Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Monday, April 25, 2011

ပင်လယ်ထဲ့  ရေ ဆော ရင်း ငမန်း စာ အဖြစ် အသက်ဆုံး ရှုံးသူ




ပင်လယ်ထဲ့  ရေ ဆော ရင်း ငမန်း စာ အဖြစ် အသက်ဆုံး ရှုံးသူ

မည်သည့်  နိုင်ငံ တွင် ဖြစ်ခဲ့ သည် ဟု အတိအကျ မဖော် ပြခဲ့ သော် လည်း Mexico သူ ဟု ခန့် မှန်း နိုင်သည်။
ဦးဦး မှော်ဆရာ မေး ဂရုပ် မှ ရရှိခြင်းဖြစ်သည်။

Saturday, March 26, 2011

ငလျင်ကြောင့် တလောမြို့ ပျက်စီး

မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်၏ နောက်ဆက်တွဲအဖြစ် ငလျင်ငယ်များ လှုပ်ခတ်မှု ဆက်လက် ဖြစ်ပေါ်လျက်ရှိရာ မတ်လ ၂၆ ရက်နေ့အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် ငလျင်ငယ်များ ထပ်မံ လှုပ်ခတ်နေ၍ ဒေသခံများ အကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

''မနေ့ညကလည်း လှုပ်တယ်၊ ဒီမနက်လည်း ထပ်လှုပ်သေးတယ်။ အိမ်ထဲကို မနေရဲတော့ဘူး။ အိမ်က မြေစိုက်အိမ်ဆိုတော့ ပိုသိသာတယ်။ သဘာဝဘေးဆိုတော့ ပြောလို့မရဘူးပေါ့။ ကံစီမံရာပဲလို့ သဘောထားရတာပဲ''ဟု အုတ်ကျင်းရွာမှ အ မျိုးသမီးတစ်ဦးက မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်က ပြောပြသည်။

''၂၄ ရက်နေ့ ငလျင်လှုပ်တုန်းက အိမ်နောက်ဖေးဘက် ရောက်နေတော့ ကျွန်မက လွတ်သွားတယ်။ အိမ်ရှေ့ဘက်ခြမ်းက ပြိုကျတော့ အမျိုးသားက ဆုံးသွားပါတယ်''ဟု တာလေမြို့ပေါ်မှ အမျိုးသမီးတစ်ဦး က ပြောကြားသည်။

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းကျေးရွာ၊ မိုင်းလင်းကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီရွာ တို့တွင် သေဆုံးသူသည် ရာဂဏန်းကို ကျော်လွန်နေပြီး သေဆုံးသူ၊ ဒဏ်ရာရရှိသူ အရေအတွက် အများဆုံးမှာ မိုင်းလင်းကျေးရွာ ဖြစ်သည်ဟု ဒေသခံတို့၏ ပြောကြားချက်အရ သိရှိရသည်။

''အိမ်တစ်အိမ်လုံး ပြိုကျတော့ အိမ်မှာရှိတဲ့ အဖိုးရော၊ မြေးရော၊ ချွေးမရော ပါသွားကြတယ်''ဟု တာလေမြို့မှ ဒေသခံတစ်ဦးက ပြောပြသည်။

အင်အားပြင်းငလျင်၏ နောက်တွင် ငလျင်ငယ်များ နောက်ဆက်တွဲအဖြစ် ထပ်မံ လှုပ်ခတ်လေ့ရှိသကဲ့သို့ လက်ရှိအချိန်အထိ ငလျင်ငယ်များ၏ သက်ရောက်မှုကို ဒေသခံများ ခံစားနေရခြင်း ဖြစ်ပြီး ယခု အင်အားပြင်းသော ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ မရှိတော့ကြောင်း မြေငလျင်ဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်ပါသည်။

[Updated မတ်လ ၂၆ ရက် နံနက် ၁၀ နာရီ]

ထပ်မံရရှိသောသတင်းများအရ ငလျင်ကြောင့် ဒဏ်ရာရရှိခဲ့သူ အရေအတွက် ထပ်မံတိုးတက်လာပြီး တာချီလိတ်ဆေးရုံ၊ မိုင်းဖြတ်ဆေးရုံများသို့ ခွဲ၍ပို့ဆောင်ထားရကြောင်း သတင်း ရရှိပါသည်။

''ဒဏ်ရာရတဲ့သူတွေကို တာချီလိတ်ဆေးရုံနဲ့ မိုင်းဖြတ်ဆေးရုံတွေကို ခွဲပြီးပို့ထားပါတယ်။ တာချီလိတ်၊ ကျိုင်းတုံကသွားတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက တာလေမှာ ရုံးစိုက်ထားကြတယ်။ လောလောဆယ်တော့ ငြိမ်သွားတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နေပါပြီ။ ကယ်ဆယ်ရေးစခန်းတွေကတော့ တာလေမြို့ပေါ်နဲ့ နားယောင်းရွာမှာ ဖွင့်လှစ်ထားပါတယ်''ဟု ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက မတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ပြောပြသည်။
မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်များအရ တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းကျေးရွာ၊ မိုင်းလင်းကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၂၂၄ လုံး ပျက်စီးခဲ့ပြီး ခြောက်ခန်းတွဲလူနေ လိုင်းခန်းတစ်ခု၊ သာသနိက အဆောက်အအုံ ၁၁ ခု၊ ဌာနဆိုင်ရာ အဆောက်အအုံ ကိုးလုံး အသီးသီး ပျက်စီးခဲ့ကာ သေဆုံးသူ ၇၃ ဦး၊ ဒဏ်ရာရရှိသူ ၁၂၅ ဦး ရှိကြောင်း သိရှိရသည်။
[Updated မတ်လ ၂၆ ရက် နံနက် ၇ နာရီ]

မတ်လ (၂၆) ရက် နံနက် (၅) နာရီ ဝန်းကျင်ခန့်က အင်းအား အသင့်အတင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း တာချီလိတ်ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။ လက်ရှိတွင် တာချီလိတ် ပြည်သူ့ဆေးရုံတွင် အရေးပေါ်ကယ်ဆယ်ရေးအသင်း/အဖွဲ့များ ဖွဲ့စည်းထားပြီး ဆေးရုံသို့ ရောက်ရှိလာသော လူနာများကို ကုသပေးလျက်ရှိကြောင်း သိရသည်။

"လောလောဆယ်တော့ လူနာ ၆၀ ကျော်ရှိပါတယ်။ ကျွန်တော် ဂျူတီအချိန်အတွင်းမှာတော့ သေဆုံးလူနာ(၂)ဦး ရှိပါတယ်။ ဆေးရုံ အနေအထားအရ လူနာတွေအားလုံးကို အခန်းထဲမှာ ထားမပေးနိုင်ပါဘူး။ အဖွဲ့အစည်းတွေ၊ တစ်သီးပုဂ္ဂလတွေကလာပြီး လူနာတွေကို လိုအပ်တာတွေ လှူကြတာတွေလည်း ရှိပါတယ်"ဟု တာချီလိတ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
"ကျွန်တော်က ကျကူနီရွာကပါ။ တာလေမြို့နယ်ခွဲကပေါ့ ဇနီးနဲ့သမီး ခေါင်းနဲ့ခြေထောက်တွေ ထိတယ်။ ရွာထဲမှာ သေတဲ့သူတွေလည်း ရှိတယ်။ အိမ်ကတစ်ထပ်ပေမယ့် ဘေးကအုတ်တွေ ပြုတ်ပြီး ခေါင်မိုးကျလာတာ၊ ရွာထဲမှာ အကုန်နီးနီးဘဲ"ဟု တာချီလိတ်ဆေးရုံရောက် လူနာတစ်ဦးမှ ပြောပြခဲ့သည်။
ထိုပြင် တာလေမြို့ အ၀င်ရှိ လမ်းများမှာ အက်ကြောင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး ကားငယ်များ သွားနိုင်ရန် ပြုလုပ်ပေးထားကြောင်း သိရှိရသည်။ တာလေမြို့နယ်သည် တာချီလိတ်ခရိုင်တွင် ပါဝင်ပြီး တာချီလိတ်မှ ၂၅ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။
[Updated - မတ်လ ၂၅ ရက်နေ့ ည ၁၀နာရီ]
ထပ်မံရရှိသောသတင်းများအရ သေဆုံးသူအရေအတွက်မှာ ပိုမိုများပြားနိုင်ကြောင်း သိရပြီး ယခုအခါ အလောင်းကောက်စစ်ဆေးမှုများပြုလုပ်ဆဲဖြစ်၍ အတိအကျ မသိရှိနိုင်သေးကြောင်း တာလေမြို့နယ်ခွဲရှိ ဒေသခံတစ်ဦးက ည(၉)နာရီအချိန် ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့ပြင် တာလေမြို့နယ်ခွဲ ဆေးရုံလည်း ပြိုကျပျက်စီးမှုများရှိကြောင်း သိရသည်။
''တာလေမြို့လမ်းမကြီးရဲ့ လမ်းဘေးဝဲယာတွေမှာတော့ တော်တော်များများပျက်စီးနေပါတယ်။ ကျိုင်းတုံနဲ့ တာချီလိတ်ကြားက တာလေတံတားကလည်း မြေကြီးထဲကို (၅)ပေလောက် နိမ့်ဆင်းသွားတယ်။ လောလောဆယ်မှာ သဲအိတ်တွေဆင့်ပြီး ကားသေးလေးတွေတော့ ဖြတ်လို့ရနေပါပြီ။ တာလေတံတားက တာချီလိတ်နဲ့ပိုနီးပြီး မိုင်(၂၀)လောက်ပဲဝေးပါတယ်။ တာချီလိတ်ကနေ တာလေမြို့နယ်ခွဲကိုလာရင် အဲဒီတံတားကပဲ ဖြတ်လာရတာပါ''ဟု ဒေသခံတစ်ဦးမှပြောပြပါသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ကုသမှုပြုလုပ်နေပြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့များမှ ဒေသဆိုင်ရာအာဏာပိုင်များ၊ NGOများအပါအ၀င် ကူညီကယ်ဆယ်ရေးအဖွဲ့များရောက်ရှိနေပြီဟု သိရသည်။
[Updated - မတ်လ ၂၅ ရက်နေ့ ည ၉နာရီ]


ရှမ်းပြည်နယ်ရှိ လွယ်မွေအနီး လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ငလျင်ဒဏ်သင့်ခဲ့သူများအား ကယ်ဆယ်မှုများ ပြုလုပ်ရန် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်နေပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
''ကျိုင်းတုံကနေ ကယ်ဆယ်ရေးအဖွဲ့တွေ တာလေကို သွားနေပါပြီ။ လောလောဆယ်တော့ သတင်း ထပ်မရသေးပါဘူး''ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ၀န်းကျင်တွင် ပြောကြားသည်။
အင်အားပြင်းထန်သော ငလျင်ကြောင့် တာလေမြို့၊ မိုင်းလင်းမြို့၊ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် ပျက်စီးဆုံးရှုံးမှု၊ လူသေဆုံးမှုများ ရှိခဲ့ကာ တာလေမြို့မှာ လူသေဆုံးမှု၊ ပျက်စီးမှု အများဆုံး ဖြစ်ကြောင်း လတ်တလော ရရှိသော သတင်း အချက်အလက်များအရ သိရှိရပါသည်။
''တာလေမှာ လူတွေ ပိနေတာတွေ ရှိနေသေးတယ်လို့ ကြားရပါတယ်''ဟု ကျိုင်းတုံမြို့မှ ဒေသခံတစ်ဦးက ပြောပြသည်။  ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့တွင် အဆောက်အဦအချို့ အုတ်နံရံပြိုကျခြင်း၊ နံရံများ အက်ကွဲခြင်း၊ တာချီလိတ်မြို့တွင် နေအိမ်အချို့ ပြိုကျခြင်း စသည်တို့ ရှိကြောင်း၊ တာချီလိတ်နှင့် ကျိုင်းတုံမြို့ အကြားရှိ တာလေ တံတားပျက်စီးမှု ရှိခဲ့ကြောင်း ရှမ်းပြည်နယ်မှ ပေးပို့သော သတင်းများအရ သိရှိရသည်။




