Showing posts with label ပုံပြင်အတိုအထွာ. Show all posts
Showing posts with label ပုံပြင်အတိုအထွာ. Show all posts
Thursday, April 21, 2011
အိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ ဟားရ်ဗားဒ် Harvard တက္ကသိုလ် သို့ 
                          လိဇ် (Liz) နဲ့ သူမ၏ အမ (Lisa) တို့ နှစ်ဦးမှာ အစာငတ် ပျက် တစ်လှည့်  အသက်ကို ကြုံရာ ဆက်နေရရှာသည်။  အဝတ်အစား ဝတ် ရန် မရှိသဖြင့်  တစ်ထည်တည်းရှိသော အဝတ် တစ်စုံကို နေ့ တိုင်း  ညစ်ပတ် နံစော်နေသည် အထိ ဝတ်သည်။   စတိုးဆိုင်များမှ လွင့် ပစ်သော အစားအစာ များကို ကောက်စားရင်း တစ်နေ့ တာ ဘဝကိုတင် မျှော်လင့် ချက်ကင့် မဲစွာ ဆက်နေရသည်။
                         မည်သို့ ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမ (Lisa ) တစ်ယောက် ကျောင်းကို အဆက်မပြတ် တက်နေခဲ့ သည်။ သို့ သော် စိတ်ပျက် စရာကောင်းသော  သူတို့ မသားစု ၏ အငှားခန်း ၊ မိဘနှစ်ပါး ၏     သားသမီးအပေါ်     ပြုစုစောင့် ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊    သွန်သင် လမ်းပြမှုလုံးဝမရှိခြင်းတို့ ကြောင့်      လိဇ်    ကျောင်းတက်ချင် စိတ် မရှိပါ။
                           မိဘ အုပ်ထိန်းမှု အောက် တွင် မှီခို ကျောင်းတက်ရမည့်  အရွယ်  ၉ နှစ် သမီး လိဇ် တစ်ယောက်  ရပ်ကွပ်  စတိုး ဆိုင် များ တွင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်  ကာ  ဆိုင်နောက်ဘေး အမိုက်သိမ်း သန့် ရှင့် ရေး စသော ရရာ အလုပ်ကို လုပ်ခဲ့ သည်။  Sandwich (ဆန်းဝိခ်ျ ) တစ်ခု မျှသာ ဝယ် ရန် လုံလောက်သော  တစ်နေ့ စာ လုပ်ခ ကို ပင် မိခင် ဖြစ် သူ က လူးယှက် ကာ  ဆေး ဝယ် သုံး စွဲပစ် သည်။ မိခင်ဖြစ်သူ က   သား သမီး များ   ကို စောင့် ရှောက် မည့်  အစား   သူမ၏ သမီး   လိဇ်  က သာ မိခင် အား  ကလေး တစ်ယောက် ပမာ စောင့် ရှောက် ခဲ့ သည်။
                          တစ်လ သုံးရက် ခန့် သာ ကျောင်းတက်ဖြစ်သော လိဇ် မှာ  အတန်းထဲ့ တွင်  အခြားကျောင်းသား ကျောင်းသူ များ ၏ လှောင်ခြင်းကို လည်းနေ့ တိုင်း ခံခဲ့ ရသည်။ သူမ ၏ ညစ်ပတ်  သော အဝတ်အစား နဲ့  ဖရိုဖရဲ သော ဆံပင်များ ကြောင့်   သူငယ် ချင်း ဟူ၍ လည်း မရှိပါ။  သူငယ် ချင်း   အသိုင်း အဝိုင်း မှ စွန့် ပစ် ခြင်းကို ခံရသူလည်းဖြစ်သည်။
                       လိဇ် အမေတွင် အေအိုင်ဒီအက်စ် (AIDS) နဲ့ တီဘီ   ရောဂါရှိကြောင်း  သူမ   အမေကိုယ်တိုင်ပြောပြ၍   လိဇ်   အသက် ဆယ်နှစ် အရွယ်တွင်သိခဲ့ ရသည်။   သို့ သော်   မိခင်ဖြစ်သူ ဆေးစွဲ သူသည်  သူမ ကျောင်း မတက်ခဲ့ သောကြောင့်  ဤကဲ့ သို့  သော  ဘဝရောက်ခဲ့ ရ ကြောင့်  လိဇ် အား နေ့တိုင်း ပြောကာ  ကျောင်း  ပြန် တက်ရန်  လိဇ်    အား   တိုက်တွန်း ခဲ့ သည်။
                      AIDS ရောဂါဖြင့်  လိဇ် အသက် ဆယ်ငါးနှစ် အရွယ်တွင် လိဇ်၏မိခင် ဆုံးသွားခဲ့ ပြီး  ဖခင် ဖြစ်သူ သည် လည်း  အိမ်ခန်းငှား  ခ  မပေးနိုင်သောကြောင့်  အိမ်ယာ မဲ့  သူ  တို့   ခိုလုံ ရာ  ဒုက္ခသည် ဇရပ် သို့  ပြောင်းရွေးခြင်းခံရသည်။
                       ထို အချိန်မှ စ၍  လိဇ် သည်  အတောင် မစုံ သော ငှက် ငယ်လေး  ပမာ  လေလွင့် ရာ  စုံ ၊ ဆန် မျှော ရင်း  နားခိုရာမဲ့  လမ်းဘေးဘဝသို့  ရောက်ခဲ့ ရ  ကာ ခွက်လက်စွဲ တောင်းစား ရတော့ သည်။  အပျိုပေါက် စ အရွယ် ဖြစ် သော်လည်း  သူတစ် ပါး များ နဲ့ မတူ  သူမ ဘဝသည်  ခြားနား လွန်းလှ သည်။  Subway ၊ ရထား ၊ အဆောက် အအုံ ဟောင်း   စသော နေရာများ တွင် ကြုံ ရာ အိပ် ရလေသည်။ သူမ အတွက် မနက် ဖြန် ဘယ် နေရာ တွင် အိမ်ရာ မည် ဆို သည် မှာ  သေချာသော အဖြေ လုံး ဝ မရှိချေ။
                        သို့ သော်  သူမ အတွက် လမ်းဘေး ရောက် သူတောင်းစား ဘဝ မှ လွတ်မြှောက်ရန် ထွက်ပေါက်  လမ်းစ  တစ်လမ်း ဤ ကမ္ဘာ တွင် ရှိရ မည် ဟု  သူမ ခိုင်မာ စွာ ယုံကြည်ထားသည်။  ထို ယုံကြည် ချက်မှာ ကျောင်းပြန်တက်ရန် ဖြစ်သည် ။ မည် သို့ ပင် လိဇ် ၏ ဘဝ  ခက်ခဲ့  ကြမ်း စေကာမူ  ရောက်ရာ  နေရာတိုင်း တွင် သူမ  နဲ့ အတူ စွယ် စုံ ကျမ်း များ   ကို သယ် ဆောင်သွားကာ  အချိန်ရှိတိုင်း  ဖက်သည်။
                      လိဇ် ၏ မိခင်တွင် ဆိုးဝါး စက်စုပ် ရွံရှာ ဖွယ်ကောင်းသော ရောဂါများ ခံစား ရသည် မှာ ကျောင်း မတက်  အသိပညာ ကင်းမဲ မှု များ ကြောင့်  ထိုကဲ့ သို့ သော  ရော ဂါများဖြင့်  ခံစား  သေဆုံး ရခြင်း ဖြစ် သည် ဟူသော မေ့ မရသည့်   ကြောက်လန့် ဖွယ် ဖြစ်ရပ်  တစ်ခု သည် လိဇ် အတွက် အကောင်းဆုံး သင်ခန်းစာ သက်သေ တစ်ခု ပင်ဖြစ်သည်။
                         ထို့ နောက် ကျောင်းပြန်တက်ရန် ဆုံး ဖြတ်ချက် ချ ကာ ကျောင်းတစ်ကျောင်းတွင်  နာမည် စရင်းသွင်း ခဲ့ သည်။  သူမ၏ နေရပ်လိပ်စာ နဲ့  ဖုန်း နံပါတ် ပေး စရာ မရှိသော ကြောင့်   သူငယ် ချင်း တစ်ယောက်ထံမှ လိပ်စာ အတုကို တောင်း ကာ  သူမ၏ လိပ်စာဖြစ်ကြောင့် ကျောင်းတွင် လိမ်ပေး ခဲ့ သည်။ 
                       လိဇ် သည်  တစ်ခြား ကျောင်းသား/ကျောင်းသူ  များ ထက် အသက် ကြီး မှ အထက်တန်းကျောင်း  တက်ရသည်။  အစာကို ကျောင်းတွင်စား ၍ ကျောင်းမတက်သော နေ့ များတွင်  တစ်ရက်  တစ်နက်သာ အစာစား သည်။ ကျောင်းတက်ရင်း  တစ်အိမ် ဝင် တစ်အိမ် ထွက် ပုဂံဆေး ၊ ကြမ်းတုတ် ၊ သတင်းစာ ၊ဂျာနယ် များ ကို ရောင်း ရင်း  နားနေရာ လမ်းဘေး သစ်ပင် များ  အောက် တွင် စာကျက်သည်။
                       လိဇ် သည် အိပ် ချိန် ပင် လုံးဝ မရှိဟု ပြောရလောက်အောင်   ရှိသမျှ အချိန် များ ကို ကျောင်းစာ ကျက် မှတ် ခြင်း ဖြင့်  အချိန်ကုန်စေသည်။  ထိုသို့   အိပ်ရေး ပျက် အပင် ပန်းခံ ကြိုးစားခြင်းသည်   လမ်းဘေးတွင် လက်ဖြန့်   တောင်း စား ခြင်း နှင့်  နိုင်းယှဉ် လျှင်   မိုး နဲ့  မြေ ကဲ့ သို့  ပင် ကွာဟ သော ကြောင့်   ဆင်းရဲ ဒုက္ခ ပင်ပန်း ခြင်း ကို  တစ်ခါ မျှ မငြည်း ညူ ခဲ့ သူလည်း  ဖြစ်သည်။
                       လိဇ် သည်  ၄ နှစ် သင် ရသော  အထက် တန်းကျောင်း ကို  ၂ နှစ်  အတွင်း ပြီးစေ သည် သာမက   ဘာသာရပ် တိုင်းတွင်   အမှတ် ၉၅ ရာ ခိုင်နှုန်း ဖြင့်   အောင် မြင် ခဲ့ သည်။  အမှတ် အကောင်းဆုံး  အတော် ဆုံး ကျောင်းသား ကျောင်းသူ ဆယ် ရောက် ( Liz) (လိဇ် အပါဝင်) တို့ အား ကျောင်းအုပ်  ဆရာကြီး   က ပညာ တော်သင်  ဆု အနေဖြင့်   Harvard University ( America တွင် နာမည် အကြီးဆုံး တက္ကသိုလ်ထဲမှ တစ်ခု)  တက္ကသိုလ်  တွင်  အခမဲ   ခရီးလည် ပတ်စေသည်။
                         ထို တက္ကသိုလ် တွင်  ပညာသင်ကြား  နေသူ အများ စု မှာ ချမ်းသာ သော မိဘ အသိုင်း အဝိုင်း မှ သား သမီး များ  ဖြစ်ကြသည် ကို  လိဇ် မြင် သော အခါ တွင်  သူမ ၏ ဘဝ  နှင့်   ဆီ နဲ့ ရေ ကဲသို့   ကွာ ခြား နေ သည် ကို သိရ သဖြင့်   မိမိ ကိုယ် ကိုယ်  စိတ်အား  သိမ် ငယ် နေခဲ့  ရှာ သည်။
                         သို့ သော်   လိဇ်  အား  ထို တက္ကသိုလ်  တွင်  ရှောက် ကြည့်  ရန်  ကျောင်း အုပ် ဆရာ ကြီး က တိုက် တွန်း ခ့ဲသည်။ အထက်တန်းကျောင်း ကို အမှတ် ကောင်း စွာ ဖြင့် အောင်ခဲ့  သော်ငြားလည်း ကောလိပ် ဆက်တက် ရန် ပိုက်ဆံ  မရှိ  သော သူ မ ၏ ဘဝ အတွက် အထောက် အပ့ံ ဆို သည် မှာ အကယ် စင်စစ်  ပင် လို အပ် နေသော အချိန်  ဖြစ် သည် အားလျှော် စွာ  မမျှော် လင့် ပဲ့  သတင်းစာ ကြော် ငြာ တစ်ခု ကို သူမ ဖက်မိ သည်။ ထို သတင်း စာ မှာ   နူး ယောက် မြို့ အတွင်း မှ အခက် ခဲ့ ရှိသူ များ မိဘ ဝင် ငွေ  နည်း  သားသမီး များ  အတွက်   ထောက်ပံ့ ကြေး ငွေ  (scholarship) ရှောက် နိုင် ကြောင်း New York Time မဂ္ဂဇင်း မှ သတင်းကြော်ငြာစာ ဖြစ် လေသည်။
                            လိဇ် သည်  အထက် တန်း ကျောင်း တက်ခဲ့ သော အချိန် တွင် သူမ သည် အိမ်ယာ မဲ့  လမ်းဘေး က တစ် ကောင် ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း  မည်သူ တစ်ဦး တစ် ယောက် ကို မျှ သိခွင့် မရှိအောင်  ဖုံးကွယ်ခဲ့ သော် လည်း သူ မ၏  နောင် ရှေးရေး ဘဝ အတွက် သူမ  ဖွင့် ပြော ရန် အချိန်ရောက် လေပြီ။
                            လိဇ် မည်ကဲ့ သို့  လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံး အဖြစ်အသုံးပြုတစ်လှည့်  တွေ့ တစ်မျှ အရိပ် ကို မိမိ အိမ်အသွင် သက်မှတ်ကာ တစ်နေ့ စာ အတွက် မည် ကဲ့ သို့ ခက် ခဲ ကြမ်းတမ်း စွာ ရှာခဲ့ ရပုံများမှာ စိတ်ကူးယှဉ် ဆန် လှ သည် ဟုပြောရလောက်အောင် သနားဖွယ် ကောင်းသော သူမ၏ အကြောင်း  ကို    မျက်ရည်စက် များ နဲ့ အတူ     ရေးကာ   တင်ထား သော  သူမ၏  ရှောက်လွှာ အား  New York Time မဂ္ဂဇင်း မှ လှိုက်လှိုက် လှဲလှဲ ပင် ကြို ဆို လက်ခံ အတည်ပြု ခဲ့ လေ သည်။
                             New York Time မဂ္ဂဇင်း မှ လိဇ် အား ကျောင်းလခ တစ်နှစ် လျှင် ဒေါ်လာငွေ  တစ်သောင်း နှစ်ထောင် ဖြင့် ကူ ညီ မည် ဟု ဂတိပေးသည် သာမက  လိဇ် အား  ဂုဏ်ပြု သည့်   အနေဖြင့် 
New York Time ၏   ညီလာခံပွဲတော်ကြီး    တွင်   လိဇ် အား   ကျေးဇူး တင်   စကားပြောရန် နဲ့   သူမ ၏   ဘဝ  အကြောင်း  တစ်စိတ်  တစ်ဒေသ   ပြောပြရန်    တောင်းဆို ခဲ့ သည်။
                            ညီလာခံပွဲတော်ကြီး အပြီးတွင် လူအုပ်ကြီး ၏ လက်ခုပ်သံ များ နဲ့ အတူ  နတ်သမီး အလား ရုတ်တရပ် ဆို သကဲ့ သို့   လိဇ် အတွက် အဝတ် အစား ဝယ် ပေးမည့် သူ၊ အိမ်ခန်းငှားပေးမည့် သူ ၊ ကျန်းမာ ရေး အတွက် ကုန်ကျစရိတ်အာမခံပေးမည့် သူ၊ စားနတ်ရိတ်ခါဝယ်ပေးမည့် သူ၊ စာအုပ်စာတန်းဝယ်ပေး မည့် သူ၊ ကားဝယ်ပေးမည့် သူ အစရှိသည်ဖြင့်   လိုလေသေး မရှိအောင် အလှုရှင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။
                               ထို အချိန်မှ စ၍  လိဇ် ၏ ဘဝ ပျော်ရွင် ကြည်နှုး ခြင်းများ နဲ့ အတူ လူ့ လောက အလယ် တွင် လူတစ်ယောက်နဲ့ တူ သော အခွင့် အရေး များပိုင်ဆိုင် ထားပြီး  တက္ကသိုလ် ကျောင်းသူမ ဘဝ    အဖြစ်  ဟားရ်ဗား(Harvard University) တွင်   စတင်တက်ခဲ့ လေသည်။
                                2009 ခု နှစ် တွင် psychology ဖြင့်  ဟားရ် ဗား မှ ဘွဲ့ ရခဲ့ ပြီး မဟာ ဘွဲ ယူရန် ဆက်တက် နေသည်။  psychology ဖြင့်  ဒေါက်တာ ဘွဲ အထိ ရယူရန်  ရည်ရွယ်  ချက်ရှိ  သူ လည်း ဖြစ်သည်။
                             ဂုဏ်ပြု ဆု မြောက်များ စွာကို လက်ခံ ရရှိ ၍ လူ သိ ရှင်ကြား ကျော်ကြားသူ သာ မက  ယခု အချိန်တွင် လိဇ် သည်  အမေရိ ကန် နိုင်ငံ   အပြင်   အခြား   သော နိုင်ငံများ  တွင်   ကျင်းပသော ညီလာခံများ   ၌   သွားရောက်လည်ပတ်  မိန်းခွန်းပြော ရန် ငွေကြေးဖြင့်  ငှား ခေါ် ကြ သည်။
                              လိဇ် သည်   အမေ ရိက နိုင် ငံ သမ္မတ အဖြစ်  ပါဝင်ယှဉ်ပြိုင်    မဲဆွယ်  ရန် လည်း ရည် ရွယ် ချက် ရှိသူ ဖြစ်သည်။
Concise Translated by Peter Lin.
From" Breaking Night " Novel.
