Saturday, February 5, 2011
ကွန်ပျူတာကို ညစ်ညမ်းကြည့် ရှု့ နိုင်မည့်  TV အဖြစ် ပြောင်းလဲ့ မည့်  USB တရုတ်အတွင်းခောတ်စား
  1. ကွန်ပျူတာကို ညစ်ညမ်း​​​ရုပ်ရှင်​ကြည့်​​နိုင်မည့်​ TV အဖြစ်​​​ပြောင်း​လဲ​​နိုင်မည့်​ USB ကိရိယာ တရုတ်တွင်​​​ခေတ်စား​ ၊
  2. နေ့စဉ်အမျိုးသမီးများ၏ရင်သားကိုဆယ်မိနစ်ခန့်ကြည့်ခြင်းသည် အမျိုးသားများ၏သက်တမ်းကို၅နှစ်ပိုရှည်စေနိုင် ၊ 
  3. Man seeks cop cover from sex-crazed wife
  4. အီတလီဝန်ကြီး​ချုပ်၏ လိင်ကိစ္စအရှုပ်​တော်ပုံများ​ မီယာများ​ကြား​ ​ရေပန်း​စား​ ၊
  5. ထောင်ဒဏ် ၁၄၄၀၀ နှစ် ၊
  6. ပြည့်​တန်ဆာအမျိုး​သမီး​အား​ အသ​ရေ​ဖျက်မှုဖြင့်​ ​ဒေး​ဗစ်​ဘက်ခမ်း​ တရား​​စွဲဆို ၊
  7. လိင်အင်္ဂါကြီး​ထွား​စေမည့်​ ကိရိယာ အလုပ်မဖြစ်သဖြင့်​ ​ရောင်း​ချသည့်​ကုမ္ပဏီအား​ က​နေဒါနိုင်ငံသား​ တရား​စွဲဆို ၊
  8.  အမျိုး​သမီး​လစဉ်သုံး​ အတွင်း​ခံတွင် မူး​ယစ်​ဆေး​ထည့်​သွင်း​သယ်​ဆောင်လာသူ အမျိုး​သမီး​ ​ထောင်ဒဏ်ချ​မှတ်ခံရ ၊
  9. လစဉ်ချိန်ခါ မကြောက်ရပါ အမျိုးသမီးများ အားထားရာ ၊
  10. လိင်အင်္ဂါ ဒဏ်ရာရမှု​အတွက် နယူး​ယောက်မြို့​​အကျဉ်း​ထောင်မှ အကျဉ်း​သား​က တာဝန်​ရှိသူများ​အား​ တရား​​စွဲဆိုဖွယ်ရှိ  ၊
  11. ဗြိတိန်အမျိုး​သမီး​​အများ​စု ​ချောကလ်ကို ကာမ​အရသာထက် ပိုမို​သ​ဘောကျ ၊
  12. ထိုင်း​နိုင်ငံတွင် ဗြိတိန်အမျိုး​သမီး​တစ်ဦး​ အုပ်စုဖွဲ့​မုဒိမ်း​ကျင့်​ခံရ  ၊
  13. ဆယ်​ကျော်သက်က​လေး​ အများ​အပြား​အား​ မုဒိမ်း​ကျင့်​ခဲ့​သည့်​ အင်ဒိုး​နီး​ရှား​မှ အရုပ်​ရောင်း​သူ  ၊
  14. လူနာနှင့်​ လိင်​ဆက်ဆံခဲ့​သည့်​ အ​မေရိကန် သူနာပြု​​ဆရာမ အား​ အလုပ်မှ​​ထုတ်ပယ်  ၊
  15. အမျိုးသမီး အနုပညာရှင် နှစ်ဦးနှင့် ၄င်း၏ ညစ်ညမ်းဗီဒီယိုဖိုင်များ ပျံ့နှံ့စေမှုနှင့် အင်ဒိုနီးရှား၏ နာမည်ကျော် အဆိုတော် Ariel ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံရ ၊
  16. Condom Fashion Show in China ၊
ကွန်ပျူတာကို ညစ်ညမ်း​​​ရုပ်ရှင်​ကြည့်​​နိုင်မည့်​ TV အဖြစ်​​​ပြောင်း​လဲ​​နိုင်မည့်​ USB ကိရိယာ တရုတ်တွင်​​​ခေတ်စား
alt
USB ကိုအသုံးပြုထားသည့် TV Channel ဖမ်းစနစ်တခု © dailymail
တရုတ်နိုင်ငံတွင် ​ခေတ်စား​နေ​သော USB ကိရိယာ​လေး​ တစ်ခုသည် ကွန်ပျူတာကို ညစ်ညမ်း​ရုပ်ရှင်များ​ ကြည့်​ရှုနိုင်မည့်​ TV အဖြစ် ​ပြောင်း​လဲ​ပေး​နိုင်​ကြောင်း​ သိရသည်။
အများ ​အား​ဖြင့်​ ရှန်ဟိုင်း​ရှိ IT ပစ္စည်း​များ​ အဓိက ​ရောင်း​ချရာ ကွီဂျန်လမ်း​မကြီး​ပေါ်တွင် တရား​မဝင် ​ရောင်း​ချ​နေ​သော USB Flash Drive​ လေး​များ​သည် အင်တာနက် ချိတ်ဆက်ထား​သော ကွန်ပျူတာတွင် တပ်ဆင်လိုက်ပါက ညစ်ညမ်း​ရုပ်ရှင် ထုတ်လွှင့်​သည့်​ TV Channel များ​ အပါအဝင် Channel​ ပေါင်း​ ၅၀၀၀ ​ကျော်ကို ချိတ်ဆက်​ပေး​နိုင်သည်။ ယင်း​ကိရိယာ​လေး​များ​ကို အရည်အ​သွေး​၊​ ကြည့်​ရှုနိုင်သည့်​ Channel အ​ရေအတွက်တို့​အလိုက် ယွမ်​ငွေ ၃၀ မှ ၁၈၀ ထိ ​ဈေး​နှုန်း​သတ်မှတ် ​ရောင်း​ချ​နေသည်။
အချို့ ​ကမူ ညစ်ညမ်း​ရုပ်ရှင် Channel များ​ သီး​သန့်​စုထား​သည့်​ အထူး​USB Flash Drive များ​ကို ​ရောင်း​ချ​ပေး​နေသည်။ ယင်း​တို့​မှာ ယွမ် ၂၀၀ မျှ တန်ဖိုး​ကျသင့်​ကြောင်း​ သိရသည်။ ယင်း​တို့​သည် တရား​မဝင် အဆင့်​မြှင့်​တင်ထား​သည့်​ WLAN ကတ်များ​ကို အသုံး​ပြုကာ အစိုး​ရက ပိတ်ပင်ထား​သည့်​ Channel များ​ကိုပါ ကြည့်​ရှုခွင့်​ရ​အောင် လုပ်​ဆောင်ထား​သည်။ ရှန်ဟိုင်း​ဒေး​လီး​ သတင်း​စာက ယွမ် ၁၀၀ တန် USB တစ်ခုကို ဝယ်ယူစမ်း​သပ်ပြီး​နောက် ယင်း​ဖြင့်​ ကမ္ဘာ​ပေါ်ရှိ သတင်း​ Channel အား​လုံး​ကိုပါ ကြည့်​ရှုနိုင်​ကြောင်း​ ​ရေး​သား​ဖော်ပြခဲ့​သည်။
ယင်း​ကိရိယာများ​ကို ​ဈေး​ကွက်အတွင်း​ မကြာ​သေး​မီ ရက်အနည်း​ငယ်က စတင်​ရောင်း​ချ​နေခြင်း​ဖြစ်​ကြောင်း​လည်း​ သတင်း​ရရှိသည်။
နေ့စဉ်အမျိုးသမီးများ၏ရင်သားကိုဆယ်မိနစ်ခန့်ကြည့်ခြင်းသည် အမျိုးသားများ၏သက်တမ်းကို၅နှစ်ပိုရှည်စေနိုင်
ဂျာမန်သုတေသီများ၏ New England Journal of Medicine တွင်တင်ပြချက်အရ အမျိုးသမီးများ၏ ရင်သားများကိုအမျိုးသားများနေ့စဉ်စိုက်ကြည့်ပေးပါက အသက်ရှည်စေကြောင်းသိရသည်။ ၁၀ မိနစ်စိုက်ကြည့်ပါက အားကစားရုံတွင် မိနစ်၃၀ ခန့်အားကစားလုပ်ခြင်းနှင့်ညီကြောင်း ဒေါက်တာ Karen Weatherby ကပြောကြားခဲ့သည်။ဤသို့ပေါက်ပေါက်ရှာရှာ စူးစမ်းမှုကို အသင်းဖွဲ့၍ ဒေါက်တာKaren Weatherby ကဦးဆောင်ခဲ့ခြင်းဖြစ်သည်။သူတို့ အဖွဲ့သည် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ ရှိ အမျိုးသား၂၀၀ နှင့်သုတေသနပြုခဲ့ခြင်းဖြစ်သည်။၎င်းတို့အထဲမှ တစ်ဝက်ကို နေ့စဉ်ကြည့်ခိုင်းပြီး တစ်ဝက်ကိုသေချာရှောင်ကြဉ်ခိုင်းထားပြီးလေ့လာခဲ့ကြသည်။ငါးနှစ်ကြာသောအခါ နေ့စဉ်သေချာစိုက်ကြည့်ခဲ့သော အမျိုးသားများသည် မကြည့်သူများထက် သိသာခြားနားစွာ သွေးဖိအားအတက်အကျရောဂါကင်းဝေးခြင်း၊သွေးခုန်နှုန်းမှန်ကန်ခြင်းနှင့် လေဖြတ်ခြင်း၊နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ်များ နည်းပါးသွားကြောင်းအတည်ပြုနိုင်ခဲ့သည်။
"ဒီလိုလိင်နဲ့ဆိုင်တဲ့ စိတ်လှုပ်ရှားမှုဟာ နှလုံးကို သွေးညှစ်ပေးမှုတိုးတက်ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကိုပါကောင်းစေတာ သံသယရှိစရာမရှိပါဘူး၊သေချာပါတယ် နောက်တစ်ချက်က ကြည့်တာချင်းတူတာတောင် ပိုကြီးတဲ့ရင်သားကို ကြည့်သူတွေကပိုအကျိုးထူးတာတွေ့ရပါတယ်။အသက်၄၀ကျော်တဲ့အမျိုးသားတွေဆိုရင်တော့ D-cup size နဲ့ သူ့အထက်တွေကိုကြည့်သင့်ပါတယ် "လို့ဒေါက်တာကပြောသွားပါတယ်။(သူပြောတဲ့ D-cup ဆိုက်က မြန်မာလို ၃၆ ခန့်ရှီတယ်လို့အတွေ့ကြုံမသေးသူ အယ်ဒီတာကိုကိုတစ်ယောက်က ပြောသွားကြောင်းပါ)
မိတ်ဆွေတစ်ယောက် ပေးပို့သော mail မှ ကူးယူပါသည်။
Man seeks cop cover from sex-crazed wife
ဘာအခုမှကြောက်ပါပြီလည်း....
