နှစ် ၁၀၀၀ အာမခံပေးမယ့် ဒေါ်လာ ၁၅၅,၀၀၀ တန် စိန် ဒေါက်မြင့်ဖိနပ် Eternal Diamond

ရွှေသားအတိဖြင့် ပြုလုပ်ထားသော Eternal Diamond ဒေါက်ဖြင့်ဖိနပ်တွင် စုစုပေါင်း ၃၀ ကာရက် ရှိသော အလွန်တောက်ပသည့် စိန်ပွင့်ပေါင်း ၂၂၀၀ ဖြင့် စီချယ်ထားပြီး House of Borgezie မှ အတော်ဆုံး ပန်းတိမ်ဆရာများ နှင့် ကျောက်မျက်ပညာရှင်များ ပူပေါင်းလုပ်ဆောင်သည့် အဖိုးတန် လက်မှုအနုပညာ ပစ္စည်းတစ်ခုလည်း ဖြစ်သည်။
၃ နှစ်ကျော် ကြာမြင့်သော Eternal Diamond ဖန်တီးမှု လုပ်ငန်းစဉ်သည် တစ်ကယ့်ကို တိကျ ခက်ခဲ့သော အလုပ်တစ်ခုဖြစ်ကာ Shellis အနေဖြင့် စိတ်စွဲလန်းမှု ကြီးကြီးဖြင့် ဖန်တီးခဲ့သည်ဟု သိရသည်။ “Eternal Diamond ကို အသက်ဝင် ရုပ်လုံးပေါ်လာဖို့ ဖန်တီးရာတာဟာ ရှိပြီးသား ဒေါက်မြင့်ဖိနပ် ဖန်တီးတဲ့ အခြေခံ နည်းလမ်းတွေကနေ သွေဖယ်ပြီး တစ်ကယ့်ကိုပဲ စစ်စစ်ပေါက်ပေါက် တီထွင် ဆန်းသစ်ရတာ ဖြစ်ပါတယ်။ အကျိုးရလဒ်ကတော့ ဒါဟာ ဖိနပ်တစ်ရံတင် မကပါဘူး.. အမျိုးသမီး တစ်ယောက်အတွက် အံ့အားသင့်ဖွယ် အဖိုးထိုက်အဖိုးတန် ကျောက်မျက်ရတနာ အဆင်တန်ဆာ တစ်ခုပါ” ဟု Shellis က ပြောကြားပါသည်။
နွေရာသီ ဆန်သောဖက်ရှင်ဖြစ်သည့် Eternal Diamond ဒေါက်ဖြင့်ဖိနပ်သည် ကော်ဇောနီ အခမ်းအနားများ၊ မင်္ဂလားအခမ်းအနားများ နှင့် ရွက်လှေပါတီများ စသော မင်းခန်းမင်းနား ပွဲတော်များအတွက် ပြီးပြည့်စုံသော အဆင်တန်ဆာ တစ်ခုဖြစ်ပြီး ရောင်းဈေး ပေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၅,၀၀၀) သတ်မှတ်ထားကာ နှစ် ၁၀၀၀ အာမခံချက် ပါဝင်မည်ဖြစ်ရာ ဘဝတစ်လျောက်လုံး အတွက် ဖက်ရှင်ဆိုင်ရာ ရင်းနှီးမြုတ်နှံမှု တစ်ခုဟု ဆိုကြသည်။
PatheinCity News
No comments:
Post a Comment