Friday, February 15, 2013

ပျော်ရွှင်ခြင်း တံခါးကို ဖွင့် မယ့် သောချက်သုံးမျိုး

"အောင်မြင်ခြင်းက ပျော်ရွှင်ခြင်းရဲ့ အဓိက သောချက်မဟုတ်ဘူး။ ပျော်ရွှင်ခြင်း ကသာလျှင်အောင်မြင်ခြင်း
ရဲ့ အဓိက သောချက်ဖြစ်တယ်" လို့ Albert Schweitzer ကပြောထားတာရှိပါတယ်။   ပျော်ရွှင်ခြင်းကို
မနှစ်သက်တဲ့ လူ မရှိသလောက်ရှားပါး တယ်။ အဲဒီ ပျော်ရွှင်ခြင်း ကို နေရာအနံ့  နည်းမျိုးစုံ ရှာဖွေ
ကြတယ် မဟုတ်ဘူးလား? တချို့ က ပျော်ရွှင်ခြင်းကို စာအုပ်စာပေ တွေမှာရှာ ဖွေ တွေ့ ရှိခဲ့ ကြတယ်။
တစ်ချို့ ကျတော့  ကိုယ်ချစ်တဲ့ သူဆီမှာ ရှိတယ်လို့ ကောက်ချက်ချ ကြတယ်။ ကိုယ့်ကိုယ်ကို ပျော်ရွှင်
အောင်ထားဖို့ နည်းအမျိုးမျိုး သုံးလို့ ရပါတယ်။ ရိုးရှင်းပြီး ထာဝရ တည်မြဲမယ့်  ပျော်ရွှင်မှုက ဘုရား
သခင်ဆီမှာရှိပါတယ်။ ကိုယ့် ကိုယ်ကို ချစ်ခြင်း၊ ဝန်ခံခြင်း၊ နှင့် သူတစ်ပါးကို ခွင့် လွှတ်တက်ခြင်းစတဲ့ 
အရာတွေက ရိုးရှင်းပြီး လူတိုင်းလုပ်နိုင်တဲ့ အရာတွေပါ။

 လူတိုင်း ကိုယ့် ကိုယ်ကို မချစ်တက်ကြဘူး။
သူကျတော့ ဘာပဲ ဝတ်ဝတ် လိုက်တယ်၊ သူ့ လက်ညိုး ကသွယ်လိုက်တာ၊ သူ့ လိုမှ အရပ်မရှည်တာ၊
ခြေတလုံး သာသွယ် ခဲ့ မယ်ဆိုရင် ငါဘာမှ မလိုတော့ ဘူး စသည်ဖြင့်  ကိုယ့် ကိုယ်ကို မကျေနပ်တဲ့
စကားလုံးတွေ သုံးနှုန်းပြီး ပြောဆိုတက်ကြတာ လူတိုင်း လိုလိုပါပဲ။ ကိုယ့်ကိုယ်ကို ချစ်တက်တာဟာ
ပျော်ရွှင်ဖို့ နည်းလမ်း တစ်လမ်းရှာတွေ့ တာဖြစ်တယ်။  "ဘုရားသခင်သည် မိမိသဏ္ဍန်တော်နှင့် အညီ
လူကိုဖန်ဆင်းတော်မူ၏။...ဘုရားသခင်၏ ပုံသဏ္ဍန်တော် နှင့် အညီ လူယောက်ျား၊ မိန်းမ ကိုဖန်ဆင်း
ပြီးလျှင်...(ကမ္ဘဦးကျမ်း ၁း ၂၆, ၂၇)။" ဘုရားသခင် က သူ့ ရဲ့ သဏ္ဍန်တော် အတိုင်း ကျနော်တို့ လူသား
တွေ ကိုဖန်ဆင်းထားပါတယ်။ ကျနော်တို့ လူတွေအတွက် မင်းသမီး၊ မင်းသားတွေက ကိုပိုချောတယ်လို့ 
ထင်ကြပါလိမ့် မယ်။ ဒါပေမယ့် ဘုရားသခင် အတွက်တော့ ကျနော်တို့ တစ်ယောက်စီတိုင်းက ချောမော
လှပနေပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျနော်တို့ ဟာ ဘုရား သခင်ရဲ့ Masterpiece (လက်ရာတော်)
ဖြစ်တယ်။ ဧဖက်ဩဝါဒစာ ၂း ၁၀ ကဒီလိုပြောထားပါသေးတယ်, "သင်သည် ဘုရားသခင်၏ ပြောင်
မြောက်သောလက်ရာတော်...။" ကျနော်တို့ ခန္ဒာကိုယ် ဟာ ဘုရားသခင်ကိုယ်တိုင် လုပ်ထားတဲ့ အရာ
ဖြစ်ပါတယ်။ ကျနော်တို့ ဝတ်တဲ့ အဝတ်တွေ ကော်လံတွေမှာMade in USA, Made in China စသည်ဖြင့် 
တွေ့ ရပါလိမ့်မယ်။ ကျနော့် တို့ လူသားတွေ ကျတော့ Made in Heaven ဖြစ်ပါတယ်။ ဘုရားသခင်က
ကျနော်တို့ ကိုကြည့် ပြီး "အဲဒါ ငါ့ လက်ရာ၊ ငါ့ သမီး၊ ငါ့သား" လို့  ပြုံးပြနေတာဖြစ်တယ်။ ကျနော်တို့ ဟာ
ကျနော်တို့ ကို ပျော်ရွှင်မှု ပေးစေတဲ့ သောချက်တစ်ခုဖြစ်တယ်။

 နောက်တစ်ခုက ဝန်ခံတာဖြစ်တယ်။
ကောင်းတာ လုပ်တဲ့ အချိန်မှာ "အဲဒါ ကျမ၊ကျနော် လုပ်တာလို့ ကျနော်တို့ဝန်ခံတက်ကြပေမယ့် 
အမှားလုပ် ခဲ့ မိတဲ့ အချိန်မှာ ဝန်မခံ ချင်ကြပါဘူး။ ဝန်ခံတဲ့ နေရာမှာ Sorry (တောင်းပန်ပါတယ်)
ဆိုတဲ့ စကားလုံးက အင်မတန် အရေးကြီးတဲ့ စကားလုံးပါ။ Sorry ဆိုတာ အမှားလုပ်တဲ့ လူအတွက်
ပဲ မဟုတ်ပါဘူး။ အမှား မလုပ်တဲ့ လူလည်းသုံးလို့ ရပါတယ်။  Sorry ဆိုတာ အမှားလုပ်ခဲ့ မိလို့ 
တောင်းပန်တဲ့ အချိန်မှာ သုံးလို့ ရသလို အမှားလုပ်မိမှာစိုးလို့ ကြို တင်ပြောဆိုတဲ့ နေရာမှာလည်း အသုံး
ပြုပြောဆိုလို့ ရပါတယ်။ ကန့် သတ်မထားပါဘူး။ရှင်ယောဟန် ပဌမစောင် ၁း ၉ မှာ, "ကိုယ်အပြစ်တို့ ကို
ဘော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက် ရှိသမျှနှင့် ကင်းစေခြင်းငါ..." လို့ ရေးထား
ပါတယ်။ ကျနော်တို့ ဘယ်လို မှ ပြန်ဆယ်လို့ မရတဲ့ အပြစ်တွေ တောင် ဘုရားသခင်ရှေ့ မှာအပြစ်ကို
ဝန်ခံရင် ဘုရားသခင်က အပြစ်လွှတ်ပေးသေးတာပဲ။  တောင်းပန်တယ် ဆိုတာ ကိုယ့် ရင်ထဲက ဝန်ထုပ်
ဝန်ပိုးတွေ ကို လွှတ်ချ လိုက်တာဖြစ်ပါတယ်။

  ပြီးတော့  ခွင့် လွှတ်ခြင်းက ကျနော်တို့ ရဲ့ ပျော်ရွှင်မှုကို
ဖွင့် ပေးတဲ့ အဓိက သောချက် တစ်ခုဖြစ်ပါတယ်။ "အကြိမ် ခုနစ်ဆယ် ခုနစ်လီ မြောက် အောင် လွှတ်
ရမည်..." လို့  ရှင်မာဿဲ ၁၈း ၂၂ မှာဆိုထားပါတယ်။ ဘယ်လိုလို့ ဒီလောက်များများ ခွင့်လွှတ်ရမလဲ?
ဘယ်လိုလို့ ဖြစ်နိုင်မလဲလို့ မေးစရာပါ။ ဒါပေမယ့်  ကျနော်တို့ လူသားတွေ က အဲဒီအကြိမ်ပေါင်းထက်
မက အပြစ်လွှတ်ခြင်းခံရတာဖြစ်ပါတယ်။ သူတစ်ပါး ခွင့်လွှတ်တာဟာ အကြွေး ဆပ်တာနဲ့ တူပါတယ်။ 
ကိုယ့် ကိုယ်ကို ချစ်တက်မယ်၊ ဝန်ခံတက်မယ်၊ ပြီးတော့ သူတစ်ပါး ကိုခွင့် လွှတ် တက်မယ် ဆိုရင်
ကျနော်တို့ နေ့ စဉ် အသက်သာ ဟာ ပျော်ရွှင်မှု တွေ ပြည့် ဝပြီး ကျနော်တို့ မျက်နှာ မှာ အပြုံးပန်း
တွေ ဝေဆာနေမှာ ဖြစ်ပါတယ်။



No comments:

Post a Comment