purpose and Tone

Every written piece of information is created by an author who has a specific reason for writing. This reason for writing is known as the author's purpose. Effective readers read to understand the author's purpose.
Understanding purpose is closely related to the ability to identify the tone of a passage. Tone is the emotion or mood of the author's written voice. Purpose and tone are established with word choice.

Purpose isthe reason the author writes about a topic
Tone is the author's attitude toward the topic


Purpose

Many reasons can motivate a writer to write. The writer’s reasons can range from the need to take a stand on a hotly debated issue to the desire to entertain an audience with an amusing story. In general, the author's purpose falls into one of three general categories:
  • To inform. When setting out to inform, a writer gives information about a topic. Authors use facts to teach or explain the main idea to readers. Most textbook passages are written to inform.
           The following topic sentences reflect the writer’s desire to inform:

    Lou Gehrig’s disease causes the body to shut down while the mind remains sharp and clear.

    Preparing garden beds for spring planting requires several steps.

  • To persuade. A writer who sets out to persuade tries to convince the reader to agree with his or her view on the topic. Authors combine facts with emotional appeals to sway the reader. Politicians and advertisers often write and speak to persuade.
           The following topic sentences reflect the writer’s desire to persuade:

    Someone you know or love will die from Lou Gehrig’s disease unless a cure is found, so make a generous donation to the Lou Gehrig’s Disease Foundation.

    Chemicals that control weeds in gardens, such as dioxin, should be banned from use because they are human health hazards.

  • To entertain. A writer whose purpose is to entertain sets out to amuse the audience. Authors appeal to the reader’s senses, emotions, and imagination. Both fiction and nonfiction writers seek to entertain.
           The following topic sentences reflect the writer’s desire to entertain:

    It is pleasant even to be ill when you know that there are people who are looking forward to your convalescence as to a holiday.
    —Anton Chekhov, The Story of an Unknown Man.


    In preparing the soil for planting, you will need several tools. Dynamite would be a beautiful thing to use, but it would have a tendency to get the dirt into the front-hall and track up the stairs.
    —Robert Benchley, “Gardening Notes.”


နောက်ဆုံးဖယောင်းတိုင်လေးရဲ့ နာမည် ကိုဘယ်လိုမှည့် ခေါ်ချင်ပါသလဲ့ 

 ကျနော် ပုံပြင်လေးတစ်ပုဒ်ပြောပါရစေ……….
ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။
လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။
သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊ လင်မယား နှစ်ယောက်အကြား၊
သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့ အတွေးတစ်ခုကို ပေးပါလိမ့်မယ်။
*********
တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင် ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။
ဖယောင်းတိုင် (၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ အလင်းအား နည်းနည်း လျော့သွားတယ်။
အဲ့ဒီဖယောင်းတိုင်လေးကို “အချစ်“ လို့ နာမည်ပေးကြည့်ရအောင်။ “အချစ်ဆိုတဲ့ အလင်းအားလေး“ လျော့သွားတော့ အခန်းဟာ နည်းနည်းလေး မှောင်သွားတယ်။
နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ ဖယောင်းတိုင်လေးကို “သံယောဇဉ်“ လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ “အချစ်“ ဆိုတဲ့ အလင်းရောင်ရယ်၊ “သံယောဇဉ်“ ဆိုတဲ့ အလင်းရောင်ရယ် မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။
ဒီလိုနဲ့ နောက်ထပ် “`လေတစ်ချက်“ အဝေ့မှာ တတိယ ဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို “မေတ္တာတရား“ လို့ နာမည်ပေးကြည့်ရအောင်။
ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။ ဒီဖယောင်းတိုင်လေးကိုတော့ “ကရုဏာ တရား“ လို့ နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင် (၁)တိုင်မျှသာ အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ လေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး မှောင်မည်းသွားတော့ မှာပါပဲ။
ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
“အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင် လင်းနေသေးလို့“
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။ အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့ မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး လင်းထိန်သွားပါတော့တယ်။
**********
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့ နာမည်ပေးကြည့်ကြရအောင်။ စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။ နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို “နားလည်ပေးမှု၊ စာနာပေးမှု ဖယောင်းတိုင်“ လို့ နာမည်ပေးထားတယ်။
တွေးကြည့်ရအောင်။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ “နားလည်ပေးမှု၊ စာနာပေးမှု“ ဆိုတဲ့ အလင်းအား ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် “အချစ်“ဆိုတာ ပြန်ဖြစ်နိုင်တယ်။ “သံယောဇဉ်“ ဆိုတာ ပြန်ဖြစ်နိုင်တယ်။ “မေတ္တာတရား၊ ကရုဏာတရား“တွေ ပြန်ဖြစ်နိုင်တယ်။ “နားလည်ပေးမှု၊ စာနာပေးမှု“ ဆိုတဲ့ ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။
မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊ မောင်နှမနှစ်ယောက်အကြားမှာ၊ လင်မယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ “နားလည်ပေးမှု၊ စာနာပေးမှု“ဆိုတဲ့ ဖယောင်းတိုင်လေး လင်းနေဖို့ လိုမယ်ထင်ပါတယ်။
ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနားလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ “နားလည်ပေးမှုနဲ့ စာနာပေးမှု“ ရှိရင် ပျော်စရာ သိပ်ကောင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ ပျော်စရာကြီးပါ။
ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့ သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ။
အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်တော်တို့ ဝန်းကျင်းမှာရှိခဲ့ရင် ကျနော်တို့ လူ့ဘောင်လောကကြီးဟာ
ဒီထက်ပိုပြီး သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း ကောင်းလာပါမယ်။
ဒါကြောင့် ဘယ်နေရာမှာ မဆို “နားလည်ပေးမှုနဲ့ စာနာပေးမှု“ အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
“နားလည်ပေးမှုနဲ့ စာနာပေးမှု “ ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
“နားလည်ပေးမှုနဲ့ စာနာပေးမှု“ ကို အခွင့်ကောင်းမယူသင့်ဘူး။
“နားလည်ပေးမှုနဲ့ စာနာပေးမှု“ ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။
စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ မှည့်ခေါ်ချင်ပါသလဲ။
ဒီပုံပြင်လေးကို ဖတ်ပြီး….
“ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ“ ရဲ့ကြားမှာ “နားလည်ပေးမှုနဲ့ စာနာပေးမှု“ ဆိုတဲ့ အလင်းရောင်ကလေးနဲ့
“ အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ“ ပြန်ပြီး ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
တွေးဆကြည့်ကြဖို့ပါ ။

ဆရာ ဦးဘုန်း(ဓာတု) ၏ နီးနီးဝေးဝေး အတွေးလက်ဆောင် စာအုပ်မှ ဆရာ၏ ခွင့်ပြုချက်ဖြင့် အွန်လိုင်းပေါ်မှ စာဖတ်ပရိသတ်များအတွက်
တွေးတော ကြံဆ နိုင်ဖို့ရန်အတွက် အားဆေး တစ်ခွက်အနေနဲ့  ပြန်လည် ရေးသား ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

အမေအဖြစ်မှစွန်းလွှတ်သူ

ကျွန်တော် အမေ့ကိုမုန်းတယ်… အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး…. မျက်လုံးတစ်ဘက်ပဲရှိတယ်…. ရုပ်ဆိုးလိုက်တာ… အရမ်းကို ရှက်ဖို့ ကောင်းတာပဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော် ရှက်တယ်…. အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေးကြတယ်လို့ ကျွန်တော်ထင်တယ်… သူများ အမေတွေလို ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး…. ဒါကြောင့် အမေ့ကို ကျွန်တော် မချစ်ဘူး.. မုန်းတယ်…
ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေလုပ်တယ်…. ကျောင်းသား မိဘတွေကို ဖိတ်တယ်… ကျွန်တော် အမေ့ကို မလာစေချင်ဘူး… ဒါပေမယ့် အမေက ကျောင်းကို ရောက်လာတယ်… အမေ ဘယ်လိုများ လုပ်လိုက်တာလဲ.. လူတွေကြားမှာ ကျွန်တော့်ကို အရှက် လာခွဲတယ်…. ရှက်စရာ ကောင်းလိုက်တာ.. အခုတော့ ကျွန်တော့် အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းကသူငယ်ချင်းတွေ အကုန် သိကုန်ပြီ ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်မိတယ်… ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတယ်…
နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး
“မင်းအမေက မျက်လုံး တစ်ဘက်တည်း ရှိတယ်နော်” လို့ စကြတယ်.. အော်ဟစ် နောက်ပြောင်ကြတယ်…
ကျွန်တော် ဒေါသလဲထွက် ရှက်လဲ ရှက်မိတယ်…. အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်သွားပါစေလို့ကို ဆုတောင်းမိတယ်… သူများ အမေတွေလို ကြည့်ကောင်းတဲ့ ရုပ်ရည်လဲ မရှိဘူး.. သူများအမေတွေလို ပိုက်ဆံလဲ မချမ်းသာဘူး.. ကျွန်တော် အမေ့ကို အရမ်းမုန်းတာပဲ..
အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်..
“အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက်သွားတာလဲ.. အမေက သူများအမေတွေလိုလဲ မလှဘူး…. ရုပ်ကဆိုး၊ ဆင်းကလဲ ဆင်းရဲသေးတယ်….. အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့ သက်သက်များ အသက်ရှင်နေတာလား… အမေဘာကြောင့် မြန်မြန်မသေတာလဲ” လို့ ရက်ရက် စက်စက် ကျွန်တော် ပြောပစ်လိုက်တယ်။
အမေက ဘာမှကို ပြန်မပြောဘူး…. ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ပဲ လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… အမေ့ကို အဲလို ပြောလိုက်မိလို့.. ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ်သွားမိတယ်… ကျွန်တော် တစ်ချိန်လုံး အမေ့ကို ပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ…
အဲဒီည…. ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစားခန်းထဲကိုအသွား တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး ငိုနေတဲ့ အမေ…..။ အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်…
တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ… ဒါပေမယ့် အရုပ်ဆိုးလှတဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့ အမေ့ကို ကျွန်တော် မုန်းတယ်…
ဒီတော့…. ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်မိတယ်…. ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်အောင် ကြိုးစားတော့မယ်… ငါ့ဘ၀ကို အောင်မြင်အောင် လုပ်မယ်.. ငါအမေ့ကို မုန်းတယ်.. ပြီးတော့ ဒီ စုတ်ပြတ် ဆိုးဝါးလှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်.. ဒီကနေငါလွတ်အောင် ရုန်းမယ်.. အမေ့ဆီကနေ….. ပြီးတော့ ဆင်းရဲခြင်း ဆီကနေ…..
အမေ့အိမ်ကနေ ထွက်လာပြီး.. ဆိုးလ်မြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်……. ရှေ့ခြေလှမ်းတွေအတွက်…… ရည်မှန်းချက် အပြည့်နဲ့ပေါ့ အထက်တန်း အောင်တော့ ဆိုးလ်တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရတယ်… ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန်လာတယ်၊ ခိုင်မာလာတယ်..
ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင်အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်.. သားသမီးတွေရလာတယ်.. ခုတော့ ကျွန်တော့် ဘ၀မှာ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေပြီ… ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်.. ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့်ငယ်ဘ၀ အဲဒါတွေကို သတိရစရာ ပြန်အမှတ် ရစရာ ဘာမှလဲ မရှိတော့ဘူး… ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ…. ကျေနပ်နေပြီ…
ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်…..
“ဘုရားရေ…..အမေပါလား”
“ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ ရှိနေတုန်း… ဆိုးလိုက်တာဗျာ..”
ကောင်းကင်ကြီး တစ်ခုလုံး ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ…. ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကိုမြင်တော့ လန့်အော်ပြီးအိမ်ထဲကို ပြေးဝင်သွားတယ်.. ကျွန်တော် ဒေါသတွေ ဒီရေလို တက်လာတယ်…
“ခင်ဗျားဘယ်သူလဲ.. ခင်ဗျားကို ကျုပ်မသိပါလား .. ခင်ဗျားက ကျုပ် အိမ်ကို ဘာကိစ္စနဲ့ လာရတာလဲ.. ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ…. သွား….. ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား”
ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..
“အို…. ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာ မှားပြီး ၀င်လာမိတာပါ…”
အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေတစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်.. တော်ပါသေးရဲ့.. ဘုရား မ လို့.. အမေ ကျွန်တော့်ကို မမှတ်မိဘူး.. ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. ကိုယ့်ကိုယ်ကို ပြောမိတယ်..
“ငါနောက်ကို သတိထားစရာ မလိုတော့ဘူး… ငါ့ဘ၀တစ်လျှောက်လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ မဟုတ်တော့ဘူး”
တစ်နေ့….. ကျွန်တော့်ဇာတိဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ ကျောင်းကနေ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မယ့် ဖိတ်စာလေး ရောက်လာတယ်။ မသွားချင်ပေမယ့် ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေးကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်… ကျွန်တော့ရဲ့ ဆင်းရဲတဲ့ ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ…
တွေ့ဆုံပွဲပြီးတော့ ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့ ထွက်လာခဲ့တယ်။ အိမ်လို့သာ ခေါ်တာပါ အိမ်နဲ့တောင် မတူပါဘူး။ အမိုးအကာမလုံတဲ့ တဲကုတ်လေးပါ။ ဘာရယ်မဟုတ်ပါဘူး.. စပ်စုချင်တဲ့ စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် ဆိုပြီး ကြည့်ချင်တာနဲ့ ထွက်လာတာ….
ဒီမှာဘဲ.. ကျွန်တော့်အမေကို အေးစက်စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်… ဒါပေမယ့် ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့ ၀မ်းနည်းတဲ့ စိတ်နည်းနည်းလေးတောင် မဖြစ်မိဘူး… အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို တွေ့ရတယ်… ကျွန်တော်ယူကြည့်လိုက်တော့ အမေရဲ့ မပီမသ မလှမပ လက်ရေးလေးတွေနဲ့ ကျွန်တော့်အတွက် ရေးထားတဲ့စာမှန်း သိလိုက်ရတယ်…
သားလေးရေ…
အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ….. အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင်ပါဘူးကွယ် …. သားလေးရှိတဲ့ ဆိုးလ်ကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေ ရောက်နိုင်တော့မှာ မဟုတ်ပါဘူး…. သားလေးကို အမေ့ဆီတစ်ခေါက်လောက် လာလည်စေချင်လိုက်တာကွယ်…. အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ.. တွေ့ချင်လွန်းလို့ပါ… ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ် ကြားတော့ အမေ ၀မ်းသာလိုက်တာ.. ဒါပေမယ့် ကျောင်းကို အမေမလာဖို့ ဆုံးဖြတ်ထားပါတယ် အဲဒါက သားလေးအတွက်ပါကွယ်… အမေ့မှာက မျက်စိတစ်ဖက်ထဲ ရှိတာကိုး…. ဒီအတွက်နဲ့ သားကို အရှက်ရစေတာ အမေ ၀မ်းနည်းပါတယ် သားရယ်… အမေ ပြောပြပါ့မယ် သားရယ်… အမှန်တော့ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆဖြစ်ပြီး သားမျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်… အမေတစ်ယောက်အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့သားကို ဘယ်လိုလုပ် ကြည့်ရက် နိုင်ပါ့မလဲကွယ်… သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့ လူတွေကြား ဘယ်လိုများ နေမလဲလို့ တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်… ယူကျုံးမရ ဖြစ်ရတယ်…. ကြီးလာရင် ငါ့သားလေး ရှက်မယ်ဆိုတာ အမေသိတယ်…. အမေက အသက်ကြီးပြီ.. သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်းရဦးမှာလေ… ဒါကြောင့် အမေ့ရဲ့ မျက်စိတစ်ဘက် သားကို ပေးလိုက်တာပါ… အမေ့ရဲ့ မျက်လုံးနဲ့ လောကကြီးကို ငါ့သားလေး ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့အတွက် သားကိုကြည့်ပြီး အမေ၀မ်းသာမိတယ်.. ဂုဏ်ယူမိတယ်…. ဒီအတွက် အမေဘယ်တော့မှ စိတ်မကောင်း မဖြစ်ပါဘူး.. ၀မ်းလဲမနည်းခဲ့ပါဘူး.. ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုးခဲ့ဖူးတယ်.. စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့ ဆိုခဲ့တာတွေ အမေ သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး ငါ့သားလေး ငါ့ကို ချစ်လို့ ပြောတာဘဲလို့ အမေတွေးခဲ့ပါတယ်.. အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့ ဘ၀၊ အမေရဲ့ ကမ္ဘာပါကွယ်……..
အိုး.. ကျွန်တော့်အသည်းတွေ ကွဲကုန်ပါပြီ။ အမေရယ်…. သားကိုခွင့်မလွှတ်ပါနဲ့… ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့…..
ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့ မျက်လုံး တစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့အတွက် သူ့မျက်လုံးကို စွန့်လွှတ်ခဲ့တယ်ဆိုတာ အမေသေမှ ကျွန်တော် သိလိုက်ရပါပြီ…. ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော်… ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော်… လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ…
ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား.. မိဘစေတနာကို နားမလည်တဲ့ သားမျိုး၊ မိဘသေမှ နောင်တရတဲ့ သားမျိုး ဘယ်တော့မှ မဖြစ်ကြပါစေနဲ့ဗျာ….
အလင်းရဲ့ဒိုင်ယာရီမှ

