Showing posts with label ဟာသများ. Show all posts
Showing posts with label ဟာသများ. Show all posts

Sunday, December 4, 2011

ဒူးအထိပါ ဟာသ

(၁)
တစ်နေ့မှ မိန်းကလေးတစ်ယောက်က တက္ကစီငှားဖို့ ဖုန်းဆက်သတဲ့။
မိန်းကလေး .... ဟလို ကျွန်မ +++ လမ်းထိပ်မှာပါ။တက္ကစီတစ်စီး လွတ်ပေးလို့ရမလား?
တက္ကစီသမား .... ဟုတ်ကဲ့.. ခင်ဗျား ဘာအဝတ်အစား ဝတ်ထားသလဲ?
မိန်းကလေး ... အဖြူရောင်အင်္ကျီနဲ့ အပြာရောင်စကပ်ပါ
တက္ကစီသမား ... ဘယ်အထိလဲ? (ဘယ်အထိ ပို့ရမလဲ?)
မိန်းကလေး... ဒူးအထိပါ
တက္ကစီသမား... =!=

(၂)
ဆရာဝန်က ညည အိပ်မပျော်တဲ့ မောင်မောင်ကို တစ်ကနေ တစ်ထောင်အထိရေပြီး အိပ်ကြည့်ပါလို့ အကြံပေးတယ်။ နောက်တစ်ရက်မှာ မျက်ကွင်းညိုကြီးနဲ့ ဆေးခန်းကို မောင်မောင်ပြန်ရောက်လာတယ်။
ဆရာဝန်.... ဘယ်လိုဖြစ်တာလဲ?
မောင်မောင်... ညက ကျွန်တော် ၇၅ဝအထိပဲရေပြီး ဆက်မရေနိုင်တော့လို့ ကော်ဖီတစ်ခွက် ထသောက်ပြီး တစ်ထောင်အထိ ရေလိုက်တယ်။

(၃)
သားသမီးတွေက အမေများနေ့ကိုပဲ အမှတ်ရကြပြီး အဖေများနေ့ကို မေ့နေကြလို့ ဖခင်တစ်ဦးက စိတ်ပျက်အားငယ်နေမိတယ်။ တစ်ခါက ၈ ရက် ၈ လ အဖေများနေ့မှာ ဖခင်က အိမ်သားတွေနဲ့ ညနေစာအတူစားနေတယ်။
အဲဒီအချိန်မှာ သားငယ်က ရုတ်တရက်ထပြီး ရေခဲသေတ္တာကို သွားဖွင့်တယ်။ ရေခဲသေတ္တာထဲ တစ်ခုခုယူဟန်နဲ့ အဖေကို လှမ်းမေးလိုက်တယ်။ သား.... ဖေဖေ .. ဒီနေ့ ဘာနေ့လဲ သိလား?
ဖခင်ရင်ထဲ ထိတ်ခနဲ့ဝမ်းသာသွားတယ်။ အဖေများနေ့မှာ သူ့ကိုတစ်ခုခု အံ့သြအောင် သားလုပ်တော့မယ်အထင်နဲ့ အားရဝမ်းသာ.. "ဒီနေ့ ၈ ရက် ၈ လလေ" လို့ ပြန်ပြောလိုက်တယ်။ သားဆီက စိတ်ပျက်လက်ပျက် ပြန်ကြားလိုက်ရတဲ့ အသံက
"ဟာကွာ.... ဒီနွားနို့ ဒိတ်လွန်သွားပြီ" ဟူတည်း။
(ဒီဟာကတော့  ဟာသဆိုတာထက် သတိမူသင့်တဲ့အဖေများနေ့ကို အမှတ်ရစေတယ်လို့ကျွန်တော်ထင်ပါတယ်)

Monday, June 20, 2011

ရယ်ကြရအောင်..ဟားဟာဟ

အင်တာဗျူး

ကုမ္ပဏီတစ်ခုမှာ “ အရောင်းဝန်ထမ်း ” အလိုရှိသည် လို့ကြော်ငြာထားတဲ့အတွက် လူငယ်တစ်ယောက်အလုပ်လာလျှောက်ပါတယ် ။

ဒီမှာ ကုမာဏီတာဝန်ခံက ခုလိုမေးမြန်းပါတယ် ။

  “ မောင်ရင် မုသားပြောတတ်သလား ”

  “ ဟုက်ကဲ့ ….. လိုအပ်ရင် ပြောတတ်ပါတယ် ခင်ဗျ ”

  “ မုသားပြောတတ်တဲ့လူတွေ ဘယ်ရောက်တတ်တယ်ဆိုတာကိုကော မောင်ရင်သိရဲ့လား ”

  “ ဟုက်ကဲ့ … ရာထူးတိုးပြီး အရောင်းဠာန ကို အပို့ခံရတတ်ပါတယ် ခင်ဗျ ”

ဖုံးထားပါတယ်

သားဖွားမီးယပ်ဆိုင်ရာ သင်ကြားပြသတဲ့ သင်တန်းက သင်တန်းဆရာတစ်ဦးဟာကိုယ်ဝန်ဆောင်များကို ကလေးမွေးဖွားခြင်းကိစ္စနဲ့

ကိုယ်ဝန်ဆောင်မိခင်ကောင်းများအနေနဲ့ ၊ တီဗွီမှန်သားပြင်ပေါ်က ပြသလျက်ရှိတဲ့ ထိတ်လန့်ကြောက်ရွံ့စရာတွေ ၊ အထိုးအကြိတ

်အသတ်အဖြတ်တွေပါတဲ့ ဇာတ်ကားတွေကိုကြာကြာကြည့်ရင် မွေးဖွားလာတဲ့ ကလေးတွေရဲ့ ကိုယ်အမှုအရာ ၊ စိတ်အမှုအရာတွေ

ကြမ်းတမ်းစေတယ်လို့ဆိုပါတယ် ။

ဒီမှာ ကိုယ်ဝန်ဆောင်မိခင် ၊ သင်တန်းသူတစ်ဦးက ခုလိုထပြီးပြောပါတယ် ။

 “ အဲဒါကြောင့်မို့ပေါ့ ၊ ကျွန်မဆိုရင် ကွန်ဖူးသိုင်းကားတွေကြည့်တိုင်းဗိုက်ကိုအမြဲတမ်း စောင်နဲ့ဖုံးကွယ်ပြီးမှ ကြည့် ပါတယ် တဲ့ ။ ”

တော်တော်ဟုတ်တဲ့ ဖုန်းဖြေစက်


“ဖုန်းဖြေကြားပေးဖို့ အိမ်မှာတစ်ယောက်မှမရှိကြပါဘူးရှင့် ။ဒါကြောင့်မို့လို့လူကြီးမင်း အသံကြားရရင် မှာချင်တဲ့စကားကိုချန်ထားခဲ့ပါ ။

ဒါပေမဲ့ တကယ်လို့များ ရှင်သာဖောက်ထွင်းသမားတစ်ဦး ဆိုရင်တော့ကျွန်မတို့ အပြင်ကိုလုံးဝထွက်ကြမှာမဟုတ်ပါဘူးရှင့် ။

ရှင့်ဆီက ဖုန်းလက်ခံနေစဉ်မှာ … ကျွန်မတို့ ပစ္စတိုတွေကို ရှင်းလင်းသုတ်သင်နေကြမှာပါ ။”

ဆရာမနဲ့ရွှေအ

နယ်က မူလတန်းကျောင်းတွင်ဆရာမက ကျောင်းသားရွှေအကိုမေးခွန်းတစ်ခုမေးသည် ။

ဆရာမ  -   “ ၁ နဲ့ ၂ ပေါင်းရင် ဘာဖြစ်သလဲ ရွှေအ ”

ရွှေအ    -   “ ရောသွားပါတယ် ဆရာမ ”

စိတ်ရှည်ဖို့လိုတယ်

ခင်ပွန်း    -  “ အဲဒီခွေး ၊ မင်းစကားနားထောင်အောင်လုပ်ဖို့ အောင်မြင်မယ် မထင်ဘူးကွာ ”

ဇနီး        -  “ အဓိပာယ်မရှိလိုက်တာ ၊ စိတ်ရှည်ဖို့သာ အဓိကရှင် ၊ ရှင့်တုန်းကလည်း အစတော့ကျွန်မ ဒုက္ခအများကြီးကြုံခဲ့ရတာပါပဲ ။ ”

ဘယ်လောက်ချစ်လဲ

ယောကျာင်္းလေး -  “ ကိုယ့်ကိုချစ်လားဟင် ”

မိန်းကလေး      -  “ ချစ်တာပေါ့ ”

ယောကျာင်္းလေး -  “ ဘယ်လောက်ချစ်လဲ ? ”

မိန်းခလေး       -   “ အရင်လူတွေထက်ပိုချစ်တယ် ”

သနားလို့

မောင်မောင်က “ မင်း ငါနဲ့ချရမှာကြောက်နေတယ် မဟုတ်လားကွ ” ဟုလှောင်ပြောင်လေသည် ။

ကျော်ကျော်     “ မဟုတ်ဘူးကွ ”  ဟုပြန်အော်လိုက်သည် ။

“ ဒါဆိုရင် မင်းဘာလို့ မချတာလဲ ”

“ ငါအမေက စိတ်ဆိုးပြီး ကျောပြင် ဗြောတင်မှာစိုးလို့ကွ ”

“ မင်းအမေက ဘယ်လိုလုပ်ပြီး သိမှာလဲ ”

“ မင်းကိုသူနာပြုကားက ဆေးရုံခေါ်သွားတာကို သူမြင်မှာပဲလေ ”
သူ့အတွေးနဲ့သူ

စိတ်ရောဂါကု ဆရာဝန်က သူ့လူနာကို ခုလိုမေးခွန်းထုတ်လိုက်ပါတယ်။

  “ ခင်ဗျားရဲ့ ဘယ်ဘက်နားရွက်ကိုကျွန်တော်ဖြတ်လိုက်ရင် ဘာဖြစ်သွားမလဲ ”

  “ ကျွန်တော် ဘယ်ကြားတော့မှာ လဲ ဆရာ ”

  “ ဒါဖြင့် ကျန်တဲ့ညာဘက်နားရွက်ပါ ဖြတ်လိုက်ရင်ကော ”

  “ ကျွန်တော် မမြင်ရတော့ဘူးပေါ့ ဆရာ ”

စိတ်ရောဂါကု ဆရာဝန်ဟာ တအံ့တသြဖြစ်သွားပါတယ် ။ ဒါနဲ့လူနာကို ထပ်မေးလိုက်ပါတယ် ။

  “ ဘာဖြစ်လို့ မမြင်ရမှာလဲ ”

  “ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မျက်မှန် ပြုတ်ကျသွားလို့ပေါ့ ဆရာ ” တဲ့

မှားတဲ့အခါလည်း မှားပေမပေါ့

ဆရာဝန်တစ်ဦးနဲ့ ရှေ့နေတစ်ဦးဟာ အရေးကြီးတဲ့အမှုတစ်ခုအတွက်သက်သေခံဖို့ရောက်ရှိလာကြပါတယ် ။

ရုံးမှာ အတူဆုံကြရင်း စကားလက်ဆုံကျကြပါတယ်။

ရှေ့နေ   -  “ ဆရာဝန်တွေလည်း တစ်ခါတစ်ရံမှားတတ်ကြပါတယ် ။ ဟုတ်တယ် မဟုတ်လား ။ ”

ဆရာဝန် -  “ ရှေ့နေတွေလည်း မှားတတ်ကြတာပါပဲ ဗျာ ….။ ”

ရှေ့နေ   -  “ ဒါပေမဲ့ ဆရာဝန်တစ်ယောက်မှားသွားရင် အဲဒီအမှားဟာ မြေကြီးအောက် ခြောက်ပေလောက်ထိရောက်သွားနိုင်တယ်နော ။ ”

ဆရာဝန် -  “ ဟုတ်ပါတယ် …။ဒါပေမဲ့ ရှေ့နေတစ်ယောက် မှားသွားခဲ့ရင် လေထဲမှာ ခြောက်ပေလောက်တွဲလောင်းကြီးဖြစ်သွားနိုင်တယ်ဗျာ … ။ ”

ဒီလိုကြေးလား

ကျောင်းကပြန်လာတဲ့သားရဲ့နဖူးမှာ “ ယနေ့ည မိဘဆရာအသင်း အစည်းအဝေးရှိသည်” ဆိုတဲ့စာတမ်းကိုတံဆိပ်တုံးရိုက်နှိပ်ပေးလိုက်တာတွေ့ရပါတယ် ။

ဒီတော့ ဖခင်ဖြစ်သူဟာ စိတ်ဆိုးသွားပြီး နောက်နေ့ သူသားကျောင်းသွားခါနီးတော့ သူ့သားရဲ့နဖူးမှာ “ မည့်သည့်စာမှမရေးရ ”

ဆိုတဲ့စာတမ်းကို တိပ်နဲ့ကပ်ပေးလိုက်ပါတယ်


စိတ်ငြိမ်ဆေးစားပါ ဒေါက်တာ

ဆေးရုံတစ်ရုံ ပြင်ပလူနာဌာနမှာဖြစ်ပါတယ် ။ သူနာပြုဆရာမက တာဝန်ကျ အမျိုးသားဆရာဝန်ကို ခုလိုသတိပေးစကားပြောပါတယ် ။

 “ ဒေါက်တာ ….. စိတ်ငြိမ်ဆေးတစ်လုံးလောက် စားထားရင် ကောင်းမယ်ထင်ပါတယ် ဒေါက်တာ ”

 “ ဗျာ ….. ဘာဖြစ်လို့လဲဆရာမ ”
 “ ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ အမျိုးသမီးတစ်ယောက်ရောက်နေလို့ပါဒေါက်တာ ။သူ့အချိုးစားက ၃၆-၂၂-၃၈ မို့ပါ ”

ဒါဆိုအိုကေ

ရှေ့နေ စာမေးပွဲအောင်ပြီးခါစသူငယ်တစ်ဦးဟာ ဥပဒေလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ဖို့ လာရောက်လျှောက်ထားခဲ့ပါတယ်။

အင်တာဗျူးမှာ လုပ်ငန်းရှင်က ခုလိုမေးခွန်းထုတ်ပါတယ် ။

“ မင်း သိရှိနားမလည်မှု မရှိသေးတဲ့ အကြောင်းကိစ္စနဲ့ပတ်သက်ပြီးအမှုသည်က လာရောက်ဆွေးနွေးလာရင် မင်း ဘယ်လို လုပ်မလဲ ပြောစမ်း ”

“ ကျွန်တော် စရံငွေအဖြစ် ငွေတစ်သာင်းခွဲလောက် အရင်တောင်းမယ် ပြီးတော့ နောက်နေ့လာဖို့ ချိန်းလိုက်မယ် ”

“ အိုကေ မင်းကို အလုပ်ခန့်လိုက်ပြီ ”

ဒီလိုလူမျိုးမှ

စီးပွားရေးလောကမှာ နာမည်ကောင်း သိပ်မရတဲ့ ကုမဏီတစ်ခုက စာရင်းကိုင်အလုပ်ခန့်ထားဖို့ လျှောက်ထားသူတွေကို လူတွေ့စစ်မေးခဲ့ပါတယ် ။

သူက လူတစ်ဦးစီကို “ နှစ်နဲ့နှစ်ပေါင်းရင် ” ဘယ်လောက်ရမလဲ လို့မေးပါတယ် ။ပထမလူက “ လေး ” ရတယ်လို့ဖြေပါတယ်။

ဒုတိယလူကလည်း “ လေး ” ရတယ်လို့ပဲဖြေပါတယ် ။ တတိယမြောက်လူကျမှာပဲ အလုပ်ရသွားပါတော့တယ် ။

“ နှစ်နဲ့နှစ်ပေါင်း ဘယ်လောက်လဲ ” လို့ မေးတော့ ၊ တတိယလူက ထရပ်ပြီး တံခါးထပိတ် ၊ လိုက်ကာတွေကို ဆွဲစေ့လုပ်ပါတယ်။

ပြီးမှ စားပွဲဆီပြန်လာပြီ ကိုယ်ကိုညွတ်ကိုင်းကာ ခုလိုပြန်မေးခဲ့ပါတယ် ။     
“ဆရာ ဘယ်လောက်ဖြစ်စေချင်ပါသလဲ ခင်ဗျာ”
 

Wednesday, March 30, 2011

နုတ်ခမ်းမွှေးရှိပြီးသား ဟာသ

၁။ ချစ်လိုက်တာ

                "ခင့်ကိုလေ မောင်က အသည်းထဲ အူထဲက စွဲစွဲမြဲမြဲ ချစ်နေမိပြီ ခင်ရယ်"
                "ရှင်တော်တော် ခေါင်းမာပါလား၊ ရှင်ကို
ပြန်မချစ်နိုင်ဘူးလို့ မနေ့ ကျွန်မ အပြတ်ပြောလိုက်ပြီလေ"
                "အော်...မနေ့က ငြင်းလိုက်တာ ခင်ဗျားကို"


