တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ စတဲ့နိုင်ငံက လူတွေက သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုကို အရက်နဲ့ထုတ်ဖော်ပြဖို့ ချိန်းဆိုလိုက်ကြတယ်။
တရုတ်က သူတို့ရဲ့နိုင်ငံ့အရက်လို့ တင်စားခံရတဲ့ အရက်စစ်စစ် Maotai အရက်ကို ထုတ်ပြတယ်။ ရုရှားက Vodka အရက်ကို ထုတ်ပြတယ်။ ပြင်သစ်က ရှန်ပိုင်၊ အီတလီက စပျစ်ဝိုင်၊ ဂျာမဏီက ဝီစကီတွေကိုအသီးသီးထုတ်ပြတယ်။ အဲဒီအချိန်မှာ အမေရိကန်က အေးအေးဆေးဆေးပဲ သူတို့ထုတ်ပြတဲ့ အရက်တွေကိုဖန်ခွက်တစ်ခုထဲ နည်းနည်းချင်းစီသွန်ထည့်ပြီး ပြောလိုက်ပါတယ်။
"ဒါကို Cocktail လို့ခေါ်တယ်။ ဒါဟာ အမေရိကန်လူမျိုးရဲ့ စိတ်ဓာတ်ခွန်အားကိုပြတယ်။ ဆွဲဆောင်ခြင်းကိုပြတယ်၊ ဆန်းသစ်ထီထွင်ခြင်းကိုပြတယ်"
အောင်မြင်သူဆိုတာ တခြားလူထက် ပိုတတ်လို့မဟုတ်ဘူး။ တခြားလူရဲ့ထူးချွန်ထက်မြက်ခြင်းကိုအသုံးပြုတတ်လို့ ဖြစ်တယ်။
Showing posts with label ပညာပေးစာများ. Show all posts

Tuesday, December 20, 2011
Monday, December 19, 2011
နွေးထွေးတဲ့ လက်
Thanksgiving နေ့က သတင်းစာတစ်စောင်မှာ ပုံပြင်တစ်ပုဒ်ကိုဖော်ပြခဲ့တယ်။
ပုံပြင်က.. မူလတန်းကျောင်းတစ်ကျောင်းမှာ ဆရာမက ကလေးတွေကို ကျေးဇူးတင်သင့်တယ်လို့ ထင်တဲ့အရာတွေကို ပုံဆွဲစေခဲ့တယ်။ ကလေးတွေက များသောအားဖြင့် ဆင်းရဲမိသားစုကလာကြတဲ့အတွက် သူတို့ထင်တဲ့ ကျေးဇူးတင်သင့်တဲ့အရာတွေဟာ စားပွဲခုံပေါ်က စားကောင်းသောက်ဖွယ်တွေပဲဖြစ်မယ်လို့ ဆရာမကထင်ခဲ့တယ်။ ဥပမာ... သူတို့ဆွဲမယ့်ပုံတွေဟာ အငွေ့တစ်ထောင်းထောင်း ထနေတဲ့ ကြက်ဆင်တစ်ကောင်ပေါ့။ ဒါပေမယ့် “ဒေါက်ကလပ်”လို့ခေါ်တဲ့ ကျောင်းသားတစ်ဦးဆွဲထားတဲ့ ပုံကိုမြင်တော့ ဆရာမက အံ့အားသင့်သွားတယ်။ သူဆွဲတဲ့ပုံက လက်တစ်ဖက်ပုံပါ။
ဒါဟာ ဘယ်သူရဲ့လက်လဲ....? ကလေးတွေ အားလုံးလည်း သိချင်နေခဲ့ကြတယ်။
“ဒါဟာ ငါတို့ကို စားစရာတွေပေးတဲ့ ဘုရားသခင်ရဲ့လက် ဖြစ်နိုင်တယ်” လို့ ကလေးတစ်ယောက်က ထင်ကြေးပေးတယ်။
“လယ်သမားရဲ့လက် ဖြစ်မယ်။ သူဟာဒီလက်နဲ့ ကြက်တွေကိုမွေးခဲ့တယ်” နောက်တစ်ယောက်က ခန့်မှန်းပြန်တယ်။
ကလေးတွေက ဟိုထင် ဒီထင် ထင်ကြေးပေးကြပြီးနောက် ကိုယ့်နေရာ အသီးသီးကို ပြန်ပြီး ပုံတွေကို ဆက်ဆွဲနေခဲ့တယ်။ ဆရာမက ခါးကိုကိုင်းပြီး ..
“အဲဒါဘယ်သူ့ရဲ့ လက်လဲ” လို့ ဒေါက်ကလပ်ကို မေးလိုက်တယ်။
“ဒါ ဆရာမရဲ့လက်ပါ” သူ အလျှင်အမြန် ပြန်ဖြေတယ်။
ဒေါက်ကလပ်ဟာ အရပ်ပုသေးပြီး လူတကာမကြိုက်တဲ့ရုပ်မျိုးကို ပိုင်ဆိုင်ပါတယ်။ ဒါပေမယ့် ကျောင်းဆင်းတိုင်း ဆရာမက သူ့လက်ကို အမြဲသွားဆုပ်ကိုင်ခဲ့တယ်။ ကလေးတိုင်းရဲ့လက်ကို ဆရာမဆုပ်ကိုင်နေကျဆိုပေမယ့် သူ့အတွက် ဒီလို ပြုမူခံရခြင်းရဲ့အဓိပ္ပါယ်က ပိုလေးနက်နေခဲ့တယ်။
Thanksgivingနေ့ ဆိုတာ လူတွေက ကျွန်မတို့ကိုပေးတဲ့ ဒြပ်ဝတ္ထု ကြီးငယ်တွေပေါ်မှာမှုတည်တာ မဟုတ်ပါဘူး။ ဘယ်လောက်သေးငယ်တဲ့ တုန့်ပြန်မျိုးပဲဖြစ်ဖြစ် ဒီလိုနေ့ထူးကို အခွင့်အရေးယူပြီး ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ပြသခြင်းပဲဖြစ်တယ်။
နိုင်းနိုင်းစနေ
Labels:
ပညာပေးစာများ
ဘဝကိုပြောင်းလဲခဲ့ တဲ့ လက်ဆောင်
Thompsonက ပဉ္စမတန်းပြ ဆရာမတစ်ဦးဖြစ်တယ်။ စာသင်သက်တမ်း ၂နှစ်မြောက်တဲ့နှစ်မှာ Teddyလို့ခေါ်တဲ့ ကျောင်းသားတစ်ဦး သူ့အခန်းထဲ ရောက်လာခဲ့တယ်။ ဆရာမ Thompson က Teddy ကို စတွေ့စမှာပဲ မနှစ်သက်ခဲ့ဘူး။ ညစ်တီးညစ်ပတ်နဲ့ Teddy ရဲ့ ပုံစံကလည်း နှစ်သက်စရာ မကောင်းခဲ့ပါဘူး။ Teddyရဲ့ ဆံပင်က မျက်စိဖုံးလောက်အောင် ရှည်တဲ့အပြင် ကိုယ်ပေါ်မှာလည်း အနံ့ဆိုးတစ်မျိုး ရှိနေခဲ့တယ်။ အဆင့်ကလည်း နောက်ဆုံးပိတ်မို့ နှစ်သက်အောင် ဆရာမ Thompson ဘယ်လိုပဲ ကြိုးစားခဲ့ပေမယ့် အချည်းနှီးသာဖြစ်ခဲ့တယ်။
အတန်းထဲမှာ သွက်သွက်လက်လက်ရှိတဲ့ ကျောင်းသားတွေကို ဆရာမ Thompson အားပေးတတ်ပေမယ့် Teddyလို စာမလိုက်နိုင်တဲ့ ကျောင်းသားမျိုးကိုတော့ မနှစ်သက်ခဲ့ဘူး။ Teddyရဲ့ လေ့ကျင့်ခန်းစာအုပ်ထဲက အမှားတွေကို မင်နီနဲ့ အားရပါးရ ခြစ်ရတာကို ဆရာမ Thompson အကျေနပ်ကြီး ကျေနပ်ခဲ့တယ်။
အချိန်တွေပြောင်းသွားတာနဲ့အမျှ စာအုပ်ထဲ မင်နီတွေက လျော့မသွားတဲ့အပြင် ပိုလို့များလာခဲ့တယ်။ Teddyကို သူ မနှစ်သက်တဲ့အကြောင်း ဆရာမ Thompson ထုတ်မပြောပေမယ့် Teddy ကို အနှိမ်ကျင့်၊ လှောင်ပြောင်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အပြုအမူတွေက ဆရာမ Thompson ရဲ့ စိတ်သဘောထားကို ထင်ဟပ်နေသလိုပါပဲ။ သနားစရာ Teddyလေးက ဆရာမ သူ့ကို မနှစ်သက်ဘူးဆိုတာပဲ သိတယ်။ ဘာကြောင့် မနှစ်သက်မှန်း သူနားမလည်ခဲ့ဘူး။ Teddy ကို နားလည်အောင် ဆရာမ Thompson ကြိုးစားခဲ့ပေမယ့် အုပ်ထိန်းသူမရှိ၊ ဂရုစိုက်သူမဲ့တဲ့ ဒီအညစ်အစုတ်လေးကို မသိစိတ်ထဲကနေ ဘာကြောင့် မနှစ်သက်မှန်း သူကိုယ်တိုင်လည်း မသိခဲ့ဘူး။
ဒီလိုနဲ့ စာသင်ရက်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားလို့ ခရစ္စမတ်ရာသီကို ရောက်လာခဲ့တယ်။ ပွဲတော်ရဲ့ဓလေ့ထုံးစံအတိုင်း ကျောင်းသားတွေက ဆရာမကို ခရစ္စမတ် လက်ဆောင်ပေးဖို့ စီစဉ်ခဲ့ကြတယ်။ ကျောင်းမပိတ်ခင် နောက်ဆုံးတစ်ရက်မှာ ကျောင်းသားအားလုံးက ကိုယ့်လက်ဆောင်ထုပ်ကို အခန်းထဲက ခရစ္စမတ်သစ်ပင်အောက်မှာ သွားထားပြီး ဆရာမ ဖောက်ကြည့်တာကို စောင့်နေခဲ့ကြတယ်။ လက်ဆောင်ထုပ်တစ်ခု ဖောက်တိုင်း အံ့သြဝမ်းသာတဲ့ အသံနဲ့အတူ လက်ဆောင်ပေးတဲ့ ကျောင်းသားကို ဆရာမ Thompson ကျေးဇူးတင်နေခဲ့တယ်။ လက်ဆောင်ထုပ်တွေကြားမှာ Teddy ရဲ့ လက်ဆောင်ထုပ်လေး ညှပ်နေခဲ့တယ်။ Teddy က လက်ဆောင်ကို ရိုးရိုးအညိုရောင် စက္ကူနဲ့ထုပ်ပြီး စက္ကူပေါ်မှာ ခရစ္စမတ် သစ်ပင်တစ်ပင် ဆွဲထားတယ်။ အနီရောင် ဘောလုံးတွေကို ကော်နဲ့ကပ်ပြီး သစ်ပင်ကို ရစ်ပတ်ထားလိုက်တယ်။ ပြီးတော့ အထုပ်ပေါ်မှာ ဆရာမ Thompson အတွက် မှ Teddy လို့ ရေးထားတယ်။
Teddy ရဲ့ လက်ဆောင်ထုပ်ကို ဆရာမ Thompson လှမ်းယူတဲ့အချိန် တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့တယ်။ ကျောင်းသားအားလုံး ဆရာမကို ဝိုင်းအုံပြီး အထဲက လက်ဆောင်ကို စောင့်ကြည့်နေခဲ့ကြတယ်။ ပထမဆုံးအကြိမ် ရှက်ရွံ့အားနာခြင်းကို ဆရာမ Thompson ခံစားမိခဲ့တယ်။ ထုပ်ထားတဲ့ နောက်ဆုံးစက္ကူကို ဖြည်လိုက်တာနဲ့ အထဲက ပစ္စည်းလေးနှစ်ခု စားပွဲပေါ် ပြုတ်ကျလာခဲ့တယ်။ တစ်ခုက ကျောက်သုံး,လေးလုံး ပြုတ်နေတဲ့ hand make ဖန်စိန်လက်ကောက်တစ်ခုဖြစ်ပြီး နောက်တစ်ခုက ပုလင်းတစ်ဝက်သာကျန်တဲ့ အပေါစားရေမွှေးပုလင်းဖြစ်တယ်။ ကျောင်းသားတွေစီကနေ အချင်းချင်း တွတ်ထိုးသံ၊ လှောင်ပြောင်ရယ်မောသံကို ဆရာမ Thompson ကြားလိုက်မိတယ်။ Teddy ရပ်နေတဲ့ဖက်ကိုကြည့်ဖို့ သူ ခွန်အားမဲ့နေခဲ့တယ်။ ဆရာမ Thompsonက လက်ကောက်ကို စိတ်မပါတပါဝတ်ပြီး နားရွက်နောက်ကို ရေမွှေး တစ်စက်၊ နှစ်စက် တို့လိုက်တယ်။ ပြီးတော့ တစ်ခြားလက်ဆောင်ထုပ်တွေကို ဖောက်ကြည့်နေခဲ့တယ်။
ကျောင်းဆင်းခေါင်းလောင်းသံ ကြားတော့ ဆရာမ Thompsonက ကျောင်းသားအားလုံးကို ခရစ္စမတ်မှာ ပျော်ရွှင်ဖို့၊ နောက်နှစ်မှာ ပြန်ဆုံဖို့ နှုတ်ဆက်လိုက်တယ်။ Teddy က အတန်းထဲက ချက်ချင်းမထွက်ဘဲ ကျောင်းသားအားလုံး ထွက်သွားတဲ့အထိ ဆရာမဘေးမှာ ငြိမ်ငြိမ်ကုပ်ကုပ် ရပ်စောင့်နေခဲ့တယ်။
"ဆရာမ.. ဆရာမ... ဆရာမ ကိုယ်ပေါ်က ရေမွှေးနံ့က ဟိုးတစ်ချိန် ကျွန်တော့်မေမေ ကိုယ်ပေါ်က ရေမွှေးနံ့နဲ့ အတူတူပဲ။ မေမေ့လက်ကောက်ကို ဆရာမဝတ်လိုက်တော့ အရမ်းလှသွားတယ်။ ဒီလက်ဆောင်တွေကို ဆရာမ နှစ်သက်ခဲ့လို့ ကျွန်တော်ဝမ်းသာမိပါတယ် ဆရာမ..."