ဘဝအတွက်လိုအပ်တဲ့ အားဆေး

Morris မြို့က စိန်မေရီကျောင်းမှာ ဆရာမအဖြစ် ကျွန်မတာဝန်ထမ်းဆောင်စဉ်က သူဟာ တတိယတန်း ကျောင်းသားတစ်ဦးဖြစ်တယ်။ အတန်းထဲက ကျောင်းသား(၃၄)ယောက်နဲ့ ကျွန်မသင့်မြတ်ရင်းနှီးခဲ့တယ် ဆိုပေမယ့် Mark နဲ့တော့ ခပ်တန်းတန်းဖြစ်ခဲ့တယ်။

မတ်(ခ်)က အမြဲသန့်ရှင်းသပ်ရပ်ပြီး ပျော်ပျော်နေတတ်သူဖြစ်တယ်။ တစ်ခါတလေ သူ့ရဲ့ ခပ်နောက်နောက်ပုံစံက လူတွေကို ပျော်ရွှင်မှုပေးတယ်။ မတ်(ခ်)ဟာ စကားကို မနားတမ်းပြောနိုင်သူဖြစ်တယ်။ စကားမပြောခင်၊ တစ်ခုခုမမေးခင် ဆရာမရဲ့ခွင့်ပြုချက်ကို အရင်တောင်းရတယ်လို့ ကျွန်မအမြဲသတိပေးခဲ့လည်း အရာမရောက်ခဲ့ဘူး။ သူနဲ့ပတ်သက်ပြီး ကျွန်မကို စွဲစွဲမြဲမြဲဖြစ်ခဲ့စေတာက သူဟာ သူ့ကိုအပြစ်ပေးဆုံးမတိုင်း ကျွန်မကို တလေးတစားနဲ့ "အခုလို ကျွန်တော့်ကို ပြောဆိုဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် စစ္စတာ"လို့ ပြန်ပြောတတ်တာပဲဖြစ်တယ်။

စစချင်းမှာ ဒီလိုအပြောကို ကျွန်မရင်မဆိုင်တတ်ခဲ့ဘူး။ ကြာတော့လည်း မကြာခဏကြားရတဲ့ ဒီစကားကို ကျွန်မကျင့်သားရလာခဲ့တယ်။ တစ်နေ့မနက်မှာ ကျွန်မစာသင်နေတုန်း မတ်(ခ်)စကားအဆက်မပြတ် ပြောနေပြန်တယ်။ ကျွန်မရဲ့သည်းခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်လာတဲ့အခါ အလုပ်သင်ဆရာမတစ်ဦးဖြစ်တဲ့ကျွန်မ အမှားတစ်ခုကို ကျူးလွန်ခဲ့မိတော့တယ်။

"မတ်(ခ်) စကားထပ်ပြောရဲပြောကြည့် ... ထပ်ပြောရင် မင်းပါးစပ်ကို ပလာစတာနဲ့ ကပ်ထားလိုက်မယ်" မတ်(ခ်)ကို စူးစူးစိုက်စိုက်ကြည့်ပြီး ကျွန်မပြောလိုက်တယ်။

ဒါပေမယ့် ၁ဝစက္ကန့်တောင်မကြာတဲ့အချိန်မှာ တခြားကျောင်းသားတစ်ဦးကနေ "စစ္စတာ မတ်(ခ်) စကားပြောနေတယ်"ဆိုတဲ့ အသံကလွင့်လာခဲ့တယ်။ မတ်(ခ်)ကို စောင့်ကြည့်ထားဖို့ တခြားကျောင်းသားတွေကို ကျွန်မ မခိုင်းစေခဲ့ပါဘူး။ တစ်တန်းလုံးကြားအောင် ပြောခဲ့တဲ့စကားအတိုင်း မတ်(ခ်)ကို ကျွန်မအပြစ်ပေးရတော့တယ်။

အဲဒီနေ့ကအဖြစ်ကို ဒီကနေ့ထိ ကျွန်မသေသေချာချာ မှတ်မိနေခဲ့တယ်။ စားပွဲနားသွားပြီး အံဆွဲကို အသံကျယ်အောင် ကျွန်မတမင်ဆွဲဖွင့်လိုက်တယ်။ ကျွန်မစကားတစ်ခွန်းမှ မပြောဘဲ ပလာစတာကိုယူပြီး မတ်(ခ်)ဘက်ကို ဖြေးဖြေးချင်းလျှောက်သွားလိုက်တယ်။ ပလာစတာကိုယူပြီး မတ်(ခ်)ပါးစပ်ကို ကြက်ခြေခတ် ကပ်ထည့်လိုက်တယ်။ အဲဒီနောက် စတိတ်စင်ဘက် ကျွန်မလှည့်ပြန်ခဲ့တယ်။

စတိတ်စင်ရှေ့ရောက်တာနဲ့ မတ်(ခ်)ဘာများလုပ်နေမလဲလို့ သိချင်တာနဲ့ နောက်ဘက်ကို ကျွန်မ လှည့်ကြည့်လိုက်တော့ မတ်(ခ်)က ကျွန်မကို မျက်စိတစ်ဖက်မှိတ်ပြတယ်။ မတ်(ခ်)ရဲ့အပြုအမှုကြောင့် ကျွန်မရယ်မိတယ်။ မတ်(ခ်)ရှေ့ကို ကျွန်မဖြေးဖြေးချင်း လျှောက်သွားပြန်တယ်။ တစ်တန်းလုံးက ကျွန်မဘာများထပ်လုပ်ဦးမလဲဆိုပြီး စိတ်ဝင်စားနေကြတယ်။ မတ်(ခ်)ပါးစပ်ပေါ်က ပလာစတာကို ကျွန်မဆွဲခွာပြီး ပုခုံးတစ်ချက်တွန့်ပြလိုက်တယ်။

"ကျွန်တော့်ကို အပြစ်ပေးဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် စစ္စတာ" မတ်(ခ်)ဆီက စကားတစ်ခွန်း ထွက်ကျလာခဲ့တယ်။

အဲဒီနှစ်ရဲ့နှစ်ကုန်လောက်မှာ အလယ်တန်းမှာ သချာင်္ဘာသာကိုသင်ဖို့ ကျွန်မပြောင်းရွေ့ခဲ့ရတယ်။ အဲဒီလိုနဲ့ အချိန်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့တယ်။ ကျွန်မသတိမထားမိတဲ့အချိန်မှာ ကျွန်မအတန်းထဲ မတ်(ခ်)နောက်တစ်ခေါက် ထပ်ရောက်လာခဲ့တယ်။

အရင်ကထက် မတ်(ခ်)ပိုချောလာတယ်။ အရင်ကလိုပဲ သူယဉ်ကျေးတယ်။ သချာင်္သင်ခန်းစာသစ်တွေမှာ စိတ်အာရုံဝင်စားရတာမို့ လွန်ခဲ့တဲ့သုံးနှစ်ကလောက်တော့ သူ စကားမများတော့တာ တွေ့ရတယ်။

သောကြာနေ့တစ်နေ့မှာ အတန်းထဲက အဆင်မပြေတာတွေကို ကျွန်မ သတိထားလိုက်မိတယ်။ သင်ခန်းစာအသစ်မှာ ကျောင်းသားတွေ အာရုံထွေပြားနေတာ တစ်ပတ်လောက်ရှိနေခဲ့ပြီ။ ကိန်းဂဏန်းရဲ့အယူအဆ၊ ပုံသေနည်းတွေကို သူတို့ငြီးငွေ့လာတာ ကျွန်မသတိထားလိုက်မိတယ်။ တချို့က လက်လျော့ချင်လာတယ်။ တချို့က အချင်းချင်း မသင့်မြတ်ချင်တော့ဘူး။ ဒီလိုအခြေအနေကို ကျွန်မတစ်နည်းနည်းနဲ့ ထိန်းချုပ်ရတော့မယ်။ စိတ်ဒေါသတွေ မပေါက်ကွဲခင် ကျွန်မကြိုးစားရတော့မယ်။

အဲဒီလိုနဲ့ အတန်းသားတွေကို စာရွက်တစ်ရွက်ယူပြီး (ကျွန်မနာမည်ကလွဲလို့)
ကျောင်းသားအားလုံးရဲ့နာမည်ကို ချရေးခိုင်းလိုက်တယ်။ ပြီးတော့ နာမည်အောက်မှာ အဲဒီကျောင်းသားရဲ့ကောင်းကွက်တွေကို ချရေးခိုင်းလိုက်တယ်။

စာသင်မယ့်အချိန်တစ်ချိန်ကို အသုံးပြုပြီး အားလုံးကို ကျွန်မရေးခိုင်းလိုက်တယ်။ အတန်းဆင်းတော့ ကျောင်းသားတွေက သူတို့ရေးထားတဲ့စာရွက်တွေ ကျွန်မကို လာပေးကြတယ်။ မတ်(ခ်)က "စစ္စတာရဲ့ သွန်သင်မှုကို ကျေးဇူးတင်ပါတယ်။ ကောင်းသော ပိတ်ရက်ဖြစ်ပါစေ စစ္စတာ" လို့ ကျွန်မကိုနှုတ်ဆက်တယ်။

စနေနေ့မှာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ နာမည်နဲ့ သူတို့ရဲ့ကောင်းကွက်တွေကို အတန်းသားတွေ ရေးထားတဲ့အတိုင်း စာရွက်တစ်ရွက်စီမှာ ကျွန်မချရေးလိုက်တယ်။ ပြီးတော့ တနင်္ဂလာနေ့ကျောင်းဖွင့်ရက်မှာ သူတို့ကို ဝေပေးလိုက်ကြတယ်။ စာရွက်ဝေပြီး သိပ်မကြာတဲ့အချိန်မှာ တစ်ခန်းလုံးရဲ့ပျော်ရွှင်ရယ်မောသံကို ကျွန်မကြားလိုက်ရတယ်။ ကျောင်းသားတချို့ရဲ့ "ဟုတ်ရဲ့လား?" ၊ "တခြားလူ သတိထားမိမယ်လို့ ငါမထင်ခဲ့ဘူး"၊ "ငါ့ကို သူတို့ချစ်ခင်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး" စတဲ့ တိုးတိုးတိတ်တိတ်အသံကို ကျွန်မကြားလိုက်တယ်။

အတန်းတက်တော့ ဘယ်သူမှ အဲဒီစာရွက်အကြောင်းကို မဟကြတော့ဘူး။ အတန်းဆင်းတော့ ကျောင်းသားအချင်းချင်း ထပ်ဆွေးနွေးကြလား၊ ဒါမှမဟုတ် အိမ်ယူပြန်ပြီး မိဘတွေကိုပြကြလား.. ကျွန်မ မသိတော့ဘူး။ ဒါဟာ အဓိကတော့ မဟုတ်ဘူး။ အဓိက,က အတန်းသားတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာပြီး အချင်းချင်း ပိုသင့်မြတ်လာခဲ့ကြတယ်။

အချိန်တဖြေးဖြေး ကုန်လွန်ခဲ့တယ်။ နှစ်အတန်ကြာပြီး တစ်ခုသောကျောင်းပိတ်ရက်မှာ ကျွန်မခရီးကပြန်လာတော့ မိဘတွေက ကျွန်မကို လေယာဉ်ကွင်းမှာလာကြိုတယ်။ အိမ်အပြန်လမ်းမှာ မေမေက ကျွန်မကို ခရီးသွားခဲ့တဲ့ အခြေအနေ၊ ရာသီဥတု၊ ထူးခြားတဲ့အတွေ့အကြုံ စတဲ့ သမားရိုးကျအရာတွေကို မေးနေခဲ့တယ်။ ဒီလိုအမေးအဖြေကြားမှာ တစ်ခုခုကို ကျွန်မခံစားလိုက်မိတယ်။ နောက်တော့ မေမေက ဖေဖေ့ဘက်ကို ငဲ့ကြည့်ပြီး "အဖေကြီး..!"လို့ခေါ်တယ်။ ဖေဖေက အရေးကြီးတဲ့စကားတစ်ခုခုကို ပြောခါနီးအတိုင်း ချောင်းတစ်ချက်ဟန့်ပြီး စကားစတယ်။

"မနေ့ညက မတ်(ခ်)အိမ်က ဖုန်းလာတယ်"

"ဟုတ်လား?... မတ်(ခ်)အကြောင်း မကြားရတာတောင် နှစ်တော်တော်ကြာနေပြီ။ မတ်(ခ်)ဘယ်လိုနေလဲ ကျွန်မသိချင်လိုက်တာ?"

"မတ်(ခ်)တစ်ယောက် စစ်ပွဲမှာ ကျသွားတယ်တဲ့။ မနက်ဖြန် သူ့ကို သင်္ဂြိုလ်ကြလိမ့်မယ်။ သမီးသွားနိုင်မယ်ဆိုရင် သူ့မိဘတွေ ဝမ်းသာပါလိမ့်မယ်"

အခုချိန်ထိ ဖေဖေပြောခဲ့တဲ့ အိမ်အမှတ် I-494ကို ကျွန်မမှတ်မိနေခဲ့သေးတယ်။ ဒါဟာ ကျွန်မဘဝမှာ အခေါင်းထဲ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေတဲ့ စစ်သားတစ်ဦးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပါပဲ။ မတ်(ခ်)ပုံစံက ခန့်ညား၊ ရင့်ကျက်နေတယ်။ ဒီလိုအချိန်မှာ ကျွန်မခေါင်းထဲဝင်လာတဲ့ အတွေးက -- မတ်(ခ်)သာ ဒီအချိန်မှာထပြီး ကျွန်မနဲ့စကားပြောခဲ့ရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ပလာစတာတွေကို ကျွန်မလွှင့်ထုတ်ပစ်လိုက်မိမယ်။

အဲဒီဘုရားကျောင်းမှာ မတ်(ခ်)ရဲ့သူငယ်ချင်းတွေနဲ့ ပြည့်နေခဲ့တယ်။ ဂျော့ခ်ျရဲ့အစ်မက ဘုရားကျမ်း ရွတ်ဆိုနေတယ်။ ကျွန်မက "ဘာဖြစ်လို့ သဂြိုင်္လ်တဲ့နေ့မှာမှ မိုးရွာရသလဲ? အုတ်ဂူတွေကြား အစကတည်းက လမ်းလျှောက်ရခက်နေပြီ" လို့ တွေးနေမိတယ်။

သင်းအုပ်ဆရာက ဆုတောင်းဝပ်ပြုတာတွေ လုပ်နေတယ်။ တီးဝိုင်းအဖွဲ့က ဝမ်းနည်းခြင်းတီးလုံးတွေ တီးခတ်နေတယ်။ မတ်(ခ်)ကိုချစ်တဲ့ သူငယ်ချင်းတွေက တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး မတ်(ခ်)ရဲ့အခေါင်းဆီ နောက်ဆုံးအကြိမ်လှမ်းကြပြီး ကျမ်းရေတွေ ပက်ဖျန်းပေးနေကြတယ်။

ကျွန်မက မတ်(ခ်)ကို နောက်ဆုံးမှ ဆုတောင်းမေတ္တာပို့သူဖြစ်တယ်။ မတ်(ခ်)အခေါင်းဘေးမှာ ရပ်နေတဲ့ ကျွန်မကို စစ်သားတစ်ဦးက "စစ္စတာက မတ်(ခ်)ရဲ့သချာင်္ဆရာမလား" လို့ မေးတယ်။

အခေါင်းကိုသေချာကြည့်ပြီး ကျွန်မခေါင်းညိတ်ပြလိုက်တယ်။

"စစ္စတာအကြောင်းတွေ မတ်(ခ်)တော်တော်များများ ပြောပြဖူးတယ်" လို့ သူကပြောတယ်။

သဂြိုင်္လ်တဲ့ကိစ္စပြီးတော့ မတ်(ခ်)ရဲ့သူငယ်ချင်းတွေက ဂျော့ခ်ျရဲ့ခြံမှာ နေ့လယ်စာသွားစားကြတယ်။ မတ်(ခ်)ရဲ့မိဘတွေလည်း အဲဒီမှာရှိနေတယ်။ သူတို့ ကျွန်မကိုစောင့်နေကြတယ်ဆိုတာ မြင်တာနဲ့ သိတယ်။

"စစ္စတာကို ကျွန်တော်တို့ပြစရာရှိတယ်"

မတ်(ခ်)ဖေဖေက ပြောပြောဆိုဆို အိတ်ကပ်ထဲကနေ ပိုက်ဆံအိတ်ကို ထုတ်လိုက်တယ်။ အိတ်ထဲကနေ တစ်ရွက်တစ်ရွက်ကို ဂရုတစိုက်ထုတ်လိုက်ပြီး... "မတ်(ခ်)ဆုံးတော့ သူ့ဆီကနေ ဒါလေးကို ကျွန်တော်တို့ ရှာတွေ့ခဲ့တယ်။ ဒါကို စစ္စတာသိမယ် ထင်တယ်" လို့ ပြောတယ်။

ဟောင်းနွမ်းစုတ်ပြတ်နေပြီဖြစ်တဲ့ စာရွက်ကို ပလာစတာနဲ့ ကပ်ထားတယ်။ ခေါက်ရာတွေကိုလည်း အထင်းသားမြင်နေရတယ်။ အဲဒီစာရွက်ဟာ မတ်(ခ်)ကို ကျွန်မပေးခဲ့တဲ့စာရွက်၊ အတန်းသားတွေ မတ်(ခ်)ရဲ့ကောင်းကွက်ကို ရေးထားတဲ့စာရွက်ဆိုတာ ကျွန်မ မကြည့်ဘဲသိလိုက်တယ်။

"ဒီအရာအတွက် စစ္စတာကို အရမ်းကျေးဇူးတင်တယ်။ မတ်(ခ်) အရမ်းတန်ဖိုးထားခဲ့တယ်" မတ်(ခ်)မေမေက ပြောတယ်။

