Friday, April 1, 2011
ARTICLE A, AN, THE အာတီကယ်
၁။။။။A  နှင့်  AN  တို့ ကိုသုံးနည်း
တစ်ခု ၊ တစ်ကောင် ၊ တစ်ယေက် စသည် ဖြင့်  အဓိပါယ် ရသော မတိကျ   မရေရာ သော Indefinite Article ခေါ်  A နှင့် An တို့ ကို အမျိုးစား တူ  အများထဲမှ   တစ်ခုကို ပထမဆုံးအကြိမ်၊  သာမန်ပြောဆိုလိုသောအခါ၌  ရေတွက် ရသောနာမ် ဧကဝုစ်ကိန်း ၏ ရှေ့ မှ ရေးရသည်။   A ကို ဗျည်း အသံနှင့် တွဲ၍ ရေးရပြီး   An ကိုမူ  သရသံများနှင့်  တွဲ၍ ရေးရသည်။
ဥပမာ။
A book                       စာအုပ်တစ်အုပ်
A man                        လူတစ်ယောက်
An orange                  လိမ္မော်သီးတစ်လုံး
An elephant                ဆင်တစ်ကောင်
ကျနော်တို့ မှတ်ထားရန်မှာ အချက် ၁။  ။  ရေတွက်မရသော နာမ်များ၏ ရှေ့ မှ A နှင့် AN  ကိုလုံးဝမသုံးရပါ။
ဥပမာ။   A water ဆိုတာမျိုး လုံးဝမရေးသင့် ပါ။
မှတ်ထားရန် အချက် ၂။   ။  အရာဝတ္ထု၊ ပစ္စည်း ၊လူ၊ တိရစ္ဆာန်တို့ ၏ အမျိုးအစား တစ်ခုလုံးကို ခြုံ ၍ ယေဘုယျ  ပြောဆို တင်ပြလို သော အခါတွင်  A ကို သုံးကြသေးသည်။  သို့ ရာတွင် ၄င်း A  မှာ တစ်ခု၊ တစ်ကေင်၊ တစ်ယောက် ကို ဆိုလို ရင်းမဟုတ်ပေ။  အားလုံးကို ခြုံ ၍ ဆိုလိုရင်း ဖြစ်သည်။
ဥပမာ----1
A cow has horns =   (  All cows have horns)
အထက်ပါ ဥပမာတွင်  နွားတစ်ကောင်တွင် ဦးချိုရှိသည် ဟူ၍ သဘော မဟုတ်ပဲ့  နွားအားလုံး
ဆိုလိုခြင်းဖြစ်သည်။
ဥပမာ---၂
A child needs love.  =  All children need love (or) Any child needs love.
အထက်ပါ ဥပမာ မှာ ပြာထားတဲ့ တိုင်းပေါ့ နော် ကလေးတစ်ယောက်တည်း မေတ္တာ လိုဒါမဟုတ်ပါဘူး။  ကလေးအားလုံး မေတ္တာလိုတယ်လို့ ဆိုလိုခြင်းပဲ့ ဖြစ်ပါတယ်။
သတိပြုရန်။။။။။။။
ဒီ အာတီကယ်ဟာ လွယ် မလိုလို နဲ့  အရမ်း ၇ှုပ်ပါတယ်။ ကျနော်ကိုယ် တိုင် မကြာခဏ confused ဖြစ်တက်ပါတယ်။ ဘာကြောင့် လဲ့ ဆိုတော့  A, An ဆိုတာ မြန်မာလို    တစ်ယောက်၊ တစ်ကောင်၊ တစ်ခု လို့   အဓိပါယ် ရှိတဲ့ အတိုင်း General  အတွက်မသုံးပဲ့   Specific အသေးစိတ် တစ်ခုလို အသုံးပြုမိပါတယ်။  အဲဒါမှားပါတယ်။
                                                   ၂။ ။The သုံပုံသုံးနည်း
                          Definite Article ခေါ် တိကျသော အာတီကယ်  ကို ရှေ့ ဝါကျ တွင် ပထမ တစ်ကြိမ် ရေးပြီး ၊ ပြောပြီးသော (သို့ မဟုတ်) Phrase ( ပုဒ်စု) ၊  Clause ဝါကျ ကဏ္က များဖြင့်  တိကျစွာ ပိုင်းခြားထားသော နာမ် များ ( သို့ မဟုတ်) မူလကပင် တစ်ခု တည်း ရှိသော နာမ် ပုဒ်များ ၏ ရှေ့ တွင် ထားရေးရ သည်။  The ကို ဤ ၊ ထို ၊ ဤများ ၊ ထို များ  ဟူသော အဓိပါယ် နှင့့်လည်း သုံးနိုင်လေသည်။
