Saturday, February 19, 2011

ဒီနေ့ ခောတ်ရဲ့  ဆယ်ကျော်သက်တွေ

"ခုခေတ် ဆယ်ကျော်သက်လေးတွေ ဘာတွေမှန်းကိုမသိပါဘူး" လို့ စိတ်ပျက်လက်ပျက်ပုံစံနဲ့ ပြောတတ်တဲ့ စကားတွေ ကြားရတာ ဘယ်နှစ်ကြိမ်မှန်းတောင် ကျွန်မ မသိတော့ဘူး။

ဟိုတစ်ပတ်က ကျွန်မ သူငယ်ချင်း Jan နဲ့အတူ ဈေးဝယ်ပြီးပြန်အလာ လမ်းဘေးဝဲယာမှာ "Car Wash" ဆိုတဲ့ Signboard လေးတွေနဲ့ ၁၄၊ ၁၅နှစ် အရွယ် ကလေးတွေကို တွေ့လိုက်တယ်။ အင်း .. ကျွန်မ ကားလဲ တော်တော်ညစ်ပတ်နေတယ် ဆိုတော့ ကလေးတွေကို ကူညီရာရောက်ပါတယ်လေဆိုပြီး ကျွန်မ ကားရေဆေးဖို့ ဆုံးဖြတ်လိုက်တယ်။ အုပ်စုလိုက် ကားတွေ ရပ်နားဖို့ နေရာ ညွှန်ပြတဲ့သူ ညွှန်၊ ရေဆေး တဲ့သူက ဆေး၊ Dry-cleaning တိုက်သူတဲ့သူတိုက်နဲ့ တက်ညီလက်ညီအလုပ်လုပ်နေကြတဲ့ ကလေးတွေဟာ အားလုံးပေါင်းရင် အယောက် ၄၀ လောက်ရှိမယ်။ သူတို့ ဒါတွေလုပ်နေရခြင်းရည်ရွယ်ချက် ဘာများ ပါလိမ့် .. ဒါလုပ်ဖြစ်အောင် လှုံ့ဆော်ပေးနေတဲ့အရာ ဘာများလဲ ကျွန်မ သိချင်လာတယ်။

အားလုံးပြီးသွားတော့ ဒေါ်လာ(၂၀)ပေးရင်း မနေနိုင်လို့ မေးလိုက်မိတယ်။ ကလေးတစ်ယောက်က "ကျွန်တော်တို့ ကျောင်းက C.T.Schmitz ဆိုတဲ့ သူငယ်ချင်းတစ်ယောက် သိပ်မကြာခင်ကပဲ ကင်ဆာနဲ့ ဆုံးသွားပါတယ်။ သူဟာ အင်မတန်ခင်ဖို့ကောင်းပြီး သူများကို ကူညီတတ်တဲ့ သူတစ်ယောက်ပါ။ အခု သူ့သူငယ်ချင်း Kevin ရဲ့ စိတ်ကူးအတိုင်း ကျွန်တော်တို့ ကျောင်းဝင်းထဲမှာ သူ့ကို အမှတ်တရ ဂုဏ်ပြုတဲ့ အနေနဲ့ သစ်ပင်တစ်ပင်စိုက်ပျိုးကြမယ် ဆိုပြီး အတန်းသူအတန်းသားတွေ ပေါင်းပြီး ဒီအစီအစဉ်လေးကို စဖြစ်ပါတယ်။ တကယ်လို့ အခု ကျွန်တော်တို့ လုပ်အားနဲ့ လက်ခံရရှိတဲ့ Funding က ပိုခဲ့သေးရင် သူ့နာမည်နဲ့ အမှတ်တရ ကြေးပြားဆိုင်းဘုတ်လေး တစ်ခုလဲ အဲ့ဒီသစ်ပင်လေးနဲ့အတူ ထားမယ်လို့ ရည်ရွယ်ထားပါတယ် ... တဲ့ ။

သူက ကျွန်မကို ရှင်းပြပြီးတော့ ငွေလက်ခံဖြတ်ပိုင်းနဲ့အတူ home-made cookie လေး တစ်ထုပ်ပေးပါတယ်။ မုန့်ထုပ်ပေါ်မှာ စာတန်းလေး တစ်ခု။ ကျွန်မက Jan ကို ဖတ်ခိုင်းတော့ ..

" C.T အတွက် အမှတ်တရ ဂုဏ်ပြုသစ်ပင်စိုက်ပွဲမှာ ကူညီအားဖြည့်ပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ" တဲ့ ...

ကဲ .. အဲ့ဒါပဲလေ .. .. ခုခေတ် ဆယ်ကျော်သက်ကလေးတွေ ဘာတွေမှန်းကို မသိပါဘူး .. ဆိုတဲ့ ထင်မြင်ချက်တွေ အတွက် ...........
( Yeah ... I don't know what is with teenagers today !)

No comments:

Post a Comment