စကားဆုံးတာနဲ့ အခန်းထဲကနေ Teddy လှစ်ခနဲ့ ထွက်သွားခဲ့တယ်။ ဆရာမ Thompson ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်မိတယ်။ စိတ်ထဲမှာလည်း ကလေးငယ်တစ်ဦးအပေါ် ဂရုစိုက်၊ ကြင်နာမှုတွေ သူတမင် ကင်းမဲ့ခဲ့မိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ထံ တောင်းဆိုနေမိတယ်။
ကျောင်းပိတ်ရက်ကုန်လို့ ကျောင်းပြန်ဖွင့်ချိန်မှာ ဆရာမ Thompsonက အရင်ပြုခဲ့မိတဲ့ ဂရုမစိုက်မှုတွေအတွက် Teddy ကို အချိန်ပို သင်ကြားမှုတွေ လုပ်ခဲ့တယ်။ Teddy ရဲ့ ကြိုးစားမှုက တခြားကျောင်းသားနဲ့ တဖြေးဖြေး ရင်ဘောင်တန်းလာနိုင်ခဲ့တယ်။ ပဉ္စမတန်းကို Teddy ရှောရှောရှုရှု ဖြတ်ကျော်ခဲ့ပါတယ်။
ဒါပေမယ့် ဇာတ်လမ်းက ဒီမှာတင် ရပ်မသွားခဲ့ပါဘူး။ နောက်တစ်နှစ် စာသစ်နှစ်မှာ ဖခင်နဲ့အတူ တစ်ခြားနယ်ကို Teddy ပြောင်းသွားခဲ့တယ်။ Teddy ရဲ့ ကြိုးစားမှုက ဘယ်ဘာသာရပ်ကိုမဆို လိုက်နိုင်တဲ့ အရည်အချင်းရှိပြီလို့ ဆရာမ Thompson ယုံကြည်ခဲ့တယ်။
ဒီလိုနဲ့ ၇နှစ်ကြာပြီးတဲ့ နေ့တစ်နေ့မှာ Teddy ဆီက ပထမဆုံး စာတစ်စောင်ကို ဆရာမ Thompson လက်ခံရခဲ့တယ်။ စာထဲမှာ စာတိုလေးနှစ်ကြောင်းပဲ ရေးထားတယ်။
"ဆရာမ Thompson ... ဆရာမကို သိစေချင်တဲ့ ဆန္ဒနဲ့ပါ။ ဒုတိယအဆင့်နဲ့ ရှေ့လမှာ ကျွန်တော် ကျောင်းပြီးတော့မယ်ဆိုတဲ့အကြောင်း ဆရာမကို အရင်ဆုံးသိစေချင်ပါတယ်"
စာဖတ်ပြီး Teddy အတွက် ကတ်တစ်ကတ်၊ ခဲတံတစ်ချောင်းနဲ့ ဖောင်တိန်တစ်ချောင်းကို လက်ဆောင်အဖြင့် ဆရာမ Thompson ပေးပို့ခဲ့တယ်။
နောက် ၄နှစ်အကြာမှာ Teddy ဆီက ဒုတိယမြောက် စာတစ်စောင်ကို ဆရာမ Thompson ရခဲ့ပြန်တယ်။ စာထဲမှာ ရိုးရိုးရှင်းရှင်း စာတိုလေး သုံးကြောင်းပဲ ပါခဲ့ပါတယ်။
"ဆရာမ Thompson... ဆရာမကို အရင်ဦးဆုံး သိစေချင်ပါတယ်။ ပထမအဆင့်နဲ့ ကျွန်တော် အောင်မြင်ခဲ့တဲ့အကြောင်း တက္ကသိုလ်က အခုပဲ ကျွန်တော့်ကို အကြောင်းကြားစာ ပို့လာခဲ့ပါတယ်။ တက္ကသိုလ် စာသင်နှစ် ၄နှစ်ကို ဖြတ်သန်းရတာ အင်မတန် ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်ပြီးဆုံးအောင် သင်ယူခဲ့ပါတယ်"
စာဖတ်ပြီး Teddy အတွက် ကတ်တစ်ကတ်နဲ့ ရှပ်အင်္ကျီလက်မောင်းမှာ တပ်တဲ့ ကြယ်သီးချိန်းကြိုးတစ်ခုကို လက်ဆောင်အဖြင့် ဆရာမ Thompson ပေးပို့ခဲ့တယ်။
နောက် ၄နှစ်အကြာမှာ တတိယမြောက်စာကို ဆရာမ Thompson ရခဲ့ပြန်တယ်။
"ဆရာမ Thompson... ဆရာမကို အရင်ဦးဆုံး သိစေချင်ပါတယ်။ ဒီနေ့ကစပြီး ကျွန်တော် ဒေါက်တာ Teddy ဖြစ်သွားပါပြီ။ နောက်ပြီး ဇူလိုင် ၂၇ ရက်နေ့မှာ ကျွန်တော် မင်္ဂလာပွဲကျင်းပပါမယ်။ ကျွန်တော့်မင်္ဂလာပွဲကို တက်ရောက်ပြီး ကျွန်တော့်အမေနေရာမှာ ဆရာမ လာထိုင်ပါ။ မနှစ်က ကျွန်တော်အဖေ ဆုံးသွားခဲ့ပါတယ်။ ဆရာမက ကျွန်တော့်ရဲ့တစ်ဦးတည်းသော ဆွေမျိုးရင်းချာဖြစ်ပါတယ်"
စာကို ကိုင်ပြီး ဆရာမ Thompson အချိန်အကြာကြီး တိတ်ဆိတ်နေမိတယ်။ ဒီကျောင်းသားဆရာဝန်ကို ဘာလက်ဆောင်နဲ့ လက်ဖွဲ့ရမယ်မှန်း သူစဉ်းစား မရခဲ့ဘူး။ ဖောင်တိန်ကို ရုတ်တရက် ကောက်ကိုင်ပြီး Teddyအတွက် စာတစ်စောင် သူရေးလိုက်တယ်။
"Dear Teddy
အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ မင်း အောင်မြင်ခဲ့ပါပြီ။ ကိုယ်တိုင် ကြိုးစားမှုနဲ့ မင်းအောင်မြင်ခဲ့ပါပြီ။ မင်းရဲ့ဘေးမှာ တစ်ချိန်တခါက ဆရာမလို လူပေါင်းများစွာရှိခဲ့လည်း၊ မင်းကို အလေးအနက်ထားပြီး ဂရုစိုက်တဲ့သူ မရှိခဲ့လည်း မင်းအောင်မြင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုက မင်းနဲ့ပဲ ဆိုင်ပါတယ်။ ဘုရားကျောင်းက ခေါင်းလောင်းမြည်တာနဲ့ မင်းရဲ့ မင်္ဂလာပွဲမှာ ဆရာမ ရှိနေပါ့မယ်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးပါစေ...
ဆရာမ Thompson"
မူရင်း.... http://web.nchu.edu.tw/~madonna2/article/a11.htm
နိုင်းနိုင်းစနေ
Labels:
ပညာပေးစာများ
Tuesday, December 6, 2011
သင်သိသလား?
သင်သိလား?
(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ
ချေလို့မရပါဘူးခင်ဗျာ
(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်
(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်ထက်
ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်
(4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်
(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင်
ကြားဖူးကြမှာပါ ဘုရင်မကြီးဟာ
လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။
(6) နာဇီခေါင်းဆောင်ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့)
တစ်လုံးသာ ရှိပါတယ်
(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်
(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း
336 ရှိပါတယ်
(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန်
ဂရုစိုက်ပါ
အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင်သောကြောင့်ဖြစ်သည်
(10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက်
အသက်ရှင်နေနိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင်
အစာမစားရသောကြောင့်သာဖြစ်ပါသည်
(11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင်
ကမ္ဘာကို အပတ် 60
ပတ်မိ မှာဖြစ်ပါတယ်
(12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်
(13) ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်
(14) နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ်
အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့
ဲ့ အချိန်မှာလွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေ၀င်ပြီးသွားပါပြီ
(15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသောမပုပ်မသိုးနိုင်တဲ့ အစားအစာ
ကတော့ ပျားရည်ဖြစ်ပါတယ်၊၊
________________________________
(16) အင်္ဂလိပ်စကားလုံးတွေထဲမှာ သရ(vowels)မပါဘဲ အရှည်ဆုံးသော စကားလုံးမှာ
twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများ လို့အဓိပွါယ်ရပါတယ်
(17) ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို
မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊
(18) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့်
200 grams ပိုလေးပါတယ်
(19) အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့
စကားလုံးပေါင်း တစ်ရာကျော်
ရှိပြီး (hello)ဟလို ဟူသောနှုတ်ခွန်းဆက်စကားလုံး မရှိပေ၊၊
(20) ကမ္ဘာပေါ်တွင်ရှိသောလူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ ချုံ့လိုက်မည်ဆိုပါက
အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊ အမေရိကတိုက်မှ 14 ယောက် နှင့်
အာဖရိကတိုက်မှ 8 ယောက် စီရှိမှာဖြစ်ပါတယ်၊၊ထိုအထဲမှ တစ်ယောက်တည်းကသာလျှင်
ကွန်ပြူတာတစ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ်၊၊
(21) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ တရွယ်တည်း
ဖြစ်ပြီး ၊ နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်း ရပ်တန့်သွားခြင်းမရှိပေ
(22) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ စင်တီဂရိတ်
ဖြင့်လောင်ကျွမ်း
ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင်ထက်ပိုမိုသော အပူချိန်ဖြစ်သည်
(23) ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှ အပြာရောင်ကို
မြင်နိုင်သောတစ်ခုတည်းသော ငှက်မှာ
ဇီးကွက်ဖြစ်သည်
(24) ပုံမှန်အားဖြင့် တနေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး 2000 ကျော်
ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း 7000 ကျော်ပြောပြီးဖြစ်ပေသည်၊၊
(သြော်... မိန်းမ မိန်းမ )
(25) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000
ကျော် ဖြတ်သန်း
နားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော် ပျံသန်းရပေသည်၊၊
(26) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တ၀ါကတော့
ဆင်ဖြစ်ပါတယ်
(27) ဂေါက်ရိုက်ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက စကော့တလန်ပြည်မှ စတင်
တီထွင်ခဲ့တယ်လို့ဆိုပါတယ်၊၊သူတို့ဟာ အဲ့ဒီ ကစားနည်းကို " Gentlemen Only
Ladies Forbidden " လို့ သတ်မှတ်ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး စတင်
ကစားကြတာ ဖြစ်ပါတယ်၊၊also call Game Of Lazy Fallows
(28) ခြဘုရင်မတစ်ကောင်ဟာ နှစ်ပေါင်း ငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး
နေ့စဉ် ခြကောင်ရေ
သုံးသောင်းထိ မွေးဖွားပေးနိုင်ပါတယ်၊၊
(29) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း)
ဖြစ်ပါတယ်
(30) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်

Monday, August 22, 2011
BF ဆိုတာဘာလဲ့ ?
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပြောတယ် "ငါက နင့်ရဲ့BFပါ"တဲ့။
ကောင်လေးရဲ့အပြောကို နားမလည်တဲ့ကောင်မလေးက အပြစ်ကင်းတဲ့မျက်နှာနဲ့မေးတယ်။
"BF ဆိုတာဘာလဲ?"
ကောင်လေးက ပြုံးပြုံးရယ်ရယ်နဲ့ "BF ဆိုတာ best friendပါ" လို့ပြောတယ်။
အဲဒီနောက် အရွယ်ရောက်လာကြတဲ့ ကောင်လေးနဲ့ကောင်မလေး ချစ်သူတွေ ဖြစ်သွားကြတယ်။
အဲဒီမှာ ကောင်လေးက ကောင်မလေးကိုထပ်ပြောတယ် "ငါက နင့်ရဲ့ BF ပါ"တဲ့။
ကောင်မလေးက မခို့တရိုနဲ့ မေးတယ်။
"BF ဆိုတာဘာလဲ?"
ကောင်လေးက ကောင်မလေးမေးစေ့ကို ကြင်ကြင်နာနာကိုင်ပြီး ဖြေတယ်။
"BF ဆိုတာ boy friendပါ" တဲ့။
အဲဒီနောက် နှစ်အတန်ငယ်အကြာမှာ သူတို့လက်ထပ်ကြတယ်။ ချစ်စရာကလေးလေးမွေးခဲ့တယ်။ အဲဒီမှာ ယောက်ျားဖြစ်သူက ဇနီးကို ပြုံးပြုံးလေးပြောပြန်တယ် "ငါက နင့်ရဲ့BFပါ"တဲ့။ ဇနီးက ပန်းကန်တွေသိမ်းနေရာက ကြင်ကြင်နာနာနဲ့ ပြန်မေးတယ် "BF ဆိုတာဘာလဲ?"
ယောက်ျားက ကလေးမျက်နှာကိုကြည့်ပြီး ဝမ်းသာပျော်ရွှင်တဲ့အသံနဲ့ ပြောတယ်။
"BF ဆိုတာ baby's fatherပါ" တဲ့။
အဲဒီနောက် သူတို့တဖြေးဖြေး အိုမင်းခဲ့ကြတယ်။
ဇနီးမောင်နှံနှစ်ဦး အိမ်ရှေ့ကုလားထိုင်မှာထိုင်ပြီး ညနေဆည်းဆာအလှကို ရှုစားနေခဲ့တယ်။
အဲဒီမှာ အဘိုးအိုက အဘွားအိုကို "အဘွားကြီး.. အဘွားကြီး ငါက နင့်ရဲ့BFပါ" လို့ပြောတယ်။
မျက်နှာတစ်ခုလုံးပေါ် အရစ်အကြောင်းတွေပေါ်တဲ့အထိ အဘွားအိုပြုံးပြီး ပြန်မေးတယ်။
"BF ဆိုတာ ဘာလဲ အဘိုးကြီးရယ်...."
အဘိုးအိုက ကောင်းကင်ထက်က ညနေဆည်းဆာအလှကို မော့ကြည့်ပြီး အိုမင်းရင့်ရော်တဲ့အသံနဲ့ ပြန်ဖြေတယ်။
"BF ဆိုတာ Be foreverပါအဘွားကြီးရယ်..." တဲ့

Friday, August 19, 2011
ဘီလ် ဂိတ် ဘယ် လောက် ချမ်း သာ သလဲ့ ?
