- အား မင်းဒဿ ရေးသားပါသည် ဧပြီ 6, 2011 at 8:35pm
အရင်က အမေ့ရင်ခွင်မှာခိုဝင်လို့ ပျော်ခဲ့ရတဲ့ နေ့ရက်တွေ ပြန်တွေးနေရင်း သားငိုမိနေတုန်းပဲအမေ ။ နယ်မြေခြားမှာ အမေ့ကိုစွန့်ခွါလို့ ဘ၀တစ်ခုတွက် နဖူးကချွေးခြေမကျ အောင် ပင်ပန်းနေခဲ့ပေမဲ့ ညအိပ်ရာဝင်တိုင်း အမေ့ကိုတမ်းတလို့ ရှိခိုး ရတဲ့အချိန်ဟာ သားတွက်ဘာနဲ့မတူတဲ့
အားအင်တွေ ပြန်ရခဲ့သလိုပဲ အမေရယ် ။ အလုပ်ကပြန်လာလို့ ၀မ်းပန်းတသာ အိမ်ကိုရောက်လို့ အမေလို့အော်ခေါ်ရင် ထွက်ကြိုတတ်တဲ့ အမေလည်း ရှိမနေတော့ တခါတလေသား အရမ်းဝမ်းနည်းမိတယ်၊ အမေနဲ့ဝေးလေ အမေနားမှာ မရှိခဲ့တဲ့အချိန်တွေကို သားအရမ်းနှမြောမိတယ်။
ဖြစ်နိုင်ရင် သားအဲ့ဒီအချိန်တွေကို ပြန်လိုချင်နေတယ်အမေရယ်။ သားလေ ခု စဉ်းစားနေတာ သားငယ်ငယ်တုန်းက အမေရိုက်လို့ ငိုခဲ့ရတယ် ။ အမေလုံးဝမချော့ခဲ့ဖူးနော်။အေ
သူများသားသမီးနဲ့ယှဉ် ရင် သားကို အောက်မကျအောင် မျက်နှာမငယ်အောင် နေပူထဲမှာ မိန်းမတန်မဲ့ ယောက်ျားသားတွေနဲ့ တန်းတူ ရှာဖွေကျွေးမွေးခဲ့တဲ့အမေ ။ လူလားမြောက်လာတော့လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိ
အမေ့မေတ္တာ အမေ့စေတနာတွေက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ဘူးအမေရယ် ။ အမေကို အရမ်းချစ်တယ် အမေရယ် ။ သားလေ ခုအမေဆုံးမသလို လူဝင်ဆန့်အောင်နေတယ် လိမ္မာယဉ်ကျေးအောင်နေတယ် ။ အမေ စိတ်ချပါ အမေပင်ပန်းခဲ့သမျှတွေချွေးသိပ်
နားခိုဖို့ သားတစ်လှည့် အမေ့တွက် အရိပ်တစ်ခု ဖြစ်ရပါစေမယ် အမေရယ် ။
( နယ်ခြားမြေခြား တိုင်းတစ်ပါးမှာ ချစ်ရဲ့ နဲ့ စွန့်ခွါ လို့ မိဘတွက် အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းများ နဲ ကျန်သော မိဘချစ်တတ်သောမည်သူမဆို ခံစားနိုင်သည် ။)
No comments:
Post a Comment