မတ်(ခ်)ရဲ့ သူငယ်ချင်းတွေ ကျွန်မတို့ကို ဝိုင်းအုံဖွဲ့လာကြတယ်။

ချာလီက ပွင့်ပွင့်လေးပြုံးပြီး "ဒီစာရွက်ကို ကျွန်တော်လည်း သိမ်းထားသေးတယ်။ စာကြည့်စားပွဲခုံရဲ့ ပထမဆုံးထပ် အံဆွဲထည့်မှာ ကျွန်တော်သိမ်းထားတယ်"

ဂျော့ခ်ျရဲ့ဇနီးက "ဂျော့ခ်ျက ဒီစာရွက်ကို ကျွန်မတို့ရဲ့မင်္ဂလာဆောင်အယ်ဘမ်ထဲ သိမ်းခိုင်းထားတယ်"

"ကျွန်မလည်း သိမ်းထားတယ်။ ဒိုင်ယာရီစာအုပ်ထဲမှာ ကျွန်မသိမ်းထားတယ်" မာလင်က ပြောတယ်။

ဗီကီက သူ့ပိုက်ဆံအိတ်ထဲကနေ ဟောင်းနွမ်းနေတဲ့ စာရွက်ကိုထုတ်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ "ကျွန်မက ကိုယ်နဲ့မကွာဆောင်ထားတယ်။ လူတိုင်း ကိုယ့်စာရွက်တွေကို သိမ်းထားကြမယ်လို့ ထင်ပါတယ်"

နောက်ဆုံးမှာ ကျွန်မဆောင့်ကြောင့်ထိုင်ပြီး ငိုချမိတယ်။ မတ်(ခ်)အတွက် ကျွန်မငိုမိတယ်။ မတ်(ခ်)ကိုဘယ်တော့မှ မတွေ့နိုင်တော့တဲ့ မတ်(ခ်)ရဲ့သူငယ်ချင်းတွေအတွက် ကျွန်မငိုမိတယ်။

ကိုယ်နှစ်သက်တဲ့၊ ကိုယ်ဂရုစိုက်တဲ့လူတွေကို ချီးမွမ်းတတ်ဖို့ လူတိုင်းလူတိုင်းကို ကျွန်မအားပေးခဲ့တယ်။ များသောအားဖြင့် ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ခံစားချက်၊ ကျွန်မတို့ရဲ့မေတ္တာကို ထုတ်ဖော်ပြသဖို့ မေ့နေတတ်ကြတယ်။ တစ်ခါတလေမှာ ကျွန်မတို့အတွက် အရေးမပါတဲ့ကိစ္စလေးတစ်ခုက တခြားလူအတွက် အရေးပါပြီး လေးနက်တဲ့အရာ ဖြစ်နေတတ်တယ်။

တခြားလူကို ဖေးမအားပေး၊ ချီးမွမ်းပြီး အချင်းချင်းကြားက ပေါင်းသင်းဆက်ဆံရေးကို လမ်းကြောင်းဖွင့်ပါ။ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသပါ။ သင်ချစ်တဲ့၊ သင်ဂရုစိုက်တဲ့သူတွေကို သူတို့ဟာ သင့်အတွက် ဘယ်လောက်အရေးပါကြောင်း၊ ဘယ်လောက်ထူးခြားကြောင်း အချိန်မနှောင်းခင် ပြောပြပါလို့ ကျွန်မတောင်းဆိုချင်ပါတယ်။

"လောကမှာ သူစိမ်းဆိုတာ မရှိဘူး။ မရင်းနှီးသေးတဲ့ သူငယ်ချင်းမိတ်ဆွေပဲရှိတယ်"ဆိုတဲ့အကြောင်း သင့်ကို ကျွန်မလက်ဆင့်ကမ်းသလို ဒီအကြောင်းကို သင်သိတဲ့သူတိုင်းကို ပြန်လက်ဆင့်ကမ်းပါလို့ ကျွန်မတောင်းဆိုလိုက်ပါတယ်။

မူရင်းရေးသားသူ-- စစ္စတာ
Helen Mose (http://www.dpes.tc.edu.tw/lib/candle/he_6.htm)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

နုတ်ခမ်းမွှေးရှိပြီးသား ဟာသ

၁။ ချစ်လိုက်တာ

                "ခင့်ကိုလေ မောင်က အသည်းထဲ အူထဲက စွဲစွဲမြဲမြဲ ချစ်နေမိပြီ ခင်ရယ်"
                "ရှင်တော်တော် ခေါင်းမာပါလား၊ ရှင်ကို
ပြန်မချစ်နိုင်ဘူးလို့ မနေ့ ကျွန်မ အပြတ်ပြောလိုက်ပြီလေ"
                "အော်...မနေ့က ငြင်းလိုက်တာ ခင်ဗျားကို"


၂။ စဉ်းစာရခတ်တယ်

               "ဟေကောင် သိန်းထီပေါက်တာ မင်းမိန်မကို ဘာလို့မပြောလဲ၊
သူပျော်ရမဲ့ ဟာကို"
               "ဘယ်က ပိုက်ဆံရလို့ ထီထိုးတာလဲလို့ မေးရင်ဘယ်လိုဖြေမလဲ"

၃။ ကူညီသူများ

              သူငယ်ချင်းမ နှစ်ယောက် စကားပြောနေကြသည်။
                 " ဂျွန်ကို မမေ့နိုင်အောင် ကူညီတဲ့ အတွက် ဂျင်မီကို
အိုင်သိပ်ကျေးဇူးတင်တာပဲ"
                 " ဂျွန်ဆိုတာ ဘယ်သူလဲ "
                 " ဂျက်ကို မမေ့နိုင်အောင်ကူညီခဲ့တဲ့လူလေ"

၎။ ကွားချားချက်

              ဆရာမကမေးသည်။
                 " " အိမ်" ဆိုတဲ့နာမ်ပုဒ်နဲ့ " ကျောင်းသား "
ဆိုတဲ့နာမ်ပုဒ် ဘယ်လို ကွာခြားမှုရှိလဲ "
              တစ်တန်းလုံး ငြိမ်နေကြသည်။ နောက်ဆုံးတွင် ပီတာလေး ထပြီးဖြေသည်။
                 " အိမ် က ပိုကြီးပါတယ်"

၅။ အကြံပေတာပါ

            " မြို့နယ် မီးသတ်ကပါလား"
            " ဟုတ်ပါတယ်"
            " ခင်ဗျားတို့ ဆီမှာရေရှိလား "
            " ရှိပါတယ်၊ ဒါနဲ့ဘာ ဖြစ်လို့လဲ၊ မီးလောင်လို့လား"
            " မလောင်ပါဘူး၊ ခြေထောင်ဆေးပြီး အိပ်တော့လို့ပြောမလို့ပါ"
ဟုတစ်ဖက်ကပြောပြီး ဖုန်းကိုချသွားတော့သည်။

၆။ ပြောတော့မှ လာမယ်

           ဆရာဝန်က လူနာကို အကြာကြီး စမ်းနေသည်။
             " နားကိုမလည်ဘူး၊ ဘာရောဂါမှ အစရှာလို့မရဘူး၊ ဧကန္တ
အရက်ကြောင့်ပဲထင်တယ်"
             " ဒီလိုဆိုကောင်းပါပြီ ဒေါက်တာ၊ ဒေါက်တာ အမူးပြေမှ
နောက်တစ်ခေါက် လာခဲ့ပါ့မယ်"

၇။ ရှူး.....တိုးတိုး

           " သူငယ်ချင်း... မီးအာမခံလုပ်ထားတဲ့ မင်းအိမ်
မီးလောင်သွားတယ်လို့ ကြားတယ်၊ ဟုတ်လား"
           " ရှူး...တိုးတိုး၊ မလောင်သေးဘူးကွ၊ သာဘက်ခါမှ"

၈။ သူဋ္ဌေး

           " ခင်ဗျားမှာ ဘာလို့ မော်တော်ကား မရှိတာလဲ၊ ငွေတွေ
အများကြီးရှိရဲ့သားနဲ့ဗျာ "
           " ဒါကြောင့်လဲ ငွေတွေ များနေတာပေါ့"

၉။ ခွေးလိမ္မာ

           " ကျွန်တော့်ခွေးယာ သိပ်လိမ္မာတဲ့ကောင်ဗျ၊ မနက်တိုင်း သတင်းစာယူပေးတယ်။"
           " ဒါများအဆန်းလုပ်လို့ ၊ ခွေးတွေတော်တော် များများဒီလိုဘဲ
ကိုယ့်သခင်အတွက် သတင်းစာယူပေးနေကြတာပဲ့"
           " မဟုတ်ဘူးလေ၊ ကျုပ်က သတင်းစာ လပေးယူတဲ့ လူမဟုတ်ဘူးဗျ"

၁၀။ ရှိပြီးသား

         " အုပ်ချုပ်ရေးမှုးခင်ဗျာ၊ ဧည့်သည်တစ်ယောက်ရောက်နေပါတယ်၊ သူမှာ
နုတ်ခမ်းမွှေးနဲ့"
         " သူ့ကိုပြောလိုက်ပါ၊ ကျွန်တော့်မှာ နှတ်ခမ်းမွှေးရှိပြီးသားလို့"

ချစ်သူလက်ထပ်ပွဲ

သတိနဲ့နေပါလျက်နဲ့အသိတခုဝင်လာေ
သးတယ်။
ငါနင်ကိုချစ်နေသေးတယ်။
ထိန်းချူပ်ထားပါလျက်နဲ့လောကကြီးကို အဆက်ပြတ်လိုက်တာ
သတို့သမီးလောင်း၇ဲရှေ့မှာပါ။
ငါဘယ်လိုပြောနိုင်မှာလဲ။
တောင်းပန်ပါတယ်ဆိုတာ ကိုပဲငါသုံးနေရတော့မှလား။
ချစ်သူရယ်............
နင်နေမှကောင်း၇ဲ့လား။
ဒီအချိန်မှာတယောက်မျက်ရည်တယောက်သုတ်နေယုံပဲလား။
မလွန်ဆန်နိင်တဲ့အသိုင်းအ၀ိုင်းထဲကလူတယောက်ကို ချစ်မိတာငါမှားလား။
ချစ်သူရယ်.............
မတော်တဲ့ ဖိနပ်တရံကို ဒုက္ခတွေနဲ့နင်စီးနေရတာငါမကြည်ရက်လိုက်တာ။
နင်ကောဘာတွေတွေးနေမလဲ။
ဘာပဲဖြစ်ဖြစ်ချစ်သူကိုပဲလက်ထက်တော့မယ်လို့တွေးနေလား။
နင်အရက်တွေကောသောက်နေလား။
ချစ်သူရယ်..............
ဝဋ်ကြွေးတွေပေါ့။
ဘာလို့များ ငါ့ချစ်သူက အသိုင်းအ၀ိုင်းကို မလွန်ဆန်နိုင်တဲ့လူသားဖြစ်နေတာလဲ။
ချစ်သူရယ်.............
ဘာလိုလိုနဲ့မင်္ဂလာမဟုတ်တဲ့မ၈င်္လာဆောင်တောင်နီးလာပြီနော်။
ငါကြိုးစားပြီးလှမ်းခဲ့ပါ့မယ် ။
ခမ်းနားလှနဲ့ချစ်သူမ၈င်္လာဆောင်ကိုပေါ့။
ချစ်သူရယ်............
တံတိုင်းတွေကခိုင်မာနေ ပြီနော်။
အရင်လိုငါလက်လေးကိုတင်းကျပ်စွာဆုပ်ကိုင် ထားပေမဲ့
အကြောင်းအမျိုးမျိုးကြောင့်ငါလက်လေးနင်နားရောက်ခဲ့၇င်...........
အော် ........တံတိုင်းလေးကတားဆီးနေပြီလေ။
အရင်လိုအချိန်တွေမရခဲ့၇င်တောင်မှ
အရင်လို ရင်ခုန်ခြင်းတွေလက်မခံနိုင်တော့တောင်မှ..........
အရင်လိုပျော်၇ွင်ခြင်းတွေမဖြစ်လာနိုင်တော့ရင်တောင်မှ........
အရင်လို သန့်ရှင်းတဲ့ယောက်ျားတယောက်အနေနဲ့မြင်ခွင့်ရရင်
ငါကျေနပ်စွာနဲ့ငေးကြည့်ချင်ပါတယ်။
ချစ်သူရယ်................ခမ်းနားလိုက်တဲ့ အခမ်းအနားလေးပါ။
အပြုံးတွေကတန်ဖိုးကြီးလိုက်ကြတာ
အရောင်တွေတောက်နေတဲ့ အပြုံးလေးတွေ။
သာယာလိုက်တဲ့အသိုင်း အ၀ိုင်းရဲ့ရယ်သံတွေအလယ်မှာ...
ချစ်သူရယ် ခြားနားနေလိုက်တာ။
ထပ်တူညီတာကကျွန်မတို့ အိမ်လေးထဲမှာ မိုးတွေရွာနေတယ်။
ချစ်သူရယ်...............
ဂုဏ်ယူလိုက်ပါ။
မွေးကျေးဇူးနဲ့နှလုံးကိုစတေးတဲ့ပွဲကိုမောင်အောင်နိုင်စွာနဲ့ဆင်နွဲနေတာပါ။
မောင်ရယ် ကျွန်မ မျက်ရည်မြေခနေပါပြီ။
 မှ...ဦးမှော်ဆရာ

Saturday, March 26, 2011

ငလျင်ကြောင့် တလောမြို့ ပျက်စီး

မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်၏ နောက်ဆက်တွဲအဖြစ် ငလျင်ငယ်များ လှုပ်ခတ်မှု ဆက်လက် ဖြစ်ပေါ်လျက်ရှိရာ မတ်လ ၂၆ ရက်နေ့အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် ငလျင်ငယ်များ ထပ်မံ လှုပ်ခတ်နေ၍ ဒေသခံများ အကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

''မနေ့ညကလည်း လှုပ်တယ်၊ ဒီမနက်လည်း ထပ်လှုပ်သေးတယ်။ အိမ်ထဲကို မနေရဲတော့ဘူး။ အိမ်က မြေစိုက်အိမ်ဆိုတော့ ပိုသိသာတယ်။ သဘာဝဘေးဆိုတော့ ပြောလို့မရဘူးပေါ့။ ကံစီမံရာပဲလို့ သဘောထားရတာပဲ''ဟု အုတ်ကျင်းရွာမှ အ မျိုးသမီးတစ်ဦးက မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်က ပြောပြသည်။

''၂၄ ရက်နေ့ ငလျင်လှုပ်တုန်းက အိမ်နောက်ဖေးဘက် ရောက်နေတော့ ကျွန်မက လွတ်သွားတယ်။ အိမ်ရှေ့ဘက်ခြမ်းက ပြိုကျတော့ အမျိုးသားက ဆုံးသွားပါတယ်''ဟု တာလေမြို့ပေါ်မှ အမျိုးသမီးတစ်ဦး က ပြောကြားသည်။

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းကျေးရွာ၊ မိုင်းလင်းကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီရွာ တို့တွင် သေဆုံးသူသည် ရာဂဏန်းကို ကျော်လွန်နေပြီး သေဆုံးသူ၊ ဒဏ်ရာရရှိသူ အရေအတွက် အများဆုံးမှာ မိုင်းလင်းကျေးရွာ ဖြစ်သည်ဟု ဒေသခံတို့၏ ပြောကြားချက်အရ သိရှိရသည်။

''အိမ်တစ်အိမ်လုံး ပြိုကျတော့ အိမ်မှာရှိတဲ့ အဖိုးရော၊ မြေးရော၊ ချွေးမရော ပါသွားကြတယ်''ဟု တာလေမြို့မှ ဒေသခံတစ်ဦးက ပြောပြသည်။

အင်အားပြင်းငလျင်၏ နောက်တွင် ငလျင်ငယ်များ နောက်ဆက်တွဲအဖြစ် ထပ်မံ လှုပ်ခတ်လေ့ရှိသကဲ့သို့ လက်ရှိအချိန်အထိ ငလျင်ငယ်များ၏ သက်ရောက်မှုကို ဒေသခံများ ခံစားနေရခြင်း ဖြစ်ပြီး ယခု အင်အားပြင်းသော ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ မရှိတော့ကြောင်း မြေငလျင်ဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်ပါသည်။

[Updated မတ်လ ၂၆ ရက် နံနက် ၁၀ နာရီ]

ထပ်မံရရှိသောသတင်းများအရ ငလျင်ကြောင့် ဒဏ်ရာရရှိခဲ့သူ အရေအတွက် ထပ်မံတိုးတက်လာပြီး တာချီလိတ်ဆေးရုံ၊ မိုင်းဖြတ်ဆေးရုံများသို့ ခွဲ၍ပို့ဆောင်ထားရကြောင်း သတင်း ရရှိပါသည်။

''ဒဏ်ရာရတဲ့သူတွေကို တာချီလိတ်ဆေးရုံနဲ့ မိုင်းဖြတ်ဆေးရုံတွေကို ခွဲပြီးပို့ထားပါတယ်။ တာချီလိတ်၊ ကျိုင်းတုံကသွားတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက တာလေမှာ ရုံးစိုက်ထားကြတယ်။ လောလောဆယ်တော့ ငြိမ်သွားတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နေပါပြီ။ ကယ်ဆယ်ရေးစခန်းတွေကတော့ တာလေမြို့ပေါ်နဲ့ နားယောင်းရွာမှာ ဖွင့်လှစ်ထားပါတယ်''ဟု ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက မတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ပြောပြသည်။
မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်များအရ တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းကျေးရွာ၊ မိုင်းလင်းကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၂၂၄ လုံး ပျက်စီးခဲ့ပြီး ခြောက်ခန်းတွဲလူနေ လိုင်းခန်းတစ်ခု၊ သာသနိက အဆောက်အအုံ ၁၁ ခု၊ ဌာနဆိုင်ရာ အဆောက်အအုံ ကိုးလုံး အသီးသီး ပျက်စီးခဲ့ကာ သေဆုံးသူ ၇၃ ဦး၊ ဒဏ်ရာရရှိသူ ၁၂၅ ဦး ရှိကြောင်း သိရှိရသည်။
[Updated မတ်လ ၂၆ ရက် နံနက် ၇ နာရီ]