၂) အမေရိကန် အစိုးရတင်နေတဲ့ အကြွေးက 5.62 trillion dollars ဖြစ်တယ်။ ဘီလ်ဂိတ်ကို အဲဒီအကြွေးတွေ ဆပ်ခိုင်းဖို့ရာ အချိန်(၁ဝ)နှစ်ပဲ လိုပါလိမ့်မယ်။
၃) ဘီလ်ဂိတ်ရဲ့ ချမ်းသာမှုဟာ အမေရိကန်အစိုးရစုထားတဲ့ ရွှေတန်ဖိုးရဲ့ ၃ဆဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေတိုင်း လူတစ်ဦးကို ဒေါ်လာ၁၅ကျပ်နှုန်း ဝေခဲ့ရင်တောင် ဘီလ်ဂိတ်မှာ လက်ကျန်ငွေ ဒေါ်လာ ၅ သန်း ကျန်ခဲ့နိုင်ပါသေးတယ်။
၎) မိုက်ကယ်ဂျော်ဒန်က ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားဖြစ်တယ်။ ဂျော်ဒန်ဟာ သူ့တစ်နှစ်ဝင်ငွေ သန်း၃ဝကို မစားမသောက်ဘဲ စုခဲ့ရင်တောင် နောင်နှစ်ပေါင်း (၂၇၇)နှစ်စုမှ ဘီလ်ကိတ်ရဲ့ လက်ရှိချမ်းသာမှုနဲ့ ညီမျှမှာဖြစ်တယ်။
၅) ဘီလ်ဂိတ်ဟာ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်ဆိုရင် သူဟာ နံပါတ် (၃၇)မြောက် အချမ်းသားဆုံးနိုင်ငံ ဖြစ်တယ်။ ဒါမှမဟုတ် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် နံပါတ်(၁၃)မြောက် အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ IBM ထက်တောင်ကြီးပါတယ်။
၆) ဘီလ်ကိတ်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ကျပ်တစ်ဒေါ်လာအဖြင့်လဲပြီး ရသမျှ ကျပ်တစ်ဒေါ်လာကို အထပ်ထပ် ထပ်လိုက်ရင် လကမ္ဘာကို အသွားအပြန် ၁၈ခေါက် ရနိုင်ပါတယ်။ ဒီကျပ်တစ်ဒေါ်လာကို ၇၁၃ ဘော်ရင်းဂျက်၊ ၇၄၇ လေယာဉ်နဲ့ မအိပ်မနေ နှစ်ပေါင်း ၁၄ဝဝ ကြာအထိ တင်ယူသယ်ဆောင်မှ ရနိုင်ပါလိမ့်မယ်။
၇) ဘီလ်ဂိတ်အသက်(၄ဝ) ရှိပါပြီ။ အမေရိကန်ယောက်ျားတွေရဲ့ သက်တမ်းနဲ့ တွက်ချက်မယ်ဆိုရင် နောက်ထပ် ၃၅နှစ် သူအသက်ရှင် နိုင်ပါသေးတယ်။ သူ့ဝင်ငွေထဲက တစ်နေ့ကို ၆၇သိန်းသုံးမှ သူမသေခင် သူ့ငွေတွေကုန်မှာဖြစ်ပါတယ်။
၈) တကယ်လို့ ကွန်ပြူတာ သုံးနေသူတွေရဲ့ဝင်းဒိုး တစ်ခါဟမ်းသွားတိုင်း သူ့ကုမ္ပဏီကို ၁ဒေါ်လာ အလျှော်တောင်းကြရင် သုံးနှစ်အတွင်းမှာ ဘီလ်ဂိတ် ဆင်းရဲသွားနိုင်ပါတယ်။
Labels:
ပညာပေးစာများ,
သိကောင်းစရာ နည်းပညာ
ဆင် ကလေး နှင့်  သံကြိုး
ရက်အနည်းငယ်ကြာတော့ သံကြိုးကလွတ်အောင် သူကြိုးစားပြန်တယ်။ မအောင်မြင်ခဲ့ပြန်ဘူး။ တစ်ရက်ပြီး တစ်ရက်၊ တစ်ကြိမ်ပြီး တစ်ကြိမ် သံကြိုးကလွတ်အောင် သူအမျိုးမျိုး ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ ကြာတော့လွတ်ဖို့ သူမကြိုးစားတော့ဘူး။ သူ့မိဘတွေကို ကြည့်တော့လည်း သံကြိုးတွေနဲ့ ချုပ်နှောင်ခံထားရတာကိုတွေ့တော့ ဒီလို ချည်နှောင်ခံရတဲ့ဘ၀ကို သူကျင့်သားရလာခဲ့တယ်။
ဂျမ်ဘိုဟာ တဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ သူ့ရဲ့အင်အားဟာ ခြေထောက်မှာချည်ထားတဲ့သံကြိုးကို နှာတမှုတ်စာနဲ့တောင် ဖြတ်နိုင်ပါပြီ။ ဒါပေမယ့် အဲဒီသံကြိုးကိုဖြတ်ဖို့ သူမတွေးမိတော့ဘူး။ ဒီသံကြိုးဟာ ဘယ်လိုမှဖြတ်လို့ မရနိုင်ဘူးဆိုတဲ့အတွေးက သူ့ရဲ့နှလုံးထဲ၊ မှတ်ဥာဏ်ထဲမှာ ငယ်ငယ်လေးကတည်းက အရိုးစွဲနေခဲ့လို့ဖြစ်တယ်။
ဒီလိုနဲ့ တစ်မျိုးဆက်ပြီး တစ်မျိုးဆက် ဆပ်ကပ်ထဲက ဆင်ကြီးတွေဟာ မြင်ရတဲ့သံကြိုးသေးလေးနဲ့ ခြေထောက်ကို ချုပ်နှောင်ခံရပြီး မမြင်ရတဲ့ သံကြိုးကြီးနဲ့ စိတ်ဓာတ်ကိုချုပ်နှောင်ခံခဲ့ကြရတယ်။ အဲဒီ အချုပ်အနှောင်ခံ ဘ၀လေးထဲမှာပဲ သူတို့ဟာ ကျင်လည်နေခဲ့ကြတော့တယ်။
အချိန်တွေဟာ မပြတ်ပြောင်းလဲနေပါတယ်။ ဟိုတုန်းက မလုပ်နိုင်ခဲ့တာကို ဒီနေ့မှာ လုပ်လို့ရရင်လည်း ရသွားနိုင်မယ်။ ဟိုတုန်းက လုပ်နိုင်ခဲ့တာကို ဒီနေ့မှာ ခက်ရင်လည်း ခက်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဓိက က စိတ်ထဲမှာ မပြောင်းလဲတဲ့ အယူအဆတွေကို အရိုးစွဲပြီး ချန်မထားမိခဲ့ဖို့ပဲလိုတယ်။ ကျွန်မတို့ဟာ ဆင်ကလေး ဂျမ်ဘိုလို အချုပ်အနှောင်ခံဘ၀မှာ ကျင့်သားရ ကျင်လည်နေခဲ့ကြပြီလား... ?
original post from: http://www.youthwant.com.tw
နိုင်းနိုင်း စနေ
Labels:
ပညာပေးစာများ,
သိကောင်းစရာ နည်းပညာ
မိတ် ဆွေ သူငယ် ချင်း
နာမည်ကြီး စကောတလန် စာရေးဆရာတစ်ဖြစ်လဲ ဟာသမင်းသား Roterက ပရိသတ်ကို "ဘေးကလူနဲ့ ခင်ဗျားတို့ ပုခုံးချင်းယှဉ်ပြီး ထိုင်နေတာ ၂ နာရီလောက် ရှိနေပြီ။ တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မပြောကြပါလား?" လို့ ပြောလိုက်တယ်။ သူ့စကားကြောင့် ပရိသတ်တွေ ရယ်မောခဲ့သလို လူတစ်ချို့က ကိုယ့်ဘေးမှာ ထိုင်နေသူတွေကို ထနှုတ်ဆက်ကြတော့တယ်။
ဒီလောက်ပဲ လွယ်ကူရိုးရှင်း ခဲ့ပါတယ်... ဘေးမှာရှိနေတဲ့သူက ကိုယ့်ရဲ့စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ပွင့်နဲ့ ကိုယ့် "သူငယ်ချင်း" ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေက တစ်ခါတလေ ကိုယ့်ကို အထင်ကြီးမှု၊ လူတန်းစား၊ လူမျိုးခွဲခြားမှုကြောင့် သူငယ်ချင်းကောင်းတွေကို လက်လွတ်ခဲ့ရတယ်။
တစ်ခါက နှင်းမုန်တိုင်းကျပြီးနောက် ကားတွေသွားလာလို့ မရအောင် နှင်းတွေ ပိတ်ဆို့နေခဲ့တယ်။ ကျွန်တော်တို့နေတဲ့တိုက်က လောင်စာကုန်သွားတဲ့အပြင် ဆိုင်ကလူတွေ အစားအစာ လာမပို့နိုင်ခဲ့ဘူး။ ရေမရှိ၊ မီးမလာဖြစ်ခဲ့ရတယ်။ အဲဒီမှာ တစ်ခါမှ မခေါ်မပြောခဲ့ဖူးကြတဲ့ အိမ်နီးချင်းတွေက အချင်းချင်း အိမ်တံခါးခေါက်ပြီး စားစရာတွေ ပေးဝေလဲလှယ်ကြတယ်။ အိမ်တစ်အိမ်က လူစုပြီး ကပွဲလုပ်ခဲ့လို့ ကျွန်တော်တို့တစ်အိမ်လုံးလည်း အဲဒီကပွဲမှာ ပါဝင်ခဲ့ကြတယ်။ အသက် ၁၁နှစ်ကနေ အသက် ၇၅နှစ်ထိ အဲဒီပွဲမှာ ပါခဲ့ကြတယ်။ ကျွန်တော်တို့တိုက်ရဲ့ လုံခြုံရေးမှူး စန္ဒားယားတီးတတ်မှန်း အဲဒီအချိန်ကျမှာ ကျွန်တော်တို့ သိခဲ့ရတယ်။
တကယ်လို့ ခါတိုင်းလည်း ဒီလိုပဲ မိတ်ဆွေစုဝေးပွဲတွေရှိရင် အရမ်းကောင်းမယ်လို့ ကျွန်တော်တွေးမိတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့နေတဲ့ တိုက်ကြီးက ပျော်စရာတွေနဲ့ နေ့တိုင်းပြည့်နေလိမ့်မယ်။
လူတွေနဲ့ မိုင်ပေါင်းများစွာ ဝေးကွာအောင် သင်ခရီးထွက်နိုင်ပါတယ်။ ဒါပေမယ့် လူတွေကြားမှာ နေရတဲ့အပျော်ကို သင်ခံစားရမှာ မဟုတ်ဘူး။ လူတွေရဲ့ အတွင်းစိတ်ကို သင်မမြင်ရင် လောကကြီးကိုလည်း သင်ရှာတွေ့မှာ မဟုတ်ဘူး။ အရောင်းဝန်ထမ်း၊ လမ်းပေါ်မှာ တာဝန်ကျသူ၊ ဘတ်စကားမောင်းသူ၊ ဓာတ်လှေကားစောင့်၊ ဖိနပ်သုတ်တဲ့ ကလေးငယ် ... စတဲ့ လူတွေက အရည်အချင်းရှိတဲ့ လူတွေဖြစ်တယ်။ လူတိုင်းမှာ ပြည့်ဝတဲ့ စိတ်ဓာတ်တွေရှိကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအများစုက တသတ်မှတ်တည်းဖြစ်တဲ့ ဘဝထဲမှာပဲ နစ်မွန်းချင်ကြတယ်။ နေ့တိုင်း ဒီအပေါင်းအသင်း၊ ဒီမိတ်ဆွေတွေနဲ့ အပ်ကြောင်းထပ်နေတာတွေပဲ ပြောချင်ခဲ့ကြတယ်။ တကယ်တော့ သူစိမ်းနဲ့ အထူးသဖြင့် လုပ်ငန်းမတူသူတွေနဲ့ စကားပြောကြည့်ခြင်းအားဖြင့် သူတို့ဆီကနေ ကိုယ်မသိတဲ့ အတွေ့အကြုံသစ်၊ ခံစားမှုအသစ်ကို ရနိုင်ပါတယ်။ တောရွာက လယ်သမား၊ ဝေးခေါင်တဲ့အရပ်က ဓာတ်ဆီဖြည့်သမား၊ ကလေးပွေ့ထားတဲ့ အမျိုးသမီးတစ်ဦးဟာလည်း ကျွန်တော်တို့စိတ်ကို ပျော်ရွှင်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
တစ်ခြားသူအတွက် ဘာများပေးနိုင်မလဲ? ဘာများ လုပ်ပေးနိုင်မလဲလို့ ကျွန်တော်တို့အမြဲ ရေရွတ်ကြတယ်။ မပေးနိုင် မလုပ်နိုင်ချင် နေပါစေ.. အနည်းဆုံးတော့ တစ်ပါးသူရဲ့ ခံစားချက်ကို ကျွန်တော်တို့ လက်ခံနားလည်ပေးနိုင်ပါတယ်။ အပြင်ပန်းပဲ မဟုတ်ဘဲ လူတစ်ယောက်ကို ကျွန်တော်တို့ ဂရုတစိုက် ရှိခဲ့မယ်ဆိုရင် သူ့မျက်လုံးထဲကနေတောင် သူ့အတွင်းစိတ် အခက်အခဲကို တွေ့နိုင်ပါတယ်။ တကယ်လို့ ကားဂိတ်မှာ မျက်ရည်တွေနဲ့ ရပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နာကျင်ရိပ်ဖုံးနေတဲ့ မျက်လုံးတစ်စုံနဲ့ ကလေးငယ်၊ ဒါမှမဟုတ် ဘယ်သွားရမှန်း မသိဘဲ လမ်းပျောက်နေတဲ့ ခရီးသည်တစ်ဦးကို တွေ့ခဲ့ပြီး ကူညီဖို့ မမေးမြန်းခဲ့ရင် ကျွန်တော်တို့ ကိုယ့်ကိုခွင့်မလွှတ်သင့်ပါဘူး။
ကျွန်တော်သိတဲ့ အမျိုးသမီးတစ်ဦးက ရထားစီးပြီး အနောက်အရပ်ကို ခရီးထွက်ခဲ့တယ်။ လမ်းခုလပ် ရွာတစ်ရွာမှာ ရထားရပ်လို့ အညောင်းပြေ သူလမ်းဆင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အရှေ့အရပ်က ရထားတစ်စီး ဘူတာထဲဝင်လာခဲ့တယ်။ ရထားနှစ်စီး တစ်ပြိုင်တည်း ရပ်နားမိချိန်ဖြစ်တာကြောင့် လမ်းဆင်းလျှောက်တဲ့ ခရီးသည်တွေ ပိုများခဲ့တယ်။ သူလမ်းလျှောက်နေတုန်း ရှေ့တည့်တည့်မှာ အပြုံးနဲ့လျှောက်လာတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်တယ်။ သူတို့ မိတ်ဆက်ကြတယ်၊ စကားတွေပြောဖြစ်ခဲ့ကြတယ်။ ရထားထွက်ဖို့ ဥသြဆွဲတော့ အမျိုးသားက "ကျွန်တော်တို့ နောက်ထပ်တွေ့နိုင်မယ် မထင်ဘူး" လို့ ပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ပြီးတော့ ရထားတစ်စီးထဲပေါ် သူတို့တက်ခဲ့ကြတယ်။
နှစ်အတော်ကြာတဲ့အထိ သူတို့အဆက်အသွယ် ရှိခဲ့ကြတယ်။ တစ်ခြားတစ်ယောက် ကွယ်လွန်သွားချိန်ထိပါပဲ။ သူတို့နှစ်ယောက်ရဲ့ လိုအင်က ချစ်သူရည်းစား မဟုတ်ကြဘဲ အဖိုးတန်တဲ့ သူငယ်ချင်းကောင်းပဲ ဖြစ်တယ်။
သင့်ဘဝမှာ တစ်ခြားလူ မိတ်ဆက်ပေးပြီးမှ ခင်မင်လာရတဲ့ သူငယ်ချင်း ဘယ်နှယောက် ရှိသလဲ?
