Showing posts with label သိကောင်းစရာ နည်းပညာ. Show all posts
Showing posts with label သိကောင်းစရာ နည်းပညာ. Show all posts
Friday, August 19, 2011
ဘီလ် ဂိတ် ဘယ် လောက် ချမ်း သာ သလဲ့ ?
  • ၁) ဘီလ်ဂိတ်ရဲ့ တစ်စက္ကန့် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅ဝ ဖြစ်တယ်။ တစ်နေ့ဝင်ငွေက သန်း၂ဝကျော် ဖြစ်တယ်။ တကယ်လို့ သူ့ပိုက်ဆံအိတ်ကနေ ဒေါ်လာ၁ထောင် ကျသွားရင်တောင် ဘီလ်ဂိတ် ကောက်ချင်မှကောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူခါးကိုင်းပြီး ကောက်လိုက်တဲ့ အချိန်၎စက္ကန့်ရဲ့ ဝင်ငွေဟာ အဲဒီငွေနဲ့ ညီမျှလိုပဲဖြစ်တယ်။
    ၂) အမေရိကန် အစိုးရတင်နေတဲ့ အကြွေးက 5.62 trillion dollars ဖြစ်တယ်။ ဘီလ်ဂိတ်ကို အဲဒီအကြွေးတွေ ဆပ်ခိုင်းဖို့ရာ အချိန်(၁ဝ)နှစ်ပဲ လိုပါလိမ့်မယ်။
    ၃) ဘီလ်ဂိတ်ရဲ့ ချမ်းသာမှုဟာ အမေရိကန်အစိုးရစုထားတဲ့ ရွှေတန်ဖိုးရဲ့ ၃ဆဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေတိုင်း လူတစ်ဦးကို ဒေါ်လာ၁၅ကျပ်နှုန်း ဝေခဲ့ရင်တောင် ဘီလ်ဂိတ်မှာ လက်ကျန်ငွေ ဒေါ်လာ ၅ သန်း ကျန်ခဲ့နိုင်ပါသေးတယ်။
    ၄) မိုက်ကယ်ဂျော်ဒန်က ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားဖြစ်တယ်။ ဂျော်ဒန်ဟာ သူ့တစ်နှစ်ဝင်ငွေ သန်း၃ဝကို မစားမသောက်ဘဲ စုခဲ့ရင်တောင် နောင်နှစ်ပေါင်း (၂၇၇)နှစ်စုမှ ဘီလ်ကိတ်ရဲ့ လက်ရှိချမ်းသာမှုနဲ့ ညီမျှမှာဖြစ်တယ်။
    ၅) ဘီလ်ဂိတ်ဟာ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်ဆိုရင် သူဟာ နံပါတ် (၃၇)မြောက် အချမ်းသားဆုံးနိုင်ငံ ဖြစ်တယ်။ ဒါမှမဟုတ် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် နံပါတ်(၁၃)မြောက် အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ IBM ထက်တောင်ကြီးပါတယ်။
    ၆) ဘီလ်ကိတ်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ကျပ်တစ်ဒေါ်လာအဖြင့်လဲပြီး ရသမျှ ကျပ်တစ်ဒေါ်လာကို အထပ်ထပ် ထပ်လိုက်ရင် လကမ္ဘာကို အသွားအပြန် ၁၈ခေါက် ရနိုင်ပါတယ်။ ဒီကျပ်တစ်ဒေါ်လာကို ၇၁၃ ဘော်ရင်းဂျက်၊ ၇၄၇ လေယာဉ်နဲ့ မအိပ်မနေ နှစ်ပေါင်း ၁၄ဝဝ ကြာအထိ တင်ယူသယ်ဆောင်မှ ရနိုင်ပါလိမ့်မယ်။
    ၇) ဘီလ်ဂိတ်အသက်(၄ဝ) ရှိပါပြီ။ အမေရိကန်ယောက်ျားတွေရဲ့ သက်တမ်းနဲ့ တွက်ချက်မယ်ဆိုရင် နောက်ထပ် ၃၅နှစ် သူအသက်ရှင် နိုင်ပါသေးတယ်။ သူ့ဝင်ငွေထဲက တစ်နေ့ကို ၆၇သိန်းသုံးမှ သူမသေခင် သူ့ငွေတွေကုန်မှာဖြစ်ပါတယ်။
    ၈) တကယ်လို့ ကွန်ပြူတာ သုံးနေသူတွေရဲ့ဝင်းဒိုး တစ်ခါဟမ်းသွားတိုင်း သူ့ကုမ္ပဏီကို ၁ဒေါ်လာ အလျှော်တောင်းကြရင် သုံးနှစ်အတွင်းမှာ ဘီလ်ဂိတ် ဆင်းရဲသွားနိုင်ပါတယ်။
  • ဆင် ကလေး နှင့်  သံကြိုး
  • ဂျမ်ဘိုဟာ ဆပ်ကပ်တစ်ခုက ဆင်ပေါက်ကလေးတစ်ကောင်ဖြစ်တယ်။ သူ့မိဘတွေကလည်း အဲဒီဆပ်ကပ်ရဲ့ အသုံးတော်ဟောင်း တွေဖြစ်တယ်။ ဆင်ပေါက်လေး ဂျမ်ဘိုဟာ ငယ်ရွယ်သူပီပီ အဆော့သန်ပြီး နေရာတကာ စပ်စပ်စုစုနဲ့ လျှောက်သွားနေတတ်လို့ ဆပ်ကပ်ထဲက လူတွေက သူ့ကို သံကြိုးသေးလေးနဲ့ တိုင်မှာချည်နှောင်ထားလိုက်တယ်။ ဒီလိုချည်နှောင်ခံရတာကို ဂျမ်ဘိုက နည်းနည်းမှကျင့်သားမရခဲ့လို့ အချည်နှောင်ခံစမှာ သံကြိုးကလွတ်အောင် သူရုန်းခဲ့တယ်။ သူ့ရဲ့သေးငယ်တဲ့အားနဲ့ ကြိုးကိုပြတ်အောင် မရုန်းနိုင်ခဲ့တော့ ကြိုးမီရာ နေရာလောက်မှာပဲ သူလှုပ်ရှားခဲ့ရတယ်။
    ရက်အနည်းငယ်ကြာတော့ သံကြိုးကလွတ်အောင် သူကြိုးစားပြန်တယ်။ မအောင်မြင်ခဲ့ပြန်ဘူး။ တစ်ရက်ပြီး တစ်ရက်၊ တစ်ကြိမ်ပြီး တစ်ကြိမ် သံကြိုးကလွတ်အောင် သူအမျိုးမျိုး ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ ကြာတော့လွတ်ဖို့ သူမကြိုးစားတော့ဘူး။ သူ့မိဘတွေကို ကြည့်တော့လည်း သံကြိုးတွေနဲ့ ချုပ်နှောင်ခံထားရတာကိုတွေ့တော့ ဒီလို ချည်နှောင်ခံရတဲ့ဘ၀ကို သူကျင့်သားရလာခဲ့တယ်။
    ဂျမ်ဘိုဟာ တဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ သူ့ရဲ့အင်အားဟာ ခြေထောက်မှာချည်ထားတဲ့သံကြိုးကို နှာတမှုတ်စာနဲ့တောင် ဖြတ်နိုင်ပါပြီ။ ဒါပေမယ့် အဲဒီသံကြိုးကိုဖြတ်ဖို့ သူမတွေးမိတော့ဘူး။ ဒီသံကြိုးဟာ ဘယ်လိုမှဖြတ်လို့ မရနိုင်ဘူးဆိုတဲ့အတွေးက သူ့ရဲ့နှလုံးထဲ၊ မှတ်ဥာဏ်ထဲမှာ ငယ်ငယ်လေးကတည်းက အရိုးစွဲနေခဲ့လို့ဖြစ်တယ်။
    ဒီလိုနဲ့ တစ်မျိုးဆက်ပြီး တစ်မျိုးဆက် ဆပ်ကပ်ထဲက ဆင်ကြီးတွေဟာ မြင်ရတဲ့သံကြိုးသေးလေးနဲ့ ခြေထောက်ကို ချုပ်နှောင်ခံရပြီး မမြင်ရတဲ့ သံကြိုးကြီးနဲ့ စိတ်ဓာတ်ကိုချုပ်နှောင်ခံခဲ့ကြရတယ်။ အဲဒီ အချုပ်အနှောင်ခံ ဘ၀လေးထဲမှာပဲ သူတို့ဟာ ကျင်လည်နေခဲ့ကြတော့တယ်။
    အချိန်တွေဟာ မပြတ်ပြောင်းလဲနေပါတယ်။ ဟိုတုန်းက မလုပ်နိုင်ခဲ့တာကို ဒီနေ့မှာ လုပ်လို့ရရင်လည်း ရသွားနိုင်မယ်။ ဟိုတုန်းက လုပ်နိုင်ခဲ့တာကို ဒီနေ့မှာ ခက်ရင်လည်း ခက်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဓိက က စိတ်ထဲမှာ မပြောင်းလဲတဲ့ အယူအဆတွေကို အရိုးစွဲပြီး ချန်မထားမိခဲ့ဖို့ပဲလိုတယ်။ ကျွန်မတို့ဟာ ဆင်ကလေး ဂျမ်ဘိုလို အချုပ်အနှောင်ခံဘ၀မှာ ကျင့်သားရ ကျင်လည်နေခဲ့ကြပြီလား... ?
    original post from: http://www.youthwant.com.tw
    နိုင်းနိုင်း စနေ
  • မိတ် ဆွေ သူငယ် ချင်း
    နာမည်ကြီး စကောတလန် စာရေးဆရာတစ်ဖြစ်လဲ ဟာသမင်းသား Roterက ပရိသတ်ကို "ဘေးကလူနဲ့ ခင်ဗျားတို့ ပုခုံးချင်းယှဉ်ပြီး ထိုင်နေတာ ၂ နာရီလောက် ရှိနေပြီ။ တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မပြောကြပါလား?" လို့ ပြောလိုက်တယ်။ သူ့စကားကြောင့် ပရိသတ်တွေ ရယ်မောခဲ့သလို လူတစ်ချို့က ကိုယ့်ဘေးမှာ ထိုင်နေသူတွေကို ထနှုတ်ဆက်ကြတော့တယ်။
    ဒီလောက်ပဲ လွယ်ကူရိုးရှင်း ခဲ့ပါတယ်... ဘေးမှာရှိနေတဲ့သူက ကိုယ့်ရဲ့စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ပွင့်နဲ့ ကိုယ့် "သူငယ်ချင်း" ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေက တစ်ခါတလေ ကိုယ့်ကို အထင်ကြီးမှု၊ လူတန်းစား၊ လူမျိုးခွဲခြားမှုကြောင့် သူငယ်ချင်းကောင်းတွေကို လက်လွတ်ခဲ့ရတယ်။
    တစ်ခါက နှင်းမုန်တိုင်းကျပြီးနောက် ကားတွေသွားလာလို့ မရအောင် နှင်းတွေ ပိတ်ဆို့နေခဲ့တယ်။ ကျွန်တော်တို့နေတဲ့တိုက်က လောင်စာကုန်သွားတဲ့အပြင် ဆိုင်ကလူတွေ အစားအစာ လာမပို့နိုင်ခဲ့ဘူး။ ရေမရှိ၊ မီးမလာဖြစ်ခဲ့ရတယ်။ အဲဒီမှာ တစ်ခါမှ မခေါ်မပြောခဲ့ဖူးကြတဲ့ အိမ်နီးချင်းတွေက အချင်းချင်း အိမ်တံခါးခေါက်ပြီး စားစရာတွေ ပေးဝေလဲလှယ်ကြတယ်။ အိမ်တစ်အိမ်က လူစုပြီး ကပွဲလုပ်ခဲ့လို့ ကျွန်တော်တို့တစ်အိမ်လုံးလည်း အဲဒီကပွဲမှာ ပါဝင်ခဲ့ကြတယ်။ အသက် ၁၁နှစ်ကနေ အသက် ၇၅နှစ်ထိ အဲဒီပွဲမှာ ပါခဲ့ကြတယ်။ ကျွန်တော်တို့တိုက်ရဲ့ လုံခြုံရေးမှူး စန္ဒားယားတီးတတ်မှန်း အဲဒီအချိန်ကျမှာ ကျွန်တော်တို့ သိခဲ့ရတယ်။
    တကယ်လို့ ခါတိုင်းလည်း ဒီလိုပဲ မိတ်ဆွေစုဝေးပွဲတွေရှိရင် အရမ်းကောင်းမယ်လို့ ကျွန်တော်တွေးမိတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့နေတဲ့ တိုက်ကြီးက ပျော်စရာတွေနဲ့ နေ့တိုင်းပြည့်နေလိမ့်မယ်။
    လူတွေနဲ့ မိုင်ပေါင်းများစွာ ဝေးကွာအောင် သင်ခရီးထွက်နိုင်ပါတယ်။ ဒါပေမယ့် လူတွေကြားမှာ နေရတဲ့အပျော်ကို သင်ခံစားရမှာ မဟုတ်ဘူး။ လူတွေရဲ့ အတွင်းစိတ်ကို သင်မမြင်ရင် လောကကြီးကိုလည်း သင်ရှာတွေ့မှာ မဟုတ်ဘူး။ အရောင်းဝန်ထမ်း၊ လမ်းပေါ်မှာ တာဝန်ကျသူ၊ ဘတ်စကားမောင်းသူ၊ ဓာတ်လှေကားစောင့်၊ ဖိနပ်သုတ်တဲ့ ကလေးငယ် ... စတဲ့ လူတွေက အရည်အချင်းရှိတဲ့ လူတွေဖြစ်တယ်။ လူတိုင်းမှာ ပြည့်ဝတဲ့ စိတ်ဓာတ်တွေရှိကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအများစုက တသတ်မှတ်တည်းဖြစ်တဲ့ ဘဝထဲမှာပဲ နစ်မွန်းချင်ကြတယ်။ နေ့တိုင်း ဒီအပေါင်းအသင်း၊ ဒီမိတ်ဆွေတွေနဲ့ အပ်ကြောင်းထပ်နေတာတွေပဲ ပြောချင်ခဲ့ကြတယ်။ တကယ်တော့ သူစိမ်းနဲ့ အထူးသဖြင့် လုပ်ငန်းမတူသူတွေနဲ့ စကားပြောကြည့်ခြင်းအားဖြင့် သူတို့ဆီကနေ ကိုယ်မသိတဲ့ အတွေ့အကြုံသစ်၊ ခံစားမှုအသစ်ကို ရနိုင်ပါတယ်။ တောရွာက လယ်သမား၊ ဝေးခေါင်တဲ့အရပ်က ဓာတ်ဆီဖြည့်သမား၊ ကလေးပွေ့ထားတဲ့ အမျိုးသမီးတစ်ဦးဟာလည်း ကျွန်တော်တို့စိတ်ကို ပျော်ရွှင်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
    တစ်ခြားသူအတွက် ဘာများပေးနိုင်မလဲ? ဘာများ လုပ်ပေးနိုင်မလဲလို့ ကျွန်တော်တို့အမြဲ ရေရွတ်ကြတယ်။ မပေးနိုင် မလုပ်နိုင်ချင် နေပါစေ.. အနည်းဆုံးတော့ တစ်ပါးသူရဲ့ ခံစားချက်ကို ကျွန်တော်တို့ လက်ခံနားလည်ပေးနိုင်ပါတယ်။ အပြင်ပန်းပဲ မဟုတ်ဘဲ လူတစ်ယောက်ကို ကျွန်တော်တို့ ဂရုတစိုက် ရှိခဲ့မယ်ဆိုရင် သူ့မျက်လုံးထဲကနေတောင် သူ့အတွင်းစိတ် အခက်အခဲကို တွေ့နိုင်ပါတယ်။ တကယ်လို့ ကားဂိတ်မှာ မျက်ရည်တွေနဲ့ ရပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နာကျင်ရိပ်ဖုံးနေတဲ့ မျက်လုံးတစ်စုံနဲ့ ကလေးငယ်၊ ဒါမှမဟုတ် ဘယ်သွားရမှန်း မသိဘဲ လမ်းပျောက်နေတဲ့ ခရီးသည်တစ်ဦးကို တွေ့ခဲ့ပြီး ကူညီဖို့ မမေးမြန်းခဲ့ရင် ကျွန်တော်တို့ ကိုယ့်ကိုခွင့်မလွှတ်သင့်ပါဘူး။
    ကျွန်တော်သိတဲ့ အမျိုးသမီးတစ်ဦးက ရထားစီးပြီး အနောက်အရပ်ကို ခရီးထွက်ခဲ့တယ်။ လမ်းခုလပ် ရွာတစ်ရွာမှာ ရထားရပ်လို့ အညောင်းပြေ သူလမ်းဆင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အရှေ့အရပ်က ရထားတစ်စီး ဘူတာထဲဝင်လာခဲ့တယ်။ ရထားနှစ်စီး တစ်ပြိုင်တည်း ရပ်နားမိချိန်ဖြစ်တာကြောင့် လမ်းဆင်းလျှောက်တဲ့ ခရီးသည်တွေ ပိုများခဲ့တယ်။ သူလမ်းလျှောက်နေတုန်း ရှေ့တည့်တည့်မှာ အပြုံးနဲ့လျှောက်လာတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်တယ်။ သူတို့ မိတ်ဆက်ကြတယ်၊ စကားတွေပြောဖြစ်ခဲ့ကြတယ်။ ရထားထွက်ဖို့ ဥသြဆွဲတော့ အမျိုးသားက "ကျွန်တော်တို့ နောက်ထပ်တွေ့နိုင်မယ် မထင်ဘူး" လို့ ပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ပြီးတော့ ရထားတစ်စီးထဲပေါ် သူတို့တက်ခဲ့ကြတယ်။
    နှစ်အတော်ကြာတဲ့အထိ သူတို့အဆက်အသွယ် ရှိခဲ့ကြတယ်။ တစ်ခြားတစ်ယောက် ကွယ်လွန်သွားချိန်ထိပါပဲ။ သူတို့နှစ်ယောက်ရဲ့ လိုအင်က ချစ်သူရည်းစား မဟုတ်ကြဘဲ အဖိုးတန်တဲ့ သူငယ်ချင်းကောင်းပဲ ဖြစ်တယ်။
    သင့်ဘဝမှာ တစ်ခြားလူ မိတ်ဆက်ပေးပြီးမှ ခင်မင်လာရတဲ့ သူငယ်ချင်း ဘယ်နှယောက် ရှိသလဲ?
    ကျွန်တော့်ဘဝမှာ ကျွန်တော်မှတ်မိသလောက် ကမ်းစပ်တစ်နေရာမှာ Baldနဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ သူရေထဲက တက်လာတဲ့အချိန် ကျွန်တော်ရေထဲဆင်းမယ့်အချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။ နယူးယောက်က စားသောက်ဆိုင်တစ်ခုမှာ Albert နဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ ကျွန်တော်နှစ်သက်တဲ့ စာစောင်တစ်စောင်ကို သူဖတ်နေချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။ Grand Canyon မှာ ဂျော်ဒန်နဲ့ကျွန်တော် ခင်မင်ခဲ့တယ်။ အံ့သြစရာ ရှုခင်းတွေကိုကြည့်ရင်း တစ်ယောက်ယောက်ကို အလျှင်စလို သူပြောပြချင်နေတဲ့ အချိန်မှာ ရင်းနှီးခဲ့တာဖြစ်တယ်။
    သန်းပေါင်းများစွာသော လူတွေရဲ့ ခံစားချက်က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ချို့က အထီးကျန်တယ်၊ တစ်ချို့က မျှော်လင့်ချက်ကို ပွေ့ဖက်ထားတယ်။ တစ်ချို့က စိတ်ဆင်းရဲနေတယ်။ လူ့ဘဝခရီးလမ်းမှာ ဒီလိုခံစားချက်ရှိတဲ့ လူတွေအတွက် အပေါင်းအဖော် မိတ်ဆွေဆိုတာ လိုလာတယ်။ သူငယ်ချင်း လိုလာတယ်။
    အစကတော့ သူစိမ်းတွေပါပဲ... တစ်ယောက်ယောက်က လက်အရင်ဆန့်ထုတ်တာနဲ့ သူငယ်ချင်းဆိုတာ ဖြစ်လာခဲ့ပါတယ်။
    ယောင်္ကျား မိန်းမ တို့  ၏ ကမ္ဘာ့ မြေပုံ
    မိန်းကလေး
    ၁၈နှစ်က ၂၀နှစ်ထိ မိန်းကလေးတွေဟာ အာဖရိကနဲ့တူတယ်။
    တချို့ တဝက်ဖွံ့ဖြိုးပြီး တချို့က တောရိုင်းမြေဖြစ်တယ်။ သဘာဝတွေနဲ့ ပြည့်နှက်နေချိန်ဖြစ်တယ်။
    ၂ဝနှစ်က ၃ဝနှစ်ထိ မိန်းကလေးတွေဟာ အမေရိကားနဲ့တူတယ်။
    လူတွေကို အာရုံစိုက်စေတယ်။ ဆွဲဆောင်စေတယ်။
    ၃ဝနှစ်က ၃၅နှစ်ထိ မိန်းကလေးတွေဟာ အိန္ဒိယနိုင်ငံနဲ့တူတယ်။
    စိတ်အားထက်သန်ပေမယ့် ပျင်းရိတယ်။
    ၃၅နှစ်က ၄ဝနှစ်ထိ မိန်းကလေးတွေဟာ ပြင်သစ်နိုင်ငံနဲ့တူတယ်။
    အသက်အရွယ် အတွေ့အကြုံတွေနဲ့ ရင့်ကျက်တည်ငြိမ်တယ်။
    ၄၀နှစ်က ၅ဝနှစ်ထိ မိန်းကလေးတွေဟာ ယူဂိုစလားဗီးယားနဲ့တူတယ်။
    အတိတ်အတွက် ပေးဆပ်ခြင်း ကာလအပိုင်းအခြားမှာရှိတယ်။
    ၅ဝနှစ်က ၆ဝနှစ်ထိ မိန်းကလေးတွေဟာ Siberia နိုင်ငံနဲ့တူတယ်။
    အိုမင်းပြီး ခြောက်ကပ်တယ်။
    ၆ဝနှစ်က ၇ဝနှစ်ထိ မိန်းကလေးတွေဟာ မွန်ဂိုရီးယားနဲ့တူတယ်။
    ဂန္တဝင်မြောက်သမိုင်းတွေသာ ကျန်ရစ်တယ်။
    ၇ဝနှစ်အထက် မိန်းကလေးတွေဟာ အာဖဂန်နစ္စတန်နဲ့တူတယ်။
    သွားရောက်လည်ပတ်သူတွေ မရှိတော့ဘူး။
    ယောက်ျားလေး
    ၂ဝနှစ်မတိုင်ခင် ယောက်ျားလေးတွေဟာ ဂွန်ဂို (Congo)နဲ့တူတယ်။
    အကန့်အသတ်မရှိတဲ့ စွမ်းရည်တွေနဲ့ အရာရာမှာ တက်ကြွတယ်။
    ၂ဝနှစ်က ၃ဝနှစ်ထိ ယောက်ျားလေးတွေဟာ တောင်အမေရိကနဲ့တူတယ်။
    သဘာဝသံယဇာတတွေ ပေါများပေမယ့် မဖွံ့ဖြိုး မတိုးတက်ဘူး။
    ၃ဝနှစ်က ၄ဝနှစ်ထိ ယောက်ျားလေးတွေဟာ တောင်အာဖရိကနဲ့တူတယ်။
    ဖွံ့ဖြိုးတိုးတက်လာပေမယ့် ပြည်တွင်းစစ်က မပြတ်ဘူး။
    အတွေ့အကြုံများပြီး လန်းဆန်းမှုနည်းလာတယ်။ တဖြေးဖြေး ယုတ်လျော့လာတယ်။
    ၅ဝနှစ်က ၆ဝနှစ်ထိ ယောက်ျားလေးတွေဟာ မြောက်ဥရောပနဲ့တူတယ်။
    တက်ကြွမှုတွေ တဖြေးဖြေးကျဆင်းပြီး တချို့နေရာတွေဟာ အေးစက်တဲ့အပိုင်းကို ရောက်နေပါပြီ။
    ၇ဝနှစ်အထက် ယောက်ျားလေးတွေဟာ အီရတ်နဲ့တူတယ်။
    စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။
    အင်တာနက်ပေါ် ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်။ ပြုံးဖို့ သက်သက်ပါ...း)
    နိုင်းနိုင်းစနေ
    Wednesday, March 16, 2011
    မတ်လ ၁၉ ရက်နေ့ တွင် လသည် ကမ္ဘာနှင့်  ၁၉ နှစ်တာ ကာလအတွင်း အနီးဆုံး အကွာသို့ ရောက်ရှိလာမည်။
    မတ်လ ၁၉ ရက်နေ့တွင် လသည် ကမ္ဘာနှင့် ၁၉ နှစ်တာ ကာလအတွင်း အနီးဆုံး အကွာအဝေးသို့ ရောက်ရှိလာမည် ဖြစ်ပြီး ထိုကဲ့သို့ ဖြစ်ခြင်းကြောင့် ကမ္ဘာ့မြေ အပေါ်တွင် မကောင်းသော သက်ရောက်မှုများ ရှိနိုင်မည်ဟု ပညာရှင်များက ဆိုကြသည်။
    ထိုနေ့၌ ကမ္ဘာ၏ အရန်ဂြိုဟ် ဖြစ်သော လသည် ကမ္ဘာနှင့် အနီးဆုံး အကွာအဝေးဖြစ်သော မိုင် ၂၂၁ ၅၆၇ မိုင်ခန့်သို့ ချဉ်းကပ်လာမည် ဖြစ်ပြီး ၄င်းနှင့် ကမ္ဘာကြား အပြန်အလှန် ဒြပ်ထုဆွဲအားတို့ကြောင့် ဒီရေတက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ခြင်း စသော သဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များက စိုးရိမ်မကင်း ဖြစ်နေကြသည်။
    လသည် ကမ္ဘာနှင့် အနီးကပ်ဆုံး၌ တည်ရှိခဲ့ဖူးသော ကာလမှာ ၁၉၉၂ ခုနှစ်က ဖြစ်ပြီး ကမ္ဘာ့သမိုင်းတလျောက် ၁၉၇၄၊ ၁၉၅၅ စသော ခုနှစ်များက ဤကဲ့သို့ ဖြစ်ခဲ့ဖူးပြီးနောက် မြေငလျင်နှင့် မီးတောင်ပေါက်ခြင်း စသော ကပ်ဘေးများ ကြုံတွေ့ခဲ့ရဖူးသည့် သာဓက အခိုင်အမာ ရှိခဲ့ဖူးသလို လွန်ခဲ့သော မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သော ဂျပန် ဆန်ဒိုင်းငလျင်ကြီးသည် ဂျပန်ကျွန်းကို မူလနေရာမှ အရှေ့ဘက်သို့ ၈ ပေခန့်အထိ ရွေ့လျားသွားစေခဲ့သည် အထိ ပြင်းထန်ခဲ့ကာ ၄င်း၏ နောက်ဆက်တွဲ မြေလွှာပြတ်ရွေ့ ငလျင်များ လှုပ်ခတ်လာဖွယ် ရှိသေးသည်ဟု ဂျပန်နိုင်ငံ တီဆူကူးဘားတက္ကသိုလ်မှ ဒုတိယပါမောက္ခမှ သုံးသပ်ပြောဆိုခဲ့သည့်အတွက် ရှိခဲ့ဖူးသောကြောင့် ဤကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ်ကြသည်။
    Friday, March 4, 2011
    လိမ်ညှာသူကို အကဲ့ ခက်နည်း
    ချစ်သူများ အကြားမှာဖြစ်စေ၊ စီးပွားရေး ဆက်ဆံမှုမှာ ဖြစ်စေ၊ နိုင်ငံရေး စည်းရုံးရာမှာဖြစ်စေ အမှန်တရားနှင့် လိမ်ညာခြင်းကို ခွဲခြားတတ်ဖို့ အလွန်အရေးကြီးပါသည်။ တကယ်တော့ လူတစ်ယောက် လိမ်ညာစကား ပြောနေသည်ကို သိနိုင်ရန် အလွန် ခက်ခဲလှပါသည်။ အချို့မှာ အမှန်ပြောနေသလိုပင် လွယ်လွယ်ကူကူ လိမ်ညာ စကား ပြောဆိုတတ် လေ့ရှိသည်။ မည်သို့ဖြစ်စေကာမူ သင်သည် ထိုလူတစ်ဦးက သင့်အား လိမ်ညာပြောနေသည် ဟုတ်မဟုတ်ကို သိမြင် နားလည် တတ်ဖို့လိုပါမည်။ သို့မဟုတ်ပါက သင်သည် သူတပါး၏ လိမ်ညာ လှည့်ဖျားခြင်းကို အလွယ်တကူ ခံရပါလိမ့်မည်။ သို့ရာတွင် လူတစ်ယောက်က သင့်အားလိမ်ညာနေခြင်းကို သင်မည်သို့ သိနိုင်မည်နည်း။ လူတစ်ယောက်က လိမ်ညာစကား ပြောနေသည်ကို သိနိုင် ကြည့်မြင်နိုင်သော နည်းလမ်းများ ရှိပါသည်။ ထိုနည်းလမ်းမှာ လူတစ်ယောက်၏ ဟန်ပန် အမူအယာကို သေသေချာချာ ကြည့်တတ်ရန်ပင် ဖြစ်ပါသည်။ လိမ်ညာစကားပြောသူ တို့၏ ယေပူယျ အမူအယာများမှာ စိုးရိမ်ကြောက်လန့်သည့် အမူအယာ၊ မျက်နှာလွဲတတ်သည့် အမူအယာ၊ မျက်တောင် အလွန်ခတ်သည့် အမူအယာ၊ လက်ကနာမငြိမ်သည့် အမူအယာတို့ ဖြစ်ကြသည်။
    လူတစ်ယောက်၏ အမူအယာကို ကြည့်မြင်တတ်ဖို့မှာ လူတစ်ယောက် လိမ်ညာနေသည်ကို သိနိုင်ရန် အလွန်အရေးပါသည့် အချက်ဖြစ်သည်ဟု စိတ်ပညာရှင် ပါရဂူကြီးတစ်ဦးက အောက်ပါအတိုင်း ရှင်းပြခဲ့ဖူးသည်။
    • လူတစ်ယောက်သည် မျက်လုံးခြင်းဆိုင် ကြည့်ရန် ရှောင်ဖယ် တတ်ခြင်း၊ မျက်လုံးမှာ တနေရာ ထဲတွင် မကြည့်နေဘဲ ပတ်ဝန်းကျင်ကို ဝေ့ပတ် ကြည့်နေခြင်းနှင့် မျက်တောင် မကြာခဏ ခတ်နေခြင်း စသည်တို့သည် စကား ပြောရသည့် အခါမှာ သက်တောင့် သက်သာ မရှိသည့် စိတ်ပညာ ဆိုင်ရာ အခြေအနေ ဖြစ်ပြီး ထိုအခြေအနေ မျိုးမှာ လူတစ်ယောက်သည် လိမ်ညာနေခြင်း၊ ဟန်ဆောင် နေခြင်း တို့ကြောင့် ဖြစ်တတ်သည်။
    • လူတစ်ယောက်သည် စကား ပြောစဉ် စိတ်ရှုတ်သည့်ဟန် ဖြစ်ခြင်းသည်လည်း လူတစ်ယောက်မှာ သူလိမ်ညာနေစဉ် ထိုလိမ်ညာခြင်း အပေါ်တွင် ဘယ်လို ဆင်ခြေ ပေးရမည်ကို တစ်ချိန်တည်း စဉ်းစား တတ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် သူ့၏ စကား အသွား အလာ အပေါ်မှာ အာရုံစိုက်မှုကို ပြတ်တောင်း စေပြီး၊ အနည်းငယ် ရောထွေး ရှုတ်ထွေးသွား စေတတ်သည်။
    • လိမ်ညာ ပြောသူတို့မှာ အများအားဖြင့် စကားကို အလွန်မြန်အောင် ပြောလေ့ ရှိတတ်ပြီး၊ သို့မဟုတ်ပါက တိုတို တောင်းတောင်း ပြတ်တောက် ပြတ်တောက် ပြောတတ်ပြီး၊ အခြေအနေ တရပ်ရပ်ကို တစ်ဖက်လူ အမြန်ဆုံး လက်ခံလာအောင်၊ သို့မဟုတ် ထိုအကြောင်းအရာ၏ ထွက်ပေါက်မှ အမြန် ထွက်နိုင်အောင် လုပ်တတ်ကြသည်။
    • လိမ်ညာသူ တစ်ဦး၏ ဟန်ပန် အမူအယာကို သေသေချာချာ ကြည့်လျှင် သူသည် ကိုယ့်ကိုယ်ကို ကာကွယ် နေသည့်ဟန် အမူအယာမျိုး ဖြစ်နေသည်။ သူတို့မှာ ကိုယ့်ကိုယ်ကို ခုခံသည့် လှုပ်ရှားမှုမျိုး ဖြစ်သည့် နောက်သို့ ခြေလှမ်း ဆုတ်ခြင်း၊ လက်နှစ်ဖက် ယှက်ထားခြင်း၊ လက်ခေါက် လက်ဆစ်များကို ကျစ်လစ်ထားခြင်းများ လုပ်တတ်ကြသည်။
    • တစ်ခါ လိမ်ညာသူသည် စကားပြောနေသည့် အကြောင်းအရာကို နားမလည်ဟန်၊ သဘော မပေါက်ဟန် လုပ်ပြီး ဟန်ဆောင် တတ်သည်။ သူသည် ထိုသို့ နားမလည် သဘော မပေါက်သည့် ဟန်ဆောင်ခြင်းဖြင့် သဘောရိုး ရှိသူ၏ အမြင်ကိုလေ့လာပြီး၊ ထိုသဘောရိုး ရှိသူ၏ အမြင်နှင့် ထပ်တူ လက်ခံသူ ဖြစ်သကဲ့သို့ ဖော်ပြလေ့ရှိသည်။
    • တစ်ခါတစ်ရံတွင် လိမ်ညာသည့်သူမှာ ရှေ့နောက် မညီသည့် အမူအယာမျိုး ရှိကြသည်။ ဥပမာ ဟုတ်ပါတယ်ဟု ပါးစပ်က ပြောပြီး ခေါင်းခါခြင်း ကဲ့သို့ ရှေ့နောက်မညီသည့် အမူအယာ မျိုးများသည် မသိစိတ်နှင့် သက်ဆိုင်သည့် လှုပ်ရှားမှု တစ်ခုဖြစ်သည်။
    • အလွန်အမင်း ရယ်သွမ်း သွေးခြင်းနှင့် ဖက်လှဲတကင်း ရင်းနှီး ခင်မင်မှု ပြခြင်းသည်လည်း လိမ်ညာခြင်း၏ အရေးပါသည့် သင်္ကေတများ ဖြစ်ကြသည်။ လိမ်ညာသူ မှန်သမျှသည် သူတို့မှာ မိတ်ဆွေ ကောင်းများ ဖြစ်ကြသည်ကို ပြသရန် အရေးကြီးသည်။ သို့မှာသာ တစ်ဖက်သူမှ အလွယ်တစ်ကူ ယုံကြည်လာအောင် စွဲဆောင်နိုင်ပေလိမ့်မည်။
    • အများအားဖြင့် လိမ်ညာမည့် သူသည် လိမ်ညာ စကားပြောရန် အတွက် ကြိုတင်ပြင်ဆင်မှု မလုပ်ထားတတ်ပါ။ သူတို့ လိမ်ညာပြောမည့် စကားများကို ကြိုတင် စီစဉ်ထားခြင်း မရှိတတ် သောကြောင့် သူတို့အား အသေးစိတ် မေးခွန်း တစ်ခု ထုတ်လိုက်ပါက အဖြေကို ကျကျနန ပြန်မပေးနိုင်တော့ဘဲ သူ့၏ စကားများမှာ ရှေ့နောက် ချော်ထွက်ပြီး၊ သူ့အား အနည်းငယ် တွေဝေ သွားစေ တတ်ပါသည်။
    • တဖက်တွင်လည်း လိမ်ညာ စကားပြောသူမှာ မလိုအပ်သည့် ရှင်းလင်းချက်များ အများအပြား ထုတ်ရှင်း တတ်ပြီး၊ ထိုလိမ်ညာသည့် အကြောင်း အရာ၏ အသေးစိတ်ကို မလိုအပ်ဘဲ အမြောက် အများ ထည့်သွင်း ပြောလေ့ ရှိကြသည်။
    ထို့ကြောင့် လူတစ်ဦး တစ်ယောက်က သင့်အား လိမ်ညာစကား ပြောနေသည်ဟုတ် မဟုတ်ကို သိလိုပါလျှင် အကောင်းဆုံးမှာ ထိုသူပြောသည့် စကားများကို သေသေချာချာ အာရုံစိုက်၍ နားထောင်ပြီး သူ့၏ အမူအယာကို အသေးစိတ် အကဲခတ်ကြည့်ခြင်းဖြစ်သည်။ ထို့အခါ လိမ်ညာ ပြောသူ၏ အရှေ့အနောက် မညီညွတ်သည့် အကြောင်းများကို အလွယ်တစ်ကူ သိမြင်နားလည် နိုင်ပါလိမ့်မည်။ ဤတွင် လိမ်ညာသူမှ သူ့၏ စကားနှင့် ဟန်ပန် အမူအယာကို နားထောင်သူသည် အသေးစိတ် လေ့လာ အကဲခတ် ကြည့်ရှုနေပြီး လေးလေး နက်နက် စူးစိုက် နားထောင်နေသည်ကို သိလျှင် သူ့မှာ အနေအထိုင် ခက်လာပြီး စကားစကို ဖြတ်၍ အခြားစကား ပြောင်းပြောခြင်း သို့မဟုတ် စကားဖြတ်၍သာ ထွက်သွားခြင်း လုပ်ပါတော့မည်။
    Sunday, February 27, 2011
    ကွန်ပျုတာနည်းပညာ
    Photoshop Lesson 3
    မင်္ဂလာပါ ခင်
    ဗျာ.... ကျွန်တော် နဲနဲ အလည်လွန်သွားလို့ ခွင့်လွှတ်ကြပါဗျာ...အရင် သင်ခန်းစာတွေတောင် မေ့ကုန်ပီလား မသိဘူး... မေ့ရင်လည်း ပြန်ဖတ်လိုက်ပါ..... ခု ကျွန်တော် သင်ခန်းစာ နောက်တစ်ခန်းကို သွားပါမယ်။ သူငယ်ချင်းတွေ အကျိုးရှိအောင် ဒီနေ့တော့ လိုင်စင်ပုံလေးတွေ ဘယ်လို ရိုက်ပီး ဖြတ်ညှပ်ကပ်လည်း သင်ပေးပါရစေဗျာ။
    ပထမဆုံး DIGITAL CAMERA နဲ့ ဓါတ်ပုံရိုက်ထားတာလေးကို ကွန်ပျူတာထဲ သွင်းပေးပါဗျာ။ ပီးရင်တော့ Photoshop ထဲမှာ ဖွင့်ပီး။ 4x6 ရှိပီး resolution 300dpi ရှိတဲ့ စာရွက်အသစ်လေးတစ်ရွက်ကို တောင်းလိုက်ပါ။ ပီးရင် tool box ထဲက move tool ကိုရွေးပီး ပုံလေးကို စာရွက်အသစ်ပေါ်ဆွဲတင်ပေးပါ။ လိုင်စင်ပုံလေးတွေကို ချိန်တဲ့အခါမှာ ခေါင်းအနေအထားကို မကြည့်ပဲ ပခုံးအနေအထားကို တန်းနေအောင် ချိန်ပေးပါ။ တစ်ချို့ လူတွေဟာ ပခုံးတစ်ဖက်နိမ့်နေတတ်သလို တစ်ချို့လူတွေကျပြန်တော့ ဓါတ်ပုံ ရိုက်တဲ့အချိန် အငြိမ်မနေတတ်လို့ ခေါင်းတွေ စောင်းနေတတ်ပါတယ်။ ဒါကြောင့် ခေါင်းအနေအထားကို မကြည့်ပဲ ပခုံးအနေအထားကိုပဲ ကြည့်ပီး ချိန်ခိုင်းတာပါခင်ဗျာ။ အနေအထား ချိန်တာကို ctrl+t နှိပ်နိုင်သလို edit menu ထဲက free transform နဲ့လည်း ချိန်လို့ရပါတယ်။
    ကျွန်တော်မှာ ရှိတဲ့ ပုံလေးနဲ့ပဲ ပြသွားမှာပါ။ သူငယ်ချင်းတို့လည်း အဆင်ပြေရာပုံလေးနဲ့ လုပ်လို့ရပါတယ်။ ကိုယ်လိုချင်တဲ့ အင်္ကျီအနေအထားပါတဲ့ ပုံလေးကို ရွေးလိုက်ပါ။ အောက်က ပုံပေါ်မှာ ပြထားတဲ့အနီဝိုင်းလေးက free transform ရှိတဲ့အနေရာလေးကို ပြထားတာပါ။ ပခုံးအနေအထားကို တည့်နေအောင် ချိန်ပေးပါ။ သူငယ်ချင်းတို့ တည့်နေအောင် ချိန်ရတာ စိတ်မရှည်တဲ့သူများအတွက် view menu ထဲက ruler ကို စစ်ကူတောင်းလိုက
်ပါ။ ကျွန်တော့်စက်ထဲမှာ မြန်မာစာဖောင့် မရှိဘူးခင်ဗျ.... လိုင်းပေါ်မှာပဲ မြန်မာစာသုံးလို့ရလို့ လက်ရေးစုတ်လေးကို ခွင့်လွှတ်ပေးကြပါဗျာ။ ပြီးရင်တော့ လိုချင်တဲ့ ပုံsize လေးကို ဖြတ်ပေးရမှာ ဖြစ်ပါတယ်။ 1လက်မ ပတ်လည်ရှိတယ်၊ 1.5လက်မ x 2လက်မ ၊ 1လက်မခွဲ x 2လက်မပတ်လည်နဲ့ 2လက်မ x 3.5 လက်မလည်း ရှိတယ်။ အစားအစားပဲ မြန်မာနိုင်ငံမှာတော့ 1လက်မ ပတ်လည်နဲ့ 1.5 x 2လက်မကို အသုံးများကြတယ်ဗျ။ အနောက်နိုင်ငံတွေကတော့ ဆိုဒ်ကြီးကြီးတွေပဲ သုံးတာများတယ်။ သူငယ်ချင်းတို့ လိုချင်တဲ့ဆိုဒ်ကို Tool box ထဲက crop ကိုယူပီး ဖြတ်ရအောင်။ ကျွန်တော်အောက်မှာ ပုံလေးနဲ့ ပြပေးပါ့မယ်။
    ခု သူငယ်ချင်းတို့ ကျွန်တော် ၀ိုင်းထားတဲ့ နေရာလေးတွေမှာ လိုချင်တဲ့ အလျားအနံ လေးတွေကို ရွေးထည့်ပေးပါ။ resolution ကို 300dpi ထားပေးပါ။ လက်မကို သုံးမှာ ဖြစ်တဲ့အတွက် အလျားအနံအတိုင်းအတာလေးတွေရဲ့နောက်မှာ လက်မကို သုံးတဲ့သူက in, pixel ကိုသုံးတဲ့သူက px, မီလီမီတာကို သုံးမယ့်သူက mm လို့ ရိုက်ထည့်ပေးရပါမယ်။ မမေ့ပါနဲ့ဗျာ။  ပီးတော့လည်း လူရဲ့ ခေါင်းပေါ်မှာ extra space လေး ချန်ထားဖို့လည်း မမေ့ပါနဲ့။  အတတ်နိုင်ဆုံး ချန်ပေးပါ။ crop လုပ်ပီးရင်တော့ ကျွန်တော်တို့ တကယ်အသုံးပြုမယ့် လူရဲ့ မျက်နှာလေးကို အဲ့ဒီ ပုံထဲ ဆွဲထည့်လိုက်ပါ။ ပြီးရင် Ctrl + T (Free Transform) နဲ့ မျက်နှာ အကြီးအသေးကို ခန္ဒာကိုယ်အရွယ်အစားနဲ့ မျှအောင် ချိန်ပေးပါဗျာ။
    အောက်က ပုံကို ဖောက်မြင်ရဖို့ အတွက် Layer palette ထဲက Opacity ကို အဆင်ပြေသလို လျော့ပေးနိုင်ပါတယ်။ Layer palette မပေါ်တဲ့သူများက Window menu ထဲမှာ Layer palette ကို ခေါ်နိုင်ပါတယ်။
    အတတ်နိုင်ဆုံး မျက်နှာ အရွယ်အစား ချိန်ပီးရင်တော့Opacity ကို100% ပြန်တင်ပေးပါ။ ပီးရင် color ကို Default color ပြန်ထားပေးပါ။ အပေါ်ကအမဲ၊ အောက်က အဖြူဟာ Default color ပါ။ ပြထားတဲ့ icon လေးကို ကလစ်တစ်ချက်နှိပ်လိုက်ရင်လည်း ပြောင်းသွားပါတယ်။ Toolbox ထဲက ကာလာရဲ့ အောက်နားက အဖြူအနက်ကွက်လေးကို နှိပ်လိုက်ပါ။
    ခု ကျွန်တော် ပြထားတဲ့အတိုင်း Layer menuထဲက Reveal All ကို ရွေးပေးပါ။ တစ်ခု သတိထားရမှာက Reveal All မလုပ်ခင်မှာ Layer ထဲမှာ တကယ်အသုံးပြုမယ့် လူရဲ့ မျက်နှာကို ရွေးထားပေးရမှာပါ။
    ပီးရင်တော့ brush tool လေးကို ယူပီး မလိုအပ်တာတွေကို ဖျက်ထုတ်လို့ရပါပီ။ Reveal All ကိုသုံးပီးဖျက်တာကို Mask အုပ်တယ်လို့ အလွယ်တကူ ခေါ်ကြပါတယ်။ လိုအပ်တဲ့နေရာလေးတွေကို ရွေးယူတဲ့ သဘောမျိုးလေးပါပဲ။ အမည်းရောင်က အပေါ်ယံလွှာကို ဖောက်ပေးပီး အဖြူရောင်ကတော့ အမည်းနဲ့ အုပ်မိသွားတဲ့နေရာလေးတွေကို ပြန်ဖော်ပေးတာပါ။
    ဒီမှာ ပြောချင်တာက Brush ကို အနားဖွာတဲ့ ဟာလေးကို သုံးစေချင်ပါတယ်။ ခင်ဗျာ brush tool လေးကို ရွေးပြီး နည်းနည်းစပ်စုကြည့်ပါ။ လိုက်ကလိတဲ့ သူတွေက ပိုတတ်ပါတယ်။
    ပုံမှာ ပြထားတဲ့အတိုင်း အနားဖွာ brush ကို ရွေးပါ။ အဖြူ အနက်ကို ပြောင်းလဲပီး သုံးရမယ့် အတွက် tool box ရဲ့အောက်နား color box ရဲ့ အပေါ်ထောင့်လေးက အနီိဝိုင်းထားတဲ့ မျှားလေးကို အသုံးပြုပြီး ဖုံးသင့်တာ ဖုံးပီး၊ ဖော်သင့်တာ ဖော်ပေးပါ။ ကျွန်တော် အောက်နားလေးက Layer palette မှာ ပြထားတဲ့ Click နှိပ်ပီး ရွေးပါဆိုတာက brush လေးကို အသုံးမပြုခင်မှာ အဲဒီ့နေရာအကွက်လေးကို ရွေးပေးဖို့ လိုအပ်တယ်လို့ ပြောချင်တာပါ။ အမှန်တော့ တစ်ခါတည်း ရွေးပီးသားပါ။ ဒါပေမယ့် တချို့သူငယ်ချင်းတွေက နည်းနည်းကလိတာ ၀ါသနာပါတော့ ရွေးထားတာလေး ပြုတ်သွားမှာ စိုးလို့ သတိပေးထားတာပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဒီနည်းလေးဟာ အရမ်းကို အသုံးဝင်ပါတယ်။ ကျွန်တော့် ပုံလေးကတော့ ဒီထက်ပိုပီး ဖုံးလို့ ဖိလို့ မရတော့ဘူးဗျို့။ ဓါတ်ပုံပြင်တဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ အဆင်ပြေသလို လိုချင်သလို ပြင်လို့ရပါတယ်။ ခု ကျွန်တော်ကတော့ အလွယ်ကူဆုံးနည်းပဲ ပြသွားပါ့မယ်။ ခုမှ စသင်တဲ့သူတွေ အဆင်ပြေအောင်ပါ။ ခု ကျွန်တော် ရွေးချယ်လိုက်တဲ့ ပုံမှာ ကော်လံပါနေတော့ ဒီကော်လံကို ဖျောက်ပေးရမှာ။ ဒါပေမယ့် မဖျောက်တော့ဘူးဗျာ မှတ်စရာ အရမ်းများသွားမယ်။ ဆံပင်အတုလေး တပ်ပီး အုပ်လိုက်မယ်။ တမျိုးလှသွားတာပေါ့။ ကြိုက်ရာ ဆံပင်လေး ရှာလိုက်ဦး။
    တစ်ခု သတိပေးစရာရှိတယ် လည်ပင်းအတိုအရှည်ကို သတိချပ်ပေးပါ။ တစ်ချို့ လူတွေ ပီးစလွယ် လုပ်ကြတယ်။ လည်ပင်းတိုနေတတ်တယ်။ ရှည်နေတတ်တယ်။ မချိန်ကြဘူး။ ဒါကြောင့် အတိုအရှည်လေးကို သဘာဝကျကျလေး ချိန်ပေးကြပါ။ မချိန်တတ်လို့ သဘာဝကျကျ ထွက်မလာရင်တော့ မျက်လုံးကို ဆရာဝန်သွားပြတော့ ပုံမှန်မဟုတ်တော့ဘူး။
    လိုချင်တဲ့ ဆံပင်လေးရှာတွေ့ပီဆိုရင်တော့ Reveal All ကို ပြန်သုံးကြည့်ပီး စမ်းကြည့်ပါ။ ဖုံးမယ်ဖိမယ်၊ ဖော်မယ်၊ အိုကေနော်၊ အဆင်ပြေမယ် ထင်ပါတယ်။
    ကြိုးစားကြည့်ပါ။ အဆင်ပြေမှာပါ။ စိတ်တိုင်းကျရင်တော့ Layer menu ထဲက Flatten Image ကို ရွေးလိုက်ပါ။ Layer palette ထဲက အလွှာတွေကို တစ်ခုတည်းဖြစ်အောင် လုပ်လိုက်တာပါ။ ကျွန်တော်တို့ ပုံနောက်ခံကို ပြင်ဖို့ လိုသေးတယ်လေ။ အဲဒါမပြင်ခင်တော့ အရိုးလေးတွေ ပေါ်နေတာတို့ အနာရွတ်တွေ ရှိနေတာတို့ကို Tool box ထဲက patch tool လေးနဲ့ ဖုံးရဖိရအောင်။ မလိုချင်တဲ့ နေရာကို ဖိရွေးပီးရင် လိုချင်တဲ့ နေရာလေးမှာ သွားချပေးယုံပဲ ဓါတ်ပုံပြင်တဲ့ နေရာမှာ သိပ်အသုံးဝင်တဲ့ tool တစ်ခုပါဘဲ။
    ကျွန်တော် ပြသွားတဲ့ အဆင့်အတိုင်း လိုက်လုပ်မယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သူငယ်ချင်းတို့အတွက် စာရေးလိုက် လုပ်လိုက် လုပ်နေရလို့ပါ။ တစ်ချို့ကြတော့ စာသေချာ မဖတ်တော့ ဆက်လုပ်လို့ မရတော့ဘူး ဖြစ်နေတတ်ကြလို့ပါ။
    အနာအဆာတွေ ပြင်ပီးသွားရင် Layer palette ထဲမှာ layer အသစ်ကလေးကို ခေါ်ပီး background color ကိုဖြည့်ကြရအောင် ကျွန်တော့်ရဲ့ အရောင်က အဖြူရောင်ဖြစ်တဲ့အတွက် အဖြူနဲ့ပဲ ဖြည့်ပါမယ်။ အရောင်ဖြည့်တဲ့အခါမှာ brush size ကို အကြီးအသေးကစားပီး ဖြည့်ပေးပါ။ ဆံပင် မျက်နှာ၊ လည်ပင်းနဲ့ ကပ်လာတဲ့အပိုင်းတွေကို brush size အသေးလေး သုံးပီး ဖြည့်ပေးရင် ပိုအဆင်ပြေပါလိမ့်မယ်။ ကြိုးစားကြည့်ပါ။ ပီးရင်တော့ Layer တွေကို ပြန်ပေါင်းလိုက်ပါဦးဗျာ။
    ကျွန်တော့် ပုံလေးက အိုကေသွားပီဗျ။ သူငယ်ချင်းတို့ ကြိုးစားပေးပါ။ အိုကေမယ်လို့ မျှော်လင့်ပါတယ်။ ပုံလေးတော့ ရပါပီ။ ဒီပုံလေးကို 4x6 size ထဲ ပုံပွားပီး ထည့်ရအောင်။ ဓါတ်ပုံဆိုင် သွားထုတ်ချင်တဲ့ သူများအတွက်ပါ။ 1.5 x 2in ကို crop နဲ့ ထပ်ဖြတ်ပေးပါ လက်မောင်းဘေးဘက်မှာ နေရာမလွတ်ရအောင် သတိထားပေးပါ။
    နားနှစ်ဖက် ဘေးနားမှာရှိတဲ့ နေရာလွတ်လေးတွေ တစ်ဖက်နဲ့ တစ်ဖက် ညီပါစေ ပီးရင် လက်က keyboard က Ctrl + A ကို နှိပ်ပေးပါ အားလုံးကို ရွေးလိုက်တာပါ။
     ညာဘက်က ပုံမှာ ပြထားတဲ့အတိုင်း selection ရွေးပီးသွားပီဆိုရင် edit menu ထဲက Define pattern ဆိုတာလေး ရွေးပီး ကြိုက်နှစ်သက်ရာ နာမည်လေး ပေးလိုက်ပါ။ ပီးရင်တော့ စာရွက်အသစ်တောင်းရအောင်
    4x6 ဆိုဒ်ထဲမှာ စီချင်ရင်တော့ 4x6 ဆိုဒ်ပဲတောင်းပါ.ယ resolution 300dpi ထားပေးပါ။
    စာရွက်အသစ်လေး ရလာရင်တော့ edit menu ထဲက Fill dialog box ခေါ်ပီး ဖြည့်ရအောင်ဗျာ။ ပုံလေးကို ကြည့်ပီးလုပ်ပါ။
    အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဆန့်သလောက်တော့ စီပေးသွားမှာပါ။ ပုံ ဆိုဒ်သေးရင်တော့ ပုံများများ ပိုဆန့်တာပေါ့။
    ကွန်ပျူတာ အခြေခံ အပိုင်း (၇)
    ဒီနေ့ တော့ မိမိကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းတဲ့နည်းလေး ပြောပြပါ့မယ်…
    ကိုယ်ပိုင်စက်နဲ့  အင်တာနက်သုံးတဲ့သူတွေအတွက် အသုံးဝင်မယ်လို့  ထင်ပါတယ်…
    ကွန်ပျူတာကို သုံးတာကြာလာတဲ့အခါ စက်လေးလာတာတို့ ၊ သိမ်းရခက်တာတို့  ဖြစ်လာတာကို ကြုံဖူးမှာပါ…
    ၁။ အင်တာနက်သုံးတဲ့စက်ဆိုရင် Website တစ်ခုကို ၀င်လိုက်တာနဲ့  ကိုယ်ကြည့်တဲ့ Web Pages တွေ၊ ပုံတွေကို Temporary Internet Files များအဖြစ် Hard Disk မှာ သိမ်းထားတတ်ပါတယ်…
    ၂။ မိမိ ၀င်တဲ့ Web Page က ပုံတွေ၊ သီချင်းတွေ Download လုပ်တဲ့အခါမှာလည်း Downloaded Program Files များကို Hard Disk က သိမ်းထားတတ်ပါတယ်…
    ၃။ မိမိ မလိုချင်လို့  ဖျက်လိုက်တဲ့ Files များဟာ Recycle Bin မှာ ရှိနေတတ်ပါတယ်… လုံးဝ မလိုချင်တော့ဘူးဆိုတာ သေချာတယ်ဆိုရင်တော့ Empty the Recycle Bin လုပ်ရပါမယ်…
    ၄။ တစ်ချို့ သော Program များကလည်း Temporary Files များအဖြစ် Hard Disk ပေါ်မှာ သိမ်းထားတတ်တဲ့အတွက် Hard Disk ရဲ့ နေရာကို ယူထားတတ်ပါတယ်…
    ဒီအချက်တွေကြောင့် မိမိကွန်ပျူတာရဲ့ Hard Disk ရဲ့ Free Space ကို ပြန်လည်ရယူနိုင်ရန်အတွက် Disk Cleanup ဆိုတာ လုပ်ပေးရပါမယ်…
    Disk Cleanup လုပ်ရင် ဘယ်အရာကို ဖျက်မလဲဆိုတာ မေးပါတယ်…
    Disk Cleanup လုပ်ပြီးရင်တော့ စက်က သုံးရတာ မြန်လာပြီး Hard Disk မှာ သိမ်းရမဲ့နေရာ ပိုလာတာကို တွေ့ ရမှာပါ…
    Use Disk Cleanup to remove unneeded files
    You can use Disk Cleanup to find and remove files that are no longer needed. This can increase the amount of available space on your hard disk.
    Disk Cleanup can find four types of files. You can select which of the four types of four types of files you want to remove from your disk.
    Temporary Internet files are Web pages and images Windows stores on your hard disk while you are browsing the Web. Using temporary Internet files saves Windows from having to transfer the same pages and images to your computer each time you view them.
    Downloaded program files are small programs that some Web pages require to display properly or to perform certain functions. These programs are transferred to your hard disk when you visit the Web page.
    The Recycle Bin contains files you have deleted. These files are permanently removed from your computer when you empty the Recycle Bin.
    While working, some programs store temporary files on your hard disk. If these files are not removed when the program has finished using them, they can take up valuable storage space.
    နောက်ပြုပြင်ထိန်းသိမ်းရမဲ့ နည်းလမ်းကတော့ Defragmenter ဆိုတာကို ပြုလုပ်ပေးတာပါ…
    မိမိကွန်ပျူတာကို သုံးတာကြာလာတဲ့အခါ Program တွေကို တင်လိုက်၊ ဖျက်လိုက်၊ ပုံတွေကို သိမ်းလိုက်၊ ဖျက်လိုက်နဲ့  Hard Disk ပေါ်မှာ Fragmented Files တွေဖြစ်လာပါတယ်… Fragment ပြန့် ကျဲလာတာပါ… အဲဒီ့အခါ Files တွေကို ထပ်မံသိမ်းတဲ့အခါ Hard Disk ပေါ်မှာ ကွဲပြားနေတဲ့ဧရိယာတွေ ဖြစ်ပေါ်လာပါတယ်… အစီအစဉ်တကျ မသိမ်းနိုင်တော့ပါဘူး…
    ဒါကြောင့် Fragmented Files တွေ ပြန့် ကျဲမနေအောင် Defragmenter ဆိုတာ လုပ်ပေးရတာပါ…
    Disk Defragmenter ဟာ သုံးနေကျ Program တွေကို ပြန်စီပေးတာကြောင့် Defragmenter လုပ်ပြီးရင် သုံးရတာ မြန်လာမှာပါ… ဒါပေမဲ့ Disk Defragmenter မသုံးခင် မိမိ Drive မှာ Error ရှိမရှိ စစ်ဆေးရပါတယ်…
    Drive မှာ Error ရှိနေရင် Defragmenter သုံးလို့ မရပါဘူး…
    Defragment your hard disk
    You can improve the performance of your computer by using Disk Defragmenter.
    Over time, the files on a hard drive become more and more fragmented. To retrieve or save a file, the computer must use many different areas on the hard drive. Disk Defragmenter reorganizes your files to reduce fragmentation and improve the performance of your drive.
    You can have Disk Defragmenter rearrange your most frequently used programs so they will start faster. You can also check a drive for errors before defragmenting the drive.
    If a drive contains errors, the drive cannot be defragmented.
    ကွန်ပျူတာကို Disk Defragmenter လုပ်နေချိန် အတောအတွေင်းမှာ ကွန်ပျူတာအလုပ်လုပ်ရတာ နှေးသွားမှာ ဖြစ်ပါတယ်… အချိန်အတော်ယူပါတယ်… ဒါကြောင့် Disk Defragmenter မလုပ်ခင် တခြားသုံးနေတဲ့ Program တွေကို ပိတ်ထားရင် ပိုကောင်းပါတယ်…
    ဒါမှမဟုတ် ကွန်ပျူတာမသုံးတော့တဲ့အချိန်မှာ Defragmenter ကို သုံးတာ အကောင်းဆုံးပါပဲ…
    You can use your computer to perform tasks while Disk Defragmenter is running, but your computer will operate more slowly. Disk Defragmenter must restart each time another program accesses the drive, so the defragmentation process will take longer. You may want to close other programs before defragmenting a drive.
    It is best to defragment at a time when you are not using your computer.
    မိမိကွန်ပျူတာမှာ Error ရှိတယ်ဆိုရင်တော့ ScanDisk ပြုလုပ်ပေးရမှာပါ…
    Standard Test လုပ်ရင် မိမိကွန်ပျူတာရဲ့ Files နဲ့  Folders တွေမှာ Error ရှိမရှိ စစ်ပေးတာပါ…
    Thorough Test လုပ်ရင်တော့ Standard Test လို လုပ်ပေးတဲ့အပြင် Disk မျက်နှာပြင်မှာ ပျက်စီးမှု ရှိမရှိဆိုတာပါ စစ်ပေးတာပါ… Bad Sector ဆိုတာ ကြားဖူးမှာပါ… ScanDisk Run လို့  မိမိ Hard Drive မှာ Bad Sector တွေ များလာရင် Hard Disk အသစ်လဲရတတ်ပါတယ်…
    Hard Disk
    ScanDisk က သာမန် Error ကို Fix လုပ်ပေးပါတယ်…
    ScanDisk ပြုလုပ်ပြီးရင် မိမိ Drive ရဲ့ စစ်ဆေးချက် မှတ်တမ်း ပေါ်လာမှာပါ…
    Check for Disk Errors
    ScanDisk is a program included with Windows that detects and repairs disk errors on hard drive.
    The standard test checks for errors in files and folders. The thorough test performs the same check as the standard test and also checks the disk surface for physically damages areas that can no longer be used to store information.
    You can have ScanDisk automatically fix the errors it finds.
    When ScanDisk is finished checking a drive, a summary appears, displaying information about the drive.
    မိမိကွန်ပျူတာရဲ့ Operating System Software ပေါ်မူတည်၍ ပုံစံအနည်းငယ် ကွာခြားသော်လည်း အခြေခံသဘောတရားချင်း တူညီပါသည်။ ဥပမာ - WindowsXP, Vista, Windows 7
    မိမိကွန်ပျူတာကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းနိုင်ကြပါစေ…
    ကွန်ပြူတာအားလုံးအတွက် Latest Driver Suite 2010
    သူငယ်ချင်းအားလုံး မင်္ဂလာပါ။ ကျနော်လည်း ဘလော့တွေ မရေးအားဘူးဖြစ်နေတာနဲ့ သူများရေးပြီးသားဘဲ မျှဝေပေးလိုက်ပါတယ်..  မူရင်းဆိုက်မှာ တင်ထားခဲ့တာတော့ ကြာပါပြီ။ အဲတုန်းက ကျနော်လည်း ဖတ်မအားတာနဲ့ ကူးပြီးသိမ်းထားလိုက်တာ..  အခုမှ ပြန်ဖတ်ဖြစ်တာ  လိုအပ်တဲ့သူငယ်ချင်းများလည်း သုံးနိုင်အောင် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်.
    .. ကွန်ပြူတာအားလုံးအတွက် Latest Driver Suite 2010 Professioanl .v 10.6 for window 7/vista/xp -->32bit & 64 bit !!! Free Download From MediaFire and ifile.it !!!
    ဒါကတော့ Latest Driver Suite Professional 2010 version 10.6 ပါ
    Rar နဲ့compressed လုပ်ပြီး တင်ပေးထားတာ အားလုံး file 16 ခုရှိပါတယ် Total File size ---> 2.28 GB ရှိပါတယ်
    Rar ကို Extract လုပ်လိုက်ရင် 2.32 GB ရပါလိမ့်မယ်
    Extract လုပ်လိုက်ရင် အောက်မှာပြထားတဲ့ file တွေထွက်လာပါလိမ့်မယ်
    Run Driver Pack Solution 10.6 ကို double click လုပ်ပြီး Run လိုက်ပါ
    Run လိုက်တာနဲ့ ကွန်ပြူတာကို scan ဖတ်ပေးပါလိမ့်မယ်..
    လိုနေတဲ့ Driver တွေ ကို install လုပ်ပေးပါလိမ့်မယ်..
    outdated dirver တွေကိုလည်း.. update လုပ်ပေးပါလိမ့်မယ်
    Free Download From MediaFire
    Download
    Home Page >> http://drp.su/download.htm
    firefox အတွက် ပုံစံတစ်မျိုးလေးဗျို့ 
    ...
    ဖြူဖြူကြီးရိုးနေရင် ဒါလေးပြောင်းသုံးပေါ့
    ပုံစံလေးကြိုက်ရင် ဒေါင်းလိုက်ပါ...
    အဆင်ပြေပါစေခင်ဗျာ...
    Facebook ကို Mougg ကနေ သီချင်းရှယ် ကြရအောင်
    Mougg ဆိုတာ အွန်လိုင်းမှာ သီချင်းတွေ store လုပ်လို့ရတဲ့ ဆိုဒ်တခုပါ အကောင့် တခုတွက် free store 1G
    ရပါတယ်.သူ့ထဲကိုသီချင်းတွေကို Upload လုပ်ထားနိုင်ပြီး playlists တွေ လဲ စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်.
    mp4 လို ရုပ်သံ လဲတင်နိုင်ပါသေးတယ်.အလွယ်ကူဆုံးတခုကတော့ကိုသဘောကျတဲ့ သီချင်းလေးကို facebook
    ကသူငယ်ချင်း profile မှာဖြစ်ဖြစ် twitter မှာ ဖြစ်ဖြစ် ရှယ်နိုင်ပါသေးတယ်.facebook သုံးသူများ တွက်လဲ
    အဆင်ပြေမယ်ထင်ပါတယ်.
    သီချင်းတွေကို upload တင်နေပုံ
    သုံးချင်တဲ့သူများ အောက်က လင့်လေးမှာ အကောင့်လုပ်ပြီးတော့ သုံးနိုင်ကျပါပြီ..
    MOUGG For songs store
    gmail အကောင့်ဟောင်းမှ သူငယ်ချင်းများကို အကောင့်သစ်သို့ ရွှေ့ပြောင်းနည်း
    မိသားစု ဝင်များ သူငယ်ချင်းများ ညီအကို မောင်နှမ များ အားလုံးပဲ မင်္ဂလာပါ..
    gmail အကောင့်ဟောင်းထဲမှ သူငယ်ချင်းတွေကို gmail အကောင့်သစ်အတွင်းသို့ ပြောင်းလဲချင်သူတွေအတွက် အကူအညီရလိုရငြား
    ဘလော့ တင်လိုက်ပါတယ်..ဒါကို ညီလေး အူကြောင်ကြားက အကူအညီတောင်းလာလို့ ကျနော်လည်း သတိထားမိတာပါ..
    အဲလိုပဲ အကောင့်တွေတော်တော်များများ သုံးနေကြသူတွေအတွက်လည်း အဆင်ပြေမယ် ထင်လို့ တင်လိုက်တာပါ..
    မသိသေးသူများ အဆင်ပြေနိုင်စေဖို့..အောက်ပါ အဆင်တို့ ကို သေချာလေ့လာပါ...
    ပထမဦးဆုံး အနေနဲ့ gmail အကောင့်ဟောင်းကို အရင်ဝင်ပါ.. Contacts ကို ရွေးပေးပါ..
    Contacts ကို ရွေးပြီးသွားရင် အောက်က ပုံမှာ More actions ကို နှိပ်ရပါမယ်..ထပ်မံပြီး Export ကို ရွေးပေးရပါမယ်.
    Export ကို နှိပ်ပြီးသွားပြီဆိုရင်တော့ google.com ကနေပြီး google download file(.csv) ကို ချပေးပါလိမ့်မယ်.
    Export ကိုပဲ ထပ်မံနှိပ်လိုက်ပါ.
    မိမိသုံးတဲ့ browser မှာ default save folder ( my docuemnts or downloader folder ) မှာ သိမ်းဆည်းပေးပါလိမ့်မယ်.
    ပြီးသွားပါက မိမိပြောင်းလိုသော gmail အကောင့်သစ်ကို ဖွင့်ပါ..ကနဦးက စလုပ်ခဲ့တဲ့ ပုံစံအတိုင်း Contacts ကို ရွေးပါ.
    More actions ကိုသွားပါ. Import ကို ရွေးချယ်ပြီး နှိပ်ပါ..( Export အပေါ်မှာ ရှိပါတယ် )
    စောစောက save ထားတဲ့ .csv file ကို ယူလိုက်ပါ..
    အထက်ပါ ပုံတို့အတိုင်း အဆင့်ဆင့်လုပ်ဆောင်ခြင်း ဖြင့် မိမိအကောင့်ဟောင်းထဲမှ သူငယ်ချင်းများကို အကောင့်သစ်အတွင်းသို့
    ကူးပြောင်းနိုင်ပါတယ်..ဤပို့စ်ကို တင်ဖြစ်အောင် သတိဖေါ်ပေးသော ညီလေး အူကြောင်းကြား ကို ကျေးဇူးတင်ပါတယ်..
    လွယ်အိတ်ထဲမှ မသိသေးသော မိသားစုဝင်များ အဆင်ပြေကြပါစေ..
    Saturday, February 5, 2011
    နှစ် ၁၀၀၀ အာမခံပေးမယ့် ဒေါ်လာ ၁၅၅၀၀၀ တန် စိန် ဒေါက်မြင့် ဖိနပ်
    နှစ် ၁၀၀၀ အာမခံပေးမယ့် ဒေါ်လာ ၁၅၅,၀၀၀ တန် စိန် ဒေါက်မြင့်ဖိနပ် Eternal Diamond
    နှစ် ၁၀၀၀ အာမခံပေးမယ့် ဒေါ်လာ ၁၅၅,၀၀၀ တန် စိန် ဒေါက်မြင့်ဖိနပ် Eternal Diamond ဗြိတိသျှ ကျောက်မျက် ရတနာလုပ်ငန်း The House of Borgezie ၏ တည်ထောင်သူ ကျောက်မျက်ရတနာ ဒီဇိုင်းပညာရှင် Christopher Michael Shellis ဖန်တီးထားသော Eternal Diamond (အဆုံးမဲ့ ထာဝရစိန်) ဟု အမည်ရသည့် ဒေါက်မြင့်ဖိနပ်သည် တစ်ရံလျင် အမေရိကန် ဒေါ်လာ ၁၅၅,၀၀၀ ကျသင့်မည် ဖြစ်သည်။
    ရွှေသားအတိဖြင့် ပြုလုပ်ထားသော Eternal Diamond ဒေါက်ဖြင့်ဖိနပ်တွင် စုစုပေါင်း ၃၀ ကာရက် ရှိသော အလွန်တောက်ပသည့် စိန်ပွင့်ပေါင်း ၂၂၀၀ ဖြင့် စီချယ်ထားပြီး House of Borgezie မှ အတော်ဆုံး ပန်းတိမ်ဆရာများ နှင့် ကျောက်မျက်ပညာရှင်များ ပူပေါင်းလုပ်ဆောင်သည့် အဖိုးတန် လက်မှုအနုပညာ ပစ္စည်းတစ်ခုလည်း ဖြစ်သည်။
    ၃ နှစ်ကျော် ကြာမြင့်သော Eternal Diamond ဖန်တီးမှု လုပ်ငန်းစဉ်သည် တစ်ကယ့်ကို တိကျ ခက်ခဲ့သော အလုပ်တစ်ခုဖြစ်ကာ Shellis  အနေဖြင့် စိတ်စွဲလန်းမှု ကြီးကြီးဖြင့် ဖန်တီးခဲ့သည်ဟု သိရသည်။ “Eternal Diamond ကို အသက်ဝင် ရုပ်လုံးပေါ်လာဖို့ ဖန်တီးရာတာဟာ ရှိပြီးသား ဒေါက်မြင့်ဖိနပ် ဖန်တီးတဲ့ အခြေခံ နည်းလမ်းတွေကနေ သွေဖယ်ပြီး တစ်ကယ့်ကိုပဲ စစ်စစ်ပေါက်ပေါက် တီထွင် ဆန်းသစ်ရတာ ဖြစ်ပါတယ်။ အကျိုးရလဒ်ကတော့ ဒါဟာ ဖိနပ်တစ်ရံတင် မကပါဘူး.. အမျိုးသမီး တစ်ယောက်အတွက် အံ့အားသင့်ဖွယ် အဖိုးထိုက်အဖိုးတန် ကျောက်မျက်ရတနာ အဆင်တန်ဆာ တစ်ခုပါ” ဟု Shellis  က ပြောကြားပါသည်။
    နွေရာသီ ဆန်သောဖက်ရှင်ဖြစ်သည့် Eternal Diamond ဒေါက်ဖြင့်ဖိနပ်သည် ကော်ဇောနီ အခမ်းအနားများ၊  မင်္ဂလားအခမ်းအနားများ နှင့် ရွက်လှေပါတီများ စသော မင်းခန်းမင်းနား ပွဲတော်များအတွက် ပြီးပြည့်စုံသော အဆင်တန်ဆာ တစ်ခုဖြစ်ပြီး ရောင်းဈေး ပေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ  ၁၅၅,၀၀၀) သတ်မှတ်ထားကာ နှစ် ၁၀၀၀ အာမခံချက် ပါဝင်မည်ဖြစ်ရာ ဘဝတစ်လျောက်လုံး အတွက် ဖက်ရှင်ဆိုင်ရာ ရင်းနှီးမြုတ်နှံမှု တစ်ခုဟု ဆိုကြသည်။
    PatheinCity News