၂။ စဉ်းစာရခတ်တယ်

               "ဟေကောင် သိန်းထီပေါက်တာ မင်းမိန်မကို ဘာလို့မပြောလဲ၊
သူပျော်ရမဲ့ ဟာကို"
               "ဘယ်က ပိုက်ဆံရလို့ ထီထိုးတာလဲလို့ မေးရင်ဘယ်လိုဖြေမလဲ"

၃။ ကူညီသူများ

              သူငယ်ချင်းမ နှစ်ယောက် စကားပြောနေကြသည်။
                 " ဂျွန်ကို မမေ့နိုင်အောင် ကူညီတဲ့ အတွက် ဂျင်မီကို
အိုင်သိပ်ကျေးဇူးတင်တာပဲ"
                 " ဂျွန်ဆိုတာ ဘယ်သူလဲ "
                 " ဂျက်ကို မမေ့နိုင်အောင်ကူညီခဲ့တဲ့လူလေ"

၎။ ကွားချားချက်

              ဆရာမကမေးသည်။
                 " " အိမ်" ဆိုတဲ့နာမ်ပုဒ်နဲ့ " ကျောင်းသား "
ဆိုတဲ့နာမ်ပုဒ် ဘယ်လို ကွာခြားမှုရှိလဲ "
              တစ်တန်းလုံး ငြိမ်နေကြသည်။ နောက်ဆုံးတွင် ပီတာလေး ထပြီးဖြေသည်။
                 " အိမ် က ပိုကြီးပါတယ်"

၅။ အကြံပေတာပါ

            " မြို့နယ် မီးသတ်ကပါလား"
            " ဟုတ်ပါတယ်"
            " ခင်ဗျားတို့ ဆီမှာရေရှိလား "
            " ရှိပါတယ်၊ ဒါနဲ့ဘာ ဖြစ်လို့လဲ၊ မီးလောင်လို့လား"
            " မလောင်ပါဘူး၊ ခြေထောင်ဆေးပြီး အိပ်တော့လို့ပြောမလို့ပါ"
ဟုတစ်ဖက်ကပြောပြီး ဖုန်းကိုချသွားတော့သည်။

၆။ ပြောတော့မှ လာမယ်

           ဆရာဝန်က လူနာကို အကြာကြီး စမ်းနေသည်။
             " နားကိုမလည်ဘူး၊ ဘာရောဂါမှ အစရှာလို့မရဘူး၊ ဧကန္တ
အရက်ကြောင့်ပဲထင်တယ်"
             " ဒီလိုဆိုကောင်းပါပြီ ဒေါက်တာ၊ ဒေါက်တာ အမူးပြေမှ
နောက်တစ်ခေါက် လာခဲ့ပါ့မယ်"

၇။ ရှူး.....တိုးတိုး

           " သူငယ်ချင်း... မီးအာမခံလုပ်ထားတဲ့ မင်းအိမ်
မီးလောင်သွားတယ်လို့ ကြားတယ်၊ ဟုတ်လား"
           " ရှူး...တိုးတိုး၊ မလောင်သေးဘူးကွ၊ သာဘက်ခါမှ"

၈။ သူဋ္ဌေး

           " ခင်ဗျားမှာ ဘာလို့ မော်တော်ကား မရှိတာလဲ၊ ငွေတွေ
အများကြီးရှိရဲ့သားနဲ့ဗျာ "
           " ဒါကြောင့်လဲ ငွေတွေ များနေတာပေါ့"

၉။ ခွေးလိမ္မာ

           " ကျွန်တော့်ခွေးယာ သိပ်လိမ္မာတဲ့ကောင်ဗျ၊ မနက်တိုင်း သတင်းစာယူပေးတယ်။"
           " ဒါများအဆန်းလုပ်လို့ ၊ ခွေးတွေတော်တော် များများဒီလိုဘဲ
ကိုယ့်သခင်အတွက် သတင်းစာယူပေးနေကြတာပဲ့"
           " မဟုတ်ဘူးလေ၊ ကျုပ်က သတင်းစာ လပေးယူတဲ့ လူမဟုတ်ဘူးဗျ"

၁၀။ ရှိပြီးသား

         " အုပ်ချုပ်ရေးမှုးခင်ဗျာ၊ ဧည့်သည်တစ်ယောက်ရောက်နေပါတယ်၊ သူမှာ
နုတ်ခမ်းမွှေးနဲ့"
         " သူ့ကိုပြောလိုက်ပါ၊ ကျွန်တော့်မှာ နှတ်ခမ်းမွှေးရှိပြီးသားလို့"

Sunday, February 27, 2011

တွေ့ တွေ့ ပြီးရယ်ကြမယ်ေ နာ်..


(၁)
ဘိုးဘိုးဘွားဘွားတို့ရဲ့ Answer phone


"မင်္ဂလာပါရှင်... ဖုန်းကိုင်မည့်သူမရှိပါသောကြောင့် "ပိ"သံကြားပြီးနောက် သင့်မက်ဆေ့ကိုချန်ထားခဲ့ပါ"

"ပိ...."

အကယ်၍ သင်ဟာ ကျွန်မတို့ရဲ့ သားသမီးဖြစ်ပါက နံပါတ် ၁ကိုနှိပ်ပါ။ ပြီးနောက် သင်ထားခဲ့ချင်သော မက်ဆေ့ကို ၁ မှ ၈ အတွင်းနှိပ်ပြီး ရွေးပါ။

အကယ်၍ မြေးထိန်းဖို့ဆိုရင် ၁ ကိုနှိပ်ပါ။
အကယ်၍ ကားငှားဖို့ဆိုရင် ၂ ကိုနှိပ်ပါ။
အကယ်၍ အဝတ်လျှော်ဖို့၊ မီးပူတိုက်ဖို့ဆိုရင် ၃ ကိုနှိပ်ပါ။
အကယ်၍ ကလေးတွေကို ညအိပ်ညနေထားဖို့ဆိုရင် ၄ ကိုနှိပ်ပါ။
အကယ်၍ ကလေးတွေကို ကျောင်းပို့ဖို့ဆိုရင် ၅ ကိုနှိပ်ပါ။
အကယ်၍ တနင်္ဂနွေနေ့မှာ ထမင်းလာစားမယ်၊ ဒါမှမဟုတ် ထမင်းဟင်းချက်ပို့ရမယ်ဆိုရင် ၆ ကိုနှိပ်ပါ။
အကယ်၍ အခုထမင်းလာစားမယ်ဆိုရင် ၇ ကိုနှိပ်ပါ။
အကယ်၍ ပိုက်ဆံတောင်းဖို့ဆိုရင် ၈ ကိုနှိပ်ပါ။
အကယ်၍ ကျွန်မတို့ကို ထမင်းဖိတ်ကျွေးဖို့ ဒါမှမဟုတ် ရုပ်ရှင်လိုက်ပြဖို့ဆိုရင် စကားပြောပါ။ ကျွန်မတို့ နားထောင်နေပါတယ်....

(၂)
အသစ်ဖွင့်တဲ့သင်တန်းတစ်ခုမှာ အဘိုးအိုတစ်ဦးသွားတက်ခဲ့တယ်။ ဒါကို တတိယတန်းတက်နေတဲ့ ကလေးငယ်တစ်ယောက်က အဘိုးအိုကို "ဘိုးဘိုး.. ဘိုးဘိုး.. ဘိုးဘိုး အသက်ဒီလောက်ကြီးနေပြီ သင်တန်းလာတက်တုန်းလား?" လို့မေးလိုက်တယ်။

"ပညာလို အိုသည်မရှိတဲ့ ငါ့မြေးရဲ့.. ဘိုးဘိုးဒီလောက်အသက်ကြီးတာတောင် ပညာလိုသေးတယ်။ ငါ့မြေး ပိုကြိုးစားရမယ်နော်"

"အင်း..... ဘိုးဘိုးပြောတာ မှန်ပါတယ်။ ဒါပေမယ့် တကယ်လို့ ကျောင်းက အုပ်ထိန်းသူခေါ်ခဲ့လို့ပြောရင် ဘိုးဘိုးဘယ်သူ့ကို ခေါ်မလဲဟင်!"

(၃)
စကပ်တိုတိုဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် အဝတ်လျှော်ဆိုင်မှာ အဝတ်သွားလျှော်တယ်။ အဝတ်လျှော်ဆိုင်ကသူဌေး သူ့စကပ်ကိုပဲ လိုက်ငေးကြည့်နေလို့ ကောင်မလေးဟာ စိတ်တိုတိုနဲ့ ဘာကြည့်တာလဲလို့ မေးလိုက်တယ်။ သူဌေးက နားမလည်ဟန်နဲ့ ပြောလိုက်ပါတယ်။

"နင့်စကပ်က ငါတို့ဆိုင်မှာလျှော်ရင်း ကျုံ့သွားတာတော့မဟုတ်ပါဘူးနော်"

(၄)
တစ်နေ့မှာ မြွေနှစ်ကောင် မျက်နှာချင်းဆိုင်မိကြတယ်။ မြွေငယ်က မြွေကြီးကို မေးတယ်။

"ကိုကြီး.. ကိုကြီး... ကျွန်တော်တို့ ကိုယ်ပေါ်မှာ အဆိပ်ရှိလား!"

"မင်း.. မေးစရာမရှိ လျှောက်မေးနေတာ ဘာလို့လဲ?"

"ခုနားက ကျွန်တော်သတိမထားမိဘဲ ကိုယ့်လျှာကိုယ် ကိုက်လိုက်မိလို့ပါ ကိုကြီး"


တွေးတွေးပြီး ရယ်ရအောင် အင်တာနက်ပေါ်က ရှာဖွေဘာသာပြန်ပါသည်။

နိုင်းနိုင်းစနေ

Tuesday, February 22, 2011

မမ အတွက်

ကျွန်တော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။
အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့
ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။ မမနဲ့
နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့
ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ်
မိုးတွင်းတုန်းက မမစီးတဲ့ကား ကျွန်တော့်အနားက ဖြတ်သွားတုန်း ပုဆိုးကို
ဗွက်စင်သွားတာပဲ ရှိပါသေးတယ် မမရယ်။

နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။
ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့
သွားလေးတွေကို မြင်ယောင်တယ်။ ကျောင်းကားဆရာ ဦးလေးကြီး ကွမ်းချိုးတက်နေတဲ့
သွားတွေနဲ့ ပြုံးပြတိုင်း မမရဲ့ သွားလေးတွေ ဒီလိုမဟုတ်ပါလား
လို့မြင်ယောင်ပြန်တယ်။ မမဟာ ကျွန်တော့်ရင်ထဲ အမြဲရှိပါတယ်။ ဒီနေ့
ကြက်သားအာလူး ချက်တာတောင် မမအတွက်ဆိုပြီး ကျွန်တော် အာလူးတစ်လုံး
ချန်ထားမိတယ်...

မမနဲ့ နီးဖို့ ကျွန်တော် အဆင့်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်အောင်၊ သူငယ်ချင်းတွေရဲ့ ရွာကို
လိုက်လည်တိုင်း ထန်းပင်တက် သင်နေပါတယ် မမ။ တကယ်တော့ ဟိုး မိုးပေါ်
လေယဉ်ပျံထဲက ခြေသုတ်ဖုံလို မမရဲ့ ဘဝဟာ မဟာအဝီစိ ငရဲ အောက်ဆုံးမှာ ဒေဝဒတ်
ဖင်ခုထိုင်တဲ့ ခွေးခြေခုံလို ကျွန်တော့် ဘဝက လက်လှမ်း မမီနိုင်အောင်
မြင့်မားလှပါတယ်ဗျာ။ စွဲလန်း တတ်လိုက်ပုံများ မမကို လွမ်းလို့
ကိုရီးယားကား မကြည့်ဖြစ်တာတောင် သုံးရက်ရှိပြီပေါ့။

အိပ်မက်တွေများ ဆန်းလိုက်တာ။ ညက ကျွန်တော် နဲ့ မမနဲ့ လူတစ်အုပ်နဲ့ ကုလားကားထဲကလို ကကြတယ်တဲ့။
မမ ဆာရီများ လေထဲ လွင့်နေလိုက်တာ လွှားခနဲ လွှားခနဲပဲ။ မမနဲ့ ကျွန်တော် နှစ်ယောက်တည်း
(လူအုပ်က ဘယ်ပျောက်သွားတယ်မသိ) သစ်ပင် တစ်ပင်ကို ဝိုင်းကြီး ပတ်ပတ်
လုပ်နေတုန်း အိပ်မက်က လန့်နိုးသွားတော့ နံရံမှာ ကပ်ထားတဲ့ ပိုစတာထဲက
သက်မွန်မြင့်က မျက်စေ့မှိတ်ပြတယ်။ မမကို သတိရရတဲ့အထဲ သက်မွန်မြင့်က
တမှောင့်။ ခက်ပါတယ်။

မမကို လွမ်းလွန်းလို့ ထမင်းမစားနိုင်တာနဲ့ ဒံပေါက်ချည်း ဝယ်စားနေရတာ နှစ်ရက်တောင် ရှိပြီ။
ညဖက်ဆိုလည်း မအိပ်နိုင်လို့ မနက်မိုးလင်းမှပဲ တစ်နေကုန် အိပ်နေရတယ်။
လွမ်းလွန်းလို့ မယ်ဒလင်တီးတော့လည်း ဘေးအိမ်က အလိုက်ကန်းဆိုး မသိတဲ့ လူက၊
သူ့အဖွား နေမကောင်းလို့ မတီးပါနဲ့တဲ့။ ဒီနေ့လည်း လွမ်းလွမ်းရှိတာနဲ့
ခိုတွေကို ဆန်ကျွေးပြီး လေးခွနဲ့ ပစ်နေမိတယ်။ မမနဲ့ တွေ့မှ ကြော်စားဖို့
ကြောင်အိမ်ထဲ ထည့်သိမ်းထားတယ်။

မမရယ်၊ ကျွန်တော်ရယ်၊ မုန်လာဥရယ်။ သောင်ပြင်မှာ လွှတ်တဲ့ ရွှေဟင်္သာလို ဖတ်လတ် ဖတ်လတ်နဲ့။
လက်ဆေးရေ တစ်ပုံးတည်းနဲ့ ရောင်းတဲ့ ဝက်သားတုတ်ထိုး အထမ်းသည်လို အနာဂတ်တွေ
အရသာပိုကောင်းခဲ့ကြတယ် ။ ဆီးရောဂါ ဖြစ်နေတဲ့ ဆောင်းတွင်းလို ကျွန်တော်တို့
ကြားမယ် နှင်းတောင် မကျနိုင်ခဲ့ဘူး ဆိုတော့လည်း... နှလုံးသား ဆိုတာများ
ကျောပိုးအိတ်လေးထဲမှာ ရှိခဲ့ရင် ဒီဖက်ကို ကမ်းပေးကြည့်ပါ မမရေ။

ဂျင်ပေါက်သလို တစ်ယောက်ယောက် စည်းဝိုင်းအပြင်ထွက်မှ ပွဲက သိမ်းကြမှာလား မမ။
နှလုံးသားလည်း မောလွန်းလို့ မိုးတွင်းစီး ရာဘာ ဖိနပ်လို ဇွိဇွိ ဇွိဇွိနဲ့။ တရုပ်ပြည်တွင် လုပ်သည်လို့
တံဆိပ်မကပ်ထားပေမဲ့ အစစ်လို့ မကြေညာနိုင်ကြတဲ့ အချစ်တွေ။ ဇာတ်ထဲက မယ်သီတာ့
သမင်တွေလို မမအနားမှာ ယောင်လည်လည် လုပ်နေကြတဲ့ လူလည်ကြီး သားသမီးတွေ
အတွက်၊ ပေါ့လျော့တဲ့ လက္ခဏနဲ့ အတူ၊ ရာမရဲ့ မြားတွေလည်း အပေါင်ဆိုင်
ရောက်ခဲ့ပြန်ပေါ့။

မနေ့က မမကို သတိရနေရင်း ရေခဲချောင်း ဝယ်စားတော့ မမအတွက် ရည်စူးပြီး တစ်ချောင်း ပိုဝယ်လိုက်ပြီးမှ
မမ အနားမရှိနိုင်မှန်း သတိရတယ်။ နှစ်ချောင်းကို တစ်လှည့်စီ လျက်ရင်းနဲ့
မမအတွက် တစ်ချောင်းက အရည်ပျော်ပြီး ပြုတ်ကျသွားတယ်။ မြန်မာကားထဲမယ်
ဓါတ်ပုံပြုတ်ကျပြီး မှန်ကွဲသလိုပဲ နိမိတ် မကောင်းလိုက်တာ။ ကျွန်တော့်ရဲ့
အချစ်အတွက် သက်မဲ့ ရေခဲချောင်းလေးတောင် စတေးရရှာတယ်။ နောက် ကြုံမှ
ကျွန်တော့်ကို တစ်ချောင်း ပြန်ဝယ်ကျွေးပါ မမ။