04/21/2011
                         တောင်းဆို ချက် ။  ။
                                                 ဤ post သည်  နာဂစ်မုန်တိုင်း နဲ့ င လျှင် ကြောင့်  အိုးအိမ် ပျက်စီး ခြင်း ခံရသူများ   မိဘ များ နဲ့ တစ်ကွဲတစ်ပြား ဝေးနေရသော သားမသမီးများ ဒုက္ခရောက်သူများ အတွက် အားပေး စကား   အဖြစ်   ရည်ရွယ်ကာ  ရေး ထားခြင်း   ဖြစ်သောကြောင့်   မိမိ ထံမှ သူငယ်ချင်းများ     ဆီသို့ ၊   သူငယ် ချင်း များ  ထံမှ   တစ်ဆင့်    ရည်ရွယ်သော    သူများ  ထံ   အရောက်    ပို့ ပေး  ကြ  ပါရန် မေတ္တရပ်ခံလို   ပါသည်။
                                    ချစ်သော လင်းလင်း
Tuesday, April 19, 2011
ဆန်ကာ သုံးခု
တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။
ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား”
ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။
ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”
“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”
“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”
“မဟုတ်ဘူး”
“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”
“ မကြီးပါဘူး”
“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”
အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။
အရေးကြီးသောကိစ္စ စကားကို ဖြည်းဖြည်းပြောပါ။
ပြဿနာကြီးမားပါက စကားအား သေချာပြောပါ။
ပြဿနာသေးလျှင် စကားကို ဟာသနှော၍ပြောပါ။
မယုံကြည်ရသောကိစ္စ စကားကို ဆင်ခြင်ပြောပါ။
မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့ မပြောပါနှင့်။
မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။
လူတစ်ဖက်သား ထိခိုက်စေသောစကား မပြောပါနှင့်။
မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။
ပျော်ရွှင်စရာကိစ္စ အခြေအနေကြည့်ပြီးပြောပါ။
စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။
သူတစ်ပါးကိစ္စ သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ တစ်ပါးသူ ဘယ်လိုပြောလဲ နားထောင်ပါ။
သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။
လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။
သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။
နိုင်းနိုင်းစနေ ၏ ဘာသာပြန် ချက်များ ထဲ့ မှ ကောက်နုတ်သည်။
Wednesday, April 6, 2011
လောက အလှ ပံ့ ပိုး ကြစို့ 
တခါတုံးက အမျိုးသမီးကြီးတစ်ယောက်ဆီမှာ သူမ ရေခပ်တိုင်း သုံးလေ့ရှိတဲ့
အိုးကလေးနှစ်အိုးရှိတယ်တဲ့ ။ အိုးတစ်အိုးက စင်းလုံးချောကောင်းမွန်လှပပြီး
ကျန်တစ်အိုးကတော့ အက်ရာလေးနဲ့ အပြစ်အနာအဆာ အနည်းငယ်ရှိသတဲ့ ။
အမျိုးသမီးကြီးက အဲ့ဒီ အိုးနှစ်လုံးကို ၀ါးပိုးတဖက်တချက်မှာ ချိတ်ပြီး
စမ်းချောင်းမှာ ရေသွားငင်လေ့ရှိတယ် ။ အိမ်ရောက်တဲ့အခါ အိုးကောင်းတစ်လုံးက
ရေအပြည့်ပါပေမဲ့ ကျန်တစ်အိုးကတော့ ရေတွေ စိမ့်ကျကျန်နေခဲ့တာနဲ့ ရေတ၀က်ပဲ
ပါတာပေါ့ ။
အဲ့တော့ ပြည့်စုံကောင်းမွန်တဲ့အိုးလေးက သူ့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်
သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေချိန်မှာ ကျန်တဲ့အိုးကလေးကတော့
စိတ်ပျက်အားငယ်နေရှာတယ်။
နှစ်အနည်းငယ်ကြာပြီးတဲ့နောက် တနေ့မှာ အမျိုးသမီးကြီး
စမ်းချောင်းမှာရေခပ်နေတုံး အနာအဆာရှိတဲ့ အိုးကလေးက သူ့သခင်မကို ပြောသတဲ့
.. "ငါ နင့်အတွက် ဘယ်တော့မှ ရေအပြည့် မသယ်ပေးနိုင်တာကို တွေးမိတိုင်း
စိတ်မကောင်းဖြစ်မိသလို ငါ့ကိုယ်ငါလဲ ရှက်မိတယ်" လို့ ပြောတော့
အမျိုးသမီးက သူ့ကို ပြုံးကြည့်ပြီး "ငါတို့ ရေခပ်ရာလမ်းတလျှောက်
နင်ရှိတဲ့ လမ်းဘက်ကပဲ ပန်းပင်လေးတွေပေါင်းစုံ ဝေဆာလှပနေတာကို
နင်သတိထားမိလား" လို့ ပြန်မေးတယ် ။ ပြီးတော့ ဆက်ပြောတယ် ။
"နင့်မှာရှိတဲ့ အဲ့ဒီအားနည်းချက်တစ်ခုကို ငါသတိထားမိလို့ ရေခပ်တဲ့
လမ်းတလျှောက် နင့်ဘက်အခြမ်းမှာ ပန်းမျိုးစေ့လေးတွေ ငါကြဲထားခဲ့တယ် ။
နင်အမြဲ ရေလောင်းခဲ့တဲ့ မျိုးစေ့လေးတွေဟာ အခု အဲ့ဒီလမ်းက
ပန်းဥယျာဉ်လေးပဲပေါ့ ။ ငါ့အိမ်က ပန်းအိုးတွေက ပန်းတွေလဲ အဲ့ဒီ
ဥယျာဉ်လေးကပဲ ငါခူးခဲ့တာလေ ။ နင့်ကြောင့်သာ မဟုတ်ရင် အဲ့ဒီ လမ်းက
ပန်းပင်လေးတွေ ဖြစ်လာမှာ မဟုတ်သလို ငါ့အိမ်ကလေးကိုလဲ အခုလို
ပန်းပေါင်းစုံ ဝေေ၀ဆာဆာနဲ့ ဘယ်အလှဆင်နိုင်ပါ့မလဲ" တဲ့ ။
လူတိုင်းမှာ အားနည်းချက် အားသာချက် ကိုယ်စီရှိကြပါတယ် ။ ခြွင်းချက်မရှိ
ရာနှုန်းပြည့် ကောင်းမွန်ပြည့်စုံနေတဲ့ လူသားရယ်လို့ မရှိကြပါဘူး။
အက်ကြောင်းတွေနဲ့ အိုးကလေးကတောင် သူ့နည်းသူ့ဟန်နဲ့ လောကကို
အလှဆင်ပေးနိုင်ခဲ့ပါတယ် ။ ဒါကြောင့် လူသားတွေလဲ ကိုယ့်မှာရှိတဲ့
အားနည်းချက်လေးကို သတိပြုဆင်ခြင်မိတဲ့အခါ စိတ်ပျက်အားငယ်နေမဲ့ အစား
လောကကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သမျှ အလှဆင်ပေးနိုင်ကြပါတယ်လို့
ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိစေချင်ပါတယ် ။
မောင် ရိုး ၏ ပထမ ရေ တစ်ခွက်
မောင်ရိုးသည် အရမ်းအပျင်းကြီး၍ အအေး အလွန်ကြောက်သူ တစ်ယောက် ဖြစ်သည်.။ မောင်ရိုးနေထိုင်ရာ ဒေသလေးသည် တောင်ပေါ်မြို့လေး မှာ ဖြစ်သည်.။ တိတ်ဆိတ်အေးချမ်းသည်.။ တောင်ပေါ်မြို့လေးဆိုတော့ အေးတာပေါ့ ..။ ဒီမှာ မောင်ရိုးက ရေမချိုးဘူး ဆိုပဲ ..သူဆင်ခြေကတော့ “ အေးလို့ ” တဲ့..။
ဒါနဲ့ တစ်နေ့ကျတော့ သူ့အိမ်ကို သူ့ဦးလေးတစ်ယောက် အလည်လာရင်း မောင်ရိုးကို ပြောတယ်.။
“ မင်းကွာ..မဟုတ်တာပဲ..။ ရေချိုးတယ် ဆိုတာ ပထမ တစ်ခွက်ပဲ အေးတာပါကွ.။ ဒုတိယ တစ်ခွက်နဲ့ နောက်ခွက်တွေ မအေးတော့ပါဘူး..။ ”
“ တကယ်နော်...ဦးလေး.။ တကယ်ပဲ ပထမ တစ်ခွက်ပဲ အေးတာ သေချာလား.။ ”
“ အေးပေါ့ကွ..။ တကယ်ပေါ့..။ ”
ဒါနဲ့ ညနေလည်း ရောက်ရော မောင်ရိုးက ရေချိုးခန်းထဲကို ဝင်ပြီး ရေတစ်ခွက်ခပ်လိုက်တယ်.။ ပြီးတော့ ပါးစပ်ကလည်း...
“ ဦးလေးက ပြောတယ်..။ ရေချိုးတာ ပထမတစ်ခွက်ပဲ အေးတာပါ တဲ့.။ ဒုတိယနဲ့ နောက်ခွက်တွေ မအေးဘူးတဲ့ .။ ဒါကြောင့်..သွားစမ်း ပထမခွက်..။ ဒုတိယ ခွက်ကို ချိုးမယ်..။ ”
ဆိုပြီး ပထမခွက်ကို သွန်ချလိုက်တယ်.။ ပြီးတော့ ဒုတိယခွက်ကို ခပ်လိုက်ပြီး သူကိုယ်ပေါ် လောင်းချလိုက်တယ်.။ ဒီတော့...
“ အား....ဦးလေး လိမ်တယ်..။ ဒုတိယခွက်လည်း အေးတာပဲ..။ တော်ပြီ..ရေမချိုးတော့ဘူး..။ ”
ဆိုပြီး အဲဒီအချိန်ထဲက ရေမချိုးပဲ နေလာလိုက်တာ လတွေ ၊ နှစ်တွေ ကြာလာတော့ ခန္ဒာကိုယ်ကနေ အနံ့အသက်တွေ ထွက်လာပြီး သူ့နား ဘယ်သူမှ မကပ်ကြတော့ ဘူး ဆိုပဲ...။
မောင်ရိုးတို့ မြို့လေးမှာ အရမ်းညစ်ပတ်တဲ့ အရူးတစ်ယောက်ရှိတယ်.။ သူက ဘာအလုပ်မှတော့ မယ်မယ်ရရ မလုပ်ပါ.။ တောထဲတိုး ၊ တောင်ပေါ်တတ် ရှာလို့ တွေ့တာစား ၊ အဲ..သူရှာလို့ မရတော့ဘူး ဆိုရင်တော့ မြို့ထဲ လှည့်ပြီး တွေ့တဲ့ သူတွေဆီက ပိုက်ဆံ လိုက်တောင်းတယ်.။ သူပိုက်ဆံ အတောင်းခံရတဲ့ သူတွေကလည်း ဘာဘာညာညာ ထွေထွေထူးထူး မပြောတော့ပါဘူး.။ အရူးဆီက ထွက်လာတဲ့ အနံ့အသက်တွေ မခံနိုင်တာနဲ့ တင် မြန်မြန်ပေးလိုက် ကြတာပါပဲ.။
အရူးကလည်း ရူးနေတယ် ဆိုပေမဲ့ ဘာမှ အနှောင့်အယှက် မပေးတော့ သူ့ကို ဒီအတိုင်းပဲ လွတ်လွတ်လပ်လပ် နေခွင့်ပြုထားကြတယ်.။ အရူးနေတာက မြို့အစွန်မှာ ရှိတဲ့ ကျောက်ဂူကြီးထဲမှာ ညစ်ညစ်ပတ်ပတ်နေသတဲ့.။ ဒီလောက် ညစ်ပတ်တဲ့ အရူးဂူထဲကို ဘယ်သူမှ အရေးလုပ်ပြီး မဝင်ကြဘူးပေါ့.။
အဲ...တစ်နေ့ကျတော့ တောင်ပေါ်မြို့လေးမှာ ရှိတဲ့ လူတွေ တစ်ခု သတိထားမိလာကြတယ်.။ သူတို့ အရူးကို မတွေ့တာ တစ်ပတ်လောက် ရှိသွားကြပြီလေ.။ သူ့ကိုယ်မေး ၊ ကိုယ့်သူမေး ရင်းနဲ့ တဖြေးဖြေး တစ်မြို့လုံး အုတ်အုတ်ကြွတ်ကြွတ် ဖြစ်လာကြတယ်.။ ဟုတ်တယ်လေ.။ တစ်ယောက်တည်း နေတဲ့ အရူးကို မတွေ့တာကြာတော့ အရူးများ သူ့ကျောက်ဂူထဲမှာ သေနေလို့ မြို့ထဲ မလာနိုင်တော့တာလား။ သူတို့ ဒီလို တွေးမိတယ်.။
ဒါနဲ့ပဲ..၊ မြို့ထဲက လူတွေ အားလုံး ကိုယ့်ဖာသာကိုယ် အစီအစဉ်နဲ့ ကြုံရာကြုံရာ လူတွေ စုပြီး အရူးရဲ့ကျောက်ထဲဂူကို ဝင်ကြည့်ကြတယ်.။ တကယ်တော့ အရူးက ဘာမှ မဖြစ်ပါ.။ ဘယ်ကရထားမှန်း မသိတဲ့ ငှက်ပျောသီးတွေ အခိုင်လိုက်ရှိနေလို့ သူကျောက်ဂူထဲကနေ ဘယ်မှ မထွက်တမ်းကုတင်ပေါ်မှာ ထိုင်စားနေတာပါ.။ ဒီမှာ ဒီလောက်ညစ်ပတ်တဲ့ အရူးရဲ့ဂူထဲကို ဝင်သွားတဲ့ လူတိုင်းကြာကြာ မနေနိုင်ကြပါဘူး.။ နှာခေါင်းကို လက်နဲ့ ပိတ်ရင်း “ နံတယ်...နံတယ်...။” လို့ အော်ရင်း ပြေးထွက်လာကြတယ်..။
ဒါနဲ့ပဲ...သူသွား ၊ ကိုယ်သွားနဲ့ အရူးဂူထဲလည်း မြို့ပေါ်မှာ ရှိတဲ့ လူတော်တော်များများ ရောက်ဖူးသွားကြတယ်.။ မောင်ရိုးကလည်း အရူးနေတဲ့ တောင်ပေါ်မြို့လေးက ဆိုတော့ သူလည်း အရူးမြို့ထဲမှာ ပျောက်နေတာကို သတိထားမိတယ်.။ ဒါနဲ့..သူလည်း အရူးနေတဲ့ ကျောက်ဂူထဲမှာ အရူး ဘာဖြစ်နေတာလဲ ဆိုတာ သိရအောင် ဘယ်သူမှ မခေါ်ပဲ တစ်ယောက်တည်း ဝင်သွားတာကို မြို့ပေါ်မှာ ရှိတဲ့ လူတချို့ကတွေ့လိုက်ရတယ်.။
ဒီလိုနဲ့..ခဏလောက်ကြာတော့ ကျောက်ဂူထဲကနေ “ အား...နံတယ်.. နံတယ်..။ ” လို့ ဆိုပြီး အော်သံနဲ့ အတူ လုတစ်ယောက် ပြေးထွက်လာတာကို မြို့ပေါ်မှာ ရှိတဲ့ လူတွေ တွေ့လိုက်ကြရတယ်.။ ဒီတော့ သူတို့ ပြေးထွက်လာတဲ့ သူကို ကြည့်လိုက်တော့ နှာခေါင်းကို လက်နဲ့ ပိတ်ရင်း ပြေးထွက်လာသူက “ အရူး ” ဖြစ်နေတယ်.။
သြော်....မောင်ရိုး ညစ်ပတ်တယ် ဆိုတာ အရူးက နံတယ် အော်.....လောက်အောင်ကို ရေမချိုးတာဗျာ.။
Wednesday, March 16, 2011
မတ်လ ၁၉ ရက်နေ့ တွင် လသည် ကမ္ဘာနှင့်  ၁၉ နှစ်တာ ကာလအတွင်း အနီးဆုံး အကွာသို့ ရောက်ရှိလာမည်။
မတ်လ ၁၉ ရက်နေ့တွင် လသည် ကမ္ဘာနှင့် ၁၉ နှစ်တာ ကာလအတွင်း အနီးဆုံး အကွာအဝေးသို့ ရောက်ရှိလာမည် ဖြစ်ပြီး ထိုကဲ့သို့ ဖြစ်ခြင်းကြောင့် ကမ္ဘာ့မြေ အပေါ်တွင် မကောင်းသော သက်ရောက်မှုများ ရှိနိုင်မည်ဟု ပညာရှင်များက ဆိုကြသည်။
ထိုနေ့၌ ကမ္ဘာ၏ အရန်ဂြိုဟ် ဖြစ်သော လသည် ကမ္ဘာနှင့် အနီးဆုံး အကွာအဝေးဖြစ်သော မိုင် ၂၂၁ ၅၆၇ မိုင်ခန့်သို့ ချဉ်းကပ်လာမည် ဖြစ်ပြီး ၄င်းနှင့် ကမ္ဘာကြား အပြန်အလှန် ဒြပ်ထုဆွဲအားတို့ကြောင့် ဒီရေတက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ခြင်း စသော သဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များက စိုးရိမ်မကင်း ဖြစ်နေကြသည်။
လသည် ကမ္ဘာနှင့် အနီးကပ်ဆုံး၌ တည်ရှိခဲ့ဖူးသော ကာလမှာ ၁၉၉၂ ခုနှစ်က ဖြစ်ပြီး ကမ္ဘာ့သမိုင်းတလျောက် ၁၉၇၄၊ ၁၉၅၅ စသော ခုနှစ်များက ဤကဲ့သို့ ဖြစ်ခဲ့ဖူးပြီးနောက် မြေငလျင်နှင့် မီးတောင်ပေါက်ခြင်း စသော ကပ်ဘေးများ ကြုံတွေ့ခဲ့ရဖူးသည့် သာဓက အခိုင်အမာ ရှိခဲ့ဖူးသလို လွန်ခဲ့သော မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သော ဂျပန် ဆန်ဒိုင်းငလျင်ကြီးသည် ဂျပန်ကျွန်းကို မူလနေရာမှ အရှေ့ဘက်သို့ ၈ ပေခန့်အထိ ရွေ့လျားသွားစေခဲ့သည် အထိ ပြင်းထန်ခဲ့ကာ ၄င်း၏ နောက်ဆက်တွဲ မြေလွှာပြတ်ရွေ့ ငလျင်များ လှုပ်ခတ်လာဖွယ် ရှိသေးသည်ဟု ဂျပန်နိုင်ငံ တီဆူကူးဘားတက္ကသိုလ်မှ ဒုတိယပါမောက္ခမှ သုံးသပ်ပြောဆိုခဲ့သည့်အတွက် ရှိခဲ့ဖူးသောကြောင့် ဤကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ်ကြသည်။
ဂပျန်နိုင်ငံ ငလျင် ကြောင့်  ပျက်စီးမှုများ ၊ဒုက္ခရောက်သူများ
Thursday, March 10, 2011
သူမနဲ့ လမ်းခွဲ နိဂုံး
ကျနော်နှင့် သူမသည် နည်းပညာ ဆိုသည့် အရာကြီးကြောင့် ထိတွေ့ဆက်ဆံကာ နီးစပ်လာခဲ့သည် ။ သူမကို အကြောင်းပြု၍ စီးပွားရေး လုပ်ငန်း တခုထူထောင်ရန် အကြံရသည်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေမှစ၍ အမြဲလိုလို ထိတွေ့ဆက်ဆံမိခဲ့လေသည် ။  သူမကို ယုံကြည်၍ ကျနော့်ဘ၀ အနာဂတ်များ လှပလာတော့မည်ဟု ယုံကြည်ကာ ပေးဆပ်သင့်တာမှန်သမျှကို ပေးဆပ်ပြီး စိတ်ကူးယဉ်ခဲ့သည့် အကြိမ် အရေအတွက်လည်း မနည်းလှပါ  ။ အစ ပထမတွင် သူမ၏ လုပ်ဆောင်ချက်များကြောင့် အကျိုးများစွာ ရှိ၍ ကျနော့်၏ စီးပွားရေး လုပ်ငန်းကို ထပ်မံတိုးချဲ့ရန်ပင် စဉ်းစားမိသေးသည် ။ သို့သော် အနေကြာလာသည်နှင့် အမျှ သူမ၏ မူမမှန်သည့်တုန့်ပြန်မှုများကြောင့် နေ့စဉ်နှင့် အမျှ စိတ်ပျက်နေရသည် ။
 ဒီနေ့လည်း  တနေကုန် ကျနော် ဒေါပွနေကာ တစ်ယောက်တည်း  စကားပြောရင်း မကျေနပ်ချက်များကို ကိုယ့်ဟာကို ရင်ဖွင့်နေမိသည် ။ ဟုတ်သည် .......ကျနော် တော်တော်လေးကို မြတ်နိုးကာ တန်ဖိုးထား၍ ယုယနေပါလျှက် အမြဲသစ္စာ ဖောက်နေသော သူမကို တခါတရံ ခွင့် မလွှတ်နိုင်လောက် အောင်မုန်းတီးနေမိသည်.....။ သို့သော် ကျနော့်၏ အနာဂတ်ဟု သတ်မှတ်ကာ တည်ထောင်ထားသည့် စီးပွားရေး လုပ်ငန်းသည်  သူမနှင့် တိုက်ရိုက်သက်ဆိုင် နေသလို နည်းပညာကို အခြေခံသည့် ရိုးသားသည့် စီးပွားရေး လုပ်ငန်းဟု ခံယူသတ်မှတ်ထား၍ သူမကို  မစွှန့်ပစ်ရဲသည့် ကိုယ့် ဘ၀ကိုဘဲ အမြဲလိုလို  အပြစ်တင်တာ အကျင့်ပါနေမိ၍ သက်ပြင်းသာ တွင်တွင်ချနေမိသည်  ။ အရေးတကြီး ချိန်းဆိုထားမှု များတွင် လေးတိလေးကန်နှင့် သူ့လုပ်ရပ်များကြောင့် မျက်နှာပျက်ရပေါင်းလည်း များလှပြီ....။  
 သူမ၏ လုပ်ရပ်များကြောင့် ကျနော် ဖောက်သည် များကို ရှင်းပြရပေါင်းလည်း များလှပါပြီ.....။ အစ ပထမက သူမအတွက် အမြဲ ကာကွယ် ပြောလေ့ရှိသော်လည်း အကြိမ်ပေါင်းများစွာ ပြဿနာ ရှာနေတတ်သည့် သူမကြောင့် ကျနော် အရှက်ရပေါင်းလည်း များလှ၍ လူအများကို အမြဲတောင်းပန်နေရသည့် ဘ၀ ကို ကျနော် အတော်ပင် စိတ်ပျက်လှပါပြီ  ။  သူမကို လူတော်တော်များများက မကျေနပ်ကြ ။ စိတ်တို၍ အော်ဟစ်သံများ အမြဲလိုလို စိတ်မချမ်းမသာဖွယ်ရာ ကြားသိရတဲ့ ကျနော် သူမ အတွက် တခုခု လုပ်မှ ရမည်ကို အမြဲလိုလို စဉ်းစားမိသော်လည်း လက်တွေ့ အကောင်အထည် ဖော် မဆောင်ရွက်နိုင်သေးချေ ။
 အမည် အမျိုးမျိုး ပြောင်းလဲ၍    ခေတ်မှီ  နည်းပညာ အသစ်အဆန်း ဆိုသည့် စကားကို ပါးစပ်ဖျားက ရေလည်သုံးလျှက် သူမသည် ကျနော့်ထံမှ ငွေကြေးများ လိမ်လည် တောာင်းရမ်းနေသည်ဟု တွေးမိသော်လည်း မယုံတ၀က် ယုံတ၀က်ဖြင့် ပေးဆပ်ခဲ့ပေါင်း မနည်းလှချေ ။
 ထိုက်တန်သည့် ပေးဆပ်မှု တခု ပြုလုပ်နိုင်လျှင်  ညီမျှသည့် အကျိုးအမြတ်တော့ ရနိုင်သည်ဟု ထင်ထားကာ ကျနော့် သူ့အတွက် ငွေကြေးများစွာ အကုန်ကျခံခဲ့ကာ ဘ၀ တခုလုံးကို ပုံအပ်၍  လစဉ် ကျနော့်ဝင်ငွေများမှ သူ့အတွက် ပေးဆပ်ခဲ့သော်လည်း  သူမဘက်က သဘောထားက မပြောင်းလဲသွားပါ..........။ အပြောင်းအလဲများ မြန်ဆန်လွန်းသည့် ဒီနေ့ ခေတ်ကမ္ဘာတွင်  မပြောင်းလဲတာဆို၍ သူမ၏  တုန့်နှေးသည့် အသွင်သဏ္ဍန်နှင့် စိတ်ပျက်ဖွယ် မူယာမာယာ များသည့် အကျင့်ဆိုးများဟု ပင် တခါတလေ ထင်မိတော့သည် ။ သူမသာ မဟုတ် အုပ်ထိန်းသူမိဘများသည်လည်း ထိုနည်း လမ်းကောင်း သိပ်တော့ မထူးခြားလှ ။ သူမနှင့် ပက်သက်သည့် အတွက် လစဉ် သူတို့ကို ပေးဆပ်နေသည်ကို သိနေပါလျှက် နှင့် မျက်နှာလွှဲ ခဲပစ်နိုင်လွန်းလှသည် ။ လစဉ် ပုံမှန်ငွေ မပေးနိုင်လျှင် သူမနှင့် အဆက်အသွယ် ဖြတ်ဖို့ အမြဲကြိုးစား လုပ်ဆောင်နေသော်လည်း သူမနှင့် ပက်သက်သည့် ကိစ္စများ အတွက် အကူအညီတောင်းလျှင်  ခေါင်းရှောင် နိုင်လွန်းလှသည် ။ မရမက အတင်းမေ၍ အဖြေ ပေးပြန်လျှင်လည်း မရေရာသည့် အဖြေများ ၊ မတိကျသည့် လမ်းညွှန်ချက်များသာရရှိလေ့ ရှိသလို အထပ်ထပ်မေးမိပြန်လျှင်  ဆူပူ ကြိမ်းမောင်ကာ မြည်တွန် တောက်တီးခြင်းကို  အမြဲလိုလို ခံရလေ့ ရှိသည် ။
 သေချာ ပြန်တွေးလိုက်တော့လည်း သူမကို အပြစ်တင်မိသော်လည်း  ကျနော့်အနေနှင့် သူမနှင့် မခွဲနိုင် မခွာရက် ဖြစ်မိသည့် အတွက် ဒေါသလျှော့ကာ ပြန်လည် သုံးသပ်ဖို့  ဆုံးဖြတ်၍ စားပွဲခုံတွင် ၀င်ထိုင်လိုက်ကာ သေချာ စဉ်းစားမိသည် ။  သူမ၏ ဖောက်ပြန်မှု အတွက် ကျနော် ဒုက္ခရောက်ကာ အရှက်ကွဲပေါင်းများလည်း များလှပြီ  ။ ချိန်းဆိုမှု ပျက်ကွက်သည့် အတွက် လူတချို့၏  ပြစ်တင်ဝေဖန်မှုများလည်း ခံရပေါင်းများလှတဲ့ အတွက် တခုခု ဆုံးဖြတ်ချက် ချမှ ရတော့မည် ။
ကိုယ့်ဘက်က အမြဲလိုလို ပေးဆပ်နေပါလျှက် သူမဘက်က ပျက်ကွက်မှု များကြာင့် ကျနော် ဆုံးဖြတ်ချက်မှာ သူမနဲ့ လမ်းခွဲဖို့ ကြဖို့သာ ရှိတော့သည် ။  သူမနဲ့တိုက်ရိုက်ဆက်သွယ်လျှင် ဝေ့လည်ကြောင်ပတ်နှင့် လေးတိလေးကန် သူ့လုပ်ရပ်များကြောင့် စိတ်ကူးပြောင်းလဲမည်ဆိုး၍ သူမအုပ်ထိန်းသူများနှင့် တိုက်ရိုက် ပြောကြားမှ ဖြစ်မည်ဟု ဆိုကာ..........ချက်ချင်း ဖုန်းဆက်၍  ...............