ဂျာမနီနိုင်ငံတွင်နေထိုင်လျှက်
ရှိသည့် တူရကီအမျိုးသားတစ်ဦးဟာ ၎င်းနှင့် ၁၈ နှစ်ကြာပေါင်းသင်းလာခဲ့ 
သည့် ဇနီးဖြစ်သူ၏ မတင်းတိမ်မရောင့် ရဲနိုင်သည့် အချစ်ရမ္မက်အား သူမအလိုကျဖြည့် စွမ်းမပေးနိုင်တော့ 
သည့် အတွက် ထိုဇနီးဖြစ်သူထံမှ ကာကွယ်စောင့် ရှောက်ပေးရန် ရဲတပ်ဖွဲ့ ထံသွားရောက်၍ အကူအညီ
တောင်းခံခဲ့ ရပါတော့ တယ်...
ပိုင်းဒေသရှိ Waiblingen မြို့ ရဲတပ်ဖွဲ့ ထံသို့ သွားရောက်ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်...
  ဘာအခုမှကြောက်ပါပြီလည်း...
၎င်းအနေဖြင့် လွန်ခဲ့ သည့် လေးနှစ်လုံးလုံး အချစ်ကြီးသည့် ချစ်ဇနီးဖြစ်သူ၏မက်မပြေ အချစ်တွေပေးပါလေ
ဟု အကြိမ်ကြိမ်တောင်းဆိုမှုမှ လွတ်မြောက်နိုင်ရန် ဧည့် ခန်းထဲမှ ဆိုဖာပေါ်တွင် အိပ်စက်နေခဲ့ ရသည်ဟု
လည်း ရဲတပ်ဖွဲ့ ကိုပြောကြားခဲ့ ပါတယ်...
ထိုဇနီးဖြစ်သူနှင့် သားသမီးနှစ်ဦးရရှိအောင်ပေါင်းသင်းနေထိုင်ခဲ့ ပြီး ပင်ပန်းနွမ်းနယ်နေသည့် အမျိုးသားဖြစ်
သူဟာ ( ဇနီးဖြစ်သူနှင့် ) ကွာရှင်းပြီး ထိုအိမ်မှစွန့် ခွာရန်ဆုံးဖြတ်ခဲ့ ပါတယ်တို့ ဂျာမန်ရဲတပ်ဖွဲ့ ကဆိုပါတယ်..
" အထူးသဖြင့် သူ့ ရဲ့ အလုပ်ကို အိပ်ရေး၀၀အိပ်ပြီး ၊ လုံလုံလောက်လောက်အနားယူပြီးခွန်အားပြည့် လန်း
ဆန်းစွာရောက်ရှိနိုင်ဖို့ ထိုအမျိုးသမီးကို ကွာရှင်းပြီး အိမ်ကနေထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်..." လို့ 
ရဲတပ်ဖွဲ့ ကဆိုပါတယ်...
" လက်ရှိအခြေအနေအရ ၎င်းရဲ့ ဇနီးဖြစ်သူဟာ ( ရှောင်ပြေးအိပ်စက်နေရာ ) ဧည့် ခန်းကိုအမြဲလိုက်လာပြီး
ဇနီးမယားတစ်ယောက်အတွက် ခင်ပွန်းဖြစ်သူရဲ့ တာဝန်ကို ထမ်းဆောင်ပေးဖို့ ထပ်တလဲလဲတောင်းဆိုနေ
တာမို့ ၎င်းအနေဖြင့် ကောင်းမွန်စွာအိပ်စက်အနားရနိုင်ဖို့ မဖြစ်နိုင်ပါဘူး... ( ဒါကြောင့် ) သူက ညဘက်တွေ
မှာ အိပ်စက်နိုင်ဖို့ အခွင့် အရေးရနိုင်ရန်ကူညီဖို့  ရဲတပ်ဖွဲ့ ကို တောင်းပန်ခဲ့ တာဖြစ်ပါတယ်..." လို့ ရဲတပ်ဖွဲ့ 
ကဆက်လက်ပြောကြားခဲ့ ပါတယ်...