မတ်လ (၂၆) ရက် နံနက် (၅) နာရီ ဝန်းကျင်ခန့်က အင်းအား အသင့်အတင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း တာချီလိတ်ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။ လက်ရှိတွင် တာချီလိတ် ပြည်သူ့ဆေးရုံတွင် အရေးပေါ်ကယ်ဆယ်ရေးအသင်း/အဖွဲ့များ ဖွဲ့စည်းထားပြီး ဆေးရုံသို့ ရောက်ရှိလာသော လူနာများကို ကုသပေးလျက်ရှိကြောင်း သိရသည်။

"လောလောဆယ်တော့ လူနာ ၆၀ ကျော်ရှိပါတယ်။ ကျွန်တော် ဂျူတီအချိန်အတွင်းမှာတော့ သေဆုံးလူနာ(၂)ဦး ရှိပါတယ်။ ဆေးရုံ အနေအထားအရ လူနာတွေအားလုံးကို အခန်းထဲမှာ ထားမပေးနိုင်ပါဘူး။ အဖွဲ့အစည်းတွေ၊ တစ်သီးပုဂ္ဂလတွေကလာပြီး လူနာတွေကို လိုအပ်တာတွေ လှူကြတာတွေလည်း ရှိပါတယ်"ဟု တာချီလိတ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
"ကျွန်တော်က ကျကူနီရွာကပါ။ တာလေမြို့နယ်ခွဲကပေါ့ ဇနီးနဲ့သမီး ခေါင်းနဲ့ခြေထောက်တွေ ထိတယ်။ ရွာထဲမှာ သေတဲ့သူတွေလည်း ရှိတယ်။ အိမ်ကတစ်ထပ်ပေမယ့် ဘေးကအုတ်တွေ ပြုတ်ပြီး ခေါင်မိုးကျလာတာ၊ ရွာထဲမှာ အကုန်နီးနီးဘဲ"ဟု တာချီလိတ်ဆေးရုံရောက် လူနာတစ်ဦးမှ ပြောပြခဲ့သည်။
ထိုပြင် တာလေမြို့ အ၀င်ရှိ လမ်းများမှာ အက်ကြောင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး ကားငယ်များ သွားနိုင်ရန် ပြုလုပ်ပေးထားကြောင်း သိရှိရသည်။ တာလေမြို့နယ်သည် တာချီလိတ်ခရိုင်တွင် ပါဝင်ပြီး တာချီလိတ်မှ ၂၅ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။
[Updated - မတ်လ ၂၅ ရက်နေ့ ည ၁၀နာရီ]
ထပ်မံရရှိသောသတင်းများအရ သေဆုံးသူအရေအတွက်မှာ ပိုမိုများပြားနိုင်ကြောင်း သိရပြီး ယခုအခါ အလောင်းကောက်စစ်ဆေးမှုများပြုလုပ်ဆဲဖြစ်၍ အတိအကျ မသိရှိနိုင်သေးကြောင်း တာလေမြို့နယ်ခွဲရှိ ဒေသခံတစ်ဦးက ည(၉)နာရီအချိန် ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့ပြင် တာလေမြို့နယ်ခွဲ ဆေးရုံလည်း ပြိုကျပျက်စီးမှုများရှိကြောင်း သိရသည်။
''တာလေမြို့လမ်းမကြီးရဲ့ လမ်းဘေးဝဲယာတွေမှာတော့ တော်တော်များများပျက်စီးနေပါတယ်။ ကျိုင်းတုံနဲ့ တာချီလိတ်ကြားက တာလေတံတားကလည်း မြေကြီးထဲကို (၅)ပေလောက် နိမ့်ဆင်းသွားတယ်။ လောလောဆယ်မှာ သဲအိတ်တွေဆင့်ပြီး ကားသေးလေးတွေတော့ ဖြတ်လို့ရနေပါပြီ။ တာလေတံတားက တာချီလိတ်နဲ့ပိုနီးပြီး မိုင်(၂၀)လောက်ပဲဝေးပါတယ်။ တာချီလိတ်ကနေ တာလေမြို့နယ်ခွဲကိုလာရင် အဲဒီတံတားကပဲ ဖြတ်လာရတာပါ''ဟု ဒေသခံတစ်ဦးမှပြောပြပါသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ကုသမှုပြုလုပ်နေပြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့များမှ ဒေသဆိုင်ရာအာဏာပိုင်များ၊ NGOများအပါအ၀င် ကူညီကယ်ဆယ်ရေးအဖွဲ့များရောက်ရှိနေပြီဟု သိရသည်။
[Updated - မတ်လ ၂၅ ရက်နေ့ ည ၉နာရီ]


ရှမ်းပြည်နယ်ရှိ လွယ်မွေအနီး လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ငလျင်ဒဏ်သင့်ခဲ့သူများအား ကယ်ဆယ်မှုများ ပြုလုပ်ရန် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်နေပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
''ကျိုင်းတုံကနေ ကယ်ဆယ်ရေးအဖွဲ့တွေ တာလေကို သွားနေပါပြီ။ လောလောဆယ်တော့ သတင်း ထပ်မရသေးပါဘူး''ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ၀န်းကျင်တွင် ပြောကြားသည်။
အင်အားပြင်းထန်သော ငလျင်ကြောင့် တာလေမြို့၊ မိုင်းလင်းမြို့၊ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် ပျက်စီးဆုံးရှုံးမှု၊ လူသေဆုံးမှုများ ရှိခဲ့ကာ တာလေမြို့မှာ လူသေဆုံးမှု၊ ပျက်စီးမှု အများဆုံး ဖြစ်ကြောင်း လတ်တလော ရရှိသော သတင်း အချက်အလက်များအရ သိရှိရပါသည်။
''တာလေမှာ လူတွေ ပိနေတာတွေ ရှိနေသေးတယ်လို့ ကြားရပါတယ်''ဟု ကျိုင်းတုံမြို့မှ ဒေသခံတစ်ဦးက ပြောပြသည်။  ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့တွင် အဆောက်အဦအချို့ အုတ်နံရံပြိုကျခြင်း၊ နံရံများ အက်ကွဲခြင်း၊ တာချီလိတ်မြို့တွင် နေအိမ်အချို့ ပြိုကျခြင်း စသည်တို့ ရှိကြောင်း၊ တာချီလိတ်နှင့် ကျိုင်းတုံမြို့ အကြားရှိ တာလေ တံတားပျက်စီးမှု ရှိခဲ့ကြောင်း ရှမ်းပြည်နယ်မှ ပေးပို့သော သတင်းများအရ သိရှိရသည်။




နောက်ဆုံးရသတင်းဓါတ်ပုံများ (တာလေမြို့မြင်ကွင်း)
ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၇၀ ဦး ကျော်ရှိပြီး ဒဏ်ရာရသူဦးရေ ၁၀၀ ကျော်နေ
ရှမ်းပြည်နယ်ရှိ လွယ်မွေအနီး လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၇၀ ကျော်ရှိလာပြီး ဒဏ်ရာရသူဦးရေ ၁၀၀ ကျော် ရှိနေကြောင်း သတင်းရရှိပါသည်။
တာချီလိတ်မြို့၊ တာလေမြို့နှင့် ကျေးရွာများအတွင်း နေအိမ်အဆောက်အအုံများ ပျက်စီးမှု၊ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ ၀န်းကျင်အချိန် ရရှိသော အချက်အလက်များ အရ သေဆုံးသူဦးရေ ၇၄ ဦး၊ ဒဏ် ရာရရှိသူဦးရေ ၁၁၁ ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
ထို့ပြင် အိမ်အလုံးရေ ၂၀၀ ကျော် ပျက်စီးမှုရှိခဲ့ပြီး လူနေအိမ်များ အပြင် အခြားသော ဌာနဆိုင်ရာ အဆောက်အအုံများ၊ သာသနိက အဆောက်အအုံများလည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ 
မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဆက်သွယ် မေးမြန်းမှုများ အရ သေဆုံးသူဦးရေ ၅၀ ကျော်ရှိကြောင်း သိရှိခဲ့ရပြီး လတ်တလောတွင်မူ ဦးရေ ၇၀ ကျော်အထိ ရှိလာခဲ့ခြင်း ဖြစ်သည်။

Thursday, March 24, 2011

မြန်မာ နိုင်ငံတွင် ငလျှင် လှုပ်သွား Earthquake with Preliminary Magnitude of 7.0 Strikes Myanmar

နေပြည် တော်တွင် ည ၈ နာရီ ၄၆ မိနစ် အချိန် ဉ် အင်အား မဂ္ဂနီ ကျူ ၄.၃ အဆင့် ရှိ ငလျှင် နှစ် ခု ရှစ်မိနစ်ခြား
စီလှုပ်ခတ် သွားသည်။ နေ ပြည်တော် ရှိ အဆောက် အဦများ မှန် များ ကွဲ (Updated 9:12 PM)


လာရှီုး နှင့် သီပေါ မြို့  ကြား နေရာကို ဗဟို ပြု ပြီး အင်အား ငယ် ငလျှင် များ ထပ်မံ လှုပ်ခတ (Updated 9:15 PM)
ထိုင်း နိုင်ငံ ချင်း ရိုင် မြို့  ၏ မြောက် ဘက် မိုင် ၇၀ ခန့် အကွာကို ဗဟို ပြုပြီး လှုပ်ခတ် သွား
သည့် မဂ္ဂနီကျူ ၆ အဆင့် ရှိ ငလျှင် လှုပ် ခတ်ပြီးနောက် တာချီလတ် မြို့  နှင့် ချင်း ရိုင် မြို့ ကြား
နေရာ ကို ဗဟို ပြု ပြီး အင်အား ၇.၀ အဆင့် ရှိသည့် ငလျှင် တစ်ခု ထပ်မံ လှုပ်ခတ်
ခဲ့ခြင်း ကြောင့် တာချီလိတ် မြို့ တွင် အုတ်တံတိုင်း များ ပြိုကျခြင်း နှင့် နေအိမ် အချို့ ပျက်စီး
ခြင်း တို့ ဖြစ် ပေါ်ကြောင်း FreedomNews Group မှ သတင်း ရရှိသည်။
တာချီလိတ် မြို နှင့် နယ်စပ် မယ်ဆိုင် မြို့ ကို ကူး သည့် တံတား အနီး ရှိ ကမ်း နား နေအိမ် အချို့ ပြို
ကျမှု ရှိပြီး တာံတား ရေလည် တိုင် များ လည်း ပျက်စီး မှု ရှိ ၍  နယ်စပ် ဖြတ်ကျော် တံတား ကို ပိတ်
ထားလိုက်သည် ဟု တာချီလိတ် မြို့ မှ ကျန်းမာ ရေး ၀န်ထမ်း တစ်ဦးက FNG သို့ ပြောသည်။
ငလျှင် ငယ်များ ထပ်မံ လှုပ်ခတ်နေ သေးသည် ဟု အကောက် ခွန် ၀န်ထမ်း တစ် ဦး က ပြောသည်။
မယ်ဆိုင်မြို့ ၏ မြောက် ဘက် မိုင် ၂၀ ခန့် နေရာ ကို ဗဟို ပြု ပြီး ထပ်မံ လှုပ်သည့် ငလျှင် ကြောင့်
တာချီလိတ် တွင် ပျက်စီး ဆုံးရှုံး မှု များ ရှိသည်။
တယ်လီ ဖုန်း လိုင်း များပြတ်တောက် ည ၉း၀၀ (မြန်မာ စံတော်ချိန်)
မြန်မာ ဖုန်းလိုင်း များ ပြတ်တောက် သွား ပြီး ထိုင်း တယ်လီ ဖုန်း လိုင်း (မယ် ဆိုင်)(ချင်းမိုင်)
ဖြင့် နောက် ဆုံး ရရှိသည့် သတင်း များ ကို ဆက် ဖော်ပြပေး သွား ပါမည်။
တာချီလိတ် မြို့ တွင် ငလျှင် ငယ် များ ထပ် လှုပ် တယ်လီဖုန်း လိုင်း၊ GSM ဆက်သွယ်မှု လိုင်းများ
ပြတ်တောက် သွားပြီး FNG နှင့် တာချီလိတ် မြို့ ခံ စကား ပြောရင်း ပြတ်တောက်သွား သည်။
အခြား တာ ချီလိတ် တယ်လီ ဖုန်းများ ခေါ် ဆို ၍ မရ ။
Earthquake with preliminary magnitude of 7.0 strikes Myanmar, U.S. Geological Survey reports.
CNN Breaking News

Wednesday, March 16, 2011

မတ်လ ၁၉ ရက်နေ့ တွင် လသည် ကမ္ဘာနှင့်  ၁၉ နှစ်တာ ကာလအတွင်း အနီးဆုံး အကွာသို့ ရောက်ရှိလာမည်။

မတ်လ ၁၉ ရက်နေ့တွင် လသည် ကမ္ဘာနှင့် ၁၉ နှစ်တာ ကာလအတွင်း အနီးဆုံး အကွာအဝေးသို့ ရောက်ရှိလာမည် ဖြစ်ပြီး ထိုကဲ့သို့ ဖြစ်ခြင်းကြောင့် ကမ္ဘာ့မြေ အပေါ်တွင် မကောင်းသော သက်ရောက်မှုများ ရှိနိုင်မည်ဟု ပညာရှင်များက ဆိုကြသည်။

ထိုနေ့၌ ကမ္ဘာ၏ အရန်ဂြိုဟ် ဖြစ်သော လသည် ကမ္ဘာနှင့် အနီးဆုံး အကွာအဝေးဖြစ်သော မိုင် ၂၂၁ ၅၆၇ မိုင်ခန့်သို့ ချဉ်းကပ်လာမည် ဖြစ်ပြီး ၄င်းနှင့် ကမ္ဘာကြား အပြန်အလှန် ဒြပ်ထုဆွဲအားတို့ကြောင့် ဒီရေတက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ခြင်း စသော သဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များက စိုးရိမ်မကင်း ဖြစ်နေကြသည်။


လသည် ကမ္ဘာနှင့် အနီးကပ်ဆုံး၌ တည်ရှိခဲ့ဖူးသော ကာလမှာ ၁၉၉၂ ခုနှစ်က ဖြစ်ပြီး ကမ္ဘာ့သမိုင်းတလျောက် ၁၉၇၄၊ ၁၉၅၅ စသော ခုနှစ်များက ဤကဲ့သို့ ဖြစ်ခဲ့ဖူးပြီးနောက် မြေငလျင်နှင့် မီးတောင်ပေါက်ခြင်း စသော ကပ်ဘေးများ ကြုံတွေ့ခဲ့ရဖူးသည့် သာဓက အခိုင်အမာ ရှိခဲ့ဖူးသလို လွန်ခဲ့သော မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သော ဂျပန် ဆန်ဒိုင်းငလျင်ကြီးသည် ဂျပန်ကျွန်းကို မူလနေရာမှ အရှေ့ဘက်သို့ ၈ ပေခန့်အထိ ရွေ့လျားသွားစေခဲ့သည် အထိ ပြင်းထန်ခဲ့ကာ ၄င်း၏ နောက်ဆက်တွဲ မြေလွှာပြတ်ရွေ့ ငလျင်များ လှုပ်ခတ်လာဖွယ် ရှိသေးသည်ဟု ဂျပန်နိုင်ငံ တီဆူကူးဘားတက္ကသိုလ်မှ ဒုတိယပါမောက္ခမှ သုံးသပ်ပြောဆိုခဲ့သည့်အတွက် ရှိခဲ့ဖူးသောကြောင့် ဤကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ်ကြသည်။