လူကြီးမင်းများ ခင်ဗျာ...........ကျနော့်အိမ်တွင် တပ်ဆင်ထားသော အင်တာနက် ကို ဒီနေ့မှ စ၍ အသုံး မပြုတော့လိုပါ၍ ရပ်နားလိုကြောင်း သတင်းပေးပို့ပါသည် ဆိုသည့် အချက်ကို  အားရပါးရ ပြောကာ  ကွန်ပျူတာမှာ တပ်ဆင်ထားသည့် အလွန်မှပင် မူယာမာယာများသည့် မင်းသမီးတဦးနှင့် တူလှသည့် သူမဆိုသည့် အင်တာနက် လိုင်း ကြိုးကို ဆွဲဖြုတ်လိုက်၍  ထာဝရ လမ်းခွဲလိုက်ပါတော့သည်.......။
ဗမာသွေး
Tuesday, February 22, 2011
ှSimple fact inn life
နတ်သမီးလေး တစ်ပါးကပြောတတယ် အနာဂတ်ဆီက အချေးအငှားမလုပ်ပါနဲ့ .. မနက်ဖြန် ဘာဖြစ်မလဲလို့ ကြိုတွေး ပူပန်နေပြီး ဖြစ်မလာခဲ့ရင် .. သင့်ရဲ့ ကြိုတင် ပူပန်မှုက အလကားပဲ ။ တကယ်ဖြစ်လာခဲ့ရင်လဲ သင်က နှစ်ခါ စိုးရိမ်ရသလို ဖြစ်နေမယ် တဲ့ .."
သင့်အတွက် နေတတ်ရင် ကျေနပ်စရာကောင်းတဲ့ ဘ၀ရဲ့ ဖြေသာစရာ အချက်လေးတွေ ရှာကြည့်ကြရအောင် ..
> ဘုရားဝတ်ပြု၊ ဆုတောင်းခြင်း မပျက်မကွက် ပြုလုပ်ပါ။
> အချိန်မှန် အိပ်ယာဝင်ပါ။ အချိန်မှန် ထပါ။ ဒါမှ နေ့တစ်နေ့ရဲ့အစကို အလျင်စလို ကျော်ဖြတ်ရခြင်းမှ ကင်းဝေးမယ်။
> သင့်ရဲ့ စွမ်းဆောင်နိုင်မှု ဘောင်က ကျော်လွန်နေတဲ့ အလုပ်တွေကို "NO" လို့ ပြတ်ပြတ်သားသား ပြောတတ်ပါစေ။ မဟုတ်ရင် အဲ့ဒီအရာက သင့်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်။
> သင့်ဘ၀ကို တတ်နိုင်သမျှ ရိုးရိုး ရှင်းရှင်းလေး နေထိုင်ဖြတ်သန်းကြည့်ပါ။
> နည်းနည်းလေးပဲ ပိုင်ဆိုင်တာ အများကြီး ပိုင်ဆိုင်ထားသလိုပါပဲ ။ ( တခါတလေ တစ်ခုတည်းနဲ့ မလုံလောက် သလိုဖြစ်နေတတ်ပေမဲ့ နှစ်ခု ဖြစ်သွားရင်လဲ သင့်အတွက် အများကြီး အပိုဖြစ်သွားနိုင်လို့ပါ)
> သင်လုပ်ချင်တဲ့ အရာလေးတွေလုပ်ဖို့နဲ့ သွားချင်တဲ့နေရာလေးတွေ သွားကြည့်ဖို့ အချိန်ပိုကလေး အနည်းငယ်ထားပါ။
> သင့်ရဲ့ အရည်အချင်းကို အမြဲ မြှင့်တင်ပါ။ အပြောင်းအလဲတွေကို ကြိုးစားကြည့်ပြီး ခက်ခဲတဲ့ စီမံကိန်းတွေကို ခေါင်းအေးအေးနဲ့ စနစ်တကျ လုပ်ဆောင်ကြည့်ပါ။ ခက်ခဲတဲ့အရာတွေကို တပြိုင်နက်တည်း 
   လုပ်တတ်တာမျိုးကို ရှောင်ပါ။
> တခါတလေ တစ်ရက်လုံး စိတ်လွတ်လက်လွတ် အနားယူပါ။
> စိတ်ပူပန်ခြင်းနဲ့ သောကတွေကို ခြားနားမြင်ကြည့်ပါ။ အခြေအနေတစ်ခုက စိတ်ပူပန်ရတဲ့ အနေအထား တစ်ခုဖြစ်လာပြီဆိုရင် သင် အကောင်းဆုံး ဘာလုပ်နိုင်မလဲဆိုတာပဲ စဉ်းစားပြီး တတ်နိုင်သလောက်
   သောက တွေကို လျှော့ချလိုက်ပါ။ ဘာမှ မလုပ်နိုင်တော့ဘူး ဆိုရင်လဲ စိတ်ပူမနေနဲ့ .. အဲ့ဒီအကြောင်းကို မေ့လိုက်ပါ။
> သင်တတ်နိုင်တဲ့ ငွေကြေးပမာဏအတွင်းမှာပဲ လောက်ငှအောင် သုံးစွဲနေထိုင်ပါ။ သာမန် အသုံးစရိတ်လေး များအတွက် မလိုအပ်ပဲ Credit Card သုံးစွဲခြင်းကို ရှောင်ပါ။
> အမြဲတမ်း Backups တွေ ထားပါ။ အထူးသဖြင့် အိမ်သော့၊ ကားသော့ .. စသဖြင့် အရေးကြီးတဲ့ အရာတွေကို အပိုတစ်ခု အမြဲ ဆောင်ထားတတ်တာမျိုးပေါ့။
> K.M.S (Keep Mouth Shut) .. တတ်နိုင်သမျှ ဆိတ်ဆိတ်နေပါ။ ဒီ သေးငယ်လှတဲ့ အကြံကောင်းလေး တစ်ခုကတင် သင့်ဘ၀ကို အများကြီး ကယ်တင်နိုင်တယ်။
> တစ်ခုခုအတွက် တန်းစီစောင့်ရတဲ့ အချိန်မျိုးမှာ စာဖတ်ခြင်း အလေ့အထကို မွေးမြူပါ။ ( သင့်အာရုံတွေ တခြားမှာ မရှိတော့ အကုသိုလ် ကင်းတာပေါ့)။
> ပြည့်ပြည့်၀၀ အနားယူပါ။
> သင့်တင့်မျှတတဲ့ အစားအစာကို အချိန်မှန်မှန်စားပါ။
> အသုံးအဆောင် ပစ္စည်းများကို စနစ်တကျ ထားသို သိမ်းဆည်းတတ်ပါစေ။ သူ့နေရာနဲ့ သူရှိနေတဲ့ အရာ တွေကြောင့် လိုအပ်တဲ့ အချိန်မှာ ကိုယ် အလွယ်တကူ ရယူနိုင်သလို စိတ်ရှုပ်ရခြင်းမှ  
    ကင်းဝေးနိုင်မယ်။
> သင့်ရဲ့ အတွေးတွေနဲ့ သင့်ကို စိတ်ဓါတ်မြှင့်တင်ပေးနိုင်တဲ့ စာသားတွေကို ချရေးကြည့်ပါ။ အဲ့ဒါတွေဟာ တခါတလေ သင့်အတွက် ခွန်အားတွေပါပဲ။
> နေ့တိုင်း ကိုယ် တစ်ယောက်တည်း သီးသန့်နေနိုင်တဲ့ အချိန်လေးတစ်ခု ရှာပြီး နေကြည့်ပါ။
> ပြဿနာရှိခဲ့ရင် အခြေအနေတွေ ပိုရှုပ်ထွေးမလာခင်မှာ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။
> ရယ်မောပါ။ ရံဖန်ရံခါ အားရပါးရ ရယ်မောပါ။
> အလုပ်ကို စိတ်ဝင်တစား ကျိုးကျိုးနွံနွံ ဆောင်ရွက်ပါ။ ဒါပေမဲ့ အဲ့ဒီတစ်ခုတည်းအတွက် သင့်ဘ၀ ဖြစ်မသွားပါစေနဲ့။
> ခွင့်လွှတ်တတ်တဲ့ စိတ်ထားလေး မွေးမြူကြည့်ပါ။
> ကိုယ့်အပေါ် မကောင်းတဲ့ သူတွေကို စေတနာမပျက် ကြင်နာပါ။ ( အဲ့ဒီလိုလူမျိုးတွေက မေတ္တာငတ်ရှာပြီး သင့်ရဲ့ စေတနာတွေ၊ စာနာထောက်ထားမှုတွေကို ပိုလိုအပ်တဲ့သူတွေ မို့လို့ပါ)
> ကိုယ့်ရဲ့ အတ္တတွေကို ပြန်သုံးသပ်ပါ။ မလိုအပ်ရင် လျှော့ချပါ။
> စကား နည်းနည်းပြောပြီး များများနားထောင်ပါ။
> သင်ဟာ တလောကလုံးအတွက် ကြီးကျယ်မြင့်မြတ်လှတဲ့ စီမံခန့်ခွဲသူတစ်ယောက်မဟုတ်ဘူး ဆိုတာ ကိုယ့်ကိုကိုယ် အမြဲသတိပေးပါ။ (သင်မရှိလဲ သူတို့ ရပ်တည်နေနိုင်တယ်)
> ညတိုင်း အိပ်ယာမ၀င်ခင် ကျေးဇူးတင်ထိုက်တဲ့အရာတွေနဲ့ ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို သတိတရ ကျေးဇူးတင်တတ်တဲ့ အကျင့်ကောင်းလေးတစ်ခု လုပ်ပါ။
ပြောတယ် ။ "အနာ
မမ အတွက်
ကျွန်တော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။
အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့
ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။ မမနဲ့
နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့
ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ်
မိုးတွင်းတုန်းက မမစီးတဲ့ကား ကျွန်တော့်အနားက ဖြတ်သွားတုန်း ပုဆိုးကို
ဗွက်စင်သွားတာပဲ ရှိပါသေးတယ် မမရယ်။
နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။
ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့
သွားလေးတွေကို မြင်ယောင်တယ်။ ကျောင်းကားဆရာ ဦးလေးကြီး ကွမ်းချိုးတက်နေတဲ့
သွားတွေနဲ့ ပြုံးပြတိုင်း မမရဲ့ သွားလေးတွေ ဒီလိုမဟုတ်ပါလား
လို့မြင်ယောင်ပြန်တယ်။ မမဟာ ကျွန်တော့်ရင်ထဲ အမြဲရှိပါတယ်။ ဒီနေ့
ကြက်သားအာလူး ချက်တာတောင် မမအတွက်ဆိုပြီး ကျွန်တော် အာလူးတစ်လုံး
ချန်ထားမိတယ်...
မမနဲ့ နီးဖို့ ကျွန်တော် အဆင့်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်အောင်၊ သူငယ်ချင်းတွေရဲ့ ရွာကို
လိုက်လည်တိုင်း ထန်းပင်တက် သင်နေပါတယ် မမ။ တကယ်တော့ ဟိုး မိုးပေါ်
လေယဉ်ပျံထဲက ခြေသုတ်ဖုံလို မမရဲ့ ဘဝဟာ မဟာအဝီစိ ငရဲ အောက်ဆုံးမှာ ဒေဝဒတ်
ဖင်ခုထိုင်တဲ့ ခွေးခြေခုံလို ကျွန်တော့် ဘဝက လက်လှမ်း မမီနိုင်အောင်
မြင့်မားလှပါတယ်ဗျာ။ စွဲလန်း တတ်လိုက်ပုံများ မမကို လွမ်းလို့
ကိုရီးယားကား မကြည့်ဖြစ်တာတောင် သုံးရက်ရှိပြီပေါ့။
အိပ်မက်တွေများ ဆန်းလိုက်တာ။ ညက ကျွန်တော် နဲ့ မမနဲ့ လူတစ်အုပ်နဲ့ ကုလားကားထဲကလို ကကြတယ်တဲ့။
မမ ဆာရီများ လေထဲ လွင့်နေလိုက်တာ လွှားခနဲ လွှားခနဲပဲ။ မမနဲ့ ကျွန်တော် နှစ်ယောက်တည်း
(လူအုပ်က ဘယ်ပျောက်သွားတယ်မသိ) သစ်ပင် တစ်ပင်ကို ဝိုင်းကြီး ပတ်ပတ်
လုပ်နေတုန်း အိပ်မက်က လန့်နိုးသွားတော့ နံရံမှာ ကပ်ထားတဲ့ ပိုစတာထဲက
သက်မွန်မြင့်က မျက်စေ့မှိတ်ပြတယ်။ မမကို သတိရရတဲ့အထဲ သက်မွန်မြင့်က
တမှောင့်။ ခက်ပါတယ်။
မမကို လွမ်းလွန်းလို့ ထမင်းမစားနိုင်တာနဲ့ ဒံပေါက်ချည်း ဝယ်စားနေရတာ နှစ်ရက်တောင် ရှိပြီ။
ညဖက်ဆိုလည်း မအိပ်နိုင်လို့ မနက်မိုးလင်းမှပဲ တစ်နေကုန် အိပ်နေရတယ်။
လွမ်းလွန်းလို့ မယ်ဒလင်တီးတော့လည်း ဘေးအိမ်က အလိုက်ကန်းဆိုး မသိတဲ့ လူက၊
သူ့အဖွား နေမကောင်းလို့ မတီးပါနဲ့တဲ့။ ဒီနေ့လည်း လွမ်းလွမ်းရှိတာနဲ့
ခိုတွေကို ဆန်ကျွေးပြီး လေးခွနဲ့ ပစ်နေမိတယ်။ မမနဲ့ တွေ့မှ ကြော်စားဖို့
ကြောင်အိမ်ထဲ ထည့်သိမ်းထားတယ်။
မမရယ်၊ ကျွန်တော်ရယ်၊ မုန်လာဥရယ်။ သောင်ပြင်မှာ လွှတ်တဲ့ ရွှေဟင်္သာလို ဖတ်လတ် ဖတ်လတ်နဲ့။
လက်ဆေးရေ တစ်ပုံးတည်းနဲ့ ရောင်းတဲ့ ဝက်သားတုတ်ထိုး အထမ်းသည်လို အနာဂတ်တွေ
အရသာပိုကောင်းခဲ့ကြတယ် ။ ဆီးရောဂါ ဖြစ်နေတဲ့ ဆောင်းတွင်းလို ကျွန်တော်တို့
ကြားမယ် နှင်းတောင် မကျနိုင်ခဲ့ဘူး ဆိုတော့လည်း... နှလုံးသား ဆိုတာများ
ကျောပိုးအိတ်လေးထဲမှာ ရှိခဲ့ရင် ဒီဖက်ကို ကမ်းပေးကြည့်ပါ မမရေ။
ဂျင်ပေါက်သလို တစ်ယောက်ယောက် စည်းဝိုင်းအပြင်ထွက်မှ ပွဲက သိမ်းကြမှာလား မမ။
နှလုံးသားလည်း မောလွန်းလို့ မိုးတွင်းစီး ရာဘာ ဖိနပ်လို ဇွိဇွိ ဇွိဇွိနဲ့။ တရုပ်ပြည်တွင် လုပ်သည်လို့
တံဆိပ်မကပ်ထားပေမဲ့ အစစ်လို့ မကြေညာနိုင်ကြတဲ့ အချစ်တွေ။ ဇာတ်ထဲက မယ်သီတာ့
သမင်တွေလို မမအနားမှာ ယောင်လည်လည် လုပ်နေကြတဲ့ လူလည်ကြီး သားသမီးတွေ
အတွက်၊ ပေါ့လျော့တဲ့ လက္ခဏနဲ့ အတူ၊ ရာမရဲ့ မြားတွေလည်း အပေါင်ဆိုင်
ရောက်ခဲ့ပြန်ပေါ့။
မနေ့က မမကို သတိရနေရင်း ရေခဲချောင်း ဝယ်စားတော့ မမအတွက် ရည်စူးပြီး တစ်ချောင်း ပိုဝယ်လိုက်ပြီးမှ
မမ အနားမရှိနိုင်မှန်း သတိရတယ်။ နှစ်ချောင်းကို တစ်လှည့်စီ လျက်ရင်းနဲ့
မမအတွက် တစ်ချောင်းက အရည်ပျော်ပြီး ပြုတ်ကျသွားတယ်။ မြန်မာကားထဲမယ်
ဓါတ်ပုံပြုတ်ကျပြီး မှန်ကွဲသလိုပဲ နိမိတ် မကောင်းလိုက်တာ။ ကျွန်တော့်ရဲ့
အချစ်အတွက် သက်မဲ့ ရေခဲချောင်းလေးတောင် စတေးရရှာတယ်။ နောက် ကြုံမှ
ကျွန်တော့်ကို တစ်ချောင်း ပြန်ဝယ်ကျွေးပါ မမ။
ကျွဲရှေ့ ကန်သင်းရိုးပေါ် တက်ပြီး ဘရိတ်ဒန့်စ် ကပြတဲ့ သာဂိလိုပဲ ကျွန်တော့် အချစ်တွေက အရာ မထင်ခဲ့ပါဘူး။
တခါတလေ မမနဲ့ ကျွန်တော်သာ ရိုးသားတဲ့ တောသူတောင်သားတွေဆို အတော်
ပျော်ဖို့ကောင်းမယ်လို့ တွေးမိတယ်။ မမ ရေခပ်ဆင်းရင် ပြီတီတီ အကြည့်နဲ့
(ရေ) အိုး ပင့်ပေးတာတို့၊ ကောက်ရိုးပုံ ရိုးမန့်စ်တို့။ မမဝယ်စားတဲ့
ပီဇာဆိုတာ မရှိပေမဲ့ မနက်တိုင်း ဘိန်းမုန့်စားနိုင်မယ်။ အနည်းဆုံးတော့
ကျီးမနိုးပွဲမှာ မမထဘီ ခိုးပြီး အမှတ်တရ သိမ်းထားလို့ ရတာပေါ့ဗျာ။
အာခိမိဒိက ပြောတယ်။ သူမတ်တပ် ရပ်စရာ တစ်နေရာသာ ပေးပါ။ ကမ္ဘာကို သူရွှေ့ပြပါ့မယ်တဲ့။ ကျွန်တော့်ကို မမရဲ့
အချစ်တွေသာ ပေးပါ။ အာခိမိဒိကို ကျွန်တော် ရွှေ့ပြပါ့မယ်။ အခုများတော့ဖြင့်
မမရဲ့ စိမ်းကားမှုအပေါင်းနဲ့ချည်း ခညောင်းနေလို့၊ မိုးအေးအေးမယ်
ရေဒီယိုဖွင့်တုန်း၊ မောင့်အချစ် မြားစူး... မောင့်အချစ်မြားစူး...