အီတလီဝန်ကြီး​ချုပ်၏ လိင်ကိစ္စအရှုပ်​တော်ပုံများ​ မီယာများ​ကြား​ ​ရေပန်း​စား
alt
ဆီဗီယို ဘာလူစကိုနီ​နှင့် အမျိုးသမီးငယ်တဦးအတူတကွတွေ့ရစဉ် © dailymail
အီတလီဝန်ကြီး ​ချုပ် ဆီဗီယို ဘာလူစကိုနီ၏ လိင်ကိစ္စ စွန့်​စား​ခန်း​များ​သည် အ​နောက်တိုင်း​ မီဒီယာများ​ကြား​ မကြာခဏ ​တွေ့​နေမြင်​နေရ​သော ကိစ္စတစ်ခု ဖြစ်လာခဲ့​သည်။
ယခုလည်း ​ ဝန်ကြီး​ချုပ်သည် ငယ်ရွယ်​ချော​မော​သော အမျိုး​သမီး​ ၁၄ ဦး​ကို မီလန်မြို့​ရှိ သီး​သန့်​ခြံကျယ်ကြီး​တစ်ခုတွင် ​မောင်း​မ​ဆောင်များ​ ​ဆောက်လုပ်ကာ ထား​ရှိ​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်လာခဲ့​သည်။ အီတလီ၏ နာမည်​ကျော် ဘီလျံနာ သူကြွယ်ကြီး​လည်း​ဖြစ်​သော ဘာလူစကိုနီသည် ယင်း​အမျိုး​သမီး​များ​ကို ​ခေတ်မီအိမ်ရာများ​တွင် အခမဲ့​ ​နေထိုင်ခွင့်​ ပြုထား​ပြီး​ ​ထောက်ပံ့​ကြေး​လည်း​ အလုံး​အရင်း​ပေး​ထား​ကြောင်း​၊​ သူမတို့​သည် ဝန်ကြီး​ချုပ်အား​ လိင်ဝန်​ဆောင်မှု​ပေး​ရန်မူ အချိန်မီ ပြန်လာရ​လေ့​ရှိ​ကြောင်း​ The Independent သတင်း​စာက ​ဖော်ပြခဲ့​သည်။ ယင်း​ခြံနှင့်​အတူ ​မြေ​အောက်ကား​ပါကင်၊​ အရက်ဘား​များ​၊​ စူပါမား​ကက်တစ်ခုနှင့်​ အခြား​သော အသုံး​အ​ဆောင်များ​ကိုလည်း​ အနီး​တွင် ​ဆောက်လုပ်​ပေး​ထား​ကြောင်း​ သိရသည်။
မော်ရိုကိုမှ ဗိုက်သား​လှုပ် က​ချေသည် တစ်ဦး​ဖြစ်သူ အသက် ၁၇ နှစ်အရွယ် ကာရီမာ အယ်မာ​ရောက်က သူမနှင့်​အတူ အခြား​သော မိန်း​က​လေး​များ​လည်း​ အဆိုပါ ​မောင်း​မ​ဆောင် ခြံကျယ်ကြီး​အတွင်း​ ​နေထိုင်​ကြောင်း​ ဖွင့်​စ​ပြောဆိုခဲ့​သည်။ သူမသည် ရဲများ​က ခိုး​မှုအတွက် မသင်္ကာသဖြင့်​ ယမန်နှစ်က အထိန်း​သိမ်း​ ခံရပြီး​နောက် ဘာလူစကိုနီ၏ စွန့်​ပစ်မှုကို ခံခဲ့​ရသည်။
အီတလီတွင် အသက် ၁၈ နှစ်​အောက် အရွယ်နှင့်​ လိင်ဆက်ဆံခြင်း​သည် မုဒိမ်း​မှု​မြောက်ပြီး​ ​ထောင်ဒဏ် ၃ နှစ်ထိ ကျခံရနိုင်သည်။ ဝန်ကြီး​ချုပ်၏ ကိုယ်စား​လှယ်ကမူ ကာရီမာ၏ စွပ်စွဲ​ပြောဆိုချက်များ​မှာ အ​ခြေအမြစ်မရှိ​ကြောင်း​ တုန့်​ပြန်​ပြောဆိုသွား​ခဲ့​သည်။
ထောင်ဒဏ် ၁၄၄၀၀ နှစ်
စိတ်မနှံ့သော ဖခင်တစ်ဦးသည် မိမိ၏ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကကို တစ်နှစ်နီးပါး နေ့
စဉ် အဓ္ဓမမှု ကျူးလွန်ခဲ့သဖြင့် ဖီလစ်ပိုင် နိုင်ငံ မနီလာ တစ်ရားရုံးက နှစ်ပေါင်း ၁၄၄၀၀ အထိ
ထောင်ဒဏ် ချမှတ်လိုက်သည်။ အဆိုပါ ဖခင်ဖြစ်သူမှ ဆိုက်ကား နင်း သည့် အလုပ်ကိုလုပ်ကိုင်
သူဖြစ်ပြီး လူမဆန်သော ပြစ်မှုကို သူ၏ ဇနီး ဟောင်ကောင်သို့ အလုပ်သွားလုပ်နေစဉ် တစ်နှစ်အ
တွင်း ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
တရားရုံးက မဒိန်းကျင့်သည့် အကြိမ် တစ်ကြိမ်လျင် နှစ်ပေါင်း ၄၀ နှုန်းဖြင့် စုစုပေါင်းပြစ်ဒဏ်ချမှတ်
လိုက်ခြင်း ဖြစ်သည်။ ထိုစဉ်က အသက် ၁၃ နှစ်ရှိပြီး ယခုအခါ အသက်၂၂ နှစ်ရှိပြီ ဖြစ်သော သူမ
၏ အခက်အခဲဆုံး ခုနှစ်မှာ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ကာလက ဖြစ်သည်။ ဟောင်ကောင်တွင် အိမ်
ဖေါ်အဖြစ် သွားရောက် လုပ်ကိုင် နေသော မိခင်ဖြစ်သူက သူမ၏ သားသမီး သုံးယောက်ကိုဖခင်
နှင့်အတူ မနီလာမြို့တောင်ပိုင်း Los Banous တွင် စိတ်ချ လက်ချ ထားခဲ့ခြင်း ဖြစ်သည်။
တရားလိုဖြစ်သူက ပြောကြား ခဲ့ရာတွင် သူမကို ဖခင်ဖြစ်သူက နေ့စဉ်နီးပါးမျှ မတရား ပြုကျင့်ခဲ့
ကြောင်းနှင့် သူမ၏ မိခင်ဖြစ်သူနှင့် ဆွေမျိုးများ အားလပ်ရက် ခရီးထွက်သည့် အချိန်ကျမှသာ အ
ခက်ခဲဆုံး ကာလများ အဆုံးသတ် ခဲ့ရကြောင်း နှင့် အားလပ်ရက် ခရီးစဉ် အပြီးတွင်မှ မိခင်ဖြစ်သူ
ကို သူမ ကြုံတွေ့နေရသမျှ ဖြစ်ကြောင်း ကုန်စင် ကို ဖွင့်ဟ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အဖြစ်အပျက်များကို မိခင်ဖြစ်သူက သိသိခြင်း အိမ်ပြန်လာပြီးနော် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး အမှုဖွင့် တိုင်ကြား စေခဲ့ခြင်း ဖြစ်သည်။ တရားရုံးတွင် ဖခင်ဖြစ်သူက ခုခံပြောဆိုရာတွင်သူ၏ မိန်းမ
သည် သက်သက် စွပ်စွဲခြင်းသာဖြစ်ပြီး ကလေးငယ်များ၏ ယုံကြည်မှုကို ရယူလိုခြင်းနှင့်နိုင်ငံခြား
သားကို လက်ထပ်လိုသော ဆန္ဒရှိခြင်းကြောင်း ဇာတ်ကွက်ဆင်ခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့
သည်။
ပြည့်​တန်ဆာအမျိုး​သမီး​အား​ အသ​ရေ​ဖျက်မှုဖြင့်​ ​ဒေး​ဗစ်​ဘက်ခမ်း​ တရား​​စွဲဆို
alt
ဒေး​ဗစ်ဘက်ခမ်း​နှင့် တရားစွဲခံရသူ​အမျိုးသမီး © dailymail
၎င်းအား ​ မဟုတ်တမ်း​​တရား​ လီဆယ်​စွပ်စွဲခဲ့​သည့်​ ကိစ္စအတွက် ပြည့်​တန်ဆာ အမျိုး​သမီး​​တစ်ဦး​အား​ တရား​​စွဲဆို​ထား​သည့်​ စာ ၅ မျက်နှာပါ ​လျှောက်လွှာ​ကို ​ဒေး​ဗစ်​ဘက်ခမ်း​​တစ်​ယောက် ကယ်လီဖိုး​နီး​ယား​ တရား​ရုံး​ တစ်ခုသို့​ တင်သွင်း​ထား​လိုက်ပြီ​ဖြစ်သည်။