ကျွဲရှေ့ ကန်သင်းရိုးပေါ် တက်ပြီး ဘရိတ်ဒန့်စ် ကပြတဲ့ သာဂိလိုပဲ ကျွန်တော့် အချစ်တွေက အရာ မထင်ခဲ့ပါဘူး။
တခါတလေ မမနဲ့ ကျွန်တော်သာ ရိုးသားတဲ့ တောသူတောင်သားတွေဆို အတော်
ပျော်ဖို့ကောင်းမယ်လို့ တွေးမိတယ်။ မမ ရေခပ်ဆင်းရင် ပြီတီတီ အကြည့်နဲ့
(ရေ) အိုး ပင့်ပေးတာတို့၊ ကောက်ရိုးပုံ ရိုးမန့်စ်တို့။ မမဝယ်စားတဲ့
ပီဇာဆိုတာ မရှိပေမဲ့ မနက်တိုင်း ဘိန်းမုန့်စားနိုင်မယ်။ အနည်းဆုံးတော့
ကျီးမနိုးပွဲမှာ မမထဘီ ခိုးပြီး အမှတ်တရ သိမ်းထားလို့ ရတာပေါ့ဗျာ။

အာခိမိဒိက ပြောတယ်။ သူမတ်တပ် ရပ်စရာ တစ်နေရာသာ ပေးပါ။ ကမ္ဘာကို သူရွှေ့ပြပါ့မယ်တဲ့။ ကျွန်တော့်ကို မမရဲ့
အချစ်တွေသာ ပေးပါ။ အာခိမိဒိကို ကျွန်တော် ရွှေ့ပြပါ့မယ်။ အခုများတော့ဖြင့်
မမရဲ့ စိမ်းကားမှုအပေါင်းနဲ့ချည်း ခညောင်းနေလို့၊ မိုးအေးအေးမယ်
ရေဒီယိုဖွင့်တုန်း၊ မောင့်အချစ် မြားစူး... မောင့်အချစ်မြားစူး...
ရူးရပြီကောလေ... ဆိုတဲ့ စိုးစန္ဒာ...ထွန်း အသံကြီး စည်ကနဲ ထွက်လာတော့
ခံစားရလွန်းလို့ ကျွန်တော့်မှာ မျက်ရည်တောင် ဘူးသီးလုံးလောက် ကျနေရပြီ မမရေ ......:))

Saturday, February 12, 2011

ရယ်စရာ လေးတွေ






အမောပြောရယ်ဖို့ 

အမောပြေ ရယ်ဖို့

( ၁ ) “နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို
ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား
အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ
အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို
ထင်ရှားစွာတွေ့မြင်နေရသဖြင့် အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို
အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့်
ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။
အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့်
အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့်
အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။


( ၂ ) “ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊
ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့်
တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြင့်
ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ်
ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ
ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို
ခွေးကျကျခြင်းများဖြစ်တတ်သဖြင့် ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။
ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း
တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။
အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့
အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု
သက်စေ့ကြွေးကြော်ပါ။

( ၃ ) ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏ
အလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင် ထိုင်စရာရတတ်ခြင်းတို့ကြောင့်
အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး” ဟု
အထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ
အသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများ ဆီးသွားရာတွင်
ဇယားကပ်နိုင်သည်။ စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန်
ဆင်တစ်ကောင် ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ
ဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်း ဆေးများ ဆက်တိုက်ဆိုသလို သောက်နေရတတ်သည်။
နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ ဇိမ်မယ်များ၊ ဇီဇာကြောင်သူများ၊
ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ ယတြာအနေဖြင့်
ဇော်ဂျီအဝတ်အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ။


( ၄ ) ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်း
မဟုတ်သဖြင့် ဗုဒ္ဓဟူးသားသမီးများ အလယ်တွင် လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများ
ရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများ လျှမ်းလျှမ်းတောက်
အောင်မြင်အံ့။ လောင်းကစားကြောင့် ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ဝ သောသူများ
ဝိတ်မချနိုင်ပါက ဝက်နှင့်တူလတ္တံ့။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများ
လျက်ဆားပြောင်းရောင်းသင့်သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသော
အိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါက
တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။


( ၅ ) မူယာမာယာများတတ်သော ကြာသပတေး သားသမီးများအတွက် ပြတ်ပြတ်သားသား
ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြင့်
ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင်
ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။
ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊
ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြင့် ဘုရားတရားလုပ်ချိန်တန်ပြီဟု
ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြင့်
ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး
ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို
မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင်
“ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။


( ၆ )သောကြာသားသမီးများ ကြွက်ကလေးများလို တွင်းအောင်းနေရအံ့။
အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာ ထောင်ကျအံ့။
အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင်
သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်း
သစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့်
ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ ကလေးရယ်” ဟု ပြောလာသူရှိပါက
“ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ” ဟု ပြန်ပြောရန်
ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ - တစ်ခုသော သောကြာနေ့တွင် သိက္ခာရှိ
သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု သက်စေ့ရေရွတ်ပါ။


( ၇ ) *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့်
ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြင့် သတိရှိစေချင်သည်။
နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင် တရားရုံးထပ်တက်ရဖွယ်ရှိသည်။
နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ
နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ
နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ
ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း
ထပ်ရရန်ရှိနေသဖြင့် အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ
ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းစားပါ။

e-mail မှ

ဟာသ

*သွားမှဖြစ်မယ်*
ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက
ဖုန်းလှမ်းဆက်သည်။ "ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ
တစ်အိမ်လိုနေလို့" ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ
ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော
ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးသည်။ "ဟိုမှာ တော်တော်လေး
အရေးကြီးနေလို့လား မောင်" ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။ "အရေးကြီးတာပေါ့။
ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"

*ကြောက်သွားပြီ*
သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။ တစ်ယောက်ကပြောသည်။
"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်" အံ့သြသွားသော အခြားသူငယ်ချင်းက
အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေသည်။ "တလောကကွာ။ ငါအပြင်မှာ သောက်တာ
တော်တော်များသွားတယ်။ အဲဒါ အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက
နှစ်ယောက်ဖြစ်နေတယ်လို့ ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက်
ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ထပ်မဖြစ်ချင်တော့ဘူးကွာ"

*နားမလည်ဘူး*
မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။ သားငယ်က အဖေအား လှမ်းမေးသည်။ "ဖေဖေ
မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်" ယောက်ျားလုပ်သူက မိန်းမအား လှည့်ပြောသည်
"တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး"

*စောစောပြန်မယ် *
မိဘချင်း သဘောတူထားပြီး မကြာမီ လက်ထပ်တော့မည့် စုံတွဲတစ်တွဲ အပြင်ထွက်လည်ကြသည်။
နေ့လည်ပိုင်းတွင် စားသောက်ဆိုင်တစ်ဆိုင်၌ ၀င်ထိုင်ကြရင်း အမျိုးသားကမေးသည်။
"ခင်ဗျား အရင်က ထားခဲ့ဖူးတဲ့ ရည်းစာတွေအကြောင်း ပြောပြပါလား" အမျိုးသမီးက
ပြန်ဖြေသည်။ "ဒီနေ့တော့ မပြောပြနိုင်ဘူး။ မေမေတို့ကို ဒီနေ့ မိုးမချုပ်ခင်
ပြန်လာမယ်လို့ ကတိပေးထားတယ်ရှင့်"

*မှတ်ကရော *
အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။
ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။ "မောင် … ခင့်ကို
ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ်
ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့
စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် …" စိတ်မရှည်တော့သော
ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။ "မင်း ခုလို
ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"

*နေလိုလူ*
အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို မိန်းကလေးများ
ဝိုင်းမေးကြသည်။ "ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ" မိန်းကလေးကဖြေသည်။
"ငါ့ယောက်ျားက နေလို ယောက်ျားဟ" သူငယ်ချင်းများက ၀ိုင်းပြောသည်။ "တယ်လဲ
ကောင်းတဲ့ ဥပမာပါလား။ နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ် မြင့်မြတ်တယ်လို့
ပြောချင်တာပေါ့" မိန်းကလေးက ရှင်းပြသည်။ "ဟုတ်ပါဘူးဟာ။ နေဆိုတာ
မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင် ပျောက်သွားတယ်မဟုတ်လား"

*ဧည့်သည် *
လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ
မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။ အပြင်တွင်
ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့
အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။ "ကျုပ်က လူသတ်သမားပဲ။
မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်" ယောက်ျားဖြစ်သူက ထိုလူအား
ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။ "မိန်းမရေ၊ ဟောဒီမှာ
မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"

*ဖိုးကံကောင်း *
လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်း ကံကောင်းကြောင်း
ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။ "ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ
ဘာပြောသေးလဲ" ထီပေါက်သူက ဖြေသည်။ "ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ
ခုထိ စကားမပြောနိုင်သေးဘူး" သူငယ်ချင်းက ပြောသည်။ "ကြည့်စမ်း၊ ကြည့်စမ်း …
ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား"

*ကံကောင်းတဲ့ မောင် *
လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။ သတင်းကြားသဖြင့် ဆေးရုံသို့
လိုက်လာသော ၄င်း၏ဇနီးက ၀မ်းသာအားရပြောသည်။ "မောင်ရယ်၊ ကံကောင်းလိုက်တာနော်။
မနေ့ကပဲ မောင် မတော်တဆမှုအတွက် အာမခံ လုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ
ကားတိုက်ခံရပြီ"

*ပျော်ရှာမယ် *
လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။ အလုပ်မှပြန်လာသော ယောက်ျားအား
မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။ "မောင် လောလောဆယ်
နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ မကြာခင် သုံးယောက် ဖြစ်လာတော့မယ်"
ယောက်ျားဖြစ်သူ၏ မျက်နှာမှာ နူးညံ့ဝင်းထိန်သွားသည်။ ဇနီးသည်အား တယုတယ
ပွေ့ဖက်လိုက်ရင်း ကောင်းတာပေါ့ကွာလို့ တိုးတိုးလေး ပြောသည်။ ဇနီးသည်က
ဝမ်းသာအားရ ပြောသည်။ "မောင်ခုလို သဘောထားမျိုးရှိမှန်း သိလို့ရှိရင်
နောက်အပါတ်ထဲဆို ကျွန်မတို့အိမ်မှာ လာနေမယ့် မေမေတော့ အရမ်းပျော်ရှာမှာပဲ "

*အလေလိုက်တဲ့လူ *
သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ
ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင်
မျောနေလေတော့သည်။ သို့သော်လည်း ကံကောင်းထောက်မပြီး ရေစီးကြောင်းက သူ့အား
ကျွန်းတစ်ကျွန်းသို့ သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင်
တက်လာချိန်တွင် သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို
တွေ့လိုက်ရသည်။ ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက ၄င်းဘာမှမပြောနိုင်ခင်
လှမ်းအော်သည်။ "(၂၄)နာရီလုံးလုံး ပျောက်နေရအောင် …. တော် ဘယ်နားသွားပြီး
အလေလိုက်နေသလဲ ပြောစမ်း"

*မေးသင့်တယ်*
မင်္ဂလာပွဲသို့ မိခင်နှင့်အတူ ရောက်ရှိလာသော ကလေးငယ်က ၄င်း၏မိခင်အား မေးသည်။
"မေမေ … သတို့သမီးက ဘာလို့အဖြူရောင် ၀တ်တာလဲဟင်" မိခင်ဖြစ်သူက
စိတ်ရှည်ရှည်နှင့် ရှင်းပြသည်။ "သြော် … သားရယ်၊ သတို့သမီး အဖြူရောင်ဝတ်တာ
ဝမ်းသာပျော်ရွှင်တဲ့ အထိမ်းအမှတ်အနေနဲ့ ၀တ်ထားတာလေ။ ဒီနေ့က သတို့သမီးရဲ့ဘ၀မှာ
အပျော်ဆုံးနေ့ဖြစ်တဲ့အကြောင်း အဖြူရောင်က ကိုယ်စားပြုတာကွဲ့" ချာတိတ်လေး
ခဏငြိမ်သွားသည်။ ပြီးတော့ သူ့အမေကို တိုးတိုးလေးမေးသည်။ "မေမေ … သတို့သားကရော
ဘာလို့ အနက်ရောင်ဝတ်ထားတာလဲ ဟင်"

*ဘယ်လိုဖြေရမလဲ*
မိဘနှစ်ပါး မင်္ဂလာဆောင်တုန်းက ရေခဲမုန့် အပြန်အလှန် ခွံ့နေကြသော
ဓာတ်ပုံတွေကိုကြည့်ပြီး (၅)နှစ်အရွယ် သားငယ်က မကျေမနပ် မေးသည်။ "အဲဒီတုန်းက
သားကို ဘာလို့ ရေခဲမုန့် ခေါ်မကျွေးတာလဲ" -

Tuesday, February 8, 2011

Master key မာစတာခီး


စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်

ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ ယောက်ျားကောင်း မောင်းမတစ်ထောင်တဲ့။ မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိရင်တော့ မကောင်းတဲ့ မိန်းမ။ ကြေးစားမတဲ့။ အတော်လည်း မတရားတာပဲ။ မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။

အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။

ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။ သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင် မာစတာကီးလို့ ခေါ်တယ်လေ။ သော့ခလောက် တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့ သော့ခလောက် ဖြစ်သွားမှာပေါ့...

Saturday, February 5, 2011

နမ်းတာမနမ်းတာ ခင်ဗျားတို့အပိုင်းပေါ့

တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့လက်ထပ်ြ
ပီးကာစ ဇနီးမောင်နှံဟာ သူတို့နေတဲ့လာရှိုးမြိုကလေးကနေ မန်းတလေးဘက်ကို ကားလေးမောင်းပြီး
အေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့.........ဒီလိုနဲ့မှောင်လဲသွားရော......မေမြို့မှာတင် ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့......တည်းခိုး ခန်းသွားအိပ်တော့.........တည်းခိုခကို တစ်ည ၃၀၀၀၀ ကျပ်နဲ့ သဘောတူလိုက်ကြသတဲ့.....မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့ စောစော အိပ်ယာဝင်လိုက်ကြသတဲ့......မိုးလင်းလို့ မန်းတလေးဘက်ကို ခရီးဆက်မယ်ဆိုပြီး ကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀၀ တောင်းသတဲ့.... ......မောင်ဘတို့ကလည်းမပေးနိင်ဘူးဆိုတော့ မန်နေဂျာကို ခေါ်ရှင်းကြသတဲ့.........

မန်နေဂျာက လည်းဟုတ်တယ် .....၁၂၀၀၀၀ဆိုတော့...ခက်တော့တာပေါ့.........
မန်နေဂျာက ဒီလိုရှင်းပြသတဲ့........
ငါ့တို့တည်းခိုးခန်းမှာ........nightclub တွေ ကာ၇ာအိုကေတွေ........ဘားတွေ........ရှိတယ်.... အဲ့ဒီအတွက်က ၃၀၀၀၀ယူတယ် .....ဆိုတော့..
မောင်ဘကလည်း........ '' ဆရာရယ် ကျွန်တော့တို့> အိပ်ယာတန်းဝင်ကြတာပါ.....nightclub ကိုမသွားပါဘူး" ပေါ့..........
မန်နေဂျာက .......သွားတာမသွားတာမင်းတို့တာဝန်ကွာ.........ငါ့တို့က အဲ့ဒီဟာတွေအတွက်ရင်းနှီးထားရတာမနည်းဘူးကွ......လို့ပြောလိုက်သတဲ့.....

နောက်ထပ် ၃၀၀၀၀ ကျပ်ကကွာ..........ရေကူးတဲ့အတွက်ပေါ့..........လို့ပြောလိုက်တော့...မောင်ဘကလည်း ကျွန်တော်တို့ရေကူးဘို့နေသာသာ
ရေကူးကန်ဘယ်မှာရှိမှန်းတောင်မသိရပါဘူဗျာတဲ့...........
မင်းတို့ရေကူးတာမကူးတာ....ငါ့တာဝန်မဟုတ်ဘူး........မင်းတို့တာဝန်ပါ..ရေကူးကန်အတွက်  အကုန်အကျတွေများတဲ့အတွက်....... အဲ့ဒီအတွက် ပါယူတယ်ကွာ....လို့မန်နေဂျာကပြောလိုက်သတဲ့.....