နောက်ဆုံးရသတင်းဓါတ်ပုံများ (တာလေမြို့မြင်ကွင်း)
ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၇၀ ဦး ကျော်ရှိပြီး ဒဏ်ရာရသူဦးရေ ၁၀၀ ကျော်နေ
ရှမ်းပြည်နယ်ရှိ လွယ်မွေအနီး လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၇၀ ကျော်ရှိလာပြီး ဒဏ်ရာရသူဦးရေ ၁၀၀ ကျော် ရှိနေကြောင်း သတင်းရရှိပါသည်။
တာချီလိတ်မြို့၊ တာလေမြို့နှင့် ကျေးရွာများအတွင်း နေအိမ်အဆောက်အအုံများ ပျက်စီးမှု၊ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ ၀န်းကျင်အချိန် ရရှိသော အချက်အလက်များ အရ သေဆုံးသူဦးရေ ၇၄ ဦး၊ ဒဏ် ရာရရှိသူဦးရေ ၁၁၁ ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
ထို့ပြင် အိမ်အလုံးရေ ၂၀၀ ကျော် ပျက်စီးမှုရှိခဲ့ပြီး လူနေအိမ်များ အပြင် အခြားသော ဌာနဆိုင်ရာ အဆောက်အအုံများ၊ သာသနိက အဆောက်အအုံများလည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ 
မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဆက်သွယ် မေးမြန်းမှုများ အရ သေဆုံးသူဦးရေ ၅၀ ကျော်ရှိကြောင်း သိရှိခဲ့ရပြီး လတ်တလောတွင်မူ ဦးရေ ၇၀ ကျော်အထိ ရှိလာခဲ့ခြင်း ဖြစ်သည်။

Thursday, March 24, 2011

မြန်မာ နိုင်ငံတွင် ငလျှင် လှုပ်သွား Earthquake with Preliminary Magnitude of 7.0 Strikes Myanmar

နေပြည် တော်တွင် ည ၈ နာရီ ၄၆ မိနစ် အချိန် ဉ် အင်အား မဂ္ဂနီ ကျူ ၄.၃ အဆင့် ရှိ ငလျှင် နှစ် ခု ရှစ်မိနစ်ခြား
စီလှုပ်ခတ် သွားသည်။ နေ ပြည်တော် ရှိ အဆောက် အဦများ မှန် များ ကွဲ (Updated 9:12 PM)


လာရှီုး နှင့် သီပေါ မြို့  ကြား နေရာကို ဗဟို ပြု ပြီး အင်အား ငယ် ငလျှင် များ ထပ်မံ လှုပ်ခတ (Updated 9:15 PM)
ထိုင်း နိုင်ငံ ချင်း ရိုင် မြို့  ၏ မြောက် ဘက် မိုင် ၇၀ ခန့် အကွာကို ဗဟို ပြုပြီး လှုပ်ခတ် သွား
သည့် မဂ္ဂနီကျူ ၆ အဆင့် ရှိ ငလျှင် လှုပ် ခတ်ပြီးနောက် တာချီလတ် မြို့  နှင့် ချင်း ရိုင် မြို့ ကြား
နေရာ ကို ဗဟို ပြု ပြီး အင်အား ၇.၀ အဆင့် ရှိသည့် ငလျှင် တစ်ခု ထပ်မံ လှုပ်ခတ်
ခဲ့ခြင်း ကြောင့် တာချီလိတ် မြို့ တွင် အုတ်တံတိုင်း များ ပြိုကျခြင်း နှင့် နေအိမ် အချို့ ပျက်စီး
ခြင်း တို့ ဖြစ် ပေါ်ကြောင်း FreedomNews Group မှ သတင်း ရရှိသည်။
တာချီလိတ် မြို နှင့် နယ်စပ် မယ်ဆိုင် မြို့ ကို ကူး သည့် တံတား အနီး ရှိ ကမ်း နား နေအိမ် အချို့ ပြို
ကျမှု ရှိပြီး တာံတား ရေလည် တိုင် များ လည်း ပျက်စီး မှု ရှိ ၍  နယ်စပ် ဖြတ်ကျော် တံတား ကို ပိတ်
ထားလိုက်သည် ဟု တာချီလိတ် မြို့ မှ ကျန်းမာ ရေး ၀န်ထမ်း တစ်ဦးက FNG သို့ ပြောသည်။
ငလျှင် ငယ်များ ထပ်မံ လှုပ်ခတ်နေ သေးသည် ဟု အကောက် ခွန် ၀န်ထမ်း တစ် ဦး က ပြောသည်။
မယ်ဆိုင်မြို့ ၏ မြောက် ဘက် မိုင် ၂၀ ခန့် နေရာ ကို ဗဟို ပြု ပြီး ထပ်မံ လှုပ်သည့် ငလျှင် ကြောင့်
တာချီလိတ် တွင် ပျက်စီး ဆုံးရှုံး မှု များ ရှိသည်။
တယ်လီ ဖုန်း လိုင်း များပြတ်တောက် ည ၉း၀၀ (မြန်မာ စံတော်ချိန်)
မြန်မာ ဖုန်းလိုင်း များ ပြတ်တောက် သွား ပြီး ထိုင်း တယ်လီ ဖုန်း လိုင်း (မယ် ဆိုင်)(ချင်းမိုင်)
ဖြင့် နောက် ဆုံး ရရှိသည့် သတင်း များ ကို ဆက် ဖော်ပြပေး သွား ပါမည်။
တာချီလိတ် မြို့ တွင် ငလျှင် ငယ် များ ထပ် လှုပ် တယ်လီဖုန်း လိုင်း၊ GSM ဆက်သွယ်မှု လိုင်းများ
ပြတ်တောက် သွားပြီး FNG နှင့် တာချီလိတ် မြို့ ခံ စကား ပြောရင်း ပြတ်တောက်သွား သည်။
အခြား တာ ချီလိတ် တယ်လီ ဖုန်းများ ခေါ် ဆို ၍ မရ ။
Earthquake with preliminary magnitude of 7.0 strikes Myanmar, U.S. Geological Survey reports.
CNN Breaking News

Wednesday, March 16, 2011

မတ်လ ၁၉ ရက်နေ့ တွင် လသည် ကမ္ဘာနှင့်  ၁၉ နှစ်တာ ကာလအတွင်း အနီးဆုံး အကွာသို့ ရောက်ရှိလာမည်။

မတ်လ ၁၉ ရက်နေ့တွင် လသည် ကမ္ဘာနှင့် ၁၉ နှစ်တာ ကာလအတွင်း အနီးဆုံး အကွာအဝေးသို့ ရောက်ရှိလာမည် ဖြစ်ပြီး ထိုကဲ့သို့ ဖြစ်ခြင်းကြောင့် ကမ္ဘာ့မြေ အပေါ်တွင် မကောင်းသော သက်ရောက်မှုများ ရှိနိုင်မည်ဟု ပညာရှင်များက ဆိုကြသည်။

ထိုနေ့၌ ကမ္ဘာ၏ အရန်ဂြိုဟ် ဖြစ်သော လသည် ကမ္ဘာနှင့် အနီးဆုံး အကွာအဝေးဖြစ်သော မိုင် ၂၂၁ ၅၆၇ မိုင်ခန့်သို့ ချဉ်းကပ်လာမည် ဖြစ်ပြီး ၄င်းနှင့် ကမ္ဘာကြား အပြန်အလှန် ဒြပ်ထုဆွဲအားတို့ကြောင့် ဒီရေတက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ခြင်း စသော သဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များက စိုးရိမ်မကင်း ဖြစ်နေကြသည်။


လသည် ကမ္ဘာနှင့် အနီးကပ်ဆုံး၌ တည်ရှိခဲ့ဖူးသော ကာလမှာ ၁၉၉၂ ခုနှစ်က ဖြစ်ပြီး ကမ္ဘာ့သမိုင်းတလျောက် ၁၉၇၄၊ ၁၉၅၅ စသော ခုနှစ်များက ဤကဲ့သို့ ဖြစ်ခဲ့ဖူးပြီးနောက် မြေငလျင်နှင့် မီးတောင်ပေါက်ခြင်း စသော ကပ်ဘေးများ ကြုံတွေ့ခဲ့ရဖူးသည့် သာဓက အခိုင်အမာ ရှိခဲ့ဖူးသလို လွန်ခဲ့သော မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သော ဂျပန် ဆန်ဒိုင်းငလျင်ကြီးသည် ဂျပန်ကျွန်းကို မူလနေရာမှ အရှေ့ဘက်သို့ ၈ ပေခန့်အထိ ရွေ့လျားသွားစေခဲ့သည် အထိ ပြင်းထန်ခဲ့ကာ ၄င်း၏ နောက်ဆက်တွဲ မြေလွှာပြတ်ရွေ့ ငလျင်များ လှုပ်ခတ်လာဖွယ် ရှိသေးသည်ဟု ဂျပန်နိုင်ငံ တီဆူကူးဘားတက္ကသိုလ်မှ ဒုတိယပါမောက္ခမှ သုံးသပ်ပြောဆိုခဲ့သည့်အတွက် ရှိခဲ့ဖူးသောကြောင့် ဤကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ်ကြသည်။