နာမည်​ကျော် အင်္ဂလန် လက်​ရွေး​စင်​ဟောင်း​ ​ဘောလုံး​​သမား​သည် ၎င်းနှင့်​ အတူအိပ်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည့်​ အာမာနီဆီအား​ အသ​ရေဖျက်မှုနှင့်​ တရား​​စွဲမည်​ဖြစ်သည်။ နီစီသည် ဘက်ခမ်း​နှင့်​ နယူး​ယောက်ရှိ လီပါကာ မာရီဒီယန် ဟိုတယ်တွင် အတူ​အိပ်ခဲ့​ကြောင်း​ ​ပြောကြား​​ခဲ့​သည်။ ဘက်ခမ်း​ကမူ ထိုစဉ်က ၎င်း၏ ​လော့​စ်အိန်ဂျယ်လိစ် ဂလက်စီ အသင်း​ဖော်များ​နှင့်​သာ ဟိုတယ်တွင် အတူရှိခဲ့​ကြောင်း​ တုန့်​ပြန်ခဲ့​သည်။ ထို့​အပြင် နီစီက ဘက်ခမ်း​​တစ်​ယောက် ဖခင်၏ နှလုံး​​ရောဂါ အ​ခြေအ​နေ​အတွက် လန်ဒန်သို့​ သွား​ရောက်စဉ် ​နောက်​တစ်ကြိမ် ​တွေ့​ဆုံခဲ့​ကြောင်း​ ​ပြောဆိုမှုကိုလည်း​ ငြင်း​ဆန်ထား​သည်။
နီစီက ဘက်ခမ်း​သည် သူမနှင့်​ အတူ​အိပ်ရန်အတွက် ​ဒေါ်လာ တစ်​သောင်း​ ​ပေး​ခဲ့​သည်ဟု ​ပြောကြား​​ထား​သည်။ ယခုအခါ ဘက်ခမ်း​သည် နီစီအား​ တရား​စွဲပြီး​ နစ်နာ​ကြေး​​အဖြစ် ​ဒေါ်လာ ၂၅ သန်း​ ​တောင်း​ဆိုရန် ပြင်ဆင်​နေ​ကြောင်း​ သိရှိရသည်။
လိင်အင်္ဂါကြီး​ထွား​စေမည့်​ ကိရိယာ အလုပ်မဖြစ်သဖြင့်​ ​ရောင်း​ချသည့်​ကုမ္ပဏီအား​ က​နေဒါနိုင်ငံသား​ တရား​စွဲဆို
alt
လိင်​အင်္ဂါ​ကြီး​ထွား​စေမည့်​ ကိရိယာ​တစ်ခု​​ © dailymail
လိင်အင်္ဂါ ကြီး​ထွား​စေမည့်​ ကိရိယာတစ်ခု ဝယ်ယူပြီး​ ယင်း​မှာအလုပ်မဖြစ်​သော​ကြောင့်​ အဆိုပါပစ္စည်း​ ​ရောင်း​ချသည့်​ ကုမ္ပဏီတစ်ခုအား​ က​နေဒါ နိုင်ငံသား​ တစ်ဦး​က တရား​စွဲထား​ကြောင်း​ သိရသည်။
ချာလီဟုသာ အမည်​ဖော်ပြ​သော ကိုယ်ဟန်ပြ​မောင် တစ်ဦး​သည် X4 Extender Deluxe Edition ဆို​သော ကိရိယာကို HotGVibe ထံမှ ၂၀၀၉ ခုနှစ်တွင် ဝယ်ယူခဲ့​သည်။ ၎င်းသည် အဆိုပါ ကိရိယာကို အညွန်း​တွင် ပါရှိသည့်​အတိုင်း​ နာရီ ၅၀၀ ပြည့်​မြောက်သည်အထိ အသုံး​ချပြီး​သော်လည်း​ ထူး​မခြား​နား​ ဖြစ်​နေခြင်း​ကြောင့်​ ယခုလို တရား​စွဲခဲ့​ခြင်း​ဟု သိရသည်။ မိမိသည် ခန္ဓာကိုယ် အလှပြသူ တစ်ဦး​ဖြစ်​ကြောင်း​၊​ မိမိအ​နေနှင့်​ ယင်း​ကိရိယာအ​ပေါ် အား​ထား​မိ​သော်လည်း​ အချိန်ကုန်လူပမ်း​ ဖြစ်ခဲ့​သည့်​အတွက် စိတ်ပျက်​ကြောင်း​ ချာလီက ​ပြောဆိုခဲ့​သည်။
ချာလီသည် ပစ္စည်း​အား​ ဝယ်ယူခဲ့​သည့်​ တန်ဖိုး​ ၂၇၄ ​ဒေါ်လာ ပြန်လည်ရလိုမှု၊​ အချိန်ကုန် လူပမ်း​ခဲ့​သည့်​အတွက် ၅၂၃ ​ဒေါ်လာ ရလိုမှုများ​ဖြင့်​ တရား​စွဲထား​သည်။ ယင်း​ပစ္စည်း​ကို အသုံး​ပြုပါက အလွန်နာကျင်​ကြောင်း​လည်း​ ချာလီကဆိုသည်။ X4 Extender Deluxe Edition သည် အမှန်တကယ် ထိ​ရောက်အာနိသင်ရှိ​အောင် ​ခေတ်မီနည်း​စနစ်များ​ ထည့်​သွင်း​သုံး​စွဲထား​ကြောင်း​ ကုမ္ပဏီက ​ကြေညာ​ရောင်း​ချခဲ့​ခြင်း​ဖြစ်သည်။
အမျိုး​သမီး​လစဉ်သုံး​ အတွင်း​ခံတွင် မူး​ယစ်​ဆေး​ထည့်​သွင်း​သယ်​ဆောင်လာသူ အမျိုး​သမီး​ ​ထောင်ဒဏ်ချ​မှတ်ခံရ
alt
အမျိုး​သမီး​လစဉ်သုံး​ အတွင်း​ခံတခု © dailychilli
စင်္ကာပူတွင် အမျိုး​သမီး​ လစဉ်သုံး​ အတွင်း​ခံ Pad အတွင်း​ မူး​ယစ်​​ဆေး​ဝါး​များ​ ထည့်​သွင်း​သယ်​ဆောင်လာသူ အမျိုး​သမီး​ တစ်ဦး​မှာ ​ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း​ ခံလိုက်ရပြီ​ဖြစ်သည်။
အသက် ၂၂ နှစ်ရှိ အလုပ်လက်မဲ့​ အမျိုး​သမီး​ ဂျီဂန်သီ ဘာလက်ရစ်ရှာနန်သည် ပြီး​ခဲ့​သည့်​နှစ် စက်တင်ဘာ​လ ၈ ရက်​နေ့​က အဖမ်း​ခံခဲ့​ရခြင်း​ဖြစ်သည်။ သူမသည် Pad နှစ်ထပ်ကို ဝတ်ဆင်ကာ ည​သန်း​ခေါင်ကြီး​ Taxi တစ်စင်း​ဖြင့်​ မြို့​တွင်း​​ဝင်​ရောက်ရန် ကြိုး​ပမ်း​စဉ် အဖမ်း​ခံခဲ့​ရခြင်း​ဖြစ်သည်။ သူမသည် ၁၇.၁၉ ဂရမ် အ​လေး​ချိန်ရှိ​သော မီသမ်ဖီတမင်း​ မူး​ယစ်​ဆေး​ဝါး​ ၅ ထုပ်ကို လျှို့​ဝှက်​သယ်ယူလာ​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။
ဇန်နဝါရီလ ၁၈ ရက်​နေ့​က ​ထောင်ဒဏ်ချမှတ်ခံလိုက်ရသူ ဂျီဂန်သီက သူမ၏ မ​လေး​ရှား​လူမျိုး​ ခင်ပွန်း​သည်က ဂျိုဟာဘာရူတွင် ယင်း​ဆေး​ဝါး​များ​ကို Pad အတွင်း​ ထည့်​ပေး​လိုက်ပြီး​ ဝုဒ်လန်း​ စူပါမား​ကက် ဧရိယာတွင် Fish ဟု အမည်​​ပေး​ထား​သူ တစ်ဦး​အား​ သွား​ရောက်​ရှာ​ဖွေကာ ​ဒေါ်လာ ၄၀၀ နှင့်​ ​ရောင်း​ချရန် ညွှန်ကြား​​ခဲ့​ကြောင်း​ ဝန်ခံ​ခဲ့​သည်။ သူမသည် ပြစ်မှု​အတွက် အမြင့်​ဆုံး​ ​ထောင်ဒဏ် နှစ် ၃၀ ထိ ချမှတ်​ခံရနိုင်​ကြောင်း​လည်း​ သိရှိရသည်။
လစဉ်ချိန်ခါ မကြောက်ရပါ အမျိုးသမီးများ အားထားရာ
သူများတွေ စာတွေ ရေးနေတာ မြင်တော့ ကျွန်တော်လည်း ရေးချင်စိတ်ပေါ်လာလို့ ကျွန်တော်သိတဲ့ အကြောင်းလေးတစ်ခုလောက်ရေးချင်စိတ်ပေါ်လာမိတယ်.....တကယ်လို့ကျွန်တော်ရေးတဲ့စာက အားလုံးရဲ့ အမြင်မှာ
ရိုင်းတယ်လို့ထင်ရင်တော့ တောင်းပန်ပါတယ် ခင်ဗျာ ...
      ကျွန်တော်တို့ လူတွေမှာ ယောကျာ်းပဲ ဖြစ်ဖြစ် မိန်းမ ပဲ ဖြစ်ဖြစ်ပေါ့နော် အကြောင်းတိုက်ဆိုင်လို့ ကြုံတွေ့နေရတဲ့ ကိစ္စတော်တော် များများရှိပါတယ် ... ကျွန်တော် အခု ပြောပြချင်တာက မိန်းကလေး ကိစ္စပါ ..ဒါပေမယ့် ယောက်ျားလေးတွေလည်းပဲ သိထားသင့်ပါတယ် ..ယောက်ျားလေးဆိုတာ မိန်းကလေးထက်ကို ပိုပြီး နှာတစ်ဖျားသာနေသင့်တယ် မဟုတ်လား ( အဲလိုပဲ ကိုယ် ပြောချင်တာကို မထောက်ခံမှာ စိုးလို့ မြှောက် ရသေးတယ်လေ ) ..
