Showing posts with label ပုံများ. Show all posts

Friday, March 25, 2011
Tuesday, February 22, 2011
ခွင့် ပြုရမယ့် နုတ်ဆက်ချိန်လေးတွေ
Hold a friend's hand through times of trial,
let her find love through a hug and a smile;
But also know when it is time to let go ---
For each and every one of us must learn to grow. ( Sharon A. Heilbrunn)
အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ သူရဲ့လက်ကို ဆုပ်ကိုင်ထားပေးပါ ...
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ့်ရဲ့ ကြင်နာမှုတွေနဲ့ အပြုံးတွေကနေတဆင့် သူခံစားနိုင်ပါစေ ..
ဒါပေမဲ့ သူ့ကို သွားခွင့်ပေးရတော့မဲ့ အချိန်တစ်ခုကိုရောက်တဲ့အခါ ကိုယ်ရင့်ကျက်အောင် သင်ယူတတ်ဖို့ သတိရပါ။
သူမနဲ့ မော်လီ သည် စားအတူတူ၊ သွားအတူတူ ( သူ့အိမ် ကိုယ့်အိမ်မခွဲခြား .. သူ့မိဘက ကိုယ့်မိဘ ဖြစ်နေခဲ့သော) အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်။ သူမကို မြင်ရင် မော်လီရှိကြောင်း သိနိုင်သလို၊ မော်လီ့ကို တွေ့ရင် သူမ ပါပြီးသားပဲ ဆိုတာ ပြောစရာမလိုသော အချက်။
နှစ်ယောက်သား တဟီးဟီး တဟားဟား နဲ့ ( အတန်းထဲမှာလဲ အတန်းထဲမှာမို့လို့ ၊ ကင်န်တင်းမှာလဲ ကင်န်တင်းမှာမို့လို့ နေရာတကာ ..) အာကျယ်လွန်းတော့ ဆရာမတွေက သူမတို့ နှစ်ယောက်ကို ( ၆ တန်းနှစ် အရောက်မှာ) ပုံစံပေးတော့တာပဲ။ သူမတို့ နှစ်ယောက်ကို တတန်းထဲ အတူတက်ခွင့်မပေးတော့။
ဘာဖြစ်သေးတုံး .. မှုပါဘူး။ အတန်းဆင်းတာနဲ့ ချက်ချင်းတွေ့၊ ညဘက်ရောက်ရင် ဖုံးနဲ့ အလွမ်းသယ်။ သူမတို့ ခင်မင်မှုတွေ မပျက်။ အရင်လိုပဲ။ (၇ တန်းရောက်တော့) မော်လီရော သူမရော အတန်းသစ်မှာ သူငယ်ချင်း အသစ်တွေရကြပြီ။ ထမင်းစားချိန်တွေလဲ မတူတော့ သိပ်မတွေ့ကြတော့။ အခေါ်အပြော နည်းလာတယ်။ ဆရာမတွေက သူမတို့နှစ်ယောက်ကို စမ်းသပ်နေကြသလိုလို ...
ဒီလိုနဲ့ ( တခါတလေ လမ်းမှာတွေ့လို့ စကားရပ်ပြောနေတုံး) သူ့ သူငယ်ချင်းက လာခေါ်သွားလိုက်၊ ကိုယ့်သူငယ်ချင်းက ကြားဖြတ်လိုက်နဲ့ ... သူမ ... မော်လီနဲ့ ပတ်သက်ပြီး အထီးကျန်မှု၊ အပယ်ခံရမှု၊ လျစ်လျူရှုမှု .. စသဖြင့် ခံစားလာရပြီ။ စိတ်ထဲ နေရတာ မကောင်းတော့။ ဟိုတုံးက ဒီလောက်ရင်းနှီးခဲ့ကြတာ .. ဒီလောက်ဖြစ် သွားဖို့ လိုမယ်မထင်။ သူမ ဆုံးဖြတ်လိုက်တယ်။ မော်လီနဲ့ စကားပြောမှဖြစ်တော့မယ်။
ညကျတော့ မော်လီ့ဆီ သူမ ဖုံးဆက်တယ်။ သူမရဲ့ ခံစားချက်တွေပြောချိန်မှာ .. မော်လီရဲ့ ရှိုက်သံတွေကိုလဲ ကြားလိုက်ရတယ်။ အို .. ကြည့်စမ်း .. သူလဲ သူမလို စွန့်ပယ်ခံထားရတယ်လို့ ခံစားနေရတာပါလား .... နှစ်ယောက်သား ဖြေရှင်းချက်များစွာနဲ့ ခံစားချက်တွေ ဖွင့်ဟပြီးချိန်မှာ သူမဘေးနားမှာ တစ်ရှုးတွေ အပုံလိုက် .. ငိုထားတာလေ ..