ဂပျန်နိုင်ငံ ငလျင် ကြောင့်  ပျက်စီးမှုများ ၊ဒုက္ခရောက်သူများ




Friday, March 11, 2011

ဂျပန် ဆူနာမီ သေဆုံးသူ ၁ ထောင်နီးပါးရှိပြီ

ဂျပန်ဆူနာမီ သေဆုံးသူ ၁ ထောင်နီးပါးရှိပြီ

   သောကြာ, 11 မတ် 2011
ဂျပန်နိုင်ငံအလယ်ပိုင်း ဟွန်ရှူး (Honshu) ကျွန်းမှာ သောကြာနေ့က ပြင်းအားအဆင့် ၈.၉ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူ ၁,၀၀၀ လောက်ရှိနေပြီလို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။ ဆင့်ကဲလှုပ်ခတ်တဲ့ငလျင်ဒဏ် ခံရတဲ့အပြင် နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေရဲ့ဒဏ်ကိုပါ ခံရတာမို့ ထိခိုက်သေဆုံးမှု များပြားသလို ပျက်ဆီးဆုံးရှုံးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပါတယ်။
သောကြာနေ့ နေ့လည်ပိုင်း ဟွန်ရှူးအရှေ့မြောက်ဘက် ရေပြင်အောက်မှာ ဗဟိုပြုတဲ့ငလျင်ဒဏ်ကြောင့် တိုကျိုမြို့တော်က အဆောက်အဦးတွေ တုန်ခါခဲ့သလို အရှေ့မြောက်ပိုင်း ကမ်းခြေတလျှောက် ပေ ၃၀ ကျော် လှိုင်းလုံးကြီးတွေ ရိုက်ခတ်တဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ ဒီဂျပန်ငလျင် ရိုတ်ခတ်မှုဟာ ရာစုနှစ်တခုကျော် ကာလအတွင်း ကမ္ဘာ့ ပဉ္စမမြောက် ငလျင်ကြီးဖြစ်ပါတယ်။
ဖူကူရှီးမား (Fukushima) မြို့မှာရှိတဲ့ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်ပေါင်းဖိုက အအေးပေးတဲ့စက် ပျက်သွားတာမို့ ဓါတ်ပေါင်းဖိုထဲမှာ ဖိအားတွေများလာသလို ပတ်ဝန်းကျင်လေထုထဲ အနုမြူဓါတ်ရောင်ခြည် ထုတ်လုပ်မှုပမာဏ အဆ ၁,၀၀၀ တိုးလာတာတွေ့ရတယ်လို့ ဓါတ်ပေါင်းဖိုတာဝန်ခံတွေက ပြောပါတယ်။ ဖူကူရှီးမား ဓါတ်ပေါင်းဖို အနီးဝန်းကျင်မှာနေထိုင်တဲ့ သောင်းနဲ့ချီတဲ့ဒေသခံတွေကို စက်ရုံကနေ ၆ မိုင်ကျော်ဝေးတဲ့ နေရာကို ရွှေ့ပြောင်းကြဖို့ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခမ် (Naoto Kan) က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ဗဟိုချက်နဲ့ အနီးဆုံးဖြစ်တဲ့ ဆန်ဒေး (Sendai) မြို့တ၀ိုက်က လယ်ယာမြေတွေမှာတော့ ရွှံ့ရည်တွေနဲ့အတူ အမိုက်သရိုက်တွေ ဖုံးလွှမ်းနေပါတယ်။ မော်တော်ကားတွေ၊ အဆောက်အဦးတွေပါ တက်လာတဲ့ရေနဲ့အတူ မျောပါကုန်ပြီး သေဆူံးသူ ၂၀၀ ကနေ ၃၀၀ အထိ ရှိခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။

ဂျပန်ဆူနာမီနှင့် တိုကျိုရှိ မြန်မာများ

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၂ မိနစ်
  

ဂျပန်နိုင်ငံ တိုကျိုမြို့၏ အရှေ့ဘက် ၃၇၃ ကီလိုမီတာကို ဗဟိုပြု၍ သောကြာနေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် ရစ်ချတ်စတာစကေး ၈.၉ ပြင်းအားရှိ ငလျင်ကြောင့် အမြင့် ၁ဝ မီတာခန့်ရှိ ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်လာပြီး နှစ်ပေါင်း ၁၄ဝ အတွင်း ဂျပန်နိုင်ငံအတွက် အဆိုးဝါးဆုံးဟု ရိုက်တာ သတင်းဌာနက ထုတ်ပြန်သည်။

ဟာဝိုင်ရီကျွန်းရှိ ပစိဖိတ် ဆူနာမီသတိပေးဌာနက အဆိုပါ ဆူနာမီရေလှိုင်းများသည် ဂျပန်၊ ရုရှ၊ မာကပ်ကျွန်းများနှင့် မြောက်ပိုင်း မာရီယာနပ်စ်တို့တွင် ရိုက်ခတ်နိုင်ကြောင်း သတိပေးထားပြီး၊ သတိထားစောင့်ကြည့်ရမည့် နိုင်ငံများတွင် ဂူအမ်ကျွန်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါပူဝါနယူးဂီနီနှင့် အမေရိကန် ဟာဝိုင်အီကျွန်းတို့ ဖြစ်ကြသည်။

နာရိတာ လေဆိပ်ကိုလည်း ပိတ်ထားရပြီး၊ ဖူကူရှီးမားတွင် အိမ်ခြေ ၄ သန်းခန့် မီးပျက်နေသည်။ အဓိက လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံမှာ မီးလောင်ကျွမ်းလျက်ရှိပြီး၊ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြည်သူများကို တိုက်တွန်းထားသည်။
 


 
ဂျပန်စံတော်ချိန် ည ၉ နာရီ၊ တိုကျို အခြေအနေဒေါက်တာမင်းညို( Burma Office Japan)
 
“ အခု ပြောနေရင်းနဲ့ နည်းနည်း ထပ်လှုပ်လာတယ်။ အပြင်မှာ အခုဆိုရင် လမ်းမမှာ လူတွေအပြည့်ပဲ။ ကားတွေလည်း တလက်မချင်း ရွေ့နေတာ တကယ်လို့ အကြီးအကျယ် ထပ်လှုပ်လို့ ပြေးမယ်ဆိုရင်တောင် ပြေးစရာမရှိဘူး။ တိုကျို ၁ဝ နေရာလောက်မှာ မီးတွေလောင်နေတယ်။ ငလျင်လှုပ်ပြီးရင် အခန်မသင့်ရင် ဂက်စ်အိုးတွေ ပေါက်တတ်တော့ အခု ကျနော်တို့ ရှီဘူမှာဆိုရင် ဂက်စ်အိုးတွေသိမ်းတဲ့နေရာပေါ့ အဲဒီမှာပေါက်ကွဲပြီး မီးလောင်နေတယ်။ ကျနော် ရောက်တာ အနှစ် ၃ဝ ရှိပြီ တခါမှ ဒီလောက်ပြင်းတဲ့ ငလျင်မျိုး တခါမှ မကြုံဘူးဖူး။ ကျနော်တို့ အဆောက်အဦးမှာ ရှိတဲ့သူတွေ ဘယ်သူမှပြန်လို့မရဘူး။ ရထား၊ ဘတ်စကားတွေပိတ်ထားလို့၊ Taxi လည်းရနိုင်မယ်မထင်ဘူး။ ဒီမှာပဲ တညလုံးနေရတော့မှာပဲ။ အသေအပျောက် စာရင်းတွေလည်း တိုးလာတယ်။ ၄ဝ ကျော်ပြီ”
ဒေါက်တာ မင်းညို

 
"ကျနော်တို့ သိသလောက်တော့ မီယာဂီမှာက မြန်မာတွေ မရှိသလောက်ပါပဲ။ တကယ်လို့ ရှိတယ်ဆိုရင်တော့ ၂ ရက်လောက်မှပဲ အခြေအနေ သိရမယ်။ မီယာဂီက တိုကျိုနဲ့နီးတော့ ပြင်းပြင်းထန်ထန် ၂ ခါ လှုပ်တယ်။ ကျနော်တို့ ထိုင်ကိုနေလို့မရဘူး။ စားပွဲခုံတွေနဲ့ ဝေးတဲ့ နေရာ ထွက်ရပ်နေရတယ်။ တရုံးလုံး ဘယ်သူမှ မပြန်ကြဘူး။ ထမင်းစားစရာတောင် မရှိမှာစိုးလို့ ၆ နာရီလောက်က စတိုးမှာ သွားဝယ်တာတောင် လူ ၁ဝဝ လောက် တန်းစီဝယ်နေရတယ်။ အခုလောက်ဆို ရှိမှာတောင် မဟုတ်တော့ဘူး။ အစိုးရကိုယ်တိုင်က မပြန်ပါနဲ့၊ ကိုယ်ရှိတဲ့ အလုပ်နေရာမှာပဲ နေပါလို့ ပြောနေတယ်။ ညဘက်တော့ ရုံးမှာပဲ ရှိတဲ့ စားပွဲးကုလားထိုင်နဲ့ပဲ အိပ်ကြရမှာပေါ့”
ဦးဘုန်းလှိုင်
 
“ကျနော်တို့ တိုကျိုမြို့ပေါ်မှာ တော့ ကားလမ်းတွေ ပိတ်ကုန်ပြီ။ ရထားတွေလည်း ရပ်ကုန်ပြီ။ ကျနော်လည်း လမ်းမှာ ကိုးလိုးကန့်လန့်နဲ့ အိမ်ပြန်ဖို့ ကားလည်း မရှိ၊ တက္ကစီလည်း ငှားလို့ မရနဲ့ အလုပ်ကိုလည်း ဆက်သွားလို့ မရဘူး ဖြစ်နေတယ်”

“အထိအခိုက်ကတော့ ဒီမှာ ဘာမှ ဒီလောက်မရှိသေးဘူး”

“ကျနော်တို့လိုမျိုး ဒီမြို့မှာရှိတဲ့ အလုပ်သွား အလုပ်လာတွေတော့ တော်တော် ဒုက္ခရောက်ကုန်လိမ့်မယ်။ ဒီမှာ မြန်မာတွေက ၆ ထောင်နဲ့ ၇ ထောင်ကြားမှာ ရှိတယ်”
ဦးသန်းဆွေ
 
ကျနော်တို့လည်း အခု ဘက်စ်ကားတွေ ဂျန့်ဖြစ်နေတာ၊ မြေပေါ်၊ မြေအောက် ရထားလိုင်းတွေ ရပ်ထားတာနဲ့ လမ်းမှာပဲ ကားထဲမှာပိတ်မိနေတယ်။ အလုပ်ကို ဆက်သွားလို့မရသလို အိမ်ကိုပြန်ဘို့လည်း အခက်အခဲဖြစ်နေတယ်”

“ဖုန်းလိုင်းတွေကလည်း ဒီနိုင်ငံအတွင်းမှာ ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။ ကျနော်တို့လည်း ငလျင်လှုပ်လှုပ်ခြင်း ၂ နာရီ ၄ဝ လောက်မှာပဲ အိမ်ကိုပြန်ဆက်သွယ်တယ်မရဘူး။ အခု လမ်းကြောပိတ်မိနေတာ ၄ နာရီလောက်ရှိပြီ ထွက်လို့မရဘူးဖြစ်နေတယ်။ လမ်းပေါ်မှာတော့ ကားတွေပိတ်မိနေတာ အများကြီးပဲ။”

“ကျနော်တို့ ဒီတိုကျိုမြို့နဲ့ အနီးတဝိုက်က မြို့တွေက ဒီမှာပဲအလုပ်လာလုပ်ကြတာဆိုတော့ အခုလိုလိုင်းတွေပိတ်လိုက်တဲ့အခါ သူတို့လည်း ပြန်လို့၊ သွားလို့ မရဘူးဖြစ်နေတယ်။”
 
ကိုမြတ်သူ
“ ကျနော်တို့ အလုပ်ဆိုင်မှာ ဖန်ခွက်တွေဘာတွေ အကုန်လုံး ကွဲကျကုန်တယ်။ ပန်းကန်တွေဘာတွေ ကွဲကျကုန်တယ်၊ ကျနော်က တိုကျိုမြို့ ရှီဘူယာမှာ အလုပ်လုပ်တာဗျ။ တချို့ဆိုင်တွေဆိုလည်း မဖွင့်တော့ဘူးပေါ့။ ဓာတ်လှေကားတို့ ဘာတို့ဆိုရင်လည်း ရပ်ထားလိုက်တယ် မသုံးတော့ဘူးလေ၊ အန္တရယ်ရှိမှာစိုးလို့။ လူတွေက သွားလိုက်လာလိုက်နဲ့ အပြင်မှာ ရှိတယ်။ ရထားတွေအကုန်လုံး ရပ်သွားပြီးတော့ တော်တော်နဲ့ ပြန်ပြေးဖို့ မလွယ်တော့ဘူးနဲ့ တူတယ်။ ဘာလို့ဆို သံလမ်းတွေ ပြန်ဖြစ်ဖို့အတွက် အချိန်ကြာဦးမယ်နဲ့ တူတယ်”

