Thursday, December 27, 2012

အသက် စမ်းရေ

အသက်စမ်းရေ


ယနေ့ ကမ္ဘာ့ ထိပ်တန်းနေရာမှာဦးဆောင်ပြီး တိုးတက်နေတဲ့အမေရိကန် နိုင်ငံရဲ့ အဆောက်အအုံတွေအနံ့ မှာ လူကြီး၊လူငယ်နှင့်မသန်စွမ်းသူအစ ရှိသည်ဖြင့် လူတန်းစားမရွေး မည်သူမဆိုသောက်နိုင်ဖို့ Water Fountain ဆိုတဲ့ သောက်ရေစင် တွေကို  တွ့ ရလေ့ ရှိပါတယ်။ လက်နဲ့  နှိပ် လိုက် ရုံ နှင့်  ရေပန်းထွက်လာစေပြီး အလွန်ပင်လွယ်ကူ စေပါတယ်။ အဖိုးအခ လည်းပေးစရမလိုဘူး။  ဒါပေမယ့်  အဲဒီလို လွယ်လွယ်ကူကူ နဲ့ သောက် လို့  ရစေဖို့ ရန်ဘယ်သူ   ကလုပ်တယ်၊ ဘယ်လိုလုပ်တယ်၊ ဘယ်က ရ တယ်ဆိုတာကို သောက် သုံးသူ တစ်ယောက်ကမှ မ စဉ်းစား မိပါဘူး။   ဒါတွေက တိုးတက်မှု တွေ ထဲက ရလဒ် တစ်ခုပဲ မဟုတ်လား။     မြန်မာပြည် ကိုပြန်ကြည့် မယ်ဆိုရင်ဖြင့်  သောက်ရေ တစ်ခွက် ရဲ့ တန်းဖိုး ပိုမို နားလည်လွယ်ပါတယ်။ သောက်ရေ ရဖို့ အတွက် မြစ် ချောင်း နံဘေး တွေ မှာ မြို့ ရွာတွေ တည်လေ့ ရှိကြပါတယ်။ ရေ ရဖို့ အတွက် အခွန်ဆောင်တာမျိုး ဖြစ်ဖြစ် အပင်ပန်း အနွံ တာတွေ ခံပြီး နည်း မျိုးစုံကြိုးစားကြပါတယ်။ ရေကန်နဲ့  ဝေးလေ အပင်ပန်းခံရလေ ဆိုသလို အပင်ပန်း ခံ ရ လေ ရေရဲ့ တန်းဖိုး ကို ပိုနားလည်လေပါပဲ။ ရေဟာ လူ့ အသက် ကိုရှင်သန်စေတဲ့  မရှိမဖြစ်လို အပ်တဲ့  အ ရာ တစ်ခု မို့လို့ ပါ။                  

ဆက်လက်ပြီး  ရှမာရိပြည်   ကိုပြန်ကြည့် လိုက်မယ်ဆိုရင်   ရေရှားပါးတဲ့ တိုင်းပြည်လို့   သိရပါတယ်။   ရှမာရိအနွယ် နှင့်  ဂျူးလူမျိုး တို့ရဲ့   ဓလေ့ကိုကြည့် တဲ့ အခါ  တစ်ခါတုန်းက (ကျမ်းစာထဲမှာ)  သူတို့ ကြား  လူမှုဆက်ဆံရေး ယုံကြည်ခံယူချက်  တွေဟာ   အလွန်တင်းမာ   ခြားနားနေတာကိုလည်းတွေ့ ရပါတယ်။  ရိုးရာခြားနားတာတင်မကပါဘူး    မိန်းမ နှင့်   ယောက်ျားကြား   ဆက်ဆံရေး၊၊   ပိုဆိုးတာက  ရိုးရိုးလူ နဲ့ ဆရာ သမားကြား  ဆက်ဆံရေး ကွဲပြားနေကြောင်း   ထင်ရှားပါတယ်။    များသောအားဖြင့်    ဂျူးလူ မျိုး တွေက ခရီးသွားတဲ့ အခါ   ရှမာရိတွေနေတဲ့    အရပ်ကိုဖြတ်သွားလေ့ မရှိပါ။     ခဏလေးရောက်မယ့်     ခရီးတောင်မှ   တမင်တကာ    အပင်ပန်းခံပြီး   ကွေ့ ပတ်သွားကြပါတယ်။   ရှောင်ရှားကြပါတယ်။   ဒါပေ မယ့်  ဂျူးလူမျိုးဖြစ်ပြီး  ဆရာတစ်ယောက်  အဖြစ်အခေါ်ခံရတဲ့     သခင်ယေရှုက  အဲဒါတွေကို   မရှောင် ရှားခဲ့ ပါဘူး။  သခင်ယေရှုဟာ    တစ်နေ့ တော့  ယုဒပြည်ကနေ  ဂါလိလဲ ပြည်ကို  ခရီးသွားတုန်း  ရှမာရိ နယ်က   ရှုခါ(Sychar)   ဆိုတဲ့ ရှမာရိအနွယ်တွေ နေထိုင်ရာမြို့ ကိုရောက်သွားပါတယ်။    အရမ်းပန်း လာတာမို့   ယေရှုရေကန်နားမှာထိုင်ခဲ့ပါတယ်။    ခဏကြာတော့    အဲဒီနားကို   ရှမာရိအမျိုးသမီး    တစ်ယောက် ရေခပ်ဆင်းလာပါတယ်။

