သူယောင်မယ် လေလား | ![]() | ![]() | ![]() |
လွန်ခဲ့ သော ၁၀ နှစ် ခန့် က ဖြစ်သည်။ နိုင်ငံခြား သို့ ပထမဦး စွာ ရောက်ရှိ ခြင်း ဖြစ် သည်။ အများ သုံး တယ်လီဖုံး မှ တန်း စီပြီး ကိုယ့်အိမ် ကို တယ်လီဖုံးဆက်ရ သည်။ရောက်လျှင်ရောက် ခြင်း ဖုံးကဒ်ဝယ်ပြီး အိမ် ကို ဖုံး ဆက်ရန် သွားကြ သည်။ ပထမ ဦးစွာ ကျွန်တော့် အိမ် ကို ဆက်သည်။ အိမ်မှ တယ်လီဖုံးကိုင် လျှင် ကိုင်ချင်း၊ ဖုံး ကဒ်မှ ငွေကို အချိုးကျ အလိုအလျောက် နှုတ်သွား သည် ကို သတိထား မိ လိုက်သည်။ အိမ်နှင့်ပြောပြီး သော အခါ ကျွန်တော့် သူငယ်ချင်း ကို နေရာပေးပြီး ကျွန်တော့် သူငယ်ချင်း အလည့်….. သူသည် ကျွန်တော့်ဘက် လှည့်ပြီး ပြုံး ဖြီး ဖြီး လုပ် ကာ တယ်လီဖုံးကိုင် ရင်း " YES !!! YES !!!" " OK !!!! OK !!! " ဟုပြူး ပြူး ပျာ ပျာ ပြော နေ သည်။ ဖုံးကဒ်မှ ပိုက်ဆံလည်းတပြား မှမလျော့။ ကျွန်တော် က မင်း …ဘယ်သူနဲ့ ပြောနေတာလဲလို့ မေး သောအခါ မသိပါဘူး ကွာ ။ အိမ်ကို ဆက်တာ ဘယ်ရောက်သွားလဲ မသိဘူး ။ ကောင်မလေး တယောက်ကွ…ငါ့ ကို ပြောနေ လို့ ပြန်ပြော နေ ရ တယ်ကွ…..ဟဲ ဟဲ… ကျွန်တော်လည်း အတော်ကို အံ့ဩ ပြီး တယ်လီဖုံး ကို ပြန် ကိုင်… သူငယ်ချင်းရဲ့ နံပါတ်ကို ပြန် ခေါ် သော အခါ ကောင်မလေး အသံကြား ရ ပါ တယ် ။ ကောင်မလေး ပြောနေတာ ကတော့…. The number you have dialed is busy now,….. please try again later….. တဲ့ ။ (This is copy right by prince ocean.) Posted by Admin on Tuesday 04 March 2008 - 04:01:08 Copyright (C) 2008 Myanmar Online Encyclopedia.
Permission is granted to copy, distribute and/or modify this document
under the terms of the GNU Free Documentation License, Version 1.2
or any later version published by the Free Software Foundation;
with no Invariant Sections, no Front-Cover Texts, and no Back-Cover
Texts. A copy of the license is included in the section entitled "GNU
Free Documentation License". |
No comments:
Post a Comment