ဒါနဲ့နောက်ထပ် ၃၀၀၀၀ ကျပ်က Tv , air com ,ရေသန့်ဘူး ဘီယာ ဆတယ်လိုက်...ဂြိုလ်တု ရေခဲသောက်တာတို့အတွက်ပေါ့........လို့မန်နေဂျာက ရှင်းပြပြန်သတဲ့.........
မောင်ဘကလည်း ..........ရေခဲသေတ်တာမပြောနဲ့ ရေသန့်ဘူးတစ်ဘူးတောင်မသောက်ရပါဘူးဗျာလို့ ပြန်ရှင်းပြတာပေါ့..........
မန်နေဂျာကလည်း................သောက်တာမသောက်တာမင်းတို့တာဝန်ကွာ.......ငါတို့က အဲ့ဒီအတွက် အကုန်အကျတွေများတော့ ၃၀၀၀၀ ယူရမှာပဲလို့ရှင်းပြသတဲ့........

မောင်ဘလည်းအကြံထုတ်လိုက်ရတာပေါ့...........ဒါဆိုလည်းရော့ဗျာ ၁၂၀၀၀၀ ကျပ်ဆိုပြီးမန်နေဂျာကို ပိုက်ဆံပေးလိုက်သတဲ့.......မန်နေဂျာကပိုက်ဆံကို  ရေတွက်ကြည့်လိုက်တော့ ၃၅၀၀၀ ပဲတွေ့ရသတဲ့........
မောင်ဘကလည်း " ကျွန်တော့်မိန်းမကို ခင်ဗျားနမ်းခက ....၉၀၀၀၀ ကျတယ်....ခင်ဗျားကို ၅၀၀၀ လျော့ပေးထားတာ " လို့ပြောလိုက်တော့
.မန်နေဂျာကလည်း ရှက်သွားပြီး ငြင်းတော့တာပေါ့......" ခင်ဗျားမိန်းမကို နမ်းဖို့နေနေသာသာ မြင်တောင်မြင်ဘူးတာမဟုတ်ဘူး" ပေါ့...... မောင်ဘကလည်း " နမ်းတာမနမ်းတာ ခင်ဗျားတာဝန်ပါ.......ကျွန်တော့မိန်းမဒီမှာ တစ်ညလုံးရှိနေတာပဲ" လို့ပြောလိုက်သတဲ့............

Monday, January 31, 2011

ဘုရားမကယ်နိုင်တဲ့ ငပျင်းထွေ

ဘုရားမကယ်နိုင်တဲ့ ငပျင်းထွေ

မြို့ အပြင်ဖက် တဲကုတ်ငယ်လေးတွင်နေထိုင်သော မိသားစု စားဝတ်နေရေးအတွက်နေ့ စဉ် လှုပ်ရှား ငါးမျှား သည် ငါပျင်းထွေ မှာ တစ်နေ့ တစ်နေ့ ပျင်းလွန်းလို့  ဘာမှမလုပ်ချင်ဘူးတဲ့ ၊ ငါးမျှားတက်တာကလွဲလို့ ဘာအလုပ်မှ လဲ့ မလုပ်တက်ဘူးတဲ့ ။ သားသမီးတွေကလည်းတစ်ယောက်ပြီးတစ်
ယောက်မွေး၊ မွေးလိုက်တဲ့ ကလေးတွေကိုလည်း အဝတ်အစားတောင် ခန္ဒကိုယ် လုံအောင်ဖုံးဖို့  မရှိရှာဘူးတဲ့ ၊ အိမ်ရှင်ဦးစီး ငပျင်းထွေ မှာ ပျင်းလွန်းလို့  ငါးမျှားတာတောင် တစ်ကောင်ရပြီးရင် နောက်ထပ် မမျှားချင်ဘူးတဲ့ ၊အဲဒီ ငါးတစ်ကောင်ကို တစ်ဝက်ရောင်းပြီး တစ်ဝက် ကို ချက်စားကြတယ်တဲ့ ၊။

** ငပျင်းထွေတို့ မိသားစုနဲ့  ငပျင်းထွေရဲ့ အပျင်းကြီးပုံကို မြို့ သူမြို့ သားများက ပြောတယ်တဲ့ ၊ " အဲဒီငပျင်းထွေမိသားစုကိုတော့  သိကြားမင်းတောင်ကယ်လို့ ရမှာ မဟုတ်ဘူး"
ဒီစကားကို သိကြားမင်းလည်းကြားရော ဩော်..မြို့ သူ မြို့ သားတွေ ငါ့ ကို အထင်သေးလိုက်ရဲ့ လား ..ငါဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာသိစေရမယ်ဆိုပြီးတော့  ငပျင်းထွေ ငါးမျှားသွားရင်ခေါင်းငုံးပြီးသွားတက်တာမို့  သွားနေကျ လမ်းမှာ ရွှေတုံး တစ်လုံးကို သိကြားမင်းကချထားသတဲ့ ၊ အချိန်တန်တော့ ငပျင်းထွေ တစ်ယောက် လေချွန်ပြီး ငါးမျှားသွားလေပြီ၊ သို့ သော် ရွှေတုံးကြီး ရှေ့ ရောက်တော့  ခေါင်းမော လိုက်လေရာ သိကြားမင်းထားခဲ့ တဲ့  ရွှေတုံးကြီးကို လက်လွတ်ရလေပြီလေ။ ဒီအဖြစ်ကို မြို့ သူ မြို့ သားများကြားလိုက်ရတော့  သိကြားမင်းတောင်ကယ်လို့ မရတဲ့  ငပျင်းထွေကိုတော့ ကတ်ဿဖ ဘုရားတောင်ကယ်လို့ ရမှာ မဟုတ်ဘူးလို့ ပြောပြန်တယ်တဲ့ ။

  **အဲဒီစကား ကို ကတ်ဿဖဘုရားလည်းကြားရော ဩော် အသင် မြို့ သူမြို့ သား တို့  ငါ့ ကို အထင်သေးလိုက်ရဲ့ လား..ငါ့ တန်ခိုးကို သိစေရမယ်ဆိုပြီးအစွန်းပြပါလေရော၊ အစွန်းပြပုံကဒီလိုဟေ့   “ အရင်တစ်ခါ ရွှေတုံးရှိရာ ကို ခေါင်းမောလိုက်တယ်မို့ လို့  ဒီတစ်ခါမှာ တော့  ခေါင်းမောလို့ မြင်ရတဲ့ နေရာမှာေ၇ွှတုံးကြီး ကို တွဲထားပါလေသတဲ” ။
အချိန်တန်တော့ ငပျင်းထွေကြီး ခေါင်းမောလေချွန်ပြီးထွက်လာပါပြီ။ ရွှေတုံးကြီးရှိရာသို့ ရောက်သော် ခေါင်းကိုငုံးချလိုက်ပြန်ပြီ။ ဒီတစ်ခါလည်းရွှေတုံးကြီး ကိုလက်လွှတ်လိုက်ရပြန်ပြီလေ။ မြို့ သူမြို့ သား တွေကပြောပြန်ပြီ ဒီငပျင်းထွေကိုတော့ ကတ်ဿဖ ဘုရား မကလို့  ဗုဓ္ဒမြတ်စွာဘုရားတောင်ကယ်လို့ ရမှာ မဟုတ်ပါဘူးတဲ့ ။

** ဒီစကားကို ဗုဓ္ဒမြတ်စွာ ဘုရားလည်းကြားရော.. အုံမာ..ဥံမာ..မြိုသူမြို့ သားတို့  ငါ့ ကိုဒီလိုပြောရက်လိုက်တာ..ငါမြတ်စွာဘုရားရဲ့ တန်ခိုးတော်ကိုမကြာခင်သိစေရမယ်..ဆိုပြီ လက်စွန်းပြဖို့ စိတ်ဆုံးဖြတ်လိုက်ပြီ။

** ရွှေတုံးကြီး တစ်လုံး ပြီးတစ်လုံး ဆုံးရှုံးရတဲ့ ငပျင်းထွေ တစ်ယောက် စိတ်ဓါတ်တွေကန့် ကုန်ပြီး သေမင်းရှိရာသို့  တစ်ရွာဝင်တစ်ရွာထွက် နယ်အရပ်ရပ် ကျော်ပြီး လိုက်ရှာပါလေရော..တေ့ွသမျှလူတွေကို “ ဘယ်နေရာမှာ သေမင်းရှိနိုင်ကြောင့် နဲ့  ဘယ်သူသိကြောင့် ” မေးလေသတဲ့ ၊။ ဗုဓ္ဒမြတ်စွာ ဘုရားကလည်း အဖိုးကြီးတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ငပျင်းထွေကို မေးပါလေရဲ့  “ဟေ့ လူ”“ ဟေ့ လူ” သင်ဘာမျှအလိုရှိပါလိမ့် ။ ထိုစကားကို ငပျင်းထွေကြားတော့ “လူငယ်လူရွယ် တွေတောင်မသိတဲ့  သေမင်းကြီးကို ခင်္ဗျား လိုအဖိုးကြီးက ဘယ်လိုသိမှာလဲ့ ဗျာ” ဟုပြောလိုက်သည်။   သင်အဘယ်ကြောင့်  သေမင်းကိုရှာနေတာလဲ့ လို့  မြတ်စွာဘုရားမေးလိုက်သဖြင့်  “ ကျနော်ဆင်းရဲ့ လွန်းလို့  သေချင်တာပါ” ဟုငပျင်းထွေပြန်ဖြေလိုက်သည်။ မြတ်စွာဘုရားက “ဒါဆိုရင် သင်လည်းမသေအောင်၊သင့် မိသားစုလည်း ချမ်းသာ အောင် ငါလုပ်ပေးမယ်” ဒီမှာ မျှားသုံးစင်း ဒီမျှားသုံးစင်းကို ကြိုက်ရာနုတ်ဖြင့် ရွတ်ပြီး ပစ်လိုက်ရင် သင်လိုသမျှရလိမ့် မယ်ဟု မြတ်စွာဘုရားကပြောပြီး မျှားသုံးစင်းကိုပေးလေသတဲ ။  ငပျင်းထွေမှာ မျှားသုံးစင်းနဲ့ အတူ မိသားစုထံ အကြောင်းစုံပြောပြီး မျှားကိုပစ်ရန် ပြတင်းပေါက်ဝတွင်ရပ်နေပြီ။ ငပျင်းထွေ မိန်းမနဲ့  သားသမီးများ မှာ တစ်ယောက်ပြီးတစ်ယောက် သားသား ကဘာလိုတယ်ညာလိုတယ်၊ မီးမီး ကဘာလိုတယ်ညာလိုတယ်၊ မိန်းမကဖြင့်  ကျမအတွက် ဘာညာဘာညာတွေဝယ်ပေးပါ အစရှိသည်ဖြင့် တစ်ယောက်ပြီး တစ်ယောက် တစ်ခုပြီးတစ်ခု ပြောသံကို ငပျင်းထွေတစ်ယောက် နားကွဲလုမတက် ဖြစ်ကာ မခံနိုင်စွာ စိတ်ဆိုးသဖြင့်    “ ရီး” ဆိုပြီး မျှားတစ်စင်းပစ်ချလိုက်တော့  မျက်စိတစ်မှိတ်မှာပဲ့  “ ရီး ” တွေ ဆိုက်မျိုးစုံ ဘယ်ကရောက်လို့ ရောက်မှန်းမသိ ခဏချင်းမှာ တင် အိမ်အပြည့် ရောက်လာတယ်တဲ့ ။  အဲဒီ “ ရီး” တွေကိုကြည့် ပြီး  ကလေးတွေလည်းကြောက်လွန်းတော့   ဒီ “ ရီး ” တွေကိုအမြန်ဆုံးပြန်မှောင်းထုတ်လိုက်ပါမောင်ရယ်လို့ မိန်းမကပြောလိုက်တယ်တဲ့ ။ အဲဒါနဲ့  ငပျင်းထွေကလည်း “ ရီး ” တွေအကုန်ထွက် ဆိုပြီး နောက်ထပ်မျှားတစ်စင်းကိုပစ်ချလိုက်ပြန်ပြီ။ ဒီတစ်ခါမှာတော့ ရှိသမျှ “ ရီး ”  တွေ လေလွင့် သလို  အကုန်လုံးတစ်ခု မကျန် ထွက်သွားပါလေရော။ နှကိုယ်ကတည်းက မှ လုံအောင် မဖုံးနိုင်တဲ့  သားရဲ့  ခန္ဒကိုယ် ကို ကြည့် လိုက်တော့  သူ့ မှာ  “ဟိုဟာ ” မရှိတော့ ဘူးတဲ့ ။ အဲ ဒါနဲ့ တစ်ချိန်တည်းမှာ ပဲ့ မိန်းမက ငပျင်းထွေ ကို မောင့် ဟာရော ပါကုန်ပြီ။

** အဲဒါနဲ့ နောက်ဆုံးတော့  မိန်းမက ငပျင်းထွေကိုပြောပါလေရော  မောင်ရယ်.. ဒို့ မိသားစုတွေမချမ်းသာလည်းနေပါစေ။ မောင့်ဟာ “ ဟိုဒင်း ”  နဲ့ သားလေး ဟာ ကိုပဲ့ ပြန်ရအောင်တောင်းပေးပါဆိုပြီး နောက်ဆုံး တစ်စင်းတည်း ကျန်တဲ့ မျှားကို .. ငပျင်းထွေ တစ်ယောက် ...ကဲ့ ..ငါ့  “ ရီး ”  နဲ့ ငါ့ သား “ ရီး ” ပြန်လာဆိုပြီးပစ်ချလိုက်လေသတဲ့ ။ ဤသည်တွင်  ဘယ်ဘုရားမှ ကယ်လို့ မရတဲ့  ငပျင်းထွေ ပုံပြင်ပြီးပါပြီ။

နည်းနည်း ရိုင်းသွားရင် ခွင့် လွှတ်ကြပါ။ ကျနော် ကလေးစိတ်မပျောက်သေးလို့ ရေးမိတာပါ။

ရေး..လင်းလင်း

Wednesday, January 26, 2011

၁၂ ရာသီခွင် ဟသ


(၁) Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)
မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"
Aries "ဟုတ်ကဲ့ပါ မေမေ"
ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့ အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"
မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"
Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှ ဒါန်းစီးတာပါ"
(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)

(၂) Taurus (ပြိဿရာသီဖွား--ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)
ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး"

ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ"
(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင် ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)

(၃) Gemini (မေထုန်ရာသီဖွား-- မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)
မေမေ "Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ"
Gemini "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ"
(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်)


(၄) Cancer (ကရကဋ်ရာသီဖွား-- ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)
Cancer "ဒီည သားမေမေနဲ့အိပ်မယ်"
မေမေ "သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?"
Cancer "အင်း"
မေမေ "ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?"
Cancer "ဖေဖေနဲ့ ပေးအိပ်လိုက်မယ်"
(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)

(၅) Leo (သိဟ်ရာသီဖွား-- ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)
Leo "ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?"
ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး ယူလိုက်တယ်။
Leo "မေမေ.. မေမေ တင်ပါးထဲမှာ အီးတွေနဲ့...."
ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။
(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)

(၆) virgo (ကန်ရာသီဖွား-- သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)
virgoက ကိုယ့်ချက်ကိုကြည့်ပြီး "ဒါဘာလဲ"လို့ ဖေဖေကို တအံ့တသြမေးတယ်။
ဖေဖေက "ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက ခွါတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲလိုနဲ့ ချက်ဖြစ်လာခဲ့တယ်" လို့ အတိုချုံးရှင်းပြလိုက်တယ်။
virgo "ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်"

(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)

(၇) Libra (တူရာသီဖွား-- စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)
ဖေဖေ "Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက အမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်"
Libra "ဟုတ်ကဲ့ဖေဖေ... ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။ ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်"
(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်မှန်းဆတတ်သူဖြစ်တယ်)

(၈) Scorpio (ဗြိစ္ဆာရာသီဖွား-- အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့ Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ ခြင်ထွက်မသွားဘူး။
"ကောင်းပြီ.... မင်းမထွက်ရင် ငါထွက်တယ်ကွာ!"
ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး တံခါးကိုသော့ခတ်လိုက်တယ်။ ပြီးမှ အားရကျေနပ်ဟန်နဲ့---
"ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်"
( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်)

(၉) Sagittarius (ဓနုရာသီဖွား-- နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
Sagittarius "ဖေဖေ... ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?"
ဖေဖေ "သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့"
Sagittarius တအောင့်လောက် စဉ်းစားပြီး.....
"ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?"
ဖေဖေ "............"
(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)

(၁ဝ) Capricorn (မကာရရာသီဖွား-- ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)
တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့ ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး "မိုးရွာပြီ... ပြေးပြေး.. ရှေ့ကိုပြေး!" လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့ "ရှေ့မှာ မိုးမရွာလို့လား?" တဲ့။
(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်)