      ကဲပြောတော့မယ်ဗျာ ..မိန်းကလေးတွေ လစဉ် ကြုံတွေ့နေရတဲ့ကိစ္စပေါ့ ( နားနဲ့မနာ ဖ၀ါးနဲ့ နာပါနော် ) ...မိန်းခလေး ( ၀ါ ) မိန်းမတွေဟာ အပျိုဖေါ်ဝင်စကနေ သွေးဆုံးတဲ့ အရွယ်ထိ လစဉ် မိန်းမ ကိစ္စ ( ဓမ္မတာ ) လာကြပါတယ် ..အဲဒီမှာ စတွေ့တော့တာပဲလေ ( ဘင်လာဒင်နဲ့ ချောစုခင် ) အာ ပြောရင်းနဲ့ ချော်ကုန်ပြီ ..မိန်းမတွေ ကိစ္စဖြစ်ရင် ဖြစ်ခါနီးရင် ဖြစ်နေတုန်းရယ် ဗိုက်အောင့်တတ်တာတွေ ကို ခံစားဖူးတဲ့သူတွေ သိကြသလို မြင်ဖူးတဲ့ အကိုတွေ မောင်တွေလည်း ရှိကြမှာပါ ...
      အဲဒါနဲ့ ပက်သက်လို့ ခေတ်မီဆေးဝါးတွေလည်းပေါ်လာကြပါတယ် ဥပမာ - ကေသီပန် ..
      ခက်တာက အဲဒီဆေးဝါးတွေက ဝေဒနာ ခံစားနေရတဲ့သူတွေကို ချက်ချင်း မပျောက်စေနိုင်ဘူး .. အားလုံးပဲ စဉ်းစားကြည့်ပေါ့နော် ဝေဒနာ တစ်ခု ခံစားနေရတယ်  အဲဒီဝေဒနာကို ချက်ချင်းပျောက်ချင်လား နှစ်ရက် သုံးရက်လောက်နေမှ ပျောက်ချင်လား ................?
      ကျွန်တော်ကတော့ ဆူးစူးရင်တောင် ချက်ချင်းနှုတ်လိုက်ရမှ ကျေနပ်တာလေ ...
      အဲဒါကြောင့် အမျိုးသမီးထုအတွက် ကျွန်တော် သိထားတဲ့ ဆေးနည်းလေးကို ပြောပြပါတော့မယ် မှတ်ထားချင်တဲ့သူတွေ စာရွက်ရှာဘောပင်ကိုင် .. ဒါမှမဟုတ် ဦးဏှောက်ကို အလုပ်ပေးထားပေးပါ ...
      အမျိုးသမီးများ  ဓမ္မတာ လာလို့ ဗိုက်အောင့်ရင် ............................
      ပျားရည်  -    စတီးဇွန်း   (  1 -  ဇွန်း  )
      ရှောက်ရည်  -  စတီးဇွန်း  (  1  - ဇွန်း  )
      ဆား   -     အနည်းငယ်
အသုံးပြုပုံ  -   သုံးမျိုးလုံးကို ရောမွှေ ၍ သောက်ပါ ၊ ပြီးလျှင် ရေနွေးပူပူတစ်ခွက်ခန့်ကို သောက်လိုက်ပါ ..                                        သင်တို့ဖြစ်နေတာတွေ            အားလုံး ပျောက်သွားပါပြီ ..
       (     ဖတ်ခဲ့ဖူးသော ဗဟုသုတလေးအား ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည် ... )
လိင်အင်္ဂါ ဒဏ်ရာရမှု​အတွက် နယူး​ယောက်မြို့​​အကျဉ်း​ထောင်မှ အကျဉ်း​သား​က တာဝန်​ရှိသူများ​အား​ တရား​​စွဲဆိုဖွယ်ရှိ
alt
သရုပ်ပြ ကြွက်တစ်ကောင် © dailymail
အ ​မေရိကန်နိုင်ငံ၊​ နယူး​ယောက်မြို့​ရှိ အကျဉ်း​ထောင်တစ်ခုတွင် ​ထောင်ဒဏ်ကျခံ​နေရသူ တစ်ဦး​သည် ၎င်း၏ လိင်အင်္ဂါကို ကြွက်ကဲ့​သို့​ သတ္တဝါတစ်​ကောင် ကိုက်ခဲသွား​မှု​ကြောင့်​ ခရိုင်တာဝန်ခံများ​ကို တရား​စွဲသွား​ဖွယ် ရှိ​နေ​ကြောင်း​ သိရသည်။ 
ထောင်သား ​ ပီတာဆိုလာမွန်သည် ယင်း​ကိစ္စနှင့်​ ပတ်သက်ပြီး​ တရား​ရုံး​တွင် ​လျှောက်လှဲခဲ့​ရာ ၎င်းအား​ ထား​ရှိသည့်​ အကျဉ်း​ခန်း​သည် ကြွက်နှင့်​ ရှဉ့်​များ​ပါ ​ရော​နှော​ရောက်ရှိ​နေ​ကြောင်း​ ပါဝင်သည်။ နက်​ဆောခရိုင် တရား​ရုံး​မှ အစိုး​ရ ​ရှေ့​နေများ​က အကျဉ်း​သား​တွင် ပြင်း​ထန်​သော ထိခိုက်ဒဏ်ရာရမှုမျိုး​ သက်​သေအ​ထောက်အထား​ မရှိဟု ​ပြောဆိုပြီး​ တရား​စွဲလာပါက အမှုကို ပလပ်​အောင် ​လျှောက်လှဲနိုင်မည်ဟု ယုံကြည်​နေသည်။
အကျဉ်း ​သား​ကို ​ဆေး​ဝါး​ကုသ​ပေး​ခဲ့​သူများ​ကလည်း​ ၎င်းသည် စိတ်​ဝေဒနာသည် တစ်ဦး​ဟု သံသယရှိ​ကြောင်း​ ​ပြောကြား​ထား​သည်။ အသက် ၅၀ ​ကျော်အရွယ် ဆိုလာမွန်ကမူ ခရိုင်အရာရှိများ​သည် အကျဉ်း​သား​ တစ်ဦး​အတွက် လုံ​လောက်​သော ကာကွယ်မှုမျိုး​ မပြုလုပ်​ပေး​ကြောင်း​ ​ပြောဆိုကာ တရား​စွဲမည်ဟု ခြိမ်း​ခြောက်ထား​သည်။
ဆိုလာမွန်က ၎င်း၏ လိင်အင်္ဂါကို ကြွက်၊​ သို့​မဟုတ် ​မြေကြွက်ကြီး​ တစ်​ကောင်က ကိုက်သွား​ကြောင်း​ ​ပြောဆိုခဲ့​သော်လည်း​ အ​သေး​စား​ ဒဏ်ရာမျှသာ ရှိ​နေပြီး​ ကိုက်ခဲဒဏ်ရာ မဟုတ်နိုင်ဟု ယူဆရ​ကြောင်း​ အစိုး​ရ​ရှေ့​နေတစ်ဦး​က ​ပြောကြား​သွား​သည်။
ဗြိတိန်အမျိုး​သမီး​​အများ​စု ​ချောကလ်ကို ကာမ​အရသာထက် ပိုမို​သ​ဘောကျ
alt
ချော့​ကလက်​ကြိုက်သူ​မိန်းမပျိုတဦး © dailymail
ဗြိတိသျှ အမျိုး​သမီး​ အများ​စုသည် ​ချော့​ကလက်ကို ကာမ​အရသာထက် နှစ်သက်သ​ဘောကျ​ကြောင်း​ ဝန်ခံ​​ပြောကြား​ခဲ့​သည်။ ဝိုင်အရက်၊​ အလှပြင်​ပစ္စည်း​များ​နှင့်​ လိင်ကိစ္စတို့​ထက် အချို​အရသာကို မိမိတို့​ ပိုမို​သ​ဘောကျ​ကြောင်း​ အမျိုး​သမီး​ အများ​စုက​ဆိုသည်။
ဗြိတိန်ရှိ အမျိုး​သမီး​ အများ​စုက တစ်​နေ့​လျင် ၃ ကြိမ်မျှ ​ချော့​ကလက် အချိုကို မှီဝဲ​​လေ့​ရှိ​ကြောင်း​ ဝန်ခံခဲ့​သည်။ အမျိုး​သမီး​ သုံး​ပုံ​တစ်ပုံခန့်​သည် ​ချော့​ကလက်​အ​ကြောင်း​ အဓိက စဉ်း​စား​လေ့​ရှိပြီး​ ၁၈ ရာခိုင်နှုန်း​သော အမျိုး​သမီး​များ​က လိင်​ကိစ္စကို အများ​​အား​ဖြင့်​ ​တွေး​တော​​​နေမိ​ကြောင်း​ ဖွင့်​ဟ​​ပြောဆို​ခဲ့​သည်။ အမျိုး​သား​များ​​အနက်မူ ၆၀ ရာခိုင်နှုန်း​က လိင်​အ​ကြောင်း​ အဓိက စဉ်း​စား​​လေ့​ရှိပြီး​ ၁၁ ရာခိုင်နှုန်း​ကသာ စိတ်ထဲတွင် ​ချော့​ကလက်ကို အဓိက ​နေရာ​ပေး​မိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။
