Friday, December 28, 2012

ကုလားအုပ် နဲ့ သူ့ ရဲ့ မိတ်ဆွေများ

                                                      
                       တစ်ခါတုန်းက ကုန်ညည်ကြီး တစ်ယောက်က ပစ္စည်းတွေ အပြည့် နဲ့ 
ကုလားအုပ် တွေ ပေါ်တင်ပြီး ခရီး သွားခဲ့ တယ်။ တောအုပ် ကြီးတစ်ခု ကိုဖြတ်ကျော်ရင်း
ကုလားအုပ် တစ်ကောင်က အလေးဒဏ်ကြောင့် လမ်းမသွား နိုင်ပဲ ရုတ်တရပ် ဆိုသလို
လှဲကျ သွားခဲ့ တယ်။ ကုန်သည်ကြီးက အဲ့ ဒီ ကုလားအုပ် ကို တောထဲမှာ အဲ့ ဒီ အတိုင်း 
ပစ်ထား ပြီး ကျန်တဲ့  ကုလားအုပ် တွေနဲ့ ပဲ ခရီဆက်သွားခဲ့ တယ်။ တအောင့် ကြာတော့ 
အားအင်တွေ ပြန်ပြည့် လာပြီး ပြန်ထလာတဲ့ အချိန် ကျတော့  သူတစ်ယောက်တည်း
တောနက်ကြီးမှာ အထီးကျန်နေမှန့်  ကုလားအုပ်သိလိုက်ရတယ်။ တောနက်ကြီးဟာ
မြတ်ခင်းတွေ နဲ့  ပြည့် နက်နေတာမို့  ကုလားအုပ် အသက်ရှင်သန် ခွင့် ရခဲ့ တယ်။

                   တစ်နေတော့  အဲ့ ဒီ တောနက်ကြီးရဲ့ ဘုရင် ဖြစ်တဲ့  ခြင်္သေ့ ကြီးဟာ သူ့ ရဲ့ 
သူငယ်ချင်း ကျားသစ်၊ မြေခွေး၊ကျီးကန်း တို့ နဲ့ အတူ ကုလားအုပ်ဆီရောက်လာခဲ့ တယ်။
အန္ဒရယ် တွေများပြား တဲ့ ဒီလို တောနက်ကြီး ကို ဒီ သဲကန္ဒာရ သတ္တဝါ ဖြစ်တဲ့ ဒီကုလားအုပ်
က ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက် လာခဲ့ သလဲ ဆိုတာ ခြင်္သေးကြီး အတွက် စဉ်စားစရာ
ဖြစ် စေခဲ့ တယ်။ ကုလားအုပ်ကလည်း သူဘယ်လို ရောက်ကြောင်း မျက်ရည် ပေါက်ပေါက်
ကျအောင် ရှင်း ပြ ခဲ့ တယ်။ ခြင်္သေ့ ကြီးဟာ ကုလားအုပ် ရဲ့  အသနား ခံမှု ကြောင့် 
 ဂရုဏာ မျက်လုံး တစ်စုံ နဲ့ ကြည့် ပြီး, “မင်း ဘာမှ ကြောက်စရာ မလိုဘူး။ ခုအချိန်က စပြီး
 မင်းက ငါ့ ရဲ့ ကွယ်ကာ မှု အောက်မှာ ရှိနေပြီ၊ မင်း နဲ့ အတူငါတို့ ရှိတယ်၊ ဘာမှ
မကြောက်ပါနဲ့ ”လို့ နှစ်သိမ့်စကားပြောတယ်။ အဲ့ဒီ အချိန်က စပြီး အဲ့ ဒီ တောနက်ထဲ ပျော်ပျော်
 ရွှင်ရွှင် အသက် ရှင်ဖို့ ဆုံးဖြတ်ခဲ့ တယ်။

                        တစ်နေ့တော့  ခြင်္သေ့ ကြီး ဟာ ဆင်ကြီး တစ်ကောင်နဲ့ ခိုက်ရန်ဖြစ်ပြီး
ဒဏ်ရာ အကြီးအကျယ် ခံရတယ်။ ဒဏ်ရာ ကြောင့် အုပ်ဂူထဲ ရက် အနည်းငယ်ခိုအောင်း
အနားယူရတယ်။ ရက် တွေ တစ်ရက်ပြီးတစ်ရက် ကြာလာတော့ ခြင်္သေ့ ကြီးက ဗိုက်
အရမ်းဆာလာခဲ့တယ်။ သူ့ မိတ်ဆွေတွေက ခြင်္သေ့ ကြီးအတွက် သားကောင် ရှာပေမယ့်
တစ်ကောင်မှမရခဲ့ဘူး။ ဒါပေမယ့်  မြတ်ခင်းနုနု ရှိနေသရွေ့ အဆင်ပြေနေတဲ့  ကုလားအုပ်
အတွက် တော့ ဘာပြဿနာ မရှိခဲ့ ဘူး။