(၁၁) Aquarius (ကုံရာသီဖွား-- ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)
Aquarius "ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?"
မေမေ "ကြက်မက ထွက်လာတာပေါ့"
Aquarius "'ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?"
မေမေ "ကြက်ဥက ပေါက်လာတာပေါ့"
Aquarius "ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?"
(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)

(၁၂) Pisces (မိန်ရာသီဖွား-- ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)
ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။
ဖေဖေ "ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်"
Pisces "သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို ရောက်လာခဲ့တာပေါ့နော်"
(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်)

***၁၂ရာသီဖွားတွေမှာ အားနည်းချက်၊ အားသာချက်တွေ ဒီထက်မကရှိကြပါတယ်။ အင်တာနက်မှာရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဒီမှာရေးထားတာက တချို့တလေပဲဖြစ်ပါတယ်။ (၁၂)ရာသီခွင်ဟာသလို့ ဆိုထားပေမယ့် တချို့က သိပ်မရယ်ရပါဘူး။ ဘာပဲဖြစ်ဖြစ် ဘာသာပြန် မျှဝေလိုက်ပါတယ်။

အထင်မမှားပါနဲ့ ..သားရယ် ..ဖေဖေမင်းနဲ့ အတူလိုက်မလို့ ပါကွာ။

စွတ်ပြုပ်မသောက်လို.
                       ပီတာလေး ကျောင်းသွားခါနီး သူ.အမေက စွတ်ပြုပ်တိုက်သည်။ ပီတာလေးက မသောက်။ အတင်းတိုက်သော်လည်း မသောက်။
      သူ.အမေက စိတ်မရှည်တော့ ပီတာလေး အဖေကို တိုင်ပြောသည်။ ပီတာလေး အဖေက သူ.ကို အနားခေါ်ပြီး ဘာတွေ တိုးတိုးပြောလိုက်သလဲ
      မသိ။ ပီတာလေး စွတ်ပြုပ်ကို ကုန်အောင်သောက်ပြီး ကျောင်းထွက်သွားသည်။
                       ပီတာလေး အမေ က အံ့သြတကြီးနဲ့ ပြောသည်။
                      " ကျွန်မ ဒီလောက် ချော့မော့ပြီး တိုက်တာတောင် မသောက်ဘူး။ ရှင်က တစ်ခွန်းတည်းပြောလိုက်တာနဲ. ကလေးက သောက်သွား
       တယ်။ ရှင် ဘာပြောလိုက်တာလဲ။ "
                      " ဘာမှ မဟုတ်ပါဘူး။ မသိချင်ပါနဲ.ကွာ။ "
                      " မရဘူး ။ ရှင်ပြောပြ ရမယ်။ "
                      " ဘာမှမဟုတ်ပါဘူးကွာ။"
                      " ရှင် ပြောမလား၊ မပြောဘူးလား။"
                      " ဒီလိုကွာ။ ငါက သားကို ပြောတာက 'သား မင်း ဒီစွတ်ပြုပ်ကို အခု ကောင်းကောင်း မသောက်ရင် မင်းကြီးလာရင် မင်းရဲ့ 'ငယ်ပါ' က
        ကြီးလာမှာ မဟုတ်ဘူး' လို. ပြောလိုက်တာ။ "
                     ဒီစကားကြားတော့ ပီတာလေး အမေ က သူ.အဖေ ရဲ့ ခေါင်းကို ဇွန်းနဲ. နာနာ ခေါက်ပါရော။
                     " ဟ...မင်း ငါ့ခေါင်းကို ဘာလို. ခေါက်တာလဲကွ။"
                     " ရှင် ငယ်ငယ်က စွတ်ပြုပ် ကောင်းကောင်း မသောက်ခဲ့လို. ။"

                                    ***************************

သုံးခါ
           ဦးဦး မှော်ဆရာ ဗန်ကောက်ေ၇ာက်တော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ. အမှတ်တရ ပစ္စည်း အေ၇ာင်းဆိုင်ကို သွားပြီး
 ညီငယ်လေးတစ်ယောက် မှာလိုက်တဲ့ ပစ္စည်း သွားဝယ်တယ်။
           အဲဒီ ပစ္စည်း ကိုတွေ.တော့ ဈေးမေးကြည့်တယ်။ အရောင်းစါရေးမလေးက ဈေး ပြောလိုက်တော့ ဦးဦး မှော်ဆရာ ' ရှီး' လို. အသံ
 ထွက်သွားမိတယ်။
           ဒါနဲ. ဆိုင်ထဲမှာ ပတ်ကြည့် ရင်းနဲ. အသင်း ကစားသမားတွေ ၀တ်တဲ့ ဘောကန် အင်္ကျီ ကိုတွေ.တော့ ဈေးမေးကြည့်ပြန်တယ်။
           ဒီတော့ အရောင်းစာရေးမလေးက ဦးဦး မှော်ဆရာ ကို ပြန်ပြောလိုက်တာက
         " ဒီ အင်္ကျီ က ရှင့် အတွက် ဆိုရင် 'ရှီး ' သုံးခါလောက် ကျမယ်။"

                                     *************************


တူညီသော ဆန္ဒ

                   လူပျိုပေါက်သားက မိဘများအား ရန်လုပ်နေသည်။
                   " တော်ပြီ......မေမေ ဖေဖေ တို.နဲ့ နေနေရတာ ကျွန်တော် ငြီးငွေ.လာပြီ။ အမြဲတမ်း သတ်မှတ်တဲ့ အချိန် အိမ်ပြန်ရောက်
ရတယ်။ ဘယ်မှလည်း မလည်ရဘူး။ ကျွန်တော် လွတ်လပ်ရေး လိုချင်တယ်။ စွန်.စားချင်တယ်။ ဘီယာစုပ်ပြီး မိန်းမချောလေးတွေနောက်
လိုက်ချင်တယ်။ တော်ပြီ ....ကျွန်တော်မနေတော့ဘူး။ သွားတော့မယ်။ ကျွန်တော့် ကို မတားပါနဲ."
                  ဒီလိုပြောပြီး တံခါးဘက်ကို လျောက်သည်။ အဖေ ဖြစ်သူ နောက်က ပြေးလိုက်လာသည်။ သားက အဖေကို ခက်ထန်စွာ
ပြောသည်။
                 " ကျွန်တော့် ကို မတားနဲ. လို. ပြောတာ အဖေမကြားဘူးလား။ ကျွန်တော့်ကို လမ်းဖယ်ပေးပါ။ "
                " အထင်မမှားပါနဲ. သားရယ်... ဖေဖေ မင်းနဲ. အတူ လိုက်မလို.ပါကွ။"

မိန်းမတွေတော်တော်ဆိုး

မိန်းမတွေ တော်တော်ဆိုးပါပေတယ်။

တစ်နေ့ အိမ်ရှင်မ နှစ်ယောက်ဟာ Night Club မှာ မိန်းကလေးနေ့ အခမဲ့ ၀င်သောက်ခွင့် ရှိတာမို့ သွားရောက်ဘို့ ပြင်ဆင် လိုက်ကြပါတယ်။ အဲဒီ Night Club မှာလဲ အရက်တွေ က အကောင်းစားတွေကြီးမို့ လွန်လွန်ကျွန်ကျွန် မူးမူးရူးရူး သောက်ခဲ့ ကြပါတယ်။ သောက်ပြီးသွားတော့ နှစ်ယောက်သား အိမ်ပြန်လမ်းမှာ သေးပေါက်ချင်တာမို့ ၊ တွေ့ရာ အစဉ်ပြေရာနေရာ ပေါက်ဘို့ ဆုံးဖြတ်လိုက်ကြတယ်။ သင်္ကျိုင်းကုန်းနဲ့ နီးတာမို့ အုတ်ဂူ ကျောက်တိုင် အနောက်မှာ ထိုင်ပေါက်ဘို့ တစ်ယောက်က အကြံပေးပါတယ်။ ဒါနဲ့ တစ်ယောက် သေးပေါက်ပြီးတော့ သုတ်စရာမရှိတာမို့ အောက်ခံ ဘောင်းဘီနဲ့ သုတ်ပြီးလွှတ်ပြစ်လိုက်ပါတယ်။ နောက်တစ်ယောက်ကတော့ အောက်ခံ ဘောင်းဘီကလဲ အသစ်ကြီးဝယ်ထားတာ မကြာသေးတာမို့ ဘာလုပ်ရမှန်းမသိပါဘူး။ ဒါပေမဲ့ လက်လှမ်းမီရာမှာ ဖဲပြား ကြိုးကြီးကို တွေ့လိုက်တာမို့ လှမ်းဆွဲပြီး အသုံးပြုလိုက်ပါတယ်။ ပြီးသွားတဲ့ နောက်ဆုံး နှစ်ယောက်စလုံး အိမ်ကို ပြန်ခဲ့ကြတယ်။

နောက်တစ်နေ့မှာတော့ သူတို့ရဲ့ ခင်ပွန်းနှစ်ယောက်ဟာ တယ်လီဖုန်းပေါ်မှာ ကိုယ့်ဇနီးတွေ ခုတလော ကဲနေကြတာမို့ တစ်ခုခုလုပ်ဖို့ တိုင်ပင်ကြပါတော့တယ်။


“ ဟုတ်တယ်။ ဒီနှစ်ယောက်ကို ငါတို့ သေချာ ထိန်းမှ ဖြစ်တော့မယ်၊ ညကဆို မင်းကြည့်ကွာ ငါ့မိန်းမ ပြန်လာတာ အောက်ခံ ဘောင်းဘီ ပါမလာဘူး ”။


ဒါနဲ့ နောက်တစ်ယောက်က ။

“ ဟေ့ကောင်ရ။ မင်းမိန်းမက တော်သေးတယ်၊ ငါ့မိန်းမ ညက ပြန်လာတာ သူ့တင်ပါး ကြားထဲမှာ စာနာထောက်ထား တယ်ဆိုတဲ့ ကဒ်တောင် ပါလာသေးတယ်။”“အဲဒီကဒ်ထဲ မှာ မင်းဘာရေးထားတယ် မှတ်သလဲ၊ မီသတ်တက်ဖွဲ့က ကျွန်တော်တို့ တစ်စု၊ မင်းကို ဘယ်တော့မှ မမေ့ပါဘူးတဲ့”

Tuesday, January 25, 2011

တိတ်တိတ်ပုန်းဟာသ

(၁) ကိုယ်ချင်းစာတဲ့ တိတ်တိတ်ပုန်း

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"
အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။ မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။ မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစားလိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"


(၂) လိပ်ပြာမလုံတဲ့ တိတ်တိတ်ပုန်း
ဒီလင်မယားနှစ်ယောက်စလုံး နောက်မီးလင်းကြတယ်။ ယောက်ျားက ည ည အကြောင်းပြပြီး အပြင်ထွက်တယ်။ ဒါပေမယ့် တစ်ညမှာ လင်မယားနှစ်ယောက်စလုံး ဆုံကြပြီး ကိုယ်လုပ်တဲ့အပြစ်အတွက် နေမထိထိုင်မသာ ဖြစ်နေကြတယ်။ နှစ်ဦးသား ညအိပ်ရာဝင်ပြီး မနက်မိုးလင်းခါနီးအရောက်မှာ မိန်းမဖြစ်သူက ရုတ်တရက် ထထိုင်ပြီးယောင်တယ်။


"ဒုက္ခပဲ.. ဒုက္ခပဲ... ကျွန်မယောက်ျားပြန်လာပြီ"

မိန်းမအော်သံလည်းကြားရော ယောက်ျားဖြစ်သူက သူ့အဝတ်အစားတွေ ကပျာကယာယူပြီး ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့တယ်။

(၃) တိုက်ဆိုင်တဲ့ တိတ်တိတ်ပုန်း

အိမ်မှာယောက်ျားမရှိတုန်း မိန်းမက တခြားယောက်ျားနဲ့ တိတ်တိတ်ပုန်းနေတယ်။ အဲဒီမှာ ရုတ်တရက် ယောက်ျားကားသံကြားတော့ မိန်းမက "နင့်အဝတ်အစားတွေ မြန်မြန်ယူပြီး ပြတင်းပေါက်ကနေ ပြေးတော့" လို့ ပြောတယ်။

"အပြင်မှာမိုးရွာနေတာ ငါဘယ်လိုခုန်ချမလဲ" တိတ်တိတ်ပုန်းယောက်ျားက ပြောတယ်။

"ငါ့ယောက်ျားမိရင် ငါတို့နှစ်ယောက်လုံးသေမှာ သွား.. သွား..."

မိန်းမက အင်္ကျီတွေအတင်းထိုးထည့်ပေးပြီး ပြေးခိုင်းတယ်။ အဲဒီလူလည်း ပြတင်းပေါက်က ခုန်ချလိုက်တာ မာရသွန်ပြေးနေတဲ့ လူအုပ်ကြားထဲရောက်သွားခဲ့တယ်။

မာရသွန်ပြေးနေတဲ့ လူတစ်ယောက်က သူ့ကိုတွေ့တော့ မေးတယ်။

"ခင်ဗျား တုံးလုံးပြေးရတာ ဝါသနာပါတာလား"

"ဟုတ်ကဲ့ .. ဒါမှ ဆန့်ကျင်ဖက်လေဖိအားတွေ လျော့မှာ"

"ပြေးနေတဲ့အချိန် အဝတ်အစားကိုင်ပြီး ပြေးတတ်တာလား"

"ဟုတ်ကဲ့... ပန်းဝင်တာနဲ့ ကျွန်တော်ပြန်ဝတ်လိုက်လို့ရပါတယ်"

"ခင်ဗျား ခါတိုင်းလည်း ကွန်ဒုံးတပ်ပြီး ပြေးတတ်တာလား"

"မဟုတ်ပါဘူး.. မိုးရွာတဲ့အချိန်မှပါ"

(၄) ပဟေဠိ တိတ်တိတ်ပုန်း
ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။ ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။ ကြာလာတော့ ဖာသာကမိန်းမတွေကို "နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ "ချော်လဲတယ်"လို့ ပြောပါ။ ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ" လို့ မှာလိုက်တယ်။

နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။ မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။

ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။ ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။ ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။ အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ်။

"သူကြီး... ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ"

(၅) မေ့မရတဲ့ တိတ်တိတ်ပုန်း
လူတစ်ယောက် .. သူက အလောင်းတွေ အခေါင်းထဲမထည့်ခင် ရေချိုး၊ စစ်ဆေးမှုတွေ ပြုပေးရတဲ့လူဖြစ်တယ်။ တစ်ခါက ဦးခင်ရဲ့အလောင်းကို ရေချိုးစစ်ဆေးနေတုန်း အံ့သြစရာတစ်ခု သူသွားတွေ့တယ်။ အဲဒါက ဦးခင်ရဲ့မွေးရာပါဟာ သာမန်ထက် ကြီးနေလို့ဖြစ်တယ်။ ဒါနဲ့သူက "ဦးခင်.. ဦးခင်.. ကန်တော့ပါနော်။ ခင်ဗျားကို ကျွန်တော် ဒီအတိုင်း မီးသင်္ဂြိုလ်လိုက်လို့မဖြစ်ဘူး။ ခင်ဗျားရဲ့ ထူးခြားတဲ့မွေးရာပါကိုတော့ နောက်လူတွေတွေ့မြင်နိုင်ဖို့ ခင်ဗျားချန်ခဲ့မှဖြစ်မယ်" ဆိုပြီး ဦးခင်ရဲ့မွေးရာပါကို ဖြတ်ထားခဲ့လိုက်တယ်။


အဲဒီနောက် အိမ်ပြန်ရောက်တော့ မိန်းမကိုပြချင်တာနဲ့ "မိန်းမရေ.. မိန်းမရေ.. ဒီမှာလာကြည့် နင်လုံးဝ မယုံနိုင်တဲ့ပစ္စည်းတစ်ခု ငါပြမယ်" ဆိုပြီး အထုပ်ကို ဖြည်ပြလိုက်တယ်ဆိုရင်ပဲ မိန်းမက ထအော်တယ်။
"အမလေး... ဦးခင်ကြီး သေသွားပြီလား!"