ကျွန်တော့်ဘဝမှာ ကျွန်တော်မှတ်မိသလောက် ကမ်းစပ်တစ်နေရာမှာ Baldနဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ သူရေထဲက တက်လာတဲ့အချိန် ကျွန်တော်ရေထဲဆင်းမယ့်အချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။ နယူးယောက်က စားသောက်ဆိုင်တစ်ခုမှာ Albert နဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ ကျွန်တော်နှစ်သက်တဲ့ စာစောင်တစ်စောင်ကို သူဖတ်နေချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။ Grand Canyon မှာ ဂျော်ဒန်နဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ အံ့သြစရာ ရှုခင်းတွေကိုကြည့်ရင်း တစ်ယောက်ယောက်ကို အလျှင်စလို သူပြောပြချင်နေတဲ့ အချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။
သန်းပေါင်းများစွာသော လူတွေရဲ့ ခံစားချက်က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ချို့က အထီးကျန်တယ်၊ တစ်ချို့က မျှော်လင့်ချက်ကို ပွေ့ဖက်ထားတယ်။ တစ်ချို့က စိတ်ဆင်းရဲနေတယ်။ လူ့ဘဝခရီးလမ်းမှာ ဒီလိုခံစားချက်ရှိတဲ့ လူတွေအတွက် အပေါင်းအဖော် မိတ်ဆွေဆိုတာ လိုလာတယ်။ သူငယ်ချင်း လိုလာတယ်။
အစကတော့ သူစိမ်းတွေပါပဲ... တစ်ယောက်ယောက်က လက်အရင်ဆန့်ထုတ်တာနဲ့ သူငယ်ချင်းဆိုတာ ဖြစ်လာခဲ့ပါတယ်။

သဘော ထား ပြည့် ဝ တယ်ဆို တာ
ဒေါနှင့်မောနှင့် ကျောင်းကပြန်လာသော သားကိုတွေ့သော် ဖခင်ကမေးသည်။
“သား....ဘာဖြစ်လာတာလဲ”
“သားကို မခံနိုင်အောင် ၀ိုင်းစကြလို့”
“ဘယ်လိုစလိုက်လို့ ဒီလောက် ဒေါသထွက်နေရတာလဲ”
“သားကို...ဂျပုတဲ့..ဖက်တီးပုတ်တဲ့... မျိုးမစစ်တဲ့.. သား ဒေါသဖြစ်မိတယ်.. ဒါပေမယ့် သူတို့နဲ့ ရန်မဖြစ်ခဲ့ပါဘူး......သား သဘောထားပြည့်ဝပါတယ်”
“သား....သဘောထား တကယ်ပြည့်ဝရဲ့လား”
ဖခင်က ပြောပြောဆိုဆို ဇလုံတစ်လုံးကိုယူ သားလက်ကိုဆွဲပြီး ပင်လယ်ဖက်သို့ ထွက်လာခဲ့သည်။ ကမ်းခြေရောက်သော် ဇလုံကိုရေအပြည့် ဖြည့်ပြီး သားရှေ့တွင် ဇလုံထဲသို့ ကျောက်ခဲတစ်လုံး ပစ်ထည့်လိုက်သည်။ ထိုအခါ ဇလုံထဲရှိရေများက အပြင်သို့ ဖိတ်စင်ကျလာသည်။ တဖန် ဖခင်က အတန်ငယ်ကြီးသော ကျောက်ခဲတစ်တုံးကိုယူပြီး ပင်လယ်ထဲသို့ ပစ်ထည့်လိုက်သည်။ ပင်လယ်ရေပြင်မှာ လှိုင်းကြက်ခွပ်ကလေးများ ဖြစ်ပေါ်လာပြီး တခဏအတွင်း ငြိမ်သက်သွားခဲ့ပြန်သည်။ ထိုနောက် ဖခင်က သားဖက်သို့လှည့်ပြီး “သား..စိတ်သဘောထား တကယ်ပြည့်ဝသလား! တခြားလူက သားစိတ်ထဲ ကျောက်ခဲသေးသေးလေးတစ်လုံး ပစ်ထည့်လိုက်တာနဲ့ ဘာဖြစ်လို့ ဇလုံထဲက ရေလို အပြင်ကို လျှံကျလာရတာလဲ”ဟု ပြောလိုက်လေသည်။
လေ လာပြီ
ဝါးပင်တွေ လေတိုက်ခံရလို့ ယိုင်ကုန်ကြတယ်
လေ ငြိမ်ပြီ
ဝါးပင်တွေ ပြန်ထောင်မတ်လာကြတယ်။
တိမ် လာပြီ
ကြည်လင်တဲ့ ကန်ရေပြင်ကို တိမ်ဖုံးသွားတယ်
တိမ် ပြယ်ပြီ
ကန်ရေပြင်ဟာ ကြည်လင်လို့ လာပြန်တယ်။
လေတိုက်ခံရတိုင်း ဝါး ပြန်မထောင်မတ်နိုင်တော့တာ မဟုတ်ဘူး။
တိမ်ဖုံးခံရတိုင်း ကန်ရေပြင် မကြည်လင်နိုင်တော့တာ မဟုတ်ဘူး။
စိတ်သဘောထား ပြည့်ဝတဲ့လူဆိုတာ....
တခြားလူရဲ့ရိုင်းပြတဲ့ စကားတစ်ခွန်းကြောင့် သူ့စိတ်ကို လှိုင်းမုန်တိုင်းမထန်စေဘူး။
တခြားလူရဲ့ရိုင်းပြတဲ့ အပြုအမှုကြောင့် သူ့စိတ်ကို အမုန်းရန်ညိုးတွေ မဖုံးလွှမ်းသွားစေပါဘူး။

Monday, June 27, 2011
Mozilar Firefox short cut မိုဇီလာ ဖြင့် လွယ်ကူစွာသုံးနည်း
Ctrl+N - It use for Open New Browser Window.
Ctrl+T - It use for Open New Tab on Existing window.
Ctrl+W or Ctrl+F4 - It use for Close the current window or Tab.
Ctrl+R or F5 - For refresh The Page
Ctrl+F5 orCtrl+Shift+R - Refresh the page with override cache
Esc - Stop
Ctrl + O - It use for Open File
Alt+Home - Home
F1 - Firefox Help
F11 - Toggle Full Screen of Browser Window.
Ctrl+Tab - For Changing Tab between Existing window.
Ctrl+U - Open View Source Page of any webpage.
Ctrl+I or Ctrl+B - Open Bookmark window in left sidebar
Ctrl+P - For Print Command
Ctrl+A - Select All
Ctrl+S - Save Page As
Ctrl+D - Bookmark This Page
Ctrl+F - Find
Ctrl+G or F3 - Find Again
Ctrl+H - open History Window In left Sidebar.
Ctrl+J - Open Downloads Window
Ctrl+Z - Undo Your Process
Ctrl + Y or Ctrl + Shift + Z - Redo your Process
Ctrl+C - Copy
Ctrl+V - Paste
Ctrl + Shift + Delete - Clear your Private Data
F7 - To Open Browser in Caret mode
Backspace or Alt+Left Arrow - Back
Shift+Backspace or Alt+Right Arrow - Forward
Alt + Enter - Copy your existing window tab and Open It in New Tab
Ctrl + Tab or Ctrl + Shift + Tab — rotate forward to the next window tab
Down Arrow – Scroll down
Ctrl+ "+" or Ctrl+ Scroll up - Increase Text Size (Zoom In)
Ctrl+ "-" or Ctrl+ Scroll Down - Decrease text Size (Zoom Out)
Ctrl+ 0 (Zero) - Normal Text Size (Default Zoom Mode)
Alt+ Scroll Down - One step page go down
Alt+ Scroll Up - One step page go Up
Ctrl+Shift+I - DOM Inspector
Ctrl + L or ALT + D - Select Location Bar
Ctrl + Enter - To complete URL with .com
Ctrl + Shift + Enter - To complete URL with .org
Shift + Enter - To complete URL with .net
Ctrl + Up Arrow - Choose previous Search engines to search information
Ctrl + Down Arrow - Choose Next Search engines to search information
Alt + Up Arrow or Alt + Down Arrow - Open List of available Search Engine
credit to kp3.

Tuesday, June 14, 2011
ကမ္ဘာ့ လူဦးရေအား ချုံ့ ကြည့်  ခြင်း
အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ နှစ်တွေက ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ်ရှိသမျှလူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။
ကမ္ဘာပေါ်ရှိသမျှ လူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အချိုးချကြည့်တဲ့အခါ......
၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ယောက်
၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်
၃) လူဖြူအယောက် ၃ဝ၊ အခြားအရောင် ၇ဝယောက်
၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်
၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်
၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက အမေရိကားသားတွေဖြစ်တယ်။
၇) ထင်သလိုဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ
၈) စာမတတ်သူ ၇ဝ ယောက်
၉) အာဟာရမပြည့်ဝသူ ၅ဝယောက်
၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်
၁၁) ဘွဲ့ရသူ ၁ယောက်
၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်
ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကိုကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွတ်ခြင်းနဲ့ သင်ကြားမှုတွေလိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာ တွေ့နိုင်တာက....
အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁ဝသိန်းဟာ တစ်ပတ်တောင် အသက်မရှင်နိုင်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊ နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝထက် သင်ဟာ ကံကောင်းတဲ့သူ ဖြစ်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊ အဖမ်းအဆီး မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း၃ဝဝဝထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။
အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊ နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ ၇၅%ထက် ချမ်းသာနေလို့ပါပဲ။
အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊ အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲ လူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။
အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့ နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။
အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေ သန်း၂ဝဝဝဟာ စာမဖတ်တတ်လို့ပါပဲ။
အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ စိုးရိမ်သောက ဖြစ်နေစရာမလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ... လူတွေကို အကြင်နာဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင်ထားပါ။ ဘယ်သူဘာပြောပြော ငြိမ်းချမ်းတဲ့သံစဉ်ကိုဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင်နေလိုက်ကြပါ။
မူရင်း--- http://www.bliayad.org/articles/pages/0153.htm
နိုင်းနိုင်းစနေ (Sunday, June 22, 2008)

Monday, June 13, 2011
ပညာရေး ဆိုသည်မှာ
ပညာရေး နှင့် မြန်မာနိုင်ငံ
Posted by SLIP in လူငယ်၊ ပညာရေး နှင့် မြန်မာနိုင်ငံပညာရေးဆိုသည်မှာ
“ပညာ” ဆိုတာ အတည်ပညာ၊ ယဉ်ကျေးမှု၊ အကျင့်တရားရှိမှု၊ `ဣနြေ္ဒတို့ကို စောင့်ထိန်းနိုင်မှု စသည်တိုးပွား၍ အဝိဇ္ဇာစသော အပြစ်ဒေါသများ၊ ကင်စင်သွားခြင်ကိုပင်”ပညာ အဆုံးအမ” ဟုခေါ်သည်လို့ “သစ္စတ္ထပကာသကျမ်း” မှာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
ပညာရေးဆိုတဲ့ ဝေါဟာရဟာ အလွန်ကျယ်ဝန်း လှပါတယ်။ လူအများ သိနားလည်တဲ့ ကျောင်းသင် ပညာရေး (formal education) သာမက ကျောင်းပြင်ပ ပညာရေး (non-formal education) စတာတွေအားလုံးဟာ ပညာရေး နယ်ပယ်မှာ အကျုံးဝင်ပါတယ်။
နိုင်ငံ တစ်နိုင်ငံရဲ့ပညာရေးဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံသမိုင်း အခြေအနေ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ရောထွေး ယှက်နွယ် နေတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ ပညာရေးရဲ့ ရည်ရွယ်ချက်တွေ ချမှတ်ရာမှာ ဖြစ်စေ၊ အကောင်းအထည် ဖော်ရာမှာ ဖြစ်စေ ပညာရေးကို အခြားကဏ္ဍတွေနဲ့ ခွဲခြားပြီး တသီးတခြား စဉ်းစားလို့ မရနိုင်ပါဘူး။ သီးခြား ကင်းလွတ်သော ပညာရေး ဆိုပြီးတော့လည်း အကောင်အထည် ဖော်လို့ မရနိုင်ပါဘူး။
နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး အခြေအနေတွေဟာ ကာလ၊ ဒေသ၊ ပရောဂ အခြေအနေတွေ အလိုက် ပြောင်းလဲ လေ့ရှိပါတယ်။ ပညာရေးဆိုတာ အတိတ်သင်ခန်းစာကို အခြေခံပြီး၊ ပစ္စပ္ပန် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အနာဂတ်ကာလ အတွက် မျှော်မှန်းရခြင်း ဖြစ်လို့ ပညာရေး အသီးအပွင့်ဆိုတာ ချက်ချင်းစိုက် ချင်ချင်းခူးဆွတ်စားဖို့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံး ၁၄-၁၅ နှစ်လောက်ကြာမှ ခံစားရတတ်ပါတယ်။
Labels:
ပညာပေးစာများ
Monday, May 9, 2011
အိမ် ထောင်ရေး ဆို တဲ့ ကား တစ် စီး
လက်ထပ်ပြီး သိပ်မကြာသေးတဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ မကြာခဏရန်ဖြစ်လေ့ရှိတယ်။ ရန်ဖြစ်တိုင်း တစ်ယောက်ကိုတစ်ယောက် အနိုင်မခံ အရှုံးမပေးကြတာကြောင့် နှစ်ဦးနှစ်ဖက်လုံး နာကျင်ထိခိုက်ကြရတယ်။ ရုံးပိတ်ရက်တစ်ရက်မှာ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ကြပြန်တယ်။ ဒီတစ်ခေါက်တော့ ဇနီးလုပ်သူက မခံမရပ်နိုင်ဖြစ်ပြီး ကွာရှင်းဖို့ ရှေ့နေတစ်ဦးဆီရောက်လာခဲ့တယ်။
“ကျွန်မရဲ့ အိမ်ထောင်ရေး အဆင်မပြေဘူး.. ကျွန်မဘယ်လိုလုပ်ရမလဲ”
အမျိုးသမီးရှင်းပြတာကို နားထောင်ပြီး ရှေ့နေကမဖြေခင် မေးခွန်းတစ်ခုထုတ်လိုက်တယ်။
“ကုန်အပြည့်တင်ထားတဲ့ ကုန်ကားတစ်စီးက တံတားတစ်ခုကို ဖြတ်မယ်ဆိုပါစို့.. ကားပေါ်မှာရှိတဲ့ ကုန်တွေက တံတားဘောင်ထက် နည်းနည်းမြင့်နေတယ်။ ကားပေါ်ကကုန်ကိုမချဘဲ တံတားကလွတ်အောင် ဘယ်လိုမောင်းမလဲ?”
