Monday, December 19, 2011

အချစ်ဆိုတာ

အချစ်ဆိုတာ လက်ထဲဆုပ်ကိုင်ထားတဲ့ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်လေ လက်ကြားထဲက လျှောကျလေ..

အချစ်ဆိုတာ ကြွေထည်နဲ့တူတယ်။ အလွယ်တကူ ကွဲအက်နိုင်တယ်။ ဂရုတစိုက်နဲ့ သာသာလေးကိုင်တွယ်ရတယ်။

အချစ်ဆိုတာ ကော်ဖီနဲ့တူတယ်။ ခါးတယ်၊ ဖန်တယ်၊ ချိုတယ်။ များများသောက်ရင် စိတ်လှုပ်ရှားပြီး အိပ်ရေးပျက်တယ်။

အချစ်ဆိုတာ ဥယျာဉ်ခြံနဲ့တူတယ်။ ဥယျာဉ်ခြံထဲမှာ နှင်းဆီပန်းရှိတယ်။ ရှားဇောင်းပင်ရှိတယ်။

အချစ်ဆိုတာ လမင်းကြီးနဲ့တူတယ်။ ဝိုင်းစက်တဲ့ လပြည့်ရက်ရှိသလို၊ ကွေးကောက်တခြမ်းပဲ့တဲ့ လကွယ်ရက်လည်းရှိတယ်။

အချစ်ဆိုတာ စကားလုံးမပါတဲ့ ကျမ်းစာတစ်အုပ်နဲ့တူတယ်။ စိတ်ပါဝင်စားနဲ့ နှစ်ယောက်အတူဖတ်ရူမှ နားလည်နိုင်တယ်။
.

No comments:

Post a Comment