ဥပမာ။ ၁
         This morning i saw a girl.  = ဒီမနက်က ကျနော်  ကောင်မလေးတစ်ယောက်ကို မြင်ခဲ့ သည်။ 
The girl was walking slowly.  = ကောင်မလေးက နှေးကွေးစွာ  လမ်းလျှောက်နေခဲ့ သည။်
အထက်ပါ ဝါကျ ၌ ပထမ ရှေ့ ဝါကျ မှ ရေး ထားခဲ့ သော Man ကို နောက်ဝါကျ ၌ ထပ် ၍ ရေးလိုသောအခါ The man ရှေ့ ဝါကျ၌ သိပြီးသော  လူဟူ ၍ ရေး ရသည်။
ဥပမာ။ ၂  
             The book that i bought = ကျနော် ဝယ်ခဲ့ သောစာအုပ်
              The boy on the horse   = မြင်းပေါ်က ကောင်လေး
I have been looking a girlfriend for  three months. Unfortunately, I don't get the girl that i wanted. = ကျနော်ရည်းစားရှာနေတာ သုံးလရှိနေပြီ။ ကံဆိုးရှာတော့  ကျနော့် စိတ်ကြိုက်ကောင်မလေးကိုရှာမတွေ့ ဘူး။
အထက်ပါ ဖောပြရာ ဥပမာ များ တွင် ကျနော် ဝယ်ခဲ့ သောစာအုပ် ဟူသော Clause ဖြင့် တိကျစွာ ပိုင်းခြား ထားသော စာအုပ် ၊ ကောင်လေးရှေ့ တွင် phrase ဖြင့်  အထူးပြု ထားသော The ကို ရှေ့ မှ ထား၍ ရေးရကြောင်း တွေ့ ရသည်။
သတိပြု မှတ်သားရန်မှာ ၃
                              The moon   = လ
                               The sun     = နေ
              ကမ္ဘာပေါ်တွင် တစ်ခုတည်း ရှိသော နေ၊ လ စသည် တို့ ရှေ့ တွင် The ကိုရေးပေးရသည်။
ထို့ အပြင် မူလကတည်းက တစ်ခုတည်းနှင့် ဆိုင်သဖြင့်  သတင်းစာများ၏ အမည် များ၊ ပြည်ထောင်စု တိုင်းပြည် အချို့  တို့ ၏ အမည်များ  ၊ ပင်လယ်၊ မြစ်၊ ချောင်း၊ တောင်တန်း များ ထင်ရှားသော အဆောက်အအုံ များ စသည်တို့ ၏ရှေ့ တွင်လည်း The ကို ထည့် ရေးပေးရ၏။
နောက်တစ် အသုံးပုံမှာ။ ၎
                       အတော်ဆုံး ၊ အဖျင်းဆုံး၊ အကောင်းဆုံး စသော အမြတ် စား နာမဝိသေသန ခေါ် Superlative Adjective  များ“ ရှေ့  မှ လည်း The ကို အသုံးပြုရေးရသည်။
ဥပမာ။
 The highest mountain = အမြင့် ဆုံးတောင်
 The best boy              = အတော်ဆုံး ကောင်လေး
 သုံးပုံသုံးနည်း ။။၅
လူတန်း စား အလွှာတစ်ခုကို ကိုယ်စားပြု ဖော်ပြလိုလျှင် လည်း နာမဝိသေသန ကို The နှင့် တွဲ့ ၍ သုံးရသည်။
ဥပမာ။။။ The old = old people  = အသက်ကြီးသောလူများ
The poor  =  poor people  ဆင်းရဲ့ သောသူများ
သုံးပုံသုံးနည်း ။။။ ၆
တိရစ္ဆာန်နှင့်  အရာ ဝတ္ထု ပစ္စည်း များ ၏ အတန်းအစား တစ်ခုလုံး ကို ကိုယ်စားပြု လိုသောအခါ တွင်လည်း  Singular noun ခေါ် ဧကဝုဒ် ကိုန်း၏ ရှေ့ တွင် The နှင့်  ရေး၍ ဖော်ပြကြပြန်သည်။
ဥပမာ။။
 ၁။     The cow is a useful animal. = Cows are useful animals.
