Monday, May 23, 2011

သင်ဘာတွေကို ပိုင် ဆိုင်ထားသလဲ့ 

တစ်ခါက အလက်ဇန္ဒဒြား ဘုရင်မင်းမြတ်ဟာ ဒိုင်အိုဂျီးနစ် ( အတွေးအခေါ်ပညာရှင်ကြီး ) နဲ့တွေ့ကြသတဲ့။

ဒိုင်အိုဂျီးနစ်က သင်ဘယ်သူလဲလို့မေးတဲ့အခါ အလက်ဇန္ဒဒြား ဘုရင်က က ဟာ သင် ကျွန်ုပ်ကိုမသိဘူးလား
ကျွန်ုပ်ဟာ အလက်ဇန္ဒခြား ဘုရင်လေ လို့ပြန်ဖြေသတဲ့။

ဒီအခါ ဒိုင်အိုဂျီးနစ်က သင်ဟာ အလက်ဇန္ဒဒြားဘုရင် ဆိုရင် ဘယ်တိုင်းပြည်တွေကိုပိုင်ဆိုင်တာလဲတဲ့။

ဒီအခါ အလက်ဇန္ဒဒြားဘုရင်က ကျွန်ုပ်ဟာ မြေထဲပင်လယ် နားတစ်ဝိုက်က တိုင်းပြည်တွေကိုပိုင်ဆိုင်တယ် လို့ ပြန်ပြောတယ်။

ဒိုင်အို ၊     ဟုတ်ပြီဒါဆို သင်ဟာ သဲကန္တာရတစ်ခုတည်းမှာ ရေအလွန်ငတ်နေတယ် ကျွန်ုပ်လက်ထဲမှာ ရေတစ်ခွက်ကိုင် ထားမယ် ။
               သင်ဟာ ဒီရေခွက်ကိုလိုချင်ရင် ကျွန်ုပ်ကို တစ်ခုခုပေးရမယ် သင်ဘာပေးမလဲ ?
ဘုရင် ၊     ကျွန်ုပ်ပိုင်တဲ့ ရွှေ ငွေ ကျောက်သံပတ္တမြားတွေပေးမယ်
ဒိုင်အို ၊     ဒီရေမရရင် သင်သေမှာ ဒီလိုကျောက်သံပတ္တမြားတွေဘာလုပ်မှာလဲ
ဘုရင် ၊    ဒါဆိုရင် ကျွန်ုပ်ပိုင်ဆိုင်တဲ့ တိုင်းပြည်တစ်ဝက်ကို ပေးမှာပေါ့
ဒိုင်အို ၊    ဒီရေမရရင်သင်သေမှာ သင်သေရင်တိုင်းပြည်တ၀က်ကိုဘာလုပ်ရမှာလဲ
ဘုရင် ၊    ဒါဆိုရင် ကျွန်ုပ်ပိုင်တဲ့ တိုင်းပြည်တစ်ခုလုံးကို ပေးမှာပဲ
ဒိုင်အို ၊    ဟုတ်ပြီ နောက်ဆိုရင် တိုင်းပြည်ကြီးတစ်ခုလုံးကိုပိုင်တဲ့ ငါဘုရင် အလက်ဇန္ဒဒြားလို့မပြောနဲ့ ရေတစ်ခွက်ကို ပိုင်ဆိုင်တဲ့
              အလက်ဇန္ဒဒြားဘုရင်လို့ပြောပါ/


ဦးဦးမှော်ဆရာမေးလ် ဂရု မှ ဖက်ရှု ကူးယူထားသည်။

No comments:

Post a Comment