Thursday, February 3, 2011

မလေးရှားရောက် မြန်မာ အမျိုးသမီး ရက်စက်ခြင်းခံရ

ဤသတင်းလေးကို မလေးရှားနိုင်ငံထုတ် မျက်ရှင်ဂျာနယ်မှ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။ မြန်မာအမျိုးသမီးမိခင်သည် ကန်ဘူးဂျာဂါတွင်ရှိသောဒုက္ခသည်စခန်းတွင် မွေးကင်းစသမီးငယ်လေးကိုမွေဖွားပြီး မိနစ်အနည်းငယ်အတွင်းတွင်
ချွန်ထက်သောအရာတစ်ခုခုဖြင့် မသေမချင်းထိုးသတ်ခဲ့သည်ဟုယူဆကောက်ချက်ချရသည်။ ကနဦးစစ်ဆေးချက်အရမူခင်းရဲများက သမီးငယ်၏ကိုယ်ပေါ်တွင်
စူးရှဒဏ်ရာငါးချက်ကိုစစ်ဆေးတွေ့ရှိရသည်။
ရှအလမ်းခရိုင်၏ရဲမှူးဖြစ်သူ ACP Zagedi Ayob မှထုတ်ပေါ်ပြောကြားသည်မှာ ကလေးမိခင်ကိုအခင်းဖြစ်ပွားပြီး
သည့်အချိန်ညပိုင်း၁၂း၄၅တွင်
နေအိမ်မှာပင်ဖမ်းဆီးခဲ့သည်။ ကလေးအမေက ဘာလို့များဒီလိုမျိုး ရက်ရက်စက်စက်လုပ်ရက်တယ်ဆိုတာကို ကျွန်တော်တို့စုံစမ်းမူများ ပြုလုပ်နေဆဲဖြစ်သည်။
တကယ့်ကိုလူမဆန်တဲ့ဖြစ်ရပ်ပါပဲ။ တရားခံသည်(United Nation High Commission for Refugees (UNHCR) မှ ဒုက္ခသည်မှတ်ပုံတင်ကတ်ပြားကိုင်ဆောင်ထားသူဖြစ်ပြီး၊
သူမ၏မိခင်အပါအ၀င်ဆွေမျိုး၃ဦးနှင့် နေထိုင်လျက်ရှိသည်။ ထိုအမျိုးသမီးတွင်၃နှစ်အရွယ်သမီးငယ်တစ်ဦးရှိပြီး သူမ၏ခင်ပွန်းဖြစ်သူမှာလည်း
အန္တရယ်ဖြစ်စေသောလက်နက်များလက်ဝယ်ထားရှိမူဖြင့် အကျဉ်းကျလျှက်ရှိသည်ဟုစုံစမ်းသိရှိရပါသည်။
အိမ်နီးချင်းမြန်မာအမျိုးသားတစ်ဦးဖြစ်သော Mohamad Salim Nur Syuri  (၃၅နှစ်) ၏ ပြောပြချက်အရတရားခံသည် မိမိကိုယ်ဝန်ရှိနေကြောင်းကိုယခင်ကငြင်းဆိုခဲ့ကြောင်း၊
အစားအသောက်များကိုဆက်တိုက်စားသုံးမူကြောင့်ဗိုက်ပူလာခြင်းသာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်ဟုထွက်ဆိုခဲ့သည်။ ကျွန်တော်မနက်ကသူ့ကိုတွေ့သေးတယ်
သူ့ကိုကြည့်ရတာသံသယဖြစ်ဖို့ကောင်းတယ်။  ဒီသတင်းကိုကြားကြားခြင်းကျွန်တော်တော်တော်လန့်ပြီး၊အံ့ဩမိတယ်။
ရဲများကမူ အမူတွင် အသုံးပြုခဲ့သည်ဟု ယူဆရသောလက်နက်ကိုသိမ်းဆည်းရမိကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

4 comments:

  1. တော်တော်မိခင်စိတ်မရှိတာပဲ

    ReplyDelete
  2. မြန်မာအမျိုးသမီးတစ်ယောက်ဟာ ဒီလိုလုပ်ရပ်မျိုးမလုပ်သင့်ဘူးကွာ

    ReplyDelete
  3. ဟုတ်တယ်ဗျာ....့မြန်မာ အမျိုးသမီးပဲ့ မကဘူး..မိခင်တစ်ယောက်အနေနဲ့ တာတွေက မလုပ်သင့် ပါဘူး...

    ReplyDelete
  4. ဒါတွေကိုမြန်မာအမျိုးတွေဖတ်ဖြစ်ဖို့ကအရေးကြီးတယ်နော်....။

    ReplyDelete