ရူးရပြီကောလေ... ဆိုတဲ့ စိုးစန္ဒာ...ထွန်း အသံကြီး စည်ကနဲ ထွက်လာတော့
ခံစားရလွန်းလို့ ကျွန်တော့်မှာ မျက်ရည်တောင် ဘူးသီးလုံးလောက် ကျနေရပြီ မမရေ ......:))
Thursday, February 10, 2011
သင်ကစပြီးပြောင်းလဲ့ ပါ။ ( Who will be the first to help ?)
                        “သင်ကစပြီပြောင်းလဲ့ ပါ”
တနေ့မှာ ဘုရင်တပါးက သူ့ အစေအပါးတွေကို ခေါ်ပြီး ရေကန်တစ်ခု တူးကြဖို့ အမိန့်တော်ချမှတ်တယ် ။
ရေကန်တူးပြီးပြီးချင်းနေ့မှာပဲ ဘုရင်က "တစ်ယောက်ကို နွားနို့တခွက်စီ ယူလာပြီး ဒီနေ့ည ဒီကန်ထဲကို ဖြည့်ထားကြရမယ်" လို့ အားလုံးကို ထပ်အမိန့်တော် ချမှတ်တယ် ။
အဲ့ဒီလို ဘုရင့်အမိန့်တော်ရတော့ အားလုံးက ကိုယ့်အိမ်ကိုယ်ပြန်ပြီး နွားနို့အတွက် ပြင်ဆင်ရတော့တာပေါ့ ။ အဲ့ဒီအချိန်မှာ တစ်ယောက်က ဒီလို စဉ်းစားတယ် .. "အင်း .. အားလုံးက နွားနို့တစ်ခွက်စီယူလာပြီး ဖြည့်ကြမှာပဲ ။ ငါ မယူသွားလို့လဲ ဘာမှမဖြစ်လောက်ပါဘူး ။ ညမှောင်မှောင်ထဲ ဘယ်သူမှလဲ မသိလောက် ပါဘူးလေ" ။ အဲ့လို တွေးပြီး သူက ရေတဖန်ခွက်ယူသွားပြီး ဖြည့်ထားလိုက်တယ် ။
နောက်တနေ့ မနက် ဘုရင်ကြွလာပြီး ကန်ကို စစ်ဆေးတော့ အံ့အားသင့်သွားတယ် ။ ကန်ထဲမှာ ရေတွေအပြည့်နဲ့ ။
လူတွေအားလုံးက တခြားတစ်ယောက်ရဲ့ အတွေးတွေလိုပဲ "ငါ မလုပ်လဲ လုပ်မဲ့သူရှိနေတာပဲလေ" ဆိုတဲ့ ထင်မြင်ယူဆချက်တွေနဲ့ ။
မိတ်ဆွေ .. မရှိဆင်းရဲ နွမ်းပါးသူတွေကို ကူညီဖို့ ဆောင်ရွက်ကြတဲ့အခါ "ငါ မလုပ်လဲ တခြားသူတွေ ရှိနေတာပဲ" လို့ ဘယ်တော့မှ လွယ်လွယ်ကူကူ မတွေးလိုက်ပါနဲ့ ။ အဲ့ဒီလို ထင်မြင်ယူဆချက်အစား သင်က စပြီး ဦးဆောင်လမ်းပြကူညီပါ ။ ပုံပြင်ထဲကလို ကိုယ်တွေးတဲ့အတိုင်း အားလုံးတွေးနေကြရင် လောကကောင်းကျိုးအတွက် ဘယ်သူမှ ဘာမှ အပြောင်းအလဲ လုပ်ဖြစ်တော့မှာ မဟုတ်လို့ပါ ။။
Cinderella
10th February, 2011
Sunday, February 6, 2011
ကြွက် ကလေးနှစ်ကောင်ရဲ့  ချစ်ပုံပြင်
ကြွက်ကလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်
ရာသီဥတုက အအေးလွန်ကဲနေခဲ့တယ်။ ရိတ်သိမ်းချိန်ကျော်လွန်ခဲ့လို့ လယ်ကွင်းတွေမှာ အစာတွေရှားစပြုလာတယ်။ ဆောင်းဦးရာသီမှာ တွင်းထဲစုဆောင်းခဲ့တဲ့အစာတွေကလည်း လယ်သမားတွေရဲ့ ထွန်တုံးအောက်မှာ ပျက်စီးသွားခဲ့ရတယ်။
နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲ?
အိပ်မောကျနေတဲ့ ဇနီးသည်ရဲ့ တစ်နေ့တခြားကြီးလာတဲ့ ဗိုက်ကိုကြည့်ရင်း ကျွန်တော်စိတ်ညစ်နေခဲ့မိတယ်။ မကြာခင် ကျွန်တော်အဖေဖြစ်တော့မယ်။ ယောက်ျားတစ်ယောက်ရဲ့တာဝန်ကို လုံးလုံးလျားလျား ထမ်းဆောင်ရတော့မယ်။ ခုတော့... အိမ်ထဲမှာ စားစရာတစ်စက်မှ ရှိမနေခဲ့ဘူး။ မြက်ပင်တွေစားပြီး ကျွန်တော်နေလို့ရပေမယ့် ဇနီးကို အဆာခံလို့မဖြစ်ဘူး။ အထူးသဖြင့် သူ့ဗိုက်ထဲက ကျွန်တော်တို့ရဲ့သားကို အငတ်ခံလို့မဖြစ်ဘူး။
အဲဒီတုန်းက သူ့ကိုကျွန်တော်ယူမယ်ဆိုတော့ ဆင်းရဲတဲ့ကျွန်တော့်ကို သူ့မေမေက သဘောမတူခဲ့ဘူး။
"ကျွန်တော်အသက်ရှင်နေသရွေ့ ခင်ဗျားသမီးကို အငတ်မခံစေရဘူး"လို့ ကျွန်တော်ဂတိပြုမှ ယောက္ခမက သမီးကို ပေးရဲခဲ့တယ်။ အဲဒီနေ့ကစ ကျွန်တော်ဟာ ကမ္ဘာပေါ်က အပျော်ဆုံးကြွက်တစ်ကောင် ဖြစ်ခဲ့တယ်။ သူ့အတွက် ကျွန်တော်အရာရာပေးဆပ်ခဲ့တယ်။ သူ့ကိုတစ်ချက်မှ စိတ်ညစ်မခံစေခဲ့ဘူး။ သူ့ကို ကမ္ဘာပေါ်က ဒုတိယအပျော်ဆုံးကြွက်တစ်ကောင်ဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။ သူ့ကိုချစ်တဲ့ ကျွန်တော်ရဲ့အချစ်က ကျွန်တော့်ကိုယ်ကျွန်တော်ချစ်တာထက် ပိုများခဲ့တယ်။
သူ့အတွက်ဆိုရင် သူ့လက်သည်းထဲက အညစ်အကြေးတွေကို ကျွန်တော့်သွားနဲ့ ညင်ညင်သာသာ ကိုက်ထုတ်ပေးဖို့ ကျွန်တော်ဝန်မလေးခဲ့ဘူး။ ရွာသူကြီးရဲ့သမီးနောက်ကနေ သူကြိုက်တဲ့နေကြာစေ့တွေ လိုက်ကောက်ပေးဖို့ ကျွန်တော်မကြောက်ခဲ့ဘူး။ သူ့အတွက် သီချင်းတိုးတိုးလေးညည်းရင်း အိပ်ပျော်သွားတဲ့ သူ့ကိုကြည့်ပြီး တစ်ညလုံးမအိပ်ဘဲလည်း ကျွန်တော်နေနိုင်ခဲ့တယ်။
သူ့ကို အဲဒီလောက်တောင် ကျွန်တော်ချစ်တယ်။
လင်းလက်တဲ့ သူ့မျက်လုံးလေးကိုချစ်တယ်။
ချွန်မြမြ သူ့ပါးစပ်လေးကို ချစ်တယ်။
နူးနူးညံ့ညံ့ သူ့နှာခေါင်းလေးကို ချစ်တယ်။
အညိုရောင် သူ့အသားအရေကိုချစ်တယ်။
ဒါပေမယ့်.... ဒါပေမယ့်.... အခုတော့ သူ့အတွက် မနက်ဖြန်မနက်စာကို ကျွန်တော်မပြင်ဆင်ပေးနိုင်ခဲ့ဘူး။ သူ့ကိုကျွန်တော်ချစ်တယ်။ ဒါပေမယ့် မနက်ဖြန်အစာ ဘယ်မှာရှာလို့ရနိုင်မယ်ဆိုတာကို ကျွန်တော်မသိခဲ့ဘူး။
ကျွန်တော် အစာထပ်သွားရှာကြည့်မယ်။ ဆောင်းဦးက ရိတ်သိမ်းခဲ့တဲ့ စပါးအကြွင်းအကျန် တစ်စေ့တလေလေးတော့ ရွံ့ဗွက်တွေထဲမှာ ရှိကောင်းပါရဲ့။ (၁ဝ)ခေါက်ကျော် ကျွန်တော်ရှာခဲ့ပေမယ့်၊ လက်သည်းတွေ သွေးထွက်တဲ့အထိ ကျွန်တော်တူးဆွ ရှာဖွေခဲ့ပေမယ့် လက်ဗလာနဲ့ပဲ အိမ်ပြန်ခဲ့ရတယ်။
အစ်ကို၊ အစ်မတွေဆီ သွားတောင်းကြည့်ပါဦးမယ်။ မရီးက ခါတိုင်းလိုကျွန်တော့်ကို မဆဲမဆိုဘဲ ကိုယ်ချင်းစာစာနဲ့ အစာတချို့ပေးမယ်ထင်ပါရဲ့။ သူ့အတွက်နဲ့ ရှေ့မျက်နှာနောက်ထားပြီး (၇)ခေါက်လောက် ကျွန်တော်သွားတောင်းခဲ့ပေမယ့် သွားတောင်းတိုင်း မရီးရဲ့ အဆူအဆဲကိုပဲ ခံခဲ့ရတယ်။
ရွာထဲက အိမ်ကြွက်တချို့ဆီ ကျွန်တော်သွားတောင်းကြည့်ပါဦးမယ်။ သွားတောင်းတိုင်း ကျွန်တော် အထုအထောင်းခံခဲ့ရပေမယ့်၊ သွားတောင်းတိုင်း လယ်ကြွက်လုပ်ပြီး အိမ်ကြွက်ဆီမှာ လာတောင်းစားရသလားလို့ အပြောခံခဲ့ရပေမယ့် သူ့အတွက်နဲ့ ဒီလိုအထုအထောင်း၊ အဆဲအဆိုကို ကျွန်တော် မမူခဲ့ဘူး။
လက်ဗလာနဲ့ အိမ်ကိုကျွန်တော်ပြန်ရောက်လာတယ်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူ့ကိုကြည့်ပြီး ဒီနေ့တစ်နေ့လုံး သူဘာမှမစားရသေးဘူးဆိုတာကို ကျွန်တော်သိတယ်။ ကျွန်တော်အသဲတွေ ဓားနဲ့မွှန်ထားသလိုပါပဲ။ ကျွန်တော်လည်း အစာမစားရတာ သုံးရက်ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်က ယောက်ျားပါ။ သူ့ကို အဆာခံထားလို့တော့ မဖြစ်ဘူး။ ဒါပေမယ့် အစာလေးတစ်စက်ရဖို့ ကျွန်တော်မစွမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်တော်ငိုချင်လာတယ်။ ဒါပေမယ့် မျက်ရည်တွေ ထွက်ကျမလာခဲ့ဘူး။ ကျွန်တော်ဟာ အိမ်ဦးနတ်ပါ။ သူ့ကိုဘယ်လိုအန္တရာယ်၊ ဘယ်လိုဒုက္ခနဲ့ ဘယ်တော့မှ မခံစေရဘူးလို့ ကျွန်တော်ဂတိပေးထားတယ်။ ငိုဖို့ကျွန်တော်မေ့သွားပြန်တယ်။ အိမ်အပြင်ကို ကျွန်တော်ထွက်လိုက်ပြန်တယ်။ ဆောင်းလေးအေးအေးတွေက ငတ်မွတ်နေတဲ့ ကျွန်တော်ခံစားချက်ကို တိုက်ထုတ်နိုင်လိမ့်မယ် ထင်ပါရဲ့.....
"ကြွက်ကလေး.. ကြွက်ကလေးရေ... ဒီနေ့တစ်နေ့လုံး နင့်ကိုငါကြည့်နေတယ်။ နင်ဘာဖြစ်နေလဲ? ဆာလွန်းလို့ နင်တုန်နေတာလား?"
ကျွန်တော့်ကို လူတွေမေ့နေကြပြီလို့ ကျွန်တော်ထင်ခဲ့တယ်။ ခုတော့ ကျွန်တော်ကို မှတ်မိတဲ့သူ ရှိနေသေးတဲ့အတွက် ဝမ်းသာမိပါတယ်။ အသံလာရာဆီ ကျွန်တော် ခေါင်းမော့ကြည့်လိုက်တော့ ခိုအစ်မကြီးကို တွေ့တယ်။
"ခိုအစ်မရေ... စားစရာတွေကို ကျွန်တော်ရှာမတွေ့လို့ပါ"
"မြို့ထဲသွားပါလား! မြို့ထဲမှာ စားစရာတွေပေါတယ်။ တောင်ဖက်တည့်တည့်သွားရင် မြို့ရောက်ပြီ" ခိုက ပြောပြောဆိုဆို ထပျံသွားတယ်။
မြို့ထဲ! ဒီရွာမှာ ကျွန်တော့်အဘိုးတစ်ယောက်ပဲ မြို့သွားဖူးတယ်။ မြို့ပေါ်မှာ စားလို့ကောင်းတဲ့အစာတွေ နေရာတိုင်းမှာရှိကြောင်း ကျွန်တော်ငယ်ငယ်က အဘိုးမဆုံးခင် ပြောပြခဲ့ဖူးတယ်။ မြို့မှာ ကောင်းကင်ပေါ်က တိမ်တွေဟာ ချိုသတဲ့။ မြေကြီးပေါ်က ကျောက်ခဲတွေဟာ ချောကလက်တွေတဲ့....
အင်း... မြို့ထဲသွားမယ်။ ဒီလိုတွေးနေရင်း ကျွန်တော်ဗိုက်တွေ မဆာတော့ဘူး။ အချစ်ရဆုံးသူ့ကိုခေါ်ပြီး ကျွန်တော်မြို့တက်မယ်။
သူ့ကိုကျွန်တော်နှိုးလိုက်တယ်။ သူ့ကိုခေါ်ပြီး မနက်ဖြန် မြို့တက်ပစ္စည်းပို့မယ့် ဦးကြီးနွားဆီ ကျွန်တော်တို့ကို မြို့ထဲပေးလိုက်ဖို့ သွားတောင်းဆိုတယ်။ ဦးကြီးနွားက ကျွန်တော်တို့ကို သနားပြီး သူ့နားရွက်ထဲ ဝင်ပုန်းပြီးလိုက်ဖို့၊ မသံမထွက်ဖို့၊ အိမ်ကြီးရှင် မသိဖို့ပြောတယ်။
ကျွန်တော်ပျော်မိတယ်။ မနက်ဖြန် ကျွန်တော်တို့မြို့တက်တော့မယ်။ ကျွန်တော်ချစ်ရတဲ့သူကို အငတ်မခံစေတော့ဘူး။
နောက်တစ်နေ့မနက်စောစောမှာ ဦးကြီးနွားရဲ့ နားရွက်ထဲပုန်းအောင်းပြီး ကျွန်တော်တို့ မြို့ထဲလိုက်ပါခဲ့တယ်။
ကျွန်တော်နဲ့ဇနီး ဦးကြီးနွားရဲ့နားရွက်ကို တင်းတင်းဆုပ်ကိုင်ပြီး သွားခဲ့တယ်။ အချိန်ဘယ်လောက်ကြာသွားတယ် မသိပါဘူး။ ဦးကြီးနွားရဲ့ "ဆင်းတော့.. မြို့ရောက်ပြီ"ဆိုတဲ့ အော်သံကြားမှ နားရွက်ထဲကနေ ကျွန်တော်တို့ဝမ်းသာအားရ ခုန်ချလိုက်ကြတယ်။ ဦးကြီးနွားကို ကျေးဇူးတင်ကြောင်း ဂါဝရပြုပြီး မြို့ထဲကို ကျွန်တော်တို့ဝင်ခဲ့ကြတယ်။ ဝေးဝေးတစ်နေရာရောက်တော့ နှာမှုတ်သံလား! သက်ပြင်းချသံလား မသိတဲ့ အသံတစ်သံကို ဦးကြီးနွားဆီကနေ ကြားလိုက်မိတယ်။
ကောင်းကင်ကို ကျွန်တော်မော့ကြည့်လိုက်မိတယ်။ ထိုးထိုးထောင်ထောင် တိုက်တွေက ကျွန်တော်မျက်စိရှေ့ ကန့်လန့်ဖြတ်ဝင်ခဲ့လို့ ကောင်းကင်ကို ကျွန်တော်မတွေ့ခဲ့ရဘူး။ မြေပြင်ကို ကျွန်တော်ငုံ့ကြည့်လိုက်တယ်။ အထပ်ထပ်ခင်းထားတဲ့ အင်္ဂတေကြောင့် မြေကြီးကို ကျွန်တော်မတွေ့ခဲ့ရဘူး။
ကျွန်တော်နဲ့ဇနီး နံရံထောင့်တစ်ခုမှာ တွန့်တွန့်ဆုတ်ဆုတ် ရပ်နေကြတယ်။ မျက်စိရှေ့က လမ်းမပေါ်မှာ ပျားပန်းခတ် လှုပ်ရှားသွားလာနေကြတဲ့ လမ်းသွားလမ်းလာတွေ၊ အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားတဲ့ ကားတွေကြောင်း ကျွန်တော်တို့မျက်စိပြာပြီး ခေါင်းမူးခဲ့ကြရတယ်။ ဆူညံနေတဲ့အသံတွေက ကျွန်တော်တို့ခေါင်းကို ခွဲမတတ်ပါပဲ။ ဒီနေရာမှာ ကျွန်တော်ဟာ တကယ့်သူစိမ်းတစ်ယောက် လုံခြုံတဲ့နေရာလေးတစ်ခုတောင် ကျွန်တော်ရှာမတွေ့ခဲ့ဘူး။ ရွာကို ကျွန်တော်သတိရလာမိတယ်.....