“ကျနော် ဒီဂျပန်ရောက်တာ အနှစ်၂ဝ လောက် ရှိပြီ။ ဒါလောက် ပြင်းတာ ပထမဆုံးပဲ”

“လိုင်းဖုန်းလောက်ပဲရတယ်။ ဟန်းဖုန်းတွေ တခုမှ သုံးမရတော့ဘူးခင်ဗျ။ ဟော … ဟော အခုပြောနေတုန်းမှာ ထပ်လှုပ်တယ်ဗျ၊ သိသိသာသာပဲ။ ကျနော်က ၉ ထပ်မှာဆိုတော့ သေးသေးလေးတွေကတော့ တောက်လျှောက် မပြတ်ဘူးခင်ဗျ”
 
ဂျပန်တွင် အားပြင်းငလျင်နှင့် ဆူနာမီကျရောက်
ဧရာဝတီ Friday, 11 March 2011 19:28
 
ယနေ့ ဆူနာမီဒဏ် ခံခဲ့ရသော ဂျပန် အရှေ့မြောက်ပိုင်းရှိ လယ်ယာ လုပ်ငန်းများတွင် မြန်မာလုပ်သားများ အလုပ် လုပ်ကိုင်လျှက် ရှိနေပြီး တိုကျိုမြို့တွင် မြန်မာ ၂ သောင်းကျော် ရှိကြောင်း ဂျပန်ရောက် မြန်မာတဦးက ပြောသည်။

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယနေ့မွန်းလွဲပိုင်းက အင်အား ၈. ၉ မဂ္ဂနီကျု အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီ ရေလှိုင်းကြီး ကျရောက်ခဲ့သည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက် သွားသည့်အတွက် ဂျပန်တွင် ရောက်ရှိနေသော မြန်မာများ၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရန်ကုန်မြို့ခံတဦးက “အင်တာနက်ဆိုင်လာရင်း ဆူနာမီဖြစ်နေပြီဆိုလို့ ကျနော့်ညီကို ဆက်သွယ်နေတာ မရသေးဘူး။ သူက ဂျပန်မှာ လယ်ယာလုပ်ငန်း လုပ်ဖို့ မနှစ်ကတည်းက ရောက်နေတာပါ။ သူ့အတွက် စိုးရိမ်တယ်” ဟု ပြောသည်။

မြန်မာ သရုပ်ဆောင်နှင့် အဆိုတော်များဖြစ်သော နေတိုး၊ ဟန်ထွန်း၊ ၀င်းကိုခိုင်၊ ရတနာမိုင်နှင့် ချောစုခင်တို့သည်လည်း  ဂီတဖျော်ဖြေပွဲ အတွက် ဂျပန်နိုင်ငံ တိုကျိုသို့ ရောက်ရှိနေရာ ၎င်းတို့နှင့် အဆက်အသွယ် မရသေးသည့်အတွက် မိသားစုဝင်များ စိတ်ပူနေကြသည်။

ဂျပန်နိုင်ငံတွင် ရာစုနှစ် တခုအတွင်း အကြီးမားဆုံးသော သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်ရာ ငလျင်လှုပ်ပြီးနောက် အမြင့် ၃၂ ပေခန့်ရှိ လှိုင်းလုံးကြီးများ ဂျပန် အရှေ့မြောက်ပိုင်း ကမ်းခြေကို ၀င်ရောက်ခဲ့သည်။

တိုကျိုမြို့နေ ဦးမြတ်သိန်းက “ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပြီ။ ရထားတွေ မပြေးတော့ဘူး။ ဘတ်စ်ကား တွေလည်း မထွက်တော့ဘူး။ တက္ကစီတချို့တော့ ပြေးနေသေးတယ်။ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတယ်။ မိတ်ဆွေတချို့ကို ဖုန်းခေါ်နေတာ မရသေးဘူး။ နိုင်ငံခြားက ဖုန်းတချို့ကိုတော့ လက်ခံလို့ ရနေပါသေးတယ်။ ကျနော့်အခန်းမှာတော့ ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေပြီ။ ဂျပန်မှာနေလာတဲ့ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး အခြေအနေ ကြုံနေရပါတယ်” ဟု ဆိုသည်။

ဂျပန်နိုင်ငံတွင် ထုတ်ဝေနေသည့် ရွှေမော်ကွန်းဂျာနယ်၏ facebook စာမျက်နှာတွင် “အင်အားပြင်းထန်တဲ့ ငလျင်ကြောင့်  အခန်း တခုလုံးပြိုပျက်၊ အလုပ်အတွက် သုံးနေတဲ့ ကွန်ပျူတာလည်း ပျက်စီးသွား၊ ဒီစာကို ဖုန်းနဲ့ ရိုက်တင်ပါတယ်၊ စိတ်ပူပေးတဲ့ မိတ်ဆွေ တွေကို ကျေးဇူးတင်၊ အသေးစားငလျင် အကြိမ်များစွာ လှုပ်နေသေးပြီး စိတ်ချရမှု မရှိသေး” ဟု ရေးသားထားသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဦးကျော်ညွှန့်က ၎င်းနေထိုင်ရာတိုကျိုတွင် အဆောက်အအုံများ လှုပ်ခတ်၍ ပျက်စီးမှုတချို့ ရှိသော်လည်း ငလျင်ဒဏ်ကို မြောက်ပိုင်း ဒေသလောက် မခံရကြောင်း ပြောသည်။ 

“ဒီက အဆောက်အအုံတွေက ငလျင်ဒဏ် ခံနိုင်အောင် ဆောက်ထားတာ ဆိုတော့ တိုက်ပြိုတဲ့ အဆင့်အထိတော့ မရောက် လောက်ဘူးလို့ ယူဆရပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

ဆူနာမီလှိုင်းလုံးများသည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှ Sendai မြို့သို့ အင်အားပြင်းစွာ ၀င်ရောက်ခဲ့ရာ Sendai လေယာဉ် ကွင်းလည်း ပျက်စီးသွားကြောင်း ဂျပန် NHK သတင်းဌာနက ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံအတွင်း နေရာ အတော်များများတွင် မီးလောင်မှုများလည်း ဖြစ်ပေါ်နေပြီး လယ်ကွင်းများ၊ အဝေးပြေး လမ်းမကြီး များလည်း ရေလွှမ်းမိုးမှု ခံနေရသည်။

နောက်ဆုံးရရှိသော သတင်းများအရ အနည်းဆုံး လူ ၄၄ ဦး သေဆုံးသည်ဟု သိရသည်။

ဂျပန်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံအတွက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ် ကျရောက် နေသူများကို အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြောဆိုကာ အရေးပေါ်အခြေအနေ ကြေညာထားသည်။

ပစိဖိတ်သုမုဒ္ဒရာကမ်းခြေတလျှောက်ရှိ ချီလီ၊ ပီရူး၊ ရုရှ၊ ဂူအန် ၊ ထိုင်ဝမ် ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။
 

ကမ္ဘာမြေ ပြင်းပြင်း တုန်ခါယမ်းလိုက်သောအခါ

Friday, 11 March 2011 11:26 မောက္ခ နိုင်ငံတကာသတင်း
  
ဒဏ္ဍာရီအရ ဂျပန်ကျွန်းစုများအောက်တွင် ခပ်ကြမ်းကြမ်း ခပ်ယမ်းယမ်း  ဧရာမ ကြောင်ငါးကြီး တစ်ကောင် ရှိ သည်။ သူ့ဦးခေါင်းကို ကမ္ဘာမြေစောင့် ရှင်တို နတ်ဘုရား က နှမ်းဖတ် ကျောက်တုံးကြီးနဲ့ ဖိညှပ်ထားသည်။
သို့ပေမဲ့ တစ်ခါတစ်ရံတော့ ရှင်တိုနတ်ဘုရားက သူ့ဖိထားတဲ့ ကျောက်တုံးကို ဖြုတ်ချတတ်သည်။ အဲဒီလို ကျောက်တုံးကြီး ပြုတ်ကျသွားတဲ့အခါ ငါးကြီးက တကိုယ်လုံး လှုပ်ခါယမ်းလိုက်တော့ ကမ္ဘာမြေတစ်ခုလုံး သိမ့်သိမ့်တုန်ခါ ချောက်ခြားသွားကြရသည်။
မေလ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းခြေနဲ့ ၁၅ မိုင်အကွာ ပြင်းအား ပမာဏ ၈.၉ ရှိ ငလျင်ကြီး တုန်လှုပ်ခဲ့သည်။ တဆက်ထဲ ဆုနာမီ ကြောက်မယ်ဖွယ် ဧရာမ ရေလှိုင်းကြီးများ လိုက်ပါလာသည်။ စက္ကန့်နဲ့အမျှ တလိမ့်လိမ့် တက်လာတဲ့ ရေလှိုင်းလုံးတွေက ကားတွေ၊ သင်္ဘောတွေ၊ အဆောက်အဦတွေကို အမှိုက်အစအနများသဖွယ် သိမ်းကျုံးသည်။ လက်ရှိ စာရင်းအရ လူ ၆၀ သေပြီး ၂၀၀ ကျော် ဒဏ်ရာရာသည်။ နာရီပိုင်းအတွင်း လူနေအိမ် ၃၀၀ ကျော် ပြိုဆင်း ရေမျောသွားသည်။ ရုရှားမှ တောင်အမေရိက အထိ ပစိဖိတ်ဒေသ ၅၈ နိုင်ငံအတွက်  အရေးပေါ် သတိပေးထားရသည်။
ပြင်းအား ၈.၉ ပဏာမရှိ ထိတ်လန့်ဖွယ် ငလျင်ကြီးမျိုးမှာ ဂျပန်လို ငလျင်ကြောမိနေတဲ့ နိုင်ငံမှာတောင် အလွန် ဖြစ်ခဲသည်။ ၂၀၀၄ ခုနှစ် ဆုနာမီထက် သေဆုံးမှု၊ ဆုံးရှုံးမှု အတိုင်းအတာများမလားဆိုတာ မခန့်နိုင်သေး။ နာရီပိုင်းအတွင်း ဖုန်းလိုင်းတွေ ပျက်ကုန်သည်။ လေကြောင်းတွေ ရပ်တံ့သွားသည်။ ငါးဖမ်းလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်တဲ့ မီယာဂီ၊ အိုင်ဝါတီ၊ ဖူကူရှီမာ ကမ်းခြေမြို့နေရာတွေ ရေမြုတ်သွားသည်။
ကလေးဘ၀ကတည်းက ဂျပန်တွေကို ငလျင်ဘေး သင်ကြားမှု သင်တန်းတွေ ပေးထားသည်။ သို့သော် ကမ္ဘာမြေ တကယ်တုန်ခါသွားတော့ ဦးတည်ရာမဲ့ ဖြစ်ကြရသည်။ ကျည်ဆန်ရထားတွေ ချက်ချင်း ရပ်ပစ်ရသည်။ နျူကလီယား ဓာတ်အားပေး စက်ရုံတွေ အလိုအလျောက် ပိတ်သွားသည်။ ဓာတ်ပေါင်းဖိုတွေမှာ ရေဒီယို သတ္တိကြွများ ယိုစိမ့်မှုမရှိသေးကြောင်း ၀န်ကြီးချုပ်က ကြေငြာပေမဲ့၊ တိုကျို ရေနံသန့်စင် စက်ရုံ မီးလောင်နေသည်။ ကျန် နေရာ ၅၀ တွင် မီးလောင်မှုများ ဖြစ်ပွားနေသည်။
ဆုနာမီလှိုင်း အဓိက ဖျက်ဆီးခဲ့တဲ့ နေရာတွေမှာ အသက်ကယ်ဆယ်ရေးအတွက် စစ်တပ်တွေ လွှတ်ထားသည်။ အတိုက်အခံ လစ်ဘရယ်ဒီမိုကရက်ပါတီက အစိုးရနဲ့ ပူးပေါင်းလုပ်ဖို့ ကြေငြာလိုက်သည်။ အလုပ်သမားများ အိမ်ပြန်ဖို့ ခက်နေပြီး၊ ဧကရာဇ်  ဘုရင် နန်းတော် လမ်းများတလျှောက်နှင့် အစိုးရ ရုံးဝန်းများအတွင်း ညနေချမ်းမှာ လူတွေ စုပြုံတိုးဝှေ့နေကြသည်။
၁၉၉၅ ခုနှစ် ၆.၈ ပမာဏရှိ ကိုဘေး ငလျှင်ကြောင့် ဂျပန်တွင် လူ ၆၄၀၀ သေဆုံးခဲ့သည်။ ဆုံးရှုံးမှုမှာ ဒေါ်လာ ၁၀၀ ဘီလီယံ ရှိခဲ့သည်။ ယခု ငလျင်ကြီးက ဘယ်လောက်ထိ ဆုံးရှုံးမှုတွေ ဖြစ်စေမလဲ။ ဘယ်နိုင်ငံတွေ ဆုနာမီလှိုင်း ဆက်ရိုက်ခတ်ဦးမလဲ။
မောက္ခ နိုင်ငံတကာသတင်း
ဆူနာမီ အန္တရာယ်နှင့် ပတ်သက်၍ ပြည်ပမြန်မာ အချင်းချင်း ကူညီပံ့ပိုးပေးကြပါ


