Thursday, February 10, 2011

လျှပ်စစ်ဝါယာရှော့ ခ် ကြောင့် သင်္ဃန်းကျွန်း တွင် အိမ် ၁၅ လုံးမီးသင့် 

 ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၄ ရပ် ကွက်အတွင်းရှိ နေအိမ်တစ်ခု၌ ဖေဖော်ဝါရီ ၈ ရက်က ဝါယာရှော့ခ် မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ် ၁၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၈ ရက် နေ့ မွန်းလွဲ ၂ နာရီခန့် အချိန်၌ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၄ ရပ်ကွက်၊ သီတာရေစင် လမ်းသွယ်ရှိ နှစ်ထပ်နေအိမ်၌ အပေါ်ထပ်တွင် လျှပ်စစ် ဝါယာ ကြိုးများပူးရာမှတစ်ဆင့် ဝါယာရှော့ခ်ဖြစ်ပွားကာ မီးလောင်မှု စတင် ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင် မှု ဖြစ်ပွားချိန်တွင် အိမ်ရှင်၏ သားဖြစ်သူ တစ်ဦးသာကျန်ရှိခဲ့ပြီး မီးလောင်မှု ပိုမိုကြီးထွားလာချိန်တွင် ပတ်ဝန်း ကျင်သို့ အော်ဟစ်အကူအညီ တောင်းခံခဲ့ကြောင်း၊ ပတ် ဝန်းကျင်ရှိ နေအိမ်များမှ အဆိုပါ မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်သော် လည်း မီးငြှိမ်းသတ်နိုင်ခြင်း မရှိသည့်အတွက် မီးသတ် ဦးစီးဌာနသို့ အကြောင်း ကြား ခဲ့ ကြောင်း အဆိုပါရပ်ကွက်ရှိ ရ.ယ.ကအဖွဲ့ဝင် တစ်ဦးက ပြောသည်။မီးသတ်ဦးစီးဌာနမှ ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၄၅ မိနစ်အချိန်၌ လုံးဝမီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နှစ်ထပ်တိုက် ၅ လုံး အပါအဝင် အိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့် ပြည်သူ ၁ဝ၂ ဦး ကျော် ရှိခဲ့ကြောင်း၊ ၄င်းတို့အား အဆိုပါ ရပ်ကွက် ရှိ ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထား
ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရ သည်။ မီးဘေးသင့်ပြည်သူတစ်ဦးက ”ဒီရပ်ကွက်မှာ နေလာတာ အနှစ် ၃ဝ ရှိပြီ။ မီးလောင်တာ တစ်ခါမှ မဖြစ်ဖူးဘူး။ အခု လောင်လည်းလောင်ရော ဘာပစ္စည်းမှကို သယ် ချိန်မရဘဲ လူလွတ်အောင် မနည်းပြေးလာရတယ်။ အစကတော့ ညှော်နံ့ပဲ ရနေတာ။ မီးလောင်မှန်း မသိဘူး။ မီးခိုးတွေနဲ့ မီးတောက်တွေ တက်လာမှပဲ မီး လောင် ပြီ ဆိုတာ သိရတယ်။ လေကလည်း တိုက်နေတော့ ဒီထက်ပိုမဆိုးအောင် ရပ်ကွက်ကလည်း ဝိုင်းပြီးငြှိမ်း လို့ တစ်လမ်းလုံးမကုန်တာ”ဟု ပြော သည်။အဆိုပါ မီး လောင် မှုနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းရဲစခန်းမှ အိမ်ရှင် ဒေါ်…..အား (ပ)၂၁/ ၂ဝ၁၁၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
PN-020, မျိုးဝင်းထက်

No comments:

Post a Comment