ယခုစစ်တမ်း ​အတွက် အမျိုး​သမီး​ ၂၀၀၀ ​ကျော်၏ သ​ဘောထား​ကို အဓိက ​ကောက်ခံ​တောင်း​ယူ ပြုစုခဲ့​ကြောင်း​ Fibre Plus အစား​အ​သောက် ကုမ္ပဏီကဆိုသည်။ ကုမ္ပဏီ၏ ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​ ဆယ်လီထရိုက်က အမျိုး​သမီး​များ​သည် မိမိတို့​၏ ​ကျေနပ်နှစ်သိမ့်​မှုကို ​ချော့​ကလက်မှ အရသာခံ​လေ့​ရှိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ထို့​အပြင် အမျိုး​သမီး​များ​အတွက် ​ချော့​ကလက်သည် မည်သည့်​အခါမျှ စိတ်ပျက်ညည်း​ငွေ့​မှု မဖြစ်​စေ​ကြောင်း​လည်း​ ဆယ်လီက သုံး​သပ်​ပြောကြား​သွား​သည်။
ထိုင်း​နိုင်ငံတွင် ဗြိတိန်အမျိုး​သမီး​တစ်ဦး​ အုပ်စုဖွဲ့​မုဒိမ်း​ကျင့်​ခံရ
alt
ထိုင်း​နိုင်ငံ​နာမည်ကျော်အပန်းဖြေ​ကမ်းခြေ​တစ်ခု © dailymail
ထိုင်း ​နိုင်ငံသို့​ ​ရောက်ရှိစဉ် အမျိုး​သား​များ​က အုပ်စုဖွဲ့​ မုဒိမ်း​ကျင့်​ခံရသည်ဆို​သော ဗြိတိသျှ အမျိုး​သမီး​၏ မိခင်သည် ယင်း​မုဒိမ်း​သမား​များ​ ထပ်မံ​​ခေါ်ဆို​သော​ဖုန်း​ကြောင့်​ စိတ်ဆင်း​ရဲ​နေရ​ကြောင်း​ သိရသည်။
ထိုင်း ​နိုင်ငံရှိ ဟိုတယ်တစ်ခုတွင် ၂ နာရီကြာမျှ အုပ်စုဖွဲ့​ မုဒိမ်း​ကျင့်​ခံရ​သော အမျိုး​သမီး​၏ မိခင်ထံသို့​ အဆိုပါအဖွဲ့​က ဖုန်း​ဆက်ပြီး​ မိမိတို့​ထံ ​ငွေပို့​ပေး​ရန်နှင့်​ မဟုတ်ပါက သမီး​ဖြစ်သူအား​ မုဒိမ်း​ထပ်ကျင့်​မည်ဟု ​လှောင်​ပြောင်ခြိမ်း​ခြောက်ခဲ့​ကြောင်း​ သိရသည်။ အသက် ၂၃ နှစ်အရွယ် အမျိုး​သမီး​သည် ဆွီဒင်လူမျိုး​ တစ်ဦး​နှင့်​ ဖူး​ခက်ရှိ ပါတွန်ကမ်း​ခြေအနီး​ ဟိုတယ်တစ်ခုသို့​ အတူလိုက်သွား​စဉ် အခန်း​တွင်း​ အုပ်စုလိုက် ​စောင့်​နေ​သော ဆွီဒင်နှင့်​ ထိုင်း​လူမျိုး​များ​အား​ ရင်ဆိုင်ရခြင်း​ဖြစ်သည်။ 
စောင့် ​နေသူ ၅ ဦး​အနက် ၃ ဦး​သည် ထိုင်း​များ​ဖြစ်ပြီး​ ၂ ဦး​မှာ ဆွီဒင်များ​ဟု အဆိုပါ အမျိုး​သမီး​ကဆိုသည်။ ၎င်းတို့​သည် အမျိုး​သမီး​အား​ အုပ်စုဖွဲ့​ မုဒိမ်း​ကျင့်​ပြီး​နောက် မိခင်ဖြစ်သူ၏ ဖုန်း​နံပါတ်ကို ​တောင်း​ထား​ခြင်း​ဖြစ်သည်။ ရဲတပ်ဖွဲ့​က ယခုဖုန်း​ခေါ်မှုသည် တစ်ဖက်သား​အား​ စိတ်ညစ်​အောင် ရည်ရွယ်ချက် သတ်သတ်သာ ဖြစ်နိုင်ပြီး​ အတည်တကျ ​ငွေညှစ်ရန်မူ မဖြစ်နိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အမျိုး​သမီး​မှာ ယခုအခါ ဗြိတိန်တွင် ပြန်​ရောက်​နေပြီဖြစ်သည်။
ဖုန်း ​ခေါ်သူ တစ်ဦး​က အမျိုး​သမီး​၏ မိခင်အား​ အကယ်၍ သူမအ​နေနှင့်​ ​ငွေပို့​လျင်လည်း​ သူမ၏ သမီး​ကို ​နောက်တစ်ကြိမ် မုဒိမ်း​ကျင့်​မည်သာဖြစ်​ကြောင်း​ ​လှောင်​ပြောင်​ပြောဆိုသွား​ကြောင်း​ သိရသည်။
ဆယ်​ကျော်သက်က​လေး​ အများ​အပြား​အား​ မုဒိမ်း​ကျင့်​ခဲ့​သည့်​ အင်ဒိုး​နီး​ရှား​မှ အရုပ်​ရောင်း​သူ
alt
မုဒိမ်း​ကျင့်​ခဲ့​သည့်​ အင်ဒိုး​နီး​ရှား​မှ အရုပ်​ရောင်း​သူအား​မီဒီယာနှင့် တွေ့ဆုံပေးစဉ် © dailychilli
အင်ဒိုနီး ​ရှား​ နိုင်ငံတွင် ဆယ်​ကျော်သက် က​လေး​ငယ် ၉၆ ဦး​အား​ မုဒိမ်း​ကျင့်​ခဲ့​သည့်​ အရုပ်​ရောင်း​သူ တစ်ဦး​အား​ ရဲများ​က ဖမ်း​ဆီး​လိုက်​ကြောင်း​ သိရသည်။
အသက် ၃၄ နှစ်ရှီ အဆိုပါ အမျိုး​သား​အား​ ဂျာကာတာမြို့​တော်တွင် ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်က ဖမ်း​ဆီး​ရမိ​ကြောင်း​ ​ထောက်လှမ်း​ရေး​ဌာနမှ ​ရေး​နိုး​ဟူတာဂါလန်ကဆိုသည်။ ယင်း​၏ သား​ကောင်ဖြစ်ခဲ့​သော က​လေး​ငယ်တစ်ဦး​၏ မိဘများ​က က​လေး​ငယ် ​ပျောက်ဆုံး​မှု​ကြောင့်​ တိုင်ကြား​ပြီး​နောက် ရဲက မုဒိမ်း​သမား​အား​ ရှာ​ဖွေဖမ်း​ဆီး​နိုင်ခဲ့​ခြင်း​ဖြစ်သည်။ အရုပ်​ရောင်း​သမား​သည် က​လေး​ငယ်ကို ၄၅ ရက်ကြာမျှ ဖမ်း​ဆီး​ချုပ်​နှောင်ထား​စဉ် အ​တောအတွင်း​ အကြိမ်ကြိမ် မုဒိမ်း​ကျင့်​ခဲ့​သလို အခြား​သော အမျိုး​သား​ကြီး​များ​ကိုလည်း​ လိင်ပိုင်း​ဆိုင်ရာ ​ဖျော်​ဖြေမှုများ​ ပြုလုပ်ရန် အတင်း​စေခိုင်း​ခဲ့​ကြောင်း​ သိရသည်။
ရဲများ ​က ဖမ်း​ဆီး​ရမိထား​သော သံသယ တရား​ခံသည် ပြီး​ခဲ့​သော ၂ နှစ်အတွင်း​ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် က​လေး​ငယ် ၉၆ ဦး​ကို မုဒိမ်း​ကျင့်​ခဲ့​သည်ဟု ယုံကြည်ရ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ထိုမုဒိမ်း​သမား​သည် သား​ကောင်ဖြစ်ခဲ့​ရှာသူ က​လေး​ငယ်များ​အ​ကြောင်း​ အ​သေး​စိတ် စာရင်း​ပြုစုထား​ခဲ့​သည်ဟု ရဲများ​ကဆိုသည်။ ယင်း​အား​ တရား​ရုံး​တွင် မုဒိမ်း​မှုနှင့်​ စွဲချက်တင်မည်ဖြစ်ပြီး​ ပြစ်မှုထင်ရှား​ပါက ​ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်​ကြောင်း​ သတင်း​ရရှိသည်။
