Thursday, February 14, 2013

အလင်း (Light)





ပိုက်ဆံဟာ များများဝေရင်  ဝေစုနည်းနည်းသွားပြီး နောက်ဆုံမှာတော့
ကုန်သွားတက်ပါတယ်။ ဒါပေမယ့် စကားတစ်ခွန်း ကိုလက်ဆင့် 
ကမ်းမျှဝေလေလေ ပိုပြီး အဓိပ္ပါယ် လေးနက်လေ ဆိုသလို ဘယ်
တော့ မှလည်း ကုန်ခန့် မသွားပါဘူး။ အဲဒီလိုပဲ Light ဆိုတဲ့ စကား
လုံးဟာ တိုတောင်းလွန်းပါတယ်။ ပြီးတော့  Light ဆိုတဲ့ အလင်း ဟာ
လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ ဘုရားခသင်
ဒီလောကကို ဖန်ဆင်းတုန်းက အမှောင်ကို ည ဖြစ်စေ အလင်းကို နေ့
ဖြစ်စေ ဆိုပြီး ဘမ္ဘာဦး ကတည်းက အလင်းဆို တာရှိခဲ့ ပါတယ်။
အဲ ဒီအလင်း နဲ့ ပါတ်သတ်ပြီး တရုတ်စကားပုံလေး တစ်ခု မှာ
ဒီလိုပြောထားပါတယ်။       "ဝိညဉ်ထဲမှာ အလင်း ဆိုတာ ရှိရင်
လူဆီမှာ အလှဆိုတာရှိလိမ့် မယ်။ လူ အထဲမှာ အလှ ဆိုတာ  ရှိရင်
မိသားစုမှာ သာယာမှုရှိလိမ့် မယ်။ အိမ်တွင်းမှာ သာယာမှုဆိုတာရှိရင်
နိုင်ငံမှာ မျှတမှုဆိုတာ ရှိလိမ့်မယ်။ နိုင်ငံတွင်းမှာ မျှတမှာ ဆိုတာ ရှိရင်
ကမ္ဘာ မှာ ငြိမ်းချမ်းမှု ဆိုတာရှိလိမ့် မယ်။"  ဟင်အင်း... ဘာမှလည်း
မဆိုင်ဘူး၊ ဘာတွေ ပြောနေမှန်းလည်း မသိဘူး။ ရှုပ် နေတာပဲ ...
ရှုပ်နေတာကို ရှင်းသွားအောင်လို့  ဘီလီဂရေဟန် က ဒီလိုပြောထား
တာရှိပါသေးတယ်။ "ကမ္ဘာမှာ အချင်းချင်း စစ်တွေဖြစ်ကြတယ်၊
လူတွေဟာ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် မချစ်ကြဘူး။
အကြောင်းရင်းက ကိုယ့် ကိုယ်ကို မချစ်လို့ ဖြစ်တယ်၊ ကိုယ့် ကိုယ်ကို
မချစ်လို့  ငြိမ်းချမ်းမှု ဆိုတာ မရှိဘူး။ အကြောင်းရင်းက ဘုရားသခင်
နဲ့ ကိုယ့် အကြား ဆက်ဆံရေး မပြေလေလို့ ငြိမ်သက်မှု မရှိတာဖြစ်
တယ်," တဲ့ ။ ခုမှပဲ လုံးလုံး ရှုပ်သွားတော့ တာပဲ ဟုတ်လား? ဆိုလိုရင်းက
တရုတ်စကားပုံ က "Light"(အလင်း)အရေးကြီးကြောင်းပြောသွားတယ်။
ဒါပေမယ့်  အဲ ဒီ အလင်း ဘယ်မှာရှိသလဲ၊ ဘယ်မှာရှာ ရမလဲ ဆိုတာ
ပြောမသွားပါဘူး။ ဘီလီ ဂရေ ဟန်ပြောသလို ဘုရား သခင် နဲ့ အတူ
ရှိနေခြင်း က ကျနော်တို့  ရင်ထဲမှာ အလင်းရှိနေတာဖြစ်တယ်။
ရှင်ယောဟန် ၈း ၁၂ မှာ ယေရှု က "ငါက လောက ရဲ့ အလင်းဖြစ်တယ်,"
လို့ ပြောထားပါတယ်။  ဒီကျမ်း ပိုဒ်လေး တစ်ပိုဒ် ရှင်းမယ့် အရေး
တရုတ်ပြည် ရောက် လိုက် အမေရိက ရောက် လိုက် ကွေးပတ်ပြီး
ပြော နေတာ မဟုတ်ပါဘူး။ ကျမ်း စာ ထဲမှာ Light ဆိုတဲ့ စကားလုံး
ပေါင်းများလွန်းလို့  အကုန် မရေးတာပါ။ ကျမ်းစာ ထဲမှာ Light (အလင်း)
ဆိုတဲ့ အစကားလုံး အကြိမ် ပေါင်း ၂၇၃ ကြိမ်ရေး ထားတာတွေ့ ရပါတယ်။
ကျနော် တို့ အသက်တာ မှာ ခရစ်တော် နဲ့ အတူ အမြဲ အသက်ရှင်
မယ်၊ ခရစ်တော်နဲ့ ကျနော်တို့ အကြား ငြိမ်းချမ်းမှု ရှိမယ်ဆိုရင် ကျတော်
တို့ ရင်ထဲမှာ ပျော် ရွှင်မှု ဆိုတာ အလိုလို  မွေးဖွားလာမှာဖြစ်ပါတယ်။
အဲဒီပျော် ရွှင်မှုကလည်း ခရစ်တော်ပဲဖြစ်ပါတယ်။


No comments:

Post a Comment