အမျိုးသမီးက ရှေ့နေရဲ့အမေးကို အတန်ကြာစဉ်းစားပေမယ့် အဖြေမထွက်ခဲ့ဘူး။ နောက်ဆုံး ရှေ့နေရဲ့ အရိပ်အမြွက်ကြောင့် “ဘီးကို လေနည်းနည်းလျော့လိုက်မယ်” လို့ သူဖြေခဲ့တယ်။
“သိပ်မှန်တာပေါ့... ဘီးကို လေလျော့လိုက်ရင် ကားနိမ့်သွားလိမ့်မယ်။ ဒါမှ တံတားကို ဖြတ်လို့ရမယ်။ ဒီလိုပဲ... အိမ်ထောင်ရေးအပေါ်ထားတဲ့ ကိုယ်တောင်းဆိုမှုတွေ အရမ်းမြင့်နေသလား! အိမ်ထောင်ရေးဆိုတဲ့ ဒီကားကြီး အလွယ်တကူမောင်းနှင်နိုင်ဖို့ ကိုယ့်ရဲ့လေ (စိတ်)ကိုလည်း လျော့သင့်တယ်မဟုတ်လား!”
ရှေ့နေပြောတာကို နားထောင်ပြီး အမျိုးသမီးက “ဟုတ်ကဲ့.. ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မသိပါပြီ” ဆိုပြီး ပြန်သွားခဲ့တယ်။ အဲဒီနောက်ပိုင်း အိမ်ထောင်ရေးအပေါ်ထားသင့်တဲ့ လျှို့ဝှက်ချက်တချို့ကို သူမရှာတွေ့ခဲ့တယ်။ ခွင့်လွတ်သည်းခံတာတွေ၊ လေးစားမြတ်နိုးမှုတွေ၊ အနိုင်မယူ နောက်ဆုတ်တတ်မှုတွေနဲ့ မိမိစိတ်ကို လျော့ချတတ်မှုတွေကြောင့် သူတို့ရဲ့ အိမ်ထောင်ရေးဟာ တဖြေးဖြေး ရန်လိုမှုတွေနည်းလာပြီး ပျော်ရွှင်မှုတွေ များလာခဲ့တယ်။
တကယ်တော့ အိမ်ထောင်ရေးက ကားတစ်စီးနဲ့တူတယ်။ အဲဒီကားပေါ်မှာ ကျွန်မတို့ဘဝရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေကို တင်ဆောင်ထားတယ်။ ကားက ကုန်အပြည့်နဲ့ ရှေ့ကိုမောင်းနှင်နေစဉ်မှာ ကျွန်မတို့က ဘီးကို လေဖြည့်ပေးတတ်ရမယ်။ ဒါမှ ကားက ရှေ့ကိုအလွယ်တကူသွားနိုင်မယ်။ ထို့အတူ အခက်အခဲ၊ အတားအဆီးဖြစ်တဲ့ တံတား၊ လိုဏ်ခေါင်းတွေနဲ့ တွေ့တဲ့အခါ ကျွန်မတို့က ဘီးလေကို လျော့ပေးတတ်ရမယ်။ ဒါမှ အိမ်ထောင်ရေးဆိုတဲ့ကားကြီးက ဘဝရဲ့အတားအဆီး၊ အခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာဖြစ်တယ်။
အသေအချာစဉ်းစားကြည့်ရင် အိမ်ထောင်ရေးတင်မကပါဘူး... လူ့ဘဝရဲ့ အရာအားလုံးမှာလည်း အခက်အခဲ၊ အတားအဆီးတွေ ရှိနိုင်တယ်။ လူအချင်းချင်းဆက်ဆံရာမှာလည်း တစ်ယောက်ကိုတစ်ယောက် အလျော့မပေးဘဲ တင်းခံကြရင် နောက်ဆုံးမှာ နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရကြရတယ်။ အချင်းချင်း စိတ်(လေ)လေး နည်းနည်းလျော့ခဲ့ကြရင် အရာအားလုံးက အဆင်ပြေပြီး ဘဝရဲ့ဘီးလုံးက ရှေ့ကို ရှောရှောရှူရှူနဲ့ ဆက်လှိမ့်နိုင်မှာဖြစ်ပါတယ်။
original from : အိမ်ထောင်ရေးဆိုတဲ့ ကားတစ်စီး 婚姻就像一辆车 http://www.duwenzhang.com
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

တန်းဖိုး ထား မြတ် နိုးပါ
တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။
နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ"
"မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်"
"ဘာကျေးဇူးများလဲ"
"မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ"
"အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"
"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်"
နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။
ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က "စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား"
"ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား"
"အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား"
ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။
ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။
"ဘေးဖယ် ရှင်မရေ.."
"ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား"
"ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"
"အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ"
"ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ"
"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား"
အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ" ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။
အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။
ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။
"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ"
"လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ"
"ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်"
"ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"
"ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ"
"ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား. .? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့"
ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။
မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"
"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ"
"စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"
ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။
"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ"
"ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။
နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ"
"မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်"
"ဘာကျေးဇူးများလဲ"
"မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ"
"အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"
"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်"
နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။
ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က "စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား"
"ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား"
"အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား"
ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။
ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။
"ဘေးဖယ် ရှင်မရေ.."
"ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား"
"ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"
"အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ"
"ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ"
"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား"
အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ" ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။
အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။
ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။
"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ"
"လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ"
"ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်"
"ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"
"ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ"
"ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား.
ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။
မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"
"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ"
"စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"
ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။
"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ"
"ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။
"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။
အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။

လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?
စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?
လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
"တန်ဖိုးထား မြတ်နိုးပါ"
တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး" တဲ့.....
နိုင်းနိုင်းစနေ
Labels:
ပညာပေးစာများ,
အချစ်
Saturday, May 7, 2011
အသိဥာဏ် + ကိုယ်ကျင့် တရား
အသိဥာဏ် + ကိုယ်ကျင့်တရား
.
ရေးသားသူ... နိုင်းနိုင်းစနေ a
တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။ လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို ပြောပြသွားခဲ့သည်။
“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကို သွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကို ရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ ၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲ လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့ လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင် မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက် ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ် မ၀ယ်ဘဲ စီးခဲ့တယ်။ ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။
အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။
အလုပ် စလျောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာ အားရကြိုဆိုပြီး အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။ ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး ကုမ္ပဏီ တစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို မေးခဲ့တယ်။
ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့ ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့ ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက် ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာ သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....
(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း ဖြစ်ပါတယ်။
အဲဒီ စာကို ဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ တုန်လှုပ်ချောက်ချား မိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို ရေးထားသေးတယ်....
“အသိဥာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက် ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဥာဏ်က ဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး။”
အဲဒီ အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။ ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ....
လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....
“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား”
“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့က အမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”

ပန်းကလေးတစ်ပွင့် 
တခါက သေးငယ်သော ပန်းကလေးတပွင့်သည် သစ်ပင်ကြီး တပင်အောက်ရှိ အရိပ်၌ မှီခိုပြီး ပေါက်နေသည်။ သစ်ပင်ကြီးက သူ့အား မိုးဒဏ် လေဒဏ် ကာကွယ် ပေးထားသည်ဟု ဆိုပြီး ပန်းကလေးမှာ ပျော်ရွှင်နေခဲ့သည်။ တနေ့တွင် လူတစု ရောက်ရှိလာပြီး သစ်ပင်အား ခုတ်ယူသွားခဲ့သည်။ ပန်းကလေးမှာ ၀မ်းနည်းပြီး ငိုကြွေးလေသည်။ “ ဘယ်လိုလုပ်မလဲ င့ါကို အမြဲ အကာအကွယ်ပေးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး။ လေတွေ မိုးတွေက ငါ့ကိုလဲပြိုအောင် တိုက်ကြတော့မယ်”
သူ၏ငိုသံကိုကြားသော အနီးရှိ သစ်ပင်တပင်က.....
“အဲဒီလို မတွေးနဲ့လေ။ သစ်ပင်ရဲ့ အရိပ်မရှိတော့ နေရောင်ခြည်က ခင်ဗျားကို စောင့်ရှောက်လိမ့်မယ်။ နှင်းစက်တွေက ခင်ဗျားကို ရေဓာတ်တွေပေးလိမ့်မယ်။ ခင်ဗျားရဲ့ သေးငယ်တဲ့ ခန္စာကိုယ်ဟာ သူတို့ရဲ့ အကူအညီနဲ့ သန်မာလာလိမ့်မယ်။ ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ ပန်းတွေဝေပြီး နေရောင်ခြည်အောက်မှာ ခင်ဗျားဟာ ပိုလှနေလိမ့်မယ်။ လူတွေတွေ့ရင် ဒီပန်းကလေးဟာ လှလိုက်တာလို့ ချီးကျူးကြလိမ့်မယ်”
တိမ်ညိုတွေ မရှိခဲ့ရင်၊ မိုးသက်လေပြင်းတွေ မကျခဲ့ရင် လှပတဲ့ သက်တန့်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ (. . . .)