လယ်ထဲမှာ စားစရာတချို့တော့ ရှာတွေ့ကောင်းရဲ့။ မရီးလည်း ကိုယ်ချင်းစာပြီး ကျွန်တော်တို့ကို အစာတချို့ပေးတန်ကောင်းရဲ့။ အိမ်ကြွက်တွေလည်း ကျွန်တော်တို့အပေါ် ချစ်ခင်တန်ကောင်းရဲ့.....
ဒါပေမယ့် မြို့ပေါ်မှာ ကျွန်တော်သတ္တိနည်းနည်းမှ ရှိမနေခဲ့ဘူး။ နေချင်စိတ်လည်း မရှိခဲ့ဘူး။ ကျွန်တော်စပြီး ငိုချင်လာမိတယ်။
မျက်လုံးစူးရှတဲ့ဇနီးက "မောင်... လမ်းမရဲ့ဟိုဖက်ခြမ်းက ပြတင်းပေါက်မှာ ကိတ်မုန့်တွေအများကြီးပဲ"လို့ ထအော်တယ်။
ကိတ်မုန့်တွေကို ကျွန်တော်လည်းတွေ့လိုက်တယ်။ ကျွန်တော်တို့ နောက်ဆုံးကိတ်မုန့်စားချိန်က သူ့မွေးနေ့မှာဖြစ်တယ်။ အဲဒီတုန်းက သူကြီးရဲ့သားအငယ်ဆုံး လက်ထဲကနေ ကိတ်မုန့်တစ်ဖပ်ကို ကျွန်တော်အသက်စွန့်ပြီး လုယူလာခဲ့တယ်။ အဲဒီတုန်းက သူ့ကို ကျွန်တော်ပိုးပန်းဆဲဖြစ်တယ်။ ချိုမြိန်လိုက်တဲ့ အတိတ်ကဖြစ်ရပ်လေး... ကိတ်မုန့်ကို သူအရမ်းကြိုက်တယ်။ တွေးနေရင်း ရုတ်တရက် ကျွန်တော်ခွန်အားတွေရလိုက်တယ်။ ရင်ဘတ်ကိုပုတ်ပြီး "လာ... မောင်တို့ လမ်းဖြတ်ပြီး ကိတ်မုန့်သွားယူရအောင်" လို့ ပြောလိုက်တယ်။
သူ့လက်ကိုဆွဲပြီး လူတွေရဲ့ကြားထဲ ကျွန်တော်ဖြတ်ဝင်လိုက်တယ်။ လူတွေများလွန်းနေတယ်။ ကျွန်တော်တို့ ဟိုခုန်ဒီခုန်နဲ့။ သူ သတိလက်မဲ့ဖြစ်ပြီး မိန်းမဝကြီးတစ်ယောက်ရဲ့ ဖိနပ်ပေါ် ခုန်တက်မိသားဖြစ်သွားတယ်။ မိန်းမကြီးရဲ့ငယ်သံပါတဲ့ အော်သံကြောင့် လမ်းမပေါ်က လူတွေရဲ့အာရုံက ကျွန်တော်တို့အပေါ် ကျရောက်လာခဲ့တယ်။ လူအများက ခြေထောက်နဲ့ ကျွန်တော်တို့ကို တက်နင်းကြတယ်။ လက်ထဲက စာအုပ်တွေနဲ့ ကျွန်တော်တို့ကို ပစ်ပေါက်ကြတယ်။ သူ့ကိုအကာအကွယ်ပေးရင်း ကျွန်တော်အတင်းရှောင်ခဲ့တယ်။ ဒီလိုအချိန်ကျမှ "လမ်းဖြတ်တဲ့ကြွက်ကို လူတိုင်းဝိုင်းရိုက်ကြတယ်" ဆိုတဲ့အဆိုကို ကျွန်တော်နားလည်လိုက်တယ်။ ဒါဟာ ကျွန်တော်တို့ကြွက်တွေအဖို့ ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ အဖြစ်လည်းနော်!
ကျွန်တော်တို့ကံကောင်းသွားတယ်။ ရှေ့မှာ ရေချောင်းတစ်ခုကိုတွေ့လို့ သူ့လက်ကိုဆွဲပြီး ရေချောင်းထဲ ကျွန်တော်တို့ ခုန်ချလိုက်ကြတယ်။ လမ်းမကို ကျွန်တော်တို့ဖြတ်နိုင်ခဲ့တယ်ဆိုပေမယ့် ရေချောင်းထဲခုန်ချချိန် ကျွန်တော့်ခြေတစ်ဖက် ခေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပါတယ်။ ကျွန်တော်ကြောင့် သူ့ကို အစိုးရိမ်မလွန်ချင်ခဲ့ဘူးလေ....
တအောင့်ကြာမှ၊ လမ်းမပေါ်ကလူတွေ ကျွန်တော်တို့နှစ်ယောက်ကို မေ့လောက်ချိန်ရောက်မှ သူ့ကိုရေချောင်းထဲမှာ ပုန်းနေစေပြီး ကျွန်တော်တစ်ယောက်တည်း အပေါ်ကိုတိတ်တဆိတ် တက်လာခဲ့တယ်။ နံရံတစ်လျှောက် ပုန်းခိုပြီး ကိတ်မုန့်ဆိုင်ဘက်ကို ကျွန်တော်တစ်လှမ်းချင်း စမ်းသွားလိုက်တယ်။ ၃လှမ်းမြောက်မှာ ကိတ်မုန့်တွေကို ကျွန်တော်တွေ့လိုက်တယ်။ ကိတ်မုန့်တွေဆီ ကျွန်တော်ခုန်အုပ်လိုက်တယ်။
"ဒုန်း..."ဆိုတဲ့ အသံနဲ့အတူ တစ်ခုခုကို ကျွန်တော်တိုက်လိုက်မိတယ်။ ဒါပေမယ့် ကျွန်တော်ရှေ့မှာ ကိတ်မုန့်ကလွဲပြီး ဘာမှရှိမနေဘူး။ ကျွန်တော်ခေါင်းမှာ ဘုကြီးတစ်လုံးထလာတယ်။ ကိတ်မုန့်နဲ့ကျွန်တော်ကြားမှာ တစ်ခုခုခြားထားမှန်း ကျွန်တော်သိလိုက်တယ်။ ဒါပေမယ့် ဘာခြားထားမှန်းတော့ ကျွန်တော်မသိဘူး။ ကြည်လင်တဲ့အရာတစ်ခုက ကျွန်တော်နဲ့ကိတ်မုန့်ကို ကာဆီးထားတယ်။ ဒါဟာ မြို့ကလူတွေ ကျွန်တော်တို့ကြွက်တွေကို လှည့်စားတဲ့ လှည့်စားနည်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။ ဆိုင်ထဲကို ကျွန်တော်ချောင်းမြောင်းကြည့်လိုက်တယ်။ ဆိုင်ထဲမှာ လူတွေချည်းပဲ။ အင်္ကျီဖြူဝတ်ထားတဲ့သူ ကြည့်ရတာ အရမ်းရက်စက်မယ့်ပုံပဲ။ လမ်းမပေါ်မှာ ကြုံခဲ့တဲ့အဖြစ်တွေကြောင့် မြို့ပေါ်ကလူတွေကို ကျွန်တော်ကြောက်ရွံ့နေမိတယ်။ နေ့လယ်ကြောင်တောင်မှာ သူတို့မျက်စိအောက်က ကိတ်မုန့်ကိုသွားလုဖို့ ကျွန်တော်သတ္တိရှိမနေခဲ့ဘူး။ မတတ်နိုင်ဘူး... မိုးချုပ်တဲ့အထိ ကျွန်တော်စောင့်ရတော့မယ်။
ရေချောင်းထဲရောက်ချိန် သူ့ကိုကျွန်တော် တင်းတင်းဖက်ထားလိုက်မိတယ်။ ကျွန်တော့်နားရွက်ကို သူ့ဗိုက်နားကပ်ထားလိုက်တယ်။ ဗိုက်ထဲက သားလေးရဲ့အသံကို ကျွန်တော်နားစွင့်မိတယ်။ သူ့ဗိုက်ထဲက တကွိကွိမြည်သံကိုပဲ ကျွန်တော်ကြားလိုက်ရတယ်။ ကျွန်တော့်မျက်လုံးထဲက မျက်ရည်တွေ မျက်ထောင့်ကနေ လျောကျလာခဲ့တယ်။ ဆိုနင့်တဲ့အသံနဲ့ "ဆောရီး ရှင်မရယ်... မောင်နဲ့အတူနေရတာ ရှင်မ ပင်ပန်းလှပါပြီ" လို့ သူ့ကို ကျွန်တော်ပြောမိတယ်။ သူက ကျွန်တော်ခေါင်းထက်က ဘုကို ပွတ်သပ်ပေးရင်း "နာနေသေးလား? မောင်နဲ့အတူနေရတာ ရှင်မ ပျော်ပါတယ်" လို့ ပြောတယ်။
ညအမှောင်ကို ရောက်လာခဲ့ပါပြီ။ သူနဲ့ကျွန်တော် ကိတ်မုန့်ဆိုင်ဖက် အပြေးလေးလာခဲ့တယ်။ ဆိုင်ထဲမှာ လူတစ်ယောက်မှ ရှိမနေတော့ဘူး။ တံခါးအောက်ကနေ ဆိုင်ထဲကို ကျွန်တော်တို့ တိတ်တဆိတ်ဝင်ရောက်ခဲ့ကြတယ်။ ဆိုင်ထဲက နေရာတိုင်းမှာ ကိတ်မုန့်တွေချည်းပဲ။ ကျွန်တော်ရူးမတတ် ပျော်မိတယ်။ သူ့ကိုပွေ့ဖက်နမ်းရှုံ့ရင်း "ရှင်မရေ.. ရှင်မ... ရှင်မဗိုက်ပြည့်အောင် မောင်လုပ်နိုင်ခဲ့ပါပြီ"လို့ ကျွန်တော်ဆိုတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ပျော်ရွှင်မှုက ချက်ချင်းရိုက်ချိုးခံလိုက်ရတယ်။ နေ့လယ်တုန်းကအတိုင်းပဲ ကိတ်မုန့်တွေကို ကြည်လင်တဲ့ဗူးတစ်ခုနဲ့ ခြားထားတာကို တွေ့လိုက်ရတယ်။ ဘယ်လိုလုပ်လုပ် ကိတ်မုန့်ကို ဖွင့်မရခဲ့ဘူး။ မြင်သာမြင်ရပြီး ကိုင်လို့မရခဲ့ဘူး။ ကျွန်တော်စိတ်တွေ လှုပ်ရှားလာပြန်တယ်။
"မောင်.... ဒီမှာ ကိတ်မုန့်တစ်တုံးကျနေတယ်" သူက ကျွန်တော့်ကို အော်ပြောတယ်။
ကျွန်တော်ကြည့်လိုက်တော့ တကယ့်ကိတ်မုန့်တစ်တုံးပါပဲ။ ဒါပေမယ့် ကိတ်မုန့်ဘေးမှာ ညှပ်တစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ မြို့ပေါ်ကလူတွေ ကျွန်တော်တို့ကို ကိတ်မုန့်နဲ့မြူဆွယ်ပြီး ထောင်ဖမ်းဖို့မှန်း ကျွန်တော်သိလိုက်တယ်။ ဒီလိုထောင်ချောက်မျိုးက ကျွန်တော်တို့ တောမှာလည်းရှိတယ်။ ကျွန်တော်မြင်ဖူးခဲ့တာ အကြိမ်ကြိမ်ပါ။ ကိတ်မုန့်ကို တစ်နည်းနည်းနဲ့ရအောင်ယူဖို့ ကျွန်တော်အတွက် မခက်ခဲခဲ့ပါဘူး။ ရွာမှာတုန်းက ကျွန်တော့်အမြီးကိုသုံးပြီး ညှပ်အောက်က လိုချင်တဲ့အရာကို ကျွန်တော်ကော်ကော်ထုတ်ခဲ့ဖူးတယ်။ အဲဒီညှပ်စုတ်တွေ ကျွန်တော်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် မြို့ပေါ်ကလူတွေက ကောက်ကျစ်ကြတယ်။ သူတို့ရဲ့ညှပ်ကလည်း ကောက်ကျစ်မယ် ထင်ပါတယ်။ ဒါပေမယ့် သူ့အတွက်နဲ့ ကျွန်တော်ကြိုးစားကြည့်ဦးမယ်။
မြေပေါ်မှာ ကျွန်တော်တွားသွားလိုက်တယ်။ ဂရုတစိုက်နဲ့ အမြီးကို ညှပ်အောက်ထဲထိုးထည့်ပြီး ကိတ်မုန့်ကို ကော်လိုက်တယ်။ တစ်လက်မ၊ နှစ်လက်မ၊ သုံးလက်မ.... ညှပ်ထဲကနေ ကိတ်မုန့်တဖြေးဖြေး အပြင်ထွက်လာခဲ့တယ်။
"ဗိုက်ထဲက ကလေးအတွက် ဒီကိတ်မုန့်ကို အကုန်စားလိုက်ပါ ရှင်မ" သူ့ကို ကျွန်တော်အမိန့်ပေးလိုက်တယ်။
"ဟင့်အင်း... မောင့်တစ်ဝက်၊ ရှင်မ တစ်ဝက်စားမယ်"
သူ့အပြောကို ကျွန်တော်ဂရုမစိုက်ဘဲ ကိတ်မုန့်ကို သူ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်တယ်။
"စားစမ်းပါ..."
ကျွန်တော် အသံမာမာနဲ့ပြောမိတယ်။ ဒါဟာ လက်ထပ်ပြီး ပထမဆုံးအကြိမ် သူ့ကို အသံမာမာနဲ့ ပြောခြင်းပါပဲ။
ကိတ်မုန့်စားပြီး အချိန်သိပ်မကြာလိုက်ပါဘူး။ ရုတ်တရက် သူမြေပြင်ပေါ်မှာ လူးလွန်းရင်း "နာလိုက်တာ... နာလိုက်တာ...." လို့ ထအော်တယ်။
ကျွန်တော့်စိတ် တုန်ခနဲဖြစ်သွားမိတယ်။ သွားပြီ.... မြို့ကလူတွေ သိပ်ရက်စက်တယ်။ ညှပ်သုံးတဲ့အပြင် မျှားစာဖြစ်တဲ့ ကိတ်မုန့်ထဲမှာလည်း ကြွက်သတ်ဆေးတွေ ထည့်ထားတယ်။ ရွာကလူတွေက ဒီလိုမလုပ်တတ်ခဲ့ဘူး။ မြို့ပေါ်ကလူတွေ ကောက်ကျစ်လိုက်တာ.....
"ရေ... ရေ... ငတ်တယ်.. ရေငတ်တယ်..."
သူအသံမြင့်နဲ့ အော်တယ်။ ကျွန်တော်ရူးတော့တယ်။ ရေလိုက်ရှာတော့ အိမ်တစ်အိမ်လုံးမှာ ရေတစ်စက်တောင် မတွေ့လိုက်ရဘူး။
ကျွန်တော့်မှာ တံတွေးရှိတယ်.... သူ့ပါးစပ်နဲ့တေ့ပြီး တံတွေးတွေ ထုတ်နိုင်သမျှ ကျွန်တော်ထုတ်တယ်။ ရင်ဘတ်ထဲက သည်းခြေရည်တွေတောင် ထွက်မတတ် ကျွန်တော်ထွေးထုတ်နေမိတယ်။ ကျွန်တော်အာခေါက်တွေ ကွဲကြေမတတ်ပါပဲ။ ကျွန်တော်တံတွေးတွေ ထွက်မလာခဲ့တော့သလို သူ့အသံလည်း တဖြည်းဖြည်း တိုးတိုးလာခဲ့တယ်။ သူ့ပါးစပ်ထဲကနေ သွေးတွေ ထွက်စပြုလာတယ်....
ကျွန်တော်အပါး သေမင်းချည်းကပ်လာတာ ဒီလောက်မြန်ဆန်လိုက်မယ်လို့ ကျွန်တော်တစ်ခါမှ တွေးမထားမိခဲ့ဘူး။ သူ့ကို ကျွန်တော်တင်းတင်း ဖက်ထားမိတယ်။ အရူးတစ်ယောက်လို သူ့နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်ပေးနေတယ်။ ဒါပေမယ့် သွေးထွက်တဲ့နှုန်းတက်က ကျွန်တော်သုတ်ပေးတဲ့နှုန်းထက် မြန်နေခဲ့တယ်။ ကျွန်တော့်အပါးကနေ သူထာဝရခွဲသွားတော့မယ်၊ သူ့ကို ကျွန်တော်ဒီတစ်သက် ဆုံးရှုံးရတော့မယ်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိလိုက်တယ်။
ကျွန်တော် မငိုဘူး... ကျွန်တော် မငိုဘူး... ကျွန်တော် မငိုဘူး.... ကျွန်တော် လုံးဝ မငိုဘူး....
သူ့ကိုဖက်ရင်း ဘေးကညှပ်ပေါ် ကျွန်တော်ခုန်တက်လိုက်တယ်။
"ဖောင်း......"
ခါးရိုးကျိုးသံကို ကျွန်တော်ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။
ကျွန်တော် မနာဘူး.. ကျွန်တော် မနာဘူး.... ကျွန်တော် မနာဘူး.. ကျွန်တော် နည်းနည်းမှ မနာဘူး.....
သူ့မျက်နှာကို နမ်းရှုံ့ရင်း အသံတိုးတိုးလေးနဲ့ သူ့ကိုပြောချင်တဲ့ နောက်ဆုံးစကားတစ်ခွန်းကို ကျွန်တော်ပြောလိုက်ပါတယ်။
"ရှင်မရယ်.. တကယ်လို့ နောင်ဘဝသာရှိမယ်ဆိုရင် ကြွက်ကလေးနှစ်ကောင်ပဲ ငါတို့လုပ်ပါရစေ။ ထုံထုံအအနဲ့ အချင်းချင်းချစ်ကြပြီး ရိုးရိုးရှင်းရှင်းနဲ့ ဘဝကိုဖြတ်ကျော်ကြမယ်။ နှင်းတွေကျနေပါစေ မြက်ခြောက်ပုံထဲမှာ နွေးနွေးထွေးထွေးနေပြီး ရှင်မကို တင်းတင်းကျပ်ကျပ် ဖက်ထားမယ်။ နောက်ပြီး....နောက်ပြီး.... ရှင်မ... ရှင်မရဲ့ နားရွက်ကို ညင်ညင်သာသာ ကိုက်ကစားမယ်.........."