     နွားဆို တာ အသုံးဝင်တဲ့ သတ္တဝါဖြစ်တယ်။
၂။      The ant is industrious = ပုရွက်ဆိတ်ဆိုတာ (ပုရွက်ဆိတ်အားလုံး) ဇွဲကောင်းကြတာချည်းပဲ ။
သတိပြုရန် ။ ။  Man နှင့် Woman တို့ ကို ခြုံ၍ အတန်းအစား တစ်ခု လုံးကို ကိုယ်စားပြုပြီး ပြောလိုသောအခါ တွင် မူ  အာတီကယ် မထည့် ရတော့ ပေ။
Woman is man's mate.= အမျိုးသမီးသည် အမျိုးသား ၏ အပေါင်း အဖော် ဖြစ်သည်။
သုံးပုံသုံးနည်း ၆။  ။
လတစ်လ ၏ ရက်စွဲ ကို တိကျစွာ ဖော်ပြသော အခါ ( အတိုကောက်ရေးခြင်းမဟုတ်)  ရက်စွဲ ၏ ရှေ့ မှ The ထည့် ရေးရ၏။
ဥပမာ။  ။  We came on the 10th of May.= ကျနော်မေလ ဆယ်ရက်နေ့ က လာခဲ့ ပါတယ်။
သုံးပုံသုံးနည်း ၇ ။ ။
နှိုင်း ယှဉ် မှုပြ  အလတ်စား နာမဝိသေသန များ comperatives နှင့် အတူ The ကို တွဲ၍ ကြိယာဝိသေ သန Averb ကဲ့ သို့ လည်း သုံးနိုင်ကြောင်းတွေ့ ရသည်။
သတိပြုရန် ။ ။  A, နဲ့ An ကို ဘယ်တော့ မှ ရေတွက်မရ နာမ် နဲ့ တွဲ မသုံးပါနဲ့ ။
ဥပမာ။  ။
The higher the sun, the hotter the day. =  နေမြင့် လေ ပိုပူလာလေပဲ။
Bonus
Phrase and clause
Phrase : A group of words which makes sense, but not complete sense.
ပုဒ်စု တစ်စု သည် ပြည့် စုံသော အဓိပါယ် ကိုမဖော်ပြဘဲ၊ အဓိပါယ် တစ်ပိုင်းတစ် စ ကိုသာ ပြုလုပ်နိုင်ပါက phrase လို့ ခေါ်သည်။
အာတီကယ်နဲ့ Phrase နဲ့ တွဲသုံးလို့ ရပါတယ်။
ဥပမာအားဖြင့် ပေါနော်.ဘယ်လိုတွဲပါတက်လဲ့ ဆိုတော့ ။။။။။ဦးတည်ရာတစ်ခုခု ကိုပြောတဲ့ အခါ မှာ။။။
to go to the store, to go to the post office, to go to the bank, but to go to school, to go to church, to go to bed and to go home.လို့ သုံးရပါတယ်။
တည်နေရာနဲ့ ပတ်သတ်ပြီးသုံးမယ်ဆိုရင်။။။။။။။
at home, in bed, in school, in college, but in the hospital.
နေ့ တစ်နေ့ ရဲ့ အချိန် အစိတ်အပိုင်းကိုဖော်ပြရာတွင်။။။
in the morning,, in the evening, but at night.
အိမ်မှုဝေရာဝစ္စတွေကိုသုံးရာတွင်။။။။။
to do the dishes, to do the gardening, to do the cleaning.လို့ သုံးရတာကိုလည်းတွေ့ ရပါသည်။
အစာစားချိန်များကိုသုံးရတွင်မူ။။။။
at breakfast, after dinner, for lunch. လို့ သုံးရသည်ကိုတွေ့ ရသည်။
Clause : A group of words which forms part of a sentence and contains a subject a predicate.
ဝါကျ တစ်ကြောင်း ၏ အစိတ် အပိုင်းတစ်ခု အဖြစ် ဖွဲစည်း ထား သော ပုဒ်စု တစ်စု ကို Clause ဟုခေါ်သည်။ ၄င်း တွင် ကတ္တား ပုဒ် နှင့်  ကြိယာ ပုဒ် ( ကြိယာ ဝိသေသန ပုဒ်များ) ပါရှိသည်။
Clause cannot stand by itself and make good sense. It depends on another sentence for its full meaning. Clause သည် သီးသန့်  ၄င်းကိုယ်တိုင် ရပ်တည် ၍ မရပေ။ ပြည့် စုံသော အဓိပါယ် ကိုလည်း မဖော်ပြ နိုင်ချေ။ အဓိပါယ် ပြည့် ဝစေရန် အတွက် အခြား သော ဝါကျ အပေါ် တွင် မှီခို နေရ၏။
No comments:
Post a Comment