  အဲဒီအချိန်တုန်းကမိန်းမတစ်ယောက်ရဲ့ တာဝန်ဟာ  ခုခေတ်မိန်းမ တစ်ယောက်လို မဟုတ်ပဲ ကြီးမားတဲ့ အိမ်မှုကိစ္စအဝဝ တာဝန်ယူဆောင်ရွက်ရသတဲ့။  သူ့ အတွက်တော့   ရေခပ်ဆင်းရတာဟာ  နေ့ စဉ်နေ့ အမျှ    မလုပ်မနေလုပ်ရတဲ့ တာဝန်တစ်ခုပဲပေါ့။    ရေအတွက်   နေ့ စဉ် တောင်တက် တောင်ဆင်း   မအားမလပ် ပင်ပန်းသူပါ။   အဲဒီမိန်းမကို   သောက်ရေပေးဖို့   ယေရှုကတောင်းပါတယ်။  ရှမာရိအမျိုးသမီး   အံ့ ဩတကြီး    ပြန်ပြောလိုက်တာက  “သင်ကဂျူးလူမျိုးဖြစ်ပြီးတော့ ဘာလို့  ကျမလို ရှမာရိအမျိုးသမီးကိုမှ   ရေသောက်ဖို့ တောင်းရတာလဲ့ ” ။  ယေရှုပြန်ပြောလိုက်ပါတယ်။  “သင့် အတွက်ပေးတဲ့    ဘုရားသခင်ရဲ့    လက်ဆောင်မင်္ဂလာ  နှင့်   ယခုသင်စကားပြောနေတဲ့ လူ (ယေရှုကိုယ်တိုင်)    ဘယ်သူလဲ့ ဆိုတာ သိမယ်ဆိုရင်  ငါ့ ကိုတောင်းလိမ့်မယ်။ ပြီးတော့   သင့် အတွက်   အသက်ရေကိုပေးမယ်” ဆိုပြီးတော့ပေါ့ ။

 ယေရှုပြောလိုက်တဲ့ စကား  ကြောင့် ရှမာရိအမျိုးသမီး  ခဏလောက်ငြိမ်သွားပြီးနောက်  “သင့် မှာ ရေဘူး  မရှိပဲ   ဘယ်လိုခပ်မှာလဲ့ ”  ရေတွင်းလည်း   အရမ်းနက်တယ်လို့ ပြန်ပြောတယ်။  ပြီးတော့ ယေရှု ကိုဆက်မေးတယ်။  သင်က ကျမတို့  အဘိုး  ယာကုပ် ထက်ကြီးမြတ်လို့ လား?။   ဒီရေတွင်းက  အဘိုးယာကုပ် ရဲ့အမွေဖြစ်ပြီး  သားစဉ်မြေးဆက်မက   တိရစ္ဆာန်တွေမကျန် ဒီနေ့ အချိန် ထိသောက် သုံး နေကြတာ။  ဒီထက်ကောင်းတဲ့ ရေကို  ပေးနိုင်လို့ လားလို့ ယေရှုကိုမေးပါတယ်။    ယေရှုပြန်ပြောလိုက်တာကတော့   “ဒီရေကိုသောက်တဲ့ လူတွေက  နောက်တစ်ခါရေထပ်ငတ်အုံးမယ်။    ဒါပေမယ့် ငါပေးတဲ့ ရေကိုသောက်တဲ့  လူက  ဘယ်တော့ မှ  ရေမငတ်တော့ ဘူး” ဆိုသတဲ့ ။  ဒီနေရာကိုလာပြီးရေမခပ်ရတော့ ဘူး နောက်ထပ်လည်းမငတ်တော့ ဘူးဆိုရင် အဲဒီရေကိုပေးပါဆိုပြီး ရှမာရိ အမျိုးသမီးကလှိုက်လှိုက်လှဲလှဲတောင်းပါတယ်။