ရာသီဥတု အခြေအနေနှင့် ပတ်သက်၍ ပစိဖိတ် စင်တာမှ ထုတ်ပြန်လိုက်သော သတင်းအချက် အလက်များအရ ဆူနာမီ အန္တရာယ်သည် ဂျပန်၊ ရုရှား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မာရှယ်ကျွန်းစု၊ အင်ဒိုနီးရှား၊ ပါပ၀ါနယူရီနီ၊ ဟာဝိုင်အီ၊ အယ်ဆာဘေဒါ၊ ကော့စတာရီကာ၊ နီဂွာရာ၊ ပနားမား၊ ချီလီ၊ ကိုလံဘီယာ၊ ပီရူးနိုင်ငံများအပါအ၀င် နေရာအနှံ့ပြားသို့ သက်ရောက်မှု ရှိနေပါသည်။

သို့ဖြစ်ရာ ပြည်ပရောက် မြန်မာများ အနေဖြင့် မိမိတို့နိုင်ငံနှင့် နယ်မြေဒေသမှ ရာသီဥတု သတင်းများကို မျက်ချေမပြတ်နားထောင်ခြင်း၊ အန္တရာယ် သက်ရောက်မှုရှိသည့် ဒေသများတွင် နေထိုင်ပါက သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရန် ရိက္ခာများ၊ ဆက်သွယ်ရေးပစ္စည်းများ ပြင်ဆင်ထားခြင်း စသည်တို့ကို ပြုလုပ်ထားကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ဆူနာမီ အန္တရာယ် မသက်ရောက်သော ဒေသများမှ မြန်မာများအနေဖြင့်လဲ အောက်ပါလုပ်ငန်း ဆောင်တာများကို ပြုလုပ်၍ မြန်မာအချင်းချင်း အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

(က) သဘာဝ ဘေးအန္တရာယ် မကျရောက်ခင် အခြေအနေ
မိမိတို့နှင့် ရင်းနှီးသူများ၊ အသိအကျွမ်းများသည် ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်ပါက ဖုန်းဆက်အကြောင်းကြား၍ သတိပြုပြင်ဆင်ထားရန် တိုက်တွန်းခြင်း
လိုအပ်ပါက အကူအညီပေးနိုင်မည့် နည်းလမ်းများ၊ ဆက်သွယ်ရမည့် လိပ်စာများကို ကြိုတင်ရှာဖွေထားခြင်း
အဆိုပါဒေသတွင် ရှိသော မြန်မာ မိသားစုများအား ဆက်လက်အကြောင်းကြားပေးထားရန် တိုက်တွန်းခြင်း


(ခ) သဘာဝ ဘေးအန္တရာယ် ကျရောက်ထားသော အခြေအနေ

ယခုလက်ရှိအခြေအနေတွင် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ လူမျိုးများသည် ဆူနာမီအန္တရာယ် ငလျင်ဒဏ်ကို ခံစားနေကြရပါသည်။ အဆိုပါ မြန်မာလူမျိုးနှင့် ဆက်စပ်သော အခြားနိုင်ငံပေါင်းစုံမှ မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း စိတ်ပူလျက်ရှိပါသည်။ အခြား မည်သည့်နိုင်ငံများသို့ ဆူနာမီ ဂယက် ဆက်လက် ဂယက်ရိုက်ဦးမည် မသိနိုင်သေးပါ။ သို့ဖြစ်ရာ

ဆူနာမီအန္တရာယ် ကျရောက်ထားသော ဒေသမှ မိမိတို့၏ မိတ်ဆွေများ၊ သိကျွမ်းသူများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အခြေအနေကို ဆက်သွယ်၍ ရနိုင်သော နည်းလမ်းများဖြင့် စုံစမ်းခြင်း၊ ပြည်တွင်း မိသားစုသို့ အကြောင်းကြားရန် လိုအပ်သော အခြေအနေများရှိပါက ကောင်းသတင်း၊ ဆိုးသတင်းကို အကြောင်းကြားပေးခြင်း
မိမိတို့ အစုအဖွဲ့အလိုက် အရေးပေါ်ကူညီရန် ရံပုံငွေ ကောက်ခံထားရှိခြင်း
အားပေးစကားပြောကြားခြင်း
မတော်တဆ အနုမြူယိုစိမ့်မှု အန္တရာယ် ဖြစ်ပွားလာပါက မိမိနှင့် နီးစပ်သူများ အန္တရာယ်ကင်းလွတ်ရာသို့ ရောက်ရှိစေရန် လိုအပ်သည်များ ကူညီပေးခြင်း

စသည်တို့ဖြင့် ပြည်ပရောက် မြန်မာလူမျိုးများ အချင်းချင်း နီးစပ်ရာ အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
 by ခင်မမမျိုး 

ဂျ ပန် တွင် ငလျင် အကြီးအကျယ် လှုပ်ရှားသွား

အထူးသတိပေး ထုတ်ပြန်ချက်.... ဆူနာမီအသွင်ပြောင်းလာသော ၈.၉ Magnitude ပြင်းအားရှိ ဂျပန်ငလျင်၊ ကမ်းခြေဒေသများလည်း အထူး သတိထားရန် လိုအပ်နေ (News & Photos Updated)


အထူးသတိပေး ထုတ်ပြန်ချက်.... ဆူနာမီအသွင်ပြောင်းလာသော ၈.၉ Magnitude ပြင်းအားရှိ ဂျပန်ငလျင်၊ ကမ်းခြေဒေသများလည်း အထူး သတိထားရန် လိုအပ်နေ (News & Photos Updated) အထူးသတိပေး ထုတ်ပြန်ချက်.... ဆူနာမီအသွင်ပြောင်းလာသော ၈.၉ Magnitude ပြင်းအားရှိ ဂျပန်ငလျင်၊ ကမ်းခြေဒေသများလည်း အထူး သတိထားရန် လိုအပ်နေ (News & Photos Updated)
လွန်ခဲ့သော ကြာသာပတေးနေ့ အစောပိုင်းက ဂျပန်နိုင်ငံ မြောက်ပိုင်း Honshu ဒေသမှ စတင်ခဲ့သော မြေငလျင်သည် ၆.၃ Magnitude နှုန်းဖြင့် လှုတ်ခတ်ခဲ့ပြီး တစ်ရက်အတွင်းမှာပင် Sendai-shi ဒေသကို ဗဟိုပြုပြီး ၇.၂ အဆင့်ရှိ ငလျင်ကြီးတိုးမြှင့် လှုတ်ခတ်ခဲ့ပြီး ယနေ့အချိန်အထိ ထပ်မံလှုတ်ခတ်လာသော ငလျင်၏ ပြင်းအားမှာ ၈.၉ Magnitude  အဆင့်အထိ တိုးမြှင့် လှုတ်ခတ်လာခဲ့သဖြင့် ရေမျက်နှာပြင် ၃၀.၃ ပေ အမြင့်အထိ တက်လာခဲ့ကြောင်း အင်တာနက် သတင်းများအရ သိရသည်။

တိုကျိုရှိ အမေရိကန် အခြေစိုက် ဘူမိဗေဒ ဌါ၏ ပြောကြားချက်အရ ငလျင် စက်ဝန်းမှာ ၃၇၃ ကီလိုမီတာ (၂၃၁ မိုင်) ရှိပြီး တိုကျိုမြို့တော် အထိပင် ရောက်ရှိနေပြီဟု သိရသည်။ လက်ရှိ အခြေအနေအရ ပြည်သူပေါင်း ၇၀၀၀ အထက် ဒုက္ခရောက်နေကြောင်း နှင့် တိုကျိုမြို့တွင် မြေအောက် ဘူတာရုံ နှင့် လမ်းများ အားလုံး ပိတ်သွားပြီ ဖြစ်သည်။

ယခု တိုက်ခတ်သော ငလျင်မှာ ဂျပန်နိုင်ငံ သမိုင်းတစ်လျောက် အကြီးမားဆုံး ငလျင်တစ်ခုဖြစ်ပြီး ကမ္ဘာ့စံချိန်မှာ လွန်ခဲ့သော မေလ ၂၂ ၊ ၁၉၆၀ ခုနှစ်က ချီလီနိုင်ငံတွင် လှုတ်ခတ်ခဲ့သော ၉.၅ အဆင့်ရှိသော ငလျင်ကြီးဖြစ်သည်။

ယခု ငလျင်ကြော ကျရောက်ရာ ဒေသများတွင် ချိုင့်ဝှမ်းကြီးများကို အရှိန်အဟုန် ကြီးများစွာဖြင့် တစ်ခုပြီးတစ်ခု ပေါ်ပေါက်စေပြီး တိုကျို ပတ်ဝန်းကျင်ရှိ ၄ သန်းခန့်ရှိသော အိမ်ယာများ ရေအောက် မြုပ်မှုများ ဖြစ်ပေါ်ခဲ့သလို လျပ်စစ်လိုင်းများ လုံးဝပြတ်တောက်သွားပြီး အချို့နေရာများတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။


ပစိဖိတ် သမုဒ္ဒရာနှင့် ဆက်စပ်လျက် ရှိသော ကမ်းခြေဒေသ နိုင်ငံများတွင် ဆူနာမီ အသွင်သို့ ပြောင်းလဲရန် ချဉ်းကပ်မှုဖြစ်လာနိုင်သည်ဟု CNN မှ သတိပေးထားပြီး ဖြစ်သလို ရုရှား၊ ထိုင်ဝမ် နိုင်ငံများကလည်း ဆူနာမီ သတိပေးချက်များ ထုတ်ပြန်လျက် ရှိသည်။