(၆) မတော်တဆ တိတ်တိတ်ပုန်း
ငယ်ရွယ်တဲ့ လင်မယားနှစ်ဦးမှာ လှပတဲ့သမီးနှစ်ယောက်ရှိတယ်။ ဒါပေမယ့် ယောက်ျားလေးတစ်ယောက် ထပ်မွေးဖို့ သူတို့မျှော်လင့်ခဲ့ကြတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီး လအနည်းငယ်ကြိုးစားလိုက်တော့ မိန်းမမှာကိုယ်ဝန်ရှိသွားခဲ့တယ် (၉)လနေပြီးနောက် မိန်းမက သားယောက်ျားလေးတစ်ဦးမွေးခဲ့တယ်။ ယောက်ျားလုပ်သူက ဝမ်းသာအားရ ကလေးခန်းထဲပြေးဝင်ပြီး အခုမှ အမေ့ဝမ်းကကျွတ်လာတဲ့ သားလေးကိုသွားကြည့်ခဲ့တယ်။ ဒါပေမယ့် အရမ်းရုပ်ဆိုးတဲ့ သားကိုတွေ့တော့ သူလန့်သွားခဲ့တယ်။ ဒါနဲ့မိန်းမဆီသွားပြီး ဒေါသတကြီးနဲ့ "ငါ့နောက်ကွယ်မှာ မင်းခိုးစားခဲ့တာလား!" လို့မေးတယ်။ မိန်းမက အချိုသာဆုံးပြုံးပြီး "ဟင့်အင်း... ဒီတစ်ခေါက် မဟုတ်ဘူး" လို့ဖြေလိုက်တယ်။


(၇) အူတူတူ တိတ်တိတ်ပုန်း
ဦးလှအိမ်ပြန်ရောက်တော့ သားက ကြမ်းပြင်ပေါ်ထိုင်ပြီး ငိုနေတယ်။

"နင့် အမေရော!"

"မေမေ အိပ်ခန်းထဲမှာ...."
အိပ်ခန်းထဲ ဦးလှပြေးဝင်ကြည့်တော့ ကုတင်ပေါ်မှာ ချွေးတစို့စို့နဲ့ အမောဖောက်နေတဲ့ မိန်းမကိုတွေ့လိုက်တယ်။ ချွေးသုတ်ဖို့ ရေချိုးခန်းထဲ တဘက်ဝင်ယူတော့ ရေချိုးခန်းထဲမှာ တုံးလုံးကြီးရပ်နေတဲ့ ဘေးအိမ်ကဦးမြကို ဦးလှတွေ့လိုက်တယ်။


"ခင်ဗျားဗျာ.... ကျုပ်မိန်းမ နှလုံးရောဂါထနေတာကို မပြုစုဘဲ တုံးလုံးကြီးချွတ်ပြီး ကျုပ်သားကို ခြောက်နေရသလားဗျာ"

(၈) အံဝင်ခွင်ကျ တိတ်တိတ်ပုန်း

လူတစ်ယောက်က သူ့သေနတ်ပေါ် မှန်ပြောင်းတစ်လက်တပ်ဖို့ မှန်ပြောင်းရောင်းဆိုင် တစ်ဆိုင်နား ရောက်လာခဲ့တယ်။

"ဒီမှန်ပြောင်းက အရမ်းမိုက်တယ်။ ဒီကနေ ဟိုးတောင်ကုန်းပေါ်က အိမ်ကို ခင်ဗျားရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်" ဆိုင်ရှင်က မှန်ပြောင်းတစ်ခု ထုတ်ပြပြီးပြောတယ်။

"ဟုတ်လား!" မှန်ပြောင်းဝယ်သူက ဆိုင်ရှင်ပြောတဲ့ဖက် မှန်ပြောင်းယူပြီးကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် တဟားဟား ထရယ်တယ်။

"ခင်ဗျား ဘာရယ်တာလဲ!"

"အဲဒီအိမ်ရဲ့ အခန်းထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တုံးလုံးကြီး ကျွန်တော်တွေ့လိုက်တယ်"

ဆိုင်ရှင်က မှန်ပြောင်းကို ဆတ်ခနဲ့ဆွဲယူပြီး ကြည့်လိုက်တယ်။ ပြီးတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ဒေါသတကြီးနဲ့ ကျည်ဆံနှစ်တောင့်ယူလိုက်တယ်။

"အဲဒါ ကျုပ်အိမ်ဗျ... ကျုပ်မိန်းမရဲ့ခေါင်းနဲ့ ဟိုကောင်ရဲ့မွေးရာပါကို ဒီကျည်နှစ်တောင့်နဲ့ ခင်ဗျားပစ်နိုင်ရင် ဒီမှန်ပြောင်း ခင်ဗျားကို အလကားပေးမယ်ဗျာ"

ဝယ်တဲ့သူက မှန်ပြောင်းနဲ့ သေသေချာချာကြည့်ပြီး ပြောလိုက်တယ်။

"ခင်ဗျားသိလား! ဒီကျည်တစ်တောင့်ထဲနဲ့ လုံလောက်တယ်"

မှတ်ချက်..... တကယ်လို့ ဒီ "တိတ်တိတ်ပုန်းဟာသ" က ရယ်ရတယ်ဆိုခဲ့ရင် တိတ်တိတ်ပုန်းပြီး မရယ်ပါနဲ့... သူငယ်ချင်းတွေကို မျှဝေပြီး အားပါးတရရယ်ပေးပါ။

အင်တာနက်ပေါ်က တိတ်တိတ်ပုန်းများကို နိုင်းနိုင်းစနေ ရှာဖွေတင်ပြသည်။

ရိုင်းသွားရင်ခွင့် လွှတ်ပါ။


နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက် တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။ ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။
တစ်နေ့မှာတော့.....
မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး...
"ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?"
"တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ"
"ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ" စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။ ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး....
"ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။
"မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"
"တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"
ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့် ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။
မိန်းမကြီး ပြောတာက ဒီလိုလေ...
"ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ"
ရိုင်းသွားရင် ခွင့်လွတ်ပါ... :

MAI မြန်မာ့ လေကြောင်း မှ လှိုက်လဲစွာ ကြိုဆိုပါတယ်။

MAI မြန်မာ့ လေကြောင်း မှ လှိုက်လဲစွာ ကြိုဆိုပါတယ်…

မင်္ဂလာ ရှိသော မနက်ခင်းပါ၊ မြန်မာ့ နိုင်ငံတကာ လေကြောင်းမှ ထိုင်နေသာခရီးသည်များနှင့် မတ်တက်စီးနင်း လိုက်ပါလာသော ခရီးသည်များကိုနှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ လေယဉ်မှူး သူရိန် ဖြစ်ပါတယ်။
လူကြီးမင်းများအားလုံး ကိုယ့်ထိုင်ခုံ တွင် ထိုင်ကြရန် နှင့်
မတ်တက်ရပ်သူများ သေချာ မတ်တက် ရပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ မြန်မာ့လေကြောင်း မှ ခရီးစဉ်ချိန် ၄ရက် နောက်ကျသွားခြင်းကြောင့် ၀မ်းနည်းပါတယ်။ရာသီဥတု မကောင်းတာကြောင့် ဖြစ်ပါတယ်။
ကျွန်တော်တို့ Flight 747 စင်္ကာပူ မှ မြန်မာပြည် ကို ပျံသန်း နေခြင်းဖြစ်ပါတယ်။ လေယာဉ် ဘယ်နား
ရပ်နားမယ်ဆိုတာတော့ ပြောလို့ မရပေမဲ့ မြန်မာပြည် တစ်နေရာရာမှာရပ်နားမှာတော့ ကြိမ်းသေပါတယ်။ ကံကောင်းရင် လူကြီးမင်းတို့ နေတဲ့ ရပ်ကွက်မှာဆင်းသက်နိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာ့ လေကြောင်းဟာ ခရီးစဉ်အားလုံး ဘေးကင်းစွာပဲ
ပျံသန်းနေတာကြာပါပြီ၊ ဘယ်လောက် အန္တရာယ် ကင်းသလဲဆိုရင် အကြမ်းဖက်
သူတွေတောင် ကြောက်ပြီးမစီးကြပါဘူး။ သတင်းကောင်းပါး လိုက်တာကတော့ ကျွန်တော်တို့ ရဲ့ ခရီးသည် ၃၀%ဟာ သူတို့ သွားလိုတဲ့ ခရီးကို မြန်မာ့လေကြောင်း ပို့ဆောင်မှုကြောင့်ရောက်ရှိခဲ့ပါတယ်။ ခရီးသည်များ တောင်းဆိုချက်အရ ကျွန်တော်တို့ရဲ့ လေယာဉ်ပန်ကာ အင်ဂျင်ဟာ နားငြီးတယ် ဆိုရင် ပိတ်ပေးလို့ ရပါတယ်။ တကယ်ဘုရားတရားမကိုင်းရှိုင်းသူများ ကျွန်တော်တို့ လေကြောင်းဟာ ဘုရားရှိလား မရှိလားဆိုတာကို တကယ်ရှာဖွေပေးပါတယ်။

ကျွန်တော်တို့ရဲ့ In Flight ရုပ်ရှင်ကတော့ တီဗီက ပြသနေတာတွေကို ကူးယူဘို့မေ့သွားလို့ ကြည့်ရှုလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နဲ့အမြင့်ချိန်တူ ဘေး မနီးမလှမ်းမှာ ပျံသန်း နေတဲ့ Emirate
Airline မှာ ပြသ နေတဲ့ ရုပ်ရှင်ကို ညာဘက်က ပြုတင်းပေါက်တွေကနေလှမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ လေကြောင်းအားလုံးတွင်ဆေးလိပ် မသောက်ကြရန် နှင့် မီးခိုးငွေ့တွေ့ပါက ကျွန်တောတို့ တပ်ဆင်ထားတဲ့အင်ဂျင်စက် က အရှိန်လျှော့ရန် အချက်ပြသနေခြင်းဖြစ်ပါတယ်။

ခရီးသွားများ ဘယ်ကနေ ဘယ်ကို ပြန်သန်းနေတယ်ဆိုတာ
လမ်းတစ်လျှောက်မြင်ဖူးတယ်ရှိအောင် အတတ် နိုင်ဆုံး မြေကြီးနဲ့ ကပ်ပြီး
ပြန်သန်းနေပါတယ်။ မြေလွှာနဲ့
သိပ်ကပ်သွားတယ်ဆိုရင်လဲ အကြောင်းကြားပေး စေချင်ပါတယ်။ကျွန်တော်တို့ မြန်မာ
လေကြောင်းဟာ မကြာခင်မှာ ဆင်းသက်တော့မှာမို့ ခါးပတ်များ ပတ်ထားကြရန်နှင့်
ခါးပတ် ရှာမရသူများ ၊ ကိုယ့်ခါးမှာ ပါလာတဲ့ ခါးပတ်ကို ထိုင်ခုံနှင့်
ချီထားကြပါရန်၊ ထိုင်ခုံ မရှိသော ခရီးသည်များ ဘယ်လို ခါးပတ်ပတ်ရမည် မသိပါက၊
ကျွန်တော်တို့ ရဲ့ လေယဉ်မယ်များကို ကိုယ်ပါလာတဲ့ လက်ကိုင်အထုတ်တွေနဲ့
ဘယ်လို ချီရမယ်ဆိုတာ ကို အကူအညီ တောင်းနိုင်ပါတယ်။ကျွန်တော်တို့ မြန်မာ့
လေကြောင်းဟာ ခရီးသည်များ ခေတ်မှီစွာ လက်မှတ်များ ၀ယ်ယူနိုင်ရန် အင်တာနက်မှ
တဆင့် ရောင်းချပေးနေပါတယ်။ မြန်မာပြည်မှာ မီးပျက်တာရယ်၊ အင်တာနက် ဆာဗာ များ
လေးလံတာရယ်၊ ကမ္ဘာ့သုံး ငွေကြေးကဒ် စနစ်မရှိသေးသောကြောင့်
လက်မှတ်ဝယ်ရာတွင် ပုံမှန်လိုပဲ ငွေကို ကောင်တာတွင် လက်ငင်းချေပါရန်
ပန်ကြားအပ်ပါတယ်။

မြန်မာ့လေကြောင်းမှ ကျေးဇူးအထူးတင်ရှိပါသည်။

ပေးပို့ လာသူအားကျေးဇူးအထူးတင်ပါသည်..
Posted by datacarrier at Wednesday, May 12, 2010
Labels:

မထူပါဘူး

စိတ်တိုခြင်းသီအိုရီ. .
------------------------------
ပါမောက္ခ ကသင်တန်းပို့ချနေသည် ။
"လူတစ်ယောက်မှာ စိတ်တိုမှု ဒီဂရီ (အဆင့်) ၃ မျိုးရှိတယ်လို့ဆိုနိုင်တယ် ၊
ဒီအဆိုပြုချက်ကို ပိုပြီးရှင်းသွားအောင် ဆရာပြမယ် ၊ တယ်လီဖုန်း ကို
ကိုကောက်ကိုင်လိုက်ပြီး ကြိုက် ရာနံပါတ် ၁ခုကို လှည့်လိုက် ၊ တဖက်က
ကောက်ကိုင်တဲ့အခါမှာ 'ပီတာရှိလား' လို့မေးလိုက်မယ် ၊ 'ပီတာ ဆိုတာ
ဒီ အိမ်မှာ မရှိဘူးလို့' ဟိုကဖြေမယ် ၊ဒီနံပါတ်ကိုပဲ နောက်တခါ ပြန်လှည့်ပြီး '
ပီတာကို ကျေးဇူးပြု ပြီးခေါ်ပေးပါ' လို့ ပြောလိုက်မယ် ၊တဖက်က
'ဒီမှာပီတာဆိုတာ မရှိဘူး၊ ဖုန်းမှားနေပြီ 'လို့ဖြေမယ် ၊ နောက်တကြိမ်
ဒီနံပါတ်ကို ပဲ လှည့်ပြီး 'ပီတာ ပြန်လာပြီလား ' လို့မေးမယ် ၊ ဟိုဖက်က
'ဘယ်ကပီတာ ကိုလာမေးနေတာလဲ ' ဆိုပြီးဖုန်းကိုချသွားမယ် ၊ ကိုင်း သဘောပေါက်ကြတယ်
မဟုတ်လား"
ကျောင်းသား တစ်ယောက် နေရာကထပြီး ပြောသည် ။
"စိတ်တိုတဲ့ စတုတ္ထ ဒီဂရီ ရှိသေးတယ် ဆရာ "
"ဘာပါလိမ့် "
ခုန နံပါတ်ကို ပဲပြန်လှည့်ပြီး 'ဟဲ လို..ကျွန်တော် ပီတာပါ၊ ကျွန်တော့်ကို
ဘယ်သူမှ ဖုန်းမဆက်ဘူးလားဟင် ' လို့မေးလိုက်မယ် "
______________________________
___________________________________
မထူးပါဘူး. .
---------------------
ငရဲ နှင့် နတ်ပြည်သို့သွားမည့် တံခါးပေါက်ရှေ့တွင်မိန်းမများ အားလုံးကို
သိကြားမင်းကစုရုံးစေသည် ။
"အားလုံး တန်းစီလိုက်ကြစမ်း ၊ ကိုင်း...ဟုတ်ပြီ ၊ကိုယ့်ယောကျာ်းကို
တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သစ္စာဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးလိုက်စမ်း"
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည် ၊သစ္စာရှိသော မိန်းမတစ်ဦးသာ
နေရာမှမရွေ့ဘဲရပ်နေသည် ၊ သိကြားမင်း က အမိန့်ပေးသည်။
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုပါပို့လိုက် "
_________________________________________
ချွေတာရေး
---------------------
ဥမင်လိုဏ်ခေါင်းများ ၊၀င်္ကပါများဖြင့်ရှုတ်ထွေးလှသောရှေ့ဟောင်းရဲတိုက်ကြီးကို
လမ်းပြက ကမ္ဘာလှည့်ခရီးသည် များအားလိုက်ပြသည် ၊
မြေအောက်တနေရာတွင် လူအရိုးစုများတွေ့သဖြင့် ဧသည့်များက မေးသည် ။
"ဟိုအရင် ခေတ်က ကျန်ခဲ့တဲ့ လူရိုးတွေလားဟင် "
"မဟုတ်ဘူး ၊ လမ်းပြငှားရမှာကိုတွန့်တိုတဲ့လူတွေရဲ့အရိုး "
__________________________________________
တာဝန်အရ အသိပေးရမယ်. .
-------------------------------------
ပြင်သစ်နိုင်ငံတွင်ဖြစ်သည် ၊အရာရှိကြီးတစ်ဦးသည် မိမိ၏အတွင်းရေးမှူးမနှင့်
ကားအတူစီးလာသည် ၊ လမ်းတွင်ကားပျက်သွားသည် ၊
အရာရှိကတွေးသည် ။
"အရာရှိ တစ်ယောက်အနေနဲ့ ကားပြင်ဌာနကို ဖုံးဆက်အကူအညီ တောင်းသင့်တယ် ၊ဒါပေမဲ့
ယောကျာ်း တစ်ယောက်အနေနဲ့ ပျက်တဲ့ဥစ္စာကို ငါကိုယ်တိုင်ပြင်သင့်တယ် "
ဤသို့စဉ်းစားပြီး ကားထဲမှ ထွက်သည် ၊ကုတ်အင်္ကျီကို ချွတ်ပြီး ကားအောက်သို့ဝင်သည်
။အတွင်းရေးမှူးမကစဉ်းစားသည် ၊
"မိန်းမ တစ်ယောက်အနေနဲ့ ငါကားပေါ်မှာပဲ ထိုင်နေသင့်တယ် ၊ ဒါပေမဲ့
အတွင်းရေမှူးမတစ်ယောက်အနေနဲ့ ကိုယ့် အထက်အရာရှိရဲ့ ဘေး မှာ နေရမယ် "
သို့ဖြင့်သူမကားအောက်ဝင်သည် ၊ မကြာမီ ယာဉ်ထိန်းရဲ၏ ကားဖြတ်မောင်းလာသည်
၊ယာဉ်ထိန်းရဲကစဉ်းစားသည် ၊
"ပြင်သစ်တစ်ယောက် အနေနဲ့ရော ယောကျာ်းတစ်ယောက်အနေနဲ့ပါ ငါဖြတ်မောင်းသွားသင့်တယ်
၊ဒါပေမဲ့ ရဲတစ်ယောက်အနေနဲ့ သူတို့ကားကိုခိုးသွားတာကြာပြီလို့
ငါပြောဖို့တာဝန်ရှိတယ် "
___________________________________________________
အလှူခံ. .
-----------------
ရေကူးကန်ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံသူများရောက်လာရာ ယောကျာ်းလုပ်သူက
မိန်းမကို လှမ်းအော်ပြီးမေးသည် ။
"မိန်းမရေ...သူတို့ကိုဘယ်လောက်ပေးလိုက်ရမလဲဟေ့ "
"ရေ ၃ ပုံးပေးလိုက် "
_____________________________
ဒါလဲဖြစ်နိုင်တာပဲ. .
--------------------------
သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။
"ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ "
"ဘာဖြစ်လို့လဲ "
"ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့
ဘယ်နေ့ပြန်ရောက်မယ် ဆိုတာကိုကြေးနန်းနဲ့အကြောင်း ကြားလိုက်တယ် ၊ အဲ ငါ
အိမ်ပြန်ရောက်တော့ သူ့ကိုတခြားယောကျာ်းတစ်ယောက်နဲ့တွေ့တယ် "
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။
"သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာ
ကြေးနန်းကိုမရတာလဲ ဖြစ်နိုင်တာပဲ "
___________________________________________________
မသိသေးဘူး. .
------------------------
ပင်လယ်ကမ်းစပ် အနားယူ စခန်းသို့ရောက်လာသော လူငယ်က လူတစ်ဦးကိုမေးသည် ။
"ဒီနားမှာ အိမ်သာ ရှိသလားခင်ဗျာ "
"မသိဘူးဗျ ၊ ကျွန်တော်လည်း ဒီကိုရောက်တာ အခုမှ (၄) ရက်ပဲရှိသေးတယ် "
_______________________________________________
ပိုက်ဆံတောင်းနည်း. .
------------------------------
"ယောကျာ်းတွေဟာ အင်မတန် ဥာဏ်နဲတယ် ၊ အိုင်ပိုက်ဆံလိုလာတဲ့အခါတိုင်း
ရမယ်ရှာပြီး သူ့ကိုရန်လုပ်တယ် ၊အမေ့အိမ်ပြန်မယ် ဆိုပြီး