လူနာနှင့်​ လိင်​ဆက်ဆံခဲ့​သည့်​ အ​မေရိကန် သူနာပြု​​ဆရာမ အား​ အလုပ်မှ​​ထုတ်ပယ်
alt လူနာနှင့်​ လိင်ဆက်ဆံခဲ့​သည့်​ အ​ေမရိကန် သူနာြပုဆရာမ © dailychilli
အ ​မေရိကန်နိုင်ငံ၊​ ​ဆေး​ရုံတစ်ခုမှ သူနာပြုဆရာမ တစ်ဦး​အား​ လူနာနှင့်​ လိင်ဆက်ဆံ​ကြောင်း​ ​တွေ့​ရှိသဖြင့်​ အလုပ်ထုတ်လိုက်​ကြောင်း​ သိရသည်။ အသက် ၃၃ နှစ်ရှိ အမ်ဘာဗန်ဘရန့်​သည် ဩဂုတ်လအတွင်း​က
အိမ်​ထောင်သည် တစ်ဦး​ဖြစ်ပြီး​ အသည်း​အသန် နာမကျန်း​ဖြစ်​နေ​သော လူနာနှင့်​ လိင်ဆက်ဆံခဲ့​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည့်​အတွက် ယခုအခါ သူမ အနှစ် ၂၀ လုံး​လုံး​ လုပ်ကိုင်ခဲ့​သည့်​ သူနာပြုလုပ်ငန်း​ လိုင်စင်ကိုပါ သိမ်း​ယူလိုက်​ကြောင်း​ အိုကလာဟိုး​မား​ သူနာပြု ဘုတ်အဖွဲ့​က ​ကြေညာခဲ့​သည်။
အမ်ဘာသည် အိုကလာဟိုး​မား​ တရား​ရုံး​မှတဆင့်​ ဘုတ်အဖွဲ့​၏ တရား​လက်မဲ့​ ဆုံး​ဖြတ်ချက်အ​ပေါ် ပြန်လည်ရုတ်သိမ်း​ပေး​ရန် အ​ရေး​ဆိုထား​သည်။ ဘုတ်အဖွဲ့​က အမ်ဘာသည် အသက် ၄၃ နှစ်ရှိပြီး​ လူဂါရစ် ​ဝေဒနာ​ကြောင့်​ ဘီး​တပ်ကုလား​ထိုင်နှင့်​ သွား​လာ​နေရသူ အသက် ၄၃ နှစ်အရွယ် ခရစ်ရီတာနှင့်​ လိင်ပိုင်း​ဆိုင်ရာ ဆက်ဆံမှုများ​ ရှိခဲ့​ကြောင်း​ အ​ထောက်အထား​များ​ ရရှိထား​သည်ဟု ​ပြောဆိုသွား​သည်။ ရီတာက ပထမပိုင်း​တွင် ငြင်း​ဆိုခဲ့​သော်လည်း​ ​နောက်ပိုင်း​တွင်မူ အမ်ဘာသည် ၎င်းအား​ ​သွေး​ဆောင်ခဲ့​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ရီတာ၏ အသက် ၄၁ နှစ်ရှိ ဇနီး​သည် လစ်ဇီရီတာက ယင်း​အတွက် ဘုတ်အဖွဲ့​အား​ တိုင်ကြား​ခဲ့​ခြင်း​ဖြစ်သည်။
လူနာမှာ ၆ လမျှသာ အသက်ရှင်​တော့​မည်ဟု ဆရာဝန်များ​က ခန့်​မှန်း​ထား​ပြီး​ ယခုကိစ္စ​ကြောင့်​ ခင်ပွန်း​သည်မှာ မိမိကိုယ်ကိုယ် ​သေ​ကြောင်း​ကြံရန် ကြိုး​စား​ခဲ့​ကြောင်း​ လစ်ဇီကဆိုသည်။ ထိုကိစ္စသည် ​ကြောက်စရာ​ကောင်း​ပြီး​ သစ္စာ​ဖောက်မှုအဖြစ် ခံစား​ရ​ကြောင်း​လည်း​ လစ်ဇီက ​ပြောဆိုသွား​သည်။
အမျိုးသမီး အနုပညာရှင် နှစ်ဦးနှင့် ၄င်း၏ ညစ်ညမ်းဗီဒီယိုဖိုင်များ ပျံ့နှံ့စေမှုနှင့် အင်ဒိုနီးရှား၏ နာမည်ကျော် အဆိုတော် Ariel ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံရ
ဘန်ဒေါင်း ၊ ဇန်န၀ါရီ ၃၁
မနေ့က ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၊ ဘန်ဒေါင်းမြို့ တရားရုံးသည် အရှေ့တောင်အာရှ ဒေသ၏ အကျော်ကြားဆုံး ပေါ့ပ်အဆိုတော်များ ထဲမှ တစ်ဦးဖြစ်သော Nazril Ariel Irham ခေါ် Ariel ကို အမျိုးသမီး အနုပညာရှင် နှစ်ဦးနှင့် အိပ်စက်ခဲ့သော ဗီဒီယိုဖိုင် အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ခြင်းနှင့် ပတ်သက်၍ ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်လိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ ဗီဒီယိုဖိုင်သည် အင်တာနက်ပေါ်၌ လွန်ခဲ့သော ၂၀၁၀ ဇွန်လကတည်းက နိုင်ငံအနှံ့ ပျံ့နှံ့ခဲ့ခြင်း ဖြစ်ပြီး Ariel က ထိုသို့ ပျံ့နှံ့ခဲ့ရခြင်းသည် ၄င်းဖြန့်ခဲ့ခြင်း မဟုတ်ဟု ငြင်းဆိုခဲ့ပြီး ခိုးယူခြင်း ခံခဲ့ရသည်ဟု ဖြေရှင်းချက် ထုတ်ခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ အဆိုတော် Ariel သည် အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၀၈ ခုနှစ်တွင် ပြဌာန်းခဲ့သော တင်းကျပ်လှသည့် ညစ်ညမ်း စာပေ၊ ရုပ်ရှင်၊ ဓာတ်ပုံ ဆိုင်ရာ ဥပဒေသစ် အရ ပထမဆုံး အပြစ်ပေး အရေးယူခံရသော နာမည်ကျော် အနုပညာရှင် ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။
အသက် ၂၉ နှစ် ရှိပြီ ဖြစ်သော အဆိုတော် Ariel ၏ နာမည်ကျော် အမျိုးသမီး အနုပညာရှင် နှစ်ဦးနှင့် သီးခြားစီ လိင်ဆက်ဆံခြင်းကို မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင် သုံးဖိုင် ထွက်ပေါ် ပျံ့နှံ့ခဲ့ပြီး ၄င်းသည် အခြားသူများကို အဆိုပါ ညစ်ညမ်းဗီဒီယို ဖိုင်များ ဖြန့်ဝေ ထုတ်လုပ် နိုင်စေရန် အခွင့်အလမ်း ဖန်တီးပေးရာ ရောက်ခြင်းဖြင့် အပြစ်ရှိကြောင်း စီရင်ချက်တွင် ပါရှိခဲ့သည်။
“လူထုကြားထဲ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ သူ့ရဲ့ အမူအကျင့်ကို ပရိသတ်တွေ အတုခိုးလာနိုင်တယ် ဆိုတာ သူတွေးတော သတိထားမိခဲ့သင့်တာပေါ့။ အစကတည်းက သူဒါမျိုး မလုပ်သင့်သလို ဒါတွေ ကျယ်ပြန့်စွာ ပျံ့နှံ့နေတာကိုလည်း တားဆီးဖို့ မလုပ်ခဲ့ပါဘူး” ဟု အဆိုပါ အမှုကို စီရင်ချက် ချခဲ့သော တရားသူကြီး စင်ဂီဘူဒီပရာကိုဆို က BBC သို့ ပြောကြားခဲ့သည်။