အဲ့ဒီနေ့ရဲ့ နောက်ရက်များစွာမှာ သူမကလဲ သူမ သူငယ်ချင်းအသစ်တွေနဲ့ပဲ ။ မော်လီကလဲ သူ့အပေါင်းအသင်း တွေနဲ့သူ။ သူမတို့တွေ အတူတကွ ဖြတ်သန်းခဲ့ကြတဲ့ အတိတ်တွေကို ဘယ်တော့မှမမေ့ခဲ့။ ရင်ထဲမှာ တန်ဖိုးထားဆဲ။
ဒီနေ့ .. သူမ အဲ့ဒီအချိန်တွေကို အပြုံးတွေနဲ့ ပြန်လှည့်ကြည့်နိုင်ခဲ့ပြီ။ မော်လီနဲ့ သူမ အတန်းတူတူ ပြန်တက်ကြ ရပြန်ပြီ။ ဆရာမတွေလဲ အော်ကြီးဟစ်ကျယ် စကားသံတွေရဲ့ ဒဏ်တွေကို ပြန်ခံစားရပြန်ပြီ။ ဒါပေမဲ့ စာဖတ်သူ သိရဲ့လား .. မော်လီနဲ့ သူမ သူငယ်ချင်းအဆင့် မဟုတ်တော့ပါ .. ညီအစ်မတွေသဖွယ် ဖြစ်ခဲ့ပြီ။ သွေးသားရင်းချာ သဖွယ် ဖြစ်ခဲ့ပြီ။ သူမတို့တွေ စာအတူတူကျက်ဆဲ၊ အတူတူ ရယ်မောကြဆဲ၊ သောကတွေကို အတူတူ မျှဝေကြဆဲ ....
သူမ မော်လီ့ကို ဘယ်တော့မှ မမေ့ခဲ့။ အဲ့ဒီလိုပဲ သူပေးခဲ့တဲ့ ဘ၀အတွက် အရေးကြီးဆုံး သင်ခန်းစာတစ်ခုကိုလဲ အလေးအနက်ထားမိဆဲ ..
" အချိန်တွေ ပြောင်းလဲနေတယ်။ အရာဝတ္ထုတွေလဲ ပြောင်းလဲနေတယ်။ လူတွေလဲ ပြောင်းလဲနေတယ်။ ဒါပေမဲ့ .. အဲ့ဒီ အပြောင်းအလဲဟာ အတိတ်ကို မေ့ပစ်ရမယ်၊ ဒါမှမဟုတ် ပျောက်ကွယ်သွားအောင် ကြိုးစားရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ သူ့ဘ၀နဲ့သူ၊ ကိုယ့်ဘ၀နဲ့ကိုယ် ဆက်လက်ရှင်သန်နေကြဦးမှာပဲ ဖြစ်သလို အမှတ်တရတွေကိုလဲ တန်ဖိုးထားဆဲဖြစ်တယ်လို့ ရိုးရိုးလေး ဆိုလိုတာပဲ။"
Cinderella
Ref: Choices by Alica M.Boxler ( Chicken Soup for Teenage Soul II)

Labels:
ပညာပေးစာများ,
ပုံများ,
အချစ်
Monday, February 21, 2011
Wednesday, February 9, 2011
Sunday, February 6, 2011
ကမ္ဘာ့ အထူး အဆန်း အဆောက် အ ဥံများ
Labels:
ပုံများ,
အထူးအဆန်းလေးများ
Saturday, February 5, 2011
ချစ်စရာကောင်းတဲ့ ငှက်လေးများ
Labels:
ပုံများ,
အထူးအဆန်းလေးများ
Subscribe to:
Posts (Atom)