ခြိမ်းခြောက်တယ် "
"ထိရောက်မှုရှိ ရဲ့လား "
"ရှိတာပေါ့ ၊ အမေ့ဆီသွားဖို့ဆိုပြီး သူလက်မှတ်ဖိုး ထုတ်ပေးတယ်လေ "
_______________________________________________
.ဖိနပ်သူခိုး. .
-------------------
"ကျုပ်ရဲ့ ရှူး ဖိနပ်ကို ခင်ဗျား ခွေးဆွဲသွားတယ်ဗျ "
"အဓိပါယ် မရှိတာတွေလာပြောမနေပါနဲ့ဗျာ ၊ ဖိနပ်စီးပြီးတော့ ကျွန်တော့်ခွေးဟာ
တစ်ခါမှ အိမ်ပြန် မလာဖူး ဘူး "
___________________________________________________________
ငယ်ငယ်ကပုံ. .
----------------------
ငယ်ငယ်ကပုံများကို အိမ်ရှင်မက မိမိ၏သူငယ်ချင်းများအားပြသည် ၊
မိန်းမကြီးတစ်ဦး၏ပေါင်ပေါ် တွင်ကလေးမလေးတစ်ယောက် ထိုင်နေသော ပုံ ဖြစ်သည် ။
"လွန်ခဲ့တဲ့ နှစ် ၃၀ -တုန်းက ကျွန်မရဲ့ပုံလေ "
"ဒီကလေးမလေး က ဘယ်သူလဲ ဟင် "
___________________________________________________
အော်ဒက်ဆာသား . .
------------------------------
ယူကရိန်းနိုင်ငံ အော်ဒက်ဆာမြို့သားတစ်ယောက်သည် ငါးဝယ်ရန် ငါးဆိုင်ထဲ ၀င်လာသည် ၊
အရောင်းသမ ကိုမေးသည် ။
"ခင်ဗျားတို့ဆိုင်က ငါးဟာ အရှင်လား "
"အရှင်ပါ "
"အရှင်ဆိုရင် ဘာဖြစ်လို့ သူ မလှုပ်မရှား ဖြစ်နေတာလဲ "
"သြော် ဒါလား ၊ ငါးအိပ်နေတယ်လေ "
"အိပ်တယ်ဆိုပေမဲ့ အနံ့ဆိုးထွက်နေပါလား "
"ရှင် ကတ်တီးကတ်ဖဲ့ မပြောနဲ့ ၊ ရှင်အိပ်နေတုန်း ပါးစပ်ကအာပုတ်ရည်
ထွက်တာကိုထိန်းနိုင်လို့လား ၊ ပြောစမ်းပါ "
________________________________________________________
ဒါတော့သည်းမခံနိုင်ဘူး. .
-----------------------------------
"ခင်ဗျား မိန်းမနဲ့ကွာရှင်းတော့မယ်လို့ သတင်းကြားတယ် ၊ဘာဖြစ်လို့လဲ "
"အိပ်ရာထဲမှာဆေးလိပ်သောက်လို့ "
"ဟာ. . ဒါနဲ့များ ကွာရှင်းရမယ်တဲ့ဗျာ၊ မဟုတ်သေးပါဘူး"
"ဆေးလိပ်သောက်ရင် ကျုပ်နားရွက်ကို ဒီကောင်မက ဆေးလိပ်ပြာခွက်အဖြစ်နဲ့
အသုံးပြုတယ်ဗျာ"
_______________________________________________________
အကြောင်းရင်း. .
------------------------
"ပီတာ...မင်းဘာဖြစ်လို့ ကျောင်းနောက်ကျ ရတာလဲ"
"ကျွန်တော် ငါးသွားမျှားမလို့ဥစ္စာ ဖေဖေကခွင့်မပြုလို့ "
"မင်းအဖေ မှန်တာပေါ့ ၊ ဒါနဲ့ဘာကြောင့် ကျောင်းမပျက်သင့်ဘူးလဲ ဆိုတာကို မင်းအဖေက
ရှင်းပြတယ် မဟုတ်လား "
"ဟင့်အင်း ၊ ရှိတဲ့ တီကောင်က တို့နှစ်ယောက်စာ မလောက်ဘူး လို့ပဲ ပြောပါတယ် "
____________________________________________________________________
ကံကောင်းတယ်. .
--------------------------
"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "
"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "
"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲ
ဆောင်သွားလေ့ရှိတယ်ဆို "
"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို လုတဲ့အကောင်တွေက
တွေ့မသွားဘူးဗျ "
_______________________________________________________
ဘာကောင်လဲ. .
---------------------
"ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ "
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ၊ ဖေဖေက မေမေ့ကို ကြက်မကြီးလို့
ပြန်ပြောတယ်"
"အဲဒါနဲ့ ငိုရရောလား ကလေးရဲ့"
"စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ "
________________________________________________
လျစ်လျူ ရှု. .
----------------------
ဆေးခန်းထဲသို့လူတစ်ယောက်ဝင်လာသည် ။
"ဒေါက်တာ....ကျွန်တော့်ကို လူတကာကလျစ်လျူ ရှုနေကြတယ် ခင်ဗျ "
"နောက်တစ်ယောက် "
_____________________________
တယောဆရာ. .
-------------------------
လူနာကိုခွဲစိတ် ရန်အတွက် အားလုံး အသင့်ဖြစ်နေပြီဖြစ်သည် ၊ လူနာက
ခွဲစိတ်ဆရာဝန်ကို မေးသည် ။
"ဒေါက်တာ....ကျွန်တော့် အူအတက်ကို ဖြတ်ပြီးရင် ကျွန်တော် တယော ထိုးနိုင်မလား
ခင်ဗျာ"
"ထိုးနိုင်ပါတယ် "
"ဟန်ကျတာပဲ ၊ကျွန်တော် တယော တစ်ခါမှမထိုးဖူးသေးဘူး ၊အခုထိုးနိုင်တော့မယ် တဲ့ "
____________________________________________________
ရှက်တော့ရှက်သား. .
-------------------------------
"ဒေါက်တာရယ်. .ပြောရမှာရှက်တော့ရှက်ပါရဲ့ ၊ ကျွန်တော်လေလည်တဲ့ အခါ လေလည်သံကို
မကြားရဘူး ၊ ကူညီပါဦး "
"ဒီဆေးပြားတွေ ယူသွား ၊ တစ်နေ့သုံးခါစား "
"ဒီဆေးစားရင် ကျွန်တော် ပိုကြားရမလား ခင်ဗျာ "
"ဟင့်အင်း ၊ လေလည်သံ ပိုကျယ်လာမယ်"
_________________________________________
ငါမရူးဘူး. .
--------------------
စိတ်ရောဂါ အထူးကုဆေးရုံတွင်ဖြစ်သည် ၊ဆေးကော်မရှင်က လူနာတို့၏
အခြေအနေကိုအောက်ပါအတိုင်းစမ်းသပ်သည် ၊
လူနာများကို ငါးမျှားတံတစ်ချောင်းစီပေးကာ ရေဆွဲ အိမ်သာတစ်ခုစီ၏
ရှေ့တွင်ထိုင်ခိုင်းသည် ။ထို့နောက် တစ်ယောက်စီ ထံသွားကာ
"ငါး တွတ်ရဲ့လား" ဟု မေးသည် ၊လူနာအားလုံးလိုလိုက ငါးတွတ်ကြောင်း ဖြေသည် ၊
တစ်ဦးကသာငါးမတွတ်ပါ ဟုပြောသည် ၊ ဆေးကော်မရှင်
အဖွဲ့ဝင်များ အစည်းအဝေးထိုင်ကာ နောက်ဆုံးလူနာတစ်ယောက်သာ လူကောင်း
ကဲ့သို့ဖြေသည်ဟု သဘောတူညီကြသည် ၊သို့ဖြင့်၎င်းအား
ဆေးရုံမှ ဆင်းခွင့်ပြုရန်ဆုံးဖြတ်ကြသည် ၊ထိုလူနာ ဆေးရုံမှ
မဆင်းခင်လာရောက်နှုတ်ဆက်ကြသော လူနာ အဖော်များက ၎င်းအားမေးကြသည်၊
"ဟေ့ ခင်ဗျား ဘာဖြစ်လို့ ငါးမတွတ်ဘူးလို့ ဖြေရတာလဲ"
"ငါး တွတ်တဲ့နေရာကို သူတို့ကိုပြောပြရအောင် ကျုပ် အရူးမှ မဟုတ်ဘဲ"
_____________________________________________
လိုချင်လို့. .
---------------------
"ပီတာ....မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ"
"မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့"
"အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း"
"အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့"
___________________________________________
အတွေးကိုယ်စီရှိကြသည်. .
------------------------------------
လေယာဉ်ပျက်ကျသဖြင့် ယောကျာ်းခရီးသည်များနှင့် မိန်းမခရီးသည်များ
မြစ်ကမ်းတစ်ဖက်တစ်ချက်စီသို့ ရောက်သွားကြသည် ။ မိန်းမခရီးသည်များနှင့်
မည်သို့ပူးပေါင်းနိုင်မည်နည်း ဆိုသည်ကို ယောကျာ်းများ တိုင်ပင်ကြသည် ။
"ဟိုဖက်ကမ်း ကိုမြန်မြန်လေး ရေကူးသွား ကြရအောင်" အသက် ၂၀-အရွယ်
လူငယ်ကအားတက်သရောပြောသည် ၊
"လှေတစ်ခုလုပ်ပြီး ကူးသွားရင် ပိုကောင်းမယ်" အသက် ၃၀-အရွယ်ကပြောသည် ။
"ဘယ်ကိုမှ ကူးစရာ မလိုဘူး ၊သူတို့ဟာသူတို့ ကူးလာကြလိမ့်မယ်" အသက်
၅၀-အရွယ်ကပြောသည် ။
____________________________________________________
မဟုတ်တဲ့နေရာကြီးနေတယ်. .
-------------------------------------
မင်္ဂလာဦးညလွန်မြောက်ပြီး နောက်တနေ့တွင် ညားခါစ ဇနီးမောင်နှံတို့ ယောကျာ်းအတွက်
ဖိနပ်ဝယ်ရန် ဈေးထွက်ကြသည် ၊ ဖိနပ်ဆိုင်တွင်
အရောင်းသမက နံပါတ် ၄၅-ကိုယူလာသည် ၊လူငယ်စီးကြည့်သည် ၊အလွန်ငယ်နေသည်ကိုတွေ့ရသည်
၊သို့ဖြင့် နံပါတ်-၄၆ ၊ထို့နောက် အကြီး ဆုံးနံပါတ် ၄၇-ကိုယူပြီးပြသည် ၊
လူငယ်စီးကြည့်သည် ၊ခြေထောက်က ကြီးပြီး ဖိနပ်က ငယ်နေသည် ။
" ကျွန်မတို့ ဆိုင်မှာ ဒီထက် ကြီးတဲ့ နံပါတ် မရှိတော့ဘူး ရှင့် "
ဆိုင်မှ ထွက်လာသောအခါ ဇနီး ဖြစ်သူက ၀မ်းနည်းသံဖြင့် ပြောသည် ။
" ဘယ်လိုမှ မတတ်နိုင်တော့ဘူး ၊ ရှင့်ခြေထောက်တွေက ကြီးလွန်းတာကိုး "
"အေးကွာ .....မင်းသိတဲ့အတိုင်း ငါက တောသားကွ ၊ တစ်နွေလုံးငါက ဖိနပ်မပါဘဲ
လမ်းလျှောက်တော့ ခြေထောက်တွေက တဖြေးဖြေး ကြီး
လာတာနဲ့ တူပါရဲ့ကွာ "
"ရှင် ဘောင်းဘီမ၀တ် ဘဲ လျှောက်ရင်ပိုတောင် ကောင်းလိမ့်ဦးမယ်"
_____________________________________________________
မိန်းမပျောက်လို့. .
-------------------------
ကိုချူချာတို့ လင်မယား မော်စကိုသို့ရောက်လာသည်
၊ဆိုင်ကြီးများကိုငေးမောကြည့်ရင်းလူအုပ်ကြားထဲတွင် မချူချာ ပျောက်သွားသည် ။
ကိုချူချာက ရဲစခန်းသို့ လာတိုင်သည် ။
"ကျွန်တော့်မိန်းမ ပျောက်သွား ပါတယ်"
"ခင်ဗျား မိန်းမ ရဲ့ ပုံပန်းသဏ္ဍန်ကိုပြောပြပါ"
"ပုံပန်းသဏ္ဍန် မပျောက်ဘူး ၊ မိန်းမပျောက်သွားတယ်"
"ကျွန်တော်ပြောတာခင်ဗျား သဘောမပေါက်ဘူး ထင်တယ် ၊ခင်ဗျားမိန်းမ အသားဖြူသလား
,မဲသလား ၊အရပ်ပုသလား , ရှည်သလား ဆိုတာ
ကို ပြောတာ ၊ဒါမှ ရှာရတာလွယ်မှာပေါ့ ၊ ဥပမာ-ကျုပ်မိန်းမ ကိုကြည့်
၊အရပ်ထောင်ထောင် မောင်းမောင်း ၊ မ၀,မပိန် ကိုယ်လုံးနဲ့ ၊
ရွှေရောင်ဆံပင်နဲ့ ၊ ခြေတန်လည်း ရှည်တယ် " ကိုချူချာ ခဏစဉ်းစားပြီးပြောသည် ။
"ကျွန်တော့် မိန်းမ အရပ်ပုတယ် ၊ မျက်လုံးတစ်ဖက်စွေနေတယ် ၊ခြေခွင်လဲ လိမ်နေတယ်
၊အင်း. .ကျွန်တော့် မိန်းမ ကို ထား လိုက်ပါ ဗျာ ၊
ရဲ မှူး ကြီးရဲ့ မိန်းမ ကို ပဲရှာကြရအောင် "
___________________________________________________________________________
မျက်စိမှုန်တဲ့ယုန်. .
----------------------------
ဝက်ဝံ, မြေခွေးနှင့် ယုန်တို့ အထွေထွေ စစ်မှုထမ်း ဥပဒေ အရ
စစ်မှုထမ်းချိန်ရောက်သဖြင့် စစ်သားစုဆောင်းရေးရုံးသို့ သွားကြသည် ၊
ဆေးကော်မရှင် က ၎င်းတို့တစ်ဦးချင်းကို ဆေးစစ်သည် ၊ ၀က်ဝံ နှင့်မြေခွေးတို့
နှစ်ဦးစလုံး ဆေးအောင်ကြသည် ၊နှစ်ဦးစလုံး သုန်သုန် မှုန်မှုန်
အမူအရာနှင့် ထိုင်နေကြသည် ၊မည်သူမှ စစ်မှု မထမ်းလိုကြသောကြောင့် ဖြစ်သည် ၊ ဤ
အချိန်တွင် ၀မ်းသာသောမျက်နှာဖြင့်
အခန်းထဲမှ ယုန်ထွက်လာ သည် ။
"၀မ်းသာလိုက်တာ ၊ငါ စစ်မှုထမ်းစရာမလိုဘူး ၊ ငါဆေးမအောင်ဘူး"
"ဘာဖြစ်လို့ မအောင်ရမှာလဲ ၊မင်းရဲ့ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းတယ်ဆိုတာ
ငါတို့သိသားပဲ "
"ဟို အဝေးကတောင် ကုန်းကိုမြင်သလား"
"မြင်တယ်"
"ဘယ်ဘက်ထောင့်က ကျွန်းကပင် ကြီးကိုကောမြင်ကြရဲ့လား"
"မြင်တယ်"
"ညာဘက်ထွက်နေတဲ့ အကိုင်းကော"
"မြင်တယ်"
"အောက်ဘက်ကိုစိုက် ကျနေတဲ့ အရွက်နှစ်ရွက်ကို ရော"
"မြင်တယ်"
"အဲဒါပြောတာပေါ့ ၊ ငါက ကျွန်းပင်ကြီးကိုတောင်မမြင် ဘူး"
__________________________________________
နောက်မလုပ်နဲ့. .
-------------------------
ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးရူဘယ် ကျန်နေသည် ၊
မနက်အိပ်ရာထသောအခါ အရက်နာကျသည် ကို
ဖြေဖျောက်ရန် အတွက်အိတ်ထောင်ကို စမ်းသည် ၊မနေ့ကသုံးရူဘယ် မရှိတော့ချေ ။
သို့နှင့်အိမ်တွင် မွေးထားသောငန်းကိုယူကာ ဈေးထဲသွား
ရောင်းသည် ။ညနေ ပိုင်းတွင် မူးပြီးအိမ်ပြန်လာသည် ၊ မိန်းမ ကမေးသည် ။
"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"
"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကို မင်းခုလိုပဲဆက်စမ်းနေရင်
မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်
နား လည်လား "
________________________________________________
ညှဉ်းဆဲလိုက်မယ်. .
---------------------------------
မီးပြတိုက်သို့ လှေတစ်စင်း ကပ်လာသည် ၊လှေပေါ်မှ ပင်ပန်းနွမ်းနယ်ပြီး
ဒေါသထွက်နေသော အမူအရာဖြင့် စာပို့လုလင် ဆင်းလာသည် ၊
ထို့နောက် မီးပြတိုက်အမှုထမ်းအား ၎င်း၏ စာကို ပေးလိုက်သည် ၊
မီးပြတိုက်ဝန်ထမ်းကပြောသည် ၊
"နောက်တစ်ခါ ငါ့အတွက် စာလာပို့တဲ့အခါ
အခုလိုမျက်နှာရှစ်ခေါက်ချိုးလုပ်လာတာတွေ့ရင် နေ့စဉ် ထုတ် သတင်းစာ တစ်စောင်
စောင်
ကို ငါ တစ်နှစ်စာ မှာလိုက်မယ် ၊နားလည် လား ။"
___________________________________________________________
အသစ်ပေးပါ. .
-----------------------
ချူ ချာကို နိုင်ငံ ကူးလက်မှတ် ထုတ်ပေးလိုက် သည် ၊ နောက် -၂-ရက် ကြာသော အခါ ချူ
ချာပြန်ရောက်လာပြီး ပတ်စပို့ အသစ်ထုတ်ပေးရန်
ပြောသည် ။
"ဘာဖြစ်လို့ ပတ်စပို့ နောက်တစ်ခုလိုချင် ရတာလဲ "
"ချူချာ ဆေးလိပ်သောက်တယ်လေ "
________________________________________
လူတို့၏စရိုက်. .
-------------------------
ဧည့်သည်အဖြစ် လာပုံလာနည်း အမျိုးမျိုး..
အင်္ဂလိပ် ----တုတ်ကောက်ဖြင့်လာသည် ။
ပြင်သစ် -----မယားငယ်နှင့်လာသည် ။
ရုရှား ------အရက်ပုလင်းနှင့်လာသည် ။
ဂျူး ---------မိမိ၏ဆွေမျိုးများနှင့်အတူလာသည် ။
ဖိတ်သောအိမ်မှ ထွက်ပုံထွက်နည်းအမျိုးမျိုး......
အင်္ဂလိပ် -----တုတ်ကောက်ကိုင်ပြီးပြန်ထွက်သည် ။
ပြင်သစ် -------အိမ်ရှင်၏ဇနီးနှင့်ပြန်ထွက်သည် ။
ရုရှား --------မျက်နှာဒဏ်ရာနှင့် အိမ်ပြန်သည် ။
ဂျူး --------မိမိနှင့်
မိမိဆွေမျိုးများအတွက်လက်ဆောင်ပစ္စည်းများယူကာပြန်ထွက်သည် ။
နောက်တနေ့မနက် စဉ်းစားပုံပမျိုးမျိုး.........
အင်္ဂလိပ် -------မနေ့က ငါ့ရဲ့ အပြု အမူ, အပြောအဆို တွေ လူကြီးလူကောင်းဆန်ရဲ့လား