ရေးသားသူ... နိုင်းနိုင်းစနေ

ဆင်းရဲ သား တွေ " ဘာ" လိုသလဲ
ဒီစာအုပ် ဒီပုံပြင်ကို ဖတ်ဖူး၊ ကြားဖူးသူတွေ ရှိကောင်းရှိလိမ့်မည်။ ဆင်းရဲတဲ့ လူတွေ“ဘာ” အလိုအပ်ဆုံးလဲ “ငွေကြေး”ဟု လူတိုင်း ဖြေမည်မှာ ဧကန်မလွဲပေ။ သို့သော်.. ကျွန်မ ဖတ်ဖူးသော ပုံပြင်လေး တစ်ပုဒ်ကို ဘာသာပြန် မျှဝေ လိုက်ပါသည်။
============
ပြင်သစ်နိုင်ငံတွင် Balaang ဟုခေါ်သော လူတစ်ဦးသည် ပုံတူ ပန်းချီကားများ ရောင်းဝယ်ခြင်းဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သည်။ အချိန်(၁၀)နှစ် မတိုင်မီ ပြင်သစ်နိုင်ငံရှိ အချမ်းသာဆုံး စာရင်းဝင် လူ(၅၀)တွင် တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။ (၁၉၉၈)ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီ မိမိ၏ ခန္စာကိုယ်အား ဆေးရုံတွင် လှူဒါန်းခဲ့သည့် အပြင် ပြင်သစ်ငွေ ၁၀၀ မီလီယံကို ဆင်းရဲခြင်းဟုသော လျှို့ဝှက်တံခါးကို ဖွင့်နိုင်သူအား ဆုငွေအဖြင့် ပေးရန် ချန်ထားရစ်ခဲ့သည်။
သူကွယ်လွန်ပြီး မကြာမီ ပြင်သစ်နိုင်ငံရှိ သတင်းစာ တစ်စောင်တွင် သူရေးခဲ့သော သေတမ်းစာကို ထုတ်ပြန်ကြေညာခဲ့သည်။ သူ၏ သေတမ်းစာမှား
“ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့ လူတစ်ယောက်ပါ။ ကွယ်လွန်တော့ သူဌေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကောင်းကင်ဘုံကို သွားရမယ့်လူပါ။ ကောင်းကင်ဘုံကို မ၀င်ခင် ကျွန်တော် ဘာကြောင့် သူဌေးဖြစ်ရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။ အဲဒီလျှို့ဝှက်ချက်ကို ပြင်သစ်ဗဟိုဘဏ်က ကျွန်တော်ရဲ့ မီးခံ သေတ္တာထဲမှာ သိမ်းဆည်း ထားပါတယ်။ အဲဒီ သေတ္တာရဲ့ သော့သုံးချောင်းကို ကျွန်တော်ရှေ့နေနဲ့ ကိုယ်စားလှယ်နှစ်ဦးဆီမှာ အပ်နှံထားခဲ့တယ်။ ဆင်းရဲသားတွေ ဘာလိုအပ်လို့ ဆင်းရဲရတာလဲ ဆိုတဲ့ အမေးကို ဖြေဆိုနိုင်သူကို ကျွန်တော် ကောင်းချီး ပေးချင်ပါတယ်။ ဖြေဆိုနိုင်တဲ့သူကို ကျွန်တော် အခေါင်းထဲကနေ ထပြီး လက်ခုပ်တီး ကောင်းချီး မပေးနိုင်ဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ မီးခံသေတ္တာထဲက ၁၀၀ မီလီယံကို ယူသွားခွင့် ရှိပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ ကောင်းချီးသြဘာပါပဲ။”
သေတမ်းစာကို ထုတ်ပြန်ကြေညာပြီးနောက် သတင်းစာတိုက်သို့ စာများ အဆက်မပြတ် ရောက်လာခဲ့သည်။ ဆင်းရဲသားများ ဘာ အလိုအပ်ဆုံးလဲ ဟုသော မေးခွန်းကို ဖြေဆိုသော အဖြေ စုစုပေါင်း (၄၈၅၆၁)ကို လက်ခံ ရရှိခဲ့သည်။ လူအများစုက ဆင်းရဲသားများ အလိုအပ်ဆုံးမှာ “ငွေကြေး”သို့မဟုတ် “ကြီးပွား တိုးတက်အောင် လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့် နည်းလို့” ဟု ဖြေဆိုထားကြသည့် အပြင် တချို့က “အကူအညီ မဲ့လို့” ဆင်းရဲနေကြခြင်း ဖြစ်သည်ဟုလည်း ဖြေထားကြသည်။
သူကွယ်လွန်သော နှစ်ပတ်လည် နေ့တွင် မီးခံသေတ္တာကို သက်သေများရှေ့၌ ဖွင့်ခဲ့သည်။ စာပေါင်း (၄၈၅၆၁) စောင်ရှိသည့်အနက် Tiller မည်သော ကလေးမလေး၏ အဖြေမှာ သူ၏ လျှို့ဝှက်ချက်နှင့် ကိုက်ညီခဲ့သည်။ ထိုအဖြေမှာ “ဆင်းရဲသားများ ဆင်းရဲနေခြင်းမှာ ရည်မှန်းတောင့်တချက်၊ ချမ်းသာလိုသော အာသီသ (ambition) ကင်းမဲ့သောကြောင့် ဖြစ်သည်”။
၉နှစ်သာရှိသေးသော Tiller အား ဘာကြောင့် စိတ်ဆန္ဒ အာသီသဟု ဖြေဆိုခဲ့ပြီး တစ်ခြားအဖြေကို မဖြေခဲ့ရသလဲ ဟုမေးသော် သူမက “၁၁နှစ်အရွယ် ကျွန်မအစ်မဟာ သူ့ချစ်သူကို အိမ်ခေါ်ပြန်လာတိုင်း စိတ်ဆန္ဒ မရှိနဲ့လို့ အမြဲသတိ ပေးတတ်ပါတယ်။ ဒါကြောင့် စိတ်ဆန္ဒ ဆိုတာ ကိုယ်လိုချင်၊ ဖြစ်ချင်တဲ့ အရာကိုရအောင် လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တာပါ” ဟုပြန်ဖြေခဲ့သည်။
သူဌေး၏ လျှို့ဝှက်ချက်သည် ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်စသော နိုင်ငံကြီးများကို တုန်လှုပ်စေခဲ့သည်။ နောင်တွင် မင်းသား၊ မင်းသမီးများနှင့် စီးပွားရေးလောကတွင် ထိပ်တန်း ရောက်နေသူများကို ထိုလျှို့ဝှက်ချက် နှင့် ပတ်သက်ပြီး အင်တာဗျူး ကြရာတွင် စိတ်ဆန္ဒသည် ထာဝစဉ် တည်မြဲစေသော ဆေးတစ်ပါးဖြစ်၏။ ထူးခြား အောင်မြင်သော အရာဝတ္ထုတိုင်း၏ မျိုးစေ့ဖြစ်သည် ဟုဖြေဆိုခဲ့ကြသည်။
လူအများ ဆင်းရဲနေရခြင်းမှာ သူတို့တွင် တူညီသော အားနည်းချက် တစ်ခုရှိသောကြောင့် ဖြစ်သည်။ ထိုအားနည်းချက်မှာ တကယ့်ချမ်းသာလိုသော စိတ်ဆန္ဒ ကင်းမဲ့သောကြောင့် ဖြစ်သည်။
===========
ချမ်းသာသော သူများ၏ အိတ်ကပ်ထဲတွင် ဆင်းရဲသော သူများ၏ အိပ်မက်ကို အမြဲထည့်ထား တတ်ကြပါသလား.... သင်၏ မျှော်လင့်ချက်၊ သင်၏အိပ်မက်နှင့် ကြိုးစားလိုစိတ်ကို သင့်ထွေးပွေ့ ထားလျှင် လမ်းဆုံးကို မရောက်မချင်း သင်သည် ဆင်းရဲသောသူ မဖြစ်နိုင်...
ဆင်းရဲသား နောက်ဆက်တွဲ
အဲဒီပုံပြင်ကို ဖတ်ပြီး နောက်ဆက်တွဲ တွေးမိတာလေးတွေပါ။ ကြီးပွားလိုတဲ့ စိတ်ဆန္ဒ၊ ချမ်းသာလိုတဲ့ အာသီသ ဘယ်သူမရှိလဲ ဆိုတဲ့ ကပ်သပ်တဲ့ မေးခွန်းကို ကိုယ့်ကိုယ်တိုင် မေးကြည့်မိတယ်။ လူတိုင်း သူဌေးဖြစ်ချင်ကြ တာပဲ။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ မိမိလိုချင်တဲ့ ဆန္ဒကို အရောင်အမျိုးမျိုး ဆိုးခဲ့ကြတယ်။ တစ်ချို့အရာတွေဟာ စိတ်ဆန္ဒ မဟုတ်တော့ဘဲ လိုချင်တပ်မက်တဲ့ အတ္တဖြစ်သွားခဲ့တယ်။ ပုံပြင်ထဲက သူဌေးကြီးပြောချင်တဲ့ စိတ်ဆန္ဒဆိုတာ နေရာ တစ်နေရာ ရချင်လို့၊ တစ်ခုခုရယူချင်လို့ အာဏနဲ့ သိမ်းပိုက် လိုက်တာမျိုး မဟုတ်ဘဲ အမြင့်ကို တစ်ဆင့်ချင်း တစ်လှမ်းချင်း တဖြေးဖြေး ပြောင်းလဲ တိုးတက်သွားတဲ့ ကိုယ့်ရဲ့ အိပ်မက်တွေ သာဖြစ်တယ်။
ဆန္ဒနဲ့အိပ်မက် လူတိုင်းမှာ ရှိခဲ့ဖူးကြပါတယ်။ ကလေးလေး တစ်ယောက်ကို ကြီးလာရင် ဘာလုပ်မလဲလို့ သွားမေးကြည့်.. ၉၀%က ကြီးလာရင် ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာ လုပ်မယ်လို့ ဖြေကြမှာပါပဲ။ ငယ်ငယ်တုန်းက ကိုယ်လဲ အဲဒီကလေးလို ဖြေကောင်း ဖြေခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် အချိန်ရဲ့ တိုက်စားခြင်းကို ခံခဲ့ရပြီးနောက် ကျရှုံးလိုက်၊ အဟန်အတားတွေနဲ့ မကြာခဏ ရင်ဆိုင်လာရတော့ ၀မ်းပိုက်ပြည့်ရင် ပြီးတာပဲလေ ဆိုတဲ့ ရောင့်ရဲမှုကို လက်ခံတတ်လာခဲ့တယ်။ အရင်က ဖြေခဲ့ဖူးတဲ့ မိမိ၏ ရည်မှန်းချက်၊ မိမိ၏ အိပ်မက်ဆိုတာကို အကောင်အထည်ဖော်ဖို့ မေ့လျော့လာခဲ့တယ်။
“နပ်မှန်အောင် စားနေရရင် ပြီးတာပဲ” ....“တနေ့ရှာမှ တနေ့စားရတာ” “အသက်ကြီးလာပြီ ဘာများ မက်နေစရာလိုတော့လဲ” ..“သေရင်လဲပါမသွားဘူး။ ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေစရာမလိုဘူး” စတဲ့ စတဲ့ အသံကို ပတ်ဝန်းကျင်မှာ နေ့တိုင်း ကြားနေရတယ်။ ဗုဒ္စဘာသာ ပီပီ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရှိတာလေးနဲ့ ၀အောင်စားဆိုတဲ့ ရောင့်ရဲ တင်းတိမ်ခြင်းကို လက်ဝယ် ပိုက်လာခဲ့မိတယ်။ တကယ့်အောင်မြင်ချင်တဲ့ လူတွေကတော့ ရည်မှန်းချက်နဲ့ အိပ်မက်ကို ထွေးပွေ့လို့ တစ်လှမ်းချင်း ရှေ့ဆက်လှမ်းနေကြတယ်။
“ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့ လူတစ်ယောက်ပါ။ ကျွန်တော်ဘာကြောင့် သူဌေးဖြစ်ရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။”
အဲဒီ သယ်မသွားချင်ဘူးဆိုတဲ့ သူ့ရဲ့ “စိတ်ဆန္ဒ” ဟာ အိပ်မောကျနေတာ ကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့ အိပ်မက်နဲ့ စိတ်ဆန္ဒကို ထပ်တဖန် လှုပ်နိုး နိုင်စွမ်း ရှိခဲ့မယ်ဆိုရင်..........

မောင်းထု သံ
မောင်းထုသံ
.တစ်ခါက လူငယ်နှစ်ဦးသည် ရွာမှနေ၍ မြို့သို့ တက်ပြီး အလုပ် လုပ်ခဲ့သည်။ ကြိုးကြိုးစားစားနှင့် ငွေကြေး အမြောက်အမြား စုဆောင်းမိပြီး အသက်ရလာသောအခါ ရွာသို့ပြန်ပြီး အခြေချရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် နှစ်ဦးသား ရွာသို့ ပြန်လာကြရာ လမ်းတွင် ၀တ်စုံဖြူ ၀တ်ထားသော အဘိုးအိုတစ်ဦးကို ထူးဆန်းစွာ တွေ့လိုက်သည်။ အဘိုးအိုသည် ကြေးမောင်းတစ်ခုကို ကိုင်ဆောင်ထားပြီး သူတို့အား ရပ်စောင့်နေခဲ့သည်။ အနားသို့ရောက်သော် အဘိုးအိုအား . . .“ဘာလုပ်နေတာလဲ အဘိုး” ဟု မေးလိုက်ကြသည်။
အဘိုးအိုက “အဘိုးဟာ လူတွေရဲ့ ဘ၀ နောက်ဆုံးမောင်းကို ထုပေးတဲ့လူဖြစ်တယ်။ မောင်ရင်တို့နှစ်ယောက်ဟာ အသက်ရှင်ခွင့်(၃)ရက်သာ ကျန်တော့တဲ့လူတွေ ဖြစ်တဲ့အတွက် (၃)ရက်မြှောက်တဲ့ ညနေမှာ မောင့်ရင်တို့ အိမ်ရှေ့မှာ အဘိုးမောင်းလာထုရမယ်။ မောင်းသံကြားတာနဲ့ မောင်ရင်တို့ဟာ သေဆုံးကြရလိမ့်မယ်” ဟု ပြောပြီး ပျောက်ကွယ်သွားလေသည်။
ထိုလူနှစ်ဦးမှာ အံသြတုန်လှုပ်စွာ ကျန်ရစ်ခဲ့သည်။ အချိန်တွေ ပေးဆပ်ပြီး ပင်ပင်ပန်းပန်းနှင့် အလုပ်လုပ်ပြီး စုဆောင်းထားသော ငွေကြေးများဖြင့် ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမည်ဟု စိတ်ကူးခဲ့သမျှ ကြက်ပျောက်ငှက်ပျောက် ပျောက်ခဲ့ရသည်။ သူတို့၏ အသက်ရှင်ခွင့်မှာ (၃)ရက်သာ ကျန်တော့သည်။
