အသက်ရှုခြင်း | ![]() | ![]() | ![]() |
ငပွေး နဲ့တင်အောင် တို့နှစ်ယောက်ကို ရန်ကုန်က သူ့ဘကြီးလှမ်းခေါ်လို့ မြို့တက်ကြတာ။ ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့ လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီးရပ်ထားတာတွေ့တယ် ။ စက်ဖုံးကြီးလဲဖွင့်လို့ပေါ့။ ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။ "ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ" တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ... "အ ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာမောလို့ ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ" ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။ တစ်နေရာလည်း ရောက်ရော သူတို့စီးလာတဲ့ကားက ထိုးရပ်သွားတယ်။ "ခရီးသည်များအားလုံး ကျွန်တော်တို့ကားအင်ဂျင်ပူသွားလို့ ခဏနားပါမယ်။ အောက်ခဏဆင်းပြီးအပေါ့အပါးသွားနိုင်ပါတယ် " ဆိုတဲ့ စပါယ်ယာအော်သံထွက်လာတယ်။ ငပွေးနဲ့တင်အောင်လည်း အောက်ကိုဆင်းကြတာပေါ့။ အောက်လည်းရောက်ရော ငပွေးက တင်အောင်ကို မျက်စပစ်ပြပြီှးနှစ်ယောက်သားမျက်စိမျက်နှာပျက်သွားကြတယ်။ကားပေါ်ကိုခပ်ကုပ်ကုပ်လေး ပြန်တက်ထိုင်နေလိုက်ကြတယ်။တစ်ယောက်နဲ့တစ်ယောက်လည်း စကားတောင်မပြောနိုင်တော့ဘူး။ ရန်ကုန်ကားဂိတ်ရောက်တော့ သူတို့ဘကြီးက စောင့်နေနှင့်တာပေါ့။ "ငပွေးနဲ့တင်အောင် မင်းတို့ မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာ…. " ဘကြီးတောင်စကားမဆုံးသေးဘူး ... ဘကြီးလက်ကိုနှစ်ယောက်သားဆွဲပြီးပြေးလိုက်တာ အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့ ကားဂိတ်နဲ့ခပ်ဝေးဝေးလဲရောက်ရော … "ဘကြီးရာပြောမနေပါနဲ့တော့...သူများကားတွေ မောလို့အသက်ရှုတာ ပါးစပ်ဖွင့်ပြီးရှုပါတယ်... ကျွန်တော်တို့ကားကျမှ ဖင်လှန်ပြီးရှုရတယ်လို့ … ရှက်လွန်းလို့ ကားနားတောင်မနေရဲတော့ဘူး " တဲ့ …။ သက်ထွန်း Posted by Admin on Friday 04 April 2008 - 18:52:47 Copyright (C) 2008 Myanmar Online Encyclopedia.
Permission is granted to copy, distribute and/or modify this document
under the terms of the GNU Free Documentation License, Version 1.2
or any later version published by the Free Software Foundation;
with no Invariant Sections, no Front-Cover Texts, and no Back-Cover
Texts. A copy of the license is included in the section entitled "GNU
Free Documentation License". |
No comments:
Post a Comment