ဖန်ခွက် ကို အောက်ချထားရပါတယ်။
နေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး
'ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်..
၅၀ဂရမ်၊ ၁၀၀ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် ..
'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့
ဆရာမေးတော့ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က "ဆရာ့လက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊
ပြီးတော့ ဆရာ့ရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီးဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …  
ဆရာက 'မင်းပြောတာမှန်တယ်
..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့
" မတိုးပါဘူး " လို့ တညီတညွှတ်တည်းဖြေကြတယ် … 
' ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လိုနာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊
အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာဘာလုပ်ရမလဲ ' လို့မေးတော့ ကျောင်းသူတစ်ယောက်က " Put the Glass Down"
'ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …
ဆရာက " သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာခဏလောက်ထည့်ထားရင်
ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီးစဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး
နာကျင်မှုပေးလာမယ် ၊ ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။ "
" ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့အားအင်တွေလိုပါတယ် … "
" လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..'" လို့ ဆရာက မှာလိုက်ပါတယ် .
သူငယ်ချင်းတို့ ရေ .. အကောင်းဆုံး ဥပမာလေးပါ ... ။ ဘ၀မှာ စိတ်ညစ်စရာတွေနဲ့ ကြုံလာတိုင်း ဒီဥပမာလေး ကို နမူနာယူပြီး စဉ်းစားဆင်ခြင်နိုင်အောင်လို့ ပါ  ။
ဆေးလိပ် ချစ်သူ အကြောင်း
"နိုင်းနိုင်းစနေရဲ့ ဘာသာပြန်လက်ရာလေးပါ"
ဖြတ်မရအောင် သူ ဆေးလိပ်စွဲနေတာ ကြာပြီ။ ဆေးလိပ်နံ့ မကြိုက်တဲ့ သူမကြောင့် ဆေးလိပ်ကို သူခိုးခိုးသောက်နေရတယ်။ သူမ သိလည်း မသိသလို နေတတ်တယ်။ တစ်ခါတလေ ကြည့်မရရင်တော့ သူမရဲ့ အဆူကို သူခံရတတ်တယ်။
“ဆေးလိပ်သောက်လို့ ကောင်းလား” မျက်မှောင်ကြုတ်ပြီး သူမ အမြဲမေးတတ်တယ်။
“မကောင်းဘူး။ ဒါပေမဲ့ မသောက်ရရင် မနေနိုင်ဘူး”
“ကျွန်မနဲ့ဆေးလိပ် ဘယ်အရာကို ရွေးမလဲ”
“နှစ်ခုစလုံးယူမယ်။ ကျွန်တော့်အပေါ် မကောင်းမှန်းသိတယ်။ ဒါပေမဲ့ မချစ်ဘဲလည်း မနေနိုင်သလို မသောက်ဘဲလည်း မနေနိုင်ဘူး”
သူမနဲ့ သိစက သူဒီထက် အသောက်ကြမ်းတယ်။ အားနေရင် သူ့လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ဆေးလိပ်တစ်လိပ် အမြဲရှိနေတတ်တယ်။ မိုးလင်းပေါက် အလုပ်လုပ်ရတဲ့ ညဆို ဘယ်ပြောကောင်းမလဲ ဆေးလိပ်သောက်ပွဲ ကျင်းပနေလားလို့ ထင်ရတယ်။ ဆေးလိပ်နံ့ကြောင့် သူမကို ချောင်းတွေဆိုးစေခဲ့တယ်။ သူမနဲ့ အတူနေပြီးနောက်ပိုင်း သူအသောက် နည်းနည်းလျှော့လာခဲ့တယ်။
ပျော်ပွဲရွှင်ပွဲ တစ်ခုခုလုပ်ပြီးဆိုရင် အမြဲတမ်း ပွဲတစ်ဝက်ကနေ သူမ မသိအောင် အိမ်သာမှာ သူဆေးလိပ် သွားခိုးသောက်တတ်တယ်။ ဒါပေမဲ့ သူ့ကိုယ်ပေါ် စွဲကပ်လာတဲ့ ဆေးလိပ်နံ့က သူမကို အသိပေးသလို ဖြစ်နေတယ်။ ဒါမှမဟုတ် သူနဲ့သူမ ကြည်နှုးနေတဲ့အချိန်၊ ရိုမန်တစ် ဖြစ်နေတဲ့အချိန်၊ သူ့ရင်ခွင်ကြားထဲ သူမ တိုးဝင်တဲ့အချိန် သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ရရင် သူမ စကားလုံးဝ မပြောတော့ဘူး။ သူမ စိတ်ကောက်တဲ့ သွေးအေးစစ်ပွဲက ရက်အတော် ကြာတတ်တယ်။
“ဘာလို့ တိတ်ဆိတ်နေရတာလဲ”
“ဆေးလိပ်သောက်ခဲ့တယ် မဟုတ်လား”
“သောက်.. သောက်.. တယ်” လျှာခလုတ်တိုက်ပြီး သူပြန်ဖြေတော့ ချက်ချင်းပဲ သူ့ကို တွန်းထုတ်ပြီး တစ်ဖက်ကို သူမ ကျောပေးထိုင်နေလိုက်တယ်။
“တစ်လိပ်ထဲပါ.. မလိမ်ပါဘူး”
“ကျွန်မအတွက် ရှင် အဲဒီတစ်လိပ်လေးဆိုတာကို မဖြတ်ပေးနိုင်ဘူးလား”
ကြည်နှုးဖို့ ပြင်နေဆဲ သူမစိတ်တိုတော့ မျှော်လင့်ချက် ပျက်ပြီပေါ့။
“ဆေးလိပ်ဖြတ်ဖို့ အချိန်လေး ပေးပါဦးလားကွာ”
“ကျွန်မက ရှင့်အတွက် ပြောနေတာ။ ဒါကို ရှင်သိလား”
သူနဲ့ချစ်ခဲ့တဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပင်လယ်ကမ်းစပ် တစ်ခုကို သူတို့ သွားလည်ကြတယ်။ ကားပေါ်အတက် ကားကူရှင်ပေါ်က ဆေးလိပ်ဘူးကို သူမမြင်သွားတယ်။ သူနဲ့အတူ ဆေးလိပ်ဘူးက အမြဲရှိနေတတ်တာ ဆန်းတော့ မဆန်းဘူး။ သူမ စိတ်မဆိုးဘူး။ ဒါပေမဲ့ နှုတ်ခမ်းဆူပြီး ဆေးလိပ်ဘူးကို သိမ်းသွားတယ်။ သူမစိတ်ဆိုးပြီး အစီအစဉ် ပျက်သွားမှာစိုးလို့ တစ်နေ့လုံး ဆေးလိပ်မသောက်ဘဲ သူမအလိုကို သူလိုက်လျှောနေခဲ့တယ်။ ညနေ သူမကို အိမ်ပြန်ပို့တော့ သူ့အတွက် ဆေးလိပ်တစ်လိပ် ထုတ်ပေးတယ်။
“ကျွန်မကို ဂတိပေးပါ။ နောက်ဆုံး ၃လိပ်သောက်ပြီးရင် လုံးဝ မသောက်တော့ဘူးလို့”
သူ စိတ်ထိခိုက်ပြီး ဘာပြောရမှန်း မသိတော့ဘူး။ ချက်ချင်း ဘယ်လိုဖြတ်ရမလဲ..? ဒါပေမဲ့ ချစ်စိတ်ကြောင့် သူမ စိတ်ချမ်းသာအောင် ခေါင်းသွင်သွင် ညိတ်လိုက်မိတယ်။
ဆေးလိပ်ကို ချက်ချင်းဖြတ်လို့ မရမှန်း သူမလည်း သိနေတယ်။ သူ့ရဲ့ မတင်မကျ ဆုံးဖြတ်ချက်ကို သူမ အကောင်အထည်ဖော်ပြီး သူ့ကို ဆေးလိပ်ကူဖြတ်ပေးတယ်။ ဆေးလိပ်ဖြတ် ချိုချဉ်၊ ဆေးလိပ်ဖြတ် ဆေးတွေ သူ့အတွက် ၀ယ်လာတယ်။ ဒါပေမဲ့ အရာမရောက်ခဲ့ဘူး။
“ကျွန်မ ဆေးလိပ်သောက်သင်မယ်။ နောက်ဖြတ်မယ်။ ဖြတ်ပြီး ကျွန်မ ဘယ်လိုဖြတ်ခဲ့တယ်ဆိုတာ ရှင့်ကို ပြန်ပြောပြမယ်လေ”
“မ အ ပါနဲ့ကွာ.. ဘယ်သူက အဲလို လုပ်ဖူးလို့လဲ”
သူမခေါင်းကို ငြင်သာစွာခေါက်ရင်း သူပြောတယ်။
“အသုံးဝင်မယ် ထင်လို့ပါ”
“ဆေးလိပ်နံ့ ခံနိုင်တာလည်း မဟုတ်ဘဲနဲ့ ဇွတ်မလုပ်ချင်ပါနဲ့ကွာ”
“ဒါဆို ရှင်ဘယ်အချိန်မှ လုံးဝဖြတ်လို့ရမှာလဲ”
“အတတ်နိုင်ဆုံး ဖြတ်နေတာပဲ” သူမခေါင်းကို ပွတ်သပ်ရင်း သူဖြေတယ်။
“ရှင့်ကို ကျွန်မအရမ်းချစ်တယ်။ ရှင့်ကို ကျွန်မ မဆုံးရှုံးချင်ဘူး” ပြောရင်း သူမ ငိုတယ်။
“မငိုပါနဲ့... ကွာ”
တစ်ခါက မြို့ထဲ သူတို့ထွက်လည်ကြတော့ လမ်းဘေးက ဓာတ်ပုံရိုက်စက်မှာ သူ့ကိုအတင်းဆွဲပြီး ပုံနှစ်ပုံရိုက်ခဲ့တယ်။ တစ်ပုံကို သူ့ပိုက်ဆံအိတ်ထဲ ကပ်ပေးရင်း....
“ဆေးလိပ်သောက်တဲ့အချိန်တိုင်း ပုံထဲက ကျွန်မကိုကြည့်နော်”
ဒီလိုနဲ့ ဆေးလိပ်ဖြတ်မယ်၊ မဖြတ်ဘူး ဆိုတာနဲ့ပဲ လွန်ဆွဲနေမိတယ်။ လမ်းခွဲစကားကို သူမ စပြောလာတယ်။ ဖုန်းတစ်ဖက်မှာ တစ်ညလုံး တိတ်တဆိတ် သူတို့ ငိုကြွေးခဲ့ကြတယ်။ သူမ အိပ်ရာဝင်မှ သူဖုန်းချပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြတယ်။
အလုပ်ထဲမှာပဲ သူ့ဘ၀ကို နစ်မြုပ်လိုက်တယ်။ ဆေးလိပ်ဖြတ်ဖို့ ဆိုတာကို သူ မကြိုးစားတော့ဘူး။ သူနဲ့ လမ်းခွဲပြီးနောက် သူမကတော့ ဘာမှ မဖြစ်ခဲ့သလိုပဲ။ ဒါပေမဲ့ ဘေးမှာ တစ်ခုခု လိုနေတာကို သူမခံစားမိတယ်။ ဆေးလိပ်သောက်သူတွေ တွေ့တိုင်း၊ ဆေးလိပ်နံ့ ရှုမိတိုင်း သူ့ကိုယ်ပေါ်က၊ သူ့ရင်ခွင်က ဆေးလိပ်နံ့ကို သူမ သတိရနေမိတယ်။ ဆေးလိပ်နံ့က သူမအတွက် သူ့ကို သတိရစေတဲ့အနံ့ ဖြစ်ခဲ့တယ်။
သူမ ဆေးလိပ်စသောက်နေမိပြီ။
ပထမတစ်လိပ် သူ့ကို ပိုသတိရသွားတယ်။
ဒုတိယတစ်လိပ် အငွေ့တွေကို တစ်ခန်းလုံးလွှမ်းအောင် မှုတ်ထုတ်မိတယ်။ တစ်လိပ်ပြီး တစ်လိပ်.... အိပ်ရာခင်းတွေကအစ အရင်က သူမ မနှစ်သက်ခဲ့တဲ့ သူ့အိပ်ရာခင်းလိုဖြစ်အောင် အငွေ့တွေ မှုတ်ထုတ်မိတယ်။ ဆေးလိပ်ငွေ့တွေ ရှုပြီး မူးနောက်လာမှ သူမ အိပ်ပျော်သွားတတ်တယ်။
သူမ ဆေးလိပ် မသောက်ရ မနေနိုင်တော့ဘူး။ အသည်းကွဲလို့ ထွက်ပေါက်ရှာတာလား..? အရွဲ့တိုက်ချင်လို့လား..?သူမ ဘာမှ သေချာမသိတော့ဘူး။ သူမသိတာက ဆေးလိပ်သောက်ဖို့ပဲ။
နှစ်တစ်နှစ် ကုန်သွားခဲ့တယ်။ မမျှော်လင့်ဘဲ နေရာဟောင်းမှာ သူတို့ပြန်ဆုံကြတယ်။ နှစ်အတော်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းလိုပဲ ကမ်းစပ်ဘေးကို သူတို့ရောက်သွားပြန်တယ်။ ရုပ်ကျသွားတဲ့ သူမကိုတွေ့တော့ သူ့ကြောင့်ဖြစ်ရတယ်ဆိုပြီး သူစိတ်မကောင်းဖြစ်မိတယ်။ သူမ ဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးညှိလိုက်တယ်။
“ဆေးလိပ်သောက်တယ်” အံ့သြတဲ့ ပုံစံနဲ့ သူမေးတယ်။
“အင်း.. သောက်ပါဦး”
“တော်ပြီ... ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ”
“အော်.. ဘယ်တုန်းကလဲ” သူဆေးလိပ်ဖြတ်နိုင်တာကို သူမ အံ့သြမိတယ်။
“နှစ်ဝက်လောက်ရှိပြီ။ ကျွန်တော် သိပ်ချစ်တဲ့ ကောင်မလေး တစ်ယောက်ကြောင့်”
သူမ နှုတ်ဆိတ်သွားမိတယ်။ လက်ကြားမှာ ညှပ်ထားတဲ့ ဆေးလိပ်က တုန်ခါနေတယ်။ အရင်က သူဆေးလိပ်ဖြတ်ဖို့ သူမမျှော်လင့်ခဲ့ဖူးတယ်။ အခု သူမကိုယ်တိုင် ဆေးလိပ်စွဲနေတယ်။ ကျဆုံးခြင်း၊ ဆုံးရှုံးခြင်းစတဲ့ ဝေဒနာတွေက သူမရင်ဝကို လာဆောင့်တယ်။ ဘာဆက်ပြောရမှန်း မသိလို့ လက်ထဲက ကျန်နေတဲ့ ဆေးလိပ်ပိုပဲ သူမ ဆက်သောက်နေမိတယ်။
“ဘယ်တုန်းက ဆေးလိပ်စသောက်တာလဲ”
“နှစ်ဝက်ရှိပြီ။ ကျွန်မ သိပ်ချစ်တဲ့ ကောင်လေးတစ်ယောက်ကြောင့်”
“သူ့ကို ဆေးလိပ်ဖြတ်စေချင်လို့ လိုက်သောက်တာလား”
သူမမှာ နောက်ထပ် ကောင်လေးတစ်ယောက်ရှိတယ် အထင်နဲ့ သူမေးလိုက်တယ်။
“မဟုတ်ဘူး။ သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ကို ကျွန်မ တမ်းတနေမိလို့”
သူတစ်ချက် တွေဝေသွားတယ်။ သူ့ကြောင့်လား... ပိုက်ဆံအိတ်ကို သူဖွင့်ပြီး အရောင်လွှင့်စပြုနေတဲ့ ဓာတ်ပုံကို သူကြည့်လိုက်တယ်။
“ဒီဓာတ်ပုံထဲက ကောင်မလေးကြောင့် ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာ။ သူမအနားမှာပဲ ကျွန်တော် ပြန်နေချင်လို့ ဆေးလိပ်ဖြတ်လိုက်တာ”
သူ့ကို သူမ ငေးကြည့်မိတယ်။ မျက်ရည်တွေက ပါးပြင်ထက် လျှောကျလို့လာတယ်။
“ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ။ ကျွန်တော်ဘယ်လို ဖြတ်ခဲ့တယ်ဆိုတာကို ပြန်ပြောပြမယ်လေ”
သူ့စကားကြောင့် သူမ ပြုံးလိုက်မိပါတယ်။
ပျော်ရွှင်ခြင်း၊ ကြည်နှုးခြင်းကို တကယ်သိတတ် နားလည်တတ်ရင် ရယူဖို့ဆိုတာ လွယ်ကူပါတယ်။ လွယ်ကူလွန်းလို့ တစ်ခါတရံမှာ မယုံကြည်နိုင်အောင်ဖြစ်ပြီး လက်လွှတ်ဆုံးရှုံးမိတတ်တယ်။
Monday, January 31, 2011
မြည်းတိုင်း ဥာဏ်နည်း သလား
မြည်းတိုင်းဥာဏ်နည်းသလား
          ရှေးတုန်းကပုံပြင်တစ်ခုအဆိုအရ၊
          တစ်ခါတုန်းက လယ်သမားတစ်ယောက်မှာ မြည်းကြီးတစ်ကောင်ရှိတယ်။ မြည်းကအသက်ကြီးတော့ ငယ်ရွယ်တဲ့သူများလို ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်မရှိဘူး။ တစ်ခုခုလုပ်နေရင် နောက်တစ်ခုကို သတိမထားမိတတ်ဘူး။ သိပ်ရှုပ်ရှုပ်ထွေးထွေးတွေ သူ့ကိုလာပြောရင်လည်း “ဟေ့ ငါ့ကိုနှစ်ခုသုံးခု တစ်ပြိုင် တည်း လာမပြောကြနဲ့ကွာ ငါအဲဒီလိုမရဘူး” လို့တောင်းပန်လေ့ရှိတယ်။
          ဒီမြည်းကြီး တစ်နေ့မှာ သူ့သခင်လယ်သမားခြံထဲက ရေတွင်းတစ်တွင်းထဲလိမ့်ကျတယ်။ ရေတွင်းန ဘေးမှာ အကာအရံအတားအဆီးမရှိဘူး။ သို့သော် ဟိုအရင်ကတည်းက ရှိလာတာဖြစ်တော့ အားလုံးက သိကြတယ်၊ မြည်းကြီးလည်းသိတယ်၊ သို့သော် အဲဒီနေ့ကတော့ သူနမော်နမဲ့နဲ့ ရေတွင်းနှုတ်ခမ်းစပ် နင်းမိ တယ်၊ သိလိုက်ပေမယ့်ထိန်းမရတော့ဘူး၊ ခြေချော်ပြီး တွင်းထဲကျသွားတယ်။
          ရေတွင်းကခပ်နက်နက်။
          တွင်းထဲကျသွားတဲ့ မြည်းကိုဘယ်လိုဆယ်မလဲ စဉ်းစားတော့ လယ်သမားစဉ်းစားမရဘူး၊ လူဆိုရင် တော့ လှေကားချပေးလိုက်ရင် ကိုယ့်ဘာသာချိတ်တက်လာခဲ့ဆိုရင် ကိစ္စပြီးတယ်။ ဒဏ်ရာအနာတရဖြစ်သွားလို့ သူ့ဘာသာတက်မလာနိုင်ဘူးဆိုရင်လည်း လှေကားနှစ်စင်းလောက်ချ လူနှစ်ယောက်သုံးယောက် လောက်ဆင်းပြီး ကြိုးနဲ့ချည်၊ သိုင်းယူ၊ ပိုးယူ၊ တွဲယူ စသည်ဖြင့် လုပ်လို့ရနိုင်တယ်။