ပြင်သစ် --------အဲဒီ အချိန်မှာ ငါ့မိန်းမ ဘယ်သူနဲ့များ ရှိနေ ပါလိမ့် ။
ရုရှား ---------(မှန်ထဲ ကြည့်ကာ)ငါ့ကို ဘယ်သူများ ဆော်ပလော်တီးလိုက်ပါလိမ့်

ဂျူး ----------ဘယ်သူ့ အိမ်ကို အလည်သွား ရပါ့ မလဲ ။
 

Joke အပျိုကြီးများ ဋီကာ 

မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့…
- အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…
- အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်…
- အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီးလို့ သတ်မှတ်လိုက်ကြပါပြီ…။ 


ပြီးတော့ ရှိပါသေးတယ်…၊

- အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်…၊ (စိတ်ဝင်စားစရာတွေနဲ့
ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်)
- အသက်(၂၀)ကနေ (၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်…၊ (တည်ငြိမ်လာတယ်…
တိုးတက်နေတယ်… အိနြေ္ဒရှိတယ်… သိမ်မွေ့တယ်)
- အသက်(၃၀)ကနေ (၄၀) အတွင်းကတော့ အမေရိကားနဲ့တူတယ်…၊ (အတတ်ပညာနဲ့ ပြည့်စုံတယ်)
- အသက်(၄၀)ကနေ (၅၀)အတွင်းကတော့ ဥရောပနဲ့တူတယ်…၊(နှစ်လိုဖွယ်ရာ
သိပ်မရှိတော့ဘူး… ဟန်ပဲရှိတော့တယ်)
- နောက်ဆုံး အသက်(၅၀)ကျော်သွားရင်တော့ ဆိုက်ဘေးရီးယားနဲ့တူတယ်…၊
(၄င်းရှိပေမယ့်လည်း… ဘယ်သူမှ မသွားချင်ကြဘူး…)

မိန်းကလေးများဟာ… အသက်(၂၅)နားနီးလာပြီဆိုရင်/ဖြတ်ကျော်ပြီဆိုရင်
(အပျိုကြီးလုပ်ဖို့ရည်ရွယ်သည်ဖြစ်စေ …မရည်ရွယ်ဘူးဖြစ်စေ)
"အပျိုကြီး" လို့ ခေါ်တာကိုတော့ လုံးဝမကြိုက်ကြပါဘူး…။

တစ်စုံတစ်ယောက်က ခေါ်လိုက်မိတဲ့အခါ ပြန်ပြောလေ့ရှိတဲ့စကားတွေကတော့…

- "ငါ တကယ်အပျိုကြီးဖြစ်နေပြီလား" (စိတ်ထဲက ပြန်ပြောတာ…)
- "ငါ အသက်မကြီးသေးဘူး ထင်တာပဲ…" (မှန်ကြည့်ပြီး ပြောတတ်သောစကား…)
- "ငါ့ အလှကမှ ရင့်ကျက်တဲ့ အလှ…" (ဆယ်ကျော်သက်များက အပျိုကြီးဟု
ခေါ်သောအခါ တုံ့ပြန်ပုံ)
- "ငါက သူ့ထက်တောင် နုပါသေးတယ်…" (သူမထက် နှစ်နှစ်၊ သုံးနှစ်ငယ်သူများ၏
ခေါ်သံကို ကြားရသော အခါ တွေးတောပုံ)
- "ငါက မဖြစ်သေးပါဘူး… သူတို့ကသာ အရိုးဆွေးနေကြပြီ…"
(သူမ၏စီနီယာအပျိုကြီး လူပျိုကြီးများက ခေါ်သည်ကို ကြားရသောအခါ
ဆင်ခြင်ပုံ…)

အသက်(၂၅)ကျော်လာပြီး လက်ဆုပ်လက်ကိုင် မရှိသေးသူများကို အပျိုကြီးလို့
ပြောမိရင်တော့…၊ ( ၀ိုင်က အပျိုကြီးမမများပြောနေကျစကားများ 
)

- "ငါက စွံရဲ့သားနဲ့ အပျိုကြီးလုပ်မှာ…"
- "ငါက သဘောကျတဲ့ လူမတွေ့သေးလို့ပါ… တွေ့ရင်တော့… စဉ်းစားမှာပေါ့…"
- "သူများတွေ မင်္ဂလာမဆောင်ခင်မှာ ငါ့ဖိတ်စာရောက်လာစေရမယ်…"
- "ငါက မစွံပါဘူး… စွံတဲ့သူတွေက ပြောအားရှိတာပေါ့…"
- "ငါက တော်လို့ ငါ့ကို ကြောက်ပြီး… ဘယ်သူမှ… မလိုက်ရဲတာ…"
- "ပိင်္ဂုတ္တရလုလင်တွေက ဥဒုမ္ဗရဒေဝီနားကို မကပ်နိုင်ကြတာပါ…"
- "ပုရိသတွေကို ကြွေအောင်လုပ်ဖို့… ရူပါမလိုပါဘူး… ဗျူဟာပဲလိုတယ်…"
- "ငါက ဘာမှကြိုးစားစရာမလိုဘူး… အိမ်က စီစဉ်ပေးလိမ့်မယ်…"
- "ငါ့အတွက်ဆိုရင် အကူအညီပေးမယ့် ပုရိသတွေများ တန်းစီနေတာပဲ…"
- "မလိုချင်လို့ပါ… လိုချင်ရင် ခေါင်းခေါက်ပြီးတောင် ယူလို့ရတယ်…"
- "ပုရိသတွေကို စိတ်မရှည်လို့ အပျိုကြီးလုပ်နေတာ…"
- "ဘာမှမဟုတ်တဲ့အချစ်နောက်လိုက်မနေနဲ့ အချစ်ဆိုတာ ဘာမှမဟုတ်ဘူး…"
- "အပိုအလုပ်တွေမလုပ်ချင်လို့ပါ… တစ်ယောက်တည်းနေတာအေးချမ်းတယ်"

(တစ်ချို.ကတော့ ဘာမှပြန်မပြောပါဘူး… ပြုံးနေပါတယ်…
တစ်ချို.ကတော့မဲ့ပြုံးပြုံးပါတယ်… တစ်ချို.ကတော့ ခါးသီးစွာ မဲ့ပါတယ်…
တစ်ချို.ကတော့တည်တည်ကြီးတုံ့ပြန်ပါတယ်…)

နောက်တစ်ခုက အပျိုကြီးများ စွံတဲ့အခါ ဖြစ်လေ့ရှိတာတွေက…

-သူမတို့ရဲ့ ရည်းစားကို အရမ်းချစ်မြတ်နိုးကြပါတယ်…။
(လသားကလေးလက်ထဲကို အရုပ်ကလေးထည့်ထားပြီး ပြန်ယူတဲ့အခါ
လုံးဝလွှတ်မပေးတော့ပဲ အတင်းအကျပ် ကိုင်ထား သလိုမျိုးပါ…)
-သဝန်လည်း အင်မတန်တိုတတ်ပါတယ်…။
-မိန်းကလေး ငယ်ငယ်လေးတွေနဲ့ သူမရဲ့ရည်းစား စကားပြောတာကိုလည်း မနှစ်လိုပါဘူး…။
(ကောင်မလေးတွေက ငယ်ပေမယ့် မခေဘူး…ပဲကလည်းများ… အသံကလည်း ခရာတာတာ
ညုတုတုနဲ့လို့ တွေးနေတတ်ပါတယ်…)
-သူမကိုယ်တိုင်ကလည်း အသံတွေပြောင်းလဲသွားတတ်ပါသေးတယ်…။
-တစ်ခြားလူကို ပြောတဲ့ အသံနဲ့ ရည်းစားကို ပြောတဲ့ အသံ နူးညံ့မှုနဲ့
အီစီကလီဖြစ်မှု အဆတစ်ရာလောက်ကွာ ခြားပါတယ်…။
-သူမတို့ရဲ့ ရည်းစားကို အခြားလူများက အကူအညီတောင်းမိရင်
အင်တင်တင်နဲ့သဘောမတူသလို လုပ်တတ်ပါ သေးတယ်…။
အထက်ပါ အချက်တွေက အပျိုကြီးတွေမှာသာ မဟုတ်ပါဘူး…
မိန်းကလေးတော်တော်များများမှာ ရှိတတ်တဲ့ အချက်တွေပါပဲ…။

ကဲပါ...မိတ်ဆွေ… အပျိုကြီးနဲ့များ ကြိုက်မိလျှင်တော့ သင်သတိထားလော့…။
 

မြိုရခက်ကြီး
ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
"စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး
ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"
________________________________________________________________________
တစ်ယောက်မှ မရှိပါ
လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။
လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့"

ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"

"တစ်ယောက်မှ မရှိဘူးထင်တယ်"

"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"

"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"

"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"
_____________________________________________________________________________
ဗိုလ်ကြီး မသေဘူးဟေ့

ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ
တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့
စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ
ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ
ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ
ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။
တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။

_____________________________________________________________________
တို့သူငယ်ချင်းလှထုံအကြောင်းပြောရမလား...

စာမေးပွဲနီးတော့ အိပ်ရေးပျက်ပြီး မူးလို့ ဆရာဝန်ကိုသွားပြပါတယ်..။
ဆရာဝန်က လက်မောင်းမှာ
အဝတ်ပတ်.. ရာဘာလုံးလေးကို တရှူးရှူးညှစ်ပြီး (သွေးချိန်တာပါ)
အပေါ်သွေး..... လို့ပြောရုံရှိသေး..လူနာကုတင်ပေါ်က လူးလဲထပြီး အောက်သွေး
မတိုင်းတော့ဘူးလို့ ဆိုပါတယ်...။
(သူထင်သွားတာက အောက်သွေးတိုင်းရင် သူ့ပေါင်ကို
အဝတ်နဲ့ ပတ်မယ်ထင်တာ၊ အပေါ်သွေးတိုင်းတုံးက လက်မောင်းကိုပတ်ထားတာကိုး....)
____________________________________________________________________________
ချွေတာတဲ့ ကိုချူချာ

ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး
ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို
လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့်
ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။

နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး
ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။
ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး
ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ
ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလား
လို့များလား။

မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ
ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။

ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။
မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။
ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ
မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
"မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"
__________________________________________________________________________-
နေရာကောင်း

ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"
______________________________________________________________
တွေ့ရင်ပြောမယ်

ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့
အတင်းဆွဲခေါ်လာသည်။

ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။

"ပိုက်ဆံရှိသလား"
"မရှိဘူး"

ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်
ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။

"ရွှေကောရှိသလား"
"မရှိဘူး"

"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို
ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။

"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"

"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊
တွေ့ရင်ပြောပါ့မယ်။