သူတို့သည် စိတ်မချမ်းမသာဖြင့် နေအိမ်သို့ အသီးသီးပြန်သွားကြသည်။ ပထမတစ်ဦးမှာ ထိုနေ့မှ စ၍ မအိပ်မစား တမှိုင်မှိုင်နှင့် သူ့ ငွေကြေးများကိုသာ နှာမြောတသ တွက်ချက် နေတော့သည်။ “ အသက်ရှင်ခွင့် (၃)ရက်သာ ကျန်တော့တယ်.. ဘယ်လိုလုပ်မလဲ” မည်သည့်အလုပ်မျှ မလုပ်နိုင်ဘဲ စိတ်ဓာတ်ကျကာ အဘိုးအို၏ မောင်းသံကိုသာ စောင့်မျှော်နေခဲ့သည်။ (၃)ရက်မြှောက်သောနေ့တွင် လူမှာ လေထုတ်ထားသော ပူစီဖောင်းကဲ့သို့ ခွန်အားများ ဆုတ်ယုတ်နေခဲ့သည်။ ထိုညနေတွင် အဘိုးအိုမှာ ပြောထားသည့် အတိုင်း သူ၏ အိမ်ရှေ့သို့ ရောက်လာခဲ့သည်။ ကြေးမောင်းကို “ဒူ...” ဟု ထုလိုက်သည့် အသံကို ကြားသည်နှင့် တပြိုင်နက် ထိုလူမှာ ဘုံးခနဲ လဲကျ သေဆုံးသွားလေတော့သည်။
ဒုတိယလူမှာမူ “အသက်ရှင်ခွင့်က (၃)ရက်ပဲ ကျန်တော့တယ်။ ဒီငွေတွေ နှမြောဖို့ကောင်းတယ်။ ငယ်စဉ်ကတည်းက ရွာကို ခွဲသွားတဲ့အတွက် ဒီရွာကို ဘာမှ အကျိုး မဆောင်ပေးခဲ့ဖူးဘူး။ ငါဟာ သေရတော့မဲ့အတူတူ ငွေတွေကို ရွာနဲ့ ဆင်းရဲတဲ့ ရွာသားတွေအတွက် တခုခု လုပ်ပေးခဲ့သင့်တယ်” ဟုတွေးမိ သည်။ထိုနောက် ငွေကြေးအချို့ကို လိုအပ်သော ဆင်းရဲသူများအား ခွဲဝေပေးပြီး ကျန်ငွေအချို့ကို ရွာလမ်းများအား ပြုပြင်ခြင်း၊ တံတားများ ဆောက်ခြင်းဖြင့် ကောင်းမှုပြုလုပ်ခဲ့သည်။ တတ်အားတရွေ့ ကိုယ်တိုင်ပါဝင် လုပ်အားပေးခဲ့သဖြင့် မအားမလပ် ဖြစ်နေခဲ့သောကြောင့် (၃)ရက်မြှောက် မောင်းထုသံကို သူမေ့လျော့နေခဲ့သည်။
ဤသို့ဖြင့် (၃)ရက် မြှောက်သော နေ့တွင် ရွာသားများက ကျေးဇူးတင် ၀မ်းသာသောကြောင့် သူ့အိမ်ရှေ့တွင် အိုးစည်ဗုံမောင်းများ၊ မီးရှူး မီးပန်းများဖြင့် လာရောက် ဂုဏ်ပြုကြသည်။ ပြောဆိုထားသည့်အတိုင်း ထိုနေ့ညနေတွင် အဘိုးအိုမှာ သူ၏ နေအိမ်ရှေ့သို့ ရောက်လာပြီး မောင်းထုခဲ့သည်။ သို့သော် ဆူညံနေသော ဗုံသံများ၊ မီးရှူးများကြားတွင် ထိုမောင်းထုသံကို သူ သတိမထားမိခဲ့ချေ။ (၃)ရက်လွန်သွားပြီးမှ အဘိုးအိုပြောခဲ့သော စကားများကို သူအမှတ်ရလာမိသည်။ ဂတိပျက်ပြီး အဘိုးအို ရောက်မလာခဲ့ဟု သူထင်လိုက်သည်။
လူတစ်ဦးသည် မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေသို့ ရောက်သော် ဖြစ်သမျှ အကြောင်း အကောင်းချည်းဟု မြင်ကာ မျက်စိရှေ့မှောက်တွင် ဖြစ်လာသမျှကို ခံယူနိုင်ခဲ့လျှင် ဘယ်နေ့ မောင်းထုသံကို ကြားရမလဲ ဟု စိုးရိမ်ပူပန်နေစရာ မလိုတော့။ ထိုကဲ့သို ခံယူခြင်းမှာ ကင်းမဲ့နေသော မျှော်လင့်ချက်အတွက် အပြောင်းအလဲ တစ်ခုဟု သတ်မှတ်ခဲ့လျှင် ထိုမောင်းသံကိုလဲ ဂရုတစိုက် စောင့်မျှော် နားထောင်ရန် မလိုပေ။
အလွယ်ဆုံး ဥပမာတစ်ခုပေးရသော် သင်တွင် သံပရာသီး တစ်လုံးရှိသည် ဆိုပါစို့။ ထိုချဉ်သော သံပရာသီးအား ချိုသော သံပရာရည်အဖြစ် သင် ပြောင်းလဲနိုင် လိုက်ခြင်းပင်ဖြစ်သည်။
Labels:
ပညာပေးစာများ
ပျော်ပျော် နေ တက်ဖို့ ကြိုးစားပါ
တစ်ခါက လူတစ်ဦးသည် တောထဲတွင် လှည့်လည်နေရင်း ဆာလောင်နေသော ခြင်္သေ့တစ်ကောင်နှင့် တိုးသည်။ ခြင်္သေ့မှာ ဟိန်းဟောက်ပြီး သူ့ကို ခုန်အုပ်လေသည်။ ထိုလူမှာရှိသမျှ ခွန်အားဖြင့် အသက်ဘေးမှ လွတ်မြောက်အောင် ပြေးလေတော့သည်။ ပြေးရင်းလွှားရင်း ချောက်ကမ်းပါး တစ်ခုသို့ ရောက်လာခဲ့သည်။ သူသည် ချောက်ကမ်းပါးထိပ်တွင် ရပ်ပြီး “ခြင်္သေ့ဖမ်းမိပြီး အရှင်လတ်လတ် အစားခံရမဲ့အတူ ချောက်ထဲခုန်ချလိုက်တာ ပိုကောင်းမယ်။ မတော်တဆ အသက်ရှင်နိုင်သေးတယ်”ထိုသို့တွေးမိပြီး ချောက်ထဲသို့ ခုန်ချလိုက်လေသည်။ ကံကောင်း ထောက်မစွာ ချောက်ကမ်းပါးဘေးတွင် ပေါက်နေသော သစ်ပင် တစ်ပင်ပေါ်တွင် ခံနေခဲ့သည်။ ထိုသစ်ပင်ပေါ်တွင် ချိုမြိန်သော အသီးများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအချိန်တွင် ချောက်အောက်မှ ဟိန်းဟောက်သံ ကြားသောကြောင့် ကြည့်လိုက်ရာ သူကျအလာကို စောင့်နေသော ကျားတစ်ကောင်ကို တွေ့လိုက်ပြန်သည်။ “ခြင်္သေ့နဲ့ကျား ကြမ်းတမ်းတဲ့ အကောင်တွေဖြစ်တယ်။ အပေါ်ပဲတက်တက် အောက်ပဲဆင်းဆင်း အစားခံရမယ့်အတူ အပင်ပေါ်မှာ ခဏနားနေလိုက်တာ ကောင်းမယ်” ဟုတွေးလိုက်မိသည်။ နားရန်ဆုံးဖြတ်လိုက်စဉ် အသံတစ်သံကို ကြားလိုက်မိပြန်သည်။ အသံ လာရာဆီသို့ ကြည့်လိုက်ရာ ကြွက်ဖြူကြွက်မဲ နှစ်ကောင်မှာ သူရှိနေသော သစ်ကိုင်းအား ကိုက်ဖြတ်နေသည်ကို တွေ့လိုက်မိသည်။ သူ တုန်လှုပ်သွားမိပြီး “ ကျားကိုက်ပြီး သေမယ့်အတူတူ သစ်ကိုင်းကျိုးကျပြီး သေတာက ကောင်းဦးမယ်”ဟု တွေးလိုက်မိပြန်သည်။ ထို့နောက် သစ်ကိုင်းပေါ်တွင် နားနေပြီး ဆာလောင်လာသောကြောင့် သစ်သီးများကို ခူးစားလေတော့သည်။ ဗိုက်ပြည့်သောအခါ “ သေရမဲ့ အတူတူ မသေခင် တစ်ရေး အိပ်လိုက်ဦးမယ်” ဟုတွေးပြီး သစ်ကိုင်းကို မှီပြီး အိပ်နေခဲ့သည်။
သူ နိုးလာသော အချိန်တွင် သစ်ကိုင်းကို ကိုက်ဖြတ်နေသော ကြွက်နှစ်ကောင်ကို မတွေ့တော့။ ထိုအတူ ခြင်္သေ့နှင့် ကျားကိုလည်း မတွေ့တော့ပေ။ အကြောင်းမှာ သူအိပ်ပျော်နေသော အချိန်တွင် ဆာလောင်သော ခြင်္သေ့က အစာကို မစောင့်နိုင်သဖြင့် ချောက်ထဲသို့ လိုက်ခုန်ချခဲ့သည်။ ချောက်အောက်ရှိ ကျားနှင့်တိုးပြီး အချင်းချင်း ကိုက်ဖြတ်ကာ အသီးသီးဒဏ်ရာရပြီး ထွက်ပြေး ကုန်ကြသောကြောင့်ဖြစ်သည်။ ခြင်္သေ့နှင့်ကျား ဟိန်းသံကြားသောကြောင့် ကြွက်နှစ်ကောင်မှာလည်း လန့်ပြီး ထွက်ပြေးခဲ့ကြသည်။ ထိုအခါမှ သူသည်သစ်ပင် ပေါ်မှ ဆင်းပြီး သတိနှင့် ကမ်းပါးထိပ်သို့ တက်ရောက်ခဲ့သဖြင့် အသက်ဘေးမှ လွှတ်မြောက်ခဲ့ရသည်။
ကျွန်တော်တို့ မွေးဖွား ကြီးပြင်းလာသည့် အချိန်မှာ စ၍ ပင်ပန်း ဆင်းရဲခြင်းသည် ဆာလောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျွန်တော်တို့အား လိုက်နေခဲ့သည်။ သေဆုံးခြင်းသည် ရက်စက်သော ကျားတစ်ကောင်ကဲ့သို့ ချောက်အောက်တွင် ကျွန်တော်တို့အား စောင့်နေခဲ့သည်။ နေ့နှင့်ည ပြောင်းလဲနေသော အချိန်များသည် ကြွက်ဖြူနှင့် ကြွက်မဲကဲ့သို့ ကျွန်တော်တို့ ခဏသာ ရပ်တည်နေသော (ဘ၀) သစ်ပင်ကို ကိုက်ဖြတ်နေကြသည်။ တစ်နေ့နေ့တွင် ကျွန်တော်တို့သည် ခြင်္သေ့နှင့်ကျား၏ အစားကို ခံရမည်ဖြစ်သည်။ ထိုသို့ အစားမခံရခင် သစ်ပင်ပေါ်ရှိ ချိုမြိန်သော အသီးများကို စားသုံးရင်း အပင်ပေါ်မှ နေ၍ လှပသော ရှုခင်းများကို ခံစားနေမည် ဆိုလျှင် စိတ်သည် ရိုးရှင်းပြီး စိုးရိမ်ပူပန်မှုများ ကင်းရှင်းနေလိမ့်မည်။
သင်၏ အချိန် တစ်မိနစ် တစ်စက္ကန့်ကို ကောင်းသောအတွေး၊ လှပသောအရာများနှင့် ခံစားခဲ့ဖူးပါ သလား။ သူငယ်ချင်း မိတ်ဆွေ၊ ချစ်သူရည်းစား၊ အိမ်သူအိမ်သားများနှင့် ဘာမှမဟုတ်သော ပြဿနာ သေးသေးမွှားမွှားဖြင့် သင့်ကိုယ်အား ဒေါသငွေ့များ ဖုံးလွှမ်းစေပါသလား။ ပြူတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ။ သို့မဟုတ်လျှင် ကြည်လင်သော ကောင်းကင်ပေါ်တွင် ဟိုဒီ ပြေးလွှားကစားနေသော တိမ်ဖြူလေးများဖြင့် လှပသော နေ့ရက်တစ်ရက်ကို သင့် လက်လွှတ်သွားပါလိမ့်မည်။

Thursday, April 21, 2011
အိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ ဟားရ်ဗားဒ် Harvard တက္ကသိုလ် သို့ 
Liz Murray အား (New York )နူးယောက် ပြည်နယ် ဘရော်းစ်(Bronx) မြို့ တွင် ၁၉၈၀ ၌ မွေဖွားခဲ့ သည်။ သူမ ၏ မိဘများမှာ ဆေး၊ဘိမ်း စွဲသူများဖြစ်ပြီး မိသားစု အတွက် ထောက်ပံ့ မည့် အစား ရသမျှ မရှိစလောက်သော ဝင်ငွေ များကို သူတို့  ခဏသာ စိတ်ဖြေ ရာ အဖြစ်သာ အသုံးပြုသည်။
လိဇ် (Liz) နဲ့ သူမ၏ အမ (Lisa) တို့ နှစ်ဦးမှာ အစာငတ် ပျက် တစ်လှည့်  အသက်ကို ကြုံရာ ဆက်နေရရှာသည်။ အဝတ်အစား ဝတ် ရန် မရှိသဖြင့်  တစ်ထည်တည်းရှိသော အဝတ် တစ်စုံကို နေ့ တိုင်း ညစ်ပတ် နံစော်နေသည် အထိ ဝတ်သည်။ စတိုးဆိုင်များမှ လွင့် ပစ်သော အစားအစာ များကို ကောက်စားရင်း တစ်နေ့ တာ ဘဝကိုတင် မျှော်လင့် ချက်ကင့် မဲစွာ ဆက်နေရသည်။
မည်သို့ ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမ (Lisa ) တစ်ယောက် ကျောင်းကို အဆက်မပြတ် တက်နေခဲ့ သည်။ သို့ သော် စိတ်ပျက် စရာကောင်းသော သူတို့ မသားစု ၏ အငှားခန်း ၊ မိဘနှစ်ပါး ၏ သားသမီးအပေါ် ပြုစုစောင့် ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊ သွန်သင် လမ်းပြမှုလုံးဝမရှိခြင်းတို့ ကြောင့်  လိဇ် ကျောင်းတက်ချင် စိတ် မရှိပါ။
မိဘ အုပ်ထိန်းမှု အောက် တွင် မှီခို ကျောင်းတက်ရမည့်  အရွယ် ၉ နှစ် သမီး လိဇ် တစ်ယောက် ရပ်ကွပ် စတိုး ဆိုင် များ တွင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန့် ရှင့် ရေး စသော ရရာ အလုပ်ကို လုပ်ခဲ့ သည်။ Sandwich (ဆန်းဝိခ်ျ ) တစ်ခု မျှသာ ဝယ် ရန် လုံလောက်သော တစ်နေ့ စာ လုပ်ခ ကို ပင် မိခင် ဖြစ် သူ က လူးယှက် ကာ ဆေး ဝယ် သုံး စွဲပစ် သည်။ မိခင်ဖြစ်သူ က သား သမီး များ ကို စောင့် ရှောက် မည့်  အစား သူမ၏ သမီး လိဇ် က သာ မိခင် အား ကလေး တစ်ယောက် ပမာ စောင့် ရှောက် ခဲ့ သည်။
တစ်လ သုံးရက် ခန့် သာ ကျောင်းတက်ဖြစ်သော လိဇ် မှာ အတန်းထဲ့ တွင် အခြားကျောင်းသား ကျောင်းသူ များ ၏ လှောင်ခြင်းကို လည်းနေ့ တိုင်း ခံခဲ့ ရသည်။ သူမ ၏ ညစ်ပတ် သော အဝတ်အစား နဲ့  ဖရိုဖရဲ သော ဆံပင်များ ကြောင့်  သူငယ် ချင်း ဟူ၍ လည်း မရှိပါ။ သူငယ် ချင်း အသိုင်း အဝိုင်း မှ စွန့် ပစ် ခြင်းကို ခံရသူလည်းဖြစ်သည်။