          မြည်းကျတော့ လှေကားအတိုင်းချိတ်တက်လာခဲ့ပါလို့ ပြောလည်းမဖြစ်။ လူတွေ သွားထမ်းပိုးဖို့ကျတော့ လည်း မြေပြင်ပေါ်မှာတောင် မြည်းတစ်ကောင်းလုံးဆို လူလေးငါးယောက်မနည်းထမ်းပိုးရမှာ။ ပြီး ရေတွင်းက ကျဉ်းကျဉ်းလေး ဘယ်လိုမှစဉ်းစားမရ။
          အဲသည်တုန်း မြည်းကတော့ ဘေးဒုက္ခရောက်နေတဲ့ သတ္တ၀ါတို့ထုံးစံအတိုင်း အော်တာပေါ့။ မြည်းအော် သံတဗြဲဗြဲက နဂိုပုံမှန်အတိုင်းတောင် အတော်စိတ်ညစ်တာ။ ရေတွင်းထဲကျလို့ ထိတ်လန့်နာကျင်နေတဲ့ မြည်း အဆက်မပြတ်အော်နေတော့ ဘေးလူတွေလည်းစိတ်ညစ်။ ပိုင်ရှင်လယ်သမားလည်းအကြီးအကျယ် စိတ်မချမ်း မသာဖြစ်တာပေါ့။
          အဲဒါနဲ့ ကျပ်ကျပ် စဉ်းစားတယ်။
          ဘယ်လိုကယ်မလဲ။
          ဒါပေမယ့် စဉ်းစားမရဘူး။ ကယ်ဖို့နည်းလမ်းမရှိဘူး။ မြည်းကလည်း အဆက်မပြတ်အော်နေတယ်၊ ကြားရတာ သနားလည်း သနားစရာ၊ စိတ်လည်းညစ်စရာ၊ အဲဒီတော့ စဉ်းစားတယ်။ မြည်းကြီးက ခိုင်းလာတာ ကြာပြီ အိုလည်း အိုလှပြီဆိုတော့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူး၊ အော်နေတာလည်း သနားစရာ မကယ်နိုင်တော့တဲ့ အတူတူ တစ်နည်းနည်းနဲ့ မြန်မြန် ချုပ်ငြိမ်းသွားရင် သူသက်သာမယ်၊ ချုပ်ငြိမ်းခွင့်ပေးလိုက် တာ အဆိုးထဲမှာ သက်သာတဲ့ အဆိုးဖြစ်လိမ့်မယ်။
          အလားတူပဲ ရေတွင်းကြီးကလည်း သုံးလာတာသူ့မိဘလက်ထက်ကတည်းကပဲ။ အခုသိပ်မကောင်းချင် တော့ဘူး၊ တွင်းနံရံတွေက ပဲ့ချင်ပြိုချင်နေပြီ။ အသစ်တူးမလို့ စဉ်းစားနေတာ မတူးဖြစ်သေးလို့၊ ခုတော့ မထူး တော့ပါဘူး၊ ရေတွင်းရောမြည်းကြီးပါတစ်ခါတည်း အနားပေးလိုက်တာကောင်းမယ်၊ အဲသည်လိုစဉ်းစားပြီး အိမ်နီးချင်းတွေကို အကူအညီတောင်းတယ်။
          “ကျွန်တော့်မြည်းကြီး မကယ်နိုင်တော့မယ့်အတူတူ ရေတွင်းထဲ တစ်ခါတည်းမြေမြုတ်သင်္ဂြိုဟ်လိုက် တော့မယ်ဗျာ၊ ရေတွင်းကြီးလည်းဟောင်းပြီဆိုတော  ဖို့ပစ်လိုက်တဲ့သဘောပါပဲ။ အဲဒီတော့ မြည်းကြီးအော်သံ မြန်မြန်တိတ်သွားအောင် ၀ိုင်းကူကြပါဗျာ” ဆိုတော့ အားလုံးက သဘောပေါက်တယ်၊ လက်မြန်ခြေမြန်ဝိုင်းလုပ် ကြတယ်။
          ဘာလုပ်ကြသလဲ။
          မလှမ်းမကမ်းမှာရှိတဲ့ အမှိုက်သရိုက်နဲ့ မြေဆွေးပုံကို ဂေါ်ပြားတွေနဲ့ ထိုးကော်သယ်ယူလာပြီး ရေတွင်း ထဲ ချကြတာပေါ့၊ အဲဒါကို မြည်းကြီးကလည်း ချက်ချင်းသဘောပေါက်တယ်။ ဟာ….. ငါ့ကို မကယ်ဘဲ မြေကြီးနဲ့ ဖို့သတ်နေကြပါလား ဆိုပြီး စောစောကထက် ကျယ်လောင်တဲ့အသံနဲ့ အကြီးအကျယ် ထပ်အော်တော့တာပဲ၊ စောစောကတည်းက သူဥာဏ်မီသလောက် စဉ်းစားပြီးသွားပြီ ရေတွင်းထဲက ငါ့ကိုကယ်ဖို့မလွယ်ဘူးလို့ သူတွေး မိပြီး တုန်လှုပ်ချောက်ချားနေခဲ့တာ။ အခုတော့ လွတ်လမ်းမရှိတော့ဘူးဆိုတာ သေချာသွားပြီဆိုပြီး သူသွေးရူး သွေးတန်းဖြစ်သွားတာ။
          ဒါပေမယ့် သေဖို့သေချာနေတဲ့အချိန်မှာ သူ့ခေါင်းထဲ ဥာဏ်တစ်ချက်လက်သွားတယ်။
          သူလွတ်မြောက်ရာလမ်းကို အသေပိတ်ဆို့တားဆီးနေတဲ့ အဲဒီလူတွေတွေဟာ သူ့အတွက်လွတ်မြောက် ရာလမ်းကို သူတို့ဘာသာ မထင်မှတ်ဘဲ ဖန်တီးပေးနေကြပါကလားလို့ သူတွေးမိလိုက်တာဖြစ်တယ်။
          စောစောတုန်းက အပေါ်ကမြေစိုင်မြေခဲတွေ အမှိုက်သရိုက်တွေ ကျလာတဲ့အချိန်မှာ သူရုန်းရင်းဆန် ခတ်လုပ်တယ်။ အခုတော့ မလုပ်တော့ဘူး။ ငြိမ်ပြီးရပ်နေတယ်၊ ပြီးတော့မှ သူ့ကိုယ်ပေါ်ကျလာတာတွေကို ဘေးကိုခါချတယ်။ ရေခဲမှာမြေကြီးနဲ့အမှိုက်တွေ များလာပြီးတက်ရပ်လို့ရတဲ့ အနေအထားဖြစ်လာတဲ့အခါ မာနေ တဲ့နေရာကိုတက်ရပ်တယ်၊ နောက်ထပ်ကျလာတာတွေကို ခါချတယ်၊ နေရာရွှေ့ပြီးရပ်တယ်၊ ဒီလိုနဲ့ သူက တဖြည်းဖြည်းချင်း နည်းနည်းစီပိုပိုမြင့်လာတယ်။
          အပေါ်ကအမှိုက်နဲ့မြေကြီးတွေ သွန်ချနေတဲ့လူတွေက အတော်လေးကြာမှ မြည်းရဲ့စိတ်ကူးစိတ်သန်း ကိုရိပ်မိသွားတယ်။ အဲဒီအခါ သူတို့လည်းအစီအစဉ်ပြောင်းသွားတယ်။
          မြေကြီးကို မြေမြှုပ်ဖို့ကြိုးစားနေရာက သူနင်းတက်ရတာ ပိုအဆင်ပြေအောင်ကြည့်ပြီး ချပေးတယ်။
          အဲဒီလိုနဲ့ မြည်းကြီးဟာ ရေတွင်းနှုတ်ခမ်းနား တဖြည်းဖြည်းရောက်လာပြီး နောက်ဆုံးမှာ အပေါ်ကိုလှမ်း တက်သွားနိုင်ခဲ့တယ်။ ပုံပြင်တွေထဲမှာရော အပြင်လက်တွေ့ဘ၀မှာပါ လူတွေက မြည်းဆိုတာကိုစဉ်းစားဥာဏ် နည်းတဲ့သတ္တ၀ါလို့ မှတ်ယူလေ့ရှိတယ်။ တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တယ်လို့ ယူဆရတဲ့ အခုပုံပြင်ထဲက မြည်းကြီးကတော့ ဥာဏ်မနည်းရုံတင်မက လူတွေနည်းလမ်းရှာမရလို့ လက်မြှောက် အရှုံးပေးထားတဲ့ အချိန်မှာ သမားရိုးကျ စဉ်းစားနည်းမဟုတ်တဲ့ ဖောက်ထွက်ဖြန့်ထွက်တွေးတတ်တဲ့ဥာဏ်နဲ့ အဖြေရှာတွေ့ပြီး သူ့အသက်ကို သူကယ်တင်သွားနိုင်ခဲ့တယ်။
          လောကကြီးမှာပြဿနာ အခက်အခဲကြုံတိုင်း အရှုံးပေးလက်မှိုင်ချမနေနဲ့၊ ကိုယ့်ကိုနှောင့်ယှက် ဟန့်တား နေတဲ့ ခလုပ်ကန်သင်းတွေကို ရှေ့သို့လှမ်းတက်ရာမှာ အသုံးပြုမယ့် ခြေနင်းတုံးတွေအဖြစ် ပြောင်းလဲပစ်လိုက် စမ်းပါ ဆိုတဲ့ ပညာရှိတွေရဲ့ အားပေးတိုက်တွန်းစကားအတိုင်း မြည်းကြီးက လက်တွေ့လုပ်ပြလိုက်တာပါပဲ။
ဖေမြင့်
ဘုရားမကယ်နိုင်တဲ့ ငပျင်းထွေ
ဘုရားမကယ်နိုင်တဲ့ ငပျင်းထွေ
မြို့ အပြင်ဖက် တဲကုတ်ငယ်လေးတွင်နေထိုင်သော မိသားစု စားဝတ်နေရေးအတွက်နေ့ စဉ် လှုပ်ရှား ငါးမျှား သည် ငါပျင်းထွေ မှာ တစ်နေ့ တစ်နေ့ ပျင်းလွန်းလို့  ဘာမှမလုပ်ချင်ဘူးတဲ့ ၊ ငါးမျှားတက်တာကလွဲလို့ ဘာအလုပ်မှ လဲ့ မလုပ်တက်ဘူးတဲ့ ။ သားသမီးတွေကလည်းတစ်ယောက်ပြီးတစ်
ယောက်မွေး၊ မွေးလိုက်တဲ့ ကလေးတွေကိုလည်း အဝတ်အစားတောင် ခန္ဒကိုယ် လုံအောင်ဖုံးဖို့  မရှိရှာဘူးတဲ့ ၊ အိမ်ရှင်ဦးစီး ငပျင်းထွေ မှာ ပျင်းလွန်းလို့  ငါးမျှားတာတောင် တစ်ကောင်ရပြီးရင် နောက်ထပ် မမျှားချင်ဘူးတဲ့ ၊အဲဒီ ငါးတစ်ကောင်ကို တစ်ဝက်ရောင်းပြီး တစ်ဝက် ကို ချက်စားကြတယ်တဲ့ ၊။
** ငပျင်းထွေတို့ မိသားစုနဲ့  ငပျင်းထွေရဲ့ အပျင်းကြီးပုံကို မြို့ သူမြို့ သားများက ပြောတယ်တဲ့ ၊ " အဲဒီငပျင်းထွေမိသားစုကိုတော့  သိကြားမင်းတောင်ကယ်လို့ ရမှာ မဟုတ်ဘူး"
ဒီစကားကို သိကြားမင်းလည်းကြားရော ဩော်..မြို့ သူ မြို့ သားတွေ ငါ့ ကို အထင်သေးလိုက်ရဲ့ လား ..ငါဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာသိစေရမယ်ဆိုပြီးတော့  ငပျင်းထွေ ငါးမျှားသွားရင်ခေါင်းငုံးပြီးသွားတက်တာမို့  သွားနေကျ လမ်းမှာ ရွှေတုံး တစ်လုံးကို သိကြားမင်းကချထားသတဲ့ ၊ အချိန်တန်တော့ ငပျင်းထွေ တစ်ယောက် လေချွန်ပြီး ငါးမျှားသွားလေပြီ၊ သို့ သော် ရွှေတုံးကြီး ရှေ့ ရောက်တော့  ခေါင်းမော လိုက်လေရာ သိကြားမင်းထားခဲ့ တဲ့  ရွှေတုံးကြီးကို လက်လွတ်ရလေပြီလေ။ ဒီအဖြစ်ကို မြို့ သူ မြို့ သားများကြားလိုက်ရတော့  သိကြားမင်းတောင်ကယ်လို့ မရတဲ့  ငပျင်းထွေကိုတော့ ကတ်ဿဖ ဘုရားတောင်ကယ်လို့ ရမှာ မဟုတ်ဘူးလို့ ပြောပြန်တယ်တဲ့ ။
  **အဲဒီစကား ကို ကတ်ဿဖဘုရားလည်းကြားရော ဩော် အသင် မြို့ သူမြို့ သား တို့  ငါ့ ကို အထင်သေးလိုက်ရဲ့ လား..ငါ့ တန်ခိုးကို သိစေရမယ်ဆိုပြီးအစွန်းပြပါလေရော၊ အစွန်းပြပုံကဒီလိုဟေ့   “ အရင်တစ်ခါ ရွှေတုံးရှိရာ ကို ခေါင်းမောလိုက်တယ်မို့ လို့  ဒီတစ်ခါမှာ တော့  ခေါင်းမောလို့ မြင်ရတဲ့ နေရာမှာေ၇ွှတုံးကြီး ကို တွဲထားပါလေသတဲ” ။
အချိန်တန်တော့ ငပျင်းထွေကြီး ခေါင်းမောလေချွန်ပြီးထွက်လာပါပြီ။ ရွှေတုံးကြီးရှိရာသို့ ရောက်သော် ခေါင်းကိုငုံးချလိုက်ပြန်ပြီ။ ဒီတစ်ခါလည်းရွှေတုံးကြီး ကိုလက်လွှတ်လိုက်ရပြန်ပြီလေ။ မြို့ သူမြို့ သား တွေကပြောပြန်ပြီ ဒီငပျင်းထွေကိုတော့ ကတ်ဿဖ ဘုရား မကလို့  ဗုဓ္ဒမြတ်စွာဘုရားတောင်ကယ်လို့ ရမှာ မဟုတ်ပါဘူးတဲ့ ။
** ဒီစကားကို ဗုဓ္ဒမြတ်စွာ ဘုရားလည်းကြားရော.. အုံမာ..ဥံမာ..မြိုသူမြို့ သားတို့  ငါ့ ကိုဒီလိုပြောရက်လိုက်တာ..ငါမြတ်စွာဘုရားရဲ့ တန်ခိုးတော်ကိုမကြာခင်သိစေရမယ်..ဆိုပြီ လက်စွန်းပြဖို့ စိတ်ဆုံးဖြတ်လိုက်ပြီ။
** ရွှေတုံးကြီး တစ်လုံး ပြီးတစ်လုံး ဆုံးရှုံးရတဲ့ ငပျင်းထွေ တစ်ယောက် စိတ်ဓါတ်တွေကန့် ကုန်ပြီး သေမင်းရှိရာသို့  တစ်ရွာဝင်တစ်ရွာထွက် နယ်အရပ်ရပ် ကျော်ပြီး လိုက်ရှာပါလေရော..တေ့ွသမျှလူတွေကို “ ဘယ်နေရာမှာ သေမင်းရှိနိုင်ကြောင့် နဲ့  ဘယ်သူသိကြောင့် ” မေးလေသတဲ့ ၊။ ဗုဓ္ဒမြတ်စွာ ဘုရားကလည်း အဖိုးကြီးတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ငပျင်းထွေကို မေးပါလေရဲ့  “ဟေ့ လူ”“ ဟေ့ လူ” သင်ဘာမျှအလိုရှိပါလိမ့် ။ ထိုစကားကို ငပျင်းထွေကြားတော့ “လူငယ်လူရွယ် တွေတောင်မသိတဲ့  သေမင်းကြီးကို ခင်္ဗျား လိုအဖိုးကြီးက ဘယ်လိုသိမှာလဲ့ ဗျာ” ဟုပြောလိုက်သည်။   သင်အဘယ်ကြောင့်  သေမင်းကိုရှာနေတာလဲ့ လို့  မြတ်စွာဘုရားမေးလိုက်သဖြင့်  “ ကျနော်ဆင်းရဲ့ လွန်းလို့  သေချင်တာပါ” ဟုငပျင်းထွေပြန်ဖြေလိုက်သည်။ မြတ်စွာဘုရားက “ဒါဆိုရင် သင်လည်းမသေအောင်၊သင့် မိသားစုလည်း ချမ်းသာ အောင် ငါလုပ်ပေးမယ်” ဒီမှာ မျှားသုံးစင်း ဒီမျှားသုံးစင်းကို ကြိုက်ရာနုတ်ဖြင့် ရွတ်ပြီး ပစ်လိုက်ရင် သင်လိုသမျှရလိမ့် မယ်ဟု မြတ်စွာဘုရားကပြောပြီး မျှားသုံးစင်းကိုပေးလေသတဲ ။  ငပျင်းထွေမှာ မျှားသုံးစင်းနဲ့ အတူ မိသားစုထံ အကြောင်းစုံပြောပြီး မျှားကိုပစ်ရန် ပြတင်းပေါက်ဝတွင်ရပ်နေပြီ။ ငပျင်းထွေ မိန်းမနဲ့  သားသမီးများ မှာ တစ်ယောက်ပြီးတစ်ယောက် သားသား ကဘာလိုတယ်ညာလိုတယ်၊ မီးမီး ကဘာလိုတယ်ညာလိုတယ်၊ မိန်းမကဖြင့်  ကျမအတွက် ဘာညာဘာညာတွေဝယ်ပေးပါ အစရှိသည်ဖြင့် တစ်ယောက်ပြီး တစ်ယောက် တစ်ခုပြီးတစ်ခု ပြောသံကို ငပျင်းထွေတစ်ယောက် နားကွဲလုမတက် ဖြစ်ကာ မခံနိုင်စွာ စိတ်ဆိုးသဖြင့်    “ ရီး” ဆိုပြီး မျှားတစ်စင်းပစ်ချလိုက်တော့  မျက်စိတစ်မှိတ်မှာပဲ့  “ ရီး ” တွေ ဆိုက်မျိုးစုံ ဘယ်ကရောက်လို့ ရောက်မှန်းမသိ ခဏချင်းမှာ တင် အိမ်အပြည့် ရောက်လာတယ်တဲ့ ။  အဲဒီ “ ရီး” တွေကိုကြည့် ပြီး  ကလေးတွေလည်းကြောက်လွန်းတော့   ဒီ “ ရီး ” တွေကိုအမြန်ဆုံးပြန်မှောင်းထုတ်လိုက်ပါမောင်ရယ်လို့ မိန်းမကပြောလိုက်တယ်တဲ့ ။ အဲဒါနဲ့  ငပျင်းထွေကလည်း “ ရီး ” တွေအကုန်ထွက် ဆိုပြီး နောက်ထပ်မျှားတစ်စင်းကိုပစ်ချလိုက်ပြန်ပြီ။ ဒီတစ်ခါမှာတော့ ရှိသမျှ “ ရီး ”  တွေ လေလွင့် သလို  အကုန်လုံးတစ်ခု မကျန် ထွက်သွားပါလေရော။ နှကိုယ်ကတည်းက မှ လုံအောင် မဖုံးနိုင်တဲ့  သားရဲ့  ခန္ဒကိုယ် ကို ကြည့် လိုက်တော့  သူ့ မှာ  “ဟိုဟာ ” မရှိတော့ ဘူးတဲ့ ။ အဲ ဒါနဲ့ တစ်ချိန်တည်းမှာ ပဲ့ မိန်းမက ငပျင်းထွေ ကို မောင့် ဟာရော ပါကုန်ပြီ။
** အဲဒါနဲ့ နောက်ဆုံးတော့  မိန်းမက ငပျင်းထွေကိုပြောပါလေရော  မောင်ရယ်.. ဒို့ မိသားစုတွေမချမ်းသာလည်းနေပါစေ။ မောင့်ဟာ “ ဟိုဒင်း ”  နဲ့ သားလေး ဟာ ကိုပဲ့ ပြန်ရအောင်တောင်းပေးပါဆိုပြီး နောက်ဆုံး တစ်စင်းတည်း ကျန်တဲ့ မျှားကို .. ငပျင်းထွေ တစ်ယောက် ...ကဲ့ ..ငါ့  “ ရီး ”  နဲ့ ငါ့ သား “ ရီး ” ပြန်လာဆိုပြီးပစ်ချလိုက်လေသတဲ့ ။ ဤသည်တွင်  ဘယ်ဘုရားမှ ကယ်လို့ မရတဲ့  ငပျင်းထွေ ပုံပြင်ပြီးပါပြီ။
နည်းနည်း ရိုင်းသွားရင် ခွင့် လွှတ်ကြပါ။ ကျနော် ကလေးစိတ်မပျောက်သေးလို့ ရေးမိတာပါ။
ရေး..လင်းလင်း
Sunday, January 30, 2011
စာနာမှုနဲ့ ဖေးကူပါ
စာနာမှုနဲ့ ဖေးကူပါ။...
အမေရိကန်နိုင်ငံသားလူငယ်လေးတစ်ေ
ယာက် အစစအရာရာ ပြည့် စုံတဲ့ အတိုင်းအဝိုင်းထဲ့ က တစ်ဦးတည်းသောသားဆိုပါတော့ ။ အဲ့ ဒီလူငယ်လေးက အထက်တန်းကျောင်းအောင်ပြီးတာနဲ့  နိုင်ငံအတွက် စစ်မှုကိုထမ်းချင်တယ်လို့ မိဘကိုခွင့် ပန်ခဲ့ သတဲ့ ။ မိဘကလည်း မိမိနိုင်ငံအတွက် လုပ်တဲ့ အလုပ်ပဲ့ ကောင်းတာပေါ့ ဆိုပြီးခွင့် ပြုခဲ့ တယ်။  တစ်နေ့ မှာ မူ  နိုင်ငံ့ တာဝန်ကို ပြည်ပသို့ ထွက်ခွာ ပြီးတာဝန်ထမ်းဆောင်ရန် အမိန့် စာ ရလေသတဲ့ ။    ကမ္ဘာပေါ်မှာရှိတဲ့  လူကြီးလူငယ်တိုင်းသိတဲ့ ဗီယက်နမ် စစ်ပွဲကြီးထဲ့ ကိုပေါလေ။ ထိုစစ်မြေပြင်ထဲ့ ၌သုံးနှစ်ခန့် ကြာသောအခါ စစ်သားလေး သူ့ အမေကိုဖုန်းဆက်သည်။ ပုံမှန်ပြောနေကျစကားတွေကိုမပြောတော့ ပဲ့ ဒီတစ်ခါမှာ.. "သား"..အမေ...သားမကြာခင်တစ်လလောက်ဆိုပြန်လာတော့ မယ်။   အလားတူပင် နှစ်ရက် အကြာတွင် ယခင်က စကားအတိုင်းထပ်ပြောပြီး ဖုန်းချလိုက်ပြန်သည်။ တစ်ရက်အကြာတွင်ဖုန်းထပ်ဆက်ပြန်သည်။   "သား" အမေ...သားမကြာခင်ပြန်လာတော့ မယ်။ ဒါပေမယ့် အမေ့ ကိုပြောစရာရှိတယ်ဟု့ ပြောသည်။  "အမေ "
ပြောလေသား..ဘာပြောမှာလဲ့ လို့ ပြန်ဖြေလိုက်သည်။ " သား"  သားမှာအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်အမေ။ သူကသားနဲ့ စစ်မြေပြင်မှာ အေးအတူပူအမျှ သေတူရှင်ဖက်တိုက်ပွဲဝင်တဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပါတယ်။ ကျနော်သူ့ကိုအရမ်းခင်တယ်အမေ၊သူလည်းသူ့ ကိုယ်သူချစ်သလောက်သားကိုချစ်တယ်အမေဟုပြောပြီးဆက်ပြောသည်။် သူ့ ကို အမေရိကမှာ သားနဲ့ အတူခေါ်ခဲ့ ချင်တယ်အမေဟုပြောသည်။ "အမေက" အော်..ခေါ်လာခဲ့ ပေါ့ သားရယ်..သားရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ့ ..သားအတွက်အဖော်လည်းရတာပေါ့ ။  ဒါပေမယ့် သားအမေ့ ကို တောင်းခံစရာ ရှိတယ်အမေဟု မရဲ့ မဝံ့ ပြောပြီးမိနစ်အနည်းငယ်ကြာအောင်ငြိမ်သွားပြီးနောက်...
သားသူငယ်ချင်းက စစ်မြေပြင်မှာ မိုင်းဗုံးထိလို့  သူ့ ခြေထောက်နှစ်ဖက်စလုံး မရှိတော့ ဘူးအမေလို့ ပြောရင်းအမေ့ ဆီကတုန့် ပြန်စကားကိုငြိမ်သက်စွာနားထောင်လေတော့ သည်။ "အမေ" ဘုရားရေ...သားရယ်..သားရဲ့ သူငယ်ချင်းကဒုက္ခိတ  ဆိုတော့  မလွယ်ဘူးထင်တယ်သားရယ်။ အမေကအလုပ်နှစ်လုပ် လုပ်တာလေ။အဲ့ ဒီတော့ သူ့ ကိုပြုစုဖို့  အမေ့ မှာ အချိန်မရှိဘူးလေသားရယ်. မိသားစုအတွက်သူက အပူအပင်ဒုက္ခအိုးကြီးတစ်ခုဖြစ်သွားမှာပေါ့ လို့ ပြန်ပြောလိုက်သည်။ စစ်သားလေးမှာ မျှော်လင့် ချက်မဲ့ သော ငိုရှိုက်သံဖြင့် ဘာမှမပြောပဲ့ ဖုန်းချလိုက်သည်။။။
သုံးရက်လောက်အကြာတွင်အမေရိကနိုင်ငံရှိ မိဘများရှိရာအိမ်ရှေ့ သို့ အရေးပေါ်ကားတစ်စီးရောက်လာသည်။ မိခင်သည် ရုတ်တရပ် အိမ်ထဲ့ မှ ထွက်ကြည့် သည်မှာ. အလောင်းတစ်လောင်းနဲ့  ဝီးချဲ့ (wheel chair )တစ်စီးတွေ့ ရသည်။ ထိုအလောင်းမှာ သူတို့ ၏တစ်ဦးတည်းသောသားပင်ဖြစ်လေ၏။ ဝှီးချဲ့ နဲ့ အတူစာတစ်စောင်ပါလာသည်။  စာထဲ့ မှာ "အမေနဲ့ အဖေ.. သားမရှိတော့ ပေမဲ့  သားရဲ့ ဝှီးချဲ့ လေးကို စောင့် ရှောက်ပေးပါ။"  ဟုရေးထားလေသည်။  အကယ်စင်စစ်တွင် သားရဲ့ အချစ်ဆုံးသူငယ်ချင်းခြေထောက်နှစ်ဖက်စလုံးမရှိသူ ဒုက္ခိတ ဆိုသူမှာ ထိုမိဘနှစ်ပါးရဲ့ တစ်ဦးတည်းသော သား စစ်သားလေးပင်ဖြစ်လေသည်။ စစ်သားလေးခမျာ်သူ ဒုက္ခိတဖြစ်နေသောအကြောင်းကို့ မိဘနှစ်ပါးအားတိုက်ရိုက် မပြောဝံ့ ပဲ့ သူ့  မိဘများ၏သဘောထားကိုသိလိုသောကြောင့်  သူငယ်ချင်းဟု တွယ်ဝှိုက်ပြောရခြင်းဖြစ်ပါသည်။ သို့ သော် ဒုက္ခသည် က မိသားစုအတွက် အပူပင်ဒုက္ခအိုးကြီးတစ်ခုဟု မိဘတို့ ၏တုန်းပြန်စကားကိုကြားရသဖြင့် သူ့ ကိုယ်သူအဆုံးစီရင်ရခြင်းဖြစ်ပါသည်။ .........
ဆရာမရဲ့ ရင်ထဲ့ က စကားတွေကိုကြားလိုက်တဲ့ အခါ ကျွန်တော့် ရင်ထဲ့ မှာ ...ဩော် ငါတစ်ယောက်တည်းလောက မှာ အပူပင်ရှိတဲ့ လူ၊ဒုက္ဒရောက်တဲ့ သူမဟုတ်ဘူးပဲ့  လူတိုင်းမှာ မတူညီတဲ့ အခက်အခဲ့  အပူအပင်ရှိကြတာပဲ့ ဆိုတာကိုရင်ထဲ့ နှစ်နှစ်ခါခါခံစားရပါတယ်။ တကယ်တော့ ကျွန်တော် လွန်ခဲ့ တဲ့ အပါတ်တုန်းက မြန်မာပြည်အကြောင်းနဲ့  ကျွန်တော့် ရဲ့ ဒုက္ဒပြသနာတွေကို ဆရာမ မျက်ရည်ကျ့အောင်ရင်ဖွင့် ခဲ့ တုန်းကဆို အမေရိကန်နိုင်ငံသားတွေမှာ ဘာအခက်အခဲ့ မှ ငါလောက်ခက်ခဲ့ တာရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့ တာ။  ဩော်..ခုကျတော့ လူတိုင်းမှာ အခက်ခဲ့ ဆိုတာရှိကြမှာပဲ့  တစ်ယောက်နဲ့ တစ်ယောက်အခက်ခဲ့ ချင်းကတာ မတူညီကြတာပဲ့ လားဆိုတာ ကျတော့် ဘဝအတွက် သင်ခန်းစာတစ်ခု လို့ လည်းရင်ထဲ့ မှာ တံဆိတ်ခက် မှတ်ထားလိုက်ပါတယ်။
နောက်တစ်ခုကတော့ ဆရာမပြောသွားတဲ့ အကောင်းဆုံး (ဥပမာ)ပုံပြင်ထဲ့ ကလိုပဲ့  အခက်ခဲ့ ၊ဒုက္ဒ၊ပြသနာ အထွေထွေ ဆိုတာဟာ သူများဆီမှာ ပဲ့ အမြဲ့ ရှိနေမှာ မဟုတ်ပါဘူး တစ်နေ့ မမျှော်လင့် ပဲ့ ကိုယ့် ဘဝထဲ့ ကိုဆိုးကျိုးတွေရောက်လာနိုင်ပါတယ်။ အဲ့ ဒါကြောင့် ကျွန်တော်ပြောချင်တာက လူမျိုးဘာသာမရွေး၊ဂိုဏ်းဂဏမခွဲ၊ ဆင်းရဲ့ ချမ်းသာ၊ မျက်ကမ်းမျက်မြင်၊ လူအ လူတော်၊ သန်မာသည်ဖြစ်စေ ချိနှဲ သည်ဖြစ်စေ အရောင်အဆင့် တန်းမခွဲ့ ပဲ့ ကူညီဖေးမ လက်တွဲ ရိုင်းပင်းကြပါစို့ လားလို့ ..
ရေးသူ ..ပီတာလင်း
Friday, January 28, 2011
တတိယမြန်မာ နိုင်ငံတည် အလောင်းတရားဦးအောင်ဇေယ
တတိယမြန်မာနိုင်ငံတည်အလောင်းမင်းတရားဦးအောင်ဇေယျ
ခမည်းတော် မင်းညိုစံနှင့် မယ်တော် မဟာဒေဝီ စောညိန်းဦးတို့မှ သက္ကရာဇ် ၁၀၇၆-ခုနှစ် တော်သလင်း
လပြည့်ကျော် ၁-ရက် သောကြာနေ့ ညဉ့် ၁-ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ် မွန်းတည့်မတ်ချိန်တွင်ဖွားမြင်
မြင်သည်၊ ပျိုရွယ်စဉ်က သုံးကြိမ်တိုင်တိုင် လက်ရုံးတော်မှ မီးတောက်ခဲ့သည်၊ ၁၁၁၃-ခုနှစ် မွန်တို့ လက်
ချက်ဖြင့် အင်းဝပြည်ကြီး ပျက်စီးသောအခါ ဇာတိ မုဆိုးဘိုရွာမှနေပြီး မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်
၍ ၁၁၁၄- ခုနှစ်တွင် မင်းပြုသည်၊ ဘုန်းကြီးသော မင်းယောက်ျား ဖြစ်သည့်အပြင် ကြံရည် ဖန်ရည်လည်း
ကောင်းလှသဖြင့် အင်အားအဆမတန် များပြားသော ရန်သူ့စစ်တပ်ကြီးများကိုပင် အံ့သြလောက်အောင်
ချေဖျက်သုတ်သင်ပစ်နိုင်ခဲ့သည်၊ ဘုရင်နောင်ကဲ့သို့ပင် အလောင်းမင်းတရားကလည်း "စစ်တို့၏သဘော
မှာအင်အားကြီးသည်ငယ်သည်ပဓာနမဟုတ်၊သူရသတ္တိနှင့်စစ်ပရိယာယ်ကြွယ်ဝမှုသာပဓာနဖြစ်
ည်"
ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။
ရန်သူအများအပြားကို သုတ်သင်ရှင်းလင်းပြီးနောက် မုဆိုးဘိုကို "ရွှေဘို" သမုတ်ကာ ထီးနန်းစိုက်တော်
မူသည်၊"အမယ်ကြီးနှင့် ဘကြီးတား၍ လားလားမနိုင် သောကြာသားက စကားခိုင်၊သံတိုင်ကျောက်ခဲ လူပျို
ချင်းတွင် ပိုလို့ကဲ၊ ပဲနှင့်ပြောင်းကို ဟောင်းလျှင်ပစ်၍ အသစ်ရှာ၊အောင်ပါစေသား သောကြာသား" ဟူသော
တပေါင်ဆန်ဆန် သီချင်းကို ပြည်သူတို့ ထပ်မနား ရွတ်ဆိုနေချိန်မှာပင် အလောင်းမင်းတရားကလည်း အောင်
ပွဲများ တစ်ခုပြီးတစ်ခု ရရှိခဲ့သည်။ ရွှေဘိုမြို့တော်ကြီးမှာ အလောင်းမင်းတရား၏ ဘုန်းရိပ် ကံရိပ်အောက်တွင်
သာယာစည်ကားပြီး ဘေးရန်အန္တရယ်လည်း လုံခြုံစိတ်ချရသဖြင့် "ဒို့မေလေး မကြေဖျက် မြောက်ဘက်ကယ်
တဲ့ ဟိုတခို ပြေးစို့နှစ်ကိုယ်၊ ဆိုင်းစိုစို ရန်လုံးပြိုပါတဲ့ ပြည်ရွှေဘို ထိုမြို့မှာ မိုးခိုစို့လေး" ဟူသော သီချင်းများ ပေါ်
လာသည်။
အလောင်းမင်းတရားသည် ၁၁၁၇-ခုနှစ်တွင် ဒဂုံကိုအောင်မြင်ပြီးနောက် "ရန်အပေါင်းကို ကုန်စင်အောင်
လုပ်ကြံတော်မူမည်" အမိန့်ရှိ၍ ရန်ကုန်ဟု သမုက်တော်မူသည်၊ မြန်မာနိုင်ငံတွင်း ရန်သူပုန်များ ကင်းစင်
သလောက်ရှိသွားသောအခါ ထိုခေတ်စစ်ဘုရင်ကြီးများ၏ ထုံးစံအတိုင်း ယိုးဒယားသို့ပါ ချီတတ်တိုက်ခိုက်
ပြန်ရာ အောင်မြင်မှု အလီလီ် ရရှိတော်မူခဲ့သည်။
၁၁၂၁-ခု ဝါဆိုလဆုတ် ၁၀-ရက် ကြသပတေးနေ့တွင် ယိုးဒယားသို့ စစ်ချီတတ် တိုက်ခိုက်ရန်အလောင်းမင်း
တရားသည် ကြောက်မြောင်းဆိပ်တော်မှ အောက်ပြည်သို့ စုံတော်မူသည်၊ ဝါခေါင်လဆန်း ၁၁-ရက်နေ့၌ -
နေပြည်တော် ရွှေဘိုမြို့ပေါ်သို့ မိုးကြိုး ၁၃- ချက်ကျသည်၊ မိုးကြိုးကျရာ ဌာနများကား-ဆင်ချီတိုင်,မြင်း-
လွှစင်
ကျုံးနင်းကြမ်း-နဘဲပင်-တမာပင်-လက်ခုပ်ပင်-ပေါက်ပန်းဖြူပင်-ညောင်ပင်-ကျောင်-မင်းကျော်သီရိအိမ်-
တပယင်းမြို့တံခါးနှင့် မြဝတီ ပြအိုးတို့ဖြစ်သည်၊ အလောင်းမင်းတရားကြားသိ၍ မိုးကြိုးကျရခြင်းအကြောင်း
နိမိတ်များကို ပညာရှိများအား ဖတ်ကြားတင်လျှောက်စေရာ စာဆိုတော်ပညာရှိ စိန္တကျော်သူက မိုးကြိုး
ကျခြင်းမှာ ဣဋ္ဌမင်္ဂလာများဖြစ်ကြောင်း ရတု ၆-ပိုဒ်ဖြင့် မင်းတရားကြီး သဘောတော်မျှစေရန် မမှန်မကန်
လျှောက်တင်လိုက်လေသည်။
စိန္တကျော်သူ၏ လျှောက်တင်ချက်ကို အဟုတ်မှတ်၍ သဘောတော်ကျကာ(ပြုသင့်သောယတြာမျာ
မပြုဘဲ) အောက်ပြည်သို့ ဆက်လက်စုံဆင်းပြီး ယိုးဒယားကို ချီတတ်တိုက်ခိုက်ရာ မအောင်မမြင် ဖြစ်ပြီးလျှင်
၁၁၂၂-ခုနှစ်တွင် ကဆုန်လဆုတ် ၁၀- ရက် တနင်္ဂနွေနေ့တွင် မုတ္တမမြို့နယ် ကင်းရွာ၌ ရုတ်တရက် ဖျားနာ၍
နတ်ရွာစံတော်မူခဲ့ရလေသည်။
=========================
ဦးဦးမှောဆရာထံမှ
နတ်သမီးအဆာင်
တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ၊???"
ဟု အပြစ်တင်စကားဆိုလေ၏ ။
ထိုအခါ ဘုရားသခင် က
"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား???"
ဟုမေးလိုက်လေ၏ ။
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ ဘုရားသခင်ကဆက်ပြောပြသည် ။
ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး....
"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ဒီရွှေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီးဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် "
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။
ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။
"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ."
ဟုပြောပြီးခေါင်းခါနေပြန်၏ ။
ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...
"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမယ့်ပုံစံ အပြည့်အစုံပဲလား"
ဟုထပ်မေးပြန်၏ ။
"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ.. မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး.. အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်"
ဟုဘုရားသခင်က ဆက်ပြောပြန်၏ ။
"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "
"..........."
"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ်။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။"
နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီးသို့တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏။
"နူးညံ့လွန်းလှချည်လား"
"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"
"သူမကတွေးတတ်လား???"
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။
"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီးညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"
နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏
"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာဝန်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"
"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"
"ဘာအတွက်လဲ"
"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေစတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"
ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာအထင်ကြီးသွားလေ၏ ။
"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်းစစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသောလူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံးဖြစ်လာပါလိမ့်မယ်"
ဟုဆိုလိုက်သည် ။
ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးပြလိုက်သည် ။
"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာလူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"
"........"
"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမကပြုံးပြနိုင်တယ်"
"အဲ့ဒီလောက်တောင်ပဲလား"
"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွံ့တဲ့အချိန်မှာလည်း သီချင်းဆိုတယ် "
"အို"
"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက်အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"
"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်းငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်းတစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"
နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်ကလူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။
"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ်သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့.... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ်ပြောင်းလဲအသုံးပြုတတ်သေးတယ်"
"............"
"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာကိုလည်း သူမကသိသေးတယ်"
"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"
"ဘယ်လို"
နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏
"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"
"ဘာချို့ ယွင်းချက်လဲ"
"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"
"ဟင်"
"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။                                                  
                                                                                                                          လူနေ
ဒီပုံပြင်လေးဟာ လူနေ (နတ်သမီးအဆောင်)ဆိုတဲ့ ၀တ္ထု စာအုပ်ကလေးထဲက ဇာတ်လိုက်မင်းသားလေးကို သူ့ အဖေက ပြောပြနေတဲ့ ပုံပြင်လေးဖြစ်ပါတယ် ။ ဖတ်ကြည့်လိုက်ပါ အရမ်းကောင်းပါတယ် ။
ဘယ်လို အကြောင်းအရာလေးလဲဆိုတော့ အသည်းကွဲနေတဲ့ ကောင်မလေး တစ်ယောက်ကို လမ်းမှန်ပြန်ရောက်အောင် ကောင်လေးတစ်ယောက်က ဘယ်လို ပို့ ပေးလိုက်တယ်ဆိုတဲ့ အကြောင်းလေးကို လူငယ်အကြိုက် ရေးဖွဲ့ ထားထာ ဖြစ်ပါတယ် ။
ဦးဦးမှော် ဆရာ မှ