လတ်တလော ထိခိုက်နိုင်သော ဒေသများအဖြစ် ဂျပန်၊ ရုရှား၊  မာကတ်စ်ကျွန်း နှင့် မြောက်ပိုင်း မာရီယားနား ဒေသများသို့ ဆူနာမီ သက်ရောက်မှု ရှိနိုင်ကြောင်း သိရသည်။ ဆူနာမီ ကျရောက်လာမည်ဆိုပါက ပင်လယ်ရေမျက်နှာပြင် အမြင့်မှာ ပေ ၂၀ ခန့်အထိ တက်လာမည် ဖြစ်ကြောင်း သိရသည်။

ယခုအချိန်အထိ နူကလီးယား စက်ရုံများ၏ လေဒီယိုသတ္တိကြွမှု မဖြစ်သေးကြောင်းလည်း သိရသည်။

တိုကျိုမြို့တွင်း တစ်နေရာ
လောင်စာဆီ သိုလှောင်ကန်များ မီးလောင်နေစဉ်

၁၉၃၃ ခုနှစ်က ၈.၁ Magnitude အဆင့်ရှိ ငလျင်တစ်ခု ဂျပန် အရှေ့မြောက် ပစိဖိတ်ဒေသအတွင်း လှုတ်ခတ်ခဲ့ဖူးရာ လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရသည်။ နောက်ဆုံးသိရသော သတင်းများအရ Chiba, Ibaraki, Fukushima မြို့များတွင်လည်း အဆိုးဝါးဆုံး ငလျှင်နှင့် ရေကြီးမှုဒါဏ်တို့ကို ခံစားနေရလျက် ရှိနေသည်။

Updated 3:45 PM
...... ယခုအချိန်အထိ သေဆုံးသူပေါင်း ၁၉ ဦးအထိ ရှိသွားပြီဟု သိရပြီး အချိန်နှင့်အမျှ သေဆုံးသူ အရေအတွက် တိုးလားနေလျက် ရှိသည်။
Updated 4:15 PM
....... Mutdfan.com က Niigata city နေ မြန်မာ တစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ...

မေး - အမရေ ငလျှင်အခြေအနေလေး သိချင်လို့ပါ

ဖြေ - အခုတော့ တီဗီကနေ ငလျှင်သတင်းတွေကို အဆက်မပြတ် ကြေငြာနေတယ်
ရှီးဗာမှာက ဂတ်စ်သိုလှောင်ရုံတွေ ပေါက်တာ အခုထိ မီးလောင်တာ မရပ်သေးဘူး

မေး - အမနေတဲ့Niigata မြို့ အခြေအနေလေးကရော
နေ့လည် ၁နာရီလောက်က ၅.၀ လောက်နဲ့ စလှုပ်တယ် သိပ်ပြီး ဆိုးဆိုးဝါးဝါး မခံစားလိုက်ရဘူး တခြားမြို့တွေလောက် သိသိသာသာတော့ မခံစားလိုက်ရဘူး

မေး - ရေကြီးတာက Fukushima မြို့မှာဆို။ အတော်လေး ဆိုးလား တီဗီမှာပြတာတော့ မြို့ထဲကို ရေတွေ ၀င်လာတာတွေ့မိတယ်။
ဖြေ - ကားတွေ မျောပါကုန်တယ်။ ပင်လယ် ကမ်းခြေနဲ့ နီးတဲ့နေရာမှာ ဖြစ်တာ
ကားထဲက လူတစ်ယောက်နဲ့ သဘော်ထဲက တစ်ယောက် ပါသွားတယ်တော့ကြားတယ်
Sendai မြို့ကတော့ အဆိုးဆုံးလို့ တွေ့နေရတယ်။ ညနေ ၃နာရီ ၅၅မိနစ်လောက်မှာ ကား အစီး ၂၀လောက်ပါသွားတယ် ၈.၄ မီဂါလောက် ရှိပြီး အခု ပြောနေတုန်းမှာဘဲ ကျွန်မနေတဲ့ Niigata မှာ ထပ်လှုပ်နေတယ်
နေ့လည်က လှုပ်တုန်းကဆိုရင် ခေါင်းတွေမူးပြီး အန်တောင် အန်တယ်။
Sendai မြို့မှာ လေယာဉ်ပြေးလမ်းကြောင်းတွေပါ ရေတွေမြုတ်သွားတယ်လို့ လေဆိပ်က တာဝန်ရှိသူက ပြောနေတာ အခု တီဗီမှာ တွေ့နေရတယ်။
ဂျပန်ရဲ့ မြောက်ဘက် Hokkaido Tokushima မှာ ၂.၄၆ မိနစ်တုန်းက တိုင်းတာချက်အရ Level 7 ရှိနေတာကြောင့် က လူတွေကိုပင်လယ်နဲ့ ဝေးရာ ဘေးလွတ်ရာကို ရွေ့ဖို့ စီစဉ်နေကြပြီ

မေး - ဘာတွေများ တခြား ဖြစ်သေးလဲဗျ။
ဖြေ - တိုကျိုမှာတော့ ရထားတွေ ရပ်ကုန်လို့ ခရီးသည်အကုန် လမ်းလျောက်သွားနေရတယ်။ တိုကျိုက သူငယ်ချင်းတစ်ယောက်တော့ တက္ကသိုလ်ဝင်းထဲမှာ ပိတ်မိနေတယ်လို့ ပြောတယ်။
Tokyo မြို့လယ် Odaiba ဘက်မှာတော့ မီးတွေ လောင်နေတယ်လို့ ပြောတယ်။
တီဗွီင်္မှာတော့ တခြား အစီအစဉ် လုံးဝမပြတော့ဘဲ ငလျှင်သတင်းတွေကိုချည်း ပြနေတယ်။ ဖြစ်ပြီးသွားတာတွေရော ဖြစ်နေဆဲဟာတွေရောပေါ့။
ဟုတ် အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးပါဘဲဗျာ။
(အထက်ပါ သတင်းအား ဂျပန်နိုင်ငံသို့ ကိုမှူးသခင် က ဆက်သွယ် ရယူထားခြင်း ဖြစ်ပါသည်။ )
Updated 4:48        : ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မတ်ဖန် ပရိသတ် တစ်ဦးဖြစ်သော ကိုဖန်ခါးသီး အားဆက်သွယ် မေးမြန်းခဲ့ရာ အိမ်တွင်းရှိ ပစ္စည်းများအကုန် ပျက်စီး ကုန်သော်လည်း လူထိခိုက်မှု မရှိကြောင်း အခြားသော နီးစပ်ရာ မြန်မာများကို မေးမြန်းကြည့်ခဲ့ရာတွင်လည်း လူထိခိုက်ခြင်း ရှိသည့်သတင်း မကြားရကြောင်း သိရသည်။ ငလျင်များ အနေဖြင့်မူ အနည်းငယ် ဆက်လက် လှုတ်နေသေးကြောင်း သိရသည်။ Chanel News Asia သတင်းအရ သေဆုံးသူ ၄၉ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ ပစိဖိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော နိုင်ငံ အတော်များများက ဆူနာမီ သတိပေးချက် ထုတ်ပြန်နေကြသည်။ (ထပ်မံ ဖြည့်စွက် ပေးပါမည်။)


 
ews Updated 4:54 PM.  ဂျပန်နိုင်ငံနေ မတ်ဖန်ပရိသတ် ကိုဖန်ခါးသီးက အောက်ပါအတိုင်း သတင်းပေးပို့သည်။
"ဆက်လက် လှုတ်ခတ်နေဆဲ ငလျင်များမှာ ဂျပန်နိုင်ငံ မြောက်ပိုင်းပင်လယ်ကို ဗဟိုပြုနေပါတယ်။ ။ ဖုန်းလိုင်းတွေ အားလုံးပြတ်နေပြီး ရထား၊ကား အားလုံး ရပ်သွားပါပြီ။ နေ့လည် ၃နာရီလောက်က လှုတ်သွားတဲ့ ငလျင်က တိုကျိုမှာ တော်တော်ပြင်းပြင်း။လှုတ်သွားပါ
တယ်။ ခုလဲ နည်းနည်း နဲ့ အကြိမ်ကြိမ်လူပ်တုန်းပါဘဲ။ မြန်မာတွေ အသေအပျောက် မရှိဘူးလို့ ကြားရပါတယ်။  အခုလက်ရှိ နောက်ဆုံးသတင်းအရ  ၃၆ ၊ပျောက် ၄၅ယောက် ပျောက်ဆုံးနေတယ် ပြီး နေရာကွတ်ကြား မီးတွေလောင်နေပါတယ်။ "

ဂျပန် တွင် ငလျင် အပြင်းအထန်လှုပ်ရှားသွား

 ဒီ link ထဲ့ မှာဝင်ပြီးတော့ သတင်းနားထောင်လို့ ရပါတယ်။
 
ဂျပန်ပြည်တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ဗဟိုပြု ၈.၈ မဂ္ဂါစကေးငလျင်လှုပ်
ဂျပန် အရှေ့မြောက်ကမ်းခြေသို့ ပေ ၂၀ ကျော်မြင့်သည့် ဆူနာမိလှိုင်းများ တိုက်ခိုက်
အေဂျင်စီသတင်း
မတ် ၁၁၊ ၂၀၁၁
ယနေ့ သောကြာ၊ တိုကျိုအချိန် နေ့လည် ၂နာရီ ၄၆ အချိန်က တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ပြင် မိုင် ၂၀ အနက်တွင် ပြင်းအား ၈.၈ ရှိသည့် ငလျင်လှုပ်ပြီး ပေ ၂၀ ကျော် လှိုင်းများ ဂျပန်ကမ်းခြေ နေရာ Onahama city in Fukushima prefecture တွင် ဖုံးလွှမ်းသွားသည်ကို ယခုသတင်းရေးနေသည့် အချိန် တိုကျိုအချိန် ညနေ ၅ နာရီတွင် တွေ့နေရသည်။ မီးလောင်မှုများ ဖြစ်ပွားနေပြီး ကြိုတင်သတိပေး ကာကွယ်မှုများ မပြုလုပ်နိုင်ပုံ မရချေ။

သတင်းဓာတ်ပုံများမှာ စီဘီအက်စ် ရုပ်သံသတင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။
အင်န်အိပ်ခ်ျကေ ဂျပန်ရုပ်သံက ဝေဟင်မှ တိုက်ရိုက်သတင်းထုတ်လွှင့်နေသည်ကို တွေ့နေရသည်။ အပျက်အစီး အသေအပျောက်များ သတင်းမထုတ်နိုင်သေးပေ။ တိုကျိုတွင် အိမ်ပေါင်း ၄ သန်း လျှပ်စစ်မီး ပြတ်တောက်နေသည်ဟု ဆိုသည်။
ထိုပင်လယ်ရေအောက် ငလျင်ကြောင့် ဆူနာမီလှိုင်းကြီးများ ကမ်းခြေသို့ တိုက်ခိုက်မည် ဖြစ်ရာ အမေရိကန်ပြည်ထောင်စု၏ ဟာဝိုင်အီကျွန်းနှင့် အနောက်ခြမ်းကမ်းခြေ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေးတို့အထိ လှိုင်းများ တက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။
 
Video File ကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ ။ 
 
 
 
Major Earthquake, Tsunami Hit Japan
VOA News  March 11, 2011
 A massive 8.9 magnitude earthquake has struck off Japan's northeastern coast, triggering a four meter tsunami that washed away cars along parts of the coastline
Video from national broadcaster NHK showed dozens of cars, large ferries and some buildings being swept out to sea in the port city of Kamaishi in the province of Iwate.
The Japanese Meteorological Agency issued a tsunami warming for the entire Pacific coast of Japan following the quake that struck about 125 kilometers off the eastern coast, at a depth of 10 kilometers.  Residents in the coastal areas have been urged to immediately evacuate to higher ground. 
The Pacific Tsunami Warning Center in the U.S. state of Hawaii said a tsunami warning was also in effect for Russia, Marcus Island and the Northern Marianas.  It said a tsunami watch was issued for Guam, Taiwan, the Philippines, Indonesia and Hawaii.
Friday's massive quake was felt in Tokyo, where it shook buildings and caused several fires.  The Tokyo metro system says all train and subway traffic in the city has been stopped.
Japanese Prime Minister Naoto Kan has convened an emergency meeting of the Cabinet to assess the situation.