ဂပျန်နိုင်ငံ ငလျင် ကြောင့်  ပျက်စီးမှုများ ၊ဒုက္ခရောက်သူများ




Friday, March 11, 2011

ဂျပန် ဆူနာမီ သေဆုံးသူ ၁ ထောင်နီးပါးရှိပြီ

ဂျပန်ဆူနာမီ သေဆုံးသူ ၁ ထောင်နီးပါးရှိပြီ

   သောကြာ, 11 မတ် 2011
ဂျပန်နိုင်ငံအလယ်ပိုင်း ဟွန်ရှူး (Honshu) ကျွန်းမှာ သောကြာနေ့က ပြင်းအားအဆင့် ၈.၉ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူ ၁,၀၀၀ လောက်ရှိနေပြီလို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။ ဆင့်ကဲလှုပ်ခတ်တဲ့ငလျင်ဒဏ် ခံရတဲ့အပြင် နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေရဲ့ဒဏ်ကိုပါ ခံရတာမို့ ထိခိုက်သေဆုံးမှု များပြားသလို ပျက်ဆီးဆုံးရှုံးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပါတယ်။
သောကြာနေ့ နေ့လည်ပိုင်း ဟွန်ရှူးအရှေ့မြောက်ဘက် ရေပြင်အောက်မှာ ဗဟိုပြုတဲ့ငလျင်ဒဏ်ကြောင့် တိုကျိုမြို့တော်က အဆောက်အဦးတွေ တုန်ခါခဲ့သလို အရှေ့မြောက်ပိုင်း ကမ်းခြေတလျှောက် ပေ ၃၀ ကျော် လှိုင်းလုံးကြီးတွေ ရိုက်ခတ်တဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ ဒီဂျပန်ငလျင် ရိုတ်ခတ်မှုဟာ ရာစုနှစ်တခုကျော် ကာလအတွင်း ကမ္ဘာ့ ပဉ္စမမြောက် ငလျင်ကြီးဖြစ်ပါတယ်။
ဖူကူရှီးမား (Fukushima) မြို့မှာရှိတဲ့ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်ပေါင်းဖိုက အအေးပေးတဲ့စက် ပျက်သွားတာမို့ ဓါတ်ပေါင်းဖိုထဲမှာ ဖိအားတွေများလာသလို ပတ်ဝန်းကျင်လေထုထဲ အနုမြူဓါတ်ရောင်ခြည် ထုတ်လုပ်မှုပမာဏ အဆ ၁,၀၀၀ တိုးလာတာတွေ့ရတယ်လို့ ဓါတ်ပေါင်းဖိုတာဝန်ခံတွေက ပြောပါတယ်။ ဖူကူရှီးမား ဓါတ်ပေါင်းဖို အနီးဝန်းကျင်မှာနေထိုင်တဲ့ သောင်းနဲ့ချီတဲ့ဒေသခံတွေကို စက်ရုံကနေ ၆ မိုင်ကျော်ဝေးတဲ့ နေရာကို ရွှေ့ပြောင်းကြဖို့ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခမ် (Naoto Kan) က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ဗဟိုချက်နဲ့ အနီးဆုံးဖြစ်တဲ့ ဆန်ဒေး (Sendai) မြို့တ၀ိုက်က လယ်ယာမြေတွေမှာတော့ ရွှံ့ရည်တွေနဲ့အတူ အမိုက်သရိုက်တွေ ဖုံးလွှမ်းနေပါတယ်။ မော်တော်ကားတွေ၊ အဆောက်အဦးတွေပါ တက်လာတဲ့ရေနဲ့အတူ မျောပါကုန်ပြီး သေဆူံးသူ ၂၀၀ ကနေ ၃၀၀ အထိ ရှိခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။

ဂျပန်ဆူနာမီနှင့် တိုကျိုရှိ မြန်မာများ

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၂ မိနစ်
  

ဂျပန်နိုင်ငံ တိုကျိုမြို့၏ အရှေ့ဘက် ၃၇၃ ကီလိုမီတာကို ဗဟိုပြု၍ သောကြာနေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် ရစ်ချတ်စတာစကေး ၈.၉ ပြင်းအားရှိ ငလျင်ကြောင့် အမြင့် ၁ဝ မီတာခန့်ရှိ ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်လာပြီး နှစ်ပေါင်း ၁၄ဝ အတွင်း ဂျပန်နိုင်ငံအတွက် အဆိုးဝါးဆုံးဟု ရိုက်တာ သတင်းဌာနက ထုတ်ပြန်သည်။

ဟာဝိုင်ရီကျွန်းရှိ ပစိဖိတ် ဆူနာမီသတိပေးဌာနက အဆိုပါ ဆူနာမီရေလှိုင်းများသည် ဂျပန်၊ ရုရှ၊ မာကပ်ကျွန်းများနှင့် မြောက်ပိုင်း မာရီယာနပ်စ်တို့တွင် ရိုက်ခတ်နိုင်ကြောင်း သတိပေးထားပြီး၊ သတိထားစောင့်ကြည့်ရမည့် နိုင်ငံများတွင် ဂူအမ်ကျွန်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါပူဝါနယူးဂီနီနှင့် အမေရိကန် ဟာဝိုင်အီကျွန်းတို့ ဖြစ်ကြသည်။

နာရိတာ လေဆိပ်ကိုလည်း ပိတ်ထားရပြီး၊ ဖူကူရှီးမားတွင် အိမ်ခြေ ၄ သန်းခန့် မီးပျက်နေသည်။ အဓိက လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံမှာ မီးလောင်ကျွမ်းလျက်ရှိပြီး၊ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြည်သူများကို တိုက်တွန်းထားသည်။
 


 
ဂျပန်စံတော်ချိန် ည ၉ နာရီ၊ တိုကျို အခြေအနေဒေါက်တာမင်းညို( Burma Office Japan)
 
“ အခု ပြောနေရင်းနဲ့ နည်းနည်း ထပ်လှုပ်လာတယ်။ အပြင်မှာ အခုဆိုရင် လမ်းမမှာ လူတွေအပြည့်ပဲ။ ကားတွေလည်း တလက်မချင်း ရွေ့နေတာ တကယ်လို့ အကြီးအကျယ် ထပ်လှုပ်လို့ ပြေးမယ်ဆိုရင်တောင် ပြေးစရာမရှိဘူး။ တိုကျို ၁ဝ နေရာလောက်မှာ မီးတွေလောင်နေတယ်။ ငလျင်လှုပ်ပြီးရင် အခန်မသင့်ရင် ဂက်စ်အိုးတွေ ပေါက်တတ်တော့ အခု ကျနော်တို့ ရှီဘူမှာဆိုရင် ဂက်စ်အိုးတွေသိမ်းတဲ့နေရာပေါ့ အဲဒီမှာပေါက်ကွဲပြီး မီးလောင်နေတယ်။ ကျနော် ရောက်တာ အနှစ် ၃ဝ ရှိပြီ တခါမှ ဒီလောက်ပြင်းတဲ့ ငလျင်မျိုး တခါမှ မကြုံဘူးဖူး။ ကျနော်တို့ အဆောက်အဦးမှာ ရှိတဲ့သူတွေ ဘယ်သူမှပြန်လို့မရဘူး။ ရထား၊ ဘတ်စကားတွေပိတ်ထားလို့၊ Taxi လည်းရနိုင်မယ်မထင်ဘူး။ ဒီမှာပဲ တညလုံးနေရတော့မှာပဲ။ အသေအပျောက် စာရင်းတွေလည်း တိုးလာတယ်။ ၄ဝ ကျော်ပြီ”
ဒေါက်တာ မင်းညို

 
"ကျနော်တို့ သိသလောက်တော့ မီယာဂီမှာက မြန်မာတွေ မရှိသလောက်ပါပဲ။ တကယ်လို့ ရှိတယ်ဆိုရင်တော့ ၂ ရက်လောက်မှပဲ အခြေအနေ သိရမယ်။ မီယာဂီက တိုကျိုနဲ့နီးတော့ ပြင်းပြင်းထန်ထန် ၂ ခါ လှုပ်တယ်။ ကျနော်တို့ ထိုင်ကိုနေလို့မရဘူး။ စားပွဲခုံတွေနဲ့ ဝေးတဲ့ နေရာ ထွက်ရပ်နေရတယ်။ တရုံးလုံး ဘယ်သူမှ မပြန်ကြဘူး။ ထမင်းစားစရာတောင် မရှိမှာစိုးလို့ ၆ နာရီလောက်က စတိုးမှာ သွားဝယ်တာတောင် လူ ၁ဝဝ လောက် တန်းစီဝယ်နေရတယ်။ အခုလောက်ဆို ရှိမှာတောင် မဟုတ်တော့ဘူး။ အစိုးရကိုယ်တိုင်က မပြန်ပါနဲ့၊ ကိုယ်ရှိတဲ့ အလုပ်နေရာမှာပဲ နေပါလို့ ပြောနေတယ်။ ညဘက်တော့ ရုံးမှာပဲ ရှိတဲ့ စားပွဲးကုလားထိုင်နဲ့ပဲ အိပ်ကြရမှာပေါ့”
ဦးဘုန်းလှိုင်
 
“ကျနော်တို့ တိုကျိုမြို့ပေါ်မှာ တော့ ကားလမ်းတွေ ပိတ်ကုန်ပြီ။ ရထားတွေလည်း ရပ်ကုန်ပြီ။ ကျနော်လည်း လမ်းမှာ ကိုးလိုးကန့်လန့်နဲ့ အိမ်ပြန်ဖို့ ကားလည်း မရှိ၊ တက္ကစီလည်း ငှားလို့ မရနဲ့ အလုပ်ကိုလည်း ဆက်သွားလို့ မရဘူး ဖြစ်နေတယ်”

“အထိအခိုက်ကတော့ ဒီမှာ ဘာမှ ဒီလောက်မရှိသေးဘူး”

“ကျနော်တို့လိုမျိုး ဒီမြို့မှာရှိတဲ့ အလုပ်သွား အလုပ်လာတွေတော့ တော်တော် ဒုက္ခရောက်ကုန်လိမ့်မယ်။ ဒီမှာ မြန်မာတွေက ၆ ထောင်နဲ့ ၇ ထောင်ကြားမှာ ရှိတယ်”
ဦးသန်းဆွေ
 
ကျနော်တို့လည်း အခု ဘက်စ်ကားတွေ ဂျန့်ဖြစ်နေတာ၊ မြေပေါ်၊ မြေအောက် ရထားလိုင်းတွေ ရပ်ထားတာနဲ့ လမ်းမှာပဲ ကားထဲမှာပိတ်မိနေတယ်။ အလုပ်ကို ဆက်သွားလို့မရသလို အိမ်ကိုပြန်ဘို့လည်း အခက်အခဲဖြစ်နေတယ်”

“ဖုန်းလိုင်းတွေကလည်း ဒီနိုင်ငံအတွင်းမှာ ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။ ကျနော်တို့လည်း ငလျင်လှုပ်လှုပ်ခြင်း ၂ နာရီ ၄ဝ လောက်မှာပဲ အိမ်ကိုပြန်ဆက်သွယ်တယ်မရဘူး။ အခု လမ်းကြောပိတ်မိနေတာ ၄ နာရီလောက်ရှိပြီ ထွက်လို့မရဘူးဖြစ်နေတယ်။ လမ်းပေါ်မှာတော့ ကားတွေပိတ်မိနေတာ အများကြီးပဲ။”

“ကျနော်တို့ ဒီတိုကျိုမြို့နဲ့ အနီးတဝိုက်က မြို့တွေက ဒီမှာပဲအလုပ်လာလုပ်ကြတာဆိုတော့ အခုလိုလိုင်းတွေပိတ်လိုက်တဲ့အခါ သူတို့လည်း ပြန်လို့၊ သွားလို့ မရဘူးဖြစ်နေတယ်။”
 
ကိုမြတ်သူ
“ ကျနော်တို့ အလုပ်ဆိုင်မှာ ဖန်ခွက်တွေဘာတွေ အကုန်လုံး ကွဲကျကုန်တယ်။ ပန်းကန်တွေဘာတွေ ကွဲကျကုန်တယ်၊ ကျနော်က တိုကျိုမြို့ ရှီဘူယာမှာ အလုပ်လုပ်တာဗျ။ တချို့ဆိုင်တွေဆိုလည်း မဖွင့်တော့ဘူးပေါ့။ ဓာတ်လှေကားတို့ ဘာတို့ဆိုရင်လည်း ရပ်ထားလိုက်တယ် မသုံးတော့ဘူးလေ၊ အန္တရယ်ရှိမှာစိုးလို့။ လူတွေက သွားလိုက်လာလိုက်နဲ့ အပြင်မှာ ရှိတယ်။ ရထားတွေအကုန်လုံး ရပ်သွားပြီးတော့ တော်တော်နဲ့ ပြန်ပြေးဖို့ မလွယ်တော့ဘူးနဲ့ တူတယ်။ ဘာလို့ဆို သံလမ်းတွေ ပြန်ဖြစ်ဖို့အတွက် အချိန်ကြာဦးမယ်နဲ့ တူတယ်”

“ကျနော် ဒီဂျပန်ရောက်တာ အနှစ်၂ဝ လောက် ရှိပြီ။ ဒါလောက် ပြင်းတာ ပထမဆုံးပဲ”

“လိုင်းဖုန်းလောက်ပဲရတယ်။ ဟန်းဖုန်းတွေ တခုမှ သုံးမရတော့ဘူးခင်ဗျ။ ဟော … ဟော အခုပြောနေတုန်းမှာ ထပ်လှုပ်တယ်ဗျ၊ သိသိသာသာပဲ။ ကျနော်က ၉ ထပ်မှာဆိုတော့ သေးသေးလေးတွေကတော့ တောက်လျှောက် မပြတ်ဘူးခင်ဗျ”
 
ဂျပန်တွင် အားပြင်းငလျင်နှင့် ဆူနာမီကျရောက်
ဧရာဝတီ Friday, 11 March 2011 19:28
 
ယနေ့ ဆူနာမီဒဏ် ခံခဲ့ရသော ဂျပန် အရှေ့မြောက်ပိုင်းရှိ လယ်ယာ လုပ်ငန်းများတွင် မြန်မာလုပ်သားများ အလုပ် လုပ်ကိုင်လျှက် ရှိနေပြီး တိုကျိုမြို့တွင် မြန်မာ ၂ သောင်းကျော် ရှိကြောင်း ဂျပန်ရောက် မြန်မာတဦးက ပြောသည်။

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယနေ့မွန်းလွဲပိုင်းက အင်အား ၈. ၉ မဂ္ဂနီကျု အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီ ရေလှိုင်းကြီး ကျရောက်ခဲ့သည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက် သွားသည့်အတွက် ဂျပန်တွင် ရောက်ရှိနေသော မြန်မာများ၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရန်ကုန်မြို့ခံတဦးက “အင်တာနက်ဆိုင်လာရင်း ဆူနာမီဖြစ်နေပြီဆိုလို့ ကျနော့်ညီကို ဆက်သွယ်နေတာ မရသေးဘူး။ သူက ဂျပန်မှာ လယ်ယာလုပ်ငန်း လုပ်ဖို့ မနှစ်ကတည်းက ရောက်နေတာပါ။ သူ့အတွက် စိုးရိမ်တယ်” ဟု ပြောသည်။

မြန်မာ သရုပ်ဆောင်နှင့် အဆိုတော်များဖြစ်သော နေတိုး၊ ဟန်ထွန်း၊ ၀င်းကိုခိုင်၊ ရတနာမိုင်နှင့် ချောစုခင်တို့သည်လည်း  ဂီတဖျော်ဖြေပွဲ အတွက် ဂျပန်နိုင်ငံ တိုကျိုသို့ ရောက်ရှိနေရာ ၎င်းတို့နှင့် အဆက်အသွယ် မရသေးသည့်အတွက် မိသားစုဝင်များ စိတ်ပူနေကြသည်။

ဂျပန်နိုင်ငံတွင် ရာစုနှစ် တခုအတွင်း အကြီးမားဆုံးသော သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်ရာ ငလျင်လှုပ်ပြီးနောက် အမြင့် ၃၂ ပေခန့်ရှိ လှိုင်းလုံးကြီးများ ဂျပန် အရှေ့မြောက်ပိုင်း ကမ်းခြေကို ၀င်ရောက်ခဲ့သည်။

တိုကျိုမြို့နေ ဦးမြတ်သိန်းက “ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပြီ။ ရထားတွေ မပြေးတော့ဘူး။ ဘတ်စ်ကား တွေလည်း မထွက်တော့ဘူး။ တက္ကစီတချို့တော့ ပြေးနေသေးတယ်။ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတယ်။ မိတ်ဆွေတချို့ကို ဖုန်းခေါ်နေတာ မရသေးဘူး။ နိုင်ငံခြားက ဖုန်းတချို့ကိုတော့ လက်ခံလို့ ရနေပါသေးတယ်။ ကျနော့်အခန်းမှာတော့ ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေပြီ။ ဂျပန်မှာနေလာတဲ့ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး အခြေအနေ ကြုံနေရပါတယ်” ဟု ဆိုသည်။

ဂျပန်နိုင်ငံတွင် ထုတ်ဝေနေသည့် ရွှေမော်ကွန်းဂျာနယ်၏ facebook စာမျက်နှာတွင် “အင်အားပြင်းထန်တဲ့ ငလျင်ကြောင့်  အခန်း တခုလုံးပြိုပျက်၊ အလုပ်အတွက် သုံးနေတဲ့ ကွန်ပျူတာလည်း ပျက်စီးသွား၊ ဒီစာကို ဖုန်းနဲ့ ရိုက်တင်ပါတယ်၊ စိတ်ပူပေးတဲ့ မိတ်ဆွေ တွေကို ကျေးဇူးတင်၊ အသေးစားငလျင် အကြိမ်များစွာ လှုပ်နေသေးပြီး စိတ်ချရမှု မရှိသေး” ဟု ရေးသားထားသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဦးကျော်ညွှန့်က ၎င်းနေထိုင်ရာတိုကျိုတွင် အဆောက်အအုံများ လှုပ်ခတ်၍ ပျက်စီးမှုတချို့ ရှိသော်လည်း ငလျင်ဒဏ်ကို မြောက်ပိုင်း ဒေသလောက် မခံရကြောင်း ပြောသည်။ 

“ဒီက အဆောက်အအုံတွေက ငလျင်ဒဏ် ခံနိုင်အောင် ဆောက်ထားတာ ဆိုတော့ တိုက်ပြိုတဲ့ အဆင့်အထိတော့ မရောက် လောက်ဘူးလို့ ယူဆရပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

ဆူနာမီလှိုင်းလုံးများသည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှ Sendai မြို့သို့ အင်အားပြင်းစွာ ၀င်ရောက်ခဲ့ရာ Sendai လေယာဉ် ကွင်းလည်း ပျက်စီးသွားကြောင်း ဂျပန် NHK သတင်းဌာနက ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံအတွင်း နေရာ အတော်များများတွင် မီးလောင်မှုများလည်း ဖြစ်ပေါ်နေပြီး လယ်ကွင်းများ၊ အဝေးပြေး လမ်းမကြီး များလည်း ရေလွှမ်းမိုးမှု ခံနေရသည်။