             မြေခွေးက ခြင်္သေ့ ကြီး ဆီသွားပြီး ကုလားအုပ် က သူတို့ အတွက် အစာအဖြစ်
အသက် စတေးသင့် ကြောင်း တိုးတိုး တိတ်တိတ် တိုင်တည်ခဲ့ တယ်။ ဒါပေမယ့်  သူ့ ဆီ
လာခိုလုံတဲ့ တရိစ္ဆန်တွေ ကို ဘယ်တော့ မှ မသတ်နိုင်ကြောင်း ခြင်္သေ့ ကြီးက ဒေါသ စိတ်နဲ့ 
တုံးပြန်ခဲ့ တယ်။ မြေခွေး က ကျားသစ် နဲ့ ကျီးကန်းဆီသွားပြီး သူတို့  အရှင်မင်းကြီး ခြင်္သေ့ 
အစာငတ်မွတ် နေကြောင်း၊ တစ်ခုခု လုပ်ပေးသင့် ကြောင်းပြောတယ်။

                   အရင်ဆုံး ကျီးကန်းက သူ့ အသက်ကို စတေးပါရစေ ဆိုပြီး ခြင်္သေ့ ကြီး ဆီ
ခေါင်းအုံ့ ပြီး တောင်းဆိုခဲ့ တယ်။ ဒါပေမယ့် ကျီးကန်းက သေးလွန်းကြောင်း၊ ခြင်္သေ့ ကြီး
အတွက် အဆာ မပြေလောက် ကြာင်းပြောပြီး မြေခွေးက သူ့ ကိုစားဖိုး တောင်းပန်တယ်။
မြေခွေးရဲ့ စကားကို ကြားတော့  ကျားသစ်က ကြားဖြတ်ဝင်ပြီး သူ့ ကိုစားသင့် ကြောင်း၊
ကျားသစ် က သူတို့ ထက်ကြီးကြောင်း ရှင်းပြပြီး သူ့ အသက်ကို ကမ်းလှမ်းခဲ့ ပြန်တယ်။

                တစ်ယောက်ပြီးတစ်ယောက် အသက်စတေးဖို့ ကမ်းလှမ်းပြီးနောက် ကုလားအုပ်
စဉ်းစားမိတာကတော့ “အသက် စတေးဖို့ တောင်းဆိုတာတောင် ခြင်္သေ့ ကြီးက ဘယ်သူ့ ကို
မှ နာကျာင်အောင် မလုပ်ခဲ့ ဘူး။ ဒီတစ်ခါတော့  ငါ့ အလှည့် ရောက်ပြီ။” ခြင်္သေ့ ကြီးရှေ
ဒူးထောက် ပြီး အသက်ကို စတေးဖို့ ကုလားအုပ်တောင်းဆိုခဲ့ တယ်။ ချက်ချင်း ဆိုသလို
ခြင်္သေ့ ကြီးက ပြောလိုက်တယ်။ “မင်းရဲ့  ကမ်းလှမ်းမှု ကို ငါလက်ခံပါတယ်။” နောက်ဆုံး
တော့  ကုလားအုပ်ဟာ ကောက်ကျစ်တဲ့ ခြင်္သေ့ ၊ ကျားသစ်၊ မြေခွေး၊ နှင့်  ကျီးကန်း တို့ 
လက်ချက်ကြောင့်  အသက် စတေးခံ လိုက်ရတယ်။

မှတ်ချက် * တချို့  မိတ်ဆွေက သင့် ဆီက အသိအမှတ်ပြုမှု ရအောင်အရင်ယူတက်ကြတယ်။
 ပြီးတော့ မှ သင့် ဆီက ခွင့် ပြုချက် နဲ့ ပဲ သင့် ကိုလှည့် ဖျား တက်ကြတယ်။*

မူရင်း--- Bidpai, “The Camel and His Friends.” Retold in English by Arundhati
 Khanwalkar. C.4th CENTURY
လင်းလင်း ဘာသာပြန်သည်။

No comments:

Post a Comment