Huge earthquake sparks 33ft tsunami in Japan
11/03/2011 - 07:55:40
 An earthquake measuring 8.9 on the Richter scale rocked Japan’s north-eastern coast today, unleashing a 33ft (10m) tsunami which swept boats, cars, buildings and tons of debris miles inland.
Fires triggered by the quake burned out of control up and down the coast.
At least one person was killed and there were reports of several injuries in Tokyo, hundreds of miles away, where buildings shook violently throughout the main quake and the wave of massive aftershocks that followed.
TV footage showed waves of muddy waters sweeping over farmland near the city of Sendai, carrying buildings, some on fire, inland as cars attempted to drive away.
“This is a rare major quake, and damages could quickly rise by the minute,” said Junichi Sawada, an official with Japan’s Fire and Disaster Management Agency.
Officials were trying to assess damage, injuries and deaths but had no immediate details. Police said at least one person was killed in a house collapse in Ibaraki prefecture, just north-east of Tokyo.
A large fire erupted at the Cosmo oil refinery in Ichihara city in Chiba prefecture near Tokyo and was burning out of control.
Public broadcaster NHK showed footage of a large ship being swept away by the tsunami and ramming directly into a breakwater in Kesennuma city in Miyagi prefecture. Similar destruction was seen in dozens of communities along the coast.
In various locations along the coast, footage showed massive damage from the tsunami, with cars, boats and even buildings being carried along by water.



Thursday, March 10, 2011

နအဖတပ်မှ ရွာသူနှစ်ဦးအား အစုလိုက်အပြုံလိုက် မုဒိမ်းကျင့် သတ်ဖြတ်

နအဖ တပ်မှ ရွာသူနှစ်ဦးအား အစုလိုက်အပြုံလိုက် မုဒိမ်းကျင့် သတ်ဖြတ်

ဆုံဆည်းရာ၊ မတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ်

သတင်း
နေ့လည် (၁၂ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ်၊ ဝေါလေဒေသအနီး မင်္ဂလာမြိုင်ရွာနားတွင် နအဖ စကခ (၈) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ခမရ (၄၀၁) တပ်မှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦး ပေါင်းနှစ်ဦးအား နအဖ ထိုးစစ်အကြီးအကျယ် ပြုလုပ်နေတဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ပြီး သတ်ဖြတ်သွားခဲ့ပါတယ်။ အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီး နှစ်ဦးဖြစ်ပေမယ့် ၁၅ နှစ်အရွယ် အမျိုးသမီးတဦးရဲ့ဓါတ်ပုံကို ဆုံဆည်းရာမှ ဇန်န၀ါရီလ ၂၇ ရက်နေ့ ၂၀၁၁ ခုနှစ်မှာ ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သတင်းသဘာဝအရ ဓါတ်ပုံကို မဖော်ပြသင့်ကြောင်း သတိပြုမိပေမယ့် နအဖ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ရိုင်းစိုင်းယုတ်မာ သတ်ဖြတ်မှုတွေကို မှတ်တမ်းအနေနဲ့ ပြန်လည်ဖော်တာဖြစ်ပါတယ်။ ဓါတ်ပုံကို ကြည့်ရှုမယ်ဆိုရင် အပြည့်အစုံကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်ခင်ဗျား။



စစ်အာဏာရှင်စနစ် ကျဆုံးချုပ်ငြိမ်းပါစေ။
့http://kannkawchitthu.blogspot.com

Tuesday, March 1, 2011

ှု ဦးခေါင်းထဲ့ မှာ ဓါးလေးနှစ် ကြာ အစိုကခံရသူ

ဦးခေါင်းအလွန်ကိုက်နေခဲ့ သဖြင့် ဆရာဝန်ထံသို့ သွားရောက်ခဲ့ သည့် အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ ဦးခေါင်း
အတွင်း၌ ၄ လက္မခန့် ရှိဓါးသွားတစ်ခု လေးနှစ်ကြာအောင်နစ်မြုပ်စိုက်ဝင်နေခဲ့ သည်ကိုသိရှိခဲ့ ရပါတယ်...
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ လီဖူး အမည်ရှိအမျိုးသားဟာ ၂၀၀၆ ခုနှစ်လောက်က ဓါးပြတိုက်ခံရစဉ်က
ဓါးနှင့် အထိုးခံခဲ့ ရပြီးနောက်ထိုဓါးသွားက သူ့ ရဲ့ ဦးခေါင်းအတွင်း ဦးနှောက်အနီးတွင် နစ်မြုပ်နေခဲ့ တာဖြစ်
ပါတယ်....
ဆရာဝန်များအနေနှင့် ထိုစဉ်က ဒါဏ်ရာကိုကုသပေးခဲ့ သော်လည်း ယခုအခါအသက် ၃၇ နှစ်ရှိအမျိုးသား
၏ဦးခေါင်းခွံအတွင်း ဓါးသွားနစ်မြုပ်စိုက်ဝင်နေခဲ့ သည်ကို သတိမပြုနိုင်ခဲ့ ကြတာလည်းဖြစ်ပါတယ်....

လေးလက်မရှည်တဲ့ ဓါး....ဦးခေါင်းထဲမှာ ဒီလိုနစ်မြုပ်နေခဲ့ တယ်...

Ouch: Here, the 4in blade is placed over the top of the X-ray of Li Fu's skull
 အံ့ သြထူးဆန်းစွာပင် လွန်ခဲ့ သည့် လက မရပ်မနားဦးခေါင်းကိုက်ခဲနေသဖြင့်ဆရာဝန်ထံသွားရောက်ပြ
သပြီး ကုသခံခဲ့ ရာ၊ ဆရာဝန်မှ ဓါတ်မှန်ရိုက်စစ်ဆေးခဲ့ သည်အထိ ထိုဓါးသွားဦးခေါင်းအတွင်းစိုက်ဝင်နေခဲ့ 
သည်ကို သတိမပြုမိခဲ့ ကြပေ....
လီနှင့် ၎င်း၏မိသားစုဟာ ဓါတ်မှန်အဖြေကြောင့် ထိတ်လန့် အံ့ သြလွန်းခဲ့ ကြသဖြင့် ဆရာဝန်အား ထပ်မံစစ်
ဆေးမေးမြန်းပြီးမှ ခွဲစိတ်ကုသခံဖို့ သဘောတူခဲ့ ကြပါတယ်...
နောက်ထပ်ဒုတိယဆရာဝန်က ထိုကိစ္စကိုအတည်ပြုခဲ့ ပြီးနောက် လီ ဟာလွန်ခဲ့ သည့် စနေနေ့ က ယူနန်
ပြည်နယ်၊ ယူစီ မြို့ နယ် ပြည်သူ့ ဆေးရုံတွင်ခွဲစိတ်ကုသမှုခံယူခဲ့ ပါတယ်...

အခုတော့ ပြန်လည်နေကောင်းသက်သာလာနေပါပြီ....

ဦးခေါင်းထဲမှာ ဒီလိုဓါးလေးနှစ်လုံးလုံးနစ်မြုပ်စိုက်ဝင်နေခဲ့ တာပါ...
မယုံနိုင်လွန်းလို့ နောက်ဆရာဝန်နဲ့ တောင်ထပ်ပြစစ်ဆေးခဲ့ ရပါသေးတယ်...

Fu had gone to his doctor complaining of a headache and was stunned to be told he'd had a knife blade stuck in his brain. He even asked for a second opinion before agreeing to surgery

ယူစီပြည်သူ့ ဆေးရုံမှ ခွဲစိတ်ဆရာဝန် လူကျီဝေ က၎င်း၏ဆရာဝန်သက်တမ်းတစ်လျှောက်အတွင်း ယခုကဲ့ 
သို့ အံ့ သြထူးဆန်းလွန်းသည့် အဖြစ်အပျက်မျိုးတစ်ခါမှမတွေ့ ဘူးကြောင်းပြောကြားခဲ့ ပါတယ်...
လေးနှစ်လုံးလုံး ဓါးတစ်ချောင်းဦးခေါင်းထဲတွင်စိုက်ဝင်နစ်မြုပ်နေတာကိုမဆိုထားနှင့် ဦးခေါင်းကိုဓါးနှင့် အထိုး
ခံရသည့် တိုင်အောင်အသက်ရှင်နေခဲ့ ရသည့် လီ ဟာအလွန်ထူးဆန်းအံ့ သြဖွယ်ဖြစ်သည်ဟု အဆိုပါဆရာ
ဝန်က ဆိုပါတယ်...
" ဒါဟာဆေးပညာဆိုင်ရာ မယုံကြည်နိုင်ဖွယ်ရာအံ့ သြထူးဆန်းမှုဖြစ်ပါတယ်....ကျွန်တော်တို့ ဓါးကိုခွဲထုတ်
ခဲ့ လိုက်စဉ်က ဓါးဟာဆွေးမြေ့ ပျက်စီးခြင်းမရှိသေးပါဘူး ..." လို့ လည်းသူကဆိုပါတယ်...
Recovering: Li Fu, 37, had surgery to remove the blade, which had been in his head for four years.

