Thursday, February 10, 2011

သင်ကစပြီးပြောင်းလဲ့ ပါ။ ( Who will be the first to help ?)

                        “သင်ကစပြီပြောင်းလဲ့ ပါ”
တနေ့မှာ ဘုရင်တပါးက သူ့ အစေအပါးတွေကို ခေါ်ပြီး ရေကန်တစ်ခု တူးကြဖို့ အမိန့်တော်ချမှတ်တယ် ။

ရေကန်တူးပြီးပြီးချင်းနေ့မှာပဲ ဘုရင်က "တစ်ယောက်ကို နွားနို့တခွက်စီ ယူလာပြီး ဒီနေ့ည ဒီကန်ထဲကို ဖြည့်ထားကြရမယ်" လို့ အားလုံးကို ထပ်အမိန့်တော် ချမှတ်တယ် ။

အဲ့ဒီလို ဘုရင့်အမိန့်တော်ရတော့ အားလုံးက ကိုယ့်အိမ်ကိုယ်ပြန်ပြီး နွားနို့အတွက် ပြင်ဆင်ရတော့တာပေါ့ ။ အဲ့ဒီအချိန်မှာ တစ်ယောက်က ဒီလို စဉ်းစားတယ် .. "အင်း .. အားလုံးက နွားနို့တစ်ခွက်စီယူလာပြီး ဖြည့်ကြမှာပဲ ။ ငါ မယူသွားလို့လဲ ဘာမှမဖြစ်လောက်ပါဘူး ။ ညမှောင်မှောင်ထဲ ဘယ်သူမှလဲ မသိလောက် ပါဘူးလေ" ။ အဲ့လို တွေးပြီး သူက ရေတဖန်ခွက်ယူသွားပြီး ဖြည့်ထားလိုက်တယ် ။

နောက်တနေ့ မနက် ဘုရင်ကြွလာပြီး ကန်ကို စစ်ဆေးတော့ အံ့အားသင့်သွားတယ် ။ ကန်ထဲမှာ ရေတွေအပြည့်နဲ့ ။

လူတွေအားလုံးက တခြားတစ်ယောက်ရဲ့ အတွေးတွေလိုပဲ "ငါ မလုပ်လဲ လုပ်မဲ့သူရှိနေတာပဲလေ" ဆိုတဲ့ ထင်မြင်ယူဆချက်တွေနဲ့ ။

မိတ်ဆွေ .. မရှိဆင်းရဲ နွမ်းပါးသူတွေကို ကူညီဖို့ ဆောင်ရွက်ကြတဲ့အခါ "ငါ မလုပ်လဲ တခြားသူတွေ ရှိနေတာပဲ" လို့ ဘယ်တော့မှ လွယ်လွယ်ကူကူ မတွေးလိုက်ပါနဲ့ ။ အဲ့ဒီလို ထင်မြင်ယူဆချက်အစား သင်က စပြီး ဦးဆောင်လမ်းပြကူညီပါ ။ ပုံပြင်ထဲကလို ကိုယ်တွေးတဲ့အတိုင်း အားလုံးတွေးနေကြရင် လောကကောင်းကျိုးအတွက် ဘယ်သူမှ ဘာမှ အပြောင်းအလဲ လုပ်ဖြစ်တော့မှာ မဟုတ်လို့ပါ ။။



Cinderella
10th February, 2011

No comments:

Post a Comment