အထက်ပါ ပြစ်မှုအတွက် ထောင်ဒဏ် ၃ နှစ်ခွဲ ကျခံစေရန် စီရင်ချက်ချပြီးပြီးချင်း Ariel သည် စကားပင်မပြောနိုင်လောက်အောင် ငိုင်ကျသွားခဲ့ပြီး တရားရုံး ခန်းမအတွင်း ရောက်ရှိနေကြသော စီရင်ချက်ကို လာရောက်ကြားနာကြသည့် သူ၏ ပရိသတ် ဆယ်ကျော်သက်လူငယ်များလည်း ငိုကြွေး ခဲ့ကြသည်။ (အမျိုးသမီး နှစ်ဦးကို အပြစ်ဒဏ် ချမှတ်ခြင်း ပြုမည် မပြုမည်ကိုတော့ သတင်းများတွင် သေချာစွာ မဖော်ပြသေးပါ)
အမှုတွင် ရှုံးနိမ့်ခဲ့သော အဆိုတော်၏ ရှေ့နေကတော့ ၄င်းအနေဖြင့် ပြစ်ဒဏ်ကို ဆက်လက် အယူခံဝင်သွားမည် ဖြစ်ပြီး လူထု (အဆိုတော်၏ ပရိသတ်များ ကိုသာ ဆိုလိုသည်) ၏ ဖိအားပေးမှုမှ တစ်ဆင့် တရားသူကြီးများ၏ စီရင်ချက်ကို ဝေဖန်သွားမည်ဟု ဥပဒေပြင်ပ ဆန်ဆန် စကားကို ဆိုသွားခဲ့သည်။
တရားရုံး အပြင်ဘက်တွင် ကန့်ကွက်သူများ ထောင်ချီ စုရုံးတည်ရှိ နေခဲ့ပြီး ပြင်းထန်လွန်းသော အပြစ်ဒဏ်အတွက် အော်ဟစ် ဆန္ဒပြမှုများပင် ရှိခဲ့လေသည်။
ဗီဒီယိုဖိုင်တွင် ပါဝင်ခဲ့သော ရည်းစား မော်ဒယ်လ် လျူနာ၏ လက်ကိုဆွဲ၍ တရားရုံးတက်ခဲ့သော Ariel
Ariel ကို ရုံးထုတ်လာစဉ်
အဆိုပါ ပြစ်မှုသည် အင်ဒိုနီးရှားနိုင်ငံ၏ တည်ဆဲ ဥပဒေအရ အများဆုံး ထောင်ဒဏ် ၁၂ နှစ်နှင့် ငွေဒဏ် အမေရိကန် ဒေါ်လာ ၆၀၀ ၀၀၀ (၄၀၃ ၀၀၀ ပေါင်) အထိ ပူးတွဲကျခံ စေနိုင်သည်အထိ ကြီးလေးသော ပြစ်မှု ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူအင်ဒိုနီးရှားရှိ သဘောထား တင်းမာသော မွတ်ဆလင် အုပ်စုတို့က ညစ်ညမ်းဆိုင်ရာ ကြည့်ရှုစရာများသည် “အမျိုးသားကိုယ်ကျင့်တရား ကျဆင်းလာမှု” ၏ အဓိကအကျဆုံး အကြောင်းအရာ ဖြစ်သည်ဟု အခိုင်အမာ ဝေဖန် ပြောဆိုနေကြပြီး ယခု အမှုသည် ထိုအရာကို သင်္ကေတပြုခြင်း ဖြစ်သည်ဟု တရားရင်ဆိုင်ခဲ့သော ကာလတလျောက် စောင့်ကြည့် ဝေဖန်ကန့်ကွက်ခဲ့ကြသည်။
အင်ဒိုနီးရှား အစိုးရသည် အမျိုးသား စာရိတ္တ ကျဆင်းမှု ဆိုင်ရာ ကိစ္စများ၌ အထူး သတိထား၍ တင်းကြပ်စွာ ကိုင်တွယ်လေ့ရှိသည်ကို တွေ့ရှိရလေသည်။ သာဓက အားဖြင့် Blackberry မိုဘိုင်းဖုန်းများကို ၄င်းတို့ နိုင်ငံ၌ ဖြန့်ချိခြင်းကို ဆက်လက် လုပ်ဆောင်မည် ဆိုပါက ထိုဖုန်းများ၏ အချင်းချင်း ညစ်ညမ်း ကြည့်စရာများ ဖလှယ်နိုင်ခြင်း Feature ကို ပယ်ဖျက်ပြီးမှ ဖြန့်ချိရမည်ဟု အင်ဒိုနီးရှား အစိုးရက တောင်းဆိုချက် ထုတ်ပြန်ခဲ့ခြင်းကို တွေ့ရှိရလေသည်။
ယခုအခါ အဆိုပါ အမှုသည် အင်ဒိုနီးရှားနိုင်ငံ၏ နက်ရှိုင်းကြံ့ခိုင်သော ယဉ်ကျေးမှုဆိုင်ရာ ပိုင်းဖြတ်မှု တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီဟု BBC ၏ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ ကော်လံစားသတင်းထောက်က ပြောဆိုသုံးသပ်ခဲ့သည်။
အင်ဒိုနီးရှားသည် နိုင်ငံအတွင်း အပြောဘာသာစကား ၂၅၀ ခန့် ရှိပြီး များပြား၍ မတူညီလှသော လူမျိုးစုများ ရာချီ၍ စုဝေးနေထိုင်ကြသော ဆက်ကျူလာစနစ် (Secularization) ကျင့်သုံးသည့် ကမ္ဘာ့ တတိယ လူဦးရေ အများဆုံး နိုင်ငံဖြစ်သော်လည်း ယနေ့ခေတ်၌ လွန်ခဲ့သော ဆယ်စုနှစ်နှင့် နှိုင်းစာလျှင် အတော်လေး ဒီမိုကရေစီ ဆန်လာသော နိုင်ငံတစ်ခု ဖြစ်သည်မှာ ချီးမွမ်းဖွယ်ရာ ဖြစ်လေသည်။
အစ္စလာမ်ဘာသာ ကိုးကွယ်သူ အများစုဖြစ်သော နိုင်ငံတစ်ခု ဖြစ်သည့် အားလျော်စွာ မွတ်ဆလင် နိုင်ငံရေး အင်အားစုများသည် အကျင့်ပျက် အဂတိလိုက်စားမှုများနှင့် စာရိတ္တ ပျက်ယွင်းမှုများကို တိုက်ဖျက်ရေး၌ ၄င်းတို့၏ ပါဝါ မည်မျှ စွမ်းဆောင်နိုင်မည်ကို စမ်းသပ်ဆောင်ရွက်နေကြသည်ကို လေ့လာတွေ့ရှိရပါသည်။
ကျွန်တော်တို့ နိုင်ငံ၌လည်း အဆိုပါ ညစ်ညမ်းပုံရိပ်များ ထွက်ပေါ်ခြင်းသည် မြန်မာ့ရုပ်ရှင် ခေတ်ဦးကတည်းက ရှိခဲ့သည်ဟု ကြားသိရပြီး မကြာသေးမီ နှစ်ပိုင်းများက စတင်၍ မင်းသမီး၊ အဆိုတော် မော်ဒယ်လ်၊ မော်ဒယ်လ် အချို့တို့၏ မဖွယ်မရာ အပြုအမူ ဆိုင်ရာ ဗီဒီယို ဖိုင်များ ထွက်ပေါ်ခဲ့သလို ယခုရက်ပိုင်းအတွင်း ၌လည်း တက်သစ်စ အဆိုတော် တစ်ဦး၏ ရှည်လျားလှသော ဗီဒီယိုဖိုင်တစ်ခုပါ ထွက်ပေါ်လာခဲ့ခြင်းမျိုးသည် မြန်မာ့လူ့ဘောင်နှင့် အနုပညာ လောကတို့အတွက် အရပ်နာ စေသည့် လုံးဝ မဖြစ်သင့်သော ကိစ္စမျိုးသာ ဖြစ်ပါသည်။
ဟီရိ သြတ္တပ္ပ ခေါ် အရှက်အကြောက် တရားတို့ကို အထူး အလေးထား စောင့်ထိန်းသော မြန်မာ့ယဉ်ကျေးမှုနှင့် အရှေ့တိုင်း၏ အလင်းရောင် ဗုဒ္ဓဘာသာ ထွန်းကားသော ကျွန်တော်တို့နိုင်ငံတွင် အင်ဒိုနီးရှားကဲ့သို့ပင် အဆိုပါ လူထုအပေါ် မခန့်လေးစား ပြုမူမှုမျိုး၊ လူငယ်များ အတုခိုး မှားစေသောလုပ်ရပ်များ ပြုလုပ်သူ မည်သည့် နိုင်ငံသားကိုမဆို မှတ်သားလောက်သော ထိုက်တန်သည့် အပြစ်ဒဏ်များ ချမှတ် အရေးယူနိုင်သော ဥပဒေများ ပြဌာန်းသင့်ပြီ ဖြစ်ပါကြောင်း mmDailyNews မှ စတုတ္ထမဏ္ဍိုင် ပီသစွာ တင်ပြအပ်ပါသည်။
No comments:
Post a Comment