နောက်ဆုံးရရှိသော သတင်းများအရ အနည်းဆုံး လူ ၄၄ ဦး သေဆုံးသည်ဟု သိရသည်။

ဂျပန်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံအတွက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ် ကျရောက် နေသူများကို အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြောဆိုကာ အရေးပေါ်အခြေအနေ ကြေညာထားသည်။

ပစိဖိတ်သုမုဒ္ဒရာကမ်းခြေတလျှောက်ရှိ ချီလီ၊ ပီရူး၊ ရုရှ၊ ဂူအန် ၊ ထိုင်ဝမ် ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။
 

ကမ္ဘာမြေ ပြင်းပြင်း တုန်ခါယမ်းလိုက်သောအခါ

Friday, 11 March 2011 11:26 မောက္ခ နိုင်ငံတကာသတင်း
  
ဒဏ္ဍာရီအရ ဂျပန်ကျွန်းစုများအောက်တွင် ခပ်ကြမ်းကြမ်း ခပ်ယမ်းယမ်း  ဧရာမ ကြောင်ငါးကြီး တစ်ကောင် ရှိ သည်။ သူ့ဦးခေါင်းကို ကမ္ဘာမြေစောင့် ရှင်တို နတ်ဘုရား က နှမ်းဖတ် ကျောက်တုံးကြီးနဲ့ ဖိညှပ်ထားသည်။
သို့ပေမဲ့ တစ်ခါတစ်ရံတော့ ရှင်တိုနတ်ဘုရားက သူ့ဖိထားတဲ့ ကျောက်တုံးကို ဖြုတ်ချတတ်သည်။ အဲဒီလို ကျောက်တုံးကြီး ပြုတ်ကျသွားတဲ့အခါ ငါးကြီးက တကိုယ်လုံး လှုပ်ခါယမ်းလိုက်တော့ ကမ္ဘာမြေတစ်ခုလုံး သိမ့်သိမ့်တုန်ခါ ချောက်ခြားသွားကြရသည်။
မေလ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းခြေနဲ့ ၁၅ မိုင်အကွာ ပြင်းအား ပမာဏ ၈.၉ ရှိ ငလျင်ကြီး တုန်လှုပ်ခဲ့သည်။ တဆက်ထဲ ဆုနာမီ ကြောက်မယ်ဖွယ် ဧရာမ ရေလှိုင်းကြီးများ လိုက်ပါလာသည်။ စက္ကန့်နဲ့အမျှ တလိမ့်လိမ့် တက်လာတဲ့ ရေလှိုင်းလုံးတွေက ကားတွေ၊ သင်္ဘောတွေ၊ အဆောက်အဦတွေကို အမှိုက်အစအနများသဖွယ် သိမ်းကျုံးသည်။ လက်ရှိ စာရင်းအရ လူ ၆၀ သေပြီး ၂၀၀ ကျော် ဒဏ်ရာရာသည်။ နာရီပိုင်းအတွင်း လူနေအိမ် ၃၀၀ ကျော် ပြိုဆင်း ရေမျောသွားသည်။ ရုရှားမှ တောင်အမေရိက အထိ ပစိဖိတ်ဒေသ ၅၈ နိုင်ငံအတွက်  အရေးပေါ် သတိပေးထားရသည်။
ပြင်းအား ၈.၉ ပဏာမရှိ ထိတ်လန့်ဖွယ် ငလျင်ကြီးမျိုးမှာ ဂျပန်လို ငလျင်ကြောမိနေတဲ့ နိုင်ငံမှာတောင် အလွန် ဖြစ်ခဲသည်။ ၂၀၀၄ ခုနှစ် ဆုနာမီထက် သေဆုံးမှု၊ ဆုံးရှုံးမှု အတိုင်းအတာများမလားဆိုတာ မခန့်နိုင်သေး။ နာရီပိုင်းအတွင်း ဖုန်းလိုင်းတွေ ပျက်ကုန်သည်။ လေကြောင်းတွေ ရပ်တံ့သွားသည်။ ငါးဖမ်းလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်တဲ့ မီယာဂီ၊ အိုင်ဝါတီ၊ ဖူကူရှီမာ ကမ်းခြေမြို့နေရာတွေ ရေမြုတ်သွားသည်။
ကလေးဘ၀ကတည်းက ဂျပန်တွေကို ငလျင်ဘေး သင်ကြားမှု သင်တန်းတွေ ပေးထားသည်။ သို့သော် ကမ္ဘာမြေ တကယ်တုန်ခါသွားတော့ ဦးတည်ရာမဲ့ ဖြစ်ကြရသည်။ ကျည်ဆန်ရထားတွေ ချက်ချင်း ရပ်ပစ်ရသည်။ နျူကလီယား ဓာတ်အားပေး စက်ရုံတွေ အလိုအလျောက် ပိတ်သွားသည်။ ဓာတ်ပေါင်းဖိုတွေမှာ ရေဒီယို သတ္တိကြွများ ယိုစိမ့်မှုမရှိသေးကြောင်း ၀န်ကြီးချုပ်က ကြေငြာပေမဲ့၊ တိုကျို ရေနံသန့်စင် စက်ရုံ မီးလောင်နေသည်။ ကျန် နေရာ ၅၀ တွင် မီးလောင်မှုများ ဖြစ်ပွားနေသည်။
ဆုနာမီလှိုင်း အဓိက ဖျက်ဆီးခဲ့တဲ့ နေရာတွေမှာ အသက်ကယ်ဆယ်ရေးအတွက် စစ်တပ်တွေ လွှတ်ထားသည်။ အတိုက်အခံ လစ်ဘရယ်ဒီမိုကရက်ပါတီက အစိုးရနဲ့ ပူးပေါင်းလုပ်ဖို့ ကြေငြာလိုက်သည်။ အလုပ်သမားများ အိမ်ပြန်ဖို့ ခက်နေပြီး၊ ဧကရာဇ်  ဘုရင် နန်းတော် လမ်းများတလျှောက်နှင့် အစိုးရ ရုံးဝန်းများအတွင်း ညနေချမ်းမှာ လူတွေ စုပြုံတိုးဝှေ့နေကြသည်။
၁၉၉၅ ခုနှစ် ၆.၈ ပမာဏရှိ ကိုဘေး ငလျှင်ကြောင့် ဂျပန်တွင် လူ ၆၄၀၀ သေဆုံးခဲ့သည်။ ဆုံးရှုံးမှုမှာ ဒေါ်လာ ၁၀၀ ဘီလီယံ ရှိခဲ့သည်။ ယခု ငလျင်ကြီးက ဘယ်လောက်ထိ ဆုံးရှုံးမှုတွေ ဖြစ်စေမလဲ။ ဘယ်နိုင်ငံတွေ ဆုနာမီလှိုင်း ဆက်ရိုက်ခတ်ဦးမလဲ။
မောက္ခ နိုင်ငံတကာသတင်း
ဆူနာမီ အန္တရာယ်နှင့် ပတ်သက်၍ ပြည်ပမြန်မာ အချင်းချင်း ကူညီပံ့ပိုးပေးကြပါ


ရာသီဥတု အခြေအနေနှင့် ပတ်သက်၍ ပစိဖိတ် စင်တာမှ ထုတ်ပြန်လိုက်သော သတင်းအချက် အလက်များအရ ဆူနာမီ အန္တရာယ်သည် ဂျပန်၊ ရုရှား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မာရှယ်ကျွန်းစု၊ အင်ဒိုနီးရှား၊ ပါပ၀ါနယူရီနီ၊ ဟာဝိုင်အီ၊ အယ်ဆာဘေဒါ၊ ကော့စတာရီကာ၊ နီဂွာရာ၊ ပနားမား၊ ချီလီ၊ ကိုလံဘီယာ၊ ပီရူးနိုင်ငံများအပါအ၀င် နေရာအနှံ့ပြားသို့ သက်ရောက်မှု ရှိနေပါသည်။

သို့ဖြစ်ရာ ပြည်ပရောက် မြန်မာများ အနေဖြင့် မိမိတို့နိုင်ငံနှင့် နယ်မြေဒေသမှ ရာသီဥတု သတင်းများကို မျက်ချေမပြတ်နားထောင်ခြင်း၊ အန္တရာယ် သက်ရောက်မှုရှိသည့် ဒေသများတွင် နေထိုင်ပါက သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရန် ရိက္ခာများ၊ ဆက်သွယ်ရေးပစ္စည်းများ ပြင်ဆင်ထားခြင်း စသည်တို့ကို ပြုလုပ်ထားကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ဆူနာမီ အန္တရာယ် မသက်ရောက်သော ဒေသများမှ မြန်မာများအနေဖြင့်လဲ အောက်ပါလုပ်ငန်း ဆောင်တာများကို ပြုလုပ်၍ မြန်မာအချင်းချင်း အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

(က) သဘာဝ ဘေးအန္တရာယ် မကျရောက်ခင် အခြေအနေ
မိမိတို့နှင့် ရင်းနှီးသူများ၊ အသိအကျွမ်းများသည် ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်ပါက ဖုန်းဆက်အကြောင်းကြား၍ သတိပြုပြင်ဆင်ထားရန် တိုက်တွန်းခြင်း
လိုအပ်ပါက အကူအညီပေးနိုင်မည့် နည်းလမ်းများ၊ ဆက်သွယ်ရမည့် လိပ်စာများကို ကြိုတင်ရှာဖွေထားခြင်း
အဆိုပါဒေသတွင် ရှိသော မြန်မာ မိသားစုများအား ဆက်လက်အကြောင်းကြားပေးထားရန် တိုက်တွန်းခြင်း


(ခ) သဘာဝ ဘေးအန္တရာယ် ကျရောက်ထားသော အခြေအနေ

ယခုလက်ရှိအခြေအနေတွင် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ လူမျိုးများသည် ဆူနာမီအန္တရာယ် ငလျင်ဒဏ်ကို ခံစားနေကြရပါသည်။ အဆိုပါ မြန်မာလူမျိုးနှင့် ဆက်စပ်သော အခြားနိုင်ငံပေါင်းစုံမှ မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း စိတ်ပူလျက်ရှိပါသည်။ အခြား မည်သည့်နိုင်ငံများသို့ ဆူနာမီ ဂယက် ဆက်လက် ဂယက်ရိုက်ဦးမည် မသိနိုင်သေးပါ။ သို့ဖြစ်ရာ

ဆူနာမီအန္တရာယ် ကျရောက်ထားသော ဒေသမှ မိမိတို့၏ မိတ်ဆွေများ၊ သိကျွမ်းသူများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အခြေအနေကို ဆက်သွယ်၍ ရနိုင်သော နည်းလမ်းများဖြင့် စုံစမ်းခြင်း၊ ပြည်တွင်း မိသားစုသို့ အကြောင်းကြားရန် လိုအပ်သော အခြေအနေများရှိပါက ကောင်းသတင်း၊ ဆိုးသတင်းကို အကြောင်းကြားပေးခြင်း
မိမိတို့ အစုအဖွဲ့အလိုက် အရေးပေါ်ကူညီရန် ရံပုံငွေ ကောက်ခံထားရှိခြင်း
အားပေးစကားပြောကြားခြင်း
မတော်တဆ အနုမြူယိုစိမ့်မှု အန္တရာယ် ဖြစ်ပွားလာပါက မိမိနှင့် နီးစပ်သူများ အန္တရာယ်ကင်းလွတ်ရာသို့ ရောက်ရှိစေရန် လိုအပ်သည်များ ကူညီပေးခြင်း

စသည်တို့ဖြင့် ပြည်ပရောက် မြန်မာလူမျိုးများ အချင်းချင်း နီးစပ်ရာ အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
 by ခင်မမမျိုး 

ဂျ ပန် တွင် ငလျင် အကြီးအကျယ် လှုပ်ရှားသွား

အထူးသတိပေး ထုတ်ပြန်ချက်.... ဆူနာမီအသွင်ပြောင်းလာသော ၈.၉ Magnitude ပြင်းအားရှိ ဂျပန်ငလျင်၊ ကမ်းခြေဒေသများလည်း အထူး သတိထားရန် လိုအပ်နေ (News & Photos Updated)


အထူးသတိပေး ထုတ်ပြန်ချက်.... ဆူနာမီအသွင်ပြောင်းလာသော ၈.၉ Magnitude ပြင်းအားရှိ ဂျပန်ငလျင်၊ ကမ်းခြေဒေသများလည်း အထူး သတိထားရန် လိုအပ်နေ (News & Photos Updated) အထူးသတိပေး ထုတ်ပြန်ချက်.... ဆူနာမီအသွင်ပြောင်းလာသော ၈.၉ Magnitude ပြင်းအားရှိ ဂျပန်ငလျင်၊ ကမ်းခြေဒေသများလည်း အထူး သတိထားရန် လိုအပ်နေ (News & Photos Updated)
လွန်ခဲ့သော ကြာသာပတေးနေ့ အစောပိုင်းက ဂျပန်နိုင်ငံ မြောက်ပိုင်း Honshu ဒေသမှ စတင်ခဲ့သော မြေငလျင်သည် ၆.၃ Magnitude နှုန်းဖြင့် လှုတ်ခတ်ခဲ့ပြီး တစ်ရက်အတွင်းမှာပင် Sendai-shi ဒေသကို ဗဟိုပြုပြီး ၇.၂ အဆင့်ရှိ ငလျင်ကြီးတိုးမြှင့် လှုတ်ခတ်ခဲ့ပြီး ယနေ့အချိန်အထိ ထပ်မံလှုတ်ခတ်လာသော ငလျင်၏ ပြင်းအားမှာ ၈.၉ Magnitude  အဆင့်အထိ တိုးမြှင့် လှုတ်ခတ်လာခဲ့သဖြင့် ရေမျက်နှာပြင် ၃၀.၃ ပေ အမြင့်အထိ တက်လာခဲ့ကြောင်း အင်တာနက် သတင်းများအရ သိရသည်။

တိုကျိုရှိ အမေရိကန် အခြေစိုက် ဘူမိဗေဒ ဌါ၏ ပြောကြားချက်အရ ငလျင် စက်ဝန်းမှာ ၃၇၃ ကီလိုမီတာ (၂၃၁ မိုင်) ရှိပြီး တိုကျိုမြို့တော် အထိပင် ရောက်ရှိနေပြီဟု သိရသည်။ လက်ရှိ အခြေအနေအရ ပြည်သူပေါင်း ၇၀၀၀ အထက် ဒုက္ခရောက်နေကြောင်း နှင့် တိုကျိုမြို့တွင် မြေအောက် ဘူတာရုံ နှင့် လမ်းများ အားလုံး ပိတ်သွားပြီ ဖြစ်သည်။

ယခု တိုက်ခတ်သော ငလျင်မှာ ဂျပန်နိုင်ငံ သမိုင်းတစ်လျောက် အကြီးမားဆုံး ငလျင်တစ်ခုဖြစ်ပြီး ကမ္ဘာ့စံချိန်မှာ လွန်ခဲ့သော မေလ ၂၂ ၊ ၁၉၆၀ ခုနှစ်က ချီလီနိုင်ငံတွင် လှုတ်ခတ်ခဲ့သော ၉.၅ အဆင့်ရှိသော ငလျင်ကြီးဖြစ်သည်။

ယခု ငလျင်ကြော ကျရောက်ရာ ဒေသများတွင် ချိုင့်ဝှမ်းကြီးများကို အရှိန်အဟုန် ကြီးများစွာဖြင့် တစ်ခုပြီးတစ်ခု ပေါ်ပေါက်စေပြီး တိုကျို ပတ်ဝန်းကျင်ရှိ ၄ သန်းခန့်ရှိသော အိမ်ယာများ ရေအောက် မြုပ်မှုများ ဖြစ်ပေါ်ခဲ့သလို လျပ်စစ်လိုင်းများ လုံးဝပြတ်တောက်သွားပြီး အချို့နေရာများတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။


ပစိဖိတ် သမုဒ္ဒရာနှင့် ဆက်စပ်လျက် ရှိသော ကမ်းခြေဒေသ နိုင်ငံများတွင် ဆူနာမီ အသွင်သို့ ပြောင်းလဲရန် ချဉ်းကပ်မှုဖြစ်လာနိုင်သည်ဟု CNN မှ သတိပေးထားပြီး ဖြစ်သလို ရုရှား၊ ထိုင်ဝမ် နိုင်ငံများကလည်း ဆူနာမီ သတိပေးချက်များ ထုတ်ပြန်လျက် ရှိသည်။

လတ်တလော ထိခိုက်နိုင်သော ဒေသများအဖြစ် ဂျပန်၊ ရုရှား၊  မာကတ်စ်ကျွန်း နှင့် မြောက်ပိုင်း မာရီယားနား ဒေသများသို့ ဆူနာမီ သက်ရောက်မှု ရှိနိုင်ကြောင်း သိရသည်။ ဆူနာမီ ကျရောက်လာမည်ဆိုပါက ပင်လယ်ရေမျက်နှာပြင် အမြင့်မှာ ပေ ၂၀ ခန့်အထိ တက်လာမည် ဖြစ်ကြောင်း သိရသည်။

ယခုအချိန်အထိ နူကလီးယား စက်ရုံများ၏ လေဒီယိုသတ္တိကြွမှု မဖြစ်သေးကြောင်းလည်း သိရသည်။

တိုကျိုမြို့တွင်း တစ်နေရာ
လောင်စာဆီ သိုလှောင်ကန်များ မီးလောင်နေစဉ်

၁၉၃၃ ခုနှစ်က ၈.၁ Magnitude အဆင့်ရှိ ငလျင်တစ်ခု ဂျပန် အရှေ့မြောက် ပစိဖိတ်ဒေသအတွင်း လှုတ်ခတ်ခဲ့ဖူးရာ လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရသည်။ နောက်ဆုံးသိရသော သတင်းများအရ Chiba, Ibaraki, Fukushima မြို့များတွင်လည်း အဆိုးဝါးဆုံး ငလျှင်နှင့် ရေကြီးမှုဒါဏ်တို့ကို ခံစားနေရလျက် ရှိနေသည်။

Updated 3:45 PM
...... ယခုအချိန်အထိ သေဆုံးသူပေါင်း ၁၉ ဦးအထိ ရှိသွားပြီဟု သိရပြီး အချိန်နှင့်အမျှ သေဆုံးသူ အရေအတွက် တိုးလားနေလျက် ရှိသည်။
Updated 4:15 PM
....... Mutdfan.com က Niigata city နေ မြန်မာ တစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ...