လိဇ် အမေတွင် အေအိုင်ဒီအက်စ် (AIDS) နဲ့ တီဘီ ရောဂါရှိကြောင်း သူမ အမေကိုယ်တိုင်ပြောပြ၍ လိဇ် အသက် ဆယ်နှစ် အရွယ်တွင်သိခဲ့ ရသည်။ သို့ သော် မိခင်ဖြစ်သူ ဆေးစွဲ သူသည် သူမ ကျောင်း မတက်ခဲ့ သောကြောင့်  ဤကဲ့ သို့  သော ဘဝရောက်ခဲ့ ရ ကြောင့်  လိဇ် အား နေ့တိုင်း ပြောကာ ကျောင်း ပြန် တက်ရန် လိဇ် အား တိုက်တွန်း ခဲ့ သည်။
AIDS ရောဂါဖြင့်  လိဇ် အသက် ဆယ်ငါးနှစ် အရွယ်တွင် လိဇ်၏မိခင် ဆုံးသွားခဲ့ ပြီး ဖခင် ဖြစ်သူ သည် လည်း အိမ်ခန်းငှား ခ မပေးနိုင်သောကြောင့်  အိမ်ယာ မဲ့  သူ တို့  ခိုလုံ ရာ ဒုက္ခသည် ဇရပ် သို့  ပြောင်းရွေးခြင်းခံရသည်။
ထို အချိန်မှ စ၍ လိဇ် သည် အတောင် မစုံ သော ငှက် ငယ်လေး ပမာ လေလွင့် ရာ စုံ ၊ ဆန် မျှော ရင်း နားခိုရာမဲ့  လမ်းဘေးဘဝသို့  ရောက်ခဲ့ ရ ကာ ခွက်လက်စွဲ တောင်းစား ရတော့ သည်။ အပျိုပေါက် စ အရွယ် ဖြစ် သော်လည်း သူတစ် ပါး များ နဲ့ မတူ သူမ ဘဝသည် ခြားနား လွန်းလှ သည်။ Subway ၊ ရထား ၊ အဆောက် အအုံ ဟောင်း စသော နေရာများ တွင် ကြုံ ရာ အိပ် ရလေသည်။ သူမ အတွက် မနက် ဖြန် ဘယ် နေရာ တွင် အိမ်ရာ မည် ဆို သည် မှာ သေချာသော အဖြေ လုံး ဝ မရှိချေ။
သို့ သော် သူမ အတွက် လမ်းဘေး ရောက် သူတောင်းစား ဘဝ မှ လွတ်မြှောက်ရန် ထွက်ပေါက် လမ်းစ တစ်လမ်း ဤ ကမ္ဘာ တွင် ရှိရ မည် ဟု သူမ ခိုင်မာ စွာ ယုံကြည်ထားသည်။ ထို ယုံကြည် ချက်မှာ ကျောင်းပြန်တက်ရန် ဖြစ်သည် ။ မည် သို့ ပင် လိဇ် ၏ ဘဝ ခက်ခဲ့  ကြမ်း စေကာမူ ရောက်ရာ နေရာတိုင်း တွင် သူမ နဲ့ အတူ စွယ် စုံ ကျမ်း များ ကို သယ် ဆောင်သွားကာ အချိန်ရှိတိုင်း ဖက်သည်။
လိဇ် ၏ မိခင်တွင် ဆိုးဝါး စက်စုပ် ရွံရှာ ဖွယ်ကောင်းသော ရောဂါများ ခံစား ရသည် မှာ ကျောင်း မတက် အသိပညာ ကင်းမဲ မှု များ ကြောင့်  ထိုကဲ့ သို့ သော ရော ဂါများဖြင့်  ခံစား သေဆုံး ရခြင်း ဖြစ် သည် ဟူသော မေ့ မရသည့်  ကြောက်လန့် ဖွယ် ဖြစ်ရပ် တစ်ခု သည် လိဇ် အတွက် အကောင်းဆုံး သင်ခန်းစာ သက်သေ တစ်ခု ပင်ဖြစ်သည်။
ထို့ နောက် ကျောင်းပြန်တက်ရန် ဆုံး ဖြတ်ချက် ချ ကာ ကျောင်းတစ်ကျောင်းတွင် နာမည် စရင်းသွင်း ခဲ့ သည်။ သူမ၏ နေရပ်လိပ်စာ နဲ့  ဖုန်း နံပါတ် ပေး စရာ မရှိသော ကြောင့်  သူငယ် ချင်း တစ်ယောက်ထံမှ လိပ်စာ အတုကို တောင်း ကာ သူမ၏ လိပ်စာဖြစ်ကြောင့် ကျောင်းတွင် လိမ်ပေး ခဲ့ သည်။
လိဇ် သည် တစ်ခြား ကျောင်းသား/ကျောင်းသူ များ ထက် အသက် ကြီး မှ အထက်တန်းကျောင်း တက်ရသည်။ အစာကို ကျောင်းတွင်စား ၍ ကျောင်းမတက်သော နေ့ များတွင် တစ်ရက် တစ်နက်သာ အစာစား သည်။ ကျောင်းတက်ရင်း တစ်အိမ် ဝင် တစ်အိမ် ထွက် ပုဂံဆေး ၊ ကြမ်းတုတ် ၊ သတင်းစာ ၊ဂျာနယ် များ ကို ရောင်း ရင်း နားနေရာ လမ်းဘေး သစ်ပင် များ အောက် တွင် စာကျက်သည်။
လိဇ် သည် အိပ် ချိန် ပင် လုံးဝ မရှိဟု ပြောရလောက်အောင် ရှိသမျှ အချိန် များ ကို ကျောင်းစာ ကျက် မှတ် ခြင်း ဖြင့်  အချိန်ကုန်စေသည်။ ထိုသို့  အိပ်ရေး ပျက် အပင် ပန်းခံ ကြိုးစားခြင်းသည် လမ်းဘေးတွင် လက်ဖြန့်  တောင်း စား ခြင်း နှင့်  နိုင်းယှဉ် လျှင် မိုး နဲ့  မြေ ကဲ့ သို့  ပင် ကွာဟ သော ကြောင့်  ဆင်းရဲ ဒုက္ခ ပင်ပန်း ခြင်း ကို တစ်ခါ မျှ မငြည်း ညူ ခဲ့ သူလည်း ဖြစ်သည်။
လိဇ် သည် ၄ နှစ် သင် ရသော အထက် တန်းကျောင်း ကို ၂ နှစ် အတွင်း ပြီးစေ သည် သာမက ဘာသာရပ် တိုင်းတွင် အမှတ် ၉၅ ရာ ခိုင်နှုန်း ဖြင့်  အောင် မြင် ခဲ့ သည်။ အမှတ် အကောင်းဆုံး အတော် ဆုံး ကျောင်းသား ကျောင်းသူ ဆယ် ရောက် ( Liz) (လိဇ် အပါဝင်) တို့ အား ကျောင်းအုပ် ဆရာကြီး က ပညာ တော်သင် ဆု အနေဖြင့်  Harvard University ( America တွင် နာမည် အကြီးဆုံး တက္ကသိုလ်ထဲမှ တစ်ခု) တက္ကသိုလ် တွင် အခမဲ ခရီးလည် ပတ်စေသည်။
ထို တက္ကသိုလ် တွင် ပညာသင်ကြား နေသူ အများ စု မှာ ချမ်းသာ သော မိဘ အသိုင်း အဝိုင်း မှ သား သမီး များ ဖြစ်ကြသည် ကို လိဇ် မြင် သော အခါ တွင် သူမ ၏ ဘဝ နှင့်  ဆီ နဲ့ ရေ ကဲသို့  ကွာ ခြား နေ သည် ကို သိရ သဖြင့်  မိမိ ကိုယ် ကိုယ် စိတ်အား သိမ် ငယ် နေခဲ့  ရှာ သည်။
သို့ သော် လိဇ် အား ထို တက္ကသိုလ် တွင် ရှောက် ကြည့်  ရန် ကျောင်း အုပ် ဆရာ ကြီး က တိုက် တွန်း ခ့ဲသည်။ အထက်တန်းကျောင်း ကို အမှတ် ကောင်း စွာ ဖြင့် အောင်ခဲ့  သော်ငြားလည်း ကောလိပ် ဆက်တက် ရန် ပိုက်ဆံ မရှိ သော သူ မ ၏ ဘဝ အတွက် အထောက် အပ့ံ ဆို သည် မှာ အကယ် စင်စစ် ပင် လို အပ် နေသော အချိန် ဖြစ် သည် အားလျှော် စွာ မမျှော် လင့် ပဲ့  သတင်းစာ ကြော် ငြာ တစ်ခု ကို သူမ ဖက်မိ သည်။ ထို သတင်း စာ မှာ နူး ယောက် မြို့ အတွင်း မှ အခက် ခဲ့ ရှိသူ များ မိဘ ဝင် ငွေ နည်း သားသမီး များ အတွက် ထောက်ပံ့ ကြေး ငွေ (scholarship) ရှောက် နိုင် ကြောင်း New York Time မဂ္ဂဇင်း မှ သတင်းကြော်ငြာစာ ဖြစ် လေသည်။
လိဇ် သည် အထက် တန်း ကျောင်း တက်ခဲ့ သော အချိန် တွင် သူမ သည် အိမ်ယာ မဲ့  လမ်းဘေး က တစ် ကောင် ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း မည်သူ တစ်ဦး တစ် ယောက် ကို မျှ သိခွင့် မရှိအောင် ဖုံးကွယ်ခဲ့ သော် လည်း သူ မ၏ နောင် ရှေးရေး ဘဝ အတွက် သူမ ဖွင့် ပြော ရန် အချိန်ရောက် လေပြီ။
လိဇ် မည်ကဲ့ သို့  လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံး အဖြစ်အသုံးပြုတစ်လှည့်  တွေ့ တစ်မျှ အရိပ် ကို မိမိ အိမ်အသွင် သက်မှတ်ကာ တစ်နေ့ စာ အတွက် မည် ကဲ့ သို့ ခက် ခဲ ကြမ်းတမ်း စွာ ရှာခဲ့ ရပုံများမှာ စိတ်ကူးယှဉ် ဆန် လှ သည် ဟုပြောရလောက်အောင် သနားဖွယ် ကောင်းသော သူမ၏ အကြောင်း ကို မျက်ရည်စက် များ နဲ့ အတူ ရေးကာ တင်ထား သော သူမ၏ ရှောက်လွှာ အား New York Time မဂ္ဂဇင်း မှ လှိုက်လှိုက် လှဲလှဲ ပင် ကြို ဆို လက်ခံ အတည်ပြု ခဲ့ လေ သည်။
New York Time မဂ္ဂဇင်း မှ လိဇ် အား ကျောင်းလခ တစ်နှစ် လျှင် ဒေါ်လာငွေ တစ်သောင်း နှစ်ထောင် ဖြင့် ကူ ညီ မည် ဟု ဂတိပေးသည် သာမက လိဇ် အား ဂုဏ်ပြု သည့်  အနေဖြင့် 
New York Time ၏ ညီလာခံပွဲတော်ကြီး တွင် လိဇ် အား ကျေးဇူး တင် စကားပြောရန် နဲ့  သူမ ၏ ဘဝ အကြောင်း တစ်စိတ် တစ်ဒေသ ပြောပြရန် တောင်းဆို ခဲ့ သည်။
ညီလာခံပွဲတော်ကြီး အပြီးတွင် လူအုပ်ကြီး ၏ လက်ခုပ်သံ များ နဲ့ အတူ နတ်သမီး အလား ရုတ်တရပ် ဆို သကဲ့ သို့  လိဇ် အတွက် အဝတ် အစား ဝယ် ပေးမည့် သူ၊ အိမ်ခန်းငှားပေးမည့် သူ ၊ ကျန်းမာ ရေး အတွက် ကုန်ကျစရိတ်အာမခံပေးမည့် သူ၊ စားနတ်ရိတ်ခါဝယ်ပေးမည့် သူ၊ စာအုပ်စာတန်းဝယ်ပေး မည့် သူ၊ ကားဝယ်ပေးမည့် သူ အစရှိသည်ဖြင့်  လိုလေသေး မရှိအောင် အလှုရှင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။
ထို အချိန်မှ စ၍ လိဇ် ၏ ဘဝ ပျော်ရွင် ကြည်နှုး ခြင်းများ နဲ့ အတူ လူ့ လောက အလယ် တွင် လူတစ်ယောက်နဲ့ တူ သော အခွင့် အရေး များပိုင်ဆိုင် ထားပြီး တက္ကသိုလ် ကျောင်းသူမ ဘဝ အဖြစ် ဟားရ်ဗား(Harvard University) တွင် စတင်တက်ခဲ့ လေသည်။
2009 ခု နှစ် တွင် psychology ဖြင့်  ဟားရ် ဗား မှ ဘွဲ့ ရခဲ့ ပြီး မဟာ ဘွဲ ယူရန် ဆက်တက် နေသည်။ psychology ဖြင့်  ဒေါက်တာ ဘွဲ အထိ ရယူရန် ရည်ရွယ် ချက်ရှိ သူ လည်း ဖြစ်သည်။
ဂုဏ်ပြု ဆု မြောက်များ စွာကို လက်ခံ ရရှိ ၍ လူ သိ ရှင်ကြား ကျော်ကြားသူ သာ မက ယခု အချိန်တွင် လိဇ် သည် အမေရိ ကန် နိုင်ငံ အပြင် အခြား သော နိုင်ငံများ တွင် ကျင်းပသော ညီလာခံများ ၌ သွားရောက်လည်ပတ် မိန်းခွန်းပြော ရန် ငွေကြေးဖြင့်  ငှား ခေါ် ကြ သည်။
လိဇ် သည် အမေ ရိက နိုင် ငံ သမ္မတ အဖြစ် ပါဝင်ယှဉ်ပြိုင် မဲဆွယ် ရန် လည်း ရည် ရွယ် ချက် ရှိသူ ဖြစ်သည်။
04/21/2011
တောင်းဆို ချက် ။ ။
ဤ post သည် နာဂစ်မုန်တိုင်း နဲ့ င လျှင် ကြောင့်  အိုးအိမ် ပျက်စီး ခြင်း ခံရသူများ မိဘ များ နဲ့ တစ်ကွဲတစ်ပြား ဝေးနေရသော သားမသမီးများ ဒုက္ခရောက်သူများ အတွက် အားပေး စကား အဖြစ် ရည်ရွယ်ကာ ရေး ထားခြင်း ဖြစ်သောကြောင့်  မိမိ ထံမှ သူငယ်ချင်းများ ဆီသို့ ၊ သူငယ် ချင်း များ ထံမှ တစ်ဆင့်  ရည်ရွယ်သော သူများ ထံ အရောက် ပို့ ပေး ကြ ပါရန် မေတ္တရပ်ခံလို ပါသည်။
ချစ်သော လင်းလင်း

Concise Translated by Peter Lin.
From" Breaking Night " Novel. 04/21/2011
တောင်းဆို ချက် ။ ။
ဤ post သည် နာဂစ်မုန်တိုင်း နဲ့ င လျှင် ကြောင့်  အိုးအိမ် ပျက်စီး ခြင်း ခံရသူများ မိဘ များ နဲ့ တစ်ကွဲတစ်ပြား ဝေးနေရသော သားမသမီးများ ဒုက္ခရောက်သူများ အတွက် အားပေး စကား အဖြစ် ရည်ရွယ်ကာ ရေး ထားခြင်း ဖြစ်သောကြောင့်  မိမိ ထံမှ သူငယ်ချင်းများ ဆီသို့ ၊ သူငယ် ချင်း များ ထံမှ တစ်ဆင့်  ရည်ရွယ်သော သူများ ထံ အရောက် ပို့ ပေး ကြ ပါရန် မေတ္တရပ်ခံလို ပါသည်။
ချစ်သော လင်းလင်း
Labels:
ပညာပေးစာများ,
ပုံပြင်အတိုအထွာ
Subscribe to:
Posts (Atom)