Thursday, February 24, 2011

ကမ္ဘာ့ အကြီးဆုံး မိသားစု

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘခ်တောင် ကျေးရွာမှ ဇီရိုနာ ချန်နာ ဆိုသူမှာ ဇနီး ၃၉ ယောက်ရှိပြီး သားသမီး ၉၄ ယောက်၊ ချွေးမ ၁၄ ယောက်နှင့် မြေး ၃၃ ယောက် ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစု
အတွက် ဂုဏ်ယူမဆုံးလည်း ဖြစ်နေသည်။

ထိုမိသားစုများမှာ ဘခ်တောင်ကျေးရွာမှ အခန်း ၁၀၀ ပါ လေးထပ်တိုက်ကြီးတွင် နေထိုင်ကြသည်။ သူ့ဇနီးများက  မစ္စတာ ချန်နာနဲ့ တစ်ညတစ်ယောက် အလှည့်ကျ အိပ်ကြရသည်။ ဇနီး ၃၉ ဦးကြားတွင် ပြဿနာ တစုံတရာ မရှိဘဲ အားလုံး ပျော်ရွှင် ကျေနပ်နေကြသည်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။
မစ္စတာချန်နာက “ဘုရားသခင်က ကျနော်ကို အထူး စပယ်စောင့်ရှောက်တယ်လို့ အမြဲခံစားမိပါတယ်။ ဇနီးတွေ သားသမီး တွေ အများကြီးစောင့်ရှောက်ဖို့ ဘုရားသခင်က အခွင့်ပေးထားတာပါ၊ ကမ္ဘာ့အကြီးဆုံး မိသားစု တစ်စုကို ဦးဆောင် နေရသူပေါ့” ဟု သတင်းစာကို ဂုဏ်ယူ ပြောဆိုခဲ့သည်။
မစ္စတာချန်နာ က မိသားစုကို စစ်တပ် စည်းကမ်းဆန်ဆန်နဲ့ ဖွဲ့စည်းထားသည်။ အကြီးဆုံး မယား ဇာသီယန်ဂီ က အခြား မယားများကို သန့်ရှင်းရေးမှအစ ချက်ပြုတ် လျှော်ဖွတ် အိမ်မှုကိစ္စအားလုံးကို ဦးဆောင်စီမံ ကွပ်ကဲသည်။ ညနေစာ တစ်ပွဲစာ စီစဉ်လျှင် ကြက်အကောင် ၃၀၊ အာလူး ၁၃၂ ပေါင်နဲ့ ဆန် ၂၂၀ ပေါင် ချက်ရသည်။
မစ္စတာချန်နာက သူ့မိသားစု ထပ်ချဲ့ဖို့အတွက် မိန်းမငယ်ငယ်များ ထပ်ယူဖို့ စဉ်းစားနေကြောင်းလည်း ပြောခဲ့သည်။ စိတ်ဝင်စားသူများ ဒေးလီးမေးလ် သတင်းစာကတဆင့် ဆက်သွယ်နိုင်ကြောင်း မောင်းခတ် ကြေငြာထားသည်။ တစ်နှစ်ထဲ တွင် မိန်းမ ဆယ်ယောက် လက်ထပ်ခဲ့သည်။ အလှည့်ကျ ခွဲတမ်းစနစ် ထားသော်လည်း အငယ်ဆုံး ဇနီးမယားများကို မျက်နှာသာပေးပြီး သူ့အိပ်ယာကျယ်ထဲတွင် ပိုခေါ်သိပ်တတ်ကြောင်း ပြောသည်။
အသက် ၃၅ နှစ်ရှိ  ရင်းခ်မီနီ ဆိုတဲ့ ဇနီးက “ချန်နာက ကျမတို့ ရွာမှာ အချောဆုံး လူပဲ။ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျမကို လက်ထပ်ဖို့ စာပေးခဲ့တယ်။ အခု ကျမတို့ အားလုံး သူ့ကို အရိပ်တကြည့်ကြည့်နေပြီး ဖြည့်ဆည်းပေးကြတယ်” ဟု ပြောဆိုသည်။
နောက် ဇနီးတစ်ယောက်ဖြစ်သူ ဟန်သာဂန်ကီ က “မိသားစုစနစ်ကတော့ တစ်ဦးကိုတစ်ဦး အပြန်အလှန် ချစ်ခင်မှု လေးစားမှု ထားကြတာပါပဲ။ ချန်နာက ရွာက အဆင်းရဲဆုံး မိန်းကလေးတွေကို စောင့်ရှောက်တဲ့ အနေနဲ့ လက်ထပ်ယူတာ၊ သူ့အဖေတုန်းကလည်း ဇနီးတွေအများကြီး ယူခဲ့တယ်” ဟု ပြုံးရွှင်စွာဖြင့် ပြောဆိုခဲ့သည်။


Thursday, February 10, 2011

လျှပ်စစ်ဝါယာရှော့ ခ် ကြောင့် သင်္ဃန်းကျွန်း တွင် အိမ် ၁၅ လုံးမီးသင့် 

 ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၄ ရပ် ကွက်အတွင်းရှိ နေအိမ်တစ်ခု၌ ဖေဖော်ဝါရီ ၈ ရက်က ဝါယာရှော့ခ် မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ် ၁၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၈ ရက် နေ့ မွန်းလွဲ ၂ နာရီခန့် အချိန်၌ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၄ ရပ်ကွက်၊ သီတာရေစင် လမ်းသွယ်ရှိ နှစ်ထပ်နေအိမ်၌ အပေါ်ထပ်တွင် လျှပ်စစ် ဝါယာ ကြိုးများပူးရာမှတစ်ဆင့် ဝါယာရှော့ခ်ဖြစ်ပွားကာ မီးလောင်မှု စတင် ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင် မှု ဖြစ်ပွားချိန်တွင် အိမ်ရှင်၏ သားဖြစ်သူ တစ်ဦးသာကျန်ရှိခဲ့ပြီး မီးလောင်မှု ပိုမိုကြီးထွားလာချိန်တွင် ပတ်ဝန်း ကျင်သို့ အော်ဟစ်အကူအညီ တောင်းခံခဲ့ကြောင်း၊ ပတ် ဝန်းကျင်ရှိ နေအိမ်များမှ အဆိုပါ မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်သော် လည်း မီးငြှိမ်းသတ်နိုင်ခြင်း မရှိသည့်အတွက် မီးသတ် ဦးစီးဌာနသို့ အကြောင်း ကြား ခဲ့ ကြောင်း အဆိုပါရပ်ကွက်ရှိ ရ.ယ.ကအဖွဲ့ဝင် တစ်ဦးက ပြောသည်။မီးသတ်ဦးစီးဌာနမှ ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၄၅ မိနစ်အချိန်၌ လုံးဝမီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နှစ်ထပ်တိုက် ၅ လုံး အပါအဝင် အိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့် ပြည်သူ ၁ဝ၂ ဦး ကျော် ရှိခဲ့ကြောင်း၊ ၄င်းတို့အား အဆိုပါ ရပ်ကွက် ရှိ ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထား
ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရ သည်။ မီးဘေးသင့်ပြည်သူတစ်ဦးက ”ဒီရပ်ကွက်မှာ နေလာတာ အနှစ် ၃ဝ ရှိပြီ။ မီးလောင်တာ တစ်ခါမှ မဖြစ်ဖူးဘူး။ အခု လောင်လည်းလောင်ရော ဘာပစ္စည်းမှကို သယ် ချိန်မရဘဲ လူလွတ်အောင် မနည်းပြေးလာရတယ်။ အစကတော့ ညှော်နံ့ပဲ ရနေတာ။ မီးလောင်မှန်း မသိဘူး။ မီးခိုးတွေနဲ့ မီးတောက်တွေ တက်လာမှပဲ မီး လောင် ပြီ ဆိုတာ သိရတယ်။ လေကလည်း တိုက်နေတော့ ဒီထက်ပိုမဆိုးအောင် ရပ်ကွက်ကလည်း ဝိုင်းပြီးငြှိမ်း လို့ တစ်လမ်းလုံးမကုန်တာ”ဟု ပြော သည်။အဆိုပါ မီး လောင် မှုနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းရဲစခန်းမှ အိမ်ရှင် ဒေါ်…..အား (ပ)၂၁/ ၂ဝ၁၁၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
PN-020, မျိုးဝင်းထက်

Saturday, February 5, 2011

နှစ် ၁၀၀၀ အာမခံပေးမယ့် ဒေါ်လာ ၁၅၅၀၀၀ တန် စိန် ဒေါက်မြင့် ဖိနပ်

နှစ် ၁၀၀၀ အာမခံပေးမယ့် ဒေါ်လာ ၁၅၅,၀၀၀ တန် စိန် ဒေါက်မြင့်ဖိနပ် Eternal Diamond



နှစ် ၁၀၀၀ အာမခံပေးမယ့် ဒေါ်လာ ၁၅၅,၀၀၀ တန် စိန် ဒေါက်မြင့်ဖိနပ် Eternal Diamond ဗြိတိသျှ ကျောက်မျက် ရတနာလုပ်ငန်း The House of Borgezie ၏ တည်ထောင်သူ ကျောက်မျက်ရတနာ ဒီဇိုင်းပညာရှင် Christopher Michael Shellis ဖန်တီးထားသော Eternal Diamond (အဆုံးမဲ့ ထာဝရစိန်) ဟု အမည်ရသည့် ဒေါက်မြင့်ဖိနပ်သည် တစ်ရံလျင် အမေရိကန် ဒေါ်လာ ၁၅၅,၀၀၀ ကျသင့်မည် ဖြစ်သည်။
ရွှေသားအတိဖြင့် ပြုလုပ်ထားသော Eternal Diamond ဒေါက်ဖြင့်ဖိနပ်တွင် စုစုပေါင်း ၃၀ ကာရက် ရှိသော အလွန်တောက်ပသည့် စိန်ပွင့်ပေါင်း ၂၂၀၀ ဖြင့် စီချယ်ထားပြီး House of Borgezie မှ အတော်ဆုံး ပန်းတိမ်ဆရာများ နှင့် ကျောက်မျက်ပညာရှင်များ ပူပေါင်းလုပ်ဆောင်သည့် အဖိုးတန် လက်မှုအနုပညာ ပစ္စည်းတစ်ခုလည်း ဖြစ်သည်။
၃ နှစ်ကျော် ကြာမြင့်သော Eternal Diamond ဖန်တီးမှု လုပ်ငန်းစဉ်သည် တစ်ကယ့်ကို တိကျ ခက်ခဲ့သော အလုပ်တစ်ခုဖြစ်ကာ Shellis  အနေဖြင့် စိတ်စွဲလန်းမှု ကြီးကြီးဖြင့် ဖန်တီးခဲ့သည်ဟု သိရသည်။ “Eternal Diamond ကို အသက်ဝင် ရုပ်လုံးပေါ်လာဖို့ ဖန်တီးရာတာဟာ ရှိပြီးသား ဒေါက်မြင့်ဖိနပ် ဖန်တီးတဲ့ အခြေခံ နည်းလမ်းတွေကနေ သွေဖယ်ပြီး တစ်ကယ့်ကိုပဲ စစ်စစ်ပေါက်ပေါက် တီထွင် ဆန်းသစ်ရတာ ဖြစ်ပါတယ်။ အကျိုးရလဒ်ကတော့ ဒါဟာ ဖိနပ်တစ်ရံတင် မကပါဘူး.. အမျိုးသမီး တစ်ယောက်အတွက် အံ့အားသင့်ဖွယ် အဖိုးထိုက်အဖိုးတန် ကျောက်မျက်ရတနာ အဆင်တန်ဆာ တစ်ခုပါ” ဟု Shellis  က ပြောကြားပါသည်။
နွေရာသီ ဆန်သောဖက်ရှင်ဖြစ်သည့် Eternal Diamond ဒေါက်ဖြင့်ဖိနပ်သည် ကော်ဇောနီ အခမ်းအနားများ၊  မင်္ဂလားအခမ်းအနားများ နှင့် ရွက်လှေပါတီများ စသော မင်းခန်းမင်းနား ပွဲတော်များအတွက် ပြီးပြည့်စုံသော အဆင်တန်ဆာ တစ်ခုဖြစ်ပြီး ရောင်းဈေး ပေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ  ၁၅၅,၀၀၀) သတ်မှတ်ထားကာ နှစ် ၁၀၀၀ အာမခံချက် ပါဝင်မည်ဖြစ်ရာ ဘဝတစ်လျောက်လုံး အတွက် ဖက်ရှင်ဆိုင်ရာ ရင်းနှီးမြုတ်နှံမှု တစ်ခုဟု ဆိုကြသည်။
PatheinCity News