မေး - အမရေ ငလျှင်အခြေအနေလေး သိချင်လို့ပါ

ဖြေ - အခုတော့ တီဗီကနေ ငလျှင်သတင်းတွေကို အဆက်မပြတ် ကြေငြာနေတယ်
ရှီးဗာမှာက ဂတ်စ်သိုလှောင်ရုံတွေ ပေါက်တာ အခုထိ မီးလောင်တာ မရပ်သေးဘူး

မေး - အမနေတဲ့Niigata မြို့ အခြေအနေလေးကရော
နေ့လည် ၁နာရီလောက်က ၅.၀ လောက်နဲ့ စလှုပ်တယ် သိပ်ပြီး ဆိုးဆိုးဝါးဝါး မခံစားလိုက်ရဘူး တခြားမြို့တွေလောက် သိသိသာသာတော့ မခံစားလိုက်ရဘူး

မေး - ရေကြီးတာက Fukushima မြို့မှာဆို။ အတော်လေး ဆိုးလား တီဗီမှာပြတာတော့ မြို့ထဲကို ရေတွေ ၀င်လာတာတွေ့မိတယ်။
ဖြေ - ကားတွေ မျောပါကုန်တယ်။ ပင်လယ် ကမ်းခြေနဲ့ နီးတဲ့နေရာမှာ ဖြစ်တာ
ကားထဲက လူတစ်ယောက်နဲ့ သဘော်ထဲက တစ်ယောက် ပါသွားတယ်တော့ကြားတယ်
Sendai မြို့ကတော့ အဆိုးဆုံးလို့ တွေ့နေရတယ်။ ညနေ ၃နာရီ ၅၅မိနစ်လောက်မှာ ကား အစီး ၂၀လောက်ပါသွားတယ် ၈.၄ မီဂါလောက် ရှိပြီး အခု ပြောနေတုန်းမှာဘဲ ကျွန်မနေတဲ့ Niigata မှာ ထပ်လှုပ်နေတယ်
နေ့လည်က လှုပ်တုန်းကဆိုရင် ခေါင်းတွေမူးပြီး အန်တောင် အန်တယ်။
Sendai မြို့မှာ လေယာဉ်ပြေးလမ်းကြောင်းတွေပါ ရေတွေမြုတ်သွားတယ်လို့ လေဆိပ်က တာဝန်ရှိသူက ပြောနေတာ အခု တီဗီမှာ တွေ့နေရတယ်။
ဂျပန်ရဲ့ မြောက်ဘက် Hokkaido Tokushima မှာ ၂.၄၆ မိနစ်တုန်းက တိုင်းတာချက်အရ Level 7 ရှိနေတာကြောင့် က လူတွေကိုပင်လယ်နဲ့ ဝေးရာ ဘေးလွတ်ရာကို ရွေ့ဖို့ စီစဉ်နေကြပြီ

မေး - ဘာတွေများ တခြား ဖြစ်သေးလဲဗျ။
ဖြေ - တိုကျိုမှာတော့ ရထားတွေ ရပ်ကုန်လို့ ခရီးသည်အကုန် လမ်းလျောက်သွားနေရတယ်။ တိုကျိုက သူငယ်ချင်းတစ်ယောက်တော့ တက္ကသိုလ်ဝင်းထဲမှာ ပိတ်မိနေတယ်လို့ ပြောတယ်။
Tokyo မြို့လယ် Odaiba ဘက်မှာတော့ မီးတွေ လောင်နေတယ်လို့ ပြောတယ်။
တီဗွီင်္မှာတော့ တခြား အစီအစဉ် လုံးဝမပြတော့ဘဲ ငလျှင်သတင်းတွေကိုချည်း ပြနေတယ်။ ဖြစ်ပြီးသွားတာတွေရော ဖြစ်နေဆဲဟာတွေရောပေါ့။
ဟုတ် အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးပါဘဲဗျာ။
(အထက်ပါ သတင်းအား ဂျပန်နိုင်ငံသို့ ကိုမှူးသခင် က ဆက်သွယ် ရယူထားခြင်း ဖြစ်ပါသည်။ )
Updated 4:48        : ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မတ်ဖန် ပရိသတ် တစ်ဦးဖြစ်သော ကိုဖန်ခါးသီး အားဆက်သွယ် မေးမြန်းခဲ့ရာ အိမ်တွင်းရှိ ပစ္စည်းများအကုန် ပျက်စီး ကုန်သော်လည်း လူထိခိုက်မှု မရှိကြောင်း အခြားသော နီးစပ်ရာ မြန်မာများကို မေးမြန်းကြည့်ခဲ့ရာတွင်လည်း လူထိခိုက်ခြင်း ရှိသည့်သတင်း မကြားရကြောင်း သိရသည်။ ငလျင်များ အနေဖြင့်မူ အနည်းငယ် ဆက်လက် လှုတ်နေသေးကြောင်း သိရသည်။ Chanel News Asia သတင်းအရ သေဆုံးသူ ၄၉ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ ပစိဖိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော နိုင်ငံ အတော်များများက ဆူနာမီ သတိပေးချက် ထုတ်ပြန်နေကြသည်။ (ထပ်မံ ဖြည့်စွက် ပေးပါမည်။)


 
ews Updated 4:54 PM.  ဂျပန်နိုင်ငံနေ မတ်ဖန်ပရိသတ် ကိုဖန်ခါးသီးက အောက်ပါအတိုင်း သတင်းပေးပို့သည်။
"ဆက်လက် လှုတ်ခတ်နေဆဲ ငလျင်များမှာ ဂျပန်နိုင်ငံ မြောက်ပိုင်းပင်လယ်ကို ဗဟိုပြုနေပါတယ်။ ။ ဖုန်းလိုင်းတွေ အားလုံးပြတ်နေပြီး ရထား၊ကား အားလုံး ရပ်သွားပါပြီ။ နေ့လည် ၃နာရီလောက်က လှုတ်သွားတဲ့ ငလျင်က တိုကျိုမှာ တော်တော်ပြင်းပြင်း။လှုတ်သွားပါ
တယ်။ ခုလဲ နည်းနည်း နဲ့ အကြိမ်ကြိမ်လူပ်တုန်းပါဘဲ။ မြန်မာတွေ အသေအပျောက် မရှိဘူးလို့ ကြားရပါတယ်။  အခုလက်ရှိ နောက်ဆုံးသတင်းအရ  ၃၆ ၊ပျောက် ၄၅ယောက် ပျောက်ဆုံးနေတယ် ပြီး နေရာကွတ်ကြား မီးတွေလောင်နေပါတယ်။ "

ဂျပန် တွင် ငလျင် အပြင်းအထန်လှုပ်ရှားသွား

 ဒီ link ထဲ့ မှာဝင်ပြီးတော့ သတင်းနားထောင်လို့ ရပါတယ်။
 
ဂျပန်ပြည်တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ဗဟိုပြု ၈.၈ မဂ္ဂါစကေးငလျင်လှုပ်
ဂျပန် အရှေ့မြောက်ကမ်းခြေသို့ ပေ ၂၀ ကျော်မြင့်သည့် ဆူနာမိလှိုင်းများ တိုက်ခိုက်
အေဂျင်စီသတင်း
မတ် ၁၁၊ ၂၀၁၁
ယနေ့ သောကြာ၊ တိုကျိုအချိန် နေ့လည် ၂နာရီ ၄၆ အချိန်က တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ပြင် မိုင် ၂၀ အနက်တွင် ပြင်းအား ၈.၈ ရှိသည့် ငလျင်လှုပ်ပြီး ပေ ၂၀ ကျော် လှိုင်းများ ဂျပန်ကမ်းခြေ နေရာ Onahama city in Fukushima prefecture တွင် ဖုံးလွှမ်းသွားသည်ကို ယခုသတင်းရေးနေသည့် အချိန် တိုကျိုအချိန် ညနေ ၅ နာရီတွင် တွေ့နေရသည်။ မီးလောင်မှုများ ဖြစ်ပွားနေပြီး ကြိုတင်သတိပေး ကာကွယ်မှုများ မပြုလုပ်နိုင်ပုံ မရချေ။

သတင်းဓာတ်ပုံများမှာ စီဘီအက်စ် ရုပ်သံသတင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။
အင်န်အိပ်ခ်ျကေ ဂျပန်ရုပ်သံက ဝေဟင်မှ တိုက်ရိုက်သတင်းထုတ်လွှင့်နေသည်ကို တွေ့နေရသည်။ အပျက်အစီး အသေအပျောက်များ သတင်းမထုတ်နိုင်သေးပေ။ တိုကျိုတွင် အိမ်ပေါင်း ၄ သန်း လျှပ်စစ်မီး ပြတ်တောက်နေသည်ဟု ဆိုသည်။
ထိုပင်လယ်ရေအောက် ငလျင်ကြောင့် ဆူနာမီလှိုင်းကြီးများ ကမ်းခြေသို့ တိုက်ခိုက်မည် ဖြစ်ရာ အမေရိကန်ပြည်ထောင်စု၏ ဟာဝိုင်အီကျွန်းနှင့် အနောက်ခြမ်းကမ်းခြေ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေးတို့အထိ လှိုင်းများ တက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။
 
Video File ကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ ။ 
 
 
 
Major Earthquake, Tsunami Hit Japan
VOA News  March 11, 2011
 A massive 8.9 magnitude earthquake has struck off Japan's northeastern coast, triggering a four meter tsunami that washed away cars along parts of the coastline
Video from national broadcaster NHK showed dozens of cars, large ferries and some buildings being swept out to sea in the port city of Kamaishi in the province of Iwate.
The Japanese Meteorological Agency issued a tsunami warming for the entire Pacific coast of Japan following the quake that struck about 125 kilometers off the eastern coast, at a depth of 10 kilometers.  Residents in the coastal areas have been urged to immediately evacuate to higher ground. 
The Pacific Tsunami Warning Center in the U.S. state of Hawaii said a tsunami warning was also in effect for Russia, Marcus Island and the Northern Marianas.  It said a tsunami watch was issued for Guam, Taiwan, the Philippines, Indonesia and Hawaii.
Friday's massive quake was felt in Tokyo, where it shook buildings and caused several fires.  The Tokyo metro system says all train and subway traffic in the city has been stopped.
Japanese Prime Minister Naoto Kan has convened an emergency meeting of the Cabinet to assess the situation.


Huge earthquake sparks 33ft tsunami in Japan
11/03/2011 - 07:55:40
 An earthquake measuring 8.9 on the Richter scale rocked Japan’s north-eastern coast today, unleashing a 33ft (10m) tsunami which swept boats, cars, buildings and tons of debris miles inland.
Fires triggered by the quake burned out of control up and down the coast.
At least one person was killed and there were reports of several injuries in Tokyo, hundreds of miles away, where buildings shook violently throughout the main quake and the wave of massive aftershocks that followed.
TV footage showed waves of muddy waters sweeping over farmland near the city of Sendai, carrying buildings, some on fire, inland as cars attempted to drive away.
“This is a rare major quake, and damages could quickly rise by the minute,” said Junichi Sawada, an official with Japan’s Fire and Disaster Management Agency.
Officials were trying to assess damage, injuries and deaths but had no immediate details. Police said at least one person was killed in a house collapse in Ibaraki prefecture, just north-east of Tokyo.
A large fire erupted at the Cosmo oil refinery in Ichihara city in Chiba prefecture near Tokyo and was burning out of control.
Public broadcaster NHK showed footage of a large ship being swept away by the tsunami and ramming directly into a breakwater in Kesennuma city in Miyagi prefecture. Similar destruction was seen in dozens of communities along the coast.
In various locations along the coast, footage showed massive damage from the tsunami, with cars, boats and even buildings being carried along by water.



Thursday, March 10, 2011

နအဖတပ်မှ ရွာသူနှစ်ဦးအား အစုလိုက်အပြုံလိုက် မုဒိမ်းကျင့် သတ်ဖြတ်

နအဖ တပ်မှ ရွာသူနှစ်ဦးအား အစုလိုက်အပြုံလိုက် မုဒိမ်းကျင့် သတ်ဖြတ်

ဆုံဆည်းရာ၊ မတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ်

သတင်း
နေ့လည် (၁၂ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ်၊ ဝေါလေဒေသအနီး မင်္ဂလာမြိုင်ရွာနားတွင် နအဖ စကခ (၈) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ခမရ (၄၀၁) တပ်မှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦး ပေါင်းနှစ်ဦးအား နအဖ ထိုးစစ်အကြီးအကျယ် ပြုလုပ်နေတဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ပြီး သတ်ဖြတ်သွားခဲ့ပါတယ်။ အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီး နှစ်ဦးဖြစ်ပေမယ့် ၁၅ နှစ်အရွယ် အမျိုးသမီးတဦးရဲ့ဓါတ်ပုံကို ဆုံဆည်းရာမှ ဇန်န၀ါရီလ ၂၇ ရက်နေ့ ၂၀၁၁ ခုနှစ်မှာ ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သတင်းသဘာဝအရ ဓါတ်ပုံကို မဖော်ပြသင့်ကြောင်း သတိပြုမိပေမယ့် နအဖ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ရိုင်းစိုင်းယုတ်မာ သတ်ဖြတ်မှုတွေကို မှတ်တမ်းအနေနဲ့ ပြန်လည်ဖော်တာဖြစ်ပါတယ်။ ဓါတ်ပုံကို ကြည့်ရှုမယ်ဆိုရင် အပြည့်အစုံကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်ခင်ဗျား။



