Wednesday, May 11, 2011

ကောင်းကွတ်ကို အကြီးချဲ့ ပါ


ဆင်းရဲမွဲတေတဲ့ လူငယ်တစ်ဦးဟာ ဖခင်ရဲ့မိတ်ဆွေတစ်ဦးဆီမှာ ဝမ်းဝမယ့် အလုပ်တစ်ခုကိုရဖို့ ပဲရစ်မြို့ကိုရောက်လာခဲ့တယ်။

ဖခင်ရဲ့မိတ်ဆွေက သူ့ကိုတွေ့တာနဲ့ "ကိန်းဂဏန်းသချာင်္နားလည်လား!" လို့မေးတယ်။ သူခေါင်းခါပြတယ်။ "သမိုင်း၊ ပထဝီဝင်နားလည်လား!" လို့မေးပြန်လည်း သူခေါင်းပဲခါခဲ့တယ်။ ဖခင်ရဲ့မိတ်ဆွေမေးသမျှကို သူစိတ်ညစ်ညစ်နဲ့ ခေါင်းခါခဲ့ရတာချည်းပဲ။ သူ့ကိုယ်ပေါ်မှာ ဘာအရည်အချင်း၊ ဘာအတတ်ပညာမှ သူကိုယ်တိုင်လည်း ရှာမတွေ့ခဲ့ဘူး။

အဲဒီလိုနဲ့ ဖခင်ရဲ့မိတ်ဆွေက သူ့ကို "လိပ်စာအရင်ရေးခဲ့ပါ"လို့ ဆိုတယ်။ သူတည်းတဲ့နေရပ်လိပ်စာကို ရေးပြီး စိတ်ပျက်လက်ပျက်နဲ့ သူလှည့်အထွက်မှာ မိတ်ဆွေကသူ့လက်ကို လှမ်းဆွဲပြီး "သားရဲ့လက်ရေးအရမ်းလှတာပဲ.. ဒါဟာ သားရဲ့အရည်အချင်းပေါ့။ ဝမ်းဝတဲ့အလုပ်နဲ့တင် သားကျေနပ်မနေသင့်ဘူး" လို့ပြောလိုက်တယ်။

နှစ်အတန်ကြာပြီးနောက် လူငယ်ဟာ ကမ္ဘာ့ကျော်စာပေတွေကို ရေးသားနိုင်ခဲ့တယ်။ အဲဒီလူငယ်က ၁၈ရာစုမှာ နာမည်ကြီးခဲ့တဲ့ ပြင်သစ်စာရေးဆရာ Alexandre Dumas ပဲဖြစ်တယ်။

လောကမှာ သာမန်လွန်းတယ်ဆိုတဲ့ လူတွေမှာတောင် အရည်အချင်း နည်းနည်းစီတော့ရှိကြတယ်။ အဲဒီအရည်အချင်းတွေကို များသောအားဖြင့် ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေနဲ့ ဖုံးလွှမ်းလိုက်တတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ အဖိုးတန်တဲ့ အရည်အချင်း၊ ကောင်းကွက်တွေ ကိုယ်စီရှိကြပါတယ်။ အဲဒါတွေကို တူးဆွလိုက်မှ ကိုယ်ကိုယ်တိုင်တောင်မယုံနိုင်တဲ့ ရတနာတွေကို ရမှာဖြစ်တယ်။
နိုင်းနိုင်း စနေ ဘာသာပြန်ချက်များထဲ့ မှ ကောက်နုတ်သည်။

No comments:

Post a Comment