ဒါနဲ့ ယေရှုကလည်း ဒီအကြောင်းတွေကိုသူ့ လင်တွေဆီအရင်သွားပြောပါလို့ ခိုင်းပါတယ်။  ဒါပေ မယ့်  အမျိုး သမီး ကကျမမှာလင်မရှိပါဘူးလို့ ပြန်တုန့် ပြန်လိုက်တော့   သူ့ မှာ လင်င်္ယျေားငါးယောက် ရှိခဲ့  ဖူးတဲ့အကြောင်းနဲ့ ယခုလက်ရှိ    လင်သည်လည်း လင်မဟုတ်ကြောင်း သူ့ ရဲ့  အကြောင်း  ယေရှုက  စုံစုံလင် ထုတ်ဖော် လိုက်ပါတယ်။ သူ့ အကြောင်းတွေကို သိနေတော့  ဒီလူက  ပရောဖက် ပဲဖြစ်ရမယ် ဆိုတာ အမျိုးသမီး သိလိုက်ပြီမို့  သူ့ ရင်ထဲမှာ နာတာရှည် မွန်းကြပ်စေပြီး အရမ်းသိလိုတဲ့မေးခွန်း  ကိုထပ်မေးလိုက်ပါတယ်။ “ဒါဆိုရင်ကျမတို့ ရှမာရိအနွယ်တွေ ဘိုးဘေးခေတ် ကတည်းက တောင်ပေါ် မှာကိုးကွယ်ခြင်းလုပ်တာကို ဘာဖြစ်လို့ ဂျူးတွေက ယေရှုရှလင် မှာပဲကိုးကွယ် ရမယ်လို့ ပြောတာလဲ?”။

ဒီမေးခွန်းကိုယေရှုကဒီလိုဖြေလိုက်ပါတယ်။ “ တောင်ပေါ်ကိုလည်း သွားစရာမလို ယေရုရှလင်ကိုလည်း မသွားပဲနဲ့  ကိုးကွယ်ရမယ့် အချိန်ရောက်နေပါပြီ” လို့ ။ ဘုရားသခင်က နံဝိညာဉ်ဖြစ်တယ်။ ကိုးကွယ်တဲ့ လူတွေလည်း နံဝိညဉ်နှင့် ၎င်း၊ သစ္စာနှင့် ၎င်း ကိုးကွယ်ဖို့ ဘုရားသခင် အလိုတော်ရှိကြောင်းကို လည်း ယေရှုကပြောသွားပါတယ်။ အဲဒီတော့ ရှမာရိအမျိုးသမီးက ခရစ်တော်လို့ ခေါ်တဲ့ မေရှိယ လောကကိုလာ မယ်ဆိုတာကျမသိပါတယ်။ သူလာရင်ဒီအကြောင်းတွေအကုန်ဖွင့် ပြောပါလိမ့် မယ်လို့ ပြောလိုက်တဲ့ စကားသံ ကြောင့်  ငါကမေရှိယပဲလို့ယေရှုက ရှမာရိအမျိုးသမီးကိုပြန်ပြောလိုက်ပါတယ်။

ချက်ချင်းဆိုသလို  ဝမ်းသာအားရပီတိဖြစ်ပြီးတော့  အသက်စမ်းရေအကြောင်းဂုဏ်သတင်းပြောဖို့ သူသယ်လာတဲ့ ရေဘူးကိုပစ်ထားပြီး မြို့ ထဲကို ရှမာရိအမျိုးသမီး  ထွက်သွားပါတယ်။ သူရလိုက်တဲ့ ဘယ် တော့ မှမဆာငတ်တော့ မယ့်  အသက် စမ်းရေ က ကိုယ်ခန္ဒာအတွက် လိုအပ်တဲ့ ရေမဟုတ်ပါဘူး။ တစ်နေ့ တစ်နေ့  ရေခပ်ဆင်းလာရတဲ့သံသရာ ဘဝကိုမေးပျောက် ရလောက်အောင် ငြိမ်သက်ခြင်း ကိုလွှမ်းခြုံစေတဲ့ အသက်စမ်းရေက သူမျှော်  လင့် တောင်းတခဲ့ တဲ့ မေရှိယဟာ ယေရှုဖြစ်ကြောင်း ကိုသိနားလည်ပြီး လက်ခံယုံ ကြည် လိုက်ခြင်းသာဖြစ်ပါ တယ်။

ဒီနေ့  အရမ်းအဆင်ပြေပါတယ်ဆိုတဲ့  သောက်ရေစင် (Water Fountain) တွေထက်ပိုအဆင်ပြေစေ
တာက သခင်ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။  ကိုယ့် စိတ်နှလုံးထဲမှာ  ယုံကြည်လက်ခံ လိုက်ရုံနဲ့ ရေငတ် မွတ်ခြင်းမှကင်းလွှတ်စေမယ့်  ထာဝရအသက်စမ်းရေဖြစ်ပါတယ်။

ပီတာလင်း..၂၀၁၁ ခရစ္စမတ်အမှတ်တရ
ဒီဇင်ဘာ ၁၆. ၂၀၁၁

No comments:

Post a Comment