စစ်အာဏာရှင်စနစ် ကျဆုံးချုပ်ငြိမ်းပါစေ။
့http://kannkawchitthu.blogspot.com

သူမနဲ့ လမ်းခွဲ နိဂုံး

ကျနော်နှင့် သူမသည် နည်းပညာ ဆိုသည့် အရာကြီးကြောင့် ထိတွေ့ဆက်ဆံကာ နီးစပ်လာခဲ့သည် ။ သူမကို အကြောင်းပြု၍ စီးပွားရေး လုပ်ငန်း တခုထူထောင်ရန် အကြံရသည်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေမှစ၍ အမြဲလိုလို ထိတွေ့ဆက်ဆံမိခဲ့လေသည် ။  သူမကို ယုံကြည်၍ ကျနော့်ဘ၀ အနာဂတ်များ လှပလာတော့မည်ဟု ယုံကြည်ကာ ပေးဆပ်သင့်တာမှန်သမျှကို ပေးဆပ်ပြီး စိတ်ကူးယဉ်ခဲ့သည့် အကြိမ် အရေအတွက်လည်း မနည်းလှပါ  ။ အစ ပထမတွင် သူမ၏ လုပ်ဆောင်ချက်များကြောင့် အကျိုးများစွာ ရှိ၍ ကျနော့်၏ စီးပွားရေး လုပ်ငန်းကို ထပ်မံတိုးချဲ့ရန်ပင် စဉ်းစားမိသေးသည် ။ သို့သော် အနေကြာလာသည်နှင့် အမျှ သူမ၏ မူမမှန်သည့်တုန့်ပြန်မှုများကြောင့် နေ့စဉ်နှင့် အမျှ စိတ်ပျက်နေရသည် ။
 ဒီနေ့လည်း  တနေကုန် ကျနော် ဒေါပွနေကာ တစ်ယောက်တည်း  စကားပြောရင်း မကျေနပ်ချက်များကို ကိုယ့်ဟာကို ရင်ဖွင့်နေမိသည် ။ ဟုတ်သည် .......ကျနော် တော်တော်လေးကို မြတ်နိုးကာ တန်ဖိုးထား၍ ယုယနေပါလျှက် အမြဲသစ္စာ ဖောက်နေသော သူမကို တခါတရံ ခွင့် မလွှတ်နိုင်လောက် အောင်မုန်းတီးနေမိသည်.....။ သို့သော် ကျနော့်၏ အနာဂတ်ဟု သတ်မှတ်ကာ တည်ထောင်ထားသည့် စီးပွားရေး လုပ်ငန်းသည်  သူမနှင့် တိုက်ရိုက်သက်ဆိုင် နေသလို နည်းပညာကို အခြေခံသည့် ရိုးသားသည့် စီးပွားရေး လုပ်ငန်းဟု ခံယူသတ်မှတ်ထား၍ သူမကို  မစွှန့်ပစ်ရဲသည့် ကိုယ့် ဘ၀ကိုဘဲ အမြဲလိုလို  အပြစ်တင်တာ အကျင့်ပါနေမိ၍ သက်ပြင်းသာ တွင်တွင်ချနေမိသည်  ။ အရေးတကြီး ချိန်းဆိုထားမှု များတွင် လေးတိလေးကန်နှင့် သူ့လုပ်ရပ်များကြောင့် မျက်နှာပျက်ရပေါင်းလည်း များလှပြီ....။  
 သူမ၏ လုပ်ရပ်များကြောင့် ကျနော် ဖောက်သည် များကို ရှင်းပြရပေါင်းလည်း များလှပါပြီ.....။ အစ ပထမက သူမအတွက် အမြဲ ကာကွယ် ပြောလေ့ရှိသော်လည်း အကြိမ်ပေါင်းများစွာ ပြဿနာ ရှာနေတတ်သည့် သူမကြောင့် ကျနော် အရှက်ရပေါင်းလည်း များလှ၍ လူအများကို အမြဲတောင်းပန်နေရသည့် ဘ၀ ကို ကျနော် အတော်ပင် စိတ်ပျက်လှပါပြီ  ။  သူမကို လူတော်တော်များများက မကျေနပ်ကြ ။ စိတ်တို၍ အော်ဟစ်သံများ အမြဲလိုလို စိတ်မချမ်းမသာဖွယ်ရာ ကြားသိရတဲ့ ကျနော် သူမ အတွက် တခုခု လုပ်မှ ရမည်ကို အမြဲလိုလို စဉ်းစားမိသော်လည်း လက်တွေ့ အကောင်အထည် ဖော် မဆောင်ရွက်နိုင်သေးချေ ။
 အမည် အမျိုးမျိုး ပြောင်းလဲ၍    ခေတ်မှီ  နည်းပညာ အသစ်အဆန်း ဆိုသည့် စကားကို ပါးစပ်ဖျားက ရေလည်သုံးလျှက် သူမသည် ကျနော့်ထံမှ ငွေကြေးများ လိမ်လည် တောာင်းရမ်းနေသည်ဟု တွေးမိသော်လည်း မယုံတ၀က် ယုံတ၀က်ဖြင့် ပေးဆပ်ခဲ့ပေါင်း မနည်းလှချေ ။
 ထိုက်တန်သည့် ပေးဆပ်မှု တခု ပြုလုပ်နိုင်လျှင်  ညီမျှသည့် အကျိုးအမြတ်တော့ ရနိုင်သည်ဟု ထင်ထားကာ ကျနော့် သူ့အတွက် ငွေကြေးများစွာ အကုန်ကျခံခဲ့ကာ ဘ၀ တခုလုံးကို ပုံအပ်၍  လစဉ် ကျနော့်ဝင်ငွေများမှ သူ့အတွက် ပေးဆပ်ခဲ့သော်လည်း  သူမဘက်က သဘောထားက မပြောင်းလဲသွားပါ..........။ အပြောင်းအလဲများ မြန်ဆန်လွန်းသည့် ဒီနေ့ ခေတ်ကမ္ဘာတွင်  မပြောင်းလဲတာဆို၍ သူမ၏  တုန့်နှေးသည့် အသွင်သဏ္ဍန်နှင့် စိတ်ပျက်ဖွယ် မူယာမာယာ များသည့် အကျင့်ဆိုးများဟု ပင် တခါတလေ ထင်မိတော့သည် ။ သူမသာ မဟုတ် အုပ်ထိန်းသူမိဘများသည်လည်း ထိုနည်း လမ်းကောင်း သိပ်တော့ မထူးခြားလှ ။ သူမနှင့် ပက်သက်သည့် အတွက် လစဉ် သူတို့ကို ပေးဆပ်နေသည်ကို သိနေပါလျှက် နှင့် မျက်နှာလွှဲ ခဲပစ်နိုင်လွန်းလှသည် ။ လစဉ် ပုံမှန်ငွေ မပေးနိုင်လျှင် သူမနှင့် အဆက်အသွယ် ဖြတ်ဖို့ အမြဲကြိုးစား လုပ်ဆောင်နေသော်လည်း သူမနှင့် ပက်သက်သည့် ကိစ္စများ အတွက် အကူအညီတောင်းလျှင်  ခေါင်းရှောင် နိုင်လွန်းလှသည် ။ မရမက အတင်းမေ၍ အဖြေ ပေးပြန်လျှင်လည်း မရေရာသည့် အဖြေများ ၊ မတိကျသည့် လမ်းညွှန်ချက်များသာရရှိလေ့ ရှိသလို အထပ်ထပ်မေးမိပြန်လျှင်  ဆူပူ ကြိမ်းမောင်ကာ မြည်တွန် တောက်တီးခြင်းကို  အမြဲလိုလို ခံရလေ့ ရှိသည် ။
 သေချာ ပြန်တွေးလိုက်တော့လည်း သူမကို အပြစ်တင်မိသော်လည်း  ကျနော့်အနေနှင့် သူမနှင့် မခွဲနိုင် မခွာရက် ဖြစ်မိသည့် အတွက် ဒေါသလျှော့ကာ ပြန်လည် သုံးသပ်ဖို့  ဆုံးဖြတ်၍ စားပွဲခုံတွင် ၀င်ထိုင်လိုက်ကာ သေချာ စဉ်းစားမိသည် ။  သူမ၏ ဖောက်ပြန်မှု အတွက် ကျနော် ဒုက္ခရောက်ကာ အရှက်ကွဲပေါင်းများလည်း များလှပြီ  ။ ချိန်းဆိုမှု ပျက်ကွက်သည့် အတွက် လူတချို့၏  ပြစ်တင်ဝေဖန်မှုများလည်း ခံရပေါင်းများလှတဲ့ အတွက် တခုခု ဆုံးဖြတ်ချက် ချမှ ရတော့မည် ။

ကိုယ့်ဘက်က အမြဲလိုလို ပေးဆပ်နေပါလျှက် သူမဘက်က ပျက်ကွက်မှု များကြာင့် ကျနော် ဆုံးဖြတ်ချက်မှာ သူမနဲ့ လမ်းခွဲဖို့ ကြဖို့သာ ရှိတော့သည် ။  သူမနဲ့တိုက်ရိုက်ဆက်သွယ်လျှင် ဝေ့လည်ကြောင်ပတ်နှင့် လေးတိလေးကန် သူ့လုပ်ရပ်များကြောင့် စိတ်ကူးပြောင်းလဲမည်ဆိုး၍ သူမအုပ်ထိန်းသူများနှင့် တိုက်ရိုက် ပြောကြားမှ ဖြစ်မည်ဟု ဆိုကာ..........ချက်ချင်း ဖုန်းဆက်၍  ...............

လူကြီးမင်းများ ခင်ဗျာ...........ကျနော့်အိမ်တွင် တပ်ဆင်ထားသော အင်တာနက် ကို ဒီနေ့မှ စ၍ အသုံး မပြုတော့လိုပါ၍ ရပ်နားလိုကြောင်း သတင်းပေးပို့ပါသည် ဆိုသည့် အချက်ကို  အားရပါးရ ပြောကာ  ကွန်ပျူတာမှာ တပ်ဆင်ထားသည့် အလွန်မှပင် မူယာမာယာများသည့် မင်းသမီးတဦးနှင့် တူလှသည့် သူမဆိုသည့် အင်တာနက် လိုင်း ကြိုးကို ဆွဲဖြုတ်လိုက်၍  ထာဝရ လမ်းခွဲလိုက်ပါတော့သည်.......။

ဗမာသွေး

Friday, March 4, 2011

လိမ်ညှာသူကို အကဲ့ ခက်နည်း

ချစ်သူများ အကြားမှာဖြစ်စေ၊ စီးပွားရေး ဆက်ဆံမှုမှာ ဖြစ်စေ၊ နိုင်ငံရေး စည်းရုံးရာမှာဖြစ်စေ အမှန်တရားနှင့် လိမ်ညာခြင်းကို ခွဲခြားတတ်ဖို့ အလွန်အရေးကြီးပါသည်။ တကယ်တော့ လူတစ်ယောက် လိမ်ညာစကား ပြောနေသည်ကို သိနိုင်ရန် အလွန် ခက်ခဲလှပါသည်။ အချို့မှာ အမှန်ပြောနေသလိုပင် လွယ်လွယ်ကူကူ လိမ်ညာ စကား ပြောဆိုတတ် လေ့ရှိသည်။ မည်သို့ဖြစ်စေကာမူ သင်သည် ထိုလူတစ်ဦးက သင့်အား လိမ်ညာပြောနေသည် ဟုတ်မဟုတ်ကို သိမြင် နားလည် တတ်ဖို့လိုပါမည်။ သို့မဟုတ်ပါက သင်သည် သူတပါး၏ လိမ်ညာ လှည့်ဖျားခြင်းကို အလွယ်တကူ ခံရပါလိမ့်မည်။ သို့ရာတွင် လူတစ်ယောက်က သင့်အားလိမ်ညာနေခြင်းကို သင်မည်သို့ သိနိုင်မည်နည်း။ လူတစ်ယောက်က လိမ်ညာစကား ပြောနေသည်ကို သိနိုင် ကြည့်မြင်နိုင်သော နည်းလမ်းများ ရှိပါသည်။ ထိုနည်းလမ်းမှာ လူတစ်ယောက်၏ ဟန်ပန် အမူအယာကို သေသေချာချာ ကြည့်တတ်ရန်ပင် ဖြစ်ပါသည်။ လိမ်ညာစကားပြောသူ တို့၏ ယေပူယျ အမူအယာများမှာ စိုးရိမ်ကြောက်လန့်သည့် အမူအယာ၊ မျက်နှာလွဲတတ်သည့် အမူအယာ၊ မျက်တောင် အလွန်ခတ်သည့် အမူအယာ၊ လက်ကနာမငြိမ်သည့် အမူအယာတို့ ဖြစ်ကြသည်။
လူတစ်ယောက်၏ အမူအယာကို ကြည့်မြင်တတ်ဖို့မှာ လူတစ်ယောက် လိမ်ညာနေသည်ကို သိနိုင်ရန် အလွန်အရေးပါသည့် အချက်ဖြစ်သည်ဟု စိတ်ပညာရှင် ပါရဂူကြီးတစ်ဦးက အောက်ပါအတိုင်း ရှင်းပြခဲ့ဖူးသည်။
  • လူတစ်ယောက်သည် မျက်လုံးခြင်းဆိုင် ကြည့်ရန် ရှောင်ဖယ် တတ်ခြင်း၊ မျက်လုံးမှာ တနေရာ ထဲတွင် မကြည့်နေဘဲ ပတ်ဝန်းကျင်ကို ဝေ့ပတ် ကြည့်နေခြင်းနှင့် မျက်တောင် မကြာခဏ ခတ်နေခြင်း စသည်တို့သည် စကား ပြောရသည့် အခါမှာ သက်တောင့် သက်သာ မရှိသည့် စိတ်ပညာ ဆိုင်ရာ အခြေအနေ ဖြစ်ပြီး ထိုအခြေအနေ မျိုးမှာ လူတစ်ယောက်သည် လိမ်ညာနေခြင်း၊ ဟန်ဆောင် နေခြင်း တို့ကြောင့် ဖြစ်တတ်သည်။
  • လူတစ်ယောက်သည် စကား ပြောစဉ် စိတ်ရှုတ်သည့်ဟန် ဖြစ်ခြင်းသည်လည်း လူတစ်ယောက်မှာ သူလိမ်ညာနေစဉ် ထိုလိမ်ညာခြင်း အပေါ်တွင် ဘယ်လို ဆင်ခြေ ပေးရမည်ကို တစ်ချိန်တည်း စဉ်းစား တတ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် သူ့၏ စကား အသွား အလာ အပေါ်မှာ အာရုံစိုက်မှုကို ပြတ်တောင်း စေပြီး၊ အနည်းငယ် ရောထွေး ရှုတ်ထွေးသွား စေတတ်သည်။
  • လိမ်ညာ ပြောသူတို့မှာ အများအားဖြင့် စကားကို အလွန်မြန်အောင် ပြောလေ့ ရှိတတ်ပြီး၊ သို့မဟုတ်ပါက တိုတို တောင်းတောင်း ပြတ်တောက် ပြတ်တောက် ပြောတတ်ပြီး၊ အခြေအနေ တရပ်ရပ်ကို တစ်ဖက်လူ အမြန်ဆုံး လက်ခံလာအောင်၊ သို့မဟုတ် ထိုအကြောင်းအရာ၏ ထွက်ပေါက်မှ အမြန် ထွက်နိုင်အောင် လုပ်တတ်ကြသည်။
  • လိမ်ညာသူ တစ်ဦး၏ ဟန်ပန် အမူအယာကို သေသေချာချာ ကြည့်လျှင် သူသည် ကိုယ့်ကိုယ်ကို ကာကွယ် နေသည့်ဟန် အမူအယာမျိုး ဖြစ်နေသည်။ သူတို့မှာ ကိုယ့်ကိုယ်ကို ခုခံသည့် လှုပ်ရှားမှုမျိုး ဖြစ်သည့် နောက်သို့ ခြေလှမ်း ဆုတ်ခြင်း၊ လက်နှစ်ဖက် ယှက်ထားခြင်း၊ လက်ခေါက် လက်ဆစ်များကို ကျစ်လစ်ထားခြင်းများ လုပ်တတ်ကြသည်။
  • တစ်ခါ လိမ်ညာသူသည် စကားပြောနေသည့် အကြောင်းအရာကို နားမလည်ဟန်၊ သဘော မပေါက်ဟန် လုပ်ပြီး ဟန်ဆောင် တတ်သည်။ သူသည် ထိုသို့ နားမလည် သဘော မပေါက်သည့် ဟန်ဆောင်ခြင်းဖြင့် သဘောရိုး ရှိသူ၏ အမြင်ကိုလေ့လာပြီး၊ ထိုသဘောရိုး ရှိသူ၏ အမြင်နှင့် ထပ်တူ လက်ခံသူ ဖြစ်သကဲ့သို့ ဖော်ပြလေ့ရှိသည်။
  • တစ်ခါတစ်ရံတွင် လိမ်ညာသည့်သူမှာ ရှေ့နောက် မညီသည့် အမူအယာမျိုး ရှိကြသည်။ ဥပမာ ဟုတ်ပါတယ်ဟု ပါးစပ်က ပြောပြီး ခေါင်းခါခြင်း ကဲ့သို့ ရှေ့နောက်မညီသည့် အမူအယာ မျိုးများသည် မသိစိတ်နှင့် သက်ဆိုင်သည့် လှုပ်ရှားမှု တစ်ခုဖြစ်သည်။
  • အလွန်အမင်း ရယ်သွမ်း သွေးခြင်းနှင့် ဖက်လှဲတကင်း ရင်းနှီး ခင်မင်မှု ပြခြင်းသည်လည်း လိမ်ညာခြင်း၏ အရေးပါသည့် သင်္ကေတများ ဖြစ်ကြသည်။ လိမ်ညာသူ မှန်သမျှသည် သူတို့မှာ မိတ်ဆွေ ကောင်းများ ဖြစ်ကြသည်ကို ပြသရန် အရေးကြီးသည်။ သို့မှာသာ တစ်ဖက်သူမှ အလွယ်တစ်ကူ ယုံကြည်လာအောင် စွဲဆောင်နိုင်ပေလိမ့်မည်။
  • အများအားဖြင့် လိမ်ညာမည့် သူသည် လိမ်ညာ စကားပြောရန် အတွက် ကြိုတင်ပြင်ဆင်မှု မလုပ်ထားတတ်ပါ။ သူတို့ လိမ်ညာပြောမည့် စကားများကို ကြိုတင် စီစဉ်ထားခြင်း မရှိတတ် သောကြောင့် သူတို့အား အသေးစိတ် မေးခွန်း တစ်ခု ထုတ်လိုက်ပါက အဖြေကို ကျကျနန ပြန်မပေးနိုင်တော့ဘဲ သူ့၏ စကားများမှာ ရှေ့နောက် ချော်ထွက်ပြီး၊ သူ့အား အနည်းငယ် တွေဝေ သွားစေ တတ်ပါသည်။
  • တဖက်တွင်လည်း လိမ်ညာ စကားပြောသူမှာ မလိုအပ်သည့် ရှင်းလင်းချက်များ အများအပြား ထုတ်ရှင်း တတ်ပြီး၊ ထိုလိမ်ညာသည့် အကြောင်း အရာ၏ အသေးစိတ်ကို မလိုအပ်ဘဲ အမြောက် အများ ထည့်သွင်း ပြောလေ့ ရှိကြသည်။
ထို့ကြောင့် လူတစ်ဦး တစ်ယောက်က သင့်အား လိမ်ညာစကား ပြောနေသည်ဟုတ် မဟုတ်ကို သိလိုပါလျှင် အကောင်းဆုံးမှာ ထိုသူပြောသည့် စကားများကို သေသေချာချာ အာရုံစိုက်၍ နားထောင်ပြီး သူ့၏ အမူအယာကို အသေးစိတ် အကဲခတ်ကြည့်ခြင်းဖြစ်သည်။ ထို့အခါ လိမ်ညာ ပြောသူ၏ အရှေ့အနောက် မညီညွတ်သည့် အကြောင်းများကို အလွယ်တစ်ကူ သိမြင်နားလည် နိုင်ပါလိမ့်မည်။ ဤတွင် လိမ်ညာသူမှ သူ့၏ စကားနှင့် ဟန်ပန် အမူအယာကို နားထောင်သူသည် အသေးစိတ် လေ့လာ အကဲခတ် ကြည့်ရှုနေပြီး လေးလေး နက်နက် စူးစိုက် နားထောင်နေသည်ကို သိလျှင် သူ့မှာ အနေအထိုင် ခက်လာပြီး စကားစကို ဖြတ်၍ အခြားစကား ပြောင်းပြောခြင်း သို့မဟုတ် စကားဖြတ်၍သာ ထွက်သွားခြင်း လုပ်ပါတော့မည်။