Saturday, February 5, 2011

အိပ် မက်

ချစ်ခဲ့ဘူးတာ မဟုတ်ပေမယ့်
ဒီရင်ဘတ်က ခုန်ဘူးပါတယ်
လွမ်းခဲ့တာ မဟုတ်ပေမယ့်
သတိတော့ ရဘူးပါတယ်
နင့်အတွက်ပေါ့…..
အိမ်မက်ပေါ်က ခုန်ဆင်းသွားတဲ့
အချစ်တစ်ခု အတွက်လည်း
ရူးမိုက်စွာ သိမ်းဘူးပါတယ်
ပျောက်ဆုံးသွားမယ့် ကြိုးတစ်ချောင်းကိုလည်း
ငါတို့အတူ ထားဘူးပါတယ်
နောက်ဆုံးတော့လည်း
အိမ်မက်က လန့်နိုးလာတယ်
နင့်အတွက် နောက်ဆုံးမက်တဲ့
အိမ်မက်တစ်ခု ဖြစ်ခဲ့ပါပြီ

No comments:

Post a Comment