နာမ်ပုဒ် တို့ ၏ ရှေ့ မှ နေ၍ ၄င်း နာမ်ပုဒ် တို့ ၏ ရုဏ်အရည် အချင်းကို လည်းကောင်း ၊ အရေ အတွက်ကိုလည်းကောင်း ၊ အနည်း အများ ပမာဏကိုလည်းကောင်း ဖော်ပြသော ပုဒ် ကို နာမဝိသေသန ဟုခေါ်သည်။ မြန်မာ ဘာသာတွင် ( သော) ဆုံးသောပုဒ် ဖြစ်ကြသည်။
နာမဝိသေသန တို့ ကို နာမ်ပုဒ် ၏ ရှေ့ မှာ ထား၍ ရေးရ၏။ ၄င်း တို့ ကို ရှေ့ အခန်းတို့ တွင် လာမည် ဖြစ်သော '" ဖြစ်ရှိ" ကြိယာများနှင့်  ပေါင်း၍ လည်း နာမဝိသေသန ကြိယာအဖြစ် သုံးနိုင်သည်။
ကျက်မှတ်ရန် နာမဝိသေသနများ( ဥပမာများ)
A, An တစ်ခု သော
This ( the ) ဤ
That (the) ထို
These (the) ဤများ
Those (the ) ထိုများ
Good ကောင်းသော
Bad ဆိုးသော
Sad ဝမ်းနည်းသော
နာမဝိသေသန နှင့် နာမ်ပုဒ်တို့ ကို တွဲ၍ ရေးသောအခါ A, An, The, This, That, Those တို့ သည် ရှေ့  ဆိုးမှ နေ၍ ၄င်း နောက်မှ ကျန် သော နာမဝိသေသန ပုဒ်များနေ၏။ နောက်ဆုံးမှ သာလျှင် အထူး ပြုခံရသော နာမ် ပုဒ်ကို ထားရ၏။
ဥပမာ။
A old man အိုသောလူတစ်ယောက်
A fat man ဝသော လူတစ်ယောက်
An ugly woman ရုပ်ဆိုးသော မိန်းမကြီးတစ်ယောက်
Your clear dog သင် ၏ လိမ္မာသောခွေး
ဤနေရာ ၌ This, That, These, Those တို့ အစား The တစ်လုံး တည်းကို သုံးနိုင်သည်။ The ကို မသုံး ချင် ပါက This နှင့်  That ကို အနည်း ပြ ပုဒ် နှင့် တွဲ့ ၍ These နှင့်  Those တို့ ကို အများ ပြပုဒ် နှင့် တွဲ ကာသုံးရသည်။
ဥပမာ။
That/That boy ဤ/ ထိုလူကလေး
These/Those boys ဤ/ထိုလူကလေးများ
အကယ်၍ The တစ်လုံးတည်း နှင့် သုံးလိုလျှင်
The boy ဤ/ ထိုလူကလေး
The boys ဤ/ ထိုလူကလေးများ ဟူ၍ရေးသားလေ့ ရှိသည်။
No comments:
Post a Comment