Tuesday, February 8, 2011

ငါ နဲ့ မတက်ဆိုင်ခြင်းများ

"ငါနဲ့ မသက်ဆိုင်ခြင်းများ"


"ငါ"ဆိုတာ ...
အချစ်တွေကို မျှဝေခွင့်မရှိလို့
တိတ်တိတ်လေးပဲ ပြန်သိမ်းထားရတဲ့ ကောင်မလေး ။

"ငါ"ဆိုတာ ...
အလွမ်းတွေကို ပြောပြခွင့်မရှိလို့
ဘယ်သူမှမသိတဲ့ သောကတွေကို မနိုင်ဝန်ထမ်းထားတဲ့ ကောင်မလေး ။

"ငါ"ဆိုတာ ...
မျှော်လင့်ချက်အတုအယောင်တွေကို ယုံကြည်တတ်လို့
တနေ့နေ့မှာများဆိုတဲ့ အတွေးအိမ်ထဲ ပိတ်မိနေတဲ့ ကောင်မလေး ။

ဒီလိုနဲ့ ငါဟာ ...
ငါ့ကိုယ်ငါ ရှာမတွေ့တဲ့ နေ့စွဲတွေထဲမှာ
ဘာမှန်းမသိပဲ ကျေကျေနပ်နပ်သေမဲ့ ကောင်မလေး ။

Cinderella

No comments:

Post a Comment