Wednesday, May 11, 2011

Relative Pronouns ( ဆက်စပ် နာမ်စားများ)

                          Relative Pronouns တို့ မှာ Who, Whom, Which, Whose နှင့် That တို့ ဖြစ်ကြသည်။ ၄င်းတို့ သည် ဝါကျစကား နှစ်ရပ် တို့ ကို ဆက်စပ် ပေး ခြင်းနှင့်  နာမ်စား၏ အလုပ်တို့ ကို ပြုလုပ်ကြ သည်။
                 အထက်ပါဆက်စပ်နာမ်စားများနှင့်   ၄င်း တို့ နောက်ရှိ ဝါကျ ကဏ္ဍ တစ်ခု လုံး ကို ဘာသာ ပြန်သော အခါ " သော" ဟူ၍ ဘာသာ ပြန်ရ၏။   ထို့ ကြောင့်  နာမဝိသေသန သဘော ရှိသောကြောင့်  နာမဝိသေ သန ဝါကျ ကဏ္ဍ ဟူ၍ လည်း ခေါ်နိုင်သည်။
          ဆက်စပ် နာမ်စား ကို ရေးသား ရခြင်း ၏ ရည် ရွယ်ချက်မှာ.
လိမ္မာသော  ခွေး Clever dog၊ ချမ်းသာ သော လူ Rich man စ သည် ဖြင့်  " သော "  အဓိပါယ် ရှိ သော နာမ ဝိ သေသန တို့ သည် Clever, Rich စသည် ဖြင့်   တစ်လုံး ချင်း ရှိကြသည်။
ဥပမာ၊ 
        Who    ( that )    ကတ္တား (Active) နေ ရာ တွင် လူ၌ သုံးသည်။
          Whom (that)      ကံပုဒ် ( passive) နေရာတွင် လူ၌ သုံးသည်။
          Which  (that)     ကတ္တား နှင့်  ကံ နှစ်ခု စလုံး အတွက် အရာဝတ္တု နှင့် တိရစ္ဆာန် တို့ တွင်            သုံးသည်။
         Whose              ပိုင်ဆိုင် ခြင်း ပြ (၏) နေရာ တွင် ဝတ္ထု တိရစ္ဆာန် နှင့်  လူသား အားလုံး အတွက် သုံး သည်။
                           ဆက်စပ် နာမ်စား နှင့်  "သော" စကား ဖြစ်အောင်ရေးနည်း
ဆောင်ပုဒ် ၁။       ။ Who ကို သုံး လို သော အခါ ကြိယာ ကို Who ပြီး မှ ထည့် ရမည်။  (who +verb)
ဥပမာ။               ။ The girl who loves me.= ကျနော့် ကို ချစ်သော ကောင်မလေး။
                          The man who blames me. = ကျနော့် ကို အပြစ်တင်သော လူကြီး။

ဆောင်ပုဒ် ၂။       ။ Whom ကို အသုံး ပြုလိုသော အခါ တွင် ကတ္တား ကို Who ပြီးမှ တည့် ရမည်။ (who+pronoun)
ဥပမာ။               ။ The girl whom i love.= ကျနော်   က ချစ်သော ကောင်မလေး။
                          The man whom i met. = ကျနော် က တွေ့ ခဲ့ သော  လူကြီး။

အထူးမှတ်သားရန်။    ။  မြန်မာ ဘာသာ တွင်  "က" နှင့်  " ကို " တို့ သည် လုံးဝ ခြားနားသော  အဓိပါယ် ဆောင်ကြသော ကြောင့်  Who ဖြင့်  သုံးလျှင်   " ကို" ဟူ၍  အဓိပါယ် တက်ရောက်ပြီး  Whom ဖြင့် သုံး သော အခါ တွင်  " က"  ဆို သော အဓိပါယ် သို့ ပြောင်း လဲ့  သွားကြောင်း သတိပြု လိုပါသည်။

ဆောင်ပုဒ် ၃။            ။ Whose ကို မြန်မာဘာသာ ဖြင့်  (၏) ဟူု ၍ အဓိပါယ် ဖော် နိုင်သည်။
ဥပမာ  ။                  ။ I love a girl. = ကျနော် ကောင်မလေး တစ်ယောက် ကို ချစ်သည်။
                               I do not know her name. = ကျနော် သည် သူမ၏ နာမည်ကို မသိပါ။
                               her name ကို whose name ဟု ပြောင်း လိုသောအခါ...
                             I love a girl whose name i do not know. ကျနော် သည် အမည် ကို  ကနော်မသိသော မိန်းကလေး တစ်ယောက် ကို ချစ် သည်ဟု  ရေးရကြောင်းတွေ့ ရသည်။
ဆောင်ပုဒ် ၄။            ။ Which ကို လူမှ လွှဲ၍  ကတ္တား၊ ကံ တို့  အား သုံးနိုင်သည်။
ဥပမာ။                   ။   The dog which loves me. = ကျနော့်  ကို ချစ်သော ခွေး။
                                The apple which is on the table. = စားပွဲခုံမှာ ရှိသော ပန်းသီး။

ဆောင်ပုဒ် ၅။          ။  ရှေ့ ခံ ပုဒ် မှာ လူနှင့်  သတ္တဝါ၊ ပစ္စည်း ပြ၍၊ အမြတ်စား  တစ်ဖန် all, any, same , only ရှိပြန်ပြီး၊ It is, nothing, who, what, none ရှိပြန်ပါက That နှင့် သာ ဆက်ရသည်။

အထူးမှတ်သားထားရန်မှာ။   ။ From နှင့်  To  တို့ ကို အသုံးပြုရာတွင် Whom ဖြင့်  ရေးသားသောအခါ from (သို့ မဟုတ်)To ကို Whom မတိုင်ခင်ရေးရမည်။ ဒီလိုမျိုး >>>> from whom (or) to whom.
ဥပမာ။             ။ A man is writing.= လူတစ်ယောက်စာရေးနေသည်။
                       You got a letter from him= သင်သည် သူ့ ထံမှ စာ ရခဲသည်။  ဆိုသော စာကြောင်းနှစ်ကြောင်းကို...၎င်းထံမှ  သင် စာရခဲ့ သော လူတစ်ယောက်သည် စာရေးနေသည် ဟုရေးလိုသော အခါတွင်..အောက်ပါ အတိုင်းရေးရသည်။
                        A man from whom you got a letter is writing. ဟူ၍ ရေးရသည်။
သို့ သော်  From နှင့်  To တို့ ကို  စာကြောင်း၏ နောက် ဆုံး တွင် ထားလို သော အခါ That (သို့ မဟုတ်) Where ကို သုံးရမည်။
ဥပမာ၁။          ။   He is a friend. သူသည့် သူငယ်ချင်းတစ်ယောက် ဖြစ်သည်။
                       I went to him . =  ကျနော် က သူ့ ဆီ သွားခဲ့ သည်။ ဟူသော စာကြောင်း နှစ်ကြောင်းကို ..ကျနော် မနေ့ က သွားခဲသော သူသည် သူငယ် ချင်း တစ်ယောက် ဖြစ်သည်။ ဟုရေး လို သော အခါ တွင်.. Whom ကို မသုံး ပဲ့  That ကို သာ သုံးမည် ဆို လျှင် ဖြင့်  ပို သင့် တော်ကြောင်း ကို တွေ့ ရသည်။ ပြောင်းရမည်မှာ.. He is a friend that i went to. ဟု ရေးရကြောင်းတွေ့ ရသည်။
ဥပမာ ၂။         ။ Phoenix is in Arizona.  =ဖိနစ်သည် အရိဇိုးနားတွင်ရှိသည်။
                      I came from there.       = ထိုနေရာ မှ ကျနော် လာသည်။ စသော စာကြောင်း နှစ်ကြောင်း ကို စာကြောင်း တစ်ကြောင်း ပုံစံရေးလိုသောအခါတွင်..အောက်ပါအတိုင်းရေးရသည်။
Phoenix is in Arizona where i came from. =  ကျနော် လာခဲ့ သော ဖိနစ်မြို့  သည် အရိဇိုးနား တွင် ရှိသည်။

ပီတာလင်း ၏မူရင်း စာသားများ နှင့်  How & Why ဦးသန်း လွင် စာ အုပ်ထဲ့ မှ အနည်း အကျဉ်း ကောက်နုတ်